Chapter 17
Viewers 11k

အပိုင်း(၁၇)


လင်ရှန်းရဲ့ လူတစ်ယောက်ရဲ့အိမ်ကနေ ပစ္စည်းတွေကိုသိမ်းယူမယ်ဆိုတဲ့ ပထမအကြံကတော့ သူမ အရင်ကကြည့်ခဲ့ဖူးတဲ့ စတီဗင်ချောင်ရဲ့ နောက်ထပ်ရုပ်ရှင်ဇာတ်ကားတစ်ခုအပေါ်မှာ အခြေခံထားခဲ့တာပဲဖြစ်လေတယ်. 'တော်ဝင်ထောင်ချောက်' ဇာတ်ကားထဲက ဇာတ်ကွက်တစ်ခုမှာ သရုပ်ဆောင်တွေက လူတစ်ယောက်ရဲ့အိမ်တော်ကို ပစ္စည်းတွေကို ချိတ်ပိတ်သိမ်းယူဖို့သွားခဲ့ပါတယ်. သူမအတွက်ကတော့ အရမ်းအကြိုက်ဆုံးဖြစ်ရတဲ့အခန်းလေးဖြစ်ခဲ့တာပေါ့။


ဒါ့ကြောင့်ပဲ လင်ရှန်းတစ်ယောက် အရမ်းအရမ်းကို ကိုယ်စိတ်နှလုံးချမ်းသာနေရပါတယ်။


အစိုးရဝင်ခွင့်စာမေးပွဲဖြေဖို့ကြိုးစားရတာကတော့ တံတားတစ်စင်းထဲကိုပြုံခဲပြီးတော့ ထောင်ပေါင်းများစွာသော လူတွေနှင့်မြင်းတွေ ဖြတ်သန်းဖို့ကြိုးစားနေရသလိုပါပဲ. လူတွေအရမ်းများလွန်းလို့ သူမကိုယ်သူမတောင် ရှာမတွေ့တော့ပါဘူး. အခုတော့ သူမက အချိန်ကူးပြောင်းလာခဲ့ကာ ကြင်ယာတော်မင်းသားဖြစ်လာခဲ့ပြီး လူတစ်ယောက်၏ အိမ်တော်ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်တဲ့ အရမ်းကောင်းမွန်လှတဲ့ အလုပ်တာဝန်ကိုတောင် ပေးအပ်ခြင်းခံနေရပါပြီ. အဲဒီအလုပ်က သေချာပေါက်ကိုပဲ အစိုးရအလုပ်နဲ့နိုင်းယှဉ်လိုက်ရင် အများကြီးပိုကောင်းတဲ့အလုပ်ပါပဲ. 'အဲဒါက အနည်းဆုံးတော့ အဆင့်တစ်ခုတော့ရှိလာနေပြီပဲလေ!!!' အဲဒီအလုပ်ကနေပြီး သူမ ဘာအကျိုးအမြတ်မှမရရင်တောင် သူမက အနည်းငယ်လေးလောက်ပဲဖြစ်ဖြစ် အရေးကြီးတဲ့အခန်းအနေနဲ့ ပါဝင်နေတာပဲဖြစ်သည်။


တော်ဝင်အမိန့်တော်ကြေငြာပြီးတဲ့ ဒုတိယမြောက်နေ့မှာပဲ လင်ရှန်းက ဝူအိမ်တော်ကို သွားတဲ့လမ်းမှာရောက်နေပါပြီ. သူမ ရောက်သွားတဲ့အချိန်မှာတော့ အိမ်တော်တစ်ခုလုံးကို စစ်သားတွေဝိုင်းထားလိုက်ပြီးပါပြီ. အကျဉ်းသားတစ်ယောက်ဖြစ်တဲ့ ဝူလျန်ဂျီရဲ့ဘေးမှာတော့ အိမ်တော်တစ်ခုလုံးကလူတွေက အိမ်တော်ရဲ့ရှေ့မျက်နှာစာကွက်လပ်မှာဒူးထောက်ချပြီးတော့ သူတို့ရဲ့အပြစ်ဒဏ်ကို ချမှတ်ခံရဖို့ကို စောင့်ဆိုင်းနေကြပါတယ်။


