Chapter 13
Viewers 11k

အပိုင်း(၁၃)


အိမ်ရှေ့စံမင်းသားက ရန်သူ့ဟန်စစ်တပ်ကို အနိုင်ရရှိလာခဲ့ပြီး သူ့ရဲ့စစ်သည်တော်တွေကို အောင်မြင်စွာနဲ့ အိမ်တော်ရာကို ခေါ်ဆောင်လာခဲ့တာပဲဖြစ်သည်။ သတင်းစကားတွေရောက်လာတော့ တိုင်းပြည်တစ်ခုလုံးက ချိမ့်ချိမ့်သဲသဲ အောင်ပွဲခံခဲ့ကြပါတယ်။ တုဟောင် နှင့် သူ့ရဲ့စစ်သည်တော်တွေကမြို့တော်ရဲ့ ၁၀လီ* (တရုတ်ရှေးအတိုင်းအတာအရဆိုရင် 1 li = 500 m approx : - 1640.5 ft = 0.31 miles ရှိပါတယ်) အကွာအဝေးရောက်နေချိန်မှာတော့ နန်းတော်တစ်ခုလုံးက မီးပုံးအိမ်တွေနဲ့ ကာလာစုံတဲ့ ကြိုဆိုရေးအောင်လံတံခွန်တွေကို ဖိတ်ဖိတ်တောက် တန်ဆာဆင်လို့ပြီးသွားပါပြီ. မရေမတွက်နိုင်တဲ့ တော်ဝင်ကိုယ်လုပ်တော်တွေ နဲ့နန်းတွင်းသူတွေက သူမတို့ရဲ့အလှပဆုံးသောအဝတ်အထည်တွေကို ဝတ်ဆင်လို့ သူမတို့ ရဲ့သူရဲကောင်းကြီးပြန်အလာကို မျှော်လင့်တကြီးစောင့်စားလို့နေကြပါပြီ။


မရေမတွက်နိုင်တဲ့ တော်ဝင်ကိုယ်လုပ်တော်တွေ နဲ့နန်းတွင်းသူတွေက သူမတို့ရဲ့အလှပဆုံးသောအဝတ်အထည်တွေကို ဝတ်ဆင်လို့ သူမတို့ ရဲ့သူရဲကောင်းကြီးပြန်အလာကို မျှော်လင့်တကြီးစောင့်စားလို့နေကြပါပြီ။


ဒီလိုမျိုး စိတ်အားထက်သန်နေတဲ့လေထုကြီးက ကျူးကျော်သူကိုအထိတ်တလန့် ဖြစ်နေရတဲ့ အကြောက်တရားကို ဖယ်ထုတ်လိုက်နိုင်ခဲ့ပါတယ်. ထပ်ပြီးပြောရမယ်ဆိုရင်တော့ တော်ဝင်ကိုယ်ရံတော်တစ်ယောက် ဖြစ်ပြီး သူ့ရဲ့တာဝန်လစ်ဟင်းမှုကြောင့် အပြစ်ပေးခံရတဲ့လိန်ဖန်ကို အရေးမလုပ်နိုင်တော့ပဲ အခြားသူတွေကို အာရုံပြောင်းစေတာပဲဖြစ်တယ်. လိန်ဖန်ကျော်ကြားနေချိန်မှာ သူ့ကို ဝန်းရံနေခဲ့ကြတဲ့ ရာထူးကြီးကြီး နှင့် ငယ်ငယ် သော မင်းမှုထမ်းတွေအားလုံးပဲ စုန်းစုန်းပျောက်လို့ သွားကြပါပြီ. သူ့ကိုကြိုက်နှစ်သက်ခဲ့တဲ့ နန်းတွင်းသူတွေတောင်မှ သူ့ကိုရှောင်ရှားလို့နေကြပါပြီ. ဘယ်သူကမှလဲ သူ့အကြောင်းကို အရေးတယူလုပ်ပြီးကြာရှည် မဆွေးနွေးကြရဲတော့ပါဘူး။


