အပိုင်း(၅)
လင်ရှန်း နိုးလာတဲ့အချိန်မှာတော့ သူမက မင်းသမီးရဲ့အခန်းမှာရှိနေပါတယ်. တုမင်ယွဲ့ကသူမကို ဒေါသတကြီးနဲ့စိုက်ကြည့်နေခဲ့သည်။
"ကျွန်မ ရှင့်ကို အပြင်ထွက်သွားဖို့မပြောခဲ့ဘူးလား။ ဘာလို့ ကျွန်မအခန်းထဲမှာရှိနေတာလဲ။"
လင်ရှန်း ထလိုက်ရုံနဲ့ သူမရဲ့ခေါင်းကထိုးကိုက်လာခဲ့တယ်. မနေ့ညကမတော်တဆမဖြစ်ခင်လေး ကိုပြန်မှတ်မိဖို့ အတော်လေးအချိန်ယူလိုက်ရသည်။ သူမအစာစားနေရင်း စားပိုးနင့်သွားတာကိုတော့မှတ်မိလိုက်သည်. အဲဒီနောက် သူမ ကောင်လေးချောချောတစ်ယောက်ဆီက ဝိုင်ကို ယူသောက်လို့ အရက်မူးသွားခဲ့ပြီး သူမနောက်ထပ်တော့ဘာ...တစ်ခုမှကို မမှတ်မိနိုင်တော့ဘူးပဲ။
အာ့ ...သူမခေါင်းကိုခါရမ်းလိုက်ပြီး - "တောင်းပန်ပါတယ် မင်းသမီး .ငါဘာလို့ဒီကိုရောက်နေလဲဆိုတာကို မသိတော့ဘူး"
တုမင်ယွဲ့ ခုန်ပေါက်မတက်ကိုစိတ်ဆိုးသွားပြီး - " ဒီမင်းသမီးရဲ့ အခန်းက ယောက်ျားတစ်ယောက် ကြုံသလိုဝင်ထွက်နိုင်တဲ့နေရာလို့ ရှင်ထင်နေလား. ထွက်သွားစမ်း!"
လင်ရှန်းတစ်ယောက် အိပ်ချင်မူးတူးနဲ့ပဲ ခေါင်းရမ်းငြိမ့်လိုက် ပြီး မတ်တပ်ထရပ်လိုက်ကာ ထွက်သွားဖို့ပြင်လိုက်တယ်။
အချိန်ကိုက်ပဲ အပြင်ဘက်ကနေ စူးရှတဲ့အသံကိုကြားလိုက်ရတယ် - " ဘုရင်မင်းမြတ်က တော်ဝင်စာကြည့်ဆောင်မှာရောက်ရှိနေပါပြီ .မင်းသမီးနဲ့ကြင်ယာတော်မင်းသားကို တွေ့ဖို့ဆင့်ခေါ်လိုက်ပါတယ်!"
အင်ပါယာရဲ့နံမည်ကိုကြားလိုက်ရတာနဲ့ သူတို့နှစ်ယောက်လုံးလဲကြက်သေ သေသွားခဲ့တယ်. သူတို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြပြီး တုမင်ယွဲ့တစ်ယောက် စိုးရိမ်သွားခဲ့တယ်။
"ကောင်းပြီ ကျွန်မ အခုရှင့်ကိုပြောထားလိုက်မယ်. ကျွန်မတို့ ခမည်းတော်ကိုတွေ့ရင် မနေ့ညကဘာဖြစ်ခဲ့တယ် ဆိုတာရှင့်ကိုပြောပြဖို့ခွင့်မပြုဘူး" သူမလင်ရှန်းအပေါ်မှာ ယုံကြည်မှုအပြည့်နဲ့စိတ်ရှိလက်ရှိမောက်မာနိုင်ပေမယ့် သူမရဲ့အဖေ အင်ပါယာရှေ့ရောက်ရင်တော့ အများဆုံးတော့အနည်းငယ်လေး သာပဲဝုန်းဒိုင်းကျဲဖို့ သာလုပ်နိုင်တာပဲဖြစ်သည်. သူမက အရေးကြီးတဲ့ကိစ္စရပ်တွေမှာတော့ မလုပ်ရဲခဲ့ပေ။
'ဖူး...နင် ငါ့ကိုမပြောရင်တောင် ငါသိပါတယ် . ငါကိုအရှုးလို့များမှတ်နေလား' လင်ရှန်း မခံမရပ်နိုင်ဖြစ်သွားသည်. ပြီးတော့ သူမ သဘောပေါက်လိုက်တယ်. 'မင်းသမီးက သူမကို ဆိုးရွားစွာ ခြိမ်းခြောက်နေပေမယ့် ......သူမအဖေနဲပတ်သတ်ရင်တော့ သူမက ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်နေတာလာ!? ..ကောလဟာလတွေကမှားနေသလိုပဲ ငါထင်နေတယ်. ဘုရင်မင်းမြတ်က မင်းသမီးကို စိတ်ရှိလက်ရှိပြုမူဖို့ကို ခွင့်မပြုထားတာဖြစ်နိုင်နေတာပဲ!'
