Chapter 12
Viewers 11k

အပိုင်း(၁၂)


မင်းသမီးရဲ့ နန်းဆောင်ကနေပြီးထွက်လာတဲ့ လမ်းတစ်​လျှောက်မှာပဲ လင်ရှန်းအချို့တစ်လေကို ဟိုမေးဒီမေးနဲ့ လိန်ဖန်နေတဲ့နေရာကို သူမရှာလို့တွေ့သွားပါတယ်. တိုက်ဆိုင်စွာနဲ့ပဲ တာဝန်ကျနေတဲ့ ကိုယ်ရံတော်တစ်ယောက်က ပြေးထွက်လာခဲ့ပါတယ်. လင်ရှန်းလဲ အပြေးအလွှားလိုက်သွားပြီး သူ့ကိုတားလိုက်တယ်။


ကြင်ယာတော်မင်းသားဖြစ်နေတာကိုသိလိုက်တော့ ကိုယ်ရံတော်က ခြေထောက်တောင်ခွင်၍ ​ေချာင်ကျသွားပါတယ်. သူ့ရဲ့အသားအရောင်ကတော့သိပ်ကောင်းပုံမရပဲ- "ကြင်ယာတော်မင်းသားကို အစီရင်ခံတင်ပြရရင်တော့ ကျွန်တော်မျိုး အခုလေးတင်ပဲ အရာရှိလိန်ကို စောင့်ရှောက်ပေးပြီးမှပြန်ထွက်လာခဲ့တာပါ.."


"သူ ဘယ်လိုနေသေးလဲ?..တော်ဝင်သမားတော်တွေက ဘယ်မှာလဲ။ ငါ ဘာဖြစ်လို့တစ်ယောက်မှရောက်လာတာကို မတွေ့ရတာလဲ"


"အမ်း...." ကိုယ်ရံတော်က ဘာလုပ်ရမယ်မှန်းမသိလိုမျိုးကြည့်လိုက်ပြီး.... "တော်ဝင်သမားတော်တွေက ရောက်လာခဲ့သေးပါတယ်....ဒါပေမယ့်...အရာရှိက သူ့ရဲ့အမှားကြောင့် သူကအပြစ်ပေးခံရဖို့ထိုက်တန်တယ်လို့ ပြောခဲ့ပြီးတော့ တော်ဝင်သမားတော်တွေကို ပြန်လွှတ်ခိုင်းလိုက်တာကြောင့်....."


'သူ ရှုးများနေတာလား?' လင်ရှန်း စိုးရိမ်သွားပါတယ်. ကျာပွတ်အကြိမ်နှစ်ဆယ်က ပြင်းထန်တဲ့ကိစ္စမှန်း သူမ သိပါတယ်. 'ဒီလူကြီးနဲ့ပတ်သတ်ပြီး ဘာတွေကမှားနေတာလဲ။ သူက အပြစ်ပေးခံရတယ်. ဒဏ်ရာတွေလဲရခဲ့တာတောင်မှ သူက သူ့ဒဏ်ရာတွေကြည့်ပေးမယ့်သူကိုတောင် နှင်လွှတ်လိုက်သေးတယ်!' "အဲလိုဆိုရင်" သူမထပ်ပြီးတော့တုံ့ပြန်လိုက်တယ်.. "ငါအထဲဝင်သွားပြီးတော့ တစ်ချက်လောက်ကြည့်လိုက်ဦးမယ်."


"အာ့.!" ကိုယ်ရံတော်က သူမကိုအတင်းတားလိုက်တယ်..-"အရာရှိက ဘယ်သူကိုမှ အထဲဝင်ခွင့်မပေးဖို့ အမိန့်ပေးထားပါတယ်.ကြင်ယာတော်မင်းသား.....ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ခက်ခဲအောင်မလုပ်ပါနဲ့"


လင်ရှန်း စိတ်အနှောက်ယှက်ဖြစ်သွားပြီး - "ငါ့ ရှေ့ကနေ ထွက်သွားလိုက်စမ်း..ငါက ကြယာတော်မင်းသားပဲ! မင်း ငါ့စကားကို နားထောင်မှာလား ဒါမှမဟုတ် မင်းရဲ့အရာရှိလား"


ကိုယ်ရံတော်က စိတ်ဓာတ်ကျစွာကြည့်လိုက်ပြီး သူခဏတော့စဉ်းစားလိုက်တယ်. သူရိုးသားစွာပဲ ပြန်ဖြေလိုက်ပါတယ်. "ကျွန်တော်က ကျွန်တော့်ရဲ့အထက်အရာရှိစကားကိုပဲ နားထောင်မှာပါ....."


