အပိုင်း(၁၄)
ပင်မခန်းမဆောင်ကို ဦးတည်ပြီးသွားနေကြတဲ့ လူစုလူဝေးတန်းကြီးနောက်ကနေ လင်ရှန်း လိုက်ပါသွားခဲ့ပါတယ်.. သူမ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ချက်ချင်းပင် တုန်လှုပ်လို့ သွားပါတယ်။
'ဝါး ...ဘာလိုလုပ်ပြီးတော့ အိမ်ရှေ့စံမင်းသားက ပြိုင်စံရှားအုပ်အော်သောင်းနင်းဖြစ်စေတာလဲ။ အဆင့်သတ်မှတ်ချက်တွေကို ထည့်မစဉ်းစားဘဲနဲ့ နန်းတွင်းမင်းမှုထမ်းတွေအားလုံးက သူ့ကိုတွေ့ရဖို့ကို အရမ်းကိုစိတ်လှုပ်ရှားပြီး အရမ်းကိုအပျော်လွန်နေတဲ့ ပုံပေါက်နေတာပဲ' သူတို့ရဲ့မျက်လုံးတွေအားလုံးမှာလဲ ရိုသေလေးစားမှုတွေနဲ့အပြည့်နဲ့ပါ.အဓိကအချက်ကတော့ သူတို့အားလုံးက အရမ်းကိုစွဲလန်းရှုးသွတ်နေတာက အိမ်ရှေ့စံမင်းသားကို ဓလေ့ထုံးစံနဲ့အညီ အရိုသေပြုဖို့တောင် မေ့လုနီးပါးဖြစ်နေတဲ့ပုံစံမျိုးကြီးနဲ့ပါ။
လင်ရှန်းက ဟိုဟိုဒီဒီလျှောက်
ကြည့်လိုက်တော့ အင်ပါယာဘုရင်ရော၊ ဘုရင်မရော မင်းညီမင်းသားတွေအားလုံး ရောက်ရှိနေတာကိုတွေ့လိုက်ရသည်. များပြားလွန်းလှတဲ့ မှူးကြီးမတ်ရာနဲ့ အမှုထမ်းတွေ အားလုံးကလဲ ဒီနေရာကို ကောင်းစွာရောက်နှင့်နေကြပြီးပြီဖြစ်သည်။ လူထူထပ်လှတဲ့ ဒီလိုမျိုး ပွဲလမ်းသဘင်အခမ်းအနားမျိုးက သူမတို့လိုအားနည်းတဲ့ သူအတွက်က အကယ်စင်စစ်ကတော့ အလွန်ကိုဆီလျော်မှုမရှိတာပဲဖြစ်သည်. ဒါကြောင့်ပဲ နည်းနည်းလေးအလှမ်းဝေးတဲ့နေရာလေးတစ်ခုပဲ ရှာလို့ရခဲ့ပါတယ် သူမ တစ်ကိုယ်လုံးပဲ လူအုပ်ကြီးထဲမှာ ရောထွေးပြီးကျပ်ညပ်သတ် နေခဲ့တာဖြစ်တာကြောင့် သူမက မမြင်ရခဲ့ပါဘူး။
နန်းတော်ထဲမှာ သူမကလူသစ်ဖြစ်နေခဲ့တော့ သူမလူအုပ်ကြီးထဲမှာမတ်တပ်ရပ်နေခဲ့တာတောင် ဘယ်သူကမှ သူမကို သတိမထားမိကြပါဘူး။ အဓိကအချက်ကတော့ သူမကို လူအားလုံးကကြိုဆိုပွဲနေရာကနေ အပြင်ဘက်သို့ရောက်အောင် တွန်းဖယ်ထုတ်ခြင်းကို ခံနေရပါတယ်။
သူမက ရှေ့ကိုရောက်အောင်တိုးဖို့ကြိုးစားခဲ့ပြီး သူမကိုယ်သူမ ကမ္ဘာ့ကုန်စည်ပြပွဲထဲ ရောက်နေရသလားလို့တောင် မှတ်ထင်လိုက်မိသွားပါတယ်။
သူမ မြင်နေရတာအားလုံးကတော့ အခြားသူတွေရဲ့ ဦးခေါင်းတွေကိုပဲဖြစ်တယ်... အိမ်ရှေ့စံမင်းသားတော့ မဟုတ်ခဲ့ပါဘူး။
အိမ်ရှေ့စံမင်းသားတော့ မဟုတ်ခဲ့ပါဘူး။
'ဘာလဲဟ? အိမ်ရှေ့စံမင်းသားက တကယ်ကြီးပဲ ဆွဲဆောင်မှုရှိနေလို့လား? လင်ရှန်းရဲ့ စပ်စုချင်တဲ့စိတ်က သူမတွေးထားတာနဲ့တောင် ကျော်ထွက်နေပါပြီ. သူမ ရဲ့ခြေဖျားကိုထောက်ကာ လူအုပ်ကြီးကိုတိုးဝှေ့ပြီး တစ်ခုခုမြင်လို့မြင်ငြား ကြိုးစားကြည့်နေပါတယ်။
အဲဒီအချိန်အခိုက်အတန့်မှာပဲ တော်တော်ဝေးဝေးလေးက မိန်းမစိုးလေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ကာ- "အိမ်ရှေ့စံမင်းသား ဝင်လာတော်မူပါပြီ!"