အခုတော့ သူမတုမင်ယွဲ့ရဲ့အားနည်းချက်ကိုသိလိုက်ပါပြီ. လင်ရှန်းတစ်ယောက် စိတ်ကျေနပ်သွားတယ်။
မကြာခင်မှာပဲ အစေခံတွေက သူတို့ရဲ့အဝတ်စားတွေကိုလဲလှယ်ပေးဖို့ ဝင်လာခဲ့တယ်. သူတို့အဝတ်အစားလဲပြီးတဲ့ နောက်မှာတော့ မိန်းမစိုးကသူတို့နှစ်ယောက်ကို တော်ဝင်စာကြည့်ဆောင်တော်
ခန်းမထဲကိုခေါ်သွားခဲ့တယ်. လမ်းတစ်လျှောက်လုံးပဲ နန်းတော်ထဲကလူတွေအများကြီးနဲ့ သူတို့ပက်ပင်းကြုံတွေ့ခဲ့ပြီး သူတို့အားလုံးက သူမတို့ကိုရပ်ပြီးနှုတ်ဆက်အရိုသေပြုခဲ့ကြသည်။
"ကောင်းသောနံနက်ခင်းပါ , မင်းသမီး! ကောင်းသောနံနက်ခင်းပါ, ကြင်ယာတော်မင်းသား!"
လင်ရှန်းကဒီလိုမျိုးတွေနှုတ်ဆက်မှုအရိုသေပြုတာတွေကိုမကြုံဖူးခဲ့တော့ သူမချက်ချင်းပဲ ခေါင်းဆောင်တစ်ယောက်လိုပဲ-
" ဟေး! ကောင်းသောနံနက်ခင်းပါ၊ မဂႅလာနံနက်ခင်းပါ! လူတိုင်း လူတိုင်းပဲ ကောင်းသောနံနက်ခင်းပါ!"
အိပ်ချင်မူးတူးနဲ့ခေါင်းငိုက်စိုက်နေတဲ့ကြင်ယာတော်မင်းသားကို ကြည့်ပြီး အစေခံတစ်အုပ်ကထိန်းမထားနိုင်တော့ဘဲ တသောသောရယ်မော မိလိုက်ကြတယ်.။ မင်းသမီးကတော့ သူတို့ကိုစိုက်ကြည့်လိုက်ပြီး အော်ဟစ်ကြိမ်းမောင်းလိုက်တယ်
" အတင့်ရဲလှချည်လား အစေခံတွေ။ နင်တို့မှာဘာမှလုပ်စရာ မရှိကြဘူးလား။ နင်တို့အားလုံးကို
စတိုခန်းထဲကို အပြစ်ပေးဖို့ပို့စေချင်လို့ ငါ့ကိုကြည့်ရဲတာလား ! ငါ့မျက်စိရှေ့က ထွက်သွားကြစမ်း!"
အစေခံတွေက ချက်ချင်းပဲထွက်ပြေးသွားကြတော့တယ်။
လင်ရှန်းကဖြစ်ပျက်နေပုံကိုဘေးကနေကြည့်ပြီးတော့ ခေါင်းကိုခါရမ်းလိုက်တယ်. 'မင်းသမီး , လူတွေကိုမင်းပြောတာ နားထောင်စေဖို့ မင်းလေ့ကျင့်သင်ကြားပေးဖို့လိုနေပြီပဲ!'
