Chapter 16
Viewers 9k

အပိုင်း(၁၆)


တုဟောင်က စုံစမ်းစစ်ဆေးခြင်းနဲ့ပတ်သတ်တဲ့ အချက်လက်တွေကို ရရှိခဲ့ပါတယ်. နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့လူရဲ့နောက်ကွယ်က ဇာတ်လမ်းအကြောင်းကတော့ လျင်မြန်စွာပဲ ထုတ်ဖော်ခြင်းခံလိုက်ရပါတယ်. အဲဒီအကြောင်းက တော်တော်လေးယုတ္တိမရှိလွန်းလို့ လူတွေက ငိုရမလား၊ ရယ်ရမလားတောင်မသိတော့ပါဘူး။


စုံစမ်းသိရှိမှုအရ မြို့တော်ထဲမှာ ဝူလျန်ဂျီလို့အမည်ရှိတဲ့ အကျင့်ပျက်ချစားတဲ့ မင်းမှုထမ်းတစ်ယောက် ရှိခဲ့ပါတယ်. တကယ်တော့ ဝူလျန်ဂျီက အင်ပါရာရဲ့ အနှစ်သက်ဆုံးတော်ဝင်ကိုယ်လုပ်တော်တစ်ယောက် ဖြစ်တဲ့ ကိုယ်လုပ်တော်ရုန်ဖိန်ရဲ့ အကိုကြီးတစ်ယောက်ပင်ဖြစ်သည်. သူ့နာမည်အတိုင်းပါပဲ ဒီလူက အကောင်း၊အဆိုး ဝေဖန်ပိုင်းခြားနိုင်းစွမ်းမရှိသူပင်ဖြစ်သည်.( တရုတ် မက်ဒရင်းဘာသာရဲ့အသံထွက်အရ ဆိုရင်တော့ 'ဝူ'= မရှိ, 'လျန်ဂျီ'= အသိစိတ် လို့ အဓိပ္ပာယ်ရလို့ပါတဲ့ရှင်) သူက မကြာခဏဆိုသလိုပဲ မိန်ကလေးငယ်ငယ်လေးတွေကို ပြန်ပေးဆွဲပြီး လက်ဆောင်တွေပေး၍ နောက်ပိုး ပိုးခြင်း ကဲ့သို့သော မဖွယ်မရာအပြုအမူတွေကို မကြာခဏပဲ ကျူးလွန်လေ့ရှိသူပါ. အင်ပါယာရဲ့ အချစ်တွေက ရုန်ဖိန်ထံမှာရှိနေတာကြောင့် မြို့တော်ရဲ့ ရာထူးကြီး၊ ရာထူးငယ်တဲ့မင်းမှုထမ်းတွေထဲက ဘယ်သူကမှ ဝူလျန်ဂျီရဲ့ အရှုပ်အထွေးကို သွားမရှုပ်ရဲတာပင်ဖြစ်သည်. ထိုအကြောင်းကြောင့်ပင် ဝူလျန်ဂျီက ပိုပြီးတော့ မင်းမဲ့စရိုက်ဆန်လာပြီး မရေမတွက်နိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေကို စုဆောင်းမိလာတာပါပဲ ဖြစ်သည်။


ဒါပေမယ့် ဝူလျန်ဂျီမှာ စဉ်စားတွေးခေါ်နိုင်တဲ့ညဏ်မရှိသော်လည်း သူမှာ ဉာဏ်ရည်လေးတစ်ချို့တော့ရှိပါတယ်. သူ မင်းမှုထမ်းဖြစ်လာပြီးတော့


တန်စိုးလာဘ်ဆောင်အတော်များများကို ရရှိလာကတည်းက သူက သူ့အပေါ်မှာ အာရုံစိုက်စေပြီး ဖော်ထုတ်ခံရမယ့် အရာမှန်သမျှကို ဘာမှကို မလုပ်ဆောင်ခဲ့ပါဘူး. သို့သော်လည်း ပြဿနာက ဝူလျန်ဂျီရဲ့တစ်ဝမ်းကွဲညီအကိုဖြစ်တဲ့ ဝူဂျီရှန်ထံကနေပြီးတော့ လိမ်လည်လှည့်ဖြားခြင်းခံခဲ့ရတဲ့ သူ့ဆီကို ဆိုက်ရောက်လာခဲ့ပါတယ်။


ဝူဂျီရှန်က တကယ့်ကိုပဲ ဉာဏ်ရှိတဲ့သူတစ်ယောက်မဟုတ်ပါဘူး. သူ့ရဲ့တစ်ဝမ်းကွဲ ညီအကို ချမ်းသာကြွယ်ဝလာတာကိုကြည့်ပြီးတော့ သူကကျတော့ သာမန်မြေပိုင်ရှင်လေးတစ်ယောက်အနေနဲ ချမ်းသာရုံလေးသာဖြစ်တာမို့ သူက


