Chapter 7
Viewers 9k

အပိုင်း(၇)


လင်ရှန်း သူမကိုအမြင်ခံလိုက်ရတည်းက သူမလည်းရွေးချယ်စရာမရှိတော့ဘဲ တုဂျင်နဲ့ လိန်ဖန်ဆီကို ဦးတည်သွားလိုက်ရသည်. သူမ သူတို့နှစ်ယောက်အနားမှာ ရပ်လိုက်တဲ့အချိန်မှာပဲ သူမတို့ရဲ့ ကွဲပြားခြားနားမှုတွေက သိသိသာသာကိုကြီးမားတယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်. တစ်ပြိုင်တည်းမှာပဲ နန်းတွင်းသူတွေကသူတို့ရဲ့စောစောက အယူအဆသဘောထားတွေကို ဆက်ပြီးတော့ဝေဖန်နေကြတော့သည်။


"ကြင်ယာတော်မင်းသားက တကယ်တော့ ဘာမှထူးခြားမှုလဲမရှိပါဘူး!"


"အမှန်ပဲ. တတိယမင်းသားဘေးမှာဆို သူကဘာမှနိုင်းယှဉ်စရာ....မရှိဘူး"


"အရာရှိလိန်နဲ့ ယှဉ်ရင်ကျတော့ရော သူကတော်တော်ကို သေးကွေးလွန်း......."


°°°°°°°


လင်ရှန်းစိတ်ဖိစီးသွားပြီး - 'နင်တို့တွေ မိန်းမတစ်ယောက်ဆီကနေ အများကြီးမျှော်လင့်နေတာတွေ ရပ်လို့ရမလား။ ငါ့ကို ဖိအားတွေအများကြီးရှိစေတယ် . ဟုတ်ပြီလား။ နင်တို့ ဒီလောက်ပြိုင်ချင်နေရင်လဲ ငါ့ရဲ့ရင်ဘတ်အရွယ်အစားကြီးနဲ့ နင်တို့ကိုပြိုင်ပေးလိုက်မယ်!'


လင်ရှန်း စိတ်ဓာတ်ကျနေပုံပေါက်နေတာတွေ့လိုက်ရတော့ တုဂျင် ရင်းနှီးစွာပြုံးလိုက်ပြီး -


" ကြင်ယာတော်မင်းသား . အစ်ကို့ရဲ့အသားအရေ ကြည့်ရတာ သိပ်ကောင်းနေတဲ့ပုံမပေါက်ဘူးပဲ . မနေ့ညက အရမ်းကြိုးစားအားထုတ်ခဲ့ရလို့များလား"


"ဟဟဟာ....." လင်ရှန်းချောက်ကပ်စွာရယ်လိုက်တယ်. သူမရဲ့အတွေးနက်နက်ထဲမှာတော့ ဒေါသထွက်ကာအော်ဟစ်ပြီး-' မင်းခေါင်းကြီးပဲကြိုးစားအားထုတ်လိုက်ပါလား! ငါ့ကို မင်းလိုများမှတ် နေလား။ မင်းကိုကြည့်လိုက်စမ်းပါဦး။ အပျော်အပါးက မက်သေး၊အများကြီးလုပ်ပြီး အလွန်အကြူး သုတ်လွှတ်ရလို့ သေရတော့မှာ!'


"ကောင်းပါတယ်. ဒါကအစ်ကို့ရဲ့ ပထမဆုံးအကြိမ်ပဲမဟုတ်လား. အဲဒါက ဘာမှမဖြစ်ပါဘူး..အစ်ကို တစ်ကြိမ်လောက်အတွေ့အကြုံရှိသွားရှိသွားတာနဲ့ ပိုပြီးလွယ်သွားတော့မှာပါ. ....အာ....အစ်ကို့ရဲ့ပထမဆုံးအကြိမ်တော့ဟုတ်ပါတယ်နော်"


'ဘယ်လိုတောင် အကျင့်မကောင်းတဲ့လူလဲ . ဒီလိုမျိုးအကြောင်းကိုတောင် စိတ်အေးလက်အေး အမူအရာနဲ့ပြောနေသေးတယ်!' အောင့်သက်သက်ဖြင့်လင်ရှန်းနောက်ထပ် ရယ်လိုက်ပြီး - "အိုး..ငါကကျိန်းသေပေါက်ကို မင်းလောက်အတွေ့အကြုံအများကြီးမရှိပါဘူး. တတိယမင်းသား!"