ဒါပေမယ့် တုမင်ယွဲ့က သူမရဲ့ခေါင်းကို နောက်ကိုစောင်းလိုက်ပြီး လင်ရှန်းကို သေစေလိုတဲ့အကြည့်တစ်ချက် ပေးလိုက်တယ်- " ကျွန်မရှင့်ကိုပြောထားမယ် စုန့်လောင်, ရှင်ကကျွန်မယောက်ျားဖြစ်နေလို့ ရှင်ထင်သလိုလုပ်လို့ရမယ် မှတ်မနေနဲ့! ရှင် ကျွန်မကိုမကျေမချမ်းဖြစ်နေတာကို ကျွန်မသိတယ်. ဒါပေမယ့် ရှင် ဒီအခွင့်အရေးကိုအသုံးချပြီး ကျွန်မကိုလက်စားချေဖို့ကို စဉ်းစားရဲရင်တော့ ကျွန်မကတိပေးတယ်. နောက်ထပ် ရှင့်ဘဝက တစ်ရက်မှကောင်းကောင်းမနေစေရဘူး!"
'ငါ နင့်ကို ဘယ်လိုလုပ်မကျေနပ်ဖြစ်ရဲမှာလဲ? ငါလဲသေချာပါတယ်. နင်လည်း ငါ့ကိုနောက်ထပ် ဘယ်တော့မှတွေ့ချင်မှာမဟုတ်ပါဘူး! လင်ရှန်းတိတ်တိတ်လေးရယ်လိုက်ပြီး နာခံစွာပဲခေါင်းငြိမ့်လိုက်သည်။
"ဒါမှ မှန်တာ!" တုမင်ယွဲ့ က 'ဟမ့်' ဟုအသံတစ်ချက်ထွက်လိုက်ပြီးတော့ မော်ကြွားတဲ့ ကြက်မကြီးတစ်ကောင်လိုပဲ ဝင့်ချီစွာနဲ့ ဆက်လျှောက်သွားတယ်။ အထက်စီးဆန်ဆန်ပါပဲ!
"မင်း လမ်းကိုသေချာကြည့်သွားဦး!" လင်ရှန်း နောက်ကနေပြောလိုက်တယ်။
ရလဒ်ကတော့--
"အာ့ရာ့!" တုမင်ယွဲ့ တကယ်ပင်ခလုတ်တိုက်သွားခဲ့သည်။
'ဘာကြီးလဲဟ ! ငါ့စကားတွေက အလုပ်ဖြစ်သွားတာလား?!' လင်ရှန်း ကြက်သေ သေသွားခဲ့ပြီး မထိန်းနိုင်ဘဲ ခွက်ထိုးခွက်လန်ရယ်လိုက်မိတယ်။
ရှေ့ကနေဦးဆောင်လမ်းပြနေတဲ့ မိန်းမစိုးနှစ်ယောက်လဲ ဘာလုပ်ရမှန်းမသိဘဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ မတ်တပ်ရပ်ပြီး ကြောက်ရွံ့စွာနဲ့ကြောင်ပြီးကြည့်နေကြတယ်။
"စုန့်လောင်, ရှင်!". သူမမျက်နှာထားစရာနေရာမရှိတော့ဘူးဆိုတာကို တုမင်ယွဲ့ သိခဲ့ပါတယ်. သူမ လေးပင်စွာထရပ်လိုက်သည်။ သူမမျက်နှာက
နီရဲတွတ်လာခဲ့ကာ -
" ရှင်....ရှင်.အကျင့်မကောင်းတဲ့ကောင်စုတ်!" သူမက မင်းသမီးပဲဖြစ်သည်။ ဘယ်သူကများသူမကိုရယ်ရဲတာလဲ။ သူမရှက်လဲရှက် ဒေါသလဲထွက်သွားခဲ့သည်။
အဲဒီအချိန်ကိုက်ပဲ အင်ပါယာကထွက်ပေါ်လာခဲ့သည်။
"ယွဲ့အာ၊ လောင်အာ ဘာဖြစ်နေကြတာလဲ" အင်ပါယာက အံ့အားသင့်စွာကြည့်နေပြီးမေးလိုက်သည်.
သူ့ရဲ့ကျောကဖြောင့်မတ်နေပြီး သူ့ကိုကြည့်ရတာ စိတ်အားထက်သန်စွာနဲ့ဖြည်းဖြည်းမှန်မှန်နဲ့ ပဲ သူတို့ရှိရာသို့ လျှောက်လာခဲ့သည်။
"ဒီသားတော်က ခမည်းတော်ကို ဂါဝရပြုပါတယ် အရှင်မင်းကြီး!" လင်ရှန်း သူမအမေမှာထားတာကိုပြန်စဉ်းစားလိုက်ပြီး ကမန်းကတန်းပဲ အင်ပါယာအား ဂါဝရပြုလိုက်တယ်။
တုမင်ယွဲ့က သူမအဖေကိုပုံမှန်အတိုင်းတောင်ဂါဝရမပြုခဲ့ပါဘူး. အဲဒီအစား သူမက သူမရဲ့ခမည်းတော် အင်ပါယာရဲ့လက်ကိုတွဲကာရမ်းခါလိုက်ပြီး - "ခမည်းတော်, သူ....သူသမီးတော်ကို အနိုင်ကျင့်နေတယ်!"
