"အရှင့်သားကျွန်တော်မျိုး မှားမှန်းသိပါပြီ"
ဘာသာပြန်သူ - tartarmoon
အပိုင်း(၁၁)
'လုပ်ကြံသတ်ဖြတ်သူတွေတဲ့လား' ကြားလိုက်ယုံနဲ့တင် လင်ရှန်း စိတ်လှုပ်ရှားသွားပြီး သူမရဲ့မျက်လုံးလေးတွေတောင်လင်းလက်တောက်ပလို့သွားပါတယ်. သူမက နားစွင့်ထားပြီး ပိုပြီးကြားလို့ရအောင်ကြိုးစားလိုက်တယ်။
ဒါပေမယ့် ကိုယ်ရံတော်က လိန်ဖန်ရဲ့နား နားကိုကပ်ပြီး လေသံတိုးတိုးနဲ့သာပြောနေခဲ့ပါတယ်. လက်ရှိအခြေနေအရတော့ သူတို့ရဲ့သွင်ပြင်လက္ခဏာကို ကြည့်ရတာ သိပ်ပြီးတော့ကောင်း ပုံမရပါဘူး. အထူးသဖြင့် လာပြောတဲ့ကိုယ်ရံတော်ပဲဖြစ်တယ်. ထပ်ပြီးတော့ပြောလေ သူ့မျက်နှာကပိုလို့ဖြူရော့လာလေ ဖြစ်နေပါတယ်. သူ့ကိုကြည့်ရတာ မဝံ့မရဲနဲ့တစ်ခုခုကိုစိုးရိမ်ကြောင့်ကြနေသလိုမျိုးပုံပေါက်နေပါတယ်။
တစ်ခုခုကတော့ ပြင်းပြင်းထန်ထန်ဖြစ်နေပြီဆိုတာကို လင်ရှန်းပြောနိုင်ပါတယ်.
'အင်ပါယာထံမှာတစ်ခုခုများဖြစ်ခဲ့လို့များလား?' သူမက မေးချင်နေပေမယ့် လိန်ဖန်က သူမဆီကို ပြန်ရောက်လာခဲ့ပါတယ်။
"ကြင်ယာတော်မင်းသား .. ကျွန်တော်မျိုးမှာအရေးတကြီးလုပ်စရာကိစ္စ ပေါ်လာလို့ပါ.
ဒါကြောင့် နန်းဆောင်ထဲကို ကိုယ်ဘာ့သာကိုယ်ပဲပြန်လိုက်ပါတော့" လိန်ဖန်ရဲ့အသံက နှုတ်ဆိတ်လို့နေပါတယ်. ဘာမှမဖြစ်တဲ့အတိုင်းပါပဲ။
"အာ...လုပ်ကြံသတ်ဖြတ်သူတွေကရော........"
"ကြင်ယာတော်မင်းသား....စိုးရိမ်ဖို့မလိုတော့ပါဘူး၊ လုပ်ကြံသတ်ဖြတ်သူက အဖမ်းခံလိုက်ရ ပြီးပါပြီ။"
'အိုး, အဲဒါဆို သူတို့ကသူ့ကိုဖမ်းလိုက်
ပြီးပြီပေါ့! ဝှူး!' လင်ရှန်းစိတ်သက်သာရာရသွားခဲ့ပြီးတော့ စိတ်လှုပ်ရှားမှုက သူမမျက်လုံးထံ တစ်ဖန်ဝင်ရောက်လာခဲ့ကာ-"ဘာပဲဖြစ်ဖြစ် ငါကလဲ အထွေအထူးအလုပ်များမနေတော့လေ မင်းဘာလို့ ငါ့ကိုတစ်ခါတည်းခေါ်မသွားရတာလဲ''
"လုပ်ကြံသူတွေက အဖမ်းခံရပြီးပေမယ့်လည်း ကျွန်တော်တို့ တစ်ယောက်ယောက်များလွတ်သွားခဲ့သေးလားဆိုတာ မသေချာသေးပါဘူး... အခုလက်ရှိတော့ မြို့တော်က အရေးပေါ်သတိပေးထားတဲ့အခြေအနေမှာပဲ ရှိပါသေးတယ်. အဲဒါကြောင့် ကြင်ယာတော်မင်းသားကို အခုပဲ နန်းဆောင်တော်ထဲကိုပြန်သွားဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။"
