အပိုင်း(၉)
တံခါးမပေါက်ကတင်းတင်းကျပ်ကျပ်ကိုပဲပိတ်လို့နေခဲ့ပါတယ်. လင်ရှန်းကမင်းသမီးနာမည်သုံးပြီး လူအားလုံးကို ဆိုးဆိုးဝါးဝါးကိုပဲ ခြိမ်းခြောက်ထားခဲ့လေတော့ ဘယ်သူကမှအနားကပ်မလာရဲတာပဲဖြစ်သည်. ရလဒ်အနေနဲ့ကတော့ လင်ရှန်းအပြင်းအထန်ကို တံခါးကိုထုရိုက်နေခဲ့ကာမူ မည်သူတစ်ဦးတစ်ယောက်ကမှ အသံကိုမကြားခဲ့တာပဲဖြစ်သည်။
အဲဒီအချိန်အခိုက်အတန့်မှာပဲ လိန်ဖန်က တရွေ့ရွေ့နဲ့နီးကပ်လာခဲ့ပါတယ်။ လင်ရှန်းက ကျားတစ်ယောက်ရဲ့အနံ့အသက်ကို သူ့ရဲ့ကိုယ်ခန္တာထံကနေ ရနေပါပြီ. သူမ အလိုအလျောက်ကို သူမရဲကျောရိုးတစ်လျောက်ကနေပြီးကြက်သီးတဖြန်းဖြန်းထလာခဲ့ပါတယ်။
လက်တစ်ဖက်က သူမရဲ့ပုခုံးပေါ်ကိုကျရောက်လာခဲ့ပါတယ်။
ချက်ချင်းပင် လင်ရှန်းတစ်ယောက် မီးမြိုက်ခံရတော့မလို ခုန်ထွက်လိုက်ပါတယ်။
" အရမ်းမဆင်မခြင်မလုပ်ပါနဲ့! ငါကယောက်ျားတစ်ယောက်ပါ! ယောက်ျားတစ်ယောက်! သေသေချာချာကြည့်စမ်းပါ! ဒါအမှန်ပဲ! မင်းဒီမှာတွေ့လား? ငါ့မှာရင်သားတစ်ခုတောင်မရှိဘူး!" လင်ရှန်းတစ်ဘက်လှည့်ပြီး အလွန်ကျယ်လောင်စွာနဲ့ သူမရဲ့ရင်ဘတ်ကို ပုတ်ရိုက်လိုက်ပြီးပြောလိုက်တယ်။
'ဒီမှာ? တစ်ခုခုပြောပါဦးလား! ကျွန်မကိုယ်ကျွန်မ ထုနှက်နေရတာ ရှင် ကျွန်မကိုမထိခင်ကို ကျွန်မရဲ့အတွင်းကလီစာတွေတောင်သွေးစီမ်းရှင်ရှင်ထွက်ကျလာတော့မယ်။'
လိန်ဖန်ဆီက လှုပ်ရှားမှုတစ်ခုလေတောင်မကြားရလေတော့ လင်ရှန်းတစ်ယောက် အတင်းအကြပ်ဖိမှိတ်ထားတဲ့ သူမရဲ့မျက်လုံးတွေကို တိတ်တိတ်လေးဖွင့်လိုက်ပြီး လိန်ဖန်ကိုကြည့်လိုက်တယ်. သူ့ရဲ့လက်ရှိစိတ်အခြေအနေက ဘာဖြစ်နေလဲဆိုတာ ပြောရခက်ပါတယ်. သူ့ကိုကြည့်ရတာ အားနည်းပြီးတော့ ကူရာမဲ့နေသလိုပါပဲ.. အဲဒါက သူ့ကို ရှုးသွတ်နေတဲ့ ပုံပေါက်ပေမယ့်လဲ အခုထက်ထိတော့ သူ့ကိုကြည့်ရတာအနည်အကျဉ်းတော့ စိတ်ချုပ်တည်းနိုင်ပုံရပါတယ်။