ငါတို့ရဲ့ အမျိုးသမီးဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့ လင်ရှန်းမှတစ်ပါးပဲ ဖြစ်လေတယ်။ လက်ရှိမှာတော့ သူမက လိန်ဖန်ရဲ့အခန်းထဲမှာရှိနေပါတယ်...သူမဘာများလုပ်နေပါလိမ့်?. အလွန့်အလွန်ကို တန်ဖိုးရှိလှတဲ့ ရှေးကျတဲ့ကြွေပန်းအိုးတွေကို ကိုင်တွယ်ထိတွေ့နေတာပဲ!


'ကြည့်စမ်းပါဦး!. ကြည့်စမ်းပါဦး! သိမ်မွေ့လက်ရာမြောက်တဲ့ ကြွေထည်တွေကိုလဲ ကြည့်လိုက်စမ်းပါဦး!!! အရောင်စုံတဲ့ကျောက်မျက်ရတနာတွေကိုလဲ ကြည့်ပါရစေအုံး! ဒါကသေချာပေါက်ကို ထိပ်တန်းအရည်အသွေးရှိတဲ့ အရာတွေပဲ!'


လင်ရှန်းကို အထင်မလွဲလိုက်ပါနဲ့ဦး။ သူမက ငွေကိုစွဲစွဲလမ်းလမ်းဖြစ်နေပေမယ့်လဲ သူမက အကန်းမဟုတ်ပါဘူး. နောက်ဆုံးအကြိမ် သူမ မင်းသမီးနဲ့မဂႅလာဆောင်ပြီးသွားကတည်းက တော်ဝင်ဆွေတော်မျိုးတော်တွေထံကနေ သူမက လှပတယ်လို့အမည်တပ်လို့ရတဲ့ မြောက်များစွာသော အရာမှန်သမျှကို လက်ဆောင်တွေအဖြစ် ပေးအပ်ခြင်းခံခဲ့ရပါတယ်. ဒါပေမယ့် သူမ တကယ့်ပစ္စည်းအစစ်တွေကို ကြည့်ပြီးတဲ့အခါမှာတော့ သူတို့တွေက အရမ်းဆိုးရွားနိမ့်ကျတဲ့ အရည်အသွေးတွေ ဖြစ်နေခဲ့တာပဲဖြစ်သည်!


"နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိတဲ့ တောင်ဂျင်ဆင်း" သေလိုက်ပါလား! ဒါကို ကြည့်တာနဲ့တင်ကို ပုံမှန်မုံလာဥဖြူလေးတစ်လုံးထက် နည်းနည်းဆိုမှ နဲနဲလေးပ ဲပိုကောင်းတာလေးကိုများ.. သူတို့ကများ ငါ ကြင်ယာတော်မင်းသားကို ငပိန်းတစ်ကောင်လို့များထင်နေတာလား? သူမက ထော်ဘော်(Taobao) ရဲ့ ဒိုင်းမွန်းအဖွဲ့ဝင်ရှင့် ဟုတ်ပြီလား?' (taobao ဆိုတာက တရုတ်ပြည်ရဲ့လူကြိုက်အများဆုံး online shopping site တစ်ခုပါတဲ့ရှင်) 'ပုံလေးတစ်ပုံကတောင် သူမအတွက် ကောင်းလား မကောင်းလားဆိုတာဆုံးဖြတ်ဖို့ လုံနေပြီ ရှင့်။ ပစ္စည်းတွေကို ရှေ့တည့်တည့်မှာတောင်ချပြစရာတောင်မလိုဘူး။'


'ဒီပန်းအိုးလေးကတော့ သေချာပေါက် ငွေတွေအများကြီးတန်မဲ့ပုံစံပဲ!'


လင်ရှန်းရဲ့လက်က ရောက်ကတည်းက ပန်းအိုးပေါ်က မခွာတာတွေ့လေတော့ အိပ်ရာပေါ်က ဝေဒနာဖိစီးနေတဲ့ လိန်ဖန်က မနေနိုင်ဘဲ ထပြောလိုက်တယ်...


