အပိုင်း(၈)
လိန်ဖန်ရဲ့ ဝိုင်ကဆေးခပ်ထားခြင်းခံခဲ့ရပါတယ်. ဒါပေမယ့် ပိုင်လန်လုပ်ခဲ့တာတော့မဟုတ်ပါဘူး.
တုဂျင်လက်ချက်ပင်ဖြစ်သည်။
ဘာလို့ တုဂျင်က လိန်ဖန်ရဲ့ဝိုင်ထဲကိုဆေးခပ်ထားခဲ့ရတာလဲ? အကြောင်းကတော့ရိုးရှင်းပါတယ်. သူက အလှလေးရဲ့ အပြုံးကိုမြင်ချင်လို့ပဲဖြစ်သည်။ အလှလေးကတော့အခန်းထဲမှာ အခုလောလောလတ်လတ်ကို မတ်တပ်ရပ်လျက်ရှိနေတဲ့ ပိုင်လန်ပင်ဖြစ်ပေသည်။
ဒါကရှည်လျားတဲ့ပုံပြင်တစ်ပုဒ်ဖြစ်သည်။
ပိုင်လန်ဟာ ဟသာႅပြဒါးကွေးအိမ်တော်ရဲ့ တက်မက်ဖွယ်အကောင်းဆုံးမိန်းကလေးပဲဖြစ်သည်. သူ့မရဲ့ ကြည်ရှင်းသန့်တဲ့အကြည့်တစ်ချက်ကိုရဖို့အတွက်နဲ့ ယောက်ကျားသားတွေအများကြီးက လမ်းအဆုံးထိကို တစ်တန်းလိုက်ကြီး စောင့်နေခဲ့ရတာပဲဖြစ်ပေသည်. သို့သော်လည်း ပိုင်လန်ကတော့ ဧည့်သည်လက်ခံတွေ့ဆုံတယ်ဆိုတာ အတော်လေး မရှိသလောက်ကိုရှားပါးပါတယ်. တုဂျင်လဲချွင်းချက်မရှိအပါအဝင်ဖြစ်သည်။
မြို့တော်တစ်ခုလုံးရဲ့ ငယ်ငယ်ရွယ်ရွယ်ရော အိုကြီးအိုမပါမကျန် မိန်းမရော ယောက်ျားရောက တုဂျင်ဘယ်လောက်တောင် အပျော်အပါးလိုက်စားလဲဆိုတာကို သိကြပါတယ်. ပြီးတော့ အခုချိန်ထိတိုင်အောင်ပဲ သူကရိုသေလေးစား အလေးထားမှုကိုလဲခံရဆဲပင်ဖြစ်ပါတယ်. သူက မင်းသားတစ်ပါးဖြစ်နေတဲ့အပြင် အခြားအဓိကအချက်ကတော့ သူက မိန်းခလေးတွေရဲ့နှလုံးသားကို ဘယ်လိုမျိုး ဖမ်းဆုပ်ကိုင်ရမလဲဆိုတာကိုလဲ သိလို့ပဲဖြစ်ပါတယ်. သူ့နဲ့ဆက်သွယ်၍ရာထူးနေရာကောင်းရဖို့အတွက်ပြောပေးဖို့ အမျိုးသမီးအားလုံးကသာ သူ့ထံ အရင်လာခဲ့သူတွေကြီးပဲဖြစ်သည်. သူက သူမတို့အပေါ်ခုန်အုပ်ခဲ့ရင်တောင်မှပဲဖြစ်သည်. သာမန်အားဖြင့် ဒီလူမှာကလဲ လှည့်ကွက်လေးတွေ ရှိနေတာပဲဖြစ်သည်။
တုဂျင်က ပိုင်လန်ကို နှစ်သက်ခဲ့ပါတယ်. ဒါပေမယ့် သူက သူမကအမြဲတမ်းလိုလို စိတ်ညစ်နေပုံပေါက်နေတာကို သတိထားမိခဲ့ပါတယ်. လေ့လာဆန်းစစ်မှုအချို့လုပ်ပြီးတဲ့နောက်မှာတော့ သူကနောက်ဆုံးတော့ အကြောင်းရင်းကိုရှာတွေ့ခဲ့ပါတယ်. ထွက်ပေါ်လာခဲ့တာတော့ ပိုင်လန်က သူမခန္တာကိုယ်ကို အပျော်အိမ်တော်ထံ
မရောင်စားခင်လေးမှာ သူမကကုန်သည်တစ်ယောက်ရဲ့ သမီးဖြစ်ခဲ့ပါတယ်။