လူအုပ်ကြီးက အံအားသင့်အော်ဟစ်သံတွေနဲ့ ရှေ့ကိုအလုအယက်တိုးဝှေ့နေကြပါတယ်။ လင်ရှန်းတစ်ယောက် သူမ အရမ်းခက်ခက်ခဲခဲနဲ့ဦးထားတဲ့နေရာကောင်းလေးတောင် ပျောက်သွားပါပြီ. အခုတော့ သူမမြင်နိုင်တာအားလုံးက လူတွေရဲ့ ဦးခေါင်းတွေကြီး ကျိတ်ကျိတ်တိုးနေတာပါပဲ။ အုပ်အော်သောင်းနင်းဖြစ်မှုတွေ ပြီးဆုံးသွားတဲ့အချိန်မှာတော့ သူမက ခေါင်းအစခြေအဆုံး
စစ်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားတဲ့ လူတစ်ယောက်ရဲ့နောက်ကျောကိုသာလျင် မြင်ခဲ့ပါတယ်. သူမနေရာကနေပြီးတော့ မျက်နှာတစ်ခုတည်းကို ကြည့်ခွင့်ပြုတာတောင်မှ ယောက်ျားလား မိန်းမလားဆိုတာတောင် မပြောနိုင်ပါဘူး။
"အိမ်ရှေ့စံမင်းသားက ဘာသာတရားကိုင်းရှိင်းပြီး ထူးခြားပြောင်မြောက်တဲ့ပါရမီရှင်စစ်စစ်ပဲ!"
"ငယ်ရွယ်ပြီးတော့ အလားအလာကောင်းတွေရှိတဲ့သူတစ်ယောက်ပဲ!"
"လူငယ်သူရဲကောင်းတစ်ယောက်ပဲ!"
"သူ့ရဲ့ဖြစ်တည်မှုက သဘာဝလွန်လိုက်တာ!"
"စစ်ဗိုလ်ချုပ်တစ်ယောက်ရဲ့အသွင်ပြင်နဲ့ အထိုက်တန်ဆုံးပဲ!"
ဒီလူတွေဆီကနေပြီး လွန်လွန်ကဲကဲချီးကျူးပြောဆိုနေတဲ့အသံတွေအများကြီးက ထွက်ရှိလာခဲ့တော့ လင်ရှန်းတောင် စိတ်အနှောင့်အယှက်ဖြစ်သွားပါတယ်။
'ရှင်တို့ ကျွန်မကို လာနောက်နေတာလား? သူ့ရဲ့နောက်ကျောလေးကိုကြည့်ပြီးတော့ ဒီလောက်စွမ်းရည်အများကြီးကို ရှင်တို့ မြင်ရလို့လား? သူ့ရဲ့ ရှေ့မျက်နှာကိုသာ ရှင်တို့ မြင်ရရင်တော့ ဘာလိုများဖြစ်မလဲ မသိဘူး။ အကယ်၍ ငါသာ အိမ်ရှေ့စံမင်းသားနေရာမှာဆိုရင်တော့ ငါရဲ့ဒုတ်ချောင်းတောင် နာကျင်သွားတော့မှာပဲ!'