"ချီးမွမ်းတဲ့အတွက် ကျေးဇူးပါပဲ . အစ်ကိုစုန့်"


'ကျွန်မက ရှင့်ကို ချီးမွမ်းနေတာမဟုတ်ဘူး! ရှင့်​မှာ အရှက်နည်းနည်းလေးမှတောင်မရှိဘူးလား' လင်ရှန်းမှာ ပြောစရာစကားမဲ့သွားခဲ့ပါပြီ။


အဲဒီအချိန်မှာပဲ တိတ်ဆိတ်နေတဲ့လိန်ဖန်က ရုတ်တရက် သူတို့နှစ်ယောက်စကားပြောနေတာကို ကြားဖြတ်လိုက်တယ်. " အကယ်၍ အရှင့်သားမှာအခြားဆွေးနွေးစရာကိစ္စမရှိတော့ရင် ကျွန်တော်အခုပဲ သွားပါတော့မယ်" အဲဒီနောက် သူကထွက်သွားဖို့လှည့်လိုက်တယ်။


"ခဏလေးနေပါဦး!"


တုဂျင်က လိန်ဖန်ကိုရပ်တန့်စေလိုက်ပြီး ပြုံးရယ်ကာပြောလိုက်တယ်. " နောက်ထပ်ဆွေးနွေးစရာမရှိတော့ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ? ငါတို့အရေးကြီးတဲ့တစ်နေရာကို သွားရ​ဦးမယ်​လေ။ အစ်ကိုစုန့် . အကို..အားနေရင် ကျွန်တော်တို့နဲ့အတူဘာလို့လာမပူးပေါင်းရတာလဲ"


လင်ရှန်းအသင့်အနေအထားဖြစ်သွားပြီး - "ဘယ်နေရာကိုသွားဖို့လဲ"


"နန်းတော်အပြင်ဘက်ကို"


'နန်းတော်အပြင်ဘက်ကိုလား' လင်ရှန်းရဲ့မျက်လုံးတွေက အစိမ်းရောင်အလင်းတန်းလေးလှစ်ခနဲ ထွက်သွားခဲ့သည်။


ရှောင်လုက ဘေးကနေပြီးတကျီကျီလုပ်လိုက်သည်. " သခင် ဒီအစေခံလဲ နန်းတော်အပြင်ဘက်ကို သွားချင်တယ်"


"စိတ်မကောင်းပါဘူး!" တုဂျင်သူ့ရဲ့ခေါင်းကိုခါရမ်းလိုက်ပြီး ပဟေဠိဆန်စွာပြုံး၍ပြောလိုက်တယ်.


"ငါတို့ဦးတည်မယ့်နေရာက....ယောက်ျားတွေပဲသွားနိုင်တဲ့နေရာပဲ"


လင်ရှန်းချက်ချင်းကိုပဲ သဘောပေါက်လိုက်ပါတယ်. ဒီကောင်က ပျော်တော်ဆက်အိမ်ကို သွားဖို့စီစဉ်နေတာပဲ! ကြားရတဲ့အသံကတော့ အပျော်သဘောလို့ထင်ရပေမယ့်လဲ လင်ရှန်း တုဂျင်ကို မယုံကြည်နိုင်ခဲ့ပါဘူး. သူမက သူ့ကိုကြည့်လိုက်ပြီး သူမရဲ့မျက်ခုံးတွေကချက်ချင်းပဲတွန့်သွားခဲ့သည်. ' ဒီလူက သူ့ရဲ့ပတ်ပတ်လည်လုံးက အန္တရာယ်ရှိတဲ့ အရှိန်အဝါတွေကြီးပဲ. ငါသာလိုက်သွားခဲ့ရင်တော့ ကျိန်းသေပေါက် ကို အန္တရာယ်ရှိမှာပဲ! '


ဒါကြောင့် သူမက လိန်ဖန်ကိုကြည့်လိုက်မိသည်။


လိန်ဖန်က စကားတစ်ခွန်းမှဝင်မပြောခဲ့ပါဘူး. သူကမျက်နှာဖုံးတပ်ထားပေမယ့်လဲ သူ့ရဲ့မျက်လုံးတွေက ရိုးရှင်းတယ်. သူ့ကိုကြည့်ရတာ စိတ်ချရတဲ့ပုံပေါက်ပေမယ့်လဲ ဘာမှကိုထုတ်ဖော်လို့မရတာပဲဖြစ်သည်။