'ဝါး... မင်းကတော်တော် အတို့အထောင်လုပ်တတ်တဲ့မိန်းကလေးပဲ! မင်းကငါ့ကိုတောင်ပြဿနာရှာဖို့ ဘယ်လိုတောင်ကြိုးစားရဲတာလဲ။ လင်ရှန်း ကျွဲမီးတိုသွားခဲ့ပြီး သူမ ခေါင်းကိုမော့လိုက်၍ အင်ပါယာကို ပြုံးပြလိုက်ကာ- " အရှင်မင်းကြီး သားတော်တို့ ဒီအတိုင်းပဲလျှောက်ကစားနေကြတာပါ"
အင်ပါယာက သူ့သမီးတော်ရဲ့ အကြောင်းကိုသိခဲ့တော့ သူ့ရဲ့သမက်တော်ဆီက အပြုံးကိုသတိပြုမိခဲ့သည်. ပြီးတော့ သူ့ သမီးတော်ရဲ့မျက်နှာက ရဲတွတ်နေတာမြင်ခဲ့တော့ သူအတော်ပဲ စိတ်ပျော်ရွှင်သွားခဲ့သည်။
" ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်! ဒါကလူငယ်တွေရဲ့ အချစ်ပဲ! မင်းတို့နှစ်ယောက်က တကယ်ကိုလိုက်ဖက်တဲ့စုံတွဲဆိုတာကိုငါသိသားပဲ!" အင်ပါယာကသူ့လက်ကိုဝေ့ရမ်းလိုက်ပြီး သူ့ရဲ့မိန်းမစိုးကိုပြောလိုက်တယ်. " ဆုတော်ချီးမြင့်စေ!"
'ဆုလဒ်ဆောင်တွေလား?' လင်ရှန်းဒီစကားကိုကြားလိုက်တာနဲ့ သူမရဲ့မျက်လုံးတွေ ကြောင်ဝါလေး တစ်ကောင်လိုပဲ ရွှေရောင်ဝင်းပလာခဲ့သည်။
'အိုး...! ကြည့်ရတာတော့ ဒါတွေက သာကြင်ယာတော်မင်းသားဖြစ်ရခြင်းအတွက် အရည်အချင်းတွေပဲ!' လင်ရှန်း ဦးညွတ်လိုက်ပြီး - " ဆုလဒ်တော်ချီးမြင့်တဲ့အတွက် ကျေးဇူးတင်ပါတယ် ခမည်းတော် ဘုရင်မင်းမြတ်!"
တစ်ဖက်မှာတုမင်ယွဲ့ကတော့ သူမရဲ့ခေါင်းထဲကနေ ဒေါသတွေအငွေ့အချောင်းချောင်းထွက် နေပါတယ်။
°°°°°
သူတို့နှစ်ယောက် အင်ပါယာရဲ့တော်ဝင်စာကြည့်ဆောင်ကနေပြန်လာခဲ့တော့ တုမင်ယွဲ့က
လင်ရှန်းကို ခေါ်လိုက်တယ်။
"ဟေး!"
"ဟေး!"
"စုန့်လောင်!"