"ကြင်ယာတော်မင်းသား.... ခင်ဗျား......စိုးရိမ်ဖို့မလိုပါဘူး ....." ဆေးတွေကြောင့် လိန်ဖန်အတွက် စကားပြောဖို့ကိုတောင် ခက်ခက်ခဲခဲအားယူနေရပါတယ်. သူ့ရဲ့ကိုယ်တွင်းခံနိုင်ရည်အားတွေက ကျဆင်းလာပေမယ့်လည်း သူက သူ့ကိုယ်သူအခြေနေတစ်ခုအထိတော့ ပြန်ရပ်တည်နိုင်ဖို့တော့ စွမ်းဆောင်နိုင်ပါသေးတယ်။
"မင်းက ဒီလိုမျိုးကြီးလုပ်နေတာလေ . ငါကဘယ်လိုလုပ် မစိုးရိမ်ဘဲ နေလို့ရမှာလဲ?" လင်ရှန်း စိုးရိမ်တကြီးနဲ့သူမရဲ့ အင်္ကျီကော်လံကိုအပေါ်ကိုဆွဲတင်လိုက်တယ်။
လိန်ဖန်ရဲ့ပါးစပ်ကတွန့်ကွေးသွားခဲ့ကာ "ကြင်ယာတော်မင်းသား.. ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့ ....ကျွန်တော့ရဲ့စွမ်းဆောင်ရည်အရဆိုရင် ကျွန်တော့်ကို ကျွန်တော် ပြန်ထိန်းသိမ်းနိုင်ပါသေးတယ်"
"တကယ်လား?" လင်ရှန်း သူ့ရဲ့မျက်နှာအနေအထားကိုကြည့်လိုက်တယ်။ 'သူ့ကြည့်ရတာတော့ လိမ်နေတဲ့ပုံတော့ မပေါက်ပါဘူး' ထို့ကြောင့်ပင် သူမချက်ချင်းပင် စိတ်သက်သာရာရသွားကာ လိန်ဖန်ရဲ့ရင်ဘတ်ကိုအသာပုတ်လိုက်ပြီး "အာ့ရား. မင်း ငါ့ကိုဘာလို့စောစော မပြောပြရတာလဲ? ငါကအလကားစိတ်ပူနေရသလိုဖြစ်နေပြီ!" ဟမ်း? အိုး....တော်တော်လေးနေသာထိုင်သာရှိသွားသလိုပဲ! -_-
"ကျုပ်ကိုလာမထိနဲ့!" လိန်ဖန်ရဲ့ အမူအရာကပြောင်းလဲသွားခဲ့ကာ သတိပေးမှုအပြည့်ဖြစ်သွားခဲ့ပါတယ်။
လင်ရှန်း သူမ ထိနေတဲ့လက်တောင် ကျဉ်ခနဲဖြစ်သွားခဲ့ကာ လျင်မြန်စွာပဲလက်ကိုပြန်ရုတ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာနဲ့ကြည့်လိုက်ကာ-
"....မင်းပဲ မင်းကိုမင်းပြန်ထိန်းသိမ်းနိုင်တယ်လို့ ငါ့ကို ပြောခဲ့တာမဟုတ်ဘူးလား?"
