Chapter 6
Viewers 11k

အပိုင်း(၆)


အချိန်ခေတ္တမျှညှိနိုင်းခဲ့ပြီးတဲ့နောက်မှာတော့ တုမင်ယွဲ့ နှင့် လင်ရှန်းတို့နှစ်ယောက်လုံးက


အောက်ပါ ဥပဒေသငါးချက်ကိုသဘောတူပြီး တညီတညွတ်တည်းလိုက်နာဖို့ဆုံးဖြတ်ခဲ့ကြသည်.-


'သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားမှုရှိရမယ်၊ ထိပါးရိပါးမှုမရှိရဘူး။ တစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကို တစ်ယောက်က ဝင်စွက်ဖက်ခွင့်မရှိရဘူး။ ရလာတဲ့အကျိုးအမြတ်တွေကို ညီတူညီမျှပဲ ခွဲဝေယူရမယ်။ အတူတူငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရမယ်။ '


သူတို့အပြီးမသတ်ခင်လေး လင်ရှန်း နောက်ထပ်တစ်ကြောင်းထပ်ဖြည့်လိုက်တယ်. " ငါတစ်ခုထပ် တောင်းဆိုချင်သေးတယ်. နန်းတော်ထဲကို ငါနဲ့အတူဝင်လာလာတဲ့အစေခံကို ငါ့ရဲ့ကိုယ်ပိုင်အစေခံအဖြစ် ထားချင်တယ်။"


'ကတ်သီးကတ်ဖဲ့တော်တော်နိုင်တဲ့လူ!' တုမင်ယွဲ့ တိတ်တိတ်လေးကျိန်ဆဲလိုက်ပြီး ခေါင်းငြိမ့်လိုက်တယ်။ " ကောင်းပြီ!"


"ပြီးတော့ နောက်ထပ်တစ်ခုရှိသေးတယ်"


တုမင်ယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး " ရှင် တစ်ခါတည်းနဲ့ကိုအားလုံး​ပြီးအောင်မပြောနိုင်ဘူးလား"


"အင်ပါယာက ငါတို့နှစ်ယောက်လုံးကို ဘာပဲဆုချီးမြင့်ပေးခဲ့ပေးခဲ့ ငါတစ်ဝက်ယူမယ်!"


တုမင်ယွဲ့၏ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်. သူမအရင်ကညှိနှိုင်းခဲ့တုန်းက လင်ရှန်းအပေါ်မှာ အနည်းငယ်လေးကောင်းမွန်တဲ့စိတ်ခံစားချက်တိုးတက်ခဲ့သေးပေမယ့် အခုတော့ လုံးဝကိုမရှိတော့ပါဘူး။ "ရှင်ဟာလေ တော်တော့်ကိုအရှက်မရှိတဲ့သူပဲ. ရှင်ပဲအားလုံးကိုယူလိုက်တော့!"


'အိုး? လင်ရှန်းရဲ့မျက်လုံးကအရောင်တောက်သွားခဲ့ကာ - "တကယ်ပြောတာလား? မင်းသေချာရဲ့လား။ နောင်တမရဘူးမဟုတ်လား"


တုမင်ယွဲ့ - "..........."


°°°°°°


ရှောင်လု လင်ရှန်းထံပြန်ပြောင်းလာတဲ့အခါမှာတော့ သူမတို့နှစ်ယောက်လုံး ဗီလိန်တွေလိုပဲလူအမြင်ကတ်စေအောင်


​​အတူတကွ ပူးပေါင်းပြီးလုပ်ဆောင်နေခဲ့ကြပါတယ်။


"သခင် ပဲလမုန့်ကြိုက်တယ်မဟုတ်လား"


"သခင် လက်ဖက်ရည်သောက်ဦးမှာလား"


"သခင် ကျွန်မနှိပ်ပေးတာ ကြိုက်ရဲ့လား"


"သခင် ပန်းခြံတွေထဲ သွားလည်ရင် ကျွန်မကိုနောက်ကလိုက်စေချင်တာလား"