သူမက မြို့တော်ကို စီးပွားရေးအရကုန်သွယ်ဖို့ သူမအဖေနောက်ကလိုက်ပါလာခဲ့ပါတယ်. သို့သော်လည်း သူမတို့ရဲ့လမ်းခုလတ်မှာ ကံမကောင်းစွာနဲ့ပဲ တောင်ပေါ်သူပုန်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်. သူပုန်တွေက သူမတို့ရဲ့ငွေတွေကို လုယက်ခဲ့ရုံမကပဲ သူတို့က ပိုင်လန်ရဲ့အလှအပကိုလဲမျက်စောင်းထိုးကာ တပ်မက်မောနေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ လိန်ဖန်က တာဝန်တစ်ခုနဲ့သူတို့အနားကိုဖြတ်သန်းသွားရင်း သူမရဲ့မိသားစုဝင်အကုန်လုံးကို ကယ်တင်ခဲ့ပါတယ်. အဲဒီအချိန်ကနေစပြီးတော့ အခုထက်ထိကို ပိုင်လန်ရဲ့နှလုံးသားကခိုးယူခြင်းခံလိုက်ရပြီးတော့ သူမက သူမကိုယ်ခန္တာနဲ့ လိန်ဖန်ကို ပြန်လည်ပေးဆပ်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။
စိတ်မကောင်းစွာနဲ့ပဲ အဲဒီနောက်မှာတော့ ပိုင်လန်ရဲ့မိသားစုကစီးပွားပျက်သွားခဲ့ပြီး သူမတို့မိသားစု ဆင်းရဲသွားခဲ့ပါတယ်.နောက်တော့ အကြွေးရှင်တွေက သူမကိုပျော်တော်ဆက်အိမ်သို့ ရောင်းချခဲ့ပါတယ်. ဒါပေမယ့် သူမကတော့ သူမရဲ့ခန္တာကိုယ် ကို လိန်ဖန်ကို ပေးဆပ်ဖို့ဆိုတဲ့ဆုံးဖြတ်ချက်ကတော့ ကျန်ရှိနေခဲ့တာပဲဖြစ် သည်။
တုဂျင်က ပိုင်လန်ရဲ့ဆန္ဒကိုရှာတွေ့သွားတဲ့အခါမှာတော့ သူက သူမရဲ့အပြုံးကိုမြင်ရဖို့ကို ဒီလိုမျိုးစီစဉ်ခဲ့ပြီး ပြုလုပ်ဖို့ဆုံးဖြတ်ချက်ချခဲ့သည်. အကယ်စင်စစ်တော့ တုဂျင်က တစ်ထောင်မှာတစ်ယောက် ဆိုသလိုလူပင်ဖြစ်သည်. သူ့ရဲ့မိန်းကလေးပျော်ရွှင်ရဖို့ အခြားယောက်ျားတစ်ယောက်ကို ရှာပေးဖို့တောင် လုပ်ဆောင်နိုင်သူဖြစ်ပေသည်. သူ့ရဲ့အရင်ကမိန်းကလေးတွေအားလုံးက သူ့အတွက်အသက်ကိုပင်ပေးဖို့ ဆန္ဒရှိနေတာကိုက အံ့အားသင့်ဖို့မလိုတာပင်ဖြစ်သည်။
ရလဒ်တစ်ခုအနေနဲ့ကတော့ သူမတို့တွေက ဒီအဖြစ်အပျက်ထဲမှာပါဝင်နေခဲ့တာပဲဖြစ်သည်။
"မင်း ဒီဝိုင်ထဲကိုဘာထည့်ခဲ့တာလဲ"
လိန်ဖန်က ဒီစကားတွေကိုပြောပြီးတဲ့နောက်မှာတေ့ လင်ရှန်းရဲ့နှလုံးကရိပ်ခနဲခုန်တက်သွားခဲ့ကာ 'သောက်ရမ်းမိုက်! ငါဒီလိုမျိုး အကြောင်းအရာအဖြစ်အပျက်မျိုးကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး! ဒါကအရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ! ဒါကအရမ်း သည်းထိတ်ရင်ဖိုစရာကောင်းတာပဲ!'