အဲဒီအချိန်အခိုက်အတန့်မှာတော့ လိန်ဖန်ထံမှာ သူ့ရဲ့ကိုယ်တွင်းအစိတ်အပိုင်းအားလုံးက အတွင်းထဲကနေပြီးတော့ တရိပ်ရိပ်နဲ့အရှိန်တက်နေတဲ့ခံစားမှုတစ်ခုဖြစ်တည်လာနေပါတယ်. အဲဒါကတော့ ကြင်ယာတော်မင်းသားက သူ့ကိုထိတွေ့လိုက်တဲ့ နေရာလေးကနေစတင်ပြီးတော့ မီးလိုမျိုးပူလောင်လာနေတာပဲဖြစ်တယ်. အဲဒါက အချိန်မရွေးပေါက်ကွဲတော့မလိုမျိုးဖြစ်နေပါတယ်. သူ့ရဲ့အမြင်အာရုံတွေကလဲ စတင်ပြီးတော့မှုန်ဝါးလာနေပြီး သူ့ရဲ့ရှေ့ကလူကိုယ်စား ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်အဖြစ်တောင် ထင်ယောင်ထင်မှားဖြစ်လို့လာနေပါတယ်... သူမဆီကနေ မိန်းမဆန်တဲ့အငွေ့အသက်တွေက ထွက်ရှိလာပြီးတော့ သူ့ကိုယ်သူမထိန်းနိုင်တော့ပဲ ထင်ရှားရှားမြင်ရစေဖို့ တစ်လက်မချင်းအနီးကပ်ကြည့်ချင်တဲ့စိတ်တွေက ဖြစ်ပေါ်လာလို့နေပါတယ်။
အစောပိုင်းလေးကပဲ သူမကိုယ်သူမ လုံခြုံပြီလို့ လင်ရှန်းကထင်ထားခဲ့ပေမယ့် လိန်ဖန် သူမအနားကို တဖြည်းဖြည်းနဲ့နီးကပ်ထက်နီးကပ်လာတာကိုတွေ့ရတော့ သူမစိတ်တွေခြောက်ခြားလာပါတော့တယ်. သူ့ရဲ့နှာခေါင်းထိပ်ဖျားက သူမမျက်နှာနဲ့တောင်ကပ်လုနီးပါးဖြစ်လို့နေပါပြီ။ သူမ တတ်နိုင်သမျှ ဝေးသွားအောင်နောက်ကိုဆုတ်လို့နေပါတယ်။ မကြာခင်မှာပဲ သူမရဲ့ နောက်ကျောက တံခါးပေါက်နဲ့ကျောကပ်လျက်ဖြစ်သွားတော့မှာပါ။
လိန်ဖန်ကတော့ တရွေ့ရွေ့နဲ့တစ်လက်မချင်းစီ သူမနဲ့နီးကပ်လို့လာနေပါပြီ. သူ့ရဲ့နှုတ်ခမ်းတွေက ခြောက်သွေ့နေပြီး သူမရဲ့မျက်နှာပေါ်ကိုကျရောက်လာတဲ့သူ့ရဲ့ပူလောင်တဲ့လေဝင်လေထွက် အသက်ရှူငွေ့တွေကို လင်ရှန်းခံစားနေရပါပြီ. လေထဲမှာလဲ အန္တရာယ်ရှိနေတဲ့အငွေ့အသက်တွေစွဲထင်ရှိနေတာက လင်ရှန်းကို အေးစက်တဲ့ချွေးအေးတွေတောင် တတောက်တောက်ကျစေပါတယ်။
'အကိုကြီးရယ်.. ကျွန်မက ရှင့်ရဲ့ရွှေစလွယ်ကိုလိုချင်နေရုံလေးပါပဲ. ရှင့်အတွက် ကျွန်မကိုယ်ကျွန်မတော့ ပြန်ပေးဆပ်ဖို့တော့ မလိုဘူးမဟုတ်လား.! ကျွန်မက ရှင့်ရဲ့ရွှေဓားစလွယ်ကို မယူတော့ဘူးဆိုရင်ရော ဘယ်လိုလဲ'
