Chapter 10
Viewers 11k

အပိုင်း(၁၀)


နောက်တစ်နေ့မနက် လိန်ဖန်နိုးလာခဲ့တဲ့အချိန်မှာတော့ ဆေးရဲ့အာနိသင်တွေ လွင့်ပြယ်သွားခဲ့ပါပြီ။ သူ့ရဲ့ခေါင်းက နဲနဲတော့မူးဝေနောက်ကျိလို့နေခဲ့ပြီး သူ့ရဲ့ရင်ဘတ်ပေါ်ကနေ အနည်းငယ်လေးလံနေသလို ခံစားရနေပါတယ်. သူ့မျက်လုံးကို ဖွင့်လိုက်တော့ ကြင်ယာတော်မင်းသားကို သူ့ရင်ဘတ်ပေါ်မှာရှိနေတာကို တွေ့လိုက်ရသည်. သူက သွားရည်တွေကျပြီးတော့တောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့နေပါတယ်။


လိန်ဖန်မျက်မှောင်ကြုတ်သွားပြီး သူ့ကိုယ်ပေါ်ကနေတွန်းထုတ်ချင်သွားတယ်. ဒါပေမယ့် သူမတွန်းထုတ်နိုင်ခင်မှာပဲ စုန့်လောင်ကကြောင်ပေါက်စလေးတစ်ကောင်လို သူ့နှုတ်ခမ်းသူသတ်ပြီး လိန်ဖန်ရဲ့ရင်ဘတ်ကိုပွတ်တိုက်လိုက်ကာ ဆက်လက်အိပ်ပျော်နေပါတယ်။


ကြင်ယာတော်မင်းသားပြုမူနေတဲ့ပုံက မိန်းကလေးတစ်ယောက်နဲ့မခြားနားခဲ့ပါဘူး။ လိန်ဖန်ရဲ့ လက်တွေက လေထဲမှာရပ်တန့်သွားပြီး မနေ့ညက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဝိုးတိုးဝါးတားမှတ်မိလိုက်တယ်. သူအသိစိတ်မဲ့ လုနီးပါးဖြစ်သွားခဲ့ပြီး အလွန်ကြီးတဲ့အပြစ်တစ်ခုကို ကျူးလွန်မိသွားခဲ့တာကိုပေါ့။ ချက်ချင်းပင် သူ့ရဲ့ပါးပြင်တွေက မီးလိုပူလောင်လာခဲ့သည်။


တော်ဝင်ကိုယ်ရံတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်နဲ့လိင်ပိုင်းအရ ထိတွေ့မှုမရှိခဲ့ဘူးတာပဲဖြစ်သည်။


ကောလဟာလတွေက သူကယောက်ျားကောင်းတစ်ယောက်ဖြစ်တာတောင် သူ့မှာတဏှာစိတ်မရှိဘူးလို့ တောင် ပျံ့နှံ့နေတာပဲဖြစ်သည်. ဒါပေမယ့် အမှန်တကယ်ကတော့ သူ့မှာချစ်ရေးချစ်ရာနဲ့ပတ်သတ်ပြီး စာရွက်အလွတ်တစ်ရွက်လို အဖြူထည်သက်သက်သာ ရှိနေခဲ့တာပဲဖြစ်သည်။ အဲဒီအကြောင်းရင်းကပဲ သူဘာလို့မနေ့ညက အသိစိတ်ကို မထိန်းချုပ်နိုင်ခဲ့ပဲလွတ်သွားစေခဲ့တာဖြစ်သည်။ အကယ်၍ စုန့်လောင်ကသာ သစ်သားတုတ်နဲ့သူ့ကို ရုတ်ခြည်းမရိုက်ချလိုက်ဘူးဆိုရင်တော့ ရိုးသားစွာပြောရရင် သူနောက်ပြန်ဆုတ်လိမ့်မိမယ်လို့ သူသေချာမပြောနိုင်ပါဘူး။