မကျေမနပ်ဖြစ်ခဲ့ပါတယ်။


'ငါတို့က မိသားစုတစ်ခုတည်းက ဆင်းသက်လာခဲ့ပေမယ့် ဘာလို့ သူတို့က ငွေကြေးအာဏာရှိပြီး ငါ ကတော့ မရှိနိုင်ရတာလဲ။ ဒါပဲဖြစ်ရမယ်! ဘာကြောင့်သူတို့ လှေကားတစ်စင်းလိုမျိုး ထောင်တက်ပြီး မြင့်မားသွားလဲဆိုတဲ့ တစ်ခုတည်းသောအကြောင်းပြချက်က သူတို့စုဆောင်းမိထားတဲ့ ဩဇာအာဏာနဲ့ ချမ်းသာကြွယ်ဝမှုကြောင့်ပဲ ဖြစ်ရမယ်. ငါကတောင်ပိုပြီးတော့ ကောင်းအောင်လုပ်နိုင်သေးတယ်. ငါလဲပဲ ငါ့ကိုယ်ငါကို အင်ပါယာဘုရင်အဖြစ် ကြေငြာချက်ထုတ်ပြန်ရမယ်!'


နောက်တစ်နေ့ညမှာပဲ အသိဉာဏ်မဲ့၍ ရှုးမိုက်တဲ့ ဝူဂျီရှန်က သူ့ရဲ့အိမ်တော်ထိန်းကို အင်ပါယာရဲ့အမိန့်ပြန်တမ်းတခုကို ဖန်တီးလုပ်ယူဖို့ပြောခဲ့ပါတယ်. သူက


အင်ပါယာရဲ့ တရားဝင်မျိုးနွယ်အမည်ကို 'ဝူ' လို့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ဇနီးဖြစ်သူကို ဘုရင်မအဖြစ် ၊ သူ့ရဲ့ ၈နှစ်အရွယ်သားဖြစ်သူကိုတော့ အိမ်ရှေ့မင်းသားအဖြစ် နဲ့ သူ့ရဲ့အိမ်နီးချင်းမြေပိုင်ရှင်ကို အင်ပါယာရဲ့


ညီအကိုတော်အဖြစ်၊ သူ့ရဲ့အိမ်တော်ထိန်းကိုတော့ သူ့ရဲ့အကြံပေးအဖြစ် ဘွဲ့တံဆိပ်တော်တွေပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်.


သူ့မှာ စုစုပေါင်းစစ်သည်တော်(၈)ယောက်လည်း ရှိပြီးတော့ သူကိုယ်သူလဲ 'ဘုရင်'ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။


အဲဒီ "တိုင်းပြည်အသစ်" ကြော်ငြာပြီးတဲ့သုံးရက်မြောက်နေ့မှာပဲ အဲဒီအကြာင်းက ဝူလျန်ဂျီရဲ့နားထဲကို ရောက်ရှိသွားခဲ့ပါတယ်. ဝူလျန်ဂျီက အလွန်အမင်းဒေါသတွေ ထွက်သွားခဲ့ပါတယ်။


'ဝူဂျီရှန်ရဲ့ ဦးနှောက်ကတော့ မေးခွန်းထုတ်ရတော်မှာပဲ ဒါပေမယ့်လဲ သူက ဘယ်လိုတောင် သူနဲ့အတူငါ့ကိုပါ ဆွဲချရဲတာလဲ' သူက ချက်ချင်းပဲ လူအုပ်စုတစ်စုကိုခေါ်ဆောင်ပြီး လျင်မြန်စွာနဲ့ ဝူဂျီရှန်ရဲ့အိမ်တော်ကို သွားခဲ့ပါတယ်။


သူတို့ရောက်ရောက်ချင်းပဲ သူတို့က "နန်းတော်" လို့ အမည်တပ်ရေးသားထားတဲ့ လိမ်လည်လှည့်ဖျားထားတဲ့ဆိုင်းဘုတ်အမှတ်အသားနဲ့ ကြိုဆိုခြင်းခံလိုက်ရပါတယ်. ဝူလျန်ဂျီရဲ့လူတွေက စစ်သား(၈)ယောက်ကိုတိုက်ခိုက်လိုက်ပြီး အိမ်တော်ထိန်းကိုတော့ လွတ်မြောက်သွား​စေခဲ့တယ်။