"အရာရှိလိန် ကျုပ် ခင်ဗျားကိုအလေးမထားဘူးလို့မပြောပါနဲ့. ဒီလိုမျိုးပစ္စည်းအမျိုးအစားအတွက် အများကြီးအလိုရှိရင်တောင် တစ်ခုမှရနိုင်မှာမဟုတ်ဘူးနော်" တုဂျင်ကထပ်မံဆွဲဆောင်လိုက်သည်. တုဂျင်ပြောလိုက်တာက တစ်ခုခုနဲ့စိတ်ပြောင်းအောင်စောင်းပါးရိပ်ခြေပြောပြီး ကြိုးစားနေတဲ့ပုံပေါက်သလိုမျိုး ထင်ရသည်။


လင်ရှန်းကို အံ့အားသင့်စေတာကတော့ လိန်ဖန်ကမငြင်းဆိုလိုက်တာပဲဖြစ်သည်. တတိယမင်းသားက လိန်ဖန်ကသူ့ကိုမဆန့်ကျင်စေဖို့ နည်းလမ်းတစ်ခုခု သုံးလိုက်တယ်ဆိုတာကို သူမတွက်ချက်မိလိုက်သည်. 'ဝါး....လိန်ဖန်တောင်မှအားနည်းချက်ရှိလိမ့်မယ်လို့ ဘယ်သူကများတွေးမိမှာလဲ။ ကျွန်မ.ထင်သားပဲ. ရှင်က အပြင်ပန်းအသွင်အပြင်ကိုကြည့်ပြီးမှန်မှန်ကန်ကန် ဆုံးဖြတ်လို့မရနိုင်ဘူးပဲ။'


လိန်ဖန် ပါသွားလိုက်ကတည်းက လင်ရှန်းလည်း မသွားရဖို့အတွက်ပေးစရာအကြောင်းပြချက်မရှိတော့ပါဘူး. သူမရဲ့အကြောင်းပြချက်ကတော့ -'ရွှေရောင်ဓားစလွယ် ဘယ်ကိုသွားသွား ငါလိုက်ရမယ်....ဒါကအရမ်းတန်ဖိုးရှိတယ်လေ ဟုတ်တယ်မဟုတ်လား?'


သူတို့သုံးယောက်သား နန်းတော်ထဲကနေ ထွက်ခွာခဲ့ပြီးချင်းလျင်မြန်စွာနဲ့ပဲ မြို့တော်ရဲ့ အကျော်ကြားဆုံး ဇိမ်ခံပျော်တော်ဆက်အိမ်ဖြစ်တဲ့ 'ဟဿာႅပြဒါးကွေးအိမ်တော်'ကို ရောက်ရှိလာခဲ့သည်။


တုဂျင်ကတော့ ပုံမှန်ဖောက်သည်တော်ဖြစ်နေသည်မှာတော့ပြောစရာကိုမလိုတော့ပါဘူး။ မြင်းလှည်းက ဝင်ပေါက်ရဲ့အပြင်ဘက်မှာရပ်လိုက်ပြီးချင်းချင်းမှာပဲ မိတ်ကပ်အဖွေးသားနဲ့အမျိုးသမီးတစ်စုက သူတို့ကို ကြိုဆိုဖို့ရောက်လာခဲ့သည်. သူတို့အားလုံးက နီရဲတဲ့နှုတ်ခမ်းလေးတွေနဲ့ သွားဖြူဖြူလေးတွေရှိကြပြီး မနာလိုစရာကောင်းလောက်အောင်ကိုလှပတဲ့မက်မွန်ပန်းပွင့်လေးတွေဖြစ်သည်. သူမတို့တွေက သေချာပေါက်ကိုအရည်အသွေးမြင့်မားပြီး အထူးကျွမ်းကျင်မှုရှိကြသူတွေဖြစ်သည်။