ကြင်ယာတော်မင်းသားရဲ့ အမိန့်တစ်ချက်လေးပေးလိုက်တာနဲ့တင် စတင်ပြီးသိမ်းယူတော့မှာပါ။


အဲဒီအချိန်မှာပဲ လင်ရှန်းက ခမ်းနားလှတဲ့ 'ဝူအိမ်တော်' ကိုကြည့်ပြီး သက်ပြင်းတစ်ချက်သာ ချလိုက်မိပါတယ်. အိမ်တော်ကြီးက နန်းတော်နဲ့ယှဉ်ရင်တောင် ပိုပြီးတော့ခမ်းနားထည်ဝါနေတဲ့ ပုံပေါက်ပါတယ်. သူမ လမ်းလျှောက်ဝင်လိုက်တဲ့အခါမှာတော့ အရာအားလုံးက အောချလောက်အောင်ကို ရွှေတွေကြီးပါပဲ. 'တံခါးလက်ကိုင်ကွင်းတောင်မှ ရွှေနဲ့လုပ်ထားလိုက်သေး! ဝူလျန်ဂျီက သူချမ်းသာတာကို လူတွေမသိမှာစိုးရိမ်နေလို့လား. ဒါကြီးက ချက်ချင်းလက်ငင်းချမ်းသာလာတဲ့ အတိုင်းပဲ ခိုးကူးချထားသလိုပဲ!'


'သူ ဘာလို့ ဒီအိမ်တော်ကို ဒီလိုပုံစံမျိုးဆောက်ထားတာများလဲ။ သူက အကျင့်ပျက်ချစားတဲ့ မင်းမှုထမ်းတစ်ယောက်ဆိုတာ လာတဲ့လူတွေက မသိကြတော့ဘူးတဲ့လား! သူက တကယ့်ကိုIQမရှိတဲ့သူပဲ!'


လင်ရှန်း သူ့စိတ်ကူးထဲမှာ တစ်ယောက်တည်းစကားတွေပြောနေပါတယ်. ရုတ်တရုက် သူမရဲ့မျက်လုံးက ဧည့်ခန်းမဆောင်ထဲက ရှေးဟောင်းဗီရိုပေါ်သို့ ကျရောက်သွားပါတယ်. သူမက လျင်မြန်စွာပဲ သူမရဲ့မျက်လုံးနဲ့ ဗီရိုတစ်ခုလုံးကိုစေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်. သူမရဲ့မျက်လုံးက ရွှေလာဒ်ပွင့်ကျိုင်းအဆောင်ကိုတွေ့လိုက်ရတော့ ရွှန်းရွှန်းစိုကာ တောက်ပလာတော့သည်. 'ဒီနေရာမှာရှိတဲ့ အရာတွေထဲမှာတော့ ဒါက တန်ဖိုးအရှိဆုံးနဲ့သယ်ရလွယ်လောက်တဲ့ပစ္စည်းပဲလေ!'


"အရာရှိခင်ဗျာ မျိုးနွယ်မိသားစုအနွယ်ဝင်တွေကို ကျွန်တော်တို့ဘာလုပ်ရမှာလဲ"


လက်အောက်ငယ်သားက လင်ရှန်းရဲ့အတွေးတွေကိုကြားဖြတ်လိုက်ပြီး သူ့ကိုလက်ရှိကို ပြန်ဆွဲခေါ်လိုက်ပါတယ်. လင်ရှန်းက မလွှဲချင်လွှဲချင်နဲ့ဝန်လေးစွာ ရွှေလာဒ်ပွင့်အဆောင်ကနေ အကြည့်လွှဲလိုက်ပြီး အိမ်တော်ရှေ့ကွက်လပ်က ဒူးထောက်နေတဲ့လူအုပ်စုကို ပြောလိုက်မှန်း သဘောပေါက်လိုက်တယ်. လူအုပ်​ကြီးထဲမှာတော့အသက်ကြီးတဲ့သူတွေရော ချိနဲ့နေတဲ့သူတွေရော မိန်းကလေးတွေရော ကလေးငယ်တွေရောပါဝင်နေ​ကြပါတယ်. သူတို့အားလုံးကကြောက်ရွံ့တုန်လှုပ်စွာနဲ့ ကြည့်နေကြပါတယ်။