-------


တုမင်ယွဲ့သူမရဲ့မျက်လုံးကို ဘေးကိုလွှဲကြည့်လိုက်ပြီး


" ဟေး..ရှင်ကတကယ်ပဲ လင်းဖန်ရဲ့ညီ ဟုတ်မှဟုတ်ရဲ့လား? ဘယ်လိုပဲကြည့်ကြည့်နောက်ဆုံးထိကိုပဲ ကလေကချေကတစ်ယောက်ကအစားထိုးထားသလိုမျိုး မြင်နေရတာလဲ"


"ငါပါပဲ။ အတုဖြစ်နေရင်တောင် အစားထိုးထားတဲ့ပစ္စည်းက အာမခံချက် ရှိနေတာပဲလေ" လင်ရှန်းအရေထူထူနဲ့ပဲ သူမရဲ့ရင်ဘတ်ကိုပုတ်ပြလိုက်သည်။


တုမင်ယွဲ့ အရမ်းကိုစပ်စုချင်နေပေမယ့်လဲ မျက်နှာနီမြန်းသွားခဲ့ကာ-


" ရှင့်အစ်ကိုက ရှင်နဲ့တစ်ခြားစီပဲ ဟုတ်တယ်မလား"


'အိုး ဘုရားရေ ဒီမိန်းကလေးကတော့ အခုထိငါ့အကို ကိုလိုချင်နေတုန်းပဲလား!။ လင်ရှန်းစိတ်အားထက်သန်စွာနဲ့ပြန်ပြောလိုက်တယ်- "လုံးဝ မတူဘူးပေါ့။ ငါ့အကိုက ကျောက်စိမ်းလိုပဲ ချောမောခန့်ညားပြီး အရမ်းအရည်အချင်းရှိတာ. သူ့ကိုတွေ့ဖူးတဲ့ဘယ်သူမဆို ကြွေဆင်းသွားစေတာ. ပန်းတွေတောင်ပွင့်လန်းသွားပြီး ကြက်ဥတွေတောင် အကောင်ပေါက်သွား စေတာပဲ. ငါကသူနဲ့ဘယ်လိုလုပ်ပြီးနှိုင်းယှဉ်လို့ရမှာလဲ"


တုမင်ယွဲ့ လင်ရှန်းကို ကြည့်ပြီးသက်ပြင်းရှည်တစ်ချက်ချလိုက်ကာ- " ရှင် မပြောတာတောင် ကျွန်မသိပြီးသားပါ"


အဲဒီအချိန်မှာပဲ လင်ရှန်းရုတ်တရက် သူမအသံကို နှိမ့်လိုက်ပြီး လျို့ဝှက်စွာပြုမူလိုက်ကာ-


"ဒါပေမယ့် အဲဒီအရာတွေအားလုံးက လူတိုင်းသိနိုင်ပြီးသားတွေပါ. တကယ်တော့ငါ့အစ်ကိုမှာ ငါပဲသိနိုင်တဲ့လျို့ဝှက်ချက်သေးသေးလေးတွေအများကြီးရှိတယ်......."


'အိုး? အခုတော့ ဒါကပဲ တုမင်ယွဲ့ရဲ့မျက်လုံးတွေတောက်ပသွားပြီး -"အဲဒီအကြောင်းပြောပြပါလား"


"ငါမင်းကိုပြောပြလို့ရပါတယ်. ဒါပေမယ့် အခုတော့ ငါပင်ပန်းနေပြီ. ငါခဏလောက်ဖြစ်ဖြစ် အပြင်ကိုသွားအလည်ထွက်လိုက်ဦးမယ်။ ရှောင်လု!"


"ဒီမှာပါ!" ရှောင်လုချက်ချင်းပဲပြန်ထူးလိုက်တယ်။


"တော်ဝင်ဥယာဉ်ထဲကို လမ်းလျောက်ဖို့သွားကြရအောင်!"