"မင်း" လင်ရှန်း သူမသွားတွေကိုတင်းတင်းစေ့လိုက်ပြီး..-"မင်းက မင်းအကြောင်းကို မင်းသမီးဆီ မှာပြောဖို့လိုအောင် ငါ့ကိုဖိအားပေးဖို့ကြိုးစားနေတာလား"


"................." သနားစရာကိုယ်ရံတော်လေးကတော့ တုန်တုန်ရင်ရင် ငိုသံပါစွာနဲ့


"ကြင်ယာတော်မင်းသား... ကျွန်တော် ကြင်ယာတော်ရဲ့ လမ်းကနေ ဖယ်ပေးပါ့မယ်...ကြင်ယာတော်မင်းသား ကြိုက်သာလိုသာ လုပ်ဆောင်ပါတော့....."


'ဝါး!...မင်းသမီးက သေချာပေါက် အသုံးချလို့ကောင်းတာပဲ!.


လင်ရှန်း..စိတ်ကျေနပ်သွားပြီး အလောတ ကြီးနဲ့ လိန်ဖန်ရဲ့အခန်းထဲကို ဝင်လိုက်တယ်.. သူမ တံခါးပေါက်ကိုတောင်မကျော်ရသေးခဲ့ပေမယ့် အရာဝတ္ထုတစ်ခုကြမ်းပြင်ပေါ်ကိုကျနေတဲ့ အသံကိုကြားလိုက်ရပါတယ်။


သူမတံခါးရွက်ကိုလျင်မြန်စွာနဲ့တွန်းဖွင့်လိုက်တော့ လိန်ဖန်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခွက်တစ်ခုကို ကောက်ဖို့ကြိုးစားနေတာကို မြင်လိုက်ပါတယ်.. ထင်ရတာကတော့ သူက သူဘာသာသူရေသောက်ဖို့ကြိုးစားနေတုန်း မတော်တဆနဲ့


အဲဒါကို လွတ်ကျသွားတာပဲဖြစ်ရမယ်။


"အ..! ! ငါ့ကိုလုပ်ခွင့်ပေးပါ ငါလုပ်ပေးပါ့မယ်!" လိန်ဖန်က အပတ်တကုတ်ပဲမတ်တပ်ရပ်ဖို့ ကြိုစားနေတာတွေ့ရတော့ သူမက ကူညီပေးဖို့ ပြေးသွားလိုက်ပါတယ်။


သူ့ရဲ့ ပုခုံးတွေကို သူမတွဲမ ပေးလိုက်တဲ့အခိုက်မှာပဲ သူမနားထဲမှာ တအီအီနဲ့သည်းသံတိုးတိုးလေး ကြားလိုက်ရပြီး သူမရဲ့လက်တွေကစေးစေးပျစ်ပျစ်ကြီးကို ခံစားလိုက်ရပါတယ်.. လင်ရှန်းထိတ်လန့်သွားပြီး ချက်ချင်းပဲ သူမရဲ့လက်ကိုပြန်ဆွဲယူလိုက်တော့ သူမရဲ့လက်တွေမှာသွေး တွေရွှဲရွှဲစိုနေခဲ့တာကို သူမသိလိုက်ပါတယ်။ ပြီးတော့ သူမ လိန်ဖန်ရဲ့ အသစ်ချပ်ချွတ် ဝတ်ထားတဲ့ အဖြူရောင်ဝတ်စုံကို ကြည့်မိလိုက်တော့ သွေးတွေကယိုစိမ့်ထွက်နေတာကို တွေ့လိုက်ရတယ်. နီနီရဲရဲသွေးတွေက အဖြူရောင်ချည်ထည်ပေါ်မှာမြင်နေရတာက အရမ်းကိုထိတ်လန့်စရာ ကောင်းနေပါတယ်။


အဲဒါကိုမြင်ရတော့ လင်ရှန်းလဲ သူမရဲ့အသိစိတ်လွင့်မတတ်ကို ကြောက်ရွံ့သွားပြီး - "အာ...မင်းရဲ့...ကျောကုန်းက......."