ရုတ်တရက် ပင်မခန်းမဆောင်ထဲမှာရှိနေတဲ့ တုဟောင်က နှာချေသွားခဲ့သည်။
°°°°°°°°°
တုဟောင်က နန်းတော်ထဲကို သူတို့ခန့်မှန်းထားတဲ့အချိန်ရဲ့ရှေ့ရက်ကို နှစ်ရက်လောက်စောပြီးပြန်ရောက်လာခဲ့တော့ နန်းတော်က အချိန်မီကြိုဆိုနှုတ်ဆက်ဖို့
မပြင်ဆင်နိုင်ခဲ့ပါဘူး။ ထို့ကြောင့် အင်ပါယာကိုဂါဝရပြုပြီး သူ့ရဲ့စစ်ပွဲအခြေအနေနဲ့ သူဘယ်လိုလုပ်ဆောင်ခဲ့လဲဆိုတာကို တင်ပြပြီးတဲ့နောက်မှာတော့ အိမ်ရှေ့စံမင်းသားက သူ့ရဲ့ဆုလက်ဆောင်တွေကို လက်ခံရယူခဲ့ပါတယ်...ပြီးတော့ ကြိုဆိုပွဲအခမ်းအနားကို ရိုးရှင်းစွာပဲ ပြီးဆုံးစေလိုက်ပါတော့တယ်။ တုဟောင်နှင့် သူ့ရဲ့အဆင့်မြင့်စစ်အရာရှိတွေက ပွဲအခမ်းအနားနေရာကနေ ပြန်ထွက်လာခဲ့ကြတော့ မူလကကြည့်ရှုဖို့ကို ဝိုင်းဝိုင်းလည်နေကြတဲ့ လူတိုင်းကလဲကောင်းမွန်စွာပဲ ပြန်သွားကြတော့တယ်. လင်ရှန်းလည်း သူမဘာသူမပဲ ဝမ်းနည်းပူဆွေးစွာနဲ့ပဲ ပြန်ထွက်လာခဲ့ရတော့တယ်.. အားလုံးပြီးသွားတဲ့နောက်မှာတော့ သူမက အိမ်ရှေ့စံမင်းသားရဲ့မျက်နှာလေးကို ရိပ်ခနဲတောင် မမြင်လိုက်ခဲ့ပါဘူး။ 'သူ့ကို တစ်ပြည်လုံးရဲ့ အခန့်ညားဆုံးယောက်ျားလေးတစ်ယောက်လို့တော့ ဆိုကြတာပဲ! သူက လိန်ဖန်ထက်များ ပိုလန်းနေမလားဆိုတာ ငါ သိချင်လိုက်တာ'
'လိန်ဖန်အကြောင်းကိုပြောရမယ်ဆိုရင် ဒီလူကြီးနဲ့ပတ်သတ်ပြီး ဘာတွေဖြစ်နေမှန်းကိုမသိတော့ဘူး? သူက အရမ်းလန်းအရမ်းချောရဲ့သားနဲ့ သူက မျက်နှာဖုံးတပ်ထားသေးတယ်... ဘုရားပေးတဲ့လက်ဆောင်ကိုတောင် ဘယ်လိုတောင်အလကားဖြစ်စေတာလဲ! ဒါပေမယ့် အင်ပါရာအတွက် အမှုထမ်းနေတဲ့အချိန်မှာ ဖုန်းကွယ်ထားတဲ့လျို့ဝှက်ချက်တွေများ ထပ်ရှိနေတာများလား... သူက ကျားတပ်ဖွဲ့ရဲ့ခေါင်းဆောင်လိုမျိုးဖြစ်နိုင်ပြီးတော့ မျက်နှာဖုံးအောက်မှာ ကောင်းကောင်းကြီးအလုပ် လုပ်နေတာများ ဖြစ်နေမလားပဲ!'