'သူ့မှာ ရင်ဆိုင်ရမယ့်လူတွေများရှိနေတာလား' လင်ရှန်း ချက်ချင်းပင် စိုးရိမ်တကြီးဖြစ်သွားတယ်. သမိုင်းထဲကလုပ်ကြံသူတွေက ဘယ်လိုပုံစံမျိုးရှိလဲဆိုတာကို သူမ စပ်စုချင်ပေမယ့်လည်း သူမရဲ့ဘဝနဲ့ယှဉ်ရင်တော့ သူမဘဝကသာပိုပြီးအရေးကြီးပါတယ်. သူမခေါင်းကိုအကြိမ်ကြိမ်ငြိမ့်လိုက်ပြီး ပြန်ဖို့ဦးတည်လိုက်ပါတယ်. ခြေလှမ်းအနဲငယ်အတွင်း မှာပဲ ရုတ်တရက်လိန်ဖန်က သူမကိုခေါ်လိုက်တာကြားလိုက်ပါတယ်။
လင်ရှန်း ပြန်လှည့်ကြည့်လိုက်တော့ လိန်ဖန်ရဲ့ ရှည်လျားတဲ့အရိပ်ကိုမြင်လိုက်တယ်
အဲဒါက နေရောင်ကြောင့် ဆန့်ထွက်နေပါတယ်..သူ့ရဲ့အရိပ်က မြို့တံတိုင်းရဲ့အုတ်ရိုးဝါဝါကို ဖြတ်ကာရောင်ပြန်ဟပ်နေပြီး အဲဒါက လင်ရှန်းကို တည်ကြည်လေးနက်တဲ့ခံစားချက်မျိုးကို ပေးနေပါတယ်။
"ကျေးဇူးတင်ပါတယ်" လိန်ဖန်က
မတုန်မလှုပ်ပြောလိုက်တယ်။
လင်ရှန်း သူမမှာဖော်ပြလို့မရနိုင်တဲ့ ခံစားမှုတစ်ခုကို ခံစားရလိုက်တယ်. သူမက ပြုံးပြလိုက်ပြီး ခေါင်းငြိမ့်လိုက်ကာ လျင်မြန်စွာပဲ ထွက်ခွာသွားတော့တယ်။
°°°°°°°°°°
မြို့တော်ရဲ့ဂိတ်တံခါးကနေ မင်းသမီးရဲ့
နန်းဆောင်ကိုသွားတဲ့ လမ်းတစ်လျှောက်လုံးမှာတော့ လင်ရှန်း တစ်ယောက် သူမရဲ့မျက်ခွံတွေကဆက်တိုက်ဆိုသလိုပဲ လှုပ်နေခဲ့ပါတယ်. လိန်ဖန် ထွက်မသွားခင်ပြော တဲ့စကားတွေကို ပြန်စဉ်းစားရင်းနဲ့ သူမစိတ်ထဲကတစ်ခုခုကို
ထင့်နေသလိုခံစားနေရတယ်. ဘာလို့အဲလိုထင်နေရလဲဆိုတာကိုတော့ သူမလဲမသိပါဘူး။
သူမနန်းဆောင်ကိုပြန်ရောက်ပြီး ပြီးချင်းမှာပဲ တုမင်ယွဲ့ကိုတွေ့လိုက်ရပါတယ်. တုမင်ယွဲ့က သူမကို တစ်ချက်လေးတောင်ငဲ့စောင်းမကြည့်ခဲ့ပါဘူး...သူမက မာနကြီးတဲဥဒေါင်းငှက်လိုမျိုး ခေါင်းမော့ရင်ချီကာ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ယမ်းခါနေပါတယ်. သူမက သူမရဲ့မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်အာဏာကိုပြချင်နေတယ်ဆိုတာတော့ အသိသာကြီးပါပဲ။ ဒါပေမယ့် မင်းသမီးအနေနဲ့
မျှော်လင့်မထားတာကတော့ လင်ရှန်းကသာ သူမကိုလျစ်လျူရှူထားတာပဲဖြစ်သည်။
အဲဒီအချိန်အခိုက်တန့်မှာပဲ တုမင်ယွဲ့ အမျက်ချောင်းချောင်းထွက်သွားပြီး အသားကုန်ခြစ်
အော်ဟစ်လိုက်ပါ တော့တယ်။
"စုန့်လောင် ရှင်အခုချက်ချင်းအဲဒီနေရာမှာ ရပ်နေစမ်း!"