ဒီအကြောင်းနဲ့ပတ်သတ်လို့ပြောရမယ်ဆိုရင် စုန့်လောင်က ခြေလက်သွယ်သွယ်လေးတွေရှိနေတာ တောင်မှပဲ သူ့ကိုဖြန်းခနဲရိုက်ပစ်လိုက်နိုင်တဲ့အထိ အားတော်တော်ရှိနေတာတော့‌ သေချာသည်. အဲဒါက အခု သူ့ရှေ့မှာကြောင်ပေါက်စလေးတစ်ကောင်လို ပြုမူနေတဲ့သူနဲတော့ တစ်ခြားဆီပင် ဖြစ်သည်။


ဒါပေမယ့် ဘာပဲဖြစ်နေစေ သူကယောက်ျားတစ်ယောက်သာလျင်ဖြစ်ပေသည်. သူက သူ့ကိုမိန်းကလေးတစ်ယောက်နဲ့တော့


မနိုင်းယှဉ်သင့်ဘူးမဟုတ်လား! လိန်ဖန် ရုတ်တရက် သူကိုယ်သူ ခံစားမိလိုက်သည်. သူ မဖြစ်နိုင်တာတွေလျောက်ပြီးတွေးနေမိတာပဲ၊ သူ့နှလုံးသားထဲကနေ စိတ်ကိုငြိမ်အောင်ထားလိုက်ပြီး သူ့ရဲ့လက်တွေနဲ့ စုန့်လောင်ကိုညင်ညင်သာလေးတွန်းဖယ်လိုက်သည်။


တစ်ယောက်ယောက်က သူ့ကိုတွန်းဖယ်နေသလိုခံစားရတော့ လင်ရှန်း အိပ်ချင်မူးတူးနဲ့သူမမျက်လုံးကို ဖွင့်ကြည့်လိုက်တယ်. သူမဝိုးတိုးဝါးတားမြင်ရတာက မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာတစ်ခုကိုပဲဖြစ်သည်. ဘာတွေဖြစ်နေလဲဆိုတာ နားလည်ဖို့ သူမအချိန်ခဏယူလိုက်ရပြီးတော့ သူမ သူမရဲ့ဘဝအသက်ရှင်ရေးအတွက်ရှောင်ပြေးနေရသလိုမျိုး နောက်ပြန်ဆုတ်လိုက်ပြီး ခုန်ထွက်၍ ထွက်ပြေးလိုက်ပါတယ်။


"မင်း မင်း..မင်း......ငါ့အနားကိုတိုးမလာနဲ့!" သူမအခုမှနိုးလာပေမယ့်လဲ မနေ့ညကဘာတွေဖြစ်ခဲ့လဲ ဆိုတာရှင်းရှင်းလင်းလင်းကြီးကိုမှတ်မိနေပါသေးတယ်. အထူးသဖြင့် သူမ လိန်ဖန်ကို တုတ်ချောင်းနဲ့ ရိုက်ခဲ့တယ်ဆိုတာကိုပဲဖြစ်သည်။ သူမ က အားကုန်ကို သုံးပြီးရိုက်ခဲ့တာပဲ! သူမရဲ့လက်တွေ တောင် အခုထိနာနေသေးတာပဲဖြစ်တယ်. အရမ်းလန်းတဲ့ယောက်ျားတစ်ယောက်က သူမမျက်စိ ရှေ့မှာရှိနေတာ ကြည်နူးဖို့ကောင်းပေမယ့်လဲ ရွှေဓားစလွယ်ရှိပြီးမကျေမနပ်ဖြစ်နေတဲ့ ခပ်လန်းလန်း ယောက်ျားလေးတစ်ယောက်ကတော့ ဟာသလုပ်စရာမဟုတ်ခဲ့ပါဘူး။