လင်ရှန်းက ဒီလိုဖြစ်ရပ်မျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ သူမ ဘာလုပ်ရမှန်းလဲ မသိခဲ့တော့ - "တော်ဝင်အမိန့်တော်က ဘာပြောထားသေးလဲ"


"တော်ဝင်အမိန့်တော်က ဝူလျန်ဂျီရဲ့ကံကြမ္မာကိုပဲညွှန်ပြထားတာပါ. ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ မပြောထားပါဘူးခင်ဗျ"


'ဘာ' အင်ပါယာက သူ့အလုပ်ကို ပြီးအောင်လုပ်မသွားခဲ့ဘူးလား. သူမ က ဒီလူတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းပေးရမှာလား၊ သူတို့ရဲ့နေ့စဉ်ဘဝတွေတောင်မှလား? သူတို့တွေရဲ့ စားဝတ်နေရေးကိုရောလား? စိတ်ရှုပ်ဖို့ကောင်းလိုက်တာ! သူမတွေးပြီးတော့ လက်ကိုဝေ့ရမ်းလိုက်ကာ- " အရှင်မင်းမြတ်က ဘာမှမပြောထားခဲ့မှတော့ သူတို့ကိုသွားခွင့်ပေးလိုက်တော့. သူတို့သွားချင်တဲ့နေရာကိုသွားပါစေ"


လက်အောက်ငယ်သားက ခဏကြာလောက် အံ့ဩသွားပြီး တုန်ဆိုင်းသွားလေတယ်. ပြီးတော့ သူက ဂရုတစိုက်နဲ့သတိပေးသလိုနဲ့ သူ့ရဲ့စကားကို ထိန်းပြီးပြောလိုက်တယ်. "အရာရှိမင်း သေချာလို့လား? သူတို့တွေက တရားဝင်ဖမ်းဆီးထားတဲ့ မိသားစုဝင်အနွယ်ဝင်တွေကြီးပါပဲ. ကျွန်တော်တို့ သူတို့ကို လွယ်လွယ်လေး သွားခွင့်ပေးလိုက်ရင် ပြည်သူတွေကများ ဒေါသထွက်နေလိမ့်မလားလို့......"


"အိုး" လင်ရှန်း သူမခေါင်းကိုရမ်းခါလိုက်ပြီး သူမကိုယ် သူမပြန်ပြောလိုက်တယ်. "မင်းပြောတာ မှန်တယ်. ဒါက သေချာပေါက်ကောင်းတဲ့အကြံတော့ မဟုတ်ဘူး.ငါတို့ သူတို့ကို လွှတ်ပေးလိုက်ရင်....."


"ဒီငယ်သားက ထုံးထိုင်းတဲ့သူပါ.. ကျေးဇူးပြုပြီးတော့ အရာရှိမင်းရဲ့ အကြံဉာဏ်ကို ကျွန်တော်တို့ကို ညွှန်ကြားပြသပေးပါ."


"ကောင်းပြီ. ဒီလိုဆိုမှတော့ သူတို့ကို တိတ်တိတ်လေးလွှတ်ပေးလိုက်. အိမ်အနောက်တံခါးပေါက်ကိုသုံးလိုက်. လူတွေမမြင်စေနဲ့. အို... နေရာကနေထုတ်ပယ်တဲ့အဖိုးအခ အနေနဲ့ တစ်ယောက်ချင်းစီကို ငွေပြားတစ်ပြားစီပေးလိုက်အုံး . တစ်ယောက်မှမကျန်စေနဲ့ မင်း နားလည်ရဲ့လား"


သနားစရာငယ်သားလေးက လန့်ဖြန့်သွားလေတယ်. သူကတုံ့ပြန်နိုင်ဖို့ကို အချိန်ခဏလောက်တောင် သူ့အတွက်ကြာသွားတယ်. သူကစိုးရိမ်ထိတ်လန့်စွာ တုန်တုန်ယင်ယင်နဲ့ - "အရာရှိမင်း က ဉာဏ်ပညာရှိလှပါတယ်. ဒီငယ်သားက အရာရှိပြောတဲ့အတိုင်း လုပ်ဆောင်လိုက်ပါ့မယ်"


ဒီလိုနဲ့ပဲ အိမ်တော်မိသားစုဝင်အားလုံးပဲ လွတ်မြောက်သွားကြပါတယ်. ဒီလိုပုံစံမျိုးအခြေအနေမျိုးအောက်မှာတော့သူတို့တွေက အမြဲတမ်းပဲ အစေခံအနေနဲ့ ဖြစ်တည်လာရဖို့သာ ပုံသွင်းခံလာရတာပါ. အခုတော့ သူတို့က အစေခံဘဝကနေလွတ်မြောက်လာရုံသာမက သူတို့ အယောက်စီတိုင်းပဲ ငွေပြားတစ်ပြားစီပေးခံရအုံးမယ်ဆိုတော့ သမိုင်းထဲမှာတော့ ငါတို့ရဲ့လင်ရှန်းက ဒီလိုမျိုးကို ပထမဦးဆုံးလုပ်တဲ့သူ ဖြစ်ပါတယ်။


ဒီအဖြစ်တွေပြီးသွားခဲ့တဲ့နောက် သာမာန်ပြည်သူလူထုတွေဆီကို သတင်းစကားတွေက ပြန့်နှံ့လာပါတော့တယ်. သို့သော်လည်း ဒေါသထွက်ရမယ့်အစား စုန့်လောင်ကို သူ့ရဲ့သမာသမတ်ကျမှုနဲ့ ပေးကမ်းစွန့်ကျဲတတ်မှုကြောင့် ပြည်သူတွေကချီးကျူးနေကြပါတယ်. လူတွေကြားထဲမှာ သူ့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့အကျင့်စရိုက်ကို စတင်ပြန့်ပွားခဲ့ပြီး စုန့်လောင်မှာ သူ့ကိုနှစ်သက်မြတ်နိုးတဲ့ မိန်းကလေးပရိတ်သတ်တွေတောင်မှ တိုးပွားလာပါတယ်။


သေချာတာပေါ့ အဲဒါကမကြာခင်ပဲတွေ့ရတော့မှာပါ. အခုလက်ရှိမှာတော့ လင်ရှန်းရဲ့မျက်လုံးက အခန်းထဲက ရွှေလဒ်ပွင့်ကျိုင်းအဆောင်ပေါ်မှာပဲ ရောက်ရှိလို့နေပါတယ်. မိသားစုဝင်တွေကို လွှတ်ပေးလိုက်ပြီးတော့ သူမရဲ့ကျန်တဲ့လက်အောက်ငယ်သားတွေက ပစ္စည်းတွေကို သိမ်းယူရင်း အလုပ်ရှုပ်လို့နေ​ြကပါတယ်။


ဘယ်သူမှကြည့်နေမယ့်သူ မရှိနေစဉ်မှာ လင်ရှန်းက ရှေးဟောင်းဗီရိုနားကို တိတ်တိတ်လေးချဉ်းကပ်သွားပြီးတော့ သူမက ပတ်ဝန်းကျင်အခြေနေကို တစ်ချက် လှည့်ပတ်ကြည့်ရှုလိုက်ပါတယ်။


'လမ်းရှင်းတယ်!' ဒုစရိုက်မှုကိုလုပ်မယ့် သူခိုးကျင့်သူခိုးကြံနေတဲ့သူတစ်ယောက်လိုပဲ သူမက ရွှေလဒ်ပွင့်ကျိုင်း အဆောင်ကို ဖမ်းဆုပ်ကိုင်လိုက်တယ်။


'လေးလိုက်တာ! ရွှေအစစ်ပဲ!!!' 


အဲဒီအချိန်မှာပဲ ခက်ထန်တဲ့အသံတစ်သံက လင်ရှန်းကိုင်ထားတဲ့လဒ်ပွင့်ကျိုင်းအဆောင်ကို လွတ်တောင်လွတ်ကျလုသွားလုနီးပါးပဲ - " မင်း ဘာလုပ်နေတာလဲ"


လင်ရှန်း အထိတ်တလန့်နဲ့အသံစုံမြည်သွားပါတယ်. သူမတော့ အမိခံရပြီလို့ . သူမက လျင်မြန်စွာနဲ့ ရွှေလဒ်ပွင့်ကျိုင်းအဆောင်ကို ဗီရိုပေါ်ကိုပြန်ထားလိုက်ပြီးလှည့်လိုက်ကာ ကြိုးစားပြီးပြုံးလိုက်တယ်. " "ဘာမှမလုပ်ပါဘူး. ကြည့်နေရုံ........"


လင်ရှန်း သူမရဲ့စကားကို တိုးလို့တန်းလန်းနဲ့အလယ်မှာဘဲ ရပ်သွားခဲ့ပါတယ်. သူမ မျက်လုံးကိုသူမပွတ်လိုက်ကာ သူမရှေ့ကလူကို သေချာစိုက်ကြည့်လိုက်တော့ သူမ ရင် ထိတ်ခနဲဖြစ်သွားပါတယ်. 'ဘာလဲဟ? ဘာလို့ ဒီနေရာကို လိန်ဖန်က ရောက်လာတာလဲ? သူက ဘာလို့ များ သူ့ရဲ့မျက်နှာဖုံးကို ထပ်ပြီးတော့မတပ်ထားတော့ဘူးလား? သူက သူ့ရဲ့နောက်ခံမြေအောက်အဖွဲ့အစည်းကနေ ပုံစံပြောင်းပြီးတော့ မြေပေါ်ကိုရောက်လာတာများ ဖြစ်နိုင်မလား'


သူမရဲ့စိတ်ထဲမှာတော့ နည်းနည်းလေးထူးဆန်းနေသလိုခံစားရပေမယ့်လည်း သူမက စိတ်သက်သာရာရသွားပြီး ရွှေလဒ်ကျိုင်း အဆောင်ကို လွှတ်ချလိုက်ပါတယ်. သူမမျက်နှာပေါ်မှာတော့ 'ငါသိပါတယ်'လို့အပြုံးထွက်ပေါ်လာခဲ့ပြီး သူမ လိန်ဖန်ဆီကို ပြေးသွားလိုက်ပါတယ်။


လင်ရှန်းက သူမရဲ့လက်မောင်းကို သူ့ရဲ့ ပုခုံးပေါ်ကိုတင်လိုက်ပြီးတော့ ပြောလိုက်တယ်. -


" ညီနောင်ရာ ဒီလိုကြီးနေ မနေစမ်းပါနဲ့. မင်းက ငါ့ကို အသက်တစ်ဝက်ထွက်သွားအောင် ခြောက်နေတာပဲ....."


ကျီစယ်သလိုလုပ်နေတဲ့ သူမရဲ့မျက်နှာထားကို မျက်နှာချင်းဆိုင်နေရင်း သူမပြောနေတဲ့လူက​ေတာ ့မျက်မှောင်ကြုတ်သွားခဲ့ပါတယ်. သူက အားနဲနဲလေးပဲထုတ်ပြီး သူမရဲ့လက်ကိုဘေးကိုဆွဲဖယ်ချလိုက်ကာ သူမကိုစိုက်ကြည့်လိုက်ပြီးတော့ - " မင်း ဘယ်သူလဲ"


လင်ရှန်း အဲဒီတော့မှပဲ သူမ သတိဝင်သွားတော့တယ်. ပြီးတော့ လိန်ဖန်က သူ့ရဲ့မျက်နှာအစစ်ကို သူမမြင်ဖူးတာကို မသိခဲ့မှန်း သူမ သတိရမိသွားပါတယ်.။


'သူက သရုပ်ဆောင်ရတာ နှစ်​​ခြိုက်နေတဲ့ပုံပဲ။ ထပ်ပြီးတော့လည်း သူတို့နှစ်ယောက်က နောက်ဆုံးအကြိမ်တုန်းက အချို့ဖြစ်ရပ်လေးတွေနဲ့ ကတောက်ကဆလေးတွေရှိထားတာပဲ. သူ က သူမအပေါ်မှာ စိတ်နည်းနည်းဆိုးနေသေးတာပဲဖြစ်ရမယ်. 'အိုး..ဘုရားရေ. သူ ဒီလိုမျိုးစိတ်ကောက်တတ်တဲ့ ယောက်ျားမျိုးကြီးလား။ သူက ဘာလို့များ အဖြစ်မှန်ကို ဖုန်းကွယ်ထားရတာလဲ'


လင်ရှန်း နောက်ဆုံးတော့ ဘာကမှားနေလဲဆိုတာ မပြောတတ်တော့ပါဘူး။ ဒါကြောင့်ပဲ နောက်တခါထပ်ပြီးတော့ သူမရဲ့လက်မောင်းကို သူ့ရဲ့ပုခုံးပေါ်ကို တင်လိုက်ပါတယ်. ထပ်ပြီးတော့ သူမက ရွှေလဒ်ပွင့်ကျိုင်းအဆောင်ကို ပြန်ယူလိုက်ပြီး ပြောလိုက်တယ်။ "ညီနောင်.. ငါတို့ရဲ့ခင်မင်ရင်းနှီးမှုကိုထောက်ထား ပြီးတော့


မင်း ဘာလို့ ဒီလောက် ရှောင်ဖယ်ရှောင်ဖယ် လုပ်နေရတာလဲ။ အရင်ချိန်တုန်းကဖြစ်ပျက်ခဲ့တာကို ငါတောင်းပန်ပါတယ်. စိတ်မဆိုးပါနဲ့ ဟုတ်ပြီလား? ဒီကျိုင်းအဆောင်ကိုကြည့်ပါအုံး ရွှေတွေကြီးပဲ! ဒါကို ဖွက်ထားပြီး‌ နောက်မှတိတ်တိတ်လေးရောင်းစားရအောင်လား. ငါးဆယ်-ငါးဆယ်စီယူကြမယ်လေ....ဘယ်လိုလဲ မင်းဘာလို့စကားတစ်ခွန်းမှမပြောရတာလဲ"


"...မင်းက ပိုယူချင်လို့လား? အိုး....မင်းက စိတ်ထားပုဒ်လှချည်လားကွ.....ခုနှစ်ဆယ်-သုံးဆယ် ဆိုရင်ရောဘယ်လိုသဘောရလဲ။ လာပါ....ရှစ်ဆယ်-နှစ်ဆယ် ဆိုရင်ရော??? ဟေး...မင်းကြည့်ရတာ ညှိနိုင်းလို့ရတဲ့ကောင်ပါ. မင်းက ဘယ်လိုဖြစ်ပြီး အကျင့်ပျက်လာရတာလဲ? ကိုးဆယ်-တစ်ဆယ်ပဲ။ မင်း ငါ့ကို သတ်ချင်လို့လား? .....ဟေး!?! တစ်ခုခုပြောအဦးလေကွာ!!"


လင်ရှန်းက သူမရဲ့လက်တွေကို သူမရဲ့လူ ပုခုံးပေါ်မှာတင်ထားပြီးတော့ စကားတွေဆက်တိုက် ပြောနေခဲ့တာပါ။ ခဏလောက်စကားပြောခဲ့ပြီးနောက်မှာတောင် တစ်ခုခုကမမှန်ဘူးဆိုတာကို သူမ သဘောပေါက်မပြီးမချင်း သူမပြောနေတာမရပ်ခဲ့ပါဘူး။


"ဒီနေ့ မင်း ဘာလို့ ရွှေဓားစလွယ်ကို မယူလာခဲ့တာလဲ? ဒီကျောက်စိမ်းဆွဲပြားက....."


လင်ရှန်းရဲ့မျက်လုံးတွေက သူ့ရဲ့ခါးမှာချိတ်ဆွဲထားတဲ့ ကျောက်စိမ်းဆွဲပြားပေါ်ကိုရောက်သွားခဲ့ပါတယ်။ 'တစ်ချို့အချက်တွေအရဆိုရင် အဲဒါက သူမ


​တုမင်ယွဲ့ဆီက​န ေခိုးထားတဲ့ဟာနဲ့တူသလိုတော့ရှိ......'


ရုတ်တရက်ပဲ လင်ရှန်း မကောင်းတဲ့ခံစားချက်တွေရနေပါတယ်....


အဲဒီအချိန်အခိုက်အတန့်မှာပဲ ငယ်သားတစ်ယောက်က စာရင်းစာအုပ်တစ်အုပ်နဲ့ပြန်ရောက်လာပါတယ်. သူက အလျင်အမြန် ဒူးတစ်ဖက်ကိုထောက်ချလိုက်ပြီး ရိုသေးလေးစားမှုအပြည့်နဲ့ ဂါဝရပြုလိုက်ပါတယ်. "ဒီအညာတရအမှုထမ်းလေးက အိမ်ရှေစံမင်းသားနဲ့ ကြင်ယာတော်မင်းသားကို ဂါဝါရပြုနှုတ်ဆက်ပါတယ်. ဒါကတော့ ကျွန်တော်တို့ ဝူအိမ်တော်ကနေပြီးတွေ့ရှိခဲ့တာပါ. ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ အရှင့်သား"


အဲဒီအချိန်မှာ လင်ရှန်းစိတ်ရှုပ်ထွေးသွားပြီး စက်ရုပ်တစ်ရုပ်လိုပဲ ဆန့်ဆန့်ကြီးနဲ့ တစ်ပတ်လည်ပြီးတော့ လိန်ဖန်နဲ့ရုပ်ချင်းချွတ်စွတ်ကိုတူတဲ့လူရဲ့မျက်လုံးကို စူးစူးစိုက်စိုက်ကြည့်ရှုလိုက်ပါတယ်. သူမရဲ့မျက်နှာတောင်မဲ့ချင်သွားတယ်။


"မင်း. သူ့ကိုဘယ်လို...ဘယ်လိုခေါ်လိုက်တာလဲ"


သူတို့ရဲ့မျက်နှာတွေက တစ်ယောက်နဲ့တစ်ယောက် အလွန်ကိုနီးနီးကပ်ကပ်ရှိနေပါတယ်. လင်ရှန်း သူ့ရဲ့ရှုံ့တွန့်နေတဲ့နဖူးကြီးနဲ့ စိတ်ရှုပ်နေတဲ့အမူအရာကို ရှင်းရှင်းကြီးတောင်မြင်နေရပါတယ်.


"ကြင်ယာတော်မင်းသား. ကျေးဇူးပြုပြီးတော့ မင်းစကားပြောနေတုန်း မင်းလက်ကို ငါ့ပေါ်ကနေ ချထားပေးပါလား"


သူမရဲ့စိတ်ထဲကအသံကနေပြီးရှုင်းရှင်းကြီးလင်ရှန်းကိုညွှန်ပြနေတာက သူမအိမ်မက် မက်နေတာမဟုတ်ဘူးတဲ့လေ။ ဒါက ဟာသမဟုတ်ပါဘူးနော်. သူမရှေ့မှာ ