အပိုင်း(၁၅)
တုဟောင် ပြန်ရောက်ပြီးတဲ့ဒုတိယမြောက်နေ့မှာ ကြော်ညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်. အဲဒါကတော့ မူလက တုဟောင်ရဲ့စစ်အောင်ပွဲအတွက်စီစဉ်ထားခဲ့တဲ့အောင်ပွဲအထိမ်းအမှတ် စားသောက်ဧည့်ခံပွဲအခမ်းအနားကို ပယ်ဖျက်ပစ်လိုက်တာပါပဲ။ အကြောင်းကတော့ အိမ်ရှေ့စံမင်းသားက ပစ္စည်းအရင်းအမြစ်တွေနှင့်လူအင်အားတွေ ဖြန်းတီးသလိုဖြစ်နေတယ်လို့ ထင်မြင်ယူဆခဲ့လို့ပါ. ရလဒ်တစ်ခုအဖြစ်နဲ့ သူက ပွဲအတွက်သုံးရမယ့် အသုံးစရိတ်တွေအစား သူက သူ့စစ်တပ်နဲ့ စစ်သည်တော်တွေကို ဆုချီးမြှင့်ပေးဖို့ အင်ပါယာထံကို ဆွေးနွေးတင်ပြခဲ့ပါတယ်။
တုဟောင်ရဲ့ အကြံပြုချက်က အင်ပါယာရဲ့ အပြည့်အဝကြီး ထောက်ခံပေးခဲ့မှုကို ရရှိခဲ့ပါတယ်. နောက်ထပ်ပြီးတော့လဲ အဲဒီအကြောင်းအရင်းကြောင့်ပဲ မှူးကြီးမတ်ရာ အမှုထမ်းအားလုံးရဲ့ ချီးမွမ်းခြင်းကိုလဲ ခံခဲ့ရပါတယ်. ပြည်သူလူထုကြားထဲမှာလဲ အလွန်မြင့်မားတဲ့ ရိုသေလေးစားထောက်ခံမှု အဆင့်အတန်းကိုလည်းရရှိခဲ့ပါတယ်. အချိန်ခဏလေးအတွင်းမှာပဲ အိမ်ရှေ့စံမင်းသားရဲ့ နာမည်ဂုဏ်သတင်းက တစ်တိုင်းပြည်လုံးရဲ့အသက်ကြီးတဲ့အိုမင်းမစွမ်းကနေ ကလေးပေါက်စနအထိကို ပြန့်နှံ့လို့သွားပါတော့တယ်. လူတိုင်းကလဲ သူတို့ဆီမှာ ဒီလိုမျိုး မြင့်မြတ်တဲ့အိမ်ရှေ့စံမင်းသားရှိနေခဲ့လို့ သူတို့ကိုယ်သူတို့ ဂုဏ်ယူနေကြပါတယ်.
အင်ပါယာကလဲ သူ့ရဲ့သားတော်ကိုမရပ်မနားကိုပဲ အမွှန်းတင်လို့ ချီးကျူးနေပါတယ်. ပြီးတော့ သူက သူ့ရဲ့သားတော်ကို လုပ်ကြံသူရဲ့နေရာကို ရှာဖွေစုံစမ်းဖော်ထုတ်တဲ့တာဝန်ကို
ခန့်အပ်ထားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တုဟောင်က သူ့ရဲ့စုံစမ်းစစ်ဆေးခြင်းနဲ့ မအားမလပ်အောင်ဖြစ်နေချိန်မှာတော့ လင်ရှန်းက နန်းတော်ထဲမှာ ရှုးသွားလောက်အောင်ကို ပျင်းပျင်းရိရိရှိလို့နေပါတယ်။
မူလကတော့ အိမ်ရှေ့စံမင်းသားရောက်လာရင် စိတ်လှုပ်ရှားရတော့မယ်လို့ ယူဆထားခဲ့ပါတယ်.လင်ရှန်းက ကြိုဆိုဧည့်ခံတဲ့စားသောက်ပွဲကို စောင့်မျှော်နေခဲ့ပါတယ်. ဒါပေမယ့် အခုတော့ အဲဒါက ဖျက်သိမ်းသွားခဲ့ပါပြီ။ 'စိတ်ပျက်စရာ အိမ်ရှေ့စံမင်းသားပဲ. သူပြန်ရောက်လာကတည်းက သူက လုပ်ကြံသူကိုစုံစမ်းဖို့ပဲ အပြင်ထွက် ထွက်နေတာပဲ'.. အခုတော့ နန်းတော်ထဲမှာရှိတဲ့
လူတိုင်းက သူတို့ရဲ့ခန့်ညားထည်ဝါလှတဲ့ အိမ်ရှေစံလေးရဲ့မျက်နှာကို မတွေ့ မမြင်ရတော့ မကျေမနပ်နဲ့သည်းညူနေကြပါတယ်..အဲဒါကပဲ လင်ရှန်းကို ရှုးအောင်လုပ်နေတာပါပဲ။
'သနားစဖွယ်ကောင်းသလိုလုပ်နေတာ နင်တို့ရပ်ပေးလို့ရမလား? ဒါက အိမ်ရှေ့စံမင်းသား ဖြစ်ရုံပါပဲ?။ နင်တို့ကောင်တွေက သူ့အပေါ်မှာ ခွေးတစ်ကောင်ကအရိုးကို ပြေးခုန်အုပ်သလိုဖြစ်နေပြီ!' ရက်တော်တော်များများကြာပြီးတဲ့နောက်မှာတော့ လင်ရှန်းတစ်ယောက် ဘယ်သူ့ကိုမှဂရုမစိုက်နိုင်တော့တဲ့အထိ... သည်းမခံနိုင်လောက်အောင် စိတ်တိုလို့နေပါပြီ.. အဝတ်အစားတွေ လဲလှယ်လိုက်ပြီးတော့ တစ်ယောက်ယောက်ကိုသွားပြီး ထောက်လှမ်းဖို့ သူမ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီကံမကောင်းရှာတဲ့လူကတော့ အသိအသာကြီးပါ.လိန်ဖန်ပဲ ဖြစ်ပါတယ်။
အကယ်စင်စစ်တော့ မင်း လင်ရှန်းကို အပြစ်တင်လို့မရပါဘူး. သူမ နန်းတော်ထဲကို ဝင်ရောက်လာကတည်းက သူမ သိတဲ့မျက်နှာနဲ့လူက ဆယ်ယောက်တောင်မပြည့်ချင်ပါဘူး.. လူတစ်ဆယ်ထဲကမှ အချို့တော်တော်များများကလဲ သူမနဲ့ဆက်ဆံရေးမကောင်းတဲ့လူတွေပါ.. ဥပမာအနေနဲ့ဆို
တုမင်ယွဲ့ပေါ့.. ဒီရက်တွေမှာသူမက နေ့စဉ်နေ့တိုင်းပဲ မျက်စောင်းတစ်ထိုးထိုးနဲ့ကြည့်ပြီးတော့ အေးစက်စွာနဲ့ " တ ဟမ့် ဟမ့်" ပဲလုပ်နေပါတယ်. နောက်ပြီးတော့လဲ သူမက လင်ရှန်းရဲ့တည်ရှိမှုကို လုံးဝဥပက္ခာပြုထားပါတယ်။
တုဂျင်အတွက်ကတော့ ဟဿာႅပြဒါးကွေးအိမ်တော်က ကိစ္စဖြစ်ပြီးကတည်းက သူမရဲ့အူတွေအသည်းတွေအထိတောင် သူကမုန်းတီးလို့သွားပါပြီ.
တုမင်ယွဲ့က သူတို့နှစ်ယောက်အတူတူသွားခဲ့တာကို တွေ့ရှိသွားတော့ သူမက တုဂျင်ထံကို ရှုးသွပ်စွာနဲ့ သွားသောင်းကျန်းခဲ့ပါသေးတယ်. အချို့သောဖြစ်ရပ်လေးတွေအရ တစ်ရက်မှာတော့ တုမင်ယွဲ့က တုဂျင်ရဲ့အစေခံတော်တော်များများကို ဖမ်ဆီးသွားပြီးတော့ သူတို့ကို တစ်ဦးချင်းစီ ခရေစေ့တွင်းကျဖြစ်ပျက်သမျှကိုမေးမြန်းခဲ့ပါတယ် . ရလဒ်ကတော့ တုဂျင်ရဲ့အစေခံတွေအားလုံးက ဘယ်လိုအကြောင်းမျိုးနဲ့မျှ ကြင်ယာတော်မင်းသားရှေ့ကို ဖြတ်မသွားရဲလောက်အောင်ကို ကြောက်ရွံ့သွားကြပါတယ်. သူတို့ခမျှာ သရဲတစ်ကောင်ကိုမြင်ခဲ့ရရင်တောင် ထွက်ပြေးလို့ရနိုင်ပါသေးတယ်. အဲဒါကြောင့်ပဲ တုဂျင်က သူမနဲ့ဆက်နွယ်နေသမျှအားလုံးကို ဖြတ်ချလိုက်ဖို့ လုံးဝဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်. နန်းတော်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဝင်တိုက်မိခဲ့တဲ့အခါတိုင်းလဲ သူ ဘယ်လောက်စိတ်ကြီးလဲဆိုတာကို ပြသတဲ့အနေနဲ့ သူမကို တစ်ချက်လေးတောင်ဝေ့မကြည့်ခဲ့ပါဘူး။
လင်ရှန်းလည်း စိတ်မဆိုးနိုင်တော့ပါဘူး. ဘာပဲဖြစ်ဖြစ် သူမကလဲ ဒီလိုလူမျိုးနဲ အပြန်အလှန်ပြောဆိုနေချင်တဲ့စိတ်လဲမရှိပါဘူး. 'သူတို့တွေက ငါ့အပေါ်လာစိတ်ဝင်စားခဲ့ရင်တောင် ငါကတော့ဒီနေရာမှာတော့ စိတ်မဝင်စားနိုင်ပါဘူး. ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒီနေရာကဘဝကြီးက အရမ်းပျင်းဖို့ကောင်းလိုက်တာ!' လင်ရှန်းက စားပွဲခုံကို ဒုန်းခနဲမြည်အောင်ရိုက်ချလိုက်တယ်. နန်းတော်ကလူတိုင်းနဲ့ သီးသန့်ခွဲထွက်နေတဲ့ လိန်ဖန်ကသာ သူမနဲ့ စကားစမြည်ပြောဖို့ တူညီတဲ့အရာတွေရှိတဲ့ တစ်ဦးတည်းသောလူတစ်ယောက်ပဲ ဖြစ်ပါတယ်. ထပ်ပြီးတော့လဲ ထုံးစံအတိုင်းပါပဲ သူက ပြောတဲ့သူဘက်က မဟုတ်ခဲ့ပါဘူး။
လိန်ဖန်ရဲ့အိမ်တော်ရာကို သူမ သွားတဲ့လမ်းမှာပဲ ခပ်ဝေးဝေးကနေ လှုပ်ရှားနေတဲ့အသံကို သူမ ကြားခဲ့ပါတယ်. အဲဒီအသံက တစ်ယောက်ယောက်က သိုင်းပညာလေ့ကျင့်နေတဲ့ အသံပါ. ဘယ်သူမှ မရှိတဲ့နေရာတစ်ခုမှာတော့ အခြားနေ့တွေလိုမျက်နှာဖုံးမတပ်ဆင်ထားတဲ့လိန်ဖန်က ဘယ်လိုမျိုးဖြစ်နေမလဲလို့ လင်ရှန်းပြန်စဉ်းစားလိုက်ပါတယ် . ဤအကြောင်းကြောင့်ပင် သူမက အရမ်းကိုစပ်စုချင်ပြီးတော့ လိန်ဖန်ကို သူ မသိအောင် ပုန်းပြီးထောက်လှမ်းချင်နေပါတယ်. သူ ဘာတွေဆက်လုပ်မလဲဆိုတာကို သူမ သိချင်မြင်ချင်နေလို့ပါ။
ထို့ကြောင့်ပင် လင်ရှန်းက ခြေဖျားထောက်ပြီးတော့ ခိုးကြောင်ခိုးဝှက်နဲ့ သူ့ရဲ့နန်းဆောင်ထဲကို ခြံဝန်းတံခါးအပြင်ဘက်ကနေ ချောင်းကြည့်လိုက်ပါတယ်. လိန်ဖန်က သူ့ရဲ့လှုပ်ရှားမှုတွေကို ဟန်ပန်အမူအရာ ကြော့ကြော့နဲ့ကို လေ့ကျင့်လို့နေပါတယ်. တယ်လီဗေးရှင်းထဲမှာဖော်ပြထားတဲ့ပုံလိုမျိုးပါပဲ အဟုတ်ပါပဲ. 'နိုး နိုး နိုး နိုး! လိန်ဖန်ရဲ့ ဘယ်လက်က ဓားကိုကိုင်ထားပြီး အားအင်အပြည့်နဲ့သိုင်းကစားနေတဲ့ပုံက သေချာပေါက်ကို TV ထဲကထက် ကိုပိုပြီး စွမ်းအားရှိပြီး အရမ်းပဲကြည့်ကောင်းနေပါသေးတယ်. ဓားကိုခုတ်ပိုင်းချလိုက်တာက လေထုကိုလှုပ်ခတ်သွားပြီး "ထန် ထန်" နဲ့ အသံမြည်နေပါတယ်! လင်ရှန်းတစ်ယောက် ညို့ယူဖမ်းစားခြင်းခံလိုက်ရပါတယ်. တစ်ဖက်မှာတော့ သူမက လိန်ဖန်ရဲ့ပြောင်မြောက်တဲ့သိုင်းပညာကျွမ်းကျင်မှုကို လေးစားအားကျနေပါတယ်. အခြားတစ်ဖက်မှာတော့ သူမက လိန်ဖန်က သူ့ရဲ့ရွှေဓားကိုမသုံးခဲ့လို့ ဝမ်းနည်းကြေကွဲလို့နေပါတယ်။
'သုံးလိုက်ပါတော့လား ငါက ရွှေဓားကိုကိုင်ထားတဲ့ပုံက ရွှေတွေက အရမ်းပဲ......မလားလို့.မြင်ချင်နေတာကို.......'
သူမအတွေးလွန်နေရင်းနဲ့ သူမ မတော်တဆသစ်ကိုင်းခြောက်တစ်ခုကို တက်နင်းလိုက်မိတယ် အဲဒါက အသံအရမ်းကျယ်သွားခဲ့တယ်. လိန်ဖန်ရဲ့အလေ့အကျင့်ရှိနေတဲ့နားက အဲဒီအသံကိုကြားရတော့ ရုတ်တရက်ပဲ သူ့ရဲ့ဓားကို ခြံဝန်းတံခါးဆီကို ဦးတည်လိုက်တော့တယ်!
လင်ရှန်းက ဘာလုပ်ရမှန်းမသိကြက်သေ သေသွားခဲ့သည်. တစ်စက္ကန့်လောက်ကြောင်
ရပ်နေမိပြီး မကြာခင်မှာပဲ ဓားတစ်လက်က သူမဆီကိုတည့်တည့်ကြီး ဝင်လာခဲ့ပါတယ်. သူမက စူးရှတဲ့အသံနဲ့အော်ချလိုက်ကာ သူမရဲ့ခြေထောက်တွေက ဟန်ချက်မထိန်းနိုင်ပဲ ရှေ့ကိုငိုက်ကျသွားပါတော့တယ်။
လင်ရှန်းရဲ့အော်ဟစ်လိုက်သံကနေ သူမ ဘယ်သူမှန်းလဲသိလိုက်ရော လိန်ဖန်က လျင်မြန်စွာပဲ သူ့ရဲ့ဓားကို နောက်ကိုပြန်ဆွဲယူလိုက်ပြီး သူမရဲ့ခါးကိုထိန်းကိုင်ပြီးဖမ်း
လိုက်ပါတယ်. သူမက အရမ်းကိုပဲပေါ့ပါးလွန်းပြီးတော့ သူမရဲ့ခါးကလဲအရမ်းသေးသွယ်နေခဲ့ပါတယ်. လိန်ဖန်က လက်တစ်ဖက်တည်းပဲ သုံးခဲ့ပေမယ့် သူ့အတွက်တော့ ပစ္စည်းလေးတစ်ခုကို ကောက်မ ရသလိုပဲ။ ကြင်ယာတော်မင်းသား က သူတို့လိုမျိုးတော်ဝင်ကိုယ်ရံတော်တွေလို သန်မာတောင့်တင်းတဲ့ကိုယ်နဲ့တော့
တစ်ခြားစီပင်။ အဓိကအချက်ကတော့ သူ့ တစ်ကိုယ်လုံးက အရမ်းပျော့ပြောင်းနူးညံ့နေပြီး သူ့ရဲ့အသားအရေကလဲ အရမ်းဖွေးဆွတ်နေတာပါ. သူ့ ကိုကြည့်ရတာ အရမ်းပဲကျိုးပဲ့လွယ်တဲ့ပုံပေါက်နေတော့.......... ဒါက ယောက်ျားတစ်ယောက်ပါလားဆိုတာတောင် လိန်ဖန် မယုံကြည်နိုင်ခဲ့ပါဘူး.......