စုန့်လောင်ဘယ်လောက်တောင်ကြောက်ရွံ့ရွံ့ဖြစ်နေတာကိုမြင်ရတော့ လိန်ဖန်တစ်ယောက် တောင့်တောင့်ကြီးဖြစ်သွားပြီး နားလည်မှုလွဲသွားခဲ့ပါတယ်. 'မနေ့ညက သူများ အရမ်းဆိုးဆိုးရွားရွာကြီး များခြောက်လှန့်မိသလိုဖြစ်သွားလို့များ ဖြစ်နိုင်မလား? အဲဒါကြောင့်ပဲ သူကဒီလိုမျိုးကြောက်ရွံ့နေတဲ့ ပုံမျိုး ပြုမူနေတာများလား?' လိန်ဖန် သူ့ကိုယ်သူ လိပ်ပြာမသန့်သလို ခံစားသွားရပြီး သူကအားပေးစကားပြောလိုက်တယ် - " ကြင်ယာတော်မင်းသား ...ဆေးရဲ့အာနိသင်တွေက မရှိတော့ပါဘူး...ဒီအစေခံက အခု ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်သွားပါပြီ"


'ကျွန်မကြောက်တာက ရှင်ကိုယ်ရှင် ထိန်းချုပ်နိုင်တာကိုပဲ ကြောက်နေရတာ! ရှင် ကျွန်မကို ကလဲ့စားပြန်ချေမှာပဲ စိုးရိမ်လို့ပဲ!' အဲလိုပြောတာကြားပြီးတော့ လင်ရှန်းပိုလို့တောင် ကြောက်သွားပါပြီ။ သူမက နောက်ဆုတ်ဆုတ်သွားပြီး ငုံးလေးတစ်ကောင်လိုပဲ ငုံ့ကာကြုံ့ကာနဲ့ခုံအောက်ထဲမှာဝင်ပုန်းနေပါတယ်။


သနားဖို့ကောင်းတဲ့လိန်ဖန်တစ်ယောက်ကတော့ သူကတော့ ဘုရားကတောင်ခွင့်မလွှတ်နိုင်တဲ့ အပြစ်တစ်ခုခုကို သူလုပ်မိတယ်လို့ထင်သွားခဲ့ပါတယ်. သူ့ကိုယ်သူ အပြစ်ကျူးလွန်ထားတဲ့ လူယုတ်မာတစ်ယောက်လိုပဲ သူခံစားနေရပါတယ်. ဒါကသူကြုံတွေ့ရမျှထဲမှာတော့ တော်ဝင်ကိုယ်ရံတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ပထမဆုံးအကြိမ်အဖြစ် အတော်လေးကို စိတ်ပျက်အားလျော့လို့ နေတာပဲဖြစ်တယ်။


လင်ရှန်းအတွက်ကတော့ စားပွဲခုံအောက်ထဲမှာ ခဏလောက်ဝင်ပုန်းနေပြီးတဲ့နောက်မှာတော့ သူမက လိန်ဖန်ကလဲ့စားချေဖို့ အစီစဉ်မရှိတာကို ရိပ်ဖမ်းမိလိုက်ပါတယ်. အဲဒါကြောင့် သူမ သတ္တိရှိစွာနဲ့ မေးလိုက်တယ်.. "အမ်....မင်းရဲ့ခေါင်းက အဆင်ပြေရဲ့လား"


နောက်တစ်ခါထပ်ပြီးတော့ လိန်ဖန် နားလည်မှုလွဲသွားခဲ့ပြန်ပါတယ်.လိန်ဖန်က ကြင်ယာတော် မင်းသားကသူ့ကိုကြောက်ရွံ့နေပေမယ့်လဲ သူ့ရဲ့ဒဏ်ရာကိုဂရုစိုက်သားပဲ လို့ထင်သွားခဲ့ပါတယ်. 'ဘယ်လောက်တောင် ထိရှဖို့ကောင်းလိုက်လဲ။'


"ကြင်ယာတော်မင်းသားကို အစီရင်ခံတင်ပြရရင် ဒီအမှုထမ်းက အဆင်ပြေပါတယ်"


"တကယ်လား။ မင်းသေချာရဲ့လား"


"ဒီအမှုထမ်းက အပြည့်အဝကိုကောင်းမွန်ပါတယ်"


သူ့ရဲ့ လေသံကိုကြားရတော့ လင်ရှန်း စိတ်သက်သာရာ ရသွားခဲ့ပါတယ်.. 'သူ့ရဲ့ခေါင်းက အဆင်ပြေမှတော့ သူ ငါ့ကို လက်စားပြန်မချေဖို့က သေချာသလောက်ပါပဲ' ထို့ကြောင့် သူမ စားပွဲခုံအောက်ကနေထွက်လိုက်ပြီး လိန်ဖန်မျက်လုံးတည့်တည့်ကိုကြည့်လိုက်ကာ-