တုဂျင်ရဲ့ဘေးမှာတော့ လိန်ဖန်.လဲ နွေးထွေးတဲ့ကြိုဆိုမှုတွေကိုလက်ခံနေရပါတယ်. သူကမျက်နှာဖုံးတပ်ဆင်ထား ပေမယ့်လဲ အလွန့်အလွန်ကို လူအများကြားထဲမှာ ကျော်ဇောထင်ရှားသူ ဖြစ်သည်. ထပ်ပေါင်းပြီးတော့ပြောရမယ်ဆိုရင်တော့ သူကရှည်လျားတဲ့အရပ်ရှိတဲ့အပြင်ကို သူ့ရဲ့အေးစက်စက်တည်ရှိနေမှုကလဲ ပဟေဠိဆန်သလိုမျိုး ဖြစ်နေသည်. အမျိုးသမီးများစွာရဲ့စိတ်ကူးထဲမှာတော့ သူကလုံးဝပြီးပြည့်စုံသူဖြစ်သည်. ဘာမှအားမထုတ်ရဘဲနဲ့တောင် လူအများစုက သူ့ရဲ့ဆွဲဆောင်မှုကို ခံခဲ့ရတာပဲဖြစ်သည်။


သူတို့နှစ်ယောက်ရဲ့နောက်မှာရပ်နေတဲ့ လင်ရှန်းအတွက်ကတော့ အတော်လေးသနားဖို့ကောင်းပေသည်. သူမကအလိုအလျောက်ပင် တုဂျင်နဲ့လိန်ဖန်ဆီကိုတွယ်ကပ်နေတဲ့အမျိုးသမီးများ၏ဖယ်ကျင် ထားခြင်းကိုခံနေရသည်. အားလုံးရဲ့နောက်မှာ သူမတစ်ယောက်သာလျှင်ရှိပေသည်။


'ပေါ့ပျက်လိုက်တာ! အရမ်းကို ပေါ့ပျက်လိုက်ကြတာ!' လင်ရှန်း သူတို့နောက်ကနေဒေါသထွက်စွာလိုက်ပါသွားရင်းနဲ့ စိတ်ထဲမှာတော့ဝမ်းနည်းစွာငိုကြွေးနေပါတယ်။


သူမတို့အတွက်ပြင်ဆင်ထားတဲ့ အထူးအခန်းကိုရောက်တဲ့အခါမှာတော့ လူတိုင်းကထိုင်လိုက်ကြတယ်. နောက်ဆုံးမှာတော့တစ်ယောက်က လင်ရှန်းကိုသတိထားမိသွားတယ်။


တုဂျင်တို့နှစ်ယောက်က ကျိန်းသေပေါက်အဓိကဇာတ်ဆောင်တွေဖြစ်ပေမယ့်လဲ တတိယမင်းသားက သူ့ကိုခေါ်လာခဲ့လေတော့ သူက တုဂျင်နှစ်သက်တဲ့သူဌေးသားတစ်ယောက်ပဲဖြစ်ရမယ်. ထို့ကြောင့် သူမကမေး​​မြန်းလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။


အမျိုးသမီးကပြုံးလိုက်ပြီးနောက် မေးလိုက်တယ်. "တတိယမင်းသား. ဒီဘက်ကတစ်ယောက်က...."


"သူလား? မှန်းကြည့်လေ" တုဂျင်က သူ့ရဲ့ဝိုင်ခွက်ကိုမြှောက်လိုက်ပြီးအရသာကိုစည်းစိမ်ခံစား လိုက်ပြီးပြောလိုက်တယ်။


"ရှင်သိပ်ဆိုးတာပဲ. ကျွန်မ မသိဘူး!" အမျိုးသမီးက သူမရဲ့ပါးပြင်ကိုရမ်းခါလိုက်တယ်. သူမရဲ့အသံက တော့ ထိုင်ဝမ်ရဲ့ထိပ်သီးမော်ဒယ်ဖြစ်တဲ့ ချိုအီပျော်ဝင်တဲ့အသံရှိတဲ့ လင်းချီလင်နဲ့တောင်နှိုင်းယှဉ်လို့ရတယ်.


လင်ရှန်း သူမရဲ့ ခန္တာကိုယ်တစ်ခုလုံးတောင် ကြက်သီးတဖြန်းဖြန်းထသွားပါတယ်။


"ဒါက စုန့်မိသားစုရဲ့ဒုတိယသခင်လေး စုန့်လောင်ပဲ"


'ဘာ? စုန့်မိသားစုရဲ့ ဒုတိယသခင်လေးလား'


'သူကကြင်ယာတော်မင်းသားလား'


'မင်းသမီးတုမင်ယွဲ့ ရဲ့ ယောက်ျားလား'