"ကြင်ယာတော်မင်းသားက ဒီပန်းအိုးကိုကြိုက်တယ်ဆိုမှတော့ ဒီအမှုထမ်းက ကြင်ယာတော်မင်းသားကိုပေးလိုက်ပါ့မယ်."


'မင်း ငါ့ကိုလာနောက်နေတာလား။ မင်းအရမ်းစိတ်စေတနာကောင်းတာ ငါသိခဲ့ရင် ငါဒီပန်းအိုးကို မထိခဲ့ပါဘူး..အဲဒီအစား ရွှေဓားစလွယ်လေးဆိုရင်ရော!' လင်ရှန်း ရဲ့ရင်ထဲမှာတော့ နောင်တတွေ အပြည့်ဖြစ်နေပါတယ်. မူလကတော့ သူမက ပန်းအိုးကိုယူသွားဖို့ အစီအစဉ်ဆွဲနေခဲ့တာပါ. ဒါပေမယ့် လိန်ဖန်ရဲ့အခန်းထဲကို လှည့်ပတ်ကြည့်လိုက်တော့ သူမက ပြောင်ရှင်းနေတဲ့ နံရံလေးဘက်လေးတန်ပဲ တွေခဲ့ရတာပဲဖြစ်သည်. သူက တော်ဝင်ကိုယ်ရံတော်ချုပ်တစ်ယောက်ဖြစ်ပြီးတော့ ဟုတ်ပါတယ်..ပန်းအိုးကသာလျှင် သူ့ရဲ့အခန်းထဲမှာရှိတဲ့ တန်ဖိုးအကြီးဆုံးပစ္စည်း ဖြစ်နေခဲ့တာပဲဖြစ်သည်. သူမသာ ပန်းအိုးကိုယူသွားခဲ့ရင်တော့လား သူမက အရမ်းစာနာစိတ်မရှိတဲ့သူ ဖြစ်မသွားပေဘူးလား။


သူမရဲ့နှလုံးသားကနူးညံ့သွားခဲ့ပြီး..သူမကပျူငှာစွာပဲပြန်ပြောလိုက်သည်. "မယူတော့ပါဘူး...ရပါတယ်.. ရပါတယ်.." ဒါပေမယ့် သူမရဲ့စိတ်ထဲမှာကတော့ လိန်ဖန်က သူမကိုအတင်းအကျပ် ထိုးပေးဖို့ မျှော်လင့်တကြီးစောင့်စားနေပါတယ်။


'ခဏလေးပါပဲ ခဏလေးစောင့်လိုက်ပြီးတော့ ငါ ပန်းအိုးကိုယူလို့ရပြီ။'


ဒါပေမယ့် လိန်ဖန်က တစ်စုံတစ်ယောက်လိုမျိုး ညဏ်နီညဏ်နက်နဲ့ ကူလီကူမာ လုပ်တတ်ကာ ဝေ့ဝိုက်ပြီး သွားတတ်တဲ့သူမျိုး မဟုတ်ခဲ့ပါဘူး။ အဲဒီအရာကို ဒီလူက မလိုချင်ဘူးဆိုမှတော့ သူက အတင်းအကျပ်ပေးမယ့်သူတော့ မဟုတ်ပေ။..အဲဒီအစား သူကဖတ်လက်စ စာအုပ်ကိုပဲဆက်လက် ဖတ်ရှုနေပါတယ်။


သနားဖို့ကောင်းတဲ့လင်ရှန်းလေးကတော့ အကြာကြီးစောင့်နေခဲ့ရပေမယ့် လိန်ဖန်ကသူမကို အတင်းကြီးပေးမနေခဲ့ပါဘူး။ သူမကအရမ်းကြီးညင်သာသွားတော့ သူက သူမစကားတွေကို အတည်ယူသွားခဲ့တာပဲလို့ သူမက နားလည်ပေးခဲ့ပါတယ်။..