ဝူလျန်ဂျီက စူးစူးဝါးဝါးနဲ့အော်ဟစ်ကြိမ်းမောင်းပြီးတော့ ဝူဂျီရှန်ကို သတိပေးခဲ့ပါတယ်. အဆုံးသတ်မှာတော့ သုံးရက်တာသက်တမ်းကြာရှည်ခဲ့တဲ့ တိုင်းပြည်အသစ်က ငါးနာရီအတွင်းမှာပဲ ဖယ်ထုတ်ရှင်းလင်းခြင်း ခံလိုက်ရပါတော့တယ်။


အကယ်စင်စစ်တော့ ဇာတ်လမ်းလေးက အဆုံးသတ်သွားသင့်ပါပြီ. ဒါပေမယ့် ပြဿနာကတော့ ဝူဂျီရှန်နဲ့အတူ တစ်ဖန်ပြန်လှည့်ဖျားပြီး ရောက်လို့လာခဲ့ပါတယ်. ဒီလူရဲ့ ညဏ်ရည်ညဏ်သွေးကတော့ သုညအောက်ပါပဲ။ ဝူလျန်ဂျီရဲ့ ဆူပူကြိမ်းမောင်းခြင်းခံရပြီးတဲ့နောက်မှာ သူက အရမ်းမကျေမချမ်းဖြစ်ခဲ့ပါတယ်. ဘာလို့ဆိုတော့ သူရွေးချယ်ထားခဲ့တဲ့ သူနှင့်အတူ ပူးပေါင်းကြံစည်ထားတဲ့ သူ့ရဲ့အိမ်နီးချင်း မြေပိုင်ရှင်ရယ်၊ "အင်ပါရာဘုရင်မင်းမြတ်" အဖြစ်နဲ့ဆက်ပြီးတော့ရှိနေဖို့အတွက် လက်ရှိအင်ပါရာအစစ်ကို ရှင်းထုတ်ရန် လုပ်ကြံသူကိုရှာဖို့သုံးခဲ့ရတဲ့ ငွေပြားတွဲ ၂၀(သူက ၁၀ တွဲသာ သူပေးရသေးပေမယ့်) ဆုံးရှုံးခဲ့ရလို့ပဲဖြစ်တယ်။


ဝူဂျီရှန်အတွက် ကံမကောင်းခဲ့တာကတော့ ငွေပြားတွဲ(၂၀)က အဆင်မြင့််ကျွမ်းကျင်တဲ့လုပ်ကြံသူကို ဆွဲဆောင်နိုင်ခဲ့လို့ပါပဲ. လုပ်ကြံသူက သူ့ရဲ့စရံငွေဖြစ်တဲ့ ငွေပြား (၁၀)တွဲကိုယူဆောင်သွားပြီးတော့ နန်းတော်ကိုဝင်ရောက်ပြီး တိုက်ခိုက်ခဲ့လို့ပါ. သူက တော်ဝင်ကိုယ်ရံတော်တွေကို အရင်ဦးစွာသတ်ပြီး အင်ပါယာသာ သူ့ရဲ့အိပ်ဆောင်တော်ထဲမှာရှိ​နေရင် အင်ပါယာကိုပါအောင်မြင်စွာ သတ်နိုင်ဖို့စီမံထားခဲ့တာပါ။


'ဝါး အင်ပါယာကသာ သူ့ရဲ့အသက်က ငွေပြားတွဲ(၂၀)ပဲ တန်ဖိုးရှိတာကို သိခဲ့ရင် သူဘယ်လိုနေမလဲဆိုတာ ငါ သိချင်လိုက်တာ။'


ရှောင်လုက ဇာတ်လမ်းရဲ့ဒီအပိုင်ူကိုရောက်ရှိသွားတဲ့အချိန်မှာတော့ လင်ရှန်းက သူမရဲ့ကျန်ရှိနေတဲ့ အကြမ်းရည်တွေကို မော့သောက်ချလိုက်တော့တယ်။


'စောက်ရမ်း မိုက်လိုက်တာ အကိုကြီးရယ် ရှင်ကအရမ်းသတ္တိရှိတာပဲ။ ငါ ဒီကမ္ဘာကြီးမှာ ဒီလိုလူစားမျိုးရှိနေလိမ့်မယ်လို့ လုံးဝမသိခဲ့ဘူး။ စစ်သားရှစ်ယောက်တည်းနဲ့လား..... ဟ....ဟား ဟားဟားဟား........'


လင်ရှန်း ရယ်ရလွန်းလို့ အူတွေတောင်နာနေပါပြီ. သူမက ကြမ်းပြင်ပေါ်မှာတောင် လူးလိမ့်ပြီးရယ်နေပါတယ်. မကြာလိုက်ပါဘူး မိန်းမစိုးတစ်ယောက်က တံခါးပေါက်ဝမှာ သူမကိုအေးစက်တဲ့ဇောချွေးပြန်စေတဲ့ အမိန့်စာလွှာကို ကြေငြာခဲ့ပါတော့တယ်။


"ကြင်ယာတော်မင်းသားခင်ဗျား .. ဘုရင်မင်းမြတ်က ကြင်ယာတော်မင်းသားကို တွေ့ရှိရန် ဆင့်ခေါ်လိုက်ကြောင်းပါ!"