"အိုခေ!" လင်ရှန်းရဲ့သင်ကြားမှုအောက်မှာတော့ အစေခံတွေတောင်မှ အဂႅလိပ်လို ဘယ်လိုပြောရမလဲ ဆိုတာ သင်ယူနေနိုင်ပါပြီ။ သူမက ကျိန်းသေပေါက်ကိုပဲ အလားအလာကောင်းသူဖြစ်လေတယ်!


တုမင်ယွဲ့ တစ်ယောက် သူမတစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး ခြေထောက်စောင့်လိုက်ကာ -


"စုန့်လောင်! ရှင် ..ညဏ်ထိုင်းတဲ့လူ! ကျွန်မတို့ အခုကစပြီးတော့ ရန်သူတွေဖြစ်သွားပြီ!"


°°°°°°


တော်ဝင်ဥယာဉ်တော်သို့ သွားတဲ့လမ်းတစ်​လျှောက်မှာတော့ သူတို့နှစ်ယောက်လုံးကို နိုင်းဆလို့မရတဲ့ နွေဦးရဲ့သင်းရနံလေးတွေနဲ့ ပန်းရနံလေးတွေ ပတ်ပတ်လည်ဝန်းရံနေပါတယ်။


ကြင်ယာတော်မင်းသား ထွက်ပေါ်လာတဲ့အခိုက်အတန့်မှာပဲ များစွာသောနန်းတွင်းသူတွေက သူ့ရဲ့ဆွဲဆောင်ခြင်းခံလိုက်ရပါတယ်. စုန့်လောင်က သူ့ရဲ့အကိုလောက်ကြည့်မကောင်းပေမယ့်လဲ သူမက နှုတ်ခမ်းနီနီရဲရဲနဲ့ ဖြူတန်းတဲ့သွားလေးတွေရှိသူဖြစ်သည်။ ယောက်ျားတစ်ယောက်အနေနဲ့တော့ သူက သဘာဝကျကျနဲ့ ဆွဲဆောင်မှုရှိနေဆဲပင်ဖြစ်သည်။


မူလကတော့ သူမနန်းတော်ထဲကို ဝင်ရောက်လာပြီးချင်းမှာပဲ အမျိုးသမီးများစွာက သူမတို့ရဲ့ မျှော်လင့်ချက်ကမြင့်မားခဲ့လို့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပဲ စိတ်ပျက်ခဲ့ရတာပဲဖြစ်သည်။ အဲဒီအချိန်တုန်းကတော့ သူမတို့ရဲ့ ကြီးမြတ်တဲ့လင်းဖန်ကလဲ လင်ရှန်းဘေးနားမှာရှိနေသောကြောင့်ပင်ဖြစ်သည်။ သူမက ဘာမှကို နှိုင်းယှဥ်လို့မရတာ အသိသာကြီးပင်။


ဒါပေမယ့် အခုတော့ မတူတော့ပါဘူး. ရှောင်လုတစ်ယောက်သာ သူမဘေးနားမှာရှိနေခဲ့တာဖြစ်သည်. ရလဒ်အနေနဲ့ကတော့ သူမချက်ချင်းကိုပဲ စာရင်းဝင်သွားခဲ့တာဖြစ်သည်. ပြီးတော့လဲ နန်းတွင်းသူတွေကအများအားဖြင့်တော့ယောက်ျားလေးတွေကို အကျွမ်းတဝင်မြင်ဖူးနေကြမရှိခဲ့တာကြောင့်ပင် ဖြစ်သည်. ထို့ကြောင့်ပဲ ကြင်ယာတော်မင်းသား ရောက်လာတဲ့အခိုက်မှာပဲ လူတိုင်းအတွက် ရှူခင်းအသစ်တစ်ခုကို လန်းဆန်းစွာမြင်လိုက်ရသလိုမျိုးဖြစ်နေခဲ့သည်။


တစ်ယောက်စ တစ်ယောက်နဲ့ သူတို့အားလုံးပဲ လမ်းလျှောက်နေကြတာကိုရပ်လိုက်၍ စိုက်ကြည့်မိ လိုက်ပြီး ရှက်ရွံ့စွာပဲ တခိုးခိုးခစ်ခစ်နဲ့ရယ်နေကြပါတယ်။