'ဟယ်လို..ဟေး..ငါကအရမ်းပဲသဘောကောင်းနေလို့များလား' လင်ရှန်း နောက်ဆုံးတော့သူမအပြူအမူ အတွက်နောင်တရသွားပါပြီ။ သူမ ကြွေပန်းအိုးကို နောက်ထပ်တစ်ခါထပ်ကြည့်လိုက်ပါတယ်.. ပစ္စည်းကောင်းတစ်ခုကို လက်လွတ်ဆုံးရှုံးလိုက်ရသလို ခံစားသွားရပါတယ်. သူမရဲ့အသည်းလေးက တစစ်စစ်နဲ့နာကျင်နေရပါပြီ။


'မေ့လိုက်ပါတော့! မျက်လုံးနဲ့မှမကြည့်ရင် မမြင်နိုင်တော့ နှလုံးသားက ဝမ်းနည်းရမှာမဟုတ်တော့ပါဘူး။' သူမ မျက်လုံးကိုပန်းအိုးပေါ်ကနေခွာလိုက်ပြီးတော့ လိန်ဖန်ရဲ့ဘေးနားက ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်.. သူက စာပဲဖတ်နေခဲ့တော့ သူမကလဲ သူစာဖတ်နေတာကိုပဲ စိုက်ကြည့်နေလိုက်တယ်.. သူမက သူ့ကို မိနစ်အနဲငယ်လောက်ကြာတဲ့အထိအောင် စူးစိုက်ကြည့်နေခဲ့တော့ လိန်ဖန်က နောက်ထပ်သတိမပြုပဲမနေနိုင်တော့ဘဲနဲ့ -


"ကြင်ယာတော်မင်းသား ...ကိစ္စတစ်ခုခုရှိလို့လား"


"မရှိပါဘူး" လင်ရှန်း သူမရဲ့ခေါင်းကိုခါရမ်းလိုက်တယ်. ပြီးတော့သူမ က သူမရဲ့မေးစေ့ကို လက်နဲ့ထောက်ပြီးဆက်ပြီးတော့ ငေးကြည့်နေပါတယ်။


"အဲဒါဆို ဘာလို့ ကြင်ယာတော်မင်းသားက ဒီအမှုထမ်းကို ဒီလိုပုံစံမျိုးကြီးစိုက်ကြည့်နေတာလဲ"


"ငါပျင်းနေလို့! ငါ့ကိုလျစ်လျူရှုထားလိုက်စမ်းပါ... ဆက်ဖတ်.!.. ဆက်ဖတ်.!"


လိန်ဖန်- "............"


နောက်ထပ်အချိန်အနဲငယ်ကြာပြီးတဲ့နောက်မှာတော့ လင်ရှန်းနောက်ထပ်ဆက်ပြီးတော့ မကြည့်နိုင်တော့ပါဘူး... သူမရဲ့မျက်လုံးတွေက အခန်းတစ်ပတ်လည်လုံးကို ပတ်ချာလှည့်ပြီး လှည့်ပတ်ကြည့်ရှုနေပြန်ပါတယ်..ရုတ်တရက် သူမတစ်ခုခုကိုသတိရသွားကာ-


" အိုး..ဟုတ်သားပဲ မင်း စားပြီးသွားပြီလား"


"ဒီအစေခံက နေ့လယ်စာ စားခဲ့ပြီးသွားပါပြီ။"


"အဲဒါက နေ့လယ်စာလေးပဲလေ၊ အခု ဘယ်အချိန်ရှိနေပြီလဲ။ အစာချေသွားတာဖြင့်ကြာနေပြီ မဟုတ်လား၊ မင်း ဘာစားချင်လဲ။ ငါ မင်းအတွက် သွားယူပေးမယ်လေ. မင်း ကိတ်မုန့်စားတယ် မဟုတ်လား။"


"ဒီအစေခံက ချိုတဲ့အစာတွေ


မစားပါဘူး"