"ကြင်ယာတော်မင်းသား...စိုးရိမ်ဖို့မလိုပါဘူး..ကြီးကြီးမားမားမဟုတ်ပါဘူး.....ဒဏ်ရာနည်းနည်းပါးပါးလေးပါပဲ....."


လိန်ဖန်ကဒီလိုမျိုးတွေပြောသာပြောနေပေမယ့်လဲ သူကမတ်မတ်တောင်မရပ်နိုင်ပဲ သူမပေါ်ကိုလဲကျသွားပါတယ်။


"အာ့း!" လင်ရှန်း သူမပေါ်ကိုအရမ်းလေးလံတဲ့ အရာကြီးပိကျလာတာကို ခံစားလိုက်ရပါတယ်. ကံကောင်းထောက်မစွာနဲ့ပဲ စားပွဲခုံက သူမနောက်ကျောတည့်တည့်မှာရှိနေခဲ့ပါတယ်.. အဲလိုမှမဟုတ်ရင်တော့ သူမကောင်းကောင်းကြီးကို လဲကျသွားတော့မှာပါ။


"ဒီအမှုထမ်းက အဲလိုတမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး..... ကျွန်တော်တောင်းပန်ပါတယ်.......ကျွန်တော် တော်တော်လေး ပင်ပန်းနေခဲ့လို့ပါ. ပြန်လိုက်ပါတော့ ကြင်ယာတော်မင်းသား....." လိန်ဖန်.ခက်ခက်ခဲခဲနဲ့မတ်တပ်ရပ်လိုက်ကာ သူရဲ့လက်တွေကိုတော့သူမရဲ့ပုခုံးပေါ်ကို သူရပ်နေနိုင်ဖို့တင်လိုက်ပါတယ်။ သူ့ရဲ့နှုတ်ခမ်းတွေက ဖြူရော့နေပြီး သူ့ကိုကြည့်ရတာ အတော်လေးအားနည်းနေတဲ့ပုံပါပဲ။


"မင်းရဲ့ခေါင်းကိုပဲပြန်သွားဖို့ပြောလိုက်!" လင်ရှန်း နောက်ထပ် ထပ်ပြီးတော့အားမလိုအားမရ ဖြစ်နေတဲ့ သူမရဲ့စိတ်ကိုတောင် ထိန်းမထားနိုင်တော့ဘဲနဲ့ အော်ဟစ်ဆူပူလိုက်မိပါတယ်.. "အိပ်ရာပေါ်ကို အဆင်သင့်သွားနေလိုက်စမ်း! မင်းရဲ့အဝတ်တွေချွတ်ထားလိုက်! ဆေးတွေကဘယ်မှာလဲ? ဘယ်နေရာမှာရှိတာလဲ" လိန်ဖန် တော်ဝင်ကိုယ်ရံတော်ဖြစ်လာကတည်းက သူ့ရဲ့ဒဏ်ရာအနာတရတွေ ကိုကုသဖို့ ကျိန်းသေပေါက်ဆေးတစ်ချို့တစ်လေတော့ သူ့မှာရှိမည်ဖြစ်သည်။


"ကြင်ယာတော်မင်းသား..ဒီအစေခံက အပြစ်ပေးခံရဖို့ထိုက်တန်ပါတယ်...."


"မင်း ငါ့စကားကိုနားမထောင်ဘူးဆိုရင် ငါကမင်းသမီးဆီကို သွားပြောရလိမ့်မှာပဲ ...ငါပြောမယ်. ငါတို့မှာ မိန်းမစိုးတစ်ချို့အတွက်လဲ နေရာတွေလစ်လပ်နေတုန်းပဲ...ဒီနေရာဝန်းကျင်မှာ အတော်လေးများပြားတဲ့ ကိုယ်ရံတော်တွေရှိနေတာကို မင်းလည်းမြင်သားပဲ....."


ကြောက်ခမန်းလိလိ အုတ်အော်သောင်းနင်းပြောဆိုသံတွေကို ကြားလိုက်ရပြီးတော့ အပြင်ဘက်ကနေ တိုးတိုးတိတ်တိတ် ခိုး၍ချောင်းနေတဲ့ တော်ဝင်ကိုယ်ရံတော်အားလုံးက ချက်ချင်းပဲ သူတို့ကိုယ်သူတို့ ပုန်းလျိုးကွယ်လျိုးနဲ့မြင်ကွင်းကနေပြီး ပျောက်ကွယ်သွားပါတော့တယ်။


လိန်ဖန်- "............"