" အဲဒါဆိုရင် ......နန်းတော်ကို ပြန်ကြရအောင်လား"


လိန်ဖန်အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့ပါတယ်. သူ့အတွေ့အကြုံအရ ဒီလိုမျိုးထူးဆန်းနေသလိုဖြစ်နေတာကို သူဘယ်လိုဖော်ပြရမလဲတောင် မသိတော့ပါဘူး.. ထို့နောက် သူက ခေါင်းငြိမ့်လိုက်ကာ-" ဒီအမှုထမ်းက


ကြင်ယာတော်မင်းသားရဲ့အမိန့်အတိုင်း လိုက်နာပါ့မယ်"


°°°°°°°


သူတို့နှစ်ယောက်သား ဟဿာႅပြဒါးကွေးအိမ်တော်မှ ရထားလုံးတစ်ခုကိုယူဆောင်လာဖို့ အမိန့်ပေးလိုက်ပြီး နန်းတော်ထဲကိုပြန်ဖို့ ဦးတည်လိုက်တယ်။ လမ်းတစ်လျှောက်လုံး လင်ရှန်းက အဆက်မပြတ်စကားပြောနေစဉ်မှာ လိန်ဖန်ကတော့ စကားတစ်ခွန်းတောင်မဟခဲ့ပါဘူး။


"လိန်ကိုယ်ရံတော် မင်းကအရမ်းကိုသတိမမူတတ်တာပဲ. တုဂျင်က မင်းကို သောက်ဖို့ပြောတာနဲ့ မင်းကသောက်လိုက်ရောပဲ၊ မင်းမသိဘူးလား တုဂျင်က ဘယ်လိုလူစားမျိုးလဲဆိုတာကို? အရှင်းကြီးပဲ သူကလူကြီးလူကောင်းဆန်သလိုထင်ရပေမယ့် ..သူ့အကြောင်းနက်နက်သာတူးမယ်ဆိုရင် သူကယုတ်မာပြီး စက်ဆုပ်ဖို့ကောင်းတဲ့ လူစားမျိုးပဲ. ငါတောင် သူကမကောင်းတဲ့သူဆိုတာကို ချက်ချင်းပြောနိုင်တယ်.. အနာဂတ်မှာ သူကမင်းကိုဝိုင်နောက်ထပ်သောက်ဖို့မေးရင် .....မဟုတ်သေးဘူး! သူက မင်းနဲ့ဘာပဲလုပ်ချင် လုပ်ချင်နေ မင်းသူ့ဆီကနေ ရေတစ်ပေါက်တောင်မသောက်မိစေနဲ့!"


°°°°°°°°


"ဟတ်ချိုး!" တုဂျင်တစ်ယောက် နှာချေလိုက်ပြီး သူ့နှာခေါင်းသူပွတ်လိုက်တယ်. " ရှောင်ဖူစီ.. တစ်ယောက်ယောက်က ငါ့ကိုကျိန်ဆဲနေတယ်လို့ ငါဘာလို့ခံစားမိတာလဲ?"


သူ့ရဲ့ဘေးနားက မိန်းမစိုးငယ်ငယ်လေးကလျင်မြန်စွာပဲပြန်ပြောလိုက်တယ်.. "နှာချေရတဲ့ အဓိပ္ပာယ်က တစ်ယောက်ယောက်က အရှင့်သားအကြောင်းတွေးနေလို့ပါ.. အရှင့်သား"


°°°°°°°°


လိန်ဖန်ရဲ့နှုတ်ခမ်းထောင့်က တွန့်ကွေးသွားခဲ့ပေမယ့် သူက တစ်ခွန်းမှကိုဝင်မပြောခဲ့ပါဘူး။


လင်ရှန်းဆက်ပြီးတော့ ကျိန်ဆဲနေပါတယ်. "ငါသိသားပဲ သူငါတို့ကိုအပြင်ထွက်ဖို့ ဖိတ်လိုက်ကတည်းက ကောင်းတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ဘူးဆိုတာ! သူက မင်းသားတစ်ယောက်ဖြစ်ပြီးတော့တောင် မဟုတ်နိုင်တော့ဘူး ..အာ့း.......ငါ့ရဲ့‌ရွှေဓားစလွယ်လေး.....အာ့...ငါဆိုလိုတာက ...