ဒါပေမယ့် အလွန်လျင်မြန်စွာပဲ သူမရဲ့စိတ်လှုပ်ရှားမှုက လျော့ကျသွားပါတယ်. ရုတ်တရက်ပဲ တုဂျင်ရဲ့ အစေခံတစ်စုက သူတို့ဆီကိုရောက်လာခဲ့ပြီးတော့ လိန်ဖန်ကို 'ကျားက သားကောင်ကို ကြည့်သလိုမျိုး' စိုက်ကြည့်နေခဲ့တာပဲဖြစ်လို့ပင် ဖြစ်သည်။
"သူ့ရဲ့ရွေဓားစလွယ်ကို အဝေးကိုယူသွားလိုက်" တုဂျင်က အမိန့်ပေးလိုက်တော့ အစေခံတွေက လိန်ဖန်အနားကိုတိုးကပ်သွားခဲ့သည်။
'ဓားရှည်လား?' လင်ရှန်း ချက်ချင်းပင် သူမရဲ့ကိုယ်ခန္တာတစ်ခုလုံးက တုန်လှုပ်သွားရာမှ တသိမ့်သိမ့်တုန်လာခဲ့သည်. 'ရှင် *တကယ်ကြီးလုပ်တော့မှာလား? ရှင်က မင်းသားတစ်ပါးပဲ ကို ရှင်က ကိုယ်ရံတော်တစ်ယောက်ကို ဒီရွှေဓားစလွယ်လေးအတွက်နဲ့ ဆေးခပ်ခဲ့တာပဲလား? ရှင်လူမှဟုတ်သေးရဲ့လား? ဒီရွှေဓားစလွယ်က ဒီလောက်တောင် အဖိုးထိုက်တန်တာပဲ ဖြစ်ရမယ်,အာ!'
လင်ရှန်းတစ်ယောက် နားလည်မှုလွဲခဲ့တာ ရှင်းသွားပါပြီ။
လိန်ဖန်အတွက်ကတော့ ဒီအချိန်အခိုက်အတန့်လေးမှာပဲ သူ့ရဲ့ခန္တာကိုယ်တစ်ခုလုံးက တဖြည်းဖြည်းနဲ့ ပျော့ပြောင်းလာခဲ့ပါတယ်. သူ့ရဲ့ကိုယ်အတွင်းထဲကနေ စိတ်မရှည်စွာတစ်ခုခုကယားကျိကျိဖြစ်လာနေသလို သူအလွန်ကိုပူလောင်နေပါပြီ. သူက သူ့ရဲ့အတွင်းအားတွေကို အသုံးပြုပြီးတော့ ဖိနှိပ်ထားဖို့လုပ်ခဲ့ပေမယ့်လဲ ခဏရပ်တန့်ထားနိုင်ရုံမျှသာပဲလုပ်ဆောင်ထားနိုင်ပါတယ်။
လိန်ဖန်က သိခဲ့ပါတယ် သူကအရမ်းသတိမမူခဲ့မိဘူးဆိုတာကို။ သူကတုဂျင်ရဲ့ အစေခံတွေကို မျက်နှာမူထားကာ သူ့မျက်လုံးတွေကို အတင်းအကျပ်အာရုံစူးစိုက်ထားပြီး သူ့ရဲ့ခါးနားမှာရှိတဲ့ ဓားရှည်ကိုလဲ တင်းတင်းကျပ်ကျပ်ကိုဆုပ်ကိုင်လို့ထားခဲ့ပါတယ်။
ပုံစံကတော့ သူက သူ့ရဲ့ဓားရှည်ကိုအချိန်မရွေးဆွဲထုတ်တော့မဲ့ပုံပေါက်နေပြီး. သွေးချောင်းစီးတဲ့တိုက်ပွဲက မလွှဲမသွေဖြစ်ခါနီးလေးမှာပဲ ရုတ်တရက် လူတစ်ယောက်က သူ့ရဲ့ရှေ့ကနေကွယ်ရပ်လိုက်ပါတယ်။
"အားလုံးပဲ ရပ်လိုက်ကြစမ်း!!"