°°°°°°°°°


လင်ရှန်းတစ်ယောက် ထိတ်လန့်စွာနဲ့ မိန်းမစိုးနောက်ကနေ တော်ဝင်စာကြည့်ဆောင်ကို လိုက်ပါလာခဲ့ပါတယ်. သူမ တုမင်ယွဲ့နဲ့ မဂႅလာဆောင်ပြီးခဲ့တာ အချိန်အနည်းငယ်တော့ကြာရှိသွားပါပြီ. ဒါပေမယ့် အင်ပါယာက သူမကို တစ်သီးတသန့်တော့ တစ်ခါမှမဆင့်ခေါ်ခဲ့သေးပါဘူး. 'သူမကို အင်ပါယာက ဘာကြောင့် ဆင့်ခေါ်ခဲ့တာဖြစ်နိုင်မလဲ? တုမင်ယွဲ့လက်ချက်များဖြစ်နေမလား...' လင်ရှန်းတစ်ယောက် ကြောက်ရွံ့မှုကြောင့်တုန်ယင်လို့နေပါပြီ။


သူမ စာကြည့်ဆောင်ကို ရောက်ရှိတဲ့အခါမှာတော့ အင်ပါယာက သူမရဲ့အဖေဖြစ်တဲ့ အမတ်ချုပ်ကြီး စုန့်ရှမ်းနှင့်အတူတူ ရှိနေခဲ့ပါတယ်. အင်ပါယာဘုရင်က စာလိပ်တစ်ခုကိုကိုင်ထားကာ သူမရဲ့အဖေဖြစ်တဲ့သူနဲ့ စကားတစ်ချို့ပြောဆိုပြီး ရယ်မောနေတာကိုတွေ့ပါတယ်. ထင်ရတာကတော့ သူ့ရဲ့စိတ်အခြေနေက ငွေပြားတွဲ (၂၀)ကြောင့်နဲ့ခံစားနေပုံတော့ မပေါက်ပါဘူး။


လင်ရှန်း သူမအဖေကိုမြင်လိုက်ရတော့ သူမအတွက် စိတ်ထဲမှာနေလို့ကောင်းသလို ခံစားရသွားတယ်. သူမက ရိုသေလေးစားစွာနဲ့ အင်ပါယာအား သူမရဲ့ဦးခေါင်းကိုညွှတ်ပြီး ဂါဝရပြုနှုတ်ဆက်လိုက်ပါတယ်. သူမကိုယ်တိုင် ရိုသေကျိုးနွံတတ်တဲ့ သမက်တော်တစ်ယောက်အဖြစ်နဲ့ပါ။


အင်ပါယာက သူမကို အလွန်ကို ဝမ်းမြောက်တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး စိတ်ကျေနပ်သွားကာ သူမကိုထိုင်ခုံပေါ်မှာ ထိုင်စေဖို့ခွင့်ပြုလိုက်ပါတယ်. သူက ကြင်နာတဲ့ ယောက္ခမတစ်ယောက်လိုပြုမူပြီး စုန့်ရှမ်းကို ပြုံးကာပြောလိုက်တယ်. "သူ့ကိုကြည့်စမ်းပါအုံး , ဒီကလေးက အရမ်းကို တစိမ်းဆန်လွန်းနေတာပဲ. သူက ငါကိုယ်တော့်ကို ဘုရင်မင်းမြတ်တစ်ပါးလိုပဲ သဘောထားနေသေးတယ်!"


စုန့်ရှမ်းက အနည်းငယ် လိပ်ပြာမလုံသလိုဖြစ်သွားပြီး ချက်ချင်းပင် လင်ရှန်းကို အချက်ပြလိုက်ကာ- "လောင်အာ...သား.. ဘုရင်မင်းမြတ်ကို ခမည်းတော်ဘုရင်မင်းမြတ်လို့ပဲ သဘောထားသင့်တယ်"


လင်ရှန်း ချွေးပြန်စွာဖြင့် အလောတကြီးပဲပြောလိုက်တယ်. "ခမည်းတော် ဘုရင်မင်းမြတ်"