လင်ရှန်း အရမ်းကို စိတ်ချမ်းသာသွားပါတယ်. တကယ်တော့ ရှေးခေါတ်ကာလက အမျိုးသမီးတွေအားလုံးပဲ အတော်လေး သီးသန့်နေတတ်ကြတာပဲဖြစ်သည်. သူမ အရင်ဘဝတုန်းက.သူမရဲ့မွေးရပ်မြေမှာ သူမက ကျောင်းရဲ့အချောဆုံးကောင်လေးကို ကြိုးစားလိုက်ခဲ့တုန်းက သူမဘယ်လောက်ရေပန်းစားခဲ့တဲ့အကြောင်းကို ပြန်စဉ်းစားလိုက်သည်. အဲဒီကောင်လေးကို ရည်းစားကောင်လေးတစ်ယောက်နဲ့တွေ့ရှိခဲ့ပြီးနောက် သူမလက်လျော့လိုက်ခဲ့တာဖြစ်သည်. ဒီနေ့တော့ သူမက "ယောက်ျား" တစ်ယောက် ဖြစ်လာခဲ့ပြီး အခုတော့ သူမဘေးနားမှာလဲ သူတို့ရဲ့မျက်နှာတွေမှာသူမကိုကြိတ်ကြွေနေပုံရတဲ့ နန်းတွင်းသူတစ်အုပ်ကြီးက ခြံရံနေခဲ့သည်. သူမအရမ်းပဲ ဝမ်းသာပီတိ ဂွမ်းဆီထိနေသလိုခံစားရသည်။


လင်ရှန်း သူမကိုယ်သူမ လေပေါ်မြောက်တက်နေသလိုပဲ ခံစားနေရသည်. 'ငါအခုတော့ မိန်းမတစ်ယောက်အနေနဲ့ အောင်မြင်နေပြီပဲ . ငါကယောက်ျားတစ်ယောက်လိုမျိုး အရမ်းထူးချွန်မှုရှိနေတာပဲ . ငါက အခြားလူတွေထက်ကို သာလွန်နေတဲ့လူစားမျိုးပဲ!'


လင်ရှန်း သူမကိုယ်သူမ စိတ်ကျေနပ်ပီတိဖြစ်နေစဉ်မှာပဲ တစ်ယောက်က ရုတ်တရက်ပဲ အော်လိုက်တယ်- "တတိယမင်းသားက ဒီနေရာမှာရောက်နေတာပဲ!


ချက်ချင်းပင် ရှက်ရွံ့နေတဲ့နန်းတွင်းသူအားလုံးကအရှုးအမူးဖြစ်သွားခဲ့ပြီး သူမကိုထားရစ်ခဲ့ကာ သူတို့ကတစ်နေရာတည်းကိုဦးတည်သွားတော့သည်။


လင်ရှန်းမှာရှိနေတဲ့ မိမိကိုယ်မိမိယုံကြည်ချက်တွေတိုးမြင့်လာမှုကလည်း ရက်ရက်စက်စက်ကိုပဲ အစိတ်အစိတ်အမြွှာမြွှာကွဲကာလျော့ကျသွားတော့သည်။


"ရှောင်လု .. ငါအရမ်းကိုစိတ်ပျက်သွားပြီ" လင်ရှန်း ဝမ်းနည်းပက်လက်စွာနဲ့ ညည်းညူလိုက်မိသည်။


"သခင် သခင် ဘာလို့စိတ်ပျက်သွားတာလဲ" ရှောင်လုက သူမကို မျက်တောင်တဖျတ်ဖျတ်လုပ်ကာဘာမှမသိသလို ပြန်မေးလိုက်သည်။


လင်ရှန်း ခါးခါးသီးသီးကိုပြန်ပြောလိုက်တယ်. " လူတွေကဘယ်လိုဖြစ်ပြီး အပြင်ဘက်အခွံတစ်ခုထဲကိုပဲ အာရုံစိုက်နေရတာလဲ။ ဘယ်လောက်တောင်ပေါ့ပြတ်ပြတ်နိုင်လဲ! မလေးနက်လိုက်ကြတာ!"