လင်ရှန်းနောက်ဆုံးတော့ တုမင်ယွဲ့ သုံးကြိမ်မြောက်ခေါ်အပြီးမှာပဲရပ်လိုက်တယ်. သူမဖြည်းဖြည်းလေး နောက်ကိုပြန်လှည့်ကြည့်လိုက်ပြီး- " ငါ့ကို ဘာ့ကြောင့်ခေါ်နေရတာလဲ, မင်းသမီး"
"ရှင်....." တုမင်ယွဲ့ တစ်နေ့လုံးပဲ လင်ရှန်းကို အရှုံးပေးနေရသလိုခံစားရတယ်. စိတ်ခံစားမှုအရ သူမ တော်တော်လေးမောပန်းနေပါပြီ။ သို့သော်လည်း သူမရဲ့မာနကြီးမှုအရ သူမအံတင်းလိုက်ကာ လင်ရှန်းကိုလက်ညိုးထိုးလိုက်ပြီး - "စောစောတုန်းက ရှင်ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာ မဟုတ်လား? ရှင်တမင်တကာကို ကျွန်မအဖေရှေ့မှာ ကျွန်မပဲ မကောင်းသလိုလုပ်လိုက်တာ မှန်တယ်မဟုတ်လား"
လင်ရှန်းပြုံး ဘာမှခွန်းတုံ့မပြန်ဘဲ ပြုံးလိုက်မိသည်။
"ဝူး.. စုန်လောင် . ရှင် ....ရှင်ကျွန်မကိုအနိုင်ကျင့်ရဲတာလား?" မင်းသမီးက သူမရဲ့တစ်ဘဝလုံးအလိုလိုက်ခံရတာ ကြီးပြင်းခဲ့သူဖြစ်သည်။ သူမ ဒီလိုမတရားမှုမျိုးကိုဘယ်လိုလုပ်ကိုင်တွယ်နိုင်မှာတဲ့လဲ? သူမနောက်ဆုံးတော့ အားလုံးအရှုံးပေးရရင်တောင် မိန်းမတစ်ယောက်ရဲ့အရမ်းကြောက်ဖို့ကောင်းတဲ့ လူသတ်လက်နက်ဖြစ်တဲ့ ပထမ -အော်ဟစ်ငိုယိုလိုက်ခြင်း၊ ဒုတိယ-ဆူညံစွာပေါက်ကွဲခြင်း၊ တတိယ-လက်တစ်ဖက်ထဲဖြင့် ခြိမ်းခြောက်မှုဖြင့် ပစ်လွှတ်လိုက်ခဲ့သည်။
ကံမကောင်းစွာနဲ့ပဲ မင်းသမီးအတွက်ကတော့ သူမရဲ့ပြိုင်ဘက်ကလဲ အမျိုးသမီးတစ်ယောက်ပဲဖြစ်သည်။ မိန်းမတစ်ယောက်ကသာ မိန်းမတစ်ယောက်က ဘယ်လိုတွေးလဲဆိုတာနားလည်နိုင်ပေသည်. လင်ရှန်း က တုမင်ယွဲ့ကြံစည်သမျှကို ကောင်းကောင်းမတွေးနိုင်ပေမယ့် သူမအတွေးတွေကို လွယ်လွယ်လေးသိနိုင်တာဖြစ်သည်။
"မင်းသမီး .. မင်းပြောတာက ငါကမင်းသမီးကို အနိုင်ကျင့်နေတယ်လို့ပြောတယ်နော် . မင်းသမီးမှာ ဘာသက်သေရှိလို့လဲ"
တုမင်ယွဲ့တစ်ယောက်လင်ရှန်းသူမကိုအဲလိုမျိုးပြန်မေးလိုက်မယ်လို့ မထင်မိတာပဲဖြစ်သည်.
သူမ အနည်းငယ်လေးကြက်သေ သေသွားခဲ့ကာ သူမရဲ့နှာခေါင်းတွေကို ရှုံ့လိုက်ပြီး နှာသံနဲ့ပြောလိုက်သည်။ "ရှင် ကျွန်မကို အခုပဲ အနိုင်ကျင့်ခဲ့တာမဟုတ်လား။ ရှင်....စောစောက ရှင်တမင်တကာကို ကျွန်မအဖေရှေ့ မှာ မကောင်းအောင်လုပ်လိုက်တယ်လေ!"