"စိတ်ထဲသိပ်မထားပါနဲ့ ! ငါကိုယ်တော်က ဒီနေ့ မင်းကို မိသားစုအရေးကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးဖို့ခေါ်လိုက်တာပါ. ကြုံကြိုက်တုန်းလေး ဒီနေရာမှာ အမတ်ချုပ်ကြီးလဲ ရောက်နေတာပဲ. မင်းတို့နှစ်ယောက်လုံးကလည်း မတွေ့ရတာလဲ အတော်ကြာပြီဆိုတော့ ခဏလောက်ဖြစ်ဖြစ် မင်းတို့နှစ်ယောက်ကို တွေ့ခွင့်ရအောင်လို့ပါ။"


အခြေနေတွေက အရမ်းပြင်းထန်မယ့်ပုံမပေါက်တော့ လင်ရှန်းလည်း စိတ်သက်သာစွာသက်ပြင်းတစ်ချက်ချလိုက်ကာ- "ဒီသားတော်က ခမည်းတော်ဘုရင်မင်းမြတ်ရဲ့ ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်"


"လောင်အာ.. မင်းလည်း မိသားစုဝင်ဖြစ်နေပြီပဲ. ဒါက နန်းတော်ထဲမှာမဟုတ်ပါဘူး အရမ်းယဉ်ကျေးပြနေစရာမလိုပါဘူး. ဒါနဲ့ လောင်အာ... သားတော်က မင်ယွဲ့နဲ့လက်ထပ်ခဲ့တာ အခုဆို တစ်လနီးပါးတောင်ရှိနေပြီမဟုတ်လား.။ ခမည်းတော်ဘုရင်မင်းမြတ်က မင်းကိုပဲ မေးနေရတာ တောင်းပန်ပါတယ်ကွယ် .. မင်ယွဲ့က ငယ်ငယ်လေးထဲက သူမလိုတာမှန်သမျှအကုန်ရခဲ့တာ ငါက မင်းကို ပြဿနာဖြစ်စေမှာပဲ စိုးရိမ်နေရတယ်"


"မဖြစ်ရပါဘူး .. ခမည်းတော်ဘုရင်မင်းမြတ်.. ဒီသားတော်နဲ့ မင်းသမီးက အရမ်းကိုအဆင်ပြေကြပါတယ်" လင်ရှန်း ​မျက်တောင် တစ်ချက်တောင်မခတ်ပဲပြန်ပြောလိုက်ပါတယ်။


"ကောင်းတယ်! ငါ့ရဲ့သမီးတော်က သူ့ရဲ့ ကလေးဆန်ပြီးဆိုးနေတာကလွဲလို့ ကျန်တာအားလုံးကောင်းပါတယ်. သူက ဝုန်းဒိုင်းကျဲပြီးလျှောက်သောင်းကျန်းနေမှာပဲ ငါကိုယ်တော်က စိုးရိမ်နေရတာ. မင်းတို့နှစ်ယောက်စလုံး ဘာပြဿနာမှမရှိတာတွေ့ရတာ ငါကိုယ်တော် ဝမ်းမြောက်ပါတယ်. ငါတို့တော့ မကြာခင် မြေးချီရတော့မယ်လို့ ကိုယ်တော်တော့ စိတ်ထဲမှာထင်နေပြီ.! စုန့်ရှမ်း မင်းတော့ မကြာခင်မြေးတစ်ယောက်တော့ ချီရတော့မှာပဲ!


အင်ပါယာက ဝမ်းမြောက်ပျော်ရွှင်စွာနဲ့ စိတ်ကျေနပ်စွာကြည့်နေပါတယ်. စုန့်ရှမ်းက သူကိုယ်သူသိပြီး နဖူးကနေ ခြေဖျားအထိကို ချွေးအေးတွေစီးကျနေပါပြီ. သူက တုန်ယင်စွာနဲ့ ခေါင်းငြိမ့်လိုက်ကာ - " ဘုရင်မင်းမြတ်နဲ့ မင်းသမီးရဲ့များပြားတဲ့အချစ်တွေကြောင့် ကျွန်တော်မျိုးရဲ့သားကတော့ ကျေးဇူးတင်ရှိလွန်းနေပါပြီ....."


အဲလိုနဲ့ပဲ အခန်းတွင်းမှာတော့လူသုံးယောက်က- တစ်ယောက်ကတော့ သူ့ရဲ့ကလေးအနာဂတ်အတွက် စိတ်အားထက်သန်စွာပဲမျှော်လင့်နေပြီးတော့ ကျန်နှစ်ယောက်ကတော့ အလွန်အပြစ်ရှိတဲ့စိတ်တွေ ခံစားနေရပါတယ် . စကားပြောနေကြတာ တစ်နာရီလောက်တောင်ကြာသွားခဲ့ပါတယ်. အခုတော့ လင်ရှန်းတစ်ယောက် အိပ်ပျော်လုနီးပါးတောင်ဖြစ်နေပါပြီ. နောက်ဆုံးတော့ စကားပြောခန်းက စိတ်ဝင်စားဖွယ်ရာခေါင်းစဉ်ကို ကျရောက်လာပါတော့တယ်။