လင်ရှန်းက လျောက်တွေးကြည့်ပြီးတော့ သူကစိတ်သက်သာရာရသွားတယ်. သူမက ထမင်းပြန်မစားခင် နန်းတော်ထဲကို တစ်ပတ် ပတ်ကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူမ ေလျှာက်သွားနေတုန်းမှာပဲ သူမ နည်းနည်းဝေးတဲ့နေရာက ရင်းနှီးတဲ့မျက်နှာတစ်ခုကို မှတ်မိလိုက်တယ်.. အဲဒီလူက လူအုပ်စုတစ်စုနဲ့အတူတူ ရှိနေပြီးတော့ သူတို့တွေက သူမရှေ့တည့်တည့်ကနေပြီး ပန်းခြံထဲကိုဖြတ်ပြီးလမ်းလျောက်သွားပါတယ်. လင်ရှန်း တစ်ယောက် ကြက်သေ သေသွားသည်။
'ဟမ်? အဲဒါ....လိန်ဖန်ပဲ ဟုတ်တယ် မဟုတ်လား? သူ ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန်ကြီး ပြန်ကောင်းလာရတာလဲ။ သူ့ကိုကြည့်ရတာတော့ သူ့ရဲ့ လူတွေနဲ့ အားအင်အပြည့်နဲ့တောင် စကားပြောနေတာပါလား..ခဏလေး!!! ကြည့်ရတာ တစ်ခုခုကတော့မမှန်တော့ဘူးပဲ............... သူမက ဒီအကြောင်းကိုတွေးနေခဲ့ပြီး လျင်မြန်စွာပဲနားလည်လိုက်ပါတယ်. 'လိန်ဖန်က သူ့ရဲ့မျက်နှာဖုံးကို မတပ်ထားခဲ့ဘူးပဲ!'
'အိုး ...ဘုရားရေ....ငါက သူ့ကို ကျားတပ်ဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ပဲ တွေးပဲတွေးထားရသေးတယ်...ငါဟိုဘက်လှည့်လိုက်တဲ့အချိန်လေးအတွင်းမှာ ဘယ်လိုလုပ်ပြီး သူရဲ့မြေအောက်အဖွဲ့အစည်းက မြေပြင်ပေါ်ကိုရောက်လာရတာလဲ? သူမ အရမ်းကိုစပ်စုချင်တွေ စိတ်ပျင်းပြပြ ဖြစ်လာပြီးတော့ သူ့ကိုခေါ်ဖို့ ရှေ့ကိုအပြေးအလွား ပြေးလိုက်သွားတယ်။
ရုတ်တရက်လေးပဲ သူမရဲ့လက်မောင်းပေါ်ကို လက်တစ်ဘက်က ရောက်လာပါတယ်.သူမလှည့်ကြည့်လိုက်တော့ မျက်နှာစူပုပ်စူပုပ်ဖြစ်နေတဲ့ရှောင်လုက သည်းညူလိုက်ပါတယ်..-
"ကြင်ယာတော်မင်းသား တစ်နေ့လုံးဘယ်တွေလျောက်သွားနေတာလဲ။ ကျေးဇူးပြုပြီး ဒီအစေခံကို ကယ်တင်ပေးပါဦး။ သခင် အခု ဒီအစေခံနဲ့ပြန်မလိုက်လာရင်တော့ မင်းသမီးက ဒီအစေခံကို ဟဿာႅပြဒါးကွေးအိမ်တော်ကို ရောင်းပစ်လိုက်တော့မှာ!! ဒါပေမယ့် ဒီအစေခံမှာ အပြစ်ကင်းပါတယ်......"
'ဘာလို့ဒီတုမင်ယွဲ့ပဲ ဖြစ် ဖြစ်နေရတာလဲ? အနှောင့်အယှက်ဖြစ်သွားတဲ့ လင်ရှန်းက မျက်မှောင်ကြုံ့လိုက်ပါတယ်. ပြီးတော့ ရှောင်လုကို သူမက ပြောလိုက်တယ်..-
"မင်း ဘာတွေစိုးရိမ်နေတာလဲ? ဟဿာႅပြဒါးကွေးအိမ်တော်ထဲကို ဒီလိုမျိုးလွယ်လွယ်ကူကူနဲ့ဝင်လို့ရမယ်လို့ မင်း ထင်နေတာလား။ သူတို့က အဆို၊ အက၊ အရေး၊ အတီး၊ ကျားကွက်ထိုး တဲ့ အနုသုခုမပညာရပ်တွေကို တစ်ဖက်ကမ်းကျွမ်းကျင်တဲ့မိန်းကလေးတွေကိုပဲ လိုချင်တာ.. သူတို့ရဲ့မျက်နှာ သူတို့ရဲ့ခန္တာကိုယ် ကလဲထိပ်တန်းအဆင့်မှာပဲဆိုတာ ပြောစရာမလိုဘူး ။ မင်း အဲဒီကို သွားခဲ့ရင်တောင်မှ မင်းက ချက်ချင်းကိုပယ်ချခံရမှာပဲ။ သူတို့က မင်းကိုလေ့ကျင့်ခန်းတစ်ချို့လုပ်ဖို့တော့ ခေါ်ကောင်းခေါ်မှာပေါ့ အခြားဘာမှကိုထပ်လုပ်ဖြစ်မှာ မဟုတ်တာတော့ ကျိန်းသေပေါက်ပဲ!"