လင်ရှန်းတစ်ယောက် အရမ်းကြောက်ရွံ့နေရလို့ သူမငိုတောင်ငိုချင်လာပါပြီ. လိန်ဖန်က မျက်နှာဖုံးတပ်ထားတာကလွဲရင် အတော်ကိုထိတွေ့ချင်စရာကောင်းတဲ့သူတစ်ယောက်ပါ. 'ဘာအကြောင်းရှိလို့တပ်ထားလဲဆိုတာ ဘယ်သူကသိမှာလဲ? ဖြစ်နိုင်တာကသူ့မျက်နှာက အက်စစ်နဲ့အပက်ခံထားရလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့များလား. အဲလိုများဖြစ်နေခဲ့ရင် သူမမှာ ရုပ်ဆိုးကြီးနဲ့ပတ်သတ်မိသလိုမျိုး ဖြစ်နေမှာ မဟုတ်ဘူးလား?' လင်ရှန်း စိတ်ထဲမှာတော့ ငိုကြွေးနေကာ သူမ လွတ်မြောက်ရာလမ်းရဖို့အတွက်တံခါးပေါက်ကိုပဲ အသည်းအသန်ထုနှက်လို့ နေပါတော့တယ်။
တစ်ချိန်တည်းမှာပဲ လိန်ဖန်ရဲ့အတွင်းစိတ်ထဲမှာလဲ သူ့အသိစိတ်တွေက အမှောင်ဖုံးနေတဲ့စိတ်ကို အကျိတ်အနယ်ကိုတိုက်ခိုက်နေရပါတယ်. အချိန်အနည်းငယ်လောက် သူ့စိတ်တွေထိန်းချုပ်မှုလွတ်သွားခဲ့ပြီးနောက်မှာတော့ အခုခါမှာတော့ သူ့ရဲ့အသိစိတ်က သူ့ရဲ့အမှောင်စိတ်တွေကို အတော်ကလေးဖြတ်တောက်လိုက်နိုင်သွားခဲ့ပါပြီ. သူက စုန့်လောင်နဲ့ တော်တော်လေးကိုနီးနီးကပ်ကပ်ကြီး ရှိနေခဲ့တယ်ဆိုတာ နားလည်လိုက်ပြီးတော့ နည်းနည်းမကောင်းတဲ့အရာတစ်ခုခုဖြစ်တော့မလိုလဲ ခံစားနေရပါတယ်. လိန်ဖန် သူ့ပါးစပ်ကို အားတင်းဖွင့်လိုက်ပြီး -" ကျွန်တော်...အား..!" စူးစူးဝါးဝါးအော်သံထွက်လာခဲ့ပြီးနောက်မှာတော့ ဒဏ္ဍာရီထဲကရွှေဓားစလွယ်ပိုင်ရှင်တစ်ယောက်ဖြစ်သော၊ တော်ဝင်ကိုယ်ရံတော်တစ်ယောက်ဖြစ်သော လိန်ဖန်ကတော့ ကြမ်းပြင်ပေါ်ကိုမျက်နှာမှောက်လျက်ကျကာ လဲပြိုလို့ကျသွားခဲ့ပါပြီ။
လင်ရှန်းက အခန်းအတွင်းထဲကနေတံခါးပိတ်ဖို့အတွက်သုံးတဲ့သစ်သားမင်းတုပ်တစ်ခုကိုသုံးပြီးတော့ လိန်ဖန်ကို ရိုက်ချလိုက်လို့ပဲဖြစ်ပါတယ်. သူမက သက်သာရာရသွားတဲ့ သက်ပြင်းရှည်တစ်ခုဟင်းခနဲချလိုက်ပါတယ်. 'အမေရေ.. ဒါကအတော်လေးအန္တရာယ်များတာပဲ!'
လိန်ဖန်ကိုမြေပြင်နဲ့ရင်ဆိုင်လျက်ဆန့်ဆန့်ကြီးလဲကျနေတဲ့အနေအထားကိုမြင်နေရတာက သက်တောင့်သက်သာရှိနေသလိုပါပဲ။ လင်ရှန်း ချက်ချင်းပဲစိတ်ရှုပ်သွားခဲ့ပါတယ်. 'ရို့....သူကတော်ဝင်ကိုယ်ရံတော်ခေါင်းဆောင်တစ်ယောက်ပဲ မဟုတ်ဘူးလား? ဘာလို့တစ်ချက်တည်းနဲ့ကို လဲကျသွားနိုင်ရတာလဲ' ဟေး.....အနည်းဆုံးတော့ နည်းနည်းလေးတော့လှုပ်ပါဦးလား. ကျွန်မ ရှင်အသက်ရှိသေးတယ်ဆိုတာသိရအောင်လို့ပါ!'