လင်ရှန်းရဲ့ ကမ္ဘာတုန်ချီလောက်တဲ့ အော်ဟစ်လိုက်မှုကအခန်းတွင်းမှာရှိတဲ့ လူတိုင်းအား အံအားသင့်သွားစေခဲ့ပါတယ်။ ကြင်ယာတော်မင်းသားက ဒေါသတကြီးနဲ့ လိန်ဖန်ရဲ့ေရှ့မှာ သူတို့ရှေ့မှာပိတ်ရပ်လိုက်တာ သတိထားမိခဲ့လေတော့ သူတို့အားလုံးက ချက်ချင်းဆိုသလို နောက်ပြန်ဆုတ်လိုက်ကြပါတယ်။ သူက အနီးအနားမှာရှိတဲ့ဘယ်သူ့ကိုမဆို အနားကပ်ဖို့ ခွင့်ပြုမထားခဲ့ပါဘူး ။
တုဂျင်ကအနည်းငယ် အံ့အားသင့်စွာကြက်သေ သေသွားခဲ့သည်. ပုံမှန်အားဖြင့် သူကလူတွေကိုအကဲဖြတ်တဲ့နေရာမှာ တော်တဲ့သူတစ်ယောက်ပါ. သူကပထမဦးစွာ ကြင်ယာတော်မင်းသားက မိန်းမဆန်ပြီး လိင်ဖောက်ပြန်တဲ့သူတစ်ယောက်လိုမျိုး အားနည်းတဲ့ပျော့တီးပျော့ဖတ်ဖြစ်နေတဲ့ သူတစ်ယောက်ဖြစ်မယ်လို့ ထင်ခဲ့တာပဲဖြစ်သည်. စုန့်လောင်ကို သူ့ဘေးနားထားချင်ခဲ့တာက သူ့မှာတစ်ခုခုဖြစ်ပျက်လာခဲ့ရင် ပိုပြီးတော့ရွေးချယ်စရာ အခွင့်အလမ်းရှိချင်တာပဲဖြစ်သည်. တုဂျင် မထင်မှတ်ထားခဲ့တာက စုန့်လောင်က သူ့ကိုဆန့်ကျင်ပြီး အတိမ်းအစောင်းမခံတဲ့သူ့ရဲ့အစီစဉ်တွေကိုဖျက်ဆီးဖို့ ကြိုးစားတာပဲဖြစ်သည်. အခုတော့ သူ့မှာခေါင်းခဲနေရပြီဖြစ်သည်။
"အကိုစုန့် ဒီဟသာႅပြဒါးကွေးအိမ်တော်ထဲမှာ မိန်းကလေးတွေအများကြီးရှိပါတယ်. အကိုလိုချင်တယ်ဆိုရင် ကျွန်တော် အကို့ကိုပြုစုပေးဖို့ အနည်းငယ်လောက်စီစဉ်ပေးနိုင်ပါတယ်. ကျေးဇူးပြုပြီးတော့ ကျွန်တော့် အစီအစဉ်တွေကိုတော့ မဖျက်ဆီးပါနဲ့လား"