ရှောင်လု - ''..........''
°°°°°°°°°°
လင်ရှန်း လဲ လိန်ဖန်နဲ့တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့တာကို ဖြတ်ချလိုက်ဖို့ ဆုံးဖြတ်ပြီးတော့ မင်ယွဲ့ရဲ့နန်းဆောင်ဆီကိုပဲ ဦးတည်လိုက်တော့တယ်.. ခပ်ဝေးဝေးကနေပြီးတော့ ဆူပူကြိမ်းမောင်း ပေါက်ကွဲသံ ကွဲကြေသံတွေကို သူမ ကြားနေရပါတယ်. အစေခံတစ်စုကတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ တံခါးမကြီးရဲ့အပြင်ဘက်ကနေပြီးသူမကို နောက်ကိုပြန်ဆွဲနေကြပါတယ်. သူတို့တွေက ဓာတ်လိုက်ခံရနေရတဲ့ပုံစံလိုမျိုးပဲ လူတိုင်းကတုန်တုန်ယင်ယင်ဖြစ်နေကြပါတယ်။
လင်ရှန်းခေါင်းတောင်ကိုက်သွားပြီး သူမရဲ့လက်ချောင်းတွေနဲ့ သူမမျက်ခုံးကြားကို ပွတ်လိုက်သည်. သူမ တံခါးရွက်ကို တွန်းဖွင့်ဝင်လိုက်တော့ ကြွေပန်းအိုးတစ်လုံးက သူမဆီကို လွင့်စင်လာပါတယ်. ကံကောင်းစွာနဲ့ပဲ သူမရဲ့အရှောင်ကောင်းမှုကြောင့် သူမ လွတ်သွားခဲ့ပါတယ်, ဒါပေမယ့် ယူကျုံးမရဖြစ်နေတဲ့အသံကတော့ နောက်ကနေလိုက်ပါလာပါတယ်။
လင်ရှန်း သူမရဲ့နှလုံးကနေပြီး သွေးစိမ်းရှင်ရှင်ထွက်လာသလိုခံစားနေရပါတယ်.. 'ငါ့ညီမလေးရယ် ပစ္စည်းတွေအားလုံးကို အပြင်ဘက်ကို ပေါက်ထုတ်ပစ်ပြီးတော့တောင် တစ်စစီခွဲပစ်နေရတာလား! အဲဒါတွေက ငွေတွေ!!!' သူမကသာ ဝမ်းနည်းပက်လက်ဖြစ်နေပေမယ့် အခြားတစ်ဘက်မှာတော့ ပစ္စည်းတွေက သူမဆီကို ထိစင်နေပါပြီ။ လင်ရှန်းက လျင်လျင်မြန်မြန်ပဲ အကုန်လုံးကို ဖမ်းမိလိုက်နိုင်ပါတယ်. သူမဖမ်းယူလိုက်ပြီးချင်းချင်းပဲ ပစ္စည်းတွေကို ကြည့်လိုက်ကာ သူမရဲ့အင်ကျီလက်က ပိတ်စနဲ့ ထုတ်ပိုးလိုက်ပြီးတော့ သူမရဲ့အတွင်းအင်္ကျီလက်အိတ်ကပ်ထဲကို ပြွတ်သိပ်ထည့်လိုက်ပါတယ်။