"အရာရှိလိန်က ဒီမှာရောက်နေပြီဟေ့! အရာရှိလိန် က ဒီမှာရောက်နေပြီဟေ့!" အခြားတစ်ယောက်ကအော်ဟစ်လိုက်သည်။


"အာ့!" လင်ရှန်းရဲ့မျက်လုံးက ဝင်းလက်သွားပြီး "သွားရအောင် ရှောင်လု! ငါတို့လဲတစ်ချက်လောက် သွားကြည့်ရအောင်!"


ရှောင်လု သူမရဲ့ခေါင်းကို ခါရမ်းလိုက်ပြီး " သခင် သခင်ကလဲ ပေါ့တန်တဲ့သူတစ်ယောက်ပါပဲလား....."


"မင်းခေါင်းကိုပဲ သွားပေါ့ပြတ်နေလိုက် ! ငါကရွေရောင်ဓားစလွယ်ကို ကြည့်ချင်လို့ပဲ. အဲဒါကအရမ်းတန်ဖိုးကြီးတာ!"


ရှောင်လု -".........."


°°°°°°°


ဘယ်သူ့ကိုမှဂရုစိုက်မှုမရှိတဲ့ တုဂျင်နှင့်လိန်ဖန် တို့နှစ်ယောက်လုံးရဲ့ အရှိန်အဝါက လူအများကြားထဲမှာ အတုမရှိပြိုင်ဘက်ကင်းစေတယ်. ဒီနန်းတော်ထဲမှာတော့ သူတို့နှစ်ယောက်ကို အတူတွဲရှိတာကိုမြင်နေရတာက ပိုပြီးတော့တောင် ဖြစ်တောင့်ဖြစ်ခဲ မကြုံစဘူးဖြစ်ရပ်ထူးပင်ဖြစ်သည်။


သူတို့နှစ်ယောက်လုံးကို တော်ဝင်ပန်းခြံထဲမှာ တွေ့ရတဲ့အခိုက်အတန့်ကအံ့ဩဖွယ်ဖြစ်ရပ်ပင်ဖြစ်သည်. ဒါက လူတိုင်းကိုပဲ ထိတ်လန့်သွားစေတယ်. တစ်ကြိမ်တစ်ခါမျှ တစ်ချက်လောက်ကြည့်ရုံနဲ့ကိုပဲ အရှုးအမှုးဖြစ်နေတဲ့နန်းတွင်းသူတွေက အလွန့်အလွန်ကိုစိတ်လှုပ်ရှားနေကြပါတယ်. သူတို့တွေက အနီးကပ်သွားမကြည့်ရဲကြပဲ ခပ်လှမ်းလှမ်းကနေ ကြည့်နေကြပေမယ့် သူတို့အားလုံးက လင်ရှန်းကို တွေ့ရတာထက်ကို အကြိမ်တစ်ရာလောက် စိတ်လှုပ်ရှားမှုတွေပြင်းထန်နေကြပါတယ်။


နန်းတွင်းသူ(၁)- " မြန်မြန်လေး . လာကြည့်! တတိယမင်းသားရဲ့အပြုံးတွေက အရမ်းနှစ်လိုဖွယ် ကောင်းလိုက်တာ!"


နန်းတွင်းသူ(၂)- "ငါထင်တာကတော့ အရာရှိလိန်ကပိုပြီးယောက်ျားပီသတာပဲ!"


နန်းတွင်းသူ(၁)- " တတိယမင်းသားက ချေမောပြီးတော့ ယဉ်ကျေးပျူငှာလိုက်တာ!"


နန်းတွင်းသူ(၂)- " အရာရှိလိန်ကမှ ယောက်ျားပီသပြီး ယုံကြည်ထိုက်တာ!"