"ဆေးပုလင်းတွေက ဗီရိုရဲ့တတိယအထပ်မှာရှိပါတယ်..အနီရောင်ပုလင်းပါ." လိန်ဖန် က အိပ်ရာပေါ်ကိုမျက်နှာမူပြီးမှောက်လျက်လှဲချလိုက်ပါတယ်. သူ့မျက်နှာမှာတော့ မျော်လင့်ချက်မဲ့နေတဲ့အမူအရာအပြည့်နဲ့ပါ။


'တော်လိုက်တာ' လင်ရှန်းက လိန်ဖန်ရဲ့ညွှန်ကြားချက်အတိုင်းရှာလိုက်တော့ အောင်အောင်မြင်မြင်နဲ့ဆေးပုလင်းကိုတွေ့ခဲ့ပါတယ်. အဆင်သင့်စွာပဲ လင်ရှန်းက


ဗီရိုပေါ်မှာကျနစွာရှိနေတဲ့ အဖိုးတန် ရှေးဟောင်းကြွေပန်းအိုးကိုလဲ နှစ်​ခြိုက်စွာ​ထိတွေ့လိုက်သေးပါတယ်။


°°°°°°°°


လိန်ဖန်က အိပ်ရာပေါ်မှာလဲလျောင်းနေခဲ့ပါတယ်. သူ့ရဲ့အဖြူရောင်ဝတ်စုံကိုတော့ မချွတ်ရသေးပါဘူး. သူ့ရဲ့ကျောကုန်းတစ်ခုလုံးမှာလဲ သွေးချင်းချင်းနီနေပြီးတော့ သွေးအသစ်တွေကလဲ တစိမ့်စိမ့်နဲ့ထွက်ရှိနေတုန်းပါပဲ။


လင်ရှန်းက အလွန်တရာသတ္တိရှိနေသလို ပုံဖမ်းထားပေမယ့်လဲ


ဆေးပုလင်းကို ထုတ်ယူလိုက်ပြီးနောက်မှာတော့ ရွံ့တွန့်တွန့်နဲ့ ကြောက်လန့်သွားခဲ့ပါတယ်။ သူမရဲ့လက်တွေက လိန်ဖန်ရဲ့ကျောကုန်းပေါ်ကိုကျရောက်


သွားတော့ သူမက ဝတ်ရုံကိုတောင် လှန်၍မကြည့်ရဲခဲ့ပါဘူး။


"ကြင်ယာတော်မင်းသား... တကယ်လို့ ခင်ဗျားကြောက်နေရင်..ကျွန်တော်လုပ်နိုင်........"


"မင်းရဲ့ခေါင်းပဲသွားကြောက်နေလိုက်တော့! ငါက အဲလောက်ကြောက်နေတဲ့ပုံပေါက်နေလို့လား?" လင်ရှန်းသူမရဲ့ရင်ကိုဖိလိုက်ပြီး နှုတ်ခမ်းတွေကိုက်ကာ အံကိုတင်းတင်းကြိတ်လိုက်ပြီး ကတ်ကျေးနဲ့ ကျောကုန်းကဝတ်စုံကို ထိုးခွဲချလိုက်ပါတယ်။


သူမရဲ့စိတ်ထဲမှာတော့ သူမကိုယ်သူမ အားတင်းထားပေမယ့်လည်း ဝတ်စုံကို သူမ ညှပ်ချလိုက်တဲ့အခါမှာတော့ သွေးနံ့တွေက လေထဲကိုဟောင်ခနဲထွက်လာပါတယ်.. လင်ရှန်း သူမရဲ့အစာအိမ်တောင်ပြန်ထွက်တော့မလို ပျို့တက်လာပါတယ်.. ကျာပွတ်နဲ့အရိုက်ခံရထားတဲ့အရေပြား ကပြင်းပြင်းထန်ထန်ကိုပဲပေါက်ပြဲကာ ဆုတ်ပြတ်နေပါတယ်. ပြီးတော့ အဲဒါက သွေးတောင်မတိတ်သေးပါဘူး..လက်ရှိမှာတော့ လင်ရှန်းရဲ့လိပ်ပြာမလုံတဲ့အဆင့်က အမြင့်ဆုံးကိုရောက် ရှိနေပါတယ်. သူမရဲ့နှာခေါင်းက နှာရည်စို့လာပြီး မျက်လုံးတွေကလဲ မျက်ရည်စို့ကာနီရဲလို့နေပါတယ်။