အဲဒီအချိန်အခိုက်အတန့်မှာတော့ လင်ရှန်းအနားမှာကပ်ထိုင်နေတဲ့အမျိုးသမီးတွေအားလုံးက ချက်ချင်းပဲထရပ်လိုက် ကြပြီး သူမကိုရှောင်ဖယ်ပြီးထိုင်ဖို့ကြိုးစားလိုက်ကြတယ်. တစ်ချို့ကထိုင်နေတုန်းပဲ ရှိနေစဉ်မှာတော့တစ်ချို့ကမတ်တပ်ရပ်လျက်ရှိနေကြပါတယ်. သူမရဲ့ဘေးကထိုင်ခုံတွေမှာတော့ နေရာလွတ်တွေဖြစ်သွားခဲ့ပါပြီ။


'ဘာလား? လင်ရှန်း စိတ်ဓာတ်ကျသွားခဲ့ပါတယ်. နင်တို့တွေအဲ့လောက်ကြီးသိသာဖို့လိုလို့လား။ ငါကဖိအားပေးခံရတာပါ...ဟုတ်ပြီလား'


အမျိုးသမီးတစ်ယောက်က တုံ့ပြန်လိုက်တယ်. "ကြင်ယာတော်မင်းသား ရှင်ကလက်ထပ်ပြီးသွားပြီ မဟုတ်လား . ရှင်က ဘာလို့ပျော်တော်ဆက်အိမ်ကိုလာနေတုန်းပဲဖြစ်နေတာလဲ။ ဒါကသိပ်မကောင်းဘူးထင်...."


"မင်...မင်ယွဲ့မင်းသမီးက...ဒေါသထွက်လိမ့်မယ်...."


"ရှင်...အိမ်ကိုပဲ ပြန်သွားသင့်....."


လင်ရှန်း မျက်လုံးတောင်ပြူးသွားခဲ့တော်တယ်။


' ငါ ကျိန်ပြီးပြောရဲတယ် တုမင်ယွဲ့ နင်ဘယ်လိုလုပ်ပြီးတော့တောင် ကျော်ကြားနေရတာလဲ' နင်က ဒီနေရာတင်မဟုတ်သေးဘူး လူတိုင်းကလေ နင့်အကြောင်းကိုတွေးမိလိုက်ရုံနဲ့တင် သေလောက်အောင်ကြောက်နေလိမ့်မယ်ဆိုတာကို'


"ယောက်ျားတစ်ယောက်အနေနဲ့ပျော်ပါးဖို့ ဒါကပုံမှန်ပါပဲ သိပ်ပြီးလဲစိတ်ရှုပ်မနေကြပါနဲ့!" တုဂျင်က ကာပြီးပြောလိုက်တယ်. "လာပါ. အစ်ကိုစုန့် . အတူသောက်ကြရအောင်. ကျွန်တော်တို့တွေ မဂႅလာညလေးအတွက်ပျော်စရာလေးလုပ်ရအောင်! ရှောင်ဟုန်..ငါတို့ကို ဝိုင်တွေလာငှဲ့ပေး!"


ရှောင်ဟုန်ကတုန်တုန်ရင်ရင်နဲ့ လင်ရှန်းရဲ့ခွက်ထဲကိုငှဲ့ထည့်ပေးလိုက်သည်. ပြီးတော့ သူမက ချက်ချင်း ပဲပြန်လှည့်သွားတယ်။


လင်ရှန်းချွေးစတင်ပြန်လာခဲ့ပြီး ငြင်းဖို့ကြိုးစားလိုက်တယ်." ခင်ဗျားရဲ့ဧည့်ခံမှုအတွက် ကျေးဇူးတင်ပေမယ့် .. မင်းသား(၃)..မင်းရဲ့ဒီအကိုတော်မှာတော့သိပ်ပြီးတော့သောက်နိုင်စွမ်းမရှိပါဘူး. ငါ့ကိုကျေးဇူးပြုပြီးတော့ လက်ဖက်ရည်နဲ့သာ လဲပြီးသောက်ခွင့်ပေးပါ"


တုဂျင် သူ့ရဲ့မျက်ခုံးတွေကိုမြင့်တက်သွားပြီး "အစ်ကိုစုန့် ကျွန်တော်ပြန်တွေးမိရသလောက်တော့ အကို.မဂႅလာနေ့ရက်တုန်းက အကိုကအရမ်းသောက်နိုင်စွမ်းမြင့်တာပါ"