"မင်းသမီး.. မင်းအထင်လွဲနေပြီထင်တယ်" လင်ရှန်းချက်ချင်းပဲလှည့်လိုက်ပြီး
"မင်းဒီလိုမျိုးငါ့ကို ပြဿနာရှာလိုက်တာနဲ့ အင်ပါယာကငါ့ကို စိတ်ဆိုးသွားလိမ့်မယ်လို့ မင်းထင်နေခဲ့တာလား"
"အာ့....." တုမင်ယွဲ့ အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။
"မင်းသိပ်နားမလည်ဘူးဆိုရင် ငါမင်းကိုရှင်းပြပေးမယ်" လင်ရှန်းသူမရဲ့အဝတ်တွေကို သပ်ရပ်အောင်လုပ်လိုက်ပြီး
"ပထမဦးဆုံး အင်ပါယာက ဒေါသထွက်သွားရင် သူကငါ့ကို ကျိန်းသေပေါက် အပြစ်ပေးလိမ့်မယ်. အဲဒါက မင်းရဲ့မူလထင်မြင်ချက်ပဲဖြစ်လိမ့်မယ်ထင်တယ်. ဒါပေမယ့်လဲ အဲဒါက မင်းအတွက်ရော ကောင်းမွန်တဲ့သက်ရောက်မှုရှိလိမ့်မယ်လို့ မင်းထင်နေခဲ့တာလား"
"ကျွန်မကလား" တုမင်ယွဲ့ က အံ့အားသင့်သွားခဲ့သည်။
လင်ရှန်း က့သူမရဲ့အကြောင်းပြချက်ကိုဆက်ရှင်းပြလိုက်တယ်. "ဟုတ်တယ်. လက်ရှိ ငါ့ရဲ့ရာထူးက ကြင်ယာတော်မင်းသားလေ. ငါက မင်းသမီးရဲ့ယောက်ျားလဲဖြစ်တယ်. အကယ်၍ ငါသာအပြစ်ပေးခံရပြီးအဆုံးသတ်ရရင် မင်းရဲ့အခြေအနေကရော ကောင်းမယ်လို့ထင်နေတာလား? မင်းသမီးရဲ့နာမည်ဂုဏ်သတင်းကိုလဲထိခိုက်ခံရမှာပဲ .
စဉ်းစားကြည့်ပါဦး မင်းသမီးက လက်ထပ်ပြီးတာ တစ်ရက်ပဲရှိသေးတယ် သူမရဲ့ခင်ပွန်းက အပြစ်ပေးခံရတယ်ဆိုရင် အခြားသူတွေက မင်းသမီးအပေါ် ဘယ်လိုထင်ကြလိမ့်မလဲ"
တုမင်ယွဲ့ရဲ့မျက်နှာက ချက်ချင်းကိုမဲမှောင်သွားတော့သည်။
"မင်း ငါ့ကိုမကြိုက်တာရော ငါ့ကိုမမြင်ချင်တာရော ငါသိပါတယ်. ငါလည်းမင်းနဲ့တူတူပါပဲ.
ဒါပေမယ့် အင်ပါယာရဲ့အမိန့်က ချမှတ်လိုက်ခဲ့ပြီးသွားပြီ. မင်းဘာလုပ်နိုင်မှာလဲ..မင်းသမီး မင်း ကငါ့ကို ကွာရှင်းမှာလား? ဒါမှမဟုတ် ငါကပဲ မင်းကိုကွာရှင်းရမှာလား၊ မင်းမှာလည်း ထောက်ထားစရာမျက်နှာတွေ အများကြီးရှိသလို ငါ့မှာလည်းရှိတယ်. ငါတို့ အတုအယောင်လိုမျိုးလက်ထပ်လိုက်ပြီးကတည်းက ငါတို့ဘာလို့ကောင်းကောင်းမွန်မွန်ထိုင်ပြီး စကားမပြောရမှာလဲ"
လင်ရှန်းရဲ့စကားတွေက မင်းသမီးရဲ့အားနည်းချက်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
'အမှန်ပဲ..သူမက မျက်နှာသာပေးမှုတွေကို အရမ်းဂရုစိုက်တာပဲ!' ဘာကြောင့်ဆို သူမအပေါ် အခြားသူတွေ ဘယ်လိုမြင်လဲဆိုတာ အရမ်းအလေးထားပဲဖြစ်သည်.
ဒါကြောင့်သာ သူမ ရဲ့ခမည်းတော်ထံ စတင်ပတ်သတ်ဖို့ တိတ်တိတ်လေးစာရေးသားခဲ့တာပဲဖြစ်သည်. သူမကအခြားသူတွေရဲ့ အမြင်ကို အရမ်းဂရုစိုက်ရကတည်းက ဘာမှမတတ်သာပဲ လင်ရှန်းပြောသမျှအရာအားလုံးကို လက်ခံလိုက်ရတာပဲဖြစ်သည်။
အနည်းငယ်လောက်တွေးကြည့်ပြီးတဲ့နောက်မှာတော့တုမင်ယွဲ့တစ်ယောက်နောက်ဆုံးတော့ အရှုံးပေးလိုက်ရသည်။
"ကောင်းပြီ ရှင်ကဘာတွေ အကြံပြုချင်လဲ"
*******
End