တုမင်ယွဲ့က အခန်းထဲမှာရှိတဲ့ ပစ္စည်းတွေအားလုံးပေါ်ကို မကျေနပ်ချက်တွေ ပုံချနေတာပဲဖြစ်သည်. စုန့်လောင်ပြန်ရောက်လာတော့ သူမက ပိုလို့တောင်ဒေါသထွက်သွားပါတယ်.. သူက ဘယ်လိုတောင် သူမရဲ့မျက်နှာကိုတစ်ချက်တောင်လှည့်မကြည့်ဘဲနဲ့ သူမလွှင့်ပစ်သမျှအားလုံးကို လိုက်ကောက်နေတာ တွေ့လိုက်ရတော့ သူမရဲ့ဒေါသတွေက ထိန်းသိမ်းလို့မရလောက်အောင်ပါပဲ။ သူမရှေ့မှာရှိသမျှ အရာအားလုံးကိုပစ်ပေါက်ချင်နေပါတယ်.. 'အနောက်ဘက်ဒေသကလက်ဆောင်ပဏာ္ဏအနေနဲ့ ဆက်သလာတဲ့နီလာကျောက် ..... လက်ဖဝါးအရွယ်အစားလောက်တောင်ရှိတဲ့ ဒဏ္ဍာရီလာကျောက်စိမ်း...... သူမဘေးပတ်လည်မှာရှိတဲ့ အရာအားလုံးကိုလွှင့်ပစ်ပြီးသွားတဲ့နောက်မှာတော့ သူမက သူမကိုယ်ပေါ်မှာရှိတဲ့ ပစ္စည်းတွေကို လွှင့်ပစ်နေပါတယ်..သူမက သူမရဲ့ခါးမှာရှိတဲ့ ကျောက်စိမ်းဆွဲပြားကိုတောင် လွှင့်ပစ်လိုက်ပါတယ်။
လင်ရှန်း ငိုချင်နေပါပြီ။ 'ညီမလေးရယ်.....နင် ဒီလောက်အဖိုးတန်တဲ့ပစ္စည်းတွေ အများကြီးနဲ့ ငါ့ကိုပစ်ပေါက်မယ်သာ ငါ သိခဲ့ရင်တော့လား ငါ အိမ်ရှေ့စံမင်းသားကိုသွားကြည့်ပြီး စိတ်ရှုတ်ခံနေမှာမဟုတ်ဘူး၊ ငါ ဒီမှာနေ့တိုင်းပဲရပ်နေပေးလို့ရပါတယ် ဝါး! ဒါက ကျောက်စိမ်းအပိုင်းအစကြီးတစ်ခုလား? အရောင်ကြည့်ရတာတော့ အရည်သွေးကောင်းမယ့်ပုံပဲ!' လင်ရှန်းရဲ့မျက်လုံးက တဖျတ်ဖျတ်တောက်ပလာပါတယ်။
အဲဒီအချိန်မှာပဲ တုမင်ယွဲ့က သူမရဲ့ဒေါသတွေအားလုံးဖွင့်ထုတ်လို့အားရသွားပါပြီ.. သူမလွှင့်ပစ်လိုက်တဲ့ ကျောက်စိမ်းဆွဲပြားက အင်ပါရာက သူမကိုချီးမြှင့်ထားခဲ့တယ်ဆိုတာကို အသိတရားဝင်လာခဲ့ပါတယ်. သူမရဲ့ခန္တာကိုယ်က ချက်ချင်းပင် အေးစက်တဲ့ဇောချွေးတွေထွက်လာခဲ့ပါတယ်. ဘုရင်မင်းမြတ်က ကျောက်စိမ်းဆွဲပြားကို အကြီးဆုံးမင်းသားနဲ့ မင်းသမီးကိုသာလျင် ချီးမြှင့်ခဲ့တာပဲဖြစ်သည်. ထိုအရာက တော်ဝင်မိသားစုကို ကိုယ်စားပြုနိုင်တဲ့ အရာတစ်ခုပင်ဖြစ်တယ်. ကျောက်စိမ်းဆွဲသီးကို မြင်ရတဲ့ ဘယ်သူမဆို ဘုရင်မင်းမြတ်ကိုမြင်ရသလို ဒူးထောက်အရိုသေပြုရပါတာပဲ ဖြစ်သည်။ သူမက အဲဒါကို ပျောက်သွားတာပဲဖြစ်ဖြစ် ကျိုးပဲ့သွားတာပဲဖြစ်စေ အတော်ကြီးလေးတဲ့ ကိစ္စရပ်တစ်ခုပင် ဖြစ်သည်. ကံကောင်းစွာပဲ လင်ရှန်းက ကျောက်စိမ်းဆွဲပြားကိုသူမရဲ့လျင်မြန်တဲ့လက်တွေနဲ့ ဖမ်းမိလိုက်တာကို သူမသတိထားမိခဲ့သည်.. သူမက စိတ်သက်သာရာရတဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ထပ်ဒေါသတွေ ထပ်ဖြစ်မလာတော့ပါဘူး။ အဲဒီအစား သူမက သူမရဲ့လက်ကိုဖြန့်လိုက်ပြီး-