"လောင်အာ... ငါတို့တွေ ဝူလျန်ဂျီကို ဘယ်လိုအပြစ်ပေးသင့်တယ်လို့ မင်း ထင်သလဲ?" ဘုရင်မင်းကြီးရဲ့ မေးခွန်းက လင်ရှန်းကို သူမ ပျင်းရိစွာအိပ်ငိုက်နေရာကနေပြန်သတိဝင်လာစေလိုက်ပါတယ်. အင်ပါယာက သူမရဲ့သဘောထားကိုမေးနေမှန်း လင်ရှန်းသဘောပေါက်လိုက်ပါတယ်။


ဝူဂျီရှန်ရဲ့ပုန်ကန်မှုကြောင့်ဝူလျန်ဂျီ ကလည်း သက်ရောက်ခြင်းခံခဲ့ရပါတယ်။ ဒါနဲ့တင်မကသေးပါဘူး ရုန်ဖိန်တောင်မှ နန်းတော်၏သီးသန့်နန်းဆောင်ထဲတွင် ပိတ်ထားခြင်းကို ခံခဲ့ရပါတယ်။ နောက်ထပ်လဲ သူမရဲ့ခြောက်နှစ်သားအရွယ် မင်းသားငယ်လေးအား သူမရဲ့အဝေးကို ယူဆောင်သွားခြင်းခံခဲ့ရပြီး အခြားကိုယ်လုပ်တော်တစ်ယောက်၏ ကြီးပြင်းလာသည်အထိ ပြုစုပျိုးထောင်ပေးခြင်းကို ခံလိုက်ရပါတယ်။


လူတိုင်းလူတိုင်းကတော့ သူမဟာ ဝူလျန်ဂျီနဲ့ဆက်နွယ်နေခဲ့လို့ အကျိုးသက်ရောက်ခြင်းခံခဲ့ရတယ်ဆိုတာကို သိထားကြပါတယ်။ ထို့ကြောင့်ပင် ဝူဂျီရှန်က အင်ပါယာအဖြစ် စိုးစံဖို့ရှုံးနိမ့်သွားသော်လည်း သူက သူ့ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကိုတော့ေရာက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ယခုတော့ သူနဲ့သူ့ညီအကိုဝမ်းကွဲနဲ့ ခြားနားမှုမရှိတော့လို့ပါပဲ။


ဘာ့ကြောင့်လဲဆိုတော့ သူတို့အားလုံးအတူတူ အကျဉ်းကျခံနေရလို့ပဲ ဖြစ်ပါတယ်။


တစ်ခါတစ်​ေလမှာ လင်ရှန်းက ဘာမှမစဉ်းစားမဆင်ခြင်ပဲ လုပ်လေ့ရှိပေမယ့်လည်း သူမက သေချာပေါက် 'အရှုး'တစ်ယောက်တော့ မဟုတ်ပါဘူး. အင်ပါယာက ရုန်ဖိန်ကိုတောင် ရက်စက်စွာနဲ့ သီးသန့်အဆောင်တော်ကို ပို့ခဲ့လေတော့ သူမက ဝူလျန်ဂျီကို အပြစ်ပေးချင်စိတ်မရှိရင်တောင် သူ့မှာရွေးစရာမရှိပါဘူး. အများဆုံးဖြစ်နိုင်ချေရှိတာကတော့ အင်ပါယာက ဝူဂျီရှန်နဲ့ဆက်နွယ်နေတဲ့လူတွေကို အပြစ်မပေးသေးဘဲနဲ့ သူက တစ်ခါတည်းနဲ့ တစ်ချို့လူတွေနဲ့လူတော်တော်များများကို ဖမ်းဖို့အခွင့်ကောင်းယူချင်နေတာပဲဖြစ်သည်. အင်ပါယာက သူမကိုမေးခဲ့ရင်တောင်မှ သူ့မှာစဉ်းစားထားတာရှိနေပြီးသားပင်ဖြစ်သည်။


လင်ရှန်း ဒီအကြောင်းတွေကိုစဉ်းစားလိုက်ပြီးတော့ ပြောလိုက်တယ်. "ဒီသားတော်က နန်းတော်ထဲမှာပဲနေလာခဲ့တာပါ ဒီအခြေအနေနဲ့ပတ်သတ်ပြီး အများကြီးမသိပါဘူး. အဲဒါကြောင့်


ဒီသားတော် ဘာမှတ်ချက်မှပေးဖို့ မဝံ့ရဲကြောင်းပါ"