'မင်း ခေါင်းပဲသွားမြင့်နေလိုက်ပါလား! အဲဒီနေ့က ငါရေတွေပဲသောက်နေခဲ့တာ ဟုတ်ပြီလား' လင်ရှန်း ထပ်ပြီးတော့ငြင်းဆန်လိုက်ဖို့တွေးနေတဲ့အခိုက်မှာပဲ ရုတ်တရက် ပျော်တော်ဆက်အိမ်တော်ရဲ့အကူမိန်းခလေးက ဝင်ရောက်လာခဲ့တယ်. သူမကပြုံးလိုက်ပြီး- "မင်းသား(၃) . ပိုင်လန်မိန်းခလေး ရောက်လာပါပြီ။


'ပိုင်လန်လား?' လင်ရှန်းလဲသိချင်သွားတယ်. ပိုင်လန်က ပျော်တော်ဆက်အိမ်တော်ရဲ့အကျော်ကြားဆုံး အလှလေးပဲဖြစ်မယ်လို့ သူမခန့်မှန်းလိုက်တယ်. မှန်းထားတဲ့အတိုင်းပါပဲ လှပတဲ့မိန်းမပျိုလေး တစ်ယောက်က ဆိုင်မန်နေဂျာရဲ့နောက်ကနေလိုက်ပါလာပါတယ်. 'သူမက အရမ်းကိုလှရက်လွန်းတာပဲ!'


အစိမ်းဖြူရောင်အလင်းဖျော့ဖျော့လေးရှိတဲ့ ဝတ်စုံလေးဝတ်ဆင်ထားတဲ့ မိန်းမပျိုလေး တစ်ယောက်က လမ်းလျောက်ဝင်လာခဲ့ပါတယ်. သူမဆီမှာ စိတ်သက်သာရာရစေပြီးအေးချမ်းတဲ့အရောင်အဝါတွေထုတ်လွှင့်နေပြီး သူမရဲ့အသားအရေကလဲ ထူးထူးကဲကဲကိုလှပချောမွေ့ပြီး သူမက မျက်လွှာကိုချပြီး ဝင်လာခဲ့ပါတယ်. သူမပတ်လည်ကအမျိုးသမီးတွေကတောင်မှေးမှိန်သွားစေပါတယ်. သူမက


ကန်ရေပြင်ထဲမှာသာရှိတဲ့ ကြာပန်းဖြူလေးတစ်ပွင့်လိုဖြစ်နေပါတယ်။


ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်စေ သူမရဲ့အလှကြောင့် အသက်ရှူမှားစေပါတယ်. လင်ရှန်းတောင်မှ ပိုင်လန်ကို


ခဏဏမကြည့်ဘဲနဲ့ကိုမနေနိုင်ခဲ့ပါဘူး။


အဲဒီအချိန်အခိုက်အတန့်မှာပဲ ပိုင်လန်ကသူမရဲ့ဦးခေါင်းကိုဖြည်းညင်းစွာမော့လိုက်ပြီး ညင်သာစွာပြော လိုက်တယ်- " ပိုင်လန် မင်းသား(၃)နဲ့အရာရှိလိန်.....ကို အရိုသေပြုနှုတ်ဆက်ပါတယ်" သူမကလိန်ဖန်ကိုငေးကြည့်လိုက်ပြီး ချက်ချင်းပဲမျက်နှာပြန်လွှဲလိုက်ပါတယ်။


လင်ရှန်းတစ်ယောက် နောက်တစ်ကြိမ်ထပ်ပြီး လျစ်လျူရှုခံခဲ့ရပြန်ပါတယ်။ =_=


"လာ . လာ . လာ .ညီနောင်လိန် ကျုပ်မင်းကို ဟဿာႅပြဒါးအိမ်တော်ရဲ့ နံပါတ်တစ်အလှလေးနဲ့မိတ်ဆက် ပေးမယ်. ပိုင်လန်က မင်းကိုဟိုးအရင်ကတည်းကလေးစားနေခဲ့တာ. ရှောင်လန်..လာ အရာရှိလိန်အတွက်ဝိုင်လာငှဲ့ပေးဦး"


ပိုင်လန်က ညင်သာနူးညံ့ပျော့ပြောင်းတဲ့ခြေလှမ်းတွေနဲ့သူတို့ဆီကိုလျောက်လှမ်းလာခဲ့တယ်. သူမရဲ့ကျက်သရေ ရှိစွာငြို့ယူနိုင်စွမ်းက ယောက်ျားသားတွေကို အထိန်းအကွပ်မဲ့စေပြီး မိန်းမတွေကိုမနာလိုဖြစ်စေဖို့ လုံလောက်ခဲ့ပါတယ်။