"နည်းနည်းလေးပဲ စပ်ဖျင်းဖျင်းဖြစ်မှာပါ.. ခဏလေးပါပဲ" သူမရဲ့အော်ဂလီဆန်စွာအန်ချင်သလိုဖြစ်နေတဲ့ ဗိုက်ကိုပြန်ဖိသိပ်ထားပြီး အနာပေါ်ကို အရင်ဦးဆုံးသန့်ရှင်းရေးလုပ်လိုက်တယ်. ပြီးတော့ သူမက ဆေးပုလင်းကိုဖွင့်လိုက် ပြီး အနာတွေပေါ်ကို နဲနဲချင်းစီ လောင်းချလိုက်ပါတယ်။


လိန်ဖန်ရဲ့ကိုယ်လုံးက ချက်ချင်းပင်တောင့်ခနဲဖြစ်သွားပေမယ့် သူကအသံတစ်ချက်တောင် မထွက်ခဲ့ပါဘူး။ သူ့ရဲ့လက်တွေကတော့ အိပ်ရာခင်းကို ဖိဆုပ်ကိုင်ထားလို့သူ့လက်သည်းခွံတွေက ဖြူဆွတ်လို့နေပါပြီ။


လင်ရှန်းလည်းလန့်သွားပြီး ဆေးထည့်နေတာကိုရပ်လိုက်ပါတယ်. သူမအထိတ်တလန့်နဲ့ - "ဟေး...မင်းအဆင်ပြေရဲ့လား?"


"မစိုးရိမ်ပါနဲ့..ကြင်ယာတော်မင်းသား..ဒီအမှုထမ်း အဆင်ပြေပါတယ်."


သူ့အသံကနေပြီး သူက တော်တော်လေးနာကျင်နေတာကို ကျိတ်မှိတ်ပြီး ဖိနှိပ်သည်းခံကြိုးစားနေရ တယ် ဆိုတာ ရှင်းရှင်းကြီးကြားနိုင်ပါတယ်.. လင်ရှန်းလက်တွေက စတင်ပြီးတုန်ရီလာပါတယ်. သူမက ဟိုအရင်တုန်းတည်းက ဒီလိုမျိုးအခြေအနေနဲ့ မကြုံတွေ့ခဲ့ရဖူးပါဘူး။ သူမ စိတ်တွေတောင် လွတ်ထွက်သွားမလို့ပါပဲ ဒါပေမယ့် ရုတ်တရက်ပဲ သူမရဲ့အတိတ်တုန်းက အရေးကြီးတဲ့ အရာတစ်ခုအကူအညီရခဲ့ဖူးတာကို ပြန်တွေးမိလိုက်ပါတယ်။


အဲဒီတုန်းက သူမအရမ်းပဲငယ်သေးပြီးတော့ သူမ ချော်လဲသွားပြီး သူမရဲ့ဒူးခေါင်းပေါက်ပြဲသွားတဲ့ အချိန်ကိုပြန်ပြီး စဉ်းစားလိုက်မိပါတယ်. အဲဒီတုန်းက သူမက ကလေး လေးတစ်ယောက်လိုအော်ဟစ်ငိုယိုနေခဲ့တော့ သူမရဲ့အဖွားက သူမရဲ့အနာကိုအာငွေ့နဲ့မှုတ်ပေးခဲ့ပါတယ်.. သူမအဘွားပြောခဲ့ပါတယ်...


"ရှန်းရှန်းက လိမ္မာပါတယ်......တစ်ခါမှုတ်ပြီးသွားရင် မနာတော့ဘူးနော်...ဖူး...ဟူး.....ဘာမှမဖြစ်တော့ဘူး.. နောက်ထပ်မနာတော့ဘူးနော်... နောက်ထပ်မနာတော့ဘူး................"