''ဘာမှမဖြစ်ပါဘူး ... ငါကိုယ်တော်က မင်းရဲ့အမြင်ကိုပဲကြားချင်တာပါ ။ သတ္တိရှိစမ်းပါ ငါကိုယ်တော် မင်းကိုအပြစ်မယူပါဘူး။''


လင်ရှန်းကလည်း အဲဒီစကားကိုပဲစောင့်နေတာပါ. သူမက အပြစ်ပေးခံရမှာ မဟုတ်တော့ကတည်းက သူမရဲ့အတွေးတွေကို ဝေမျှဖို့ ပြောပြပေးရဲပါပြီ. သူမက သေချာပေါက် ဆွေစဉ်မျိုးဆက်ကိုးဆက်လုံးကို သတ်ပစ်တဲ့အထိ အကြံဉာဏ်မပေးချင်ခဲ့ပါဘူး။ သို့သော်လည်း သူမက အိမ်ကို သွားရောက်ရှာဖွေကာ ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်ပြီး သိမ်းယူဖို့က အသင့်တော်ဆုံးလို့ သူမ ထင်​မြင်မိတယ်။


"ဒီသားတော်အမြင်အရတော့ ဝူလျန်ဂျီက သူရဲ့တစ်ဝမ်းကွဲညီအကိုရဲ့လှုပ်ရှားမှုအဖြစ်ပျက်ထဲမှာ တိုက်ရိုက်ပါဝင်မပတ်သတ်ခဲ့ပေမယ့်လည်း သူ့မှာလဲ တာဝန်ရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်.


ဒါ့ကြောင့် သူက သေတဲ့အထိတော့ မရောက်သင့်ပါဘူး.


သို့ပေမယ့်လည်း သားတော်နန်းတော်ထဲမဝင်ခင်က ဝူလျန်ဂျီနဲ့ပတ်သတ်ပြီးတော့ သူက မကောင်းမှုတွေ အများကြီးလုပ်ခဲ့တယ်ဆိုတာ သတိပြုမိခဲ့ပါတယ်. သူက အကျင့်ပျက်ချစားပြီးတော့ သူ့ရဲ့ အာဏာကိုအလွဲသုံးစားလုပ်ပြီးတော့ တရားဥပဒေကိုဆန့်ကျင်ပြီး အခြားလူတွေကို အနိုင်ကျင့်စော်ကားခဲ့ပါတယ်. သူက တကယ့်ကိုဆိုးသွမ်းလွန်းတဲ့လူတစ်ယောက်ပါပဲ. ပြည်သူတွေရဲ့ ဒေါသတွေကိုဖြေလျော့ဖို့ သူက အပြစ်ပေးခံထိုက်ကြောင်းပါ. ဒီသားတော်က သူ့ရဲ့ရာထူးနေရာကနေလျော့ချတာကို ခွင့်ပြုပေးဖို့ အကြံပြုတင်ပြချင်ပါတယ်။"


"အိုး?" လင်ရှန်းရဲ့ အကြံပြုချက်က အင်ပါယာကိုစိတ်လှုပ်ရှားသွားစေလိုက်ပါတယ်. "လောင်အာ. မင်းက ဘာတွေးထားလို့လဲ။ ဆက်ပြီးတော့ပြောပါဦးလား"


"သားတော်ရဲ့အမြင်အရဆိုရင် သားတော်တို့က သူ့အိမ်တော်ရဲ့ချမ်းသာကြွယ်ဝမှုကိုသိမ်းယူပြီး သူ့ရဲ့အစေခံတွေကိုလွှတ်ပေးလိုက်ပါမယ် ပြီးတော့ သူတို့ကို လွတ်လပ်ခွင့်ပေးလိုက်ပါမယ်. သူ့ရဲ့မြေတွေကိုလဲသိမ်းယူလိုက်မယ်. ကျွန်တော်တို့သိမ်းယူလိုက်တဲ့ ပစ္စည်းဥစ္စာတွေကိုတော့ သူအနိုင်ကျင့်ခဲ့တဲ့ ပြည်သူတွေကို ပေးလိုက်မှာပါ. ဝူလျန်ဂျီကိုတော့ သူတောင်းစားတစ်ယောက်ဖြစ်စေပြီး သူဆင်းရဲဖြစ်ရခြင်းရဲ့ အရသာကိုခံစားခိုင်းလိုက်မှာပါ. အခြားသူတွေဆီကအနိုင်ကျင့်ခံရပြီး မထီမဲ့မြင်ဆက်ဆံခံရတာကို သူလည်း ခံစားသင့်ပါတယ်.


ဒီနည်းလမ်းကပဲ ပြည်သူတွေရဲ့အမျက်ဒေါသကို ကောင်းကောင်းလျော့နည်းသွားစေမှာပါ"


လင်ရှန်းပြောလိုက်တဲ့စကားက အင်ပါယာကို အားရကျေနပ်စွာနဲ့အံ့အားသင့်သွားစေခဲ့ပါတယ်.