လင်ရှန်းတုန်တုန်ယင်ယင်နဲ့ လိန်ဖန်ကို သူမရဲ့လက်နဲ့အသာတို့ကြည့်လိုက်ပါတယ်။
'အိုး....မဟုတ်သေးဘူး! သွားပြီနဲ့တူတယ်! သူ သေများသွားပြီလား?' လင်ရှန်းတစ်ယောက်ထိတ်လန့်တကြားနဲ့ ခါးကုန်းပြီး လိန်ဖန် အသက်ရှူမရှူကိုစစ်ကြည့်လိုက်တယ်. 'ဝှူး...တော်ပါသေးရဲ့ သူအသက်ရှိသေးတယ်.' သူက သတိမေ့သွားခဲ့တာပဲ ဖြစ်သည်။
အဲဒီနောက် လင်ရှန်း ရဲ့မျက်လုံးတွေက တဖြည်းဖြည်းနိမ့်ဆင်းသွားပြီး သူမမျက်လုံးတွေ တောက်ပလာခဲ့သည်. 'ရွှေဓားစလွယ်လေးပဲ?! ဘယ်လောက်တောင်ကောင်းလိုက်တဲ့အခွင့် အရေးကြီးလဲ!'
မကောင်းတဲ့အတွေးတွေက လင်ရှန်းစိတ်ထဲမှာတဖြည်းဖြည်းနဲ့စတင်ဖြစ်ပေါ်လာခဲ့ပါတယ်. သူမက သတိလစ်နေတဲ့လိန်ဖန်ကို ကြည့်လိုက် နဲ့ ရွှေဓားစလွယ်ကိုကြည့်လိုက်လုပ်နေပါတယ်. သူမရဲ့စိတ်က အပြင်းအထန်ကို စီးချင်ထိုးပြီးတိုက်ပွဲဆင်နေခဲ့ပါတယ်. အဆုံးသတ်မှာတော့ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ ပျောက်ဆုံးသွားခဲ့ပါပြီ။
'အစ်ကိုကြီး...ကျွန်မက မကောင်းတဲ့လူတွေဆီကနေ ရှင့်ရဲ့ဓားစလွယ်ကိုကယ်ပေးထားခဲ့တာလေ. ကျွန်မကရှင့်ကို သတိလစ်အောင်ရိုက်ခဲ့ပေမယ့်လဲ ကျွန်မတို့ အဲဒါကိုကျေသွားပြီလို့ထားလို့ရတယ် ဟုတ်တယ်မဟုတ်လား။ ကျွန်မကို ရှင့်ရဲ့ရွှေဓားစလွယ်လေးကိုပဲ ထိခွင့်လေးပဲပေးပါလား......' အဲလိုမျိုးသူမတွေးပြီးတဲ့နောက် လင်ရှန်း နတ်ဆိုးဆန်စွာနဲ့ပဲ သူမရဲ့လက်က ဓားရှည်ကိုထိတွေ့ကြည့်ဖို့ ရောက်သွားပြီး သူမရဲ့စိတ်ထဲမှာတော့ အချိန်တွေကမရပ်မနားဘဲ နေ့တွေညတွေဖြစ်တည်နေပါပြီ။
'ဟမ်.. ဘယ်လိုလုပ်ပြီး ရွေ့လို့တောင်မရတာလဲ' လင်ရှန်း အနီးကပ်တိုးကြည့်လိုက်တယ်. သူမနားလည်လိုက်ပါပြီ. သတိလစ်နေတဲ့ အနေထားဖြစ်နေတောင်မှ လိန်ဖန်ရဲ့မသိစိတ်က ဓားရှည်ကို သေလုအောင်ပဲ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့လို့ပါ။ သူမ လုံးဝကို ဆွဲထုတ်လို့မရနိုင်ခဲ့ပါဘူး။