သူကကိုယ်ရံတော်တစ်ယောက်ကိုတောင်မှ အနိုင်ကျင့်ဖို့ကြိုးစားတာ‌လေ..သူက လူမှဟုတ်သေးရဲ့လား? သူက ဝက်တစ်ကောင်နဲ့တောင်နှိုင်းယဉ်လို့မရပါဘူး! ပါတ် ပါတ် ပါတ်! သူ့ကို ဝက်နဲ့နှိုင်းရင်တောင် ဝက် အတွက်စော်ကားရာရောက်နေပြီ။!"


°°°°°°°°


"ဟတ်ချိုး!" တုဂျင် နှာထပ်ပြီးချေလိုက်တယ်... "ရှောင်ဖူစီ ဘယ်သူမှ ငါ့ကို ကျိန်ဆဲမနေဘူးဆိုတ မင်းသေချာလို့လား"


"အရှင့်သားကို ပြန်ဖြေရရင် နှစ်ကြိမ်နှာချေရင်တော့ တစ်ယောက်ယောက်က အရှင့်သားကို လွမ်းနေတာပါ"


"ဟတ်ချိုး!"


"သုံးကြိမ်နှာချေရင်တော့ အဲဒီလူက အရှင့်သားကို အရမ်းအရမ်းကိုလွမ်းနေတာပါ"


"ဟတ်ချိုး... ဟတ်ချိုး.. ဟတ်ချိုး!"


ရှောင်ဖူစီ ချွေးဒီးဒီးကျသွားသလိုခံစားရပြီး "..................အရှင့်သား...အအေးမိနေတာများလား"


တုဂျင်- ".............."


°°°°°°°°°


အဲလိုနဲ့ပဲ လင်ရှန်းတစ်ယောက် ပြန်တဲ့လမ်းတစ်လျောက်လုံး တုဂျင်ကို ကျိန်ဆဲလို့ကို မပြီးဆုံးနိုင်တော့ပါဘူး. လိန်ဖန်က စကားတစ်ခွန်းမှမပြောခဲ့ပါဘူး သနားစရာကောင်းတဲ့လိန်ဖန်ပါပဲ. သူက သူ့ကိုယ်သူ ရှုးတော့မယ်လို့ထင်နေခဲ့ပါတယ်. သူ့ရဲ့မျက်နှာကအရမ်းတောင့်တောင့်ကြီးဖြစ်နေခဲ့ပါတယ်. ဒါပေမယ့် သိသိသာသာကိုပဲ လင်ရှန်းကတော့ သတိမမူဘဲနဲ့ ပိုပြီးတော့တောင်ပြောဆိုနေပါသေးတယ်။


"ကြင်ယာတော်မင်းသား"


"ယုတ်မာတာက ကြောက်ရမှာမဟုတ်ပါဘူး ဒါပေမယ့် သူက ဘယ်လောက်ပဲကြောက်ဖို့ကောင်းကောင်း ဘယ်လောက်အရှက်မဲ့မဲ့တဲ့သူကြီးပဲ ဖြစ်လို့နေပါစေ၊ ပြောရမယ်ဆိုရင် ကြည်လင်နေတဲ့ရေမှာ ငါးကိုဖမ်းလို့မရနိုင်ပါဘူး ... အဲလိုပဲ ဘာမှမထိမတွေ့ မသိရတဲ့လူမျိုးကသာ အကြွင်းမဲ့ ဆိုးယုတ်နိုင်တာပါ။"


"ကြင်ရာတော်မင်းသား" လိန်ဖန်က သူ့ရဲ့အသံကိုမြှင့်လိုက်တယ်။


"ဘာလဲ?" လင်ရှန်းနောက်ဆုံးတော့ သူမရဲ့စကားကို အဆက်ဖြတ်လိုက်ပြီး သူမကစိတ်ရှုပ်စွာနဲ့ကြည့်လိုက်ကာ- "ဘာဖြစ်တာလဲ? တစ်ခုခုဖြစ်လို့လား"