ထို့ကြောင့်ပင် လင်ရှန်းက လိန်ဖန်ရဲ့ အနာပေါ်ကိုအာငွေ့နဲ့မှုတ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။


လိန်ဖန်အတွက်တော့နာကျင်မှုကို ပျောက်သွားအောင်လို့ အစွမ်းကုန်ကြိုးစားနေရတာက သူ့အတွက် တော့ ပထမဦးဆုံးပါပဲ။ သူ့ရဲ့ခေါင်းထဲမှာတောင်ပြာဝေပြီး အရာရာမှုန်ဝါးဝါးဖြစ်လုနီးပါးကိုပဲ နာကျင်ခံစားနေရပါတယ်။ ရုတ်တရက်ပဲ သူ့ရဲ့ကျောကုန်းပေါ်ကို လေငွေ့မှုတ်နေသလို ခံစားရပြီး နူးညံ့ပျော့ပြောင်းတဲ့အသံသာသာလေးတစ်ခုကလဲ သူ့ရဲ့နားထဲကတိုးဝင်လို့ရောက်လာပါတယ် "ဖ..ဟူး...... ဘာမှမဖြစ်ပါဘူးနော်...မနာတော့ဘူး..နောက်ထပ်မနာတော့ဘူးနော်......." ချော့မြှူတဲ့အသံသာလေးကလဲ ဆက်တိုက်ဆိုသလို သူ့ရဲ့နားထဲကိုဝင်ရောက်လာခဲ့တာက သက်တောင့်သက်သာဖြစ်စေတဲ့ လက်မောင်းတစ်စုံလိုပါပဲ။ အဲဒီအသံက သူ့ရဲ့နှလုံးသားရဲ့အနူးညံ့ဆုံးအပိုင်းထိကို နွေးထွေးကြင်နာစွာနဲ့ ထွေးပွေ့နေသလိုပါပဲ သက်တောင့်သက်သာရှိစေပါတယ်။ သူ့ရဲ့နာကျင်မှုကိုတောင် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွား စေပါတယ်။


သမိုင်းအစကနေ အခုချိန်အထိ ဆေးလိမ်းနေတုန်းမှာပဲ အိပ်မောကျသွားတဲ့တစ်ဦးတည်းသော သူကတော့ သေချာပေါက်ကို လိန်ဖန်တစ်ယောက်သာလျင်ဖြစ်ပါလိမ့်မည်။


'...သူအိပ်ပျော်သွားတာပဲ ကောင်းပါတယ်လေ.. အဲဒါကသူအဆင်ပြေနေပြီလို့ ယူဆရမှာပဲ.။ ဒါပေမယ့် ငါကိုယ့်ငါ အပြစ်ရှိတယ်လို့ခံစားနေရသေးတယ်!..လင်ရှန်းက လိန်ဖန်ရဲ့အနာတွေကို ဆေးမလိမ်းရသေးတဲ့နေရာတွေများကျန်နေမလားဆိုပြီး သေချာသွားအောင်နောက်ထပ်စစ်ကြည့်လိုက်ပါ တယ်..ပြီးတော့ သူမက မတ်တပ်ရပ်လိုက်ပြီး ဆေးပုလင်းကို ဗီရိုပေါ်မှာပြန်ထားလိုက်ပါတယ်...သူမက သွားဖို့ပြင်လိုက်ပါတယ်။


အဲဒီအချိန်မှာပဲ သူမရဲ့မျက်လုံးတွေကစားပွဲခုံပေါ်က ရွှေဓားစလွယ်ပေါ်ကို အလှည့်ရောက်သွားပါတယ်. အဲဒါက သိုးကလေးက သားသတ်ရုံထဲမှာ အသတ်ခံရဖို့စောင့်နေရသလိုပဲ. စားပွဲပေါ်မှာထွန်းထား ဖယောင်းတိုင်မီးအရောင်ကလဲ ပိုးဖလံလေးကို


မီးကိုတိုးဖို့.... သူမကို လာပါတော့ ဆို​ပြီး လှမ်းခေါ်နေသလိုပါပဲ .... "လာပါ..လာပါ.အရမ်းလှတဲ့.လိပ်ပြာငယ်လေးရေ!"