'ရှင့်ရဲ့မိန်းမတွေနဲ့ ကျွန်မကဘာလုပ်ရမှာတဲ့လဲ? တစ်ယောက်မှအသုံးမဝင်ဘူး။ ကျွန်မလိုချင်တာက ရွှေဓားစလွယ်လေ! ရွှေဓားစလွယ်ပဲ!' လင်ရှန်းရဲ့မျက်နှာတစ်ခုလုံး ဒေါသူပုန်ထနေတာက ပိုပိုပြီးတော့ တိုးတိုးလာတယ်. သူမကခြေတစ်လှမ်းတောင်မရွေ့ဘူး။
တုဂျင်လုံးဝကိုစိတ်ရှုတ်သွားခဲ့ပါပြီ။ သူကအေးစက်စက်ပဲပြောလိုက်တယ်. "အစ်ကိုစုန့် . မင်းကသာ သောက်ဖို့လက်လွှတ်ပြီး ခွက်ချင်းတိုက်ဖို့ငြင်းခဲ့တဲ့သူပဲ"
အဲဒီနောက်သူက သူ့ရဲ့ငယ်သားတွေကိုလက်ဖြင့်အချက်ပြလိုက်တယ်။ "သွားကြစမ်း"
မင်းသားတစ်ပါးနဲ့ ကြင်ယာတော်မင်းသားနှစ်ဦးကြားကို ရွေးချယ်ရမယ်ဆိုရင် လက်အောက်ငယ်သားတွေက ဘယ်သူစကားနားထောင်ရမလဲ ဆိုတာရှင်းရှင်းလင်းလင်းကိုသိခဲ့ပါတယ်. သူတို့ကချက်ချင်းပဲ စုန့်လောင်ကို တားဆီးလိုက်ပါတယ်။
လင်ရှန်းကတော့ စိုးရိမ်ဖွယ်ရာအခြေအနေထဲကို ရောက်သွားပါပြီ။ ဒါပေမယ့် သူမရဲ့ညဏ်ထက်မြက်မှုက ခပ်မြန်မြန်ပဲ အဖြေတစ်ခုကိုတွေးလိုက်ခဲ့ပါတယ်။ သူမကကျယ်လောင်စွာပဲအော်ဟစ်လိုက်တယ်။ "ငါ့အနားကိုလာရဲတဲ့ ဘယ်သူ့ကိုမဆို ငါက မင်းသမီးကို သွားပြောပြရလိမ့်မယ်!"
သူမရဲ့စကားက အခန်းထဲမှာရှိတဲ့လူတိုင်းကို အေးခဲသွားစေပါတယ်။
သူတို့အုပ်စုက ကျားလိုမျိုးရက်စက်ကြမ်းကြုတ်တတ်ကြပေမယ့်လဲ မင်းသမီးကိုယ်တိုင်ကတော့ ကျားထက်တောင် ပိုပြီးအန္တရာယ်ရှိနေခဲ့တာပဲဖြစ်သည်!