လိန်ဖန် မှင်တက်မိကာ ဆို့နင့်သွားပြီးတော့


".............ကြင်ယာတော်မင်းသား....ကျွန်တော်တို့ နန်းတော်ကိုပြန်ရောက်ပါပြီ"


"အိုး.!....အရမ်းမြန်တာပဲ?" လင်ရှန်း ကိုးရိုးကားရားပြုံးလိုက်ပြီး


" ဟဟ....တောင်းပန်ပါတယ်..ငါကကျိန်ဆဲတဲ့နေရာမှာ အရမ်းပြင်းထန်လွန်းအားကြီးသွားတယ်..ငါသတိမထားလိုက်မိဘူးဖြစ်သွားတယ်......ဟေး...ငါတို့နောက်တစ်ခေါက်ပြန်တွေ့သင့်တယ်မထင်ဘူးလား တွေ့ပြီးတော့ ငါတို့အတူတူ တုဂျင်ကို ကျိန်ဆဲရအောင်..ဒီလူက ကျိန်ဆဲဖို့ပဲထိုက်တန်တယ်. ငါတို့သူ့ကို မကျိန်ဆဲရင် သူသေချာပေါက် ကောင်းကောင်းမခံစားရ.......အာ့!" လင်ရှန်းက အာရုံစူးစိုက်မှုမရှိခဲ့ဘဲဆင်းလိုက်တော့ သူမက ခေါင်းထိုးစိုက်ပြီးကျသွားပါတော့တယ်။


ကံကောင်းထောက်မစွာနဲ့ပဲ လိန်ဖန်က လျင်မြန်စွာနဲ့ သူမကိုဖမ်းမိလိုက်ပါတယ်။


လင်ရှန်း သူမကိုယ်သူမ လေထဲမှာတန်းလန်းကြီးဖြစ်သွားပြီးကောင်းကင်ကြီးက ချာချာလည်ထွက်သွား သလိုခံစားသွားရပါတယ်.. သူမ က သူမရဲ့မျက်စိကို ဖွင့်လိုက်တဲ့အခါမှာတော့ နေရောင်တောက်ပတဲ့မနက်ခင်းမှာ ဦးခေါင်းတစ်ခုကနေ အလင်းရောင်တွေဖြာကျနေပါတာကိုမြင်လိုက်ရပါတယ်. လိန်ဖန်က သူမရဲ့မြင်ကွင်းထဲကို ဝင်ရောက်လာပြီး နေရောင်ခြည်ကြောင့် တလက်လက်တောက်ပနေတဲ့ သူ့ရဲ့ငွေရောင်မျက်နှာဖုံးကို သူမတွေ့မြင်နေရပါတယ်. လင်ရှန်း သူမရဲ့နှလုံးသားထဲမှာ တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံလောက် ထူးဆန်းတဲ့ခံစားချက်တစ်ခုကို သူမခံစားလိုက်ရပါတယ်. ဒါပေမယ့် အဲဒါက ချက်ချင်းပဲ အခြားကိုယ်ရံတော်တစ်ယောက်ကြောင့် ပြတ်တောက်သွားပါတော့တယ်။


ဝင်ပေါက်မှာစောင့်ကြပ်နေတဲ့ကိုယ်ရံတော်က မျက်နှာဖြူရော့ဖြူရော့ဖြစ်နေကာ သူက စိတ်လှုပ်ရှားနေပြီး ကြောက်ကြောက်ရွံ့ရွံ့ပုံစံနဲ့ ပြောလိုက်တယ်- " အရာရှိလိန်...ဘာလို့အကြာကြီးနေမှပြန်လာရတာလဲ!။ ကျွန်တော့်မှာ သတင်းဆိုးတင်ပြစရာရှိတယ်! မနေ့ညက နန်းတော်ထဲကို လုပ်ကြံသတ်ဖြတ်သူတွေဝင်လာခဲ့တယ်!"


**********


End