စုန့်ရှမ်းတောင်မှ သူသိထားခဲ့တဲ့ သူ့ရဲ့သမီးမှဟုတ်ပါရဲ့လားလို့တောင် အလွန်အံ့ဩလို့သွားပါတယ်. 'ဘယ်အချိန်ကတည်းက သူ့ရဲ့သမီးက အရမ်းအမြော်အမြင်ရှိသွားရတာလဲ'


စိတ်ထဲမှာတော့ လင်ရှန်းတစ်ယောက် အပျော်လွန်လို့နေပါတယ်. သူမက စတီဗင်ချောင်ရဲ့ရုပ်ရှင်တစ်ခုဖြစ်တဲ့ "သူဖုန်းစားတွေရဲ့ဘုရင်" ဇာတ်ကားကိုကြည့်ခဲ့ဖူးတာကို ကျေးဇူးတင်မိသွားပါတယ်. မဟုတ်ရင်တော့လား သူမက ဒီလောက်အရမ်းမိမိုက်တဲ့အကြံကို ဘယ်လိုလုပ်ပြီးစဉ်းစားနိုင်မှာတဲ့လဲ? 'မင်းမှာစာအုပ်ကောင်းတွေမရှိရင်တော့ မင်းမှာကျွမ်းကျင်ရာတော့ရှိရမယ်. အကယ်၍ မင်းမှာ ကျွမ်းကျင်ပိုင်နိုင်မှု မရှိခဲ့ရင်တော့ TVကို ပိုကြည့်ဖို့တော့လိုလိမ့်မှာပဲ'


လင်ရှန်းရဲ့အကြံပြုတင်ပြချက်က အင်ပါယာရဲ့ ခွင့်ပြုမိန့်ကိုရရှိခဲ့ပါတယ်. အင်ပါယာက ချက်ချင်းပင် တော်ဝင်အမိန့်ပြန်တမ်းကိုထုတ်ပြန်လိုက်ပြီး သူတို့က ဝူလျန်ဂျီကို ချွတ်ခြုံကျစေဖို့အတွက် သူ့ရဲ့ပိုင်ဆိုင်သမျှအားလုံးကို သိမ်းယူမယ်လို့ တိုင်းပြည်တစ်ပြည်လုံးကိုကြေငြာလိုက်တယ်. ဝူလျန်ဂျီကို သူဖုန်းစားတစ်ယောက်လိုမျိုး မှတ်ယူလိုက်စေပြီးတော့ သူ့ကို တော်ဝင်အမိန့်တော်အား နာခံစေလိုက်ပါတယ်။


ဒီလိုမျိုးကြေငြာလိုက်ခဲ့တဲ့အခိုက်မှာပဲ မြို့တော်တစ်ခုလုံးက ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ပါတယ်. ဝူလျန်ဂျီရဲ့လုပ်ရပ်ကြောင့် ယခင်တုန်းက ဒုက္ခရောက်ခဲ့ရတဲ့ လူတော်တော်များများကလဲ အင်ပါယာကို ချီးမွမ်းနေကြပါတယ်. သူတို့က အမှန်တကယ်ကိုပဲ ကျေးဇူးတင်ရှိနေကြတာပဲဖြစ်တယ်။


တော်ဝင်အမိန့်ပြန်တမ်းကြေငြာပြီးတဲ့ သုံးရက်မြောက်နေ့မှာ နောက်ထပ်အမိန့်ပြန်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်-


'ကြင်ယာတော်မင်းသားကို တရားရေးအမတ်ကြီးအဖြစ်ခန့်အပ်ပြီး အိမ်ရှေ့စံမင်းသားနှင့်အတူတကွ ဝူလျန်ဂျီရဲ့ပိုင်ဆိုင်မှုများကို သိမ်းယူစေရန် တာဝန်ပေးအပ်လိုက်သည်. အမိန့်တော်'


အမိန့်တော်ကို လင်ရှန်းလက်ခံလိုက်ပြီးတဲ့အချိန်မှာတော့ သူမ သတိလစ်လုမတတ်ပင် ဖြစ်လို့သွားပါတယ်. သတိဝင်သွားပြီးတဲ့နောက်မှာတော့ သူမ တဟားဟားနဲ့သာအော်ဟစ်ပြီးပဲ ရယ်မောလိုက်ချင်တော့တယ် - 'သောက်ရမ်းကိုမိုက်တာပဲ! ပိုင်ဆိုင်မှုတွေကို သိမ်းယူရမယ်ဆိုပဲ! ဘယ်လောက်အနေချောင်လိုက်တဲ့အလုပ်လဲ!!'


End...