'ရှင် ကျွန်မကိုလာနောက်နေတာလား? ဒါကဓားရှည်လေးတစ်ချောင်းပဲလေ ဘာလို့ အဲလိုလုပ်ထားနိုင်ရတာလဲ' လင်ရှန်းစိတ်ဓာတ်တွေ ကျသွားခဲ့ပါပြီ။ ထပ်တလဲလဲကျရှုံးပြီးတဲ့နောက်မှာတော့ သူမအရှုံးပေးလိုက်ရပါပြီ။ 'ကောင်းပြီ! ငါ နင့်ကို ပိုင်ဆိုင်ရအဦးမှာပါ!' လင်ရှန်းအမောဆို့သွားပြီး အသက်ပြင်းစွာရှူရှိုက်နေရပါတယ်. သူမခြေကုန်လက်ပန်းကျစွာဖင်ထိုင်ချလိုက်ပြီး လိန်ဖန်ကို စိတ်တိုစွာနဲ့စူးစူးဝါးဝါး စိုက်ကြည့်နေလိုက်တယ်။
'ရှင့်ရဲ့ ရွှေဓားက ဘယ်လောက်တောင်အဖိုးထိုက်တန်နေလို့လဲ? တတိယမင်းသားကတောင်မှ လိုချင်နေသေးတယ်. ပြီးတော့ရှင်က အဲ့ဒါကို တင်းတင်းကျပ်ကျပ်ကြီးဖိဆုပ်ကိုင်ထားနေလိုက်သေးတယ်. အဲဒါက အရမ်းရှေးကျတဲ့ ရှေးဟောင်းပစ္စည်းများဖြစ်နေမလား' လင်ရှန်းစိတ်ထဲမှာ တွေးနေခဲ့ပါတယ်. သူမပိုပြီးယူဆနေလေလေ ပိုပြီး သည်းမခံနိုင်ပဲခံရခက်လေလေဖြစ်နေပါတယ်. သူမက သူမရဲခြေထောက်နဲ့လိန်ဖန်ကို ကန်ကျောက်လိုက်ပါတယ်. လိန်ဖန်က လုံးဝမလှုပ်နိုင်ခဲ့လေတော့ သူမကလဲ အကြိမ်ရေတော်တော်များများတောင် ကန်ကျောက်လိုက်တော့သည်. အဲဒီနောက် လိန်ဖန်ကစတင်ပြီးလှုပ်သလိုလိုဖြစ်လာခဲ့ပါတယ်။
'အိုး..ဘုရားရေ! ကျွန်မက ရှင်သတိလစ်နေတယ်ထင်ထားတာ' လင်ရှန်း ထပ်မံတုန်လှုပ်ခြောက်ခြားသွားပြီးတော့ လျင်မြန်စွာနဲ့လိန်ဖန်နဲ့ဝေးရာထောင့်တစ်ခုကို ထွက်ပြေးသွားလိုက်တယ်. သူမ ထိတ်လန့်ကြောက်ရွံ့စွာ နဲ့ လိန်ဖန်ကို ကြည့်လိုက်သည်။
လိန်ဖန်က အနည်းငယ်မျှပဲလှုပ်ရှားလာခဲ့သည်. ဒါပေမယ့် သူ့ဆီကနေ နောက်ထပ်လှုပ်ရှားမှုတစ်ခုမှ ထပ်မရှိတော့ပါဘူး. သူက မလှုပ်မယှက်ငြိမ်သက်နေခဲ့ပါတယ်။
လင်ရှန်း ခပ်ဝေးဝေးကနေပြီးတော့ လိန်ဖန်ရဲ့ ခေါင်းကနေခြေဖျားအထိကို လေ့လာဆန်းစစ်ပြီး ကြည့်နေလိုက်သည်။
'ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ ဒီအမျိုးသားရဲ့ခန္တာကိုယ်က လုံးဝကိုထိပ်တန်းအဆင့်မှာရှိတာပဲ. သူ့ရဲ့ ခါးကိုကြည့်ပါအုံး... အဲဒီခြေထောက်တွေ၊လက်မောင်းတွေကရောပဲ..... မျက်နှာလေးတစ်ခုပဲသနားဖို့ကောင်းတာ.....သူက ဘာဖြစ်လို့မျက်နှာဖုံးတပ်ထားရတာပါလိမ့်? အဲဒါက သူ ဇာတ်ပွဲထဲကရလာတဲ့ပုံစံမျိုးပဲ..သူကသေချာပေါက်ကိုသူ့ရဲ့မျက်နှာကနေ သူ့ကိုဖျက်ဆီးပစ်နေတာပဲ. သနားဖို့ကောင်းလိုက်တာ........'