သို့သော်လဲ လိန်ဖန်တစ်ယောက်ကတော့ သစ်သားအပိုင်းအစတစ်ခုလိုပဲ တုန်လှုပ်မှုမရှိခဲ့ပါဘူး။


"သခင်လိန် ကျေးဇူးပြုပြီးတော့" ပိုင်လန်ရဲ့အသံကချိုသာပြီးတော့ လူတွေရဲ့နှလုံးသားကိုတောင် အရည်ပျော်စေတဲ့စွမ်းရည်ရှိနေခဲ့ပါတယ်။


ဒါပေမယ့် လိန်ဖန်က တုတ်တုတ်မလှုပ်ခဲ့ပါဘူး. တကယ်တော့ သူက တည့်တည့်လေးတောင် တစ်ချက်မှမကြည့်ခဲ့ပါဘူး. အဲဒီအချိန်မှာပဲ ပိုင်လန်ရဲ့လက်လေးကတော့ ဝိုင်ခွက်ကိုကိုင်ထားရင်း လေထဲမှာတန်းလန်းကြီးဖြစ်နေခဲ့ပါတယ်. သူမကခွက်ကိုအောက်မချခဲ့ဘဲနဲ့ ကသိကအောက်အနေအထား ဖြစ်နေပါတယ်။ ဒါကသူမအတွက်အတော့်ကို ရှိုးတိုးရှန်းတန့် အနေအထားဖြစ်စေခဲ့ပါတယ်။


ပိုင်လန်ရဲ့မျက်လုံးတွေကလဲ နီရဲတွတ်လာခဲ့တော့ တုဂျင်က အခြေနေကိုဖြေရှင်းဖို့ကြိုးစားခဲ့တယ်. "ညီနောင်လိန် မင်းဒီလိုမျိုးမလုပ်သင့်ပါဘူး.


္ဒီမိန်းကလေးမှာလဲ စေတနာနဲ့ပါ မင်းဘာလို့အချည်းအနှီးဖြစ် စေတာလဲ? လာပါ.သောက်လိုက်ပါ မဟုတ်ရင် မင်းငါ့ကို မျက်နှာသာမပေးဘူးလို မှတ်ယူလိုက်မယ်."


တုဂျင်းပြောလိုက်ခဲ့ပြီးတဲ့နောက်မှာပဲ လိန်ဖန်က နောက်ဆုံးတော့ဝိုင်ခွက်ကို ပိုင်လင်ဆီကနေ ယူလိုက်ပြီး တစ်ကြိုက်တည်းနဲ့သောက်ချလိုက်သည်. ပြီးတော့ သူက ဝိုင်ခွက်ကို စားပွဲပေါ်ကို ဆောင့်ကာချလိုက်တော့သည်။


'ဝါး ..အရမ်းသနားဖို့ကောင်းလိုက်တာ!' လင်ရှန်း ဘေးကနေကြည့်ရင်း သူမခေါင်းကိုမခါရမ်းပဲမနေ နိုင်ခဲ့ပါဘူး. ဒါက - 'မင်းရတာတော့ မလိုချင်ဘူး ဒါပေမယ့် မင်းမရတာတော့ လိုချင်နေပြန်ရောပဲ' ဆိုတဲ့ လှပတဲ့မိန်းကလေးတွေရဲ့ ကံကြမ္မာပဲ'လေ...


'အိုး..အလှလေး . နင် မကြာခင်ပဲ နိုးထသင့်ပြီ. နင့်ရဲ့အဆင့်အတန်းကို နင်ဆွဲချနေတာပဲ. နန်းတော်ထဲကတစ်ယောက်ယောက်ကိုရှာဖို့ ကြိုးစားနေ မယ့်အစား နင့်ကိုထောက်ပံ့ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ကိုပဲ နင်ရှာသင့်တယ်!'


လင်ရှန်းသူမရဲ့ခေါင်းကို ခါရမ်းနေတုန်းမှာပဲ လိန်ဖန်ရဲ့မျက်နှာက ရုတ်ချည်းပြောင်းလဲသွားပြီး ပိုင်လန်ကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး မေးလိုက်တယ်.


"မင်း ဒီဝိုင်ထဲကို ဘာထည့်ထားခဲ့တာလဲ?"


*********


End