နန်းတွင်းသူ(၁)- " တတိယမင်းသားကမှ ပိုပြီးကြည့်ကောင်းတာကို!"


နန်းတွင်းသူ(၂)- "အရာရှိလိန်ကမှ ပိုပြီးကြည့်ကောင်းတာ!"


နန်းတွင်းသူ(၃)- " ငြင်းမနေကြနဲ့တော့ ။ သူတို့နှစ်ယောက်လုံး က အရမ်းလိုက်ဖက်ညီကြတယ်လို နင်တို့ မထင်ကြဘူးလား?"


လင်ရှန်း တိတ်တိတ်လေးခိုးနားထောင်လိုက်ပြီး ခလုတ်တိုက်လုနီးပါးဖြစ်သွားခဲ့တယ်. ' ဝါး ဖူဂျိုရှီတွေက ကမ္ဘာကိုတောင်နေရာယူနေရုံမကဘူး သူတို့က အချိန်ကူးပြောင်းနိုင်တဲ့စွမ်းရည်တွေတောင်ရှိနေကြပြီပဲ! အရမ်းစွမ်းအားကြီးကြတာပဲလား!"


တစ်ချိန်တည်းမှာပဲ လိန်ဖန် နဲ့တုဂျင် တို့က စကားစမြည်ပြောဆိုနေကြပါတယ်။


"အရှင့်သား . ဘာဖြစ်လို့ ကျွန်တော်မျိုးကိုရှာနေတာလဲ" အမြဲတမ်းဝတ်နေကျရှိတဲ့အတိုင်းပါပဲ လိန်ဖန်က သူရဲ့ ငွေရောင်မျက်နှာဖုံးကိုဝတ်ဆင်ထားတော့ အခြားလူတွေက သူ့ရဲ့မျက်နှာအမူအရာကို သိနိုင်ဖို့ခက်ခ​​​ဲ​စေပါတယ်။ ဒါပေမယ့် သူ့ရဲ့အေးစက်တဲ့လေသံအရတော့ ဒီအချိန်မှာသူ့ရဲ့စိတ်အခြေအနေက ဘာခံစားချက်မှရှိတဲ့ပုံမရဘူးလို့ ယူဆဖို့စိတ်ချရပါသေးတယ်။


"အရာရှိလိန် အရမ်းကြီးအလျင်မလိုပါနဲ့။ ကျုပ် ခင်ဗျားကို နေရာတစ်ခုကိုခေါ်သွားချင်ရုံပါပဲ"


"ကျွန်တော်က တော်ဝင်ကိုယ်ရံတော်တွေရဲ့ခေါင်းဆောင်ပါ . ကျွန်တော့တာဝန်က နန်းတော်ကို ကာကွယ်ပေးဖို့ပဲ. ကျွန်တော့ရဲ့နေရာကနေ ထွက်မသွားနိုင်ပါဘူး. ကျေးဇူးပြုပြီး နားလည်ပေးပါ တတိယမင်းသား"


"ဘာလို့အရမ်းကြီးပြင်းပြင်းထန်ထန်လုပ်နေရတာလဲ? နန်းတော်ကို ကာကွယ်ပေးဖို့ အစောင့်တွေ အများကြီးရှိပါတယ်. မင်းမရှိတာနဲ့ ဘာမှဖြစ်မှာမဟုတ်ပါဘူး. ကျုပ်နဲ့လိုက်ပြီး သွားပျော်ရအောင်!" တူဂျင် က လိန်ဖန်ကို သူနဲ့လိုက်အောင် ဆွဲ‌ဆောင်ဖို့ ကြိုးပမ်းလိုက်တယ်။


"ကျေးဇူးပြုပြီး သွားခွင့်ပေးပါ . တတိယမင်းသား" လိန်ဖန် အေးစက်စက်ပဲတုံ့ပြန်လိုက်တယ်. သူက သူ့ရဲ့လက်ကိုလဲ ဓားရှည်ပေါ်မှာတင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။