မူလကတော့ လင်ရှန်း ကိုယ့်အတွေးနဲ့ကိုယ် ဈာန်ဝင်စားလို့နေတာဖြစ်တယ်. ရုတ်တရက်
ကြီး သူမကို တစ်စုံတစ်ယောက်က အော်ဟစ်ကျိမ်းမောင်းနေတာကိုကြားလိုက်ရတော့ သူမလမ်းလျှောက်နေတာကို ရပ်လိုက်ရသည်။ သူမ ဘေးပတ်ဝန်းကျင်ကိုလျှောက်ကြည့်မိတော့ တုမင်ယွဲ့က အထင်မြင်သေးရွံရှာနေတဲ့ အကြည့်နဲ့ရပ်နေတာကိုသတိထားမိခဲ့သည်.. မင်းသမီးရဲ့အနောက်မှာတော့ ကြောက်ချေးပါနေပုံရတဲ့ အစေခံတစ်စုရှိနေခဲ့ပါတယ်။
"စုန့်လောင်...ရှင် ဒီမင်းသမီးကိုတွေ့တာတောင် ဘယ်လိုတောင် နှုတ်ဆက်အရိုသေမပြုဘဲနဲ့ နေရဲတာလဲ"
'နင့်ညီမပဲ ကြိုဆိုနေလိုက်ပါလား! လင်ရှန်းစိတ်ထဲမှာတော့အော်ဟစ်နေခဲ့ပါတယ်. .သူမ စိတ်ကသိပ် ပြီးနေလို့မကောင်းနေခဲ့တော့ မင်းသမီးနဲ့လည်း စကားပြောဖို့စိတ်ကသိပ်ကြည်မနေခဲ့ပါဘူး။ သူမပြောချလိုက်ပါတယ်>
"မင်းသမီး.. မင်းလာနောက်နေတာလား ဟိုးအရင်ချိန်ကနေပြီး အခုချိန်အထိ ဇနီးကသာ သူ့ရဲ့လင်ယောကျ်ားကို အရင်ဂါဝရပြုနှုတ်ဆက်ရတာပဲရှိတာပါ. မင်းမျှော်မှန်းထားတာတွေက မကြုံစဖူးအထူးဆန်းပါပဲလား"
"ဘယ်...ဘယ်သူက ရှင့်ရဲ့ဇနီးလဲ? တုမင်ယွဲ့ မျက်နှာနီမြန်းသွားပြီး ချက်ချင်းပင် သူမရဲ့မာနဂုဏ်အရှိန်အဝါတွေက အားပျော့လို့သွားပါတယ်။
"ဒါကအတော်လေးထူးဆန်းတာပဲ ငါတို့က လက်ထက်ပွဲလဲလုပ်ခဲ့ပြီးလို့...အိပ်ခန်းထဲကိုတောင်ဝင်ခဲ့ ပြီးသွားပြီ.. မင်းက ငါ့ရဲ့ဇနီးမဟုတ်ရင်.... မင်းသမီး ..လမ်းပေါ်က ခွေးလေးတွေ ကြောင်လေးတွေများ ဖြစ်နေမလား> ဟုတ်သားပဲ....မင်းသမီး ..မင်းစိတ်ထဲမရှိရင် ...ငါလည်းပဲစိတ်မရှိပါဘူး!"
"စုန့်လောင်! ရှင် .. ရှင်.. ရှင်......" တုမင်ယွဲ့တစ်ယောက် ဒေါသတကြီးနဲ့ လင်ရှန်းရဲ့နှာခေါင်းတည့်တည့်ကို လက်ညိုးထိုးပြီး ပြောစရာစကားမရှိတော့ပါဘူး။
" ငါ... ငါ... ငါကဘာလဲ???" လင်ရှန်း သူမရဲ့ရင်ဘတ်ကို ပုတ်လိုက်သည်. 'ငါ့ရင်သားတွေက နင့်ရဲ့ဟာထက်ကြီးနေလို့လား... နင်ကအခုဘာလုပ်ချင်တာလဲ..ဟမ်' "မင်းသမီး......မင်းမှာအခြားဆွေး နွေးစရာမရှိတော့ရင် ..ငါ...ငါ..ငါ့အခန်းထဲကိုပြန်ပြီးအနားယူတော့မယ်...မ...မနေ့ညက...
ဟဿာႅပြဒါးကွေးအိမ်တော်မှာ ငါအရမ်းပင်ပန်းခဲ့လို့"
လင်ရှန်း သူမကိုသရော်သလို လှောင်ပြောင်ပြောနေတာမြင်ရတော့ တုမင်ယွဲ့ ပိုလို့တောင်ဒေါသထွက်လာပါတယ်. ဒါပေမယ့် သူမလျင်မြန်စွာပဲ ရိပ်ဖမ်းမိလိုက်ပြီး "ရှင် ဘာပြောလိုက်တယ်? ရှင်က ဟဿာႅပြဒါးကွေးအိမ်တော်ကို သွားခဲ့တယ်..ဟုတ်လား"
"မင်းသမီးကို အစီရင်ခံရရင်တော့ ငါမသွားချင်ခဲ့ပါဘူး..ဒါပေမယ့် တတိယမင်းသားက မရမကအတင်း တောင်းဆိုနေတော့လဲ ငါ့အတွက်ငြင်းဖို့ခက်လို့ပါ..အားရာ...ငါအရမ်းပင်ပန်းနေပြီ.တစ်မှေးလောက်သွား
အိပ်လိုက်ဦးမှပဲ... ငါနဲ့အပြင်ကိုထွက်ပြီး လိုက်ပို့ဖို့မလိုပါဘူး။" အဲဒီနောက် လင်ရှန်းပြန်လှည့်လိုက်ပြီး လူယုတ်မာတစ်ယောက်လိုမျိုးရယ်ကျဲကျဲလုပ်ကာ....
'တုဂျင် ....ရှင်က ကျွန်မရဲ့ရွှေဓားစလွယ်ကို လုယူရဲသေးလား? ချေးသာစားနေလိုက်တော့!'
မျှော်လင့်ထားတဲ့အတိုင်းပါပဲ တုမင်ယွဲ့ရဲ့မျက်နှာက အစိမ်းရောင်သန်းသွားခဲ့ကာ-" 'တုဂျင်....နင်အတင့်ရဲလိုက်ချည်လား။ နင်က အပြင်ကလူကိုကူညီပြီး ငါ့ကိုတောင်အနိုင်ကျင့်ရဲတယ်ပေါ့လေ? နင်က သေပြီးသားအသားတစ်စပဲဖြစ်ရမှာ!'
တစ်ချိန်ထဲမှာပဲ တုမင်ယွဲ့ရဲ့နောက်မှာရပ်နေတဲ့ အစေတွေအားလုံးကတော့ လင်ရှန်းကို သဘောကျနှစ်ခြိုက်စွာကြည့်နေရင်း- 'ဝါး......ကြင်ယာတော်မင်းသားကအရမ်းမိုက်တာပဲ! သူကမင်းသမီးကိုတောင် အတိုက်အခံလုပ်ပြီးပြောရဲတာပဲ! သူရဲကောင်းဆန်လိုက်တာ! !'