'ဟမ်? မျက်နှာဖုံး.....အဲဒါက တော်တော် အဖိုးတန်တဲ့ပုံပဲ မှန်တယ်မဟုတ်လား'
ငါတို့ရဲ့ အဓိကဇာတ်လိုက် လင်ရှန်းကတော့ ကျိန်းသေပေါက်ကိုပဲ ငွေရှာတဲ့နေရာမှာတော်တဲ့ မျက်လုံးတစ်စုံကို ရှိနေတာပဲဖြစ်သည်။ ဖြစ်ပျက်နေတဲ့အခြေနေကိုထည့်မစဉ်းစားပဲနဲ့ သူမက အမြဲတမ်း ငွေနဲ့ပတ်သတ်လာတယ်ဆိုရင် နောက်ပြန်လှည့်ပြီးတော့တောင် နည်းလမ်းရှာနိုင်သူတစ်ယောက်ဖြစ်သည်။ သူမကို "ငွေကိုတမ်းတမ်းစွဲရှုးနှမ်းနေတဲ့သူ" ဒီလိုမျိုးခေါ်တဲ့လူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည်။
လင်ရှန်းတစ်ယောက်အရဲစွန့်ပြီး လိန်ဖန်ထံလျောက်လာခဲ့ကာ သူ့ထံကို နောက်တစ်ခါထပ်ပြီးတော့ ဂရုစိုက်စွာနဲ့ကုန်းကုန်းကွကွတွားသွား၍ သွားခဲ့သည်. သူမရဲ့ နတ်ဆိုးဆန်တဲ့လက်တွေကတော့ လိန်ဖန်ရဲ့မျက်နှာတစ်ဝက်ကိုဖုံးထားတဲ့ ငွေမျက်နှာဖုံးကို ထိတွေ့လိုက်သည်။
လက်ရှိမှာတော့ လိန်ဖန်ကမလှုပ်မယှက်ဘဲငြိမ်သက်စွာရှိနေတော့ လင်ရှန်းက လွယ်လွယ်ကူကူနဲ့ပဲ မျက်နှာဖုံးကို ချွတ်လိုက်နိုင်ပါတယ်. သူမမျက်နှာဖုံးကိုတွေးဖို့တောင်အာရုံမစိုက်နိုင်တော့ပါဘူး ဘာကြောင့်ဆိုတော့ မျက်နှာဖုံးအောက်မှာရှိတဲ့လူရဲ့မျက်နှာက သူမရဲ့မဂႅလာဆောင်ညတုန်းက သူမဝင်တိုက်မိတဲ့သူဖြစ်နေခဲ့လို့ပါပဲ!
လင်ရှန်းချက်ချင်းပဲ စိတ်ထိခိုက်သွားပါတယ်. 'ရှင် ကျွန်မကို လာနောက်နေတာလား! ရှင် ဒီလောက်ကြည့်ကောင်းနေရင် ဘာလို့မျက်နှာဖုံးကြီးတပ်ထားနေရတာလဲ။ ရှင်မှန်းသာ ကျွန်မသိခဲ့ရင် ကျွန်မ ရှင်သွားမယ့်လမ်းကို သွားခွင့်ပေးမှာပေါ့! ရှင် လိုချင်တာမှန်သမျှလဲ ရှင်လုပ်လို့ရဦးမှာ! ရှင် ကျွန်မကို ထိပါးစော်ကားချင်ရင်တောင်မှ ကျွန်မကခွင့်ပြုပေးဦးမှာပါ! အိုး...သူရဲကောင်းကြီးရယ်..ဒီပန်းပွင့်လေးကို နားလည်မှုမလွဲပါနဲ့လား.... ကျွန်မကအရမ်းကိုပဲတောင့်ခံနိုင်ပါတယ်!'
*********
End