မင်းသမီး နဲ့ မင်းသား နှစ်ဦးကြား ရွေးချယ်ရမယ်ဆိုရင်တော့ လူတိုင်းလူတိုင်းက မင်းသမီးကိုသာရွေးရပေလိမ့်မည်. သူတို့ကိုမင်းသားကသာ ထွက်သွားခိုင်းရင်တော့ အခြားအမှီပြုစရာ ဩဇာအာဏာကိုရှာဖို့သာပဲ လိုလိမ့်မည်ဖြစ်သည်။ သို့ပေမယ့် သူတို့က မင်းသမီးကိုသာထွက်သွားခိုင်းခဲ့ရင်တော့ အဲဒါကအင်ပါယာကိုထွက်သွားခိုင်းတာနဲ့ ထပ်တူညီနေ မည်ဖြစ်သည်။
"ကြင်ယာတော်မင်းသား.....သူတို့အားလုံး....ကို..နှင်ထုတ်..ပေးပါ...." လိန်ဖန်က လင်ရှန်းရဲ့နောက်က နေပြောလိုက်တယ်။ သူရဲ့အသံက လုံးဝကိုအားပျော့လို့နေပါပြီ။
လင်ရှန်းကခေါင်းငြိမ့်လိုက်ပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်တယ်။ " ငါ တစ်ကနေ တစ်ဆယ်အထိရေမယ်. မင်းတို့အားလုံးအခန်းထဲကနေ ထွက်သွားကြစမ်း! ငါ တစ်ဆယ်အထိ ရေပြီးတာတောင် တစ်ယောက်ယောက်က ဒီနေရာမှာကျန်ရှိနေရင်တော့ မင်းသမီးက မင်းကိုနန်းတော်ထဲကို ခေါ်သွင်းသွားလိမ့်မယ်။ အမျိုးသမီးဆိုရင်တော့ အစေခံအဖြစ်ကျရောက်ပြီးတော့ အမျိုးသားတွေကတော့ သူတို့ရဲ့ဒုတ်ချောင်းတွေကို ဖြတ်ထုတ်ပြီး မိန်းမစိုးတွေဖြစ်လိမ့်မယ်! တစ် ..နှစ်.. သုံး........ခုနစ်..ရှစ်..ကိုး..တစ်ဆယ်!"
ချက်ချင်းကိုပဲ အခန်းထဲမှာရှိတဲ့လူတိုင်းက ကျေးငှက်တိရစ္ဆာန်တွေလို ဝရုန်းသုန်းကား ပြေးထွက်သွားကြတော့သည်။ လက်အောက်ငယ်သားတွေ အားလုံးက သူတို့ရဲ့ဘောင်းဘီဂွကြားအား လက်ဖြင့်အုပ်၍ အသည်းအသန်ထွက်ပြေးသွားကြတော့သည်။ ချိုမြိန်နှစ်လိုဖွယ်ကောင်းတဲ့ ပိုင်လန်တောင်မှ ခြေဖျားထောက်ကာ ဖျတ်လတ်စွာ ထွက်ပြေးသွားတော့သည်။
အဆုံးသတ်မှာတော့ လင်ရှန်းနဲ့ လိန်ဖန်ဘေးမှာတော့ တုဂျင်တစ်ယောက်သာလျှင် အခန်းထဲတွင်ကျန်ရှိနေပါတော့တယ်။ သူကအံ့အားသင့်စွာနဲ့ လင်ရှန်းကိုကြည့်လိုက်ပြီး ငိုရမလား ရယ်ရမလားတောင် သူမသိတော့ပါဘူး။
"ကြင်ယာတော်မင်းသား.... တကယ်တော့....."
"ထွက်သွားစမ်း! အခုပဲ! *ပဲ! မင်းကငါ့ဆီကနေ ရွှေဓားစလွယ်ကိုခိုးချင်တာလား? မင်းမှာအခွင့်ရေး မရှိဘူး! မင်းက မင်းသား(၃)ဖြစ်ဖြစ် (၁၃) ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး!"