အဲဒီကနေစပြီးတော့ ကောလဟာလတွေက မင်းသမီးက ကြင်ယာတော်မင်းသားကိုကြောက်ရတယ်ဆိုပြီး တဖြည်းဖြည်းနဲ့ ချဲ့ကားပြီးတောင် ပျံ့နှံ့သွားပါတော့တယ်။ စုန့်လောင်ရဲ့ နာမည်ဂုဏ်သတင်းကလဲ အဆင့်တွေအများကြီးထိုးတက်လို့သွားပါတယ်. မြောက်များစွာသော မိန်းမစိုးတွေနဲ့ ကိုယ်ရံတော်တွေရဲ့ အိုင်ဒေါ(စံပြ)တစ်ယောက်လဲ ဖြစ်သွားပါတော့သည်။ ထပ်ပြီးတော့ သူ့ရဲ့အဆင့်က မြို့တော်ရဲ့ရေပန်းအစားဆုံး အဆင့် ၁၀၈ ကိုတန်း၍ နေပြီး ထိပ်ဆုံး ၁၀ယောက်ထဲကိုရောက်ရှိသွားပါတယ်!. သူ့မှာ မျှော်မှန်းလို့တောင်မရနိုင်တဲ့ အလားအလာကောင်းတွေရှိနေပါပြီ။
သေချာတာကတော့ မကြာခင်လေးပဲတွေ့မြင်ရတော့မှာပါ. အခုလောလောဆယ်မှာတော့ လင်ရှန်းက သူမက မင်းသမီးကိုကျော်လွန်ပြီး ဩဇာအာဏာတွေပိုင်ဆိုင်နေပြီဆိုတာတောင် သိရှိနေခြင်းတောင်မရှိပါဘူး။ သူမက သူမရဲ့ပက်လက်ကုလားထိုင်ပေါ်မှာထိုင်နေပြီး သစ်ကြားသီးကို အခွံခွာနေကာ စောစောတုန်းက သူမဘာ တွေကြုံခဲ့တယ်ဆိုတာကို ပြန်ပြီးစဉ်းစားနေပါတယ်။
'အမ်.....အရမ်းထူးဆန်းတယ်...လုပ်ကြံသူတွေက နန်းတော်ထဲကိုဝင်လာပြီး အဖမ်းခံခဲ့ရပြီးသွားပြီ ... ဘာဖြစ်လို့ ငါ့စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်တွေ ရှိနေသေးရတာလဲ။ အင်ပါယာဘုရင်မင်းမြတ်က တစ်ယောက်ယောက်ကိုများ အပြစ်ပေးမယ်ဆိုရင်တော့ သူကသာ အပြစ်ပေးပြီးစွပ်စွဲခံရဖို့တစ်ယောက် အတော်လေးကိုဖြစ်နိုင်တယ်.......ခဏလေး...! လင်ရှန်းရုတ်တရက်ပဲသဘောပေါက်လိုက်တယ်.
'လိန်ဖန်က .....ကိုယ်ရံတော်တစ်ယောက်မဟုတ်လား။
Bingo!'
'သူက ကိုယ်ရံတော်တွေရဲ့ ခေါင်းဆောင်လဲဖြစ်တယ် ဟုတ်တယ်မဟုတ်လား?
Bingo!'
'မနေ့ညက ...သူက နန်းတော်မှာလဲ ရှိမနေခဲ့ဘူး ဟုတ်တယ်မဟုတ်လား?
Bingo!'
'အဲဒါကြောင့်... သူ့ရဲ့နေရာမှာ ရှိမနေခဲ့ဘူး ဟုတ်တယ်မဟုတ်လား?
Bingo!'
'သူက အပြစ်ပေးခံသင့်တာ မဟုတ်ဘူးလား? Bingo! Bingo! Bingo!'
'အိုး အမေရေ...!' လင်ရှန်း သူမလက်နဲ့ စားပွဲခုံပေါ်ကိုဖြောင်းခနဲမြည်အောင် ရိုက်ချလိုက်တော့ သစ်ကြားသီးအစေ့တွေအားလုံးက မြေကြီးပေါ်ကိုကျသွားပါတော့တယ်.. 'လိန်ဖန်ရဲ့ မျက်နှာကိုကြည့် ရတာ ခြောက်ချားပြီးမတုန်မလှုပ်ဆိတ်ငြိမ်နေတာ အံ့ဩစရာမရှိဘူးပဲ! သူက သူ့ကိုယ်သူ အပြစ်ပေးခံရ မှာကြိုသိနေခဲ့တာပဲ!'
'အိုး သေပါပြီ! ပြောကြတာက အင်ပါယာရဲ့ ဘေးမှာနေရတာက ကျားတစ်ကောင်ရဲ့ဘေးမှာနေရ တာနဲ့အတူတူပဲတဲ့။ အင်ပါယာက လိန်ဖန်ကို အမျက်ထွက်သွားတာပဲ! အင်ပါယာက သူ့ရဲ့ခေါင်းကိုလိုချင်နေရင်ရော ဘာဖြစ်နိုင်မလဲ? နောက်ပြီးတော့ သူ့ရဲ့ မျက်နှာချောချောလေးကလဲ ထပ်ရှိမှာ မဟုတ်တော့ဘူးပဲ........' လင်ရှန်း ရုတ်တရက် စိတ်မကောင်းဖြစ်သွားပြီး အပြစ်မကင်းသလို ခံစားသွားရတယ်. မနေ့ညက သူမကသာလျင် သူကို သတိလစ်အောင် ရိုက်ချခဲ့တာမဟုတ်ဘူးလား၊ အကယ်၍တစ်ခုခုသာဖြစ်သွားခဲ့မယ်ဆိုရင်တော့ သူမလည်းပဲ တစ်စိတ်တစ်ပိုင်းအနေနဲ့ တာဝန်ရှိပါတယ်။
လင်ရှန်း အဲဒီအကြောင်းတွေပိုတွေးလေလေ သူမပိုပြီး စိတ်ဖြောင့်ဖြောင့်မထားနိုင်လေဖြစ်နေပါတယ်... သူမရဲ့ အခန်းထဲ မှာလဲ အကြိမ်အနည်းငယ်လောက်ခေါက်တော့ခေါက်ပြန်လမ်းလျောက်ပြီးနောက်မှာတော့ သူမအပြင်ထွက်ပြီး အခြေနေကိုသွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီအချိန်မှာပဲ ရှောင်လုက သူမရဲ့သခင်ပြန်ရောက်လာတာကိုကြားလို့ အပြေးလေးဝင်လာခဲ့ပါတယ်. "အားရား...ကြင်ယာတော်မင်းသား...သခင်နောက်ဆုံးတော့ပြန်ရောက်လာပြီ! မနေ့ညက ...ဒီအစေခံ အရမ်းကြောက်နေခဲ့ရတာ! ကျွန်မကြားရတာက လုပ်ကြံသူက ရက်စက်ကြမ်းကြုတ်တယ်တဲ့! သူက ဒီလောက်ထိ အရပ်မြင့်ပြီးတော့ !
ဒီလောက်ကြီးသန်မာပြီး!
ပြီးတော့ သူတို့ရဲ့ဦးခေါင်းကလဲ ဒီလောက်ကြီးတောင်ကြီးတယ်တဲ့!
သူက မြက်ခင်း၃ခုစာလောက်ရှိပြီး သူကပျံတောင် ပျံသန်းနိုင်တယ်တဲ့!"