တုဂျင်က ကြောက်ရွံ့မသွားပါဘူး အဲဒီအစား သူကပြုံးလိုက်ပြီး လိန်ဖန်ရဲ့နား အနီးကိုကပ်ခါ တီးတိုးပြော လိုက်တယ်။


လိန်ဖန် ချက်ချင်းပဲ တောင့်တောင့်ကြီးဖြစ်သွားခဲ့တယ်။


"ဘာလဲ? မင်းက ကျုပ်နဲ့လိုက်ဖို့ ဆန္ဒမရှိသေးတာလား။ တုဂျင် ပြောင်စပ်စပ်နဲ့ပြုံးပြီးပြောလိုက်တယ်။


လိန်ဖန် မျက်လုံးချင်းဖလှယ်ကာစိုက်ကြည့်လိုက်ပေမယ့် ဘာမှတော့မတုံ့ပြန်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ ဘေးပတ်လည်က နန်းတွင်းသူတွေက ပရောပရည်အမူအရာနဲ့တစ်ခုခုကလုပ်နေသလိုမျိုးအရှုးအမူးဖြစ်သွားကြတယ်. သူတို့အားလုံးက အရမ်းကြီးမားတဲ့ပြဿနာကြီးတစ်ခုကိုလဲ ဆွေးနွေးနေကြတာပဲဖြစ်တယ်။


နန်းတွင်းသူ(၁)- "အာ့..ဖြစ်နိုင်ပါ့မလား? တတိယမင်းသား နဲ့ အရာရှိလိန်က လိင်တူချင်းများကြိုက်နေ တဲ့သူတွေများလား"


နန်းတွင်းသူ(၂)- " ဘာလို့လဲ! ဘာလို့ သူတို့နှစ်ယောက်ဖြစ်နေတာလဲ။ ငါ့အသည်းတွေတော့ ကွဲပါပြီ!"


နန်းတွင်းသူ(၃) ရဲ့မျက်လုံးကအလင်းရောင်တောက်သွားပြီး - " ဘယ်လောက်တောင် လှပလိုက်တဲ့ စုံတွဲလဲ! သူတို့က အရမ်းကိုလိုက်ဖက်ညီတယ် ! အရမ်းချစ်ဖို့ကောင်းလိုက်တာ"


လင်ရှန်းကတော့ ဘေးကနေရပ်ကြည့်ပြီး သူမရဲ့ချွေးတွေက မိုးရေလိုပဲကျဆင်းနေပါပြီ။


နန်းတွင်းသူတွေရဲ့ အပြင်းအထန်တိုက်ပွဲဝင်နေတဲ့ အသံတွေက


တုဂျင်ကိုဆွဲဆောင်လိုက်တော့ သူ့မျက်လုံးတွေကို နန်းတွင်းသူတွေဘက်ကိုလှည့်လိုက်ပြီး ညို့ယူနိုင်တဲ့ အပြုံးနဲ့ပြုံးပြလိုက်တယ်. နန်းတွင်းသူအားလုံးလဲ မတ်မတ်တောင်မရပ်နိုင်တော့ဘဲ အကုန်လဲပြိုကျသွားတော့သည်။


တစ်ယောက်ကသာလျင် မတ်မတ်ကြီးကျန်ရှိနေခဲ့သည်။


သူမကတော့ လိန်ဖန်ရဲ့ ရွှေရောင်ဓားစလွယ်ကိုပြောင်ဝင်းတဲ့မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေတဲ့ လင်ရှန်းပင် ဖြစ်ပေသည်။


"အကိုစုန့်! ဒီနားကိုလာပါဦးလား!"


တုဂျင်ရဲ့အသံက လင်ရှန်းကို လက်ရှိအခြေနေကိုပြန်ခေါ်လိုက်တယ်. လင်ရှန်းလဲ ကိုယ့်ကိုကိုယ်ထုတ်ဖော် မိလိုက်တာကို သဘောပေါက်လိုက်တော့တယ်!


********


End