တုဂျင် သူ့ခေါင်းကိုခါရမ်းလိုက်ပြီး နောက်ဆုံးပြောချင်တဲ့" ကျွန်တော် လိန်ဖန်ကို ကာမအားတိုးဆေး ခပ်ထားတာ" ဆိုတဲ့စကားကိုပြန်မြိုချလိုက်ကာ "အစ်ကို့ အတွက် ကံကောင်းပါစေ" လို့ သူကလင်ရှန်းအတွက် ဆုတောင်းပေးလိုက်ကာကြည့်လိုက်ပြီးတော့ တံခါးကိုပိတ်သွားခဲ့သည်။
ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုတွေးပြီးတဲ့နောက်မှာတော့ တုဂျင် အရမ်းစိတ်တိုသွားခဲ့ပြီး တံခါးတွေကိုသော့ခတ်ထားခဲ့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဆုံးသတ်မှာတော့ သူက မင်းသားတစ်ယောက်ဖြစ်ခဲ့ပြီးတော့ ကြင်ယာတော်မင်းသားဆီမှာ အကြောခံလိုက်ရတာပဲဖြစ်သည်။ သူမှာမျက်နှာထားစရာကို မရှိတော့ပါဘူး! တံခါးတွေကိုသော့ခတ်ပြီးတဲ့နောက်မှာ သူ့ကိုယ်သူ အနိုင်ရသလိုခံစားရပြီး အခြားမိန်းကလေးတစ်ယောက်ကို ရှာဖို့အလောတကြီးထွက်သွားတော့သည်။
အခုတော့ လင်ရှန်းကသာ လိန်ဖန်နဲ့တစ်ဦးတည်းသောကျန်ရှိသူပင်ဖြစ်ပေသည်။ သူမက ရွှေဓားစလွယ်အတွက် ရပ်တည်ကာကွယ်ဖို့အတွက် အရမ်းကိုပဲ ရဲရဲဝံ့ဝံ့ရှိနေသလိုခံစားရသည်။
'လိန်ဖန်က သူ့ကိုရွှေဓားစလွယ်မပေးနိုင်တာတောင် အနည်းဆုံးတော့ သူမကို ကိုင်ခွင့်လေးတော့ပေးမှာပါ မှန်တယ်မဟုတ်လား'
ထို့ကြောင့်ပင် သူမကအလိုကြီးစွာပြုံးလိုက်ပြီး နောက်ကိုလှည့်လိုက်ပါတယ်။ သူမက
သူမဆုလာဒ်ကို ရယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီနောက်မှာတော့ သူမရဲ့မျက်နှာကကြက်သေ သေသွားခဲ့သည်။
'အာ......လိန်ဖန်ရဲ့မျက်နှာက သိပ်မှန်ပုံမရတော့ အဆုံးစွန်ထိတောင်ရောက်နေပုံပဲ... သူ့မျက်နှာက ဘာလို့ဒီလောက်တောင်နီရဲတွတ်နေတာလဲ။ ဟေ့ ဟေး ဟေး! ဘာလို့ဒီလောက်ငါနဲ့နီးနီးကပ်ကပ်ကြီး ရပ်နေတာလဲ။'
အဲဒီအချိန်အခိုက်တန့်မှာပဲ သူမတစ်ခုခုကို နားလည်သဘောပေါက်လိုက်တယ်။
'အာ့! တုဂျင်! ရှင်ကတကယ့်ကို အကျင့်မကောင်းတဲ့ကောင်ပဲ! ရှင်က သူ့ဆီကရွှေဓားစလွယ်ခိုး ဖို့အတွက်နဲ့ကာမအားတိုးဆေးတောင်ခတ်ထားခဲ့တာလား။ ငါ......ငါထွက်ပြေးတာပဲပိုကောင်းမယ်!'
လင်ရှန်းလှည့်ထွက်လိုက်ပြီး တံခါးပေါက်ဆီကို ပြေးလိုက်တယ်. ဒါပေမယ့် သူမတံခါးဖွင့်ဖို့ ကြိုးစားတဲ့ အချိန်မှာတော့ တံခါးကအပြင်ကနေသော့ခတ်ထားခဲ့ဆိုတာသိလိုက်ရတယ်။
အဲဒီအချိန်အခိုက်တန့်မှာတော့ လင်ရှန်းတစ်ယောက် ဆန္ဒတစ်ခုသာလျင် ရှိတော့ပါတယ်- 'ငါ့ရဲ့ဖြူစင်မှုလေး..... နင် အောင်ကိုအောင်နိုင်ရမယ်!'
*********
End