နောက်တစ်ခါထပ်ပြီးတော့ လိန်ဖန်က မရေမရာရှုပ်ထွေးတဲ့အခြေနေတစ်ခုထဲကို လျှောဝင်သွားခဲ့ပါတယ်. ဒါပေမယ့် သူ့လက်မောင်းထဲက အသံက သူ့ကို လက်ရှိအခြေနေကို ပြန်ခေါ်လိုက်ပါတယ်။
"အ...နာလိုက်တာ!!"
လိန်ဖန်က လက်ရှိအခြေနေထဲကိုပြန်ရောက်သွားတော့ လင်ရှန်းက သူမရဲ့လက်မောင်းကို မတင်နေတာ မြင်လိုက်ပါတယ်. သူမရဲ့အနာက ပတ်တီးအဖြူနဲ့စည်းထားခဲ့ပေမယ့် သွေးကွက်တစ်ချို့တောင် ပေါ်ထွက်လာနေပါပြီ. အဲဒါကလင်ရှန်းရဲ့ အနာကိုဂရုစိုက်မှုမရှိဘဲ မနာခံတတ်မှုရယ်၊ သူက ရှောင်ရမယ့်အစပ်လိုမျိုးအစားအစာတွေကို မရှောင်ခဲ့လို့ ပြန်ကွဲထွက်လာတာပဲဖြစ်တယ်. ရလဒ်အနေနဲ့ကတော့ သူမရဲ့ထိခိုက်ထားတဲ့ဒဏ်ရာက ပြန်ကောင်းဖို့နှေးနေတာပဲဖြစ်တယ်. အခုတော့ သူမရဲ့သတိမမူပဲ သစ်ကိုင်းခြောက်နဲ့ခြစ်မိသွားတဲ့အတွက် သူမရဲ့ဒဏ်ရာက ပြန်ပွင့်ထွက်လာတာပဲဖြစ်သည်။
လိန်ဖန်က သူမရဲ့လက်မောင်းကိုဆွဲယူလိုက်ပြီး တစ်ချက်ကြည့်လိုက်ပါတယ်. တစ်ကြိမ်ကြည့်ရုံနဲ့ တင် အနာက ပြန်ကွဲထွက်သွားတယ်ဆိုတာသိလိုက်ပြီးတော့ ပြောလိုက်ပါတယ်-
"ငါ့အခန်းထဲကို လာခဲ့. ငါ မင်းကို ဆေးထည့်ပေးမယ်"
လိန်ဖန်က တော်ဝင်ကိုယ်ရံတော်တွေရဲ့ခေါင်းဆောင်ဆိုတော့ သေချာပေါက် ပြောစရာမလိုပါဘူး.. သူ့မှာ ဆေးအမျိုးအစား ပေါင်းစုံရှိပါတယ်. အရင်တုန်းက လင်ရှန်း သူ့ကိုလိမ်းပေးတဲ့ဆေးပုလင်းဘေးမှာ မတူညီတဲ့ဆေးတွေအများကြီးပဲ ရှိနေပါသေးတယ်. အဲဒီအချိန် သူမ သတိမထားမိခဲ့ပါဘူး။
ဆေးပုလင်းအချို့ကိုထုတ်ယူလိုက်ပြီးတော့ လိန်ဖန်က တစ်ပုလင်းကိုရွေးလိုက်ကာ လင်ရှန်းထံ ပစ်ပေးလိုက်ပါတယ်။
"မင်း ဘာလို့ ငါတို့ အရင်တစ်ခါက သုံးတဲ့ဆေးကို မသုံးရတာလဲ? လင်ရှန်းက သူမ လိန်ဖန်ကိုလိမ်းပေးတဲ့ ဆေးပုလင်းညွှန်ပြရင်း မေးလိုက်တယ်။
"အဲဒီတစ်ခုက အရမ်းပြင်းလို့ ပိုပြီးတော့စပ်လိမ့်မယ်"