"ငါတော်ဝင်စားဖိုဆောင်ကိုသွားပြီးတော့ မင်းအတွက် ခေါက်ဆွဲတချို့ သွားကြော်ခိုင်းလိုက်ရမလား"


"......ဒီအစေခံက ဗိုက်မဆာပါဘူး"


ထပ်အငြင်းခံရရင်း .. ထပ်အငြင်းခံရရင်းနဲ့ လင်ရှန်းတစ်ယောက် စိတ်ကပိုတိုတိုလို့လာကာ-


" ငါတကယ်ပျင်းနေပြီနော်.. ငါ့အတွက် ထည့်စဉ်းစားပြီးတော့ ဗိုက်ဆာတယ်လို့ပြောလိုက်ရင် မင်း အသတ်ခံရမှာ မို့လို့လား?" သူမက သူမရဲ့​အင်္ကျီအိတ်ကပ်ထဲကနေ သစ်ကြားသီးတွေကိုဆွဲထုတ်လိုက်ပြီး အိပ်ရာပေါ်ကိုပစ်ချလိုက်ကာ-


"ငါမင်းစားဖို့ သစ်ကြားသီးတွေကို အခွံခွာပေးမယ်.! ဒါတစ်ချက်လွှတ်အမိန့်ပဲ ! မင်းကို ပယ်ချဖို့ ခွင့်မပေးဘူး!."


လိန်ဖန်- "..............."


လိန်ဖန် အကြောင်းကို ပြောရမယ်ဆိုရင်တော့ သူက အတော်လေး စိတ်မကောင်းဖြစ်ဖွယ်ရာ ဘဝလေးပါပဲ. ရွှေဓားကိုင်ကိုယ်ရံတော်တစ်ယောက်အဖြစ်နဲ့ သူရဲ့ပဟေဠိဆန်တဲ့မျက်နှာဖုံးကို ထည့်ပေါင်းလိုက်ပြီးတော့ သူ့ရဲ့ပုံရိပ်ကလဲ ဘုန်းတော်ကြီးတစ်ပါးမျိုး တည်တည်တန့်တန့် လေးနက်မှုရှိခဲ့တာပါ. နှစ်တော်တော်များများကို ဒီလိုမျိုးတွေနဲ့ပဲ အသက်ရှင်ခဲ့တဲ့နေထိုင်လာခဲ့ပြီးတဲ့နောက်မှာလဲ သူ့ကိုယ်သူလဲ အဲဒီလိုလူမျိုးလို့လဲ လက်ခံခဲ့ပြီးသားပဲ။ အခြားသူတွေနဲ့ပြောဆိုဆက်ဆံရင်လဲ သူကအမြဲတမ်းပဲ အေးစက်စက်နဲ့ ရည်မွန်တဲ့သူတစ်ယောက်ပဲဖြစ်သည်။


ဒါပေမယ့် သူ့ရဲ့ဘဝထဲကို


ဒီကြင်ယာတော်မင်းသားရှုးရှုးပေါပေါလေး ဇွတ်တိုးပြီးဝင်လာကတည်းက အရာအားလုံးကပြောင်းလဲသွားသလိုပဲ ထင်နေမိပါတယ်. ဟဿာႅပြဒါးကွေးအိမ်တော်မှာ မတော်တဆမှုဖြစ်ပြီးသွားတဲ့နောက်မှာတော့ သူ့ဆီမှာ သူနဲ့ပတ်သတ်ပြီးတော့ ထူးခြားဆန်းပြားတဲ့ခံစားချက်တစ်ခုက ရှိလာခဲ့ပါတယ်.. အဲဒါက အတော်လေးရှုးကြောင်တောင်နိုင်ပြီးတော့ သူ့ကိုယ်တိုင်တောင်မှဘာလဲဆိုတာကို အဓိပ္ပာယ်မဖွင့်ဆိုတတ်ပါဘူး... အဲဒါက အသေအချာကြီး အသေးစိတ်ဆန်နေတာလဲ မဟုတ်ဘူး.. မနှစ်သက်တာ စိတ်ပျက်နေတာမျိုးလဲ မဟုတ်ပြန်ဘူး.. ဒါပေမယ့် အခြေခံအားဖြင့်တော့ သူ.မကြာခဏလာ လာနေရင် သူ့ဆီမှာစိတ်တိုသလိုစိတ်ရှုတ်သလိုဖြစ်သား .ဟုတ်သား။..မလာရင်လဲ သူ့မှာ သူ့အကြောင်းကိုတွေးနေမိပြန်ရော။