လင်ရှန်း ခြေလှမ်းတွေကို နောက်ပြန်ဆုတ်လိုက်ပြီးတော့ သူမရဲ့လက်က ဓားပေါ်ကို ကျရောက်သွားပါတယ်. ဒါပေမယ့် သူမ ရုတ်တရက် ရပ်လိုက်ပြီးတော့ လိန်ဖန်ကို ကြည့်မိလိုက်ပါတယ်. သူမ ရဲ့စိတ်ကိုကြံ့ကြံ့ခံလိုက်ကာ အံတင်းကြိတ်လိုက်ပြီးတော့မှ သူမရဲ့လက်ကို ပြန်ဆွဲယူလိုက်ရပါတယ်။


"နောက်တစ်ကြိမ် နင်အဲဒီပစ္စည်းကိုကြိုက်တယ်ဆိုရင်တော့ ဒီအဖြစ်ပျက်ကိုအခွင့်ရေးယူတယ်လို့တော့ ငါ့ကို အပြစ်မတင်ဘူးမဟုတ်လား!" ဝန်လေးစွာနဲ့သူမမျက်လုံးကို ရွှေဓားစလွယ်ပေါ်က မခွာချင် ခွာချင်နဲ့ခွာပြီး အခန်းအပြင်ကို ထွက်လာခဲ့ပါတယ်။


°°°°°°°°


လင်ရှန်း လိန်ဖန်ရဲ့ အဆောင်ထဲက ထွက်လာတဲ့အချိန်မှာတော့ နေတောင်ဝင်လို့သွားခဲ့ပါပြီ။ ပတ်ဝန်းကျင်မှာကင်းလှည့်နေတဲ့တော်ဝင်ကိုယ်ရံတော်အရေအတွက်က ပိုပြီးထူထပ်လာပါတယ်. မနေ့ညကနန်းတော်ထဲကို လုပ်ကြံသူကဘယ်လိုဖျတ်ဆီးဝင်ရောက်ခဲ့တယ်ဆိုတာက အထူးအဆန်းတွေးစရာ မဟုတ်တော့ပါဘူး။ ဒီနေ့မှာတော့ တာဝန်လစ်ဟင်းမှုကြောင့်အပြစ်ပေးခံရတဲ့ တော်ဝင်ကိုယ်ရံတော်ချုပ်က ကျာပွတ်ရဲ့ဒဏ်ရာကနေ ပြန်လည်သက်သာလာပါပြီ. ထို့ကြောင့်ပင် သိသိသာသာပဲ ကိုယ်ရံတော်များစွာကတူညီတဲ့အဖြစ်မျိုးမဖြစ်ရအောင်ရှောင်ရှားချင်နေကြ ပါတယ်.


'ယောက်ျားတစ်ယောက်ရဲ့ဘေးမှာရှိနေတာတောင် နန်းတွင်းအပျိုတော်တွေက ဘာကြောင့်အရမ်း ထူးထူးဆန်းဆန်းပြုမူနေရတာများလဲ?'


..သူမတော်ဝင်ပန်းဥယာဉ်ကို ဖြတ်သွားတော့ နန်းတွင်းသူတွေကို သူမကြည့်မိလိုက်တော့ ပုံမှန်ထက်ကို ထူးထူးခြားခြားပြုမူနေတာကို လင်ရှန်းသတိထားမိပါတယ်. သူတို့တွေက အရမ်းလွန်ကျူးကျူးတောက်တောက်ပြောင်ပြောင်တွေဝတ်ဆင်လို့ထားပြီး သူမတို့အားလုံးရဲ့မျက်နှာတွေမှာလဲ အပြုံးပန်းတွေဝေဆာနေကြပါတယ်.. ပြီးတော့လဲ သူမတို့ရဲ့ခိုးခိုးခစ်ခစ်နဲ့ တခစ်ခစ်ရယ်သံတွေကလဲအဝေးကနေ တောင်ကြားနေရပါတယ်..သူတို့က ကျိန်းသေပေါက်ကိုပဲ ဟဿာႅပြဒါးကွေးအိမ်တော်က မိန်းကလေးတွေနဲ့တောင်


ပြိုင်လို့ရနေပါပြီပဲ!


ဘာကြီးပါလိမ့်။ နန်းတော်က ဟင်္သါပြဒါးကွေးအိမ်တော်ရဲ့အလုပ်ကိုတောင် ခိုးယူဖို့ကြိုးစား နေတာများလား။ ဒါ တကယ်ကောင်းတဲ့အကြံပဲ နန်းတွင်းထဲမှာ လူသူအင်အားအများကြီးရှိနေတာက လူ့စွမ်းအားအရင်းအမြစ်ကို ဖြုန်းတီးလို ဖြစ်နေတာမဟုတ်လား။ ဘာလို့ သူတို့ကို အလုပ်အကိုင်သစ်တွေ


မပေးရမှာလဲ......