"ကျွန်မကို အဲဒါပြန်ပေး"
'ဝိုး! နင် အဲဒါကို လွှင့်ပစ်တုန်းက လွှင့်ပစ်ပြီး အခုမှပြန်ပေးစေချင်နေတာလား? နင် ငါ့ကိုနောက်နေတာလား။ လင်ရှန်းက ကျောက်စိမ်းဆွဲပြားကို သူမရဲ့ခါးပတ်နောက်ထဲ ထိုးထည့်လိုက်ပြီး - "မင်း ငါ့ဆီလွှင့်ပစ်တဲ့ အရာလုံးကငါ့အပိုင်ပဲ! ငါ မင်းကို အဲဒါ ပြန်မပေးနိုင်ဘူး!"
"ဟေး!" တုမင်ယွဲ့ မျက်လုံးပြူးကာ ထိတ်လန့်သွားပြီး " ရှင် ဘာပဲဖြစ်ဖြစ် အကုန်ယူလို့ရတယ် ဒါပေမယ့် ကျောက်စိမ်းဆွဲပြားကိုတော့ ကျွန်မကို ပြန်ပေးပါ!"
'နင်က ဒီရတနာပစ္စည်းတွေအားလုံးကိုတော့ စိတ်ထဲမရှိဘူး ဒါပေမယ့် နင်က ဒီကျောက်စိမ်းဆွဲပြားကိုတော့ လိုချင်နေတယ် ဟုတ်လား? ငပိန်းတစ်ကောင်ကတောင် ဒီကျောက်စိမ်းဆွဲပြားရဲ့တန်ဖိုးကိုသိနိုင်တယ်! ဒါကအရမ်းဈေးကြီးပြီး အခြားနေရာကိုလဲ လွယ်လွယ်လေးသယ်သွားလို့ရတာ.. ငါ နင့်ကိုသာပြန်ပေးခဲ့ရင် ငါ ရှုးနေလို့ပဲ!'
လင်ရှန်းက ရှုးသလို ဟန်ဆောင်လိုက်ပါတယ်- " ဘာပြောလိုက်တာလဲ။ မင်းသမီး မှားနေပြီထင်တယ်နော်၊ ဘယ်က ကျောက်စိမ်းပြားလဲ"
"စုန့်လောင်.. ရှင်!" တုမင်ယွဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူမကိုယ်တိုင်ပဲ သွားလုယူဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ လင်ရှန်းက သူမထက်တောင်မြန်နေသေးပါတယ် .. သူမက လှစ်ခနဲအဝေးကို ရှောင်ထွက်သွားလိုက်ပါတယ်။
တုမင်ယွဲ့က လွတ်သွားခဲ့တော့ သူမ အရှက်တကွဲဖြစ်သွားခဲ့ပါတယ်.. သူမက သူမရဲ့မြင့်မြတ်တဲ့ပုံရိပ်ကို လွှတ်ချလိုက်ပြီးတော့ အစွယ်ကိုထုတ်ပြလိုက်ကာ ထပ်ခါထပ်ခါပဲ ခုန်အုပ်ကာ လိုက်ဖမ်းနေပါတယ်. သို့သော်လည်း သူမကပန်းအိုးကွဲစတွေကို ခလုတ်တိုက်ပြီးချော်လဲသွားတော့သည်။ အဲဒီပုံစံကိုကြည့်ရတာတော့ သူမကကြွေထည်တွေအကွဲစတွေပေါ်ကို ကျတော့မယ်ဆဲဆဲဖြစ်နေပါတယ်။