ဒီလိုမျိုး ထူးခြားနေတဲ့သူ့စိတ်အခြေအနေက အတိတ်ကတည်းက ခိုင်မာပြီး မယိမ်းမယိုင်ဘဲနေလာခဲ့တဲ့ သူ့ရဲ့သဘောထားတွေကိုတောင် ထိခိုက်လာခဲ့ပါတယ်. အမှန်တကယ်ကိုပဲ ကြင်ယာတော်မင်းသားကို သူ့ရဲ့အိပ်ရာဘေးမှာ သစ်ကြားသီးတောင် အခွံခွာဖို့ ခွင့်ပြုထားခဲ့ပါတယ်။


လင်ရှန်းဘက်ကရော..သူမ မှာလဲ စိတ်မကောင်းစရာ ဘဝအခြေအနေနဲ့ပါပဲ။ သူမ အတိတ်ကနေ အချိန်ကူးပြောင်းမလာခင်က TV ထဲကနေပြီး နန်းတွင်းထဲကနေရာလုပွဲ ဇာတ်ကားတွေအများကြီးကိုကြည့်ခဲ့ဖူးပါတယ်. ဒါပေမယ့်ကြည့်ရတာတော့ သူမကအဲဒီဇာတ်ကားတွေကနေ ဘာတစ်ခုမှသင်ခန်းစာယူခဲ့ပုံ မပေါက်ပါဘူး. အဲဒီအစား သူမက အမြဲတမ်းပဲ အန္တရာယ်တွေနဲ့ပဲဆက်သွယ်မှုရနေတဲ့ပုံပေါက်ပါတယ်. သူမက ကြည့်ရတာကတော့ ကံကောင်းမှုတွေနဲ့ ‌အဝေးကြီးမှာရောက်နေတဲပုံပါပဲ။


နန်းတော်ထဲကိုရောက်လာတဲ့အချိန်တွေမှာလဲ TV ထဲမှာပြသထားသလိုမျိုး သေချာပေါက်ကို စိတ်လှုပ်ရှား မနေခဲ့ပါဘူး.. တကယ်တော့ လင်ရှန်း က အရမ်းအရမ်းကို အပျင်းလွန်နေခဲ့တာပါ. သူမဆီမှာ ကွန်ပျူတာလည်းမရှိသလို ဖုန်းလည်းရှိမနေခဲ့ပါဘူး။ ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ ယောက်ကျားလေးတွေကိုလဲ တစ်ချက်လေးမှတောင် မကြည့်ရခဲ့ပါဘူး။ သူမ..စိတ်ကူးထဲမှာနစ်မြုတ်နေတာက သူသာ မိန်းမလျာတစ်ယောက်အဖြစ်ပြောင်းသွားခဲ့ရင် ဘာဖြစ်မလဲဆိုတာပါပဲ!။


ဒီအကြာင်းတွေကိုတွေးနေရင်တော့ အနည်းဆုံးတော့ လိန်ဖန်မှာ ရွှေဓားစလွယ်ရှိတယ်လေ.. ရွှေဓားစလွယ်ကသာ သူမရဲ့ စိတ်ကျဝေဒနာကို ကူညီပေးနိုင်မှာပဲ ဖြစ်သည်။


လက်ရှိမှာတော့ ပျင်းရိနေတဲ့လင်ရှန်းက နောက်ဆုံးမှာတော့ သစ်ကြားသီးအခွံနွာစရာ အလုပ်တစ်ခု တွေ့သွားခဲ့ပါပြီ။ သူမ စိတ်မလှုပ်ရှားခဲ့တာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာတဲ့လဲ။ သူမ က သစ်ကြားသီးခွာဖို့ကို အရမ်းအာရုံစူးစိုက်နေရတာ အဲဒါက သူမရဲ့ အစိုးရဝင်ခွင့် စာမေးပွဲဖြေရတာနဲ့တောင် နိုင်းယှဉ်လို့ရနေပြီ။ အိပ်ရာပေါ်မှာထိုင်နေတဲ့လိန်ဖန်ကတော့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး။ သူမအခွံခွာနေတုန်း သူ စာထိုင်ဖတ်နေရတာက အရမ်းပဲမယဉ်ကျေးရာကျနေတာ.. အဲလိုကြောင့်မို့ သူမကိုပဲ ကြည့်နေဖို့ပဲ သူ ဆုံးဖြတ်လိုက်တယ်. လင်ရှန်းကို ခဏလေးပဲငေးကြည့်နေပြီးတဲ့နောက်မှာတော့ သူ့ရဲ့နှလုံးသားက စတင်ပြီးလှုပ်ခပ်လို့လာခဲ့ပါတယ်။


'သူ့ရဲ့တည်ကြည်လေးနက်နေပုံရ​ေနတဲ့ မျက်နှာလေးကိုကြည့်ရတာ တကယ်တော့ အတော်လေးကိုကြည့်လို့ကောင်းပါတယ်. အခြားတစ်ယောက်ကသာ သူ့လိုမျက်နှာမျိုးသာဖြစ်နေခဲ့မယ်ဆိုရင်တော့ သူသတိထားမိမှာမဟုတ်လောက်ဘူး။ သူ့ရဲ့အသားအရေလေးကလဲ အရမ်းပဲဖြူဖွေးနေပြီးတော့ သူ့ရဲ့မျက်တောင်မွေးလေးတွေက အရမ်းရှည်ကော့နေသေးတယ်. သူ့ရဲ့မျက်နှာလေးကလဲ သေးသေးလေးနဲ့ သူ့ရဲ့နှာခေါင်းက ချောမွတ်ပြီးလုံးဝိုင်းနေတယ်. သူ့ရဲ့မျက်နှာလေးက အသားတုံးအချို့လိုပဲ


ရဲ​သွေးနေတာက...အလှမပြင်ထားရင်တောင်...နန်းတွင်းသူတွေထက်တောင် သူက ပိုပြီးကြည့်လို့ကောင်း........'


"ငါ ပြီးသွားပြီ" လင်ရှန်းရဲ့အသံက သူ့ကိုလက်တွေ့ဘဝထဲကိုပြန်ခေါ်ထုတ်လိုက်ပါတယ်.. သူ့အတွေးတွေ လွင့်ပျောက်သွားတဲ့အခါမှသာ သူတို့နှစ်ယောက်ရဲ့မျက်နှာတွေက အရမ်းနီးနေတာကို နားလည်လိုက်သည်.. သူ့ရဲ့ကိုယ်ခန္ဓာကနေ မိန်းကလေးတစ်ယောက်ရဲ့ကိုယ်သင်းရနံ့လေးထွက်ရှိလာခဲ့တော့ လိန်ဖန် သူ့ပါးပြင်ပေါ်မှာရှိန်းခနဲပူသွားသလိုတောင် ဖြစ်သွားသည်။


သူ့ကိုယ်သူ အကူအညီမဲ့သွားသလိုခံစားရသည်. ဘာလို့မှန်းတော့ သူမသိခဲ့ပါဘူး..