လင်ရှန်းတစ်ယောက် ထပ်ပြီးတော့ အတွေးလွန်နေပြန်ပါပြီ။ သူမ နေ့ခင်းကြောင်တောင်ကြီး စိတ်ကူးယဉ်အိမ်မက်ကမ္ဘာထဲမှာ လမ်းလျှောက်နေခဲ့ပါတယ်... ရုတ်တရက် နန်းတွင်းသူနှစ်ယောက်ရဲ့ခေါင်းနဲ့ ဝင်တိုက်မိသွားခဲ့ပါတော့တယ်။


အပျိုတော်နှစ်ယောက်က သူတို့ ကိုသူတို့ ကြင်ယာတော်မင်းသားနဲ့ဝင်တိုက်မိတာကို သိသိချင်း ချက်ချင်းပင် သူတို့ရဲ့ဒူးတွေကိုထောက်ချလိုက်ကာ- " ဒီအစေခံတွေ မှားသွားပါတယ် ..ကျေးဇူးပြုပြီး ကျွန်တော်မျိုးမတို့ကို ခွင့်လွှတ်ပေးပါ.. ကြင်ယာတော်မင်သား"


"ထလိုက်တော့....မင်းတို့နှစ်ယောက်လုံးပဲ" လင်ရှန်း ရေးကြီးခွင့်ကျယ်မလုပ်ဘဲ လျင်မြန်စွာပဲ အပျိုတော်တွေကို ထလိုက်ဖို့ပြောလိုက်တယ်.. သို့သော်လည်း.. သူမ သူတို့တွေရဲ့မျက်နှာကို မြင်လိုက်တဲ့ အခါမှာတော့ သူမ မူး​မေ့လဲတော့မလိုဖြစ်သွားပါတယ်။


'ညီမလေးတို့ရယ် နင်တို့ တကယ်ကြီးပဲလား? နင်တို့အဲ့လောက်ထိ မိတ်ကပ်အထူကြီးလိမ်းစရာ မလိုဘူး.မဟုတ်လား!? နင်တို့ရဲ့ အရည်အချင်းနဲ့ ဟဿာႅပြဒါးကွေးအိမ်တော်ရဲ့နေရာကို ခိုးနိုင်မယ်လို့ ထင်နေတာလား? ခေါင်းတလားရောင်းတဲ့ဆိုင်ပိုင်ရှင်ကတော့ သေချာပေါက်ကို သေလောက်အောင်ပဲ ရယ်နေကြတော့မှာပဲ။'


လင်ရှန်း သူမရဲ့ချွေးစေးတွေကိုခါထုတ်လိုက်ပြီး မေးလိုက်ယ်... "ရပါတယ်..ငါ့ကိုပြောစမ်းပါအုံး မင်းတို့ဘာလို့ဒီလောက်တောင်အရမ်းပျော်မြူး နေကြတာလဲ?"


နန်းတွင်းသူနှစ်ယောက်က သူတို့ရဲ့ဦးခေါင်းတွေကိုငုံ့လျက် ဝေ့ခနဲပြန်ကြည့်လိုက်ပြီး ရှက်​ြပုံး ပြုံး ပြီး တော့ ပြုံးရယ်လိုက်ကာ -


"...အိမ်ရှေ့စံမင်းသား ပြန်လည်ရောက်ရှိလာလို့ပါ ကြင်ယာတော်မင်းသား!"


'အော် ဒါကြောင့်ကိုး!...


နန်းမြို့တော်ရဲ့ ရေပန်းအစားဆုံးအမျိုးသားစာရင်းဝင် နံပါတ် ၁ နေရာကိုအမြဲတမ်းချိတ်ဆွဲထားတဲ့သူက ပြန်ရောက်လာတာပဲ! ကောလဟာလတွေပြောကြတာက ယောက်ျားလေးတွေက သူတို့ကိုယ်သူတို့တောင် သင်းကွပ်ချင်သွားပြီး မိန်းကလေးတွေက သူ့ကိုမြင်လိုက်ရတာနဲ့အရှုးအမှုးဖြစ်သွားကြတယ်ဆိုပဲ. အိမ်ရှေ့စံမင်းသားက ရန်သူတွေကို ချေမုန်းပြီး အောင်ပန်းဆင်ပြီး ပြန်ရောက်လာခဲ့တာပဲကိုး။'


End...