' နင်ကသူ့ကို တကယ့်လွန်လွန်ကျူးကျူးဖြစ်အောင်ပြောနေတာပဲ' လင်ရှန်းချွေးတောင်စို့ချင်သွားတယ်။ ပြီးတော့ သူမက ပြန်အစဖော်လိုက်ပါတယ်...-
" အိုး ..ဟုတ်သားပဲ သူတို့က အဲဒီလူကို ဖမ်းမိလိုက်သေးတယ် မဟုတ်လား"
"အဟုတ်ပဲ!" ရှောင်လုခေါင်းငြိမ့်လိုက်ကာ "သိရသလောက်တော့ အတော်ဆုံးဖြစ်တဲ့တိုက်ခိုက်ရေးသမားတွေ အားလုံးပေါင်းပြီးတိုက်တာတောင် သူ့ကိုဖမ်းနိုင်ဖို့အချိန်တောင် အတော်ယူလိုက်ရတယ်တဲ့.. အဲဒီလူက လူသတ်တာတောင် မျက်တောင်တစ်ချက်မှမခတ်ဘဲ ခေါင်းတွေအများကြီးကိုဖြတ်လိုက်သေးတယ်တဲ့.. ကိုယ်ရံတော်တွေလဲ ဒါဇင်နဲ့ ချီပြီး အသတ်ခံလိုက်ရတယ်တဲ့"
လင်ရှန်း သူမရင်ထဲမှာအေးခနဲဖြစ်သွားကာ- "ပြီးတော့ အရှင်မင်းကြီးကရော....."
"ကံကောင်းလို့ပေါ့ မနေ့ညက အရှင်မင်းကြီးကသူ့ရဲ့နန်းဆောင်ထဲမှာအိပ်မနေခဲ့ဘူးတဲ့...အိုး ဟုတ်သားပဲ...တစ်ခုကျန်သေးတယ်! မနေ့ညက လုပ်ကြံသူတွေကို ရှာတွေ့ခဲ့ပြီးနောက်မှာတော့ တော်ဝင်ကိုယ်ရံတော်တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့လိန်ဖန်ကို ဘယ်သူကမှရှာမတွေ့ခဲ့ဘူး... အရှင်မင်းမြတ်က အရမ်းကိုအမြတ်ဒေါသထွက်သွားတယ်လေ..
ဒီကနေ့မနက်ကပဲ သူ့ကိုအပြစ်ဒဏ်ချမှတ်ဖို့ ဆင့်ခေါ်ခဲ့ပြီးသွားပြီ''
လင်ရှန်းရဲ့ နှလုံးသားက တဒိတ်ဒိတ်နဲ့တုန်ရင်လို့သွားခဲ့ပါတယ်။
"အဲလိုဆို......သူကဘာဖြစ်မှာလဲ"
"သေချာတာပေါ့..သူကအပြစ်ပေးခံရမှာပေါ့!..အရှင်မင်းမြတ်က ပုံမှန်ဆိုသူ့ကိုသဘောကျပေမယ့် ဒီတစ်ကြိမ်တော့ ကြောက်စရာကောင်းတဲ့အချိန်တစ်ခုတည်းနဲ့ အရှင်က သူ့အပေါ် သဘောကျနေမှုတွေပျောက်ကွယ်သွားပြီလေ...
အရှင်မင်းမြတ်ကအရမ်းဒေါသထွက်သွားပြီး သူက လိန်ဖန်ကို ပြည်သူလူထုရှေ့မှာ ကျာပွတ်နဲ့ အကြိမ်နှစ်ဆယ်တောင်အပြစ်ဒဏ်ပေးဖို့ အမိန့်ချမှတ် လိုက်တယ်လေ!
ဒီ ကျာပွတ်အကြိမ်နှစ်ဆယ်ကို အထင်မသေးနဲ့ဦးနော်... ဒီတစ်ကြိမ်ရိုက်မယ့် ကျာပွတ်က အထူးတလည်လုပ်ထားတာ...
ကျာပွတ်ရဲ့ထိပ်ဖျားပိုင်းမှာဆူးချွန်သေးသေးလေးတွေတပ်ထားမှာ...အဲဒါက ထူထူစိတ်စိတ်ကြီးနဲ့ ရိုက်ရင်လဲအကြာကြီးခံနေအောင်..........
အာ့ရား......ကြင်ယာတော်မင်းသား! သခင်..ဘယ်နေရာကိုသွားလိုက်တာလဲ"
လင်ရှန်း တံခါးတွေကိုကျော်လွှားကာ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
End...