အဲဒါက မကောင်းတဲ့လက္ခဏာဖြစ်တော့မယ်မှန်း လင်ရှန်းကနားလည်ခဲ့ပါတယ်. မင်းသမီးနဲ့ ပြေးတိုင်းလိုက်တမ်း ကစားနေတာ အဆင်ပြေပေမယ့် သူမက ဒဏ်ရာရသွားခဲ့ရင်တော့ သူ့ အပေါ်ပဲတာဝန်ကျလာမှာပါ.. ဒါကြောင့် သူမက လျင်မြန်စွာပဲ တုမင်ယွဲ့ကိုကူဖို့ သူမဆီမှာကိုင်ထားတဲ့ ပစ္စည်းတွေအားလုံးကို လွှတ်ချလိုက်ပါတယ်။
ကြမ်းပြင်ပေါ်ကို သူတို့နှစ်ယောက်လုံးအတူတူ နှစ်ပတ်တောင်လိမ့်ပြီး လဲကျသွားပါတယ်. ဘာတွေဖြစ်ပျက်သွားတယ်ဆိုတာကို လင်ရှန်း သတိဝင်သွားတဲ့အချိန်မှာတော့ သူမက ပါးရိုက်ခံလိုက်ရပါတယ်။
"ရှင် လူယုတ်မာ!" တုမင်ယွဲ့ က လင်ရှန်းရဲ့ ရင်ခွင်ထဲကနေ အတင်းရုန်းကန်ထလိုက်တယ်. သူမရဲ့မျက်နှာက ရဲရဲတောက်နီတွတ်သွားပြီး လျင်မြန်စွာပဲပြေးထွက်သွားပါတယ်. သနားစရာလင်ရှန်းကတော့ ကြမ်းပြင်ပေါ်မှာပဲ သူမရဲ့ပါးပြင်က စပ်ဖျင်းဖျင်းနဲ့ နာကျင်ပြီး ကျန်နေခဲ့ရရှာပါတော့တယ်။
'ဘယ်လိုကြီးလဲဟ. ငါက ကောင်းစေချင်တဲ့စိတ်သန့်သန့်နဲ့ ကူညီပေးခဲ့တာတောင် ဒါက ဘာပြန်ရလိုက်တာလဲ?' ရုတ်တရက် သူမ ရဲ့မျက်နှာထက်ကို အခြားနေရာတစ်ခုကပိုနာနေတာကို သတိထားလိုက်မိတယ်. သူမရဲ့လက်ကို ဆွဲယူကြည့်လိုက်တော့ သူမလက်က ဖန်ကွဲစတွေရှနေတာကို တွေ့လိုက်တယ်. လတ်လတ်ဆတ်ဆတ်သွေးတွေကလဲ စိမ့်ထွက်နေပါတယ်။
" အိုး ဗုဒ္ဓဘုရား... . ရှင် အဆင်ပြေရဲ့လား..ကြင်ရာတော်မင်းသား" ရှောင်လု က သူမဆီကိုအပြေးလေးရောက်လာပြီး သူမမျက်လုံးက မျက်ရည်စို့နေပါပြီ။
"မစိုးရိမ်ပါနဲ့ ... မစိုးရိမ်ပါနဲ့" လင်ရှန်းက ခေါင်းကိုရမ်းခါလိုက်ပါတယ်။ သူမရဲ့ဒဏ်ရာရနေတဲ့လက်နဲ့ သူမရဲ့ခါးပတ်နောက်ကကျောက်စိမ်းဆွဲပြားကိုထုတ်လိုက်ပြီး အဲဒီအပေါ်ကို လေ တဖူးဖူးနဲ့နှစ်ခါပြန်တောင်မှုတ်နေလိုက်ပါတယ်။ သူမက အဲဒီအရာကို နှစ်သိမ့်ပေးသလိုနဲ့ ပြောလိုက်တယ်..-"မင်း ဘာမှ မနာကျင်သွားရဘူး မဟုတ်လား...ငါ အရမ်းဝမ်းသာလိုက်တာ......"
ရှောင်လု- "............"
End..