'သူက အမျိုးသားတစ်ယောက်ဆိုတာ အရှင်းကြီးပါ..ဘယ်လိုလုပ်ပြီး သူက သူ့ကိုမိန်းကလေးတစ်ယောက်အနေနဲ့ ယှဉ်ပြီးကြည့်နိုင်ရတာလဲ။ နိုင်ငံတော်အမတ်ချုပ်ကြီးရဲ့သားက မိန်းကလေးတွေအများကြီးနဲ့ အတူကြီးပြင်းလာခဲ့တာကြောင့်ပဲ ဖြစ်ရမယ်။ ဒါကြောင့်ပဲ သူကမိန်းကလေးလို အရမ်းမွှေးတဲ့ ကိုယ်သင်းရနံမျိုးထွက်နေတာပဲ ဖြစ်မှာပါ'


လိန်ဖန်က သူ့ကိုယ်သူ စိတ်သက်သာရာရအောင် ကြိုးစားလိုက်ပြီး သူ့ရဲ့နဂိုမူလပုံစံအတိုင်းပြန်ရောက်အောင်လို့ သူ့ကိုယ်သူဖိအားပေးလိုက်ပါတယ်. အဲဒီလိုမျိုးနဲ့ အားလုံးပြီးသွားတဲ့အခါမှာတော့ လင်ရှန်းက သစ်ကြားသီးတစ်ဝက်လောက်ကို စားပြီးသွားပြီဆိုတာ သူသိလိုက်ရပါတယ်။


" စားလေ! မင်း ဘာလို့မစားသေးတာလဲ။ အရမ်း အရမ်းကို ညင်သာပျော့ပြောင်းစွာ ဝါးစားနေရင်းနဲ့ လင်ရှန်းကမေးလိုက်ပါတယ်.. သူမရဲ့ ပါးစပ်ထောင့်နားမှာလဲ သစ်ကြားသီးအစနလေးတွေက ကပ်ရှိနေခဲ့ပါတယ်. အဲဒီအချိန်အခိုက်အတန့်မှာပဲ လိန်ဖန်စိတ်ထဲမှာတော့ သစ်ကြားသီးစလေးကိုဖယ်ပေးပြီး လင်ရှန်းရဲ့ပါးစပ်ကိုသုတ်ပေးချင်တဲ့စိတ်က သူ့ထံမှာ မရိုးမရွနဲ့ပြင်းပြစွာရှိလာပါတယ်။


လိန်ဖန်က သူ့ရဲ့ထူးထူးဆန်းဆန်းအတွေးကြီးကို စိတ်ရှုပ်သွားတဲ့ အချိန်မှာပဲ ရုတ်တရက် အပြင်ဘက်ကနေပြီး ငိုသံပါတဲ့အသံကျယ်ကြီးကို ကြားလိုက်ရပါတယ်. - " အိမ်ရှေ့စံမင်းသား ပြန်ရောက်လာပါပြီ! အိမ်ရှေ့စံမင်းသား ပြန်ရောက်လာပါပြီ!!"


လင်ရှန်းချက်ချင်းပဲ သူမရဲ့ထိုင်ခုံပေါ်ကနေ ထရပ်လိုက်ကာ- "အိုး......!!! ငါသွားကြည့်ချင်လိုက်တာ! ဒါတွေကို မင်းပဲစားလိုက်တော့!" ချက်ချင်းပဲ သူမက ယုန်ကလေးတစ်ကောင်လို ခုန်ပေါက်ကာပြေးထွက်လို့သွားပြီး အရိပ်အရောင်တစ်စွန်းတစ်စတောင်မကျန်ခဲ့ဘဲ ပျောက်ကွယ်လို့သွားပါတော့တယ်။ ကျန်နေခဲ့တာအားလုံးကတော့ အခွံနွာပြီးသားဖြစ်တဲ့ သစ်ကြားသီးတစ်ဝက်ပါပဲ..သူမက လိန်ဖန်ရဲ့လက်ထဲမှာထားသွားခဲ့တာပါ..ပြီးတော့လဲ သစ်ကြားသီးလေးတွေက နွေးနွေးလေးရှိနေတုန်းပါပဲ။


End...