"အိုး".. လင်ရှန်း ခေါင်းငြိမ့်လိုက်တယ်။ သူမရဲ့ကောင်းတဲ့လက်တစ်ဘက်နဲ့ ဆေးပုလင်းကိုဖမ်းပြီးတဲ့နောက်မှာ သူမရဲ့ထိခိုက်ထားတဲ့လက်ကို မလိုက်ပြီး ပုလင်းအဖုံးကို သူမရဲ့ပါးစပ်နဲ့ကိုက်ဖွင့်လိုက်ကာ သူမဘာသူမပဲ အနာပေါ်ကို လောင်းချပြီး လိမ်းဖို့ပြင်လိုက်ပါတယ်။
"ခဏလေး!" ကံကောင်းစွာနဲ့ လိန်ဖန်က သူမကိုတားလိုက်ပါတယ်. သူ့ကိုကြည့်ရတာ တစ်ခုခုကိုပြောချင်နေတဲ့ပုံပါပဲ. လိန်ဖန်က လင်ရှန်းက ထိခိုက်ထားတဲ့လက်ကိုမြှောက်ထားပြီး အခြားတစ်ဖက်က ဆေးပုလင်းကို ကိုင်နေတာကို သတိထားလိုက်မိပါတယ်. သူမက သူမဘာသူမ ဆေးလိမ်းနိုင်ပုံလဲမပေါက်ပါဘူး. ဒါကြောင့် သူက ဆေးပုလင်းကိုသူမလက်ထဲကနေ ယူလိုက်ပြီး ပြောလိုက်တယ်-
" ထိုင်နေလိုက် ငါ မင်းကို ကူလိမ်းပေးမယ်"
လင်ရှန်းလည်း ဒုက္ခခံမနေတော့ပါဘူး သူမရဲ့လက်က မခံမရပ်နိုင်အောင်ပဲ စပ်နေလို့ပါ. သူမက သူမရဲ့သွားတွေကိုတင်းတင်းကြိတ်လိုက်ပြီး လိန်ဖန်ကို သူမရဲ့အနာကို ဆေးလိမ့်ခွင့်ပေးလိုက်ပါတယ်. သူ့ရဲ့မျက်နှာအမူရာကြီးပြင်းထန်နေပုံကိုကြည့်လိုက်တာနဲ့ သူက အခြားသူတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ဆေးလိမ်းပေးတာ ပထမဆုံးအကြိမ်ဖြစ်မှန်း သိသာနေပါတယ်. ကြည့်ရတာကတော့ သူက အရမ်းကို ဂရုတစိုက်နဲ့ ကြိုးစားနေတဲ့ပုံပါပဲ. လင်ရှန်းရဲ့နေရာကနေကြည့်မယ်ဆိုရင် သူက မျက်နှာတစ်ဝက်ကိုဖုံးအုပ်ထားပေမယ့်လည်း သူ့ရဲ့ခိုင်မြဲတဲ့နှုတ်ခမ်းတွေရယ် ထူထဲတဲ့မျက်တောင်မွှေးတွေကို သူမ မြင်နိုင်ပါသေးတယ်။
' ရှင် ကျွန်မကို လာနောက်နေတာလား?' ဒီလူရဲ့မျက်တောင်မွှေးတွေက ကြည့်လို့အရမ်းကောင်းတာပဲ. သူက လုံးဝ ၃၆၀ ဒီဂရီကို လန်းတယ်. လင်ရှန်းတစ်ယောက် သူမရဲ့စိတ်ထဲမှာ နက်နက်နဲနဲကိုတွေးနေခဲ့ပါတယ်. ရုတ်တရက်လေးအတွင်းမှာပဲ သူမရဲ့ဒဏ်ရာကနေ တဒိတ်ဒိတ်နဲ့ကိုက်ခဲလာပါတယ်။
"အာ့! တော်တော်နာလိုက်တာ! နာလို့ သေရတော့မှာပဲ!"
သူမက စူးစူးဝါးဝါးအော်လိုက်ပြီးသူမရဲ့လက်ကို နောက်ပြန်ဆွဲလိုက်ပေမယ့် လိန်ဖန်က ရုန်းကန်နေတဲ့သူမဆီက ပြန်ဆွဲယူလိုက်ပြီး - "မလှုပ်နဲ့!"
"ဒါပေမယ့် ဒါက အရမ်းနာတာပဲ!" ငါ အနာပေါ်ကို ဆေးမလိမ်းချင်တော့ဘူး!
နောက်ထပ် ထပ်မလိမ်းချင်တော့ဘူး!"
လင်ရှန်း မျက်နှာရှုံ့မဲ့မဲ့နဲ့ပြောတယ်။ သူမက နာကျင်မှုကို လုံးဝသည်းမခံနိုင်ပါဘူး. ရုတ်တရက် လိန်ဖန်က အခြားဆေးပုလင်းဆို ပိုနာမှာလို့ ပြောတာကို ပြန်စဉ်းစားလိုက်မိတယ်. သူမ လိန်ဖန်ရဲ့ကျောကုန်းကို ဆေးလိမ်းတုန်းက တုန်ယင်သွားတာကိုသတိရလိုက်တယ်. အဲဒီအချိန်တုန်းက သူဆို ဆေးတွေအများကြီးလိမ်းခဲ့ရတော့ သူတော်တော်နာခဲ့ရမှာပဲ!'
လိန်ဖန်ရဲ့ အားကောင်းကောင်းနဲ့ အတင်းဖိပြီးလိမ်းပေးလိုက်တော့ လင်ရှန်းရဲ့အနာကို ပြီးအောင် ဆေးလိမ်း လိုက်နိုင်ခဲ့ပါတယ်. သို့သော်လည်း လင်ရှန်းက သူမလက်ကိုပြန်ဆွဲယူလိုက်တဲ့ အချိန်မှာတော့ သူမရဲ့မျက်လုံးတွေကနာကျင်မှုကြောင့်နီရဲလို့နေပြီး သူမရဲ့နှာခေါင်းကလဲ နှာရည်တွေတောင် ထွက်ကျနေပါပြီ။
"ဆေးလိမ်းရတာ ဒီလောက်နာမှန်းသာသိရင် ငါဆေးလိမ်းမှာ မဟုတ်ဘူး နာရမယ့်အစား..ငါ သေပဲ သေလိုက်တော့မယ်........"
လိန်ဖန်က ယောက်ျားလေးတစ်ယောက်က ဒီလောက်အနာလေးနဲ့ ဖြစ်ပျက်နေတာကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး. သူက လင်ရှန်းကို သင်ကြားမှုလေးတစ်ချို့ပြော
လိုက်ချင်ပေမယ့် သူ့ရဲ့ငိုမဲ့မဲ့မျက်လုံးတွေကို မြင်တော့ သူစိတ်မကောင်းခဲ့ပါဘူး. ဒါကြောင့် သူက ဘာပြောလို့ပြောရမယ်မှန်းမသိဘဲ အနေခက်သလိုဖြစ်နေပါတယ်။
နာကျင်မှုကြောင့် လင်ရှန်း ညည်းညူနေပြီး ကြမ်းကြမ်းတမ်းတမ်းလိမ်းလို့ လိန်ဖန်ကို အပြစ်တင်နေခဲ့ပါတယ်. သူမက နောက်တစ်နေ့မနက်ထိတောင် ပြောလို့မပြီးမယ့်ပုံပါပဲ. ခဏကြာပြီးတဲ့နောက် သူမရဲ့လက်က နောက်ထပ်မနာလာတော့ပါဘူး. အဲဒါကပဲ သူမတစ်ယောက်တည်းသာလျှင် ပြောဆိုနေသလိုဖြစ်နေတာကို သူမနားလည်လိုက်စေပါတယ်. ထို့ကြောင့်ပင် သူမက လိန်ဖန်ကိုမော့ကြည့်လိုက်ပြီး အကြံအိုက်သွားခဲ့ပါတယ်။
"မင်း ဘာလို့ ငါ့ကိုငေးကြည့်နေတာလဲ"
လိန်ဖန်က သူမကို တော်တော်ကြာတဲ့အထိကို မမှိတ်မသုန်ကို စူးစိုက်ကြည့်နေခဲ့ပါတယ်. ဒါပေမယ့် လင်ရှန်းက ပြန်မေးလိုက်တဲ့အချိန်မှာတော့ လိန်ဖန်က ချက်ချင်းပဲ သူမဆီကနေ အကြည့်လွှဲလိုက်ပါတယ်။
"ဘာမှ မဟုတ်ပါဘူး........." သူ့မျက်နှာက မျက်နှာဖုံးတပ်ထားခဲ့တော့ ဘယ်သူကမှ သူ့ရဲမျက်နှာအမူအရာကို မသိနိုင်ပါဘူး။ ရုတ်တရက်ပဲ သူက မတ်တပ်ထရပ်လိုက်ပြီး - " ကြင်ယာတော်မင်းသား နောက်ကျနေပါပြီ..
ကြင်ယာတော်မင်းသားက ဒဏ်ရာရနေတော့ သွားအနားယူလိုက်ပါ"
"ဒါပေမယ့် ငါလာခဲ့တာက..!" လင်ရှန်းက မပြန်ချင်ဘဲ ငြင်းလိုက်တယ်။
"ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့, ကြင်ယာတော်မင်းသား"
" ငါ........"
"ကျေးဇူးပြုပြီး..!"
လိန်ဖန်ရဲ့ဟန်အမူအရာက တည်တည်ကြီးဖြစ်နေတော့ လင်ရှန်းလဲ ပြန်ပြီးတော့ အငြင်းအခုန် မလုပ်ရဲတော့ပါဘူး. သို့သော်လည်း သူမက စိတ်ရှုပ်ပြီး မချင့်မရဲဖြစ်သွားတယ်။ 'သူက ငါ့ကိုကူပြီးဆေးလိမ်းပေးခဲ့ပေမယ့် အခုကျတော့ သူက ငါ့ကိုမောင်းထုတ်နေတာလား? ဘာလို့ သူ့မျက်နှာက ဒီလောက်အပြောင်းလဲမြန်ရတာလဲ?' ဟုတ်ပါတယ်. သူမက နေဖို့ဆင်ခြေလေးတောင် ရှာမတွေ့တော့ပါဘူး. ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ သူမက လိန်ဖန်ကို စူးစူးဝါးဝါးပြန်စိုက်ကြည့်လိုက်ပြီး-
" ကောင်းပြီ.! ငါ သွားမှာပါ! မင်းက နောက်ဆုံးတော့အဲလိုမျိုးလား! ဟမ့်!" လင်ရှန်းက ဒေါနဲ့မောနဲ့သူမ နောက်ကတံခါးကို ဂျိုင်းခနဲအသံမြည်အောင်ပိတ်လိုက်ပြီး ထွက်သွားပါတော့တယ်။
လိန်ဖန်က လင်ရှန်းပိတ်သွားတဲ့ တံခါးကိုကြည့်လိုက်ပြီးတော့ မျက်နှာဖုံးအောက်က သူ့ရဲမျက်လုံးတွေက ထိန်းသိမ်းလို့မရနိုင်အောင် အုံကြွနေတဲ့သူ့ရဲ့စိတ်ခံစားချက်တွေကို ဖွင့်ထုတ်လိုက်တော့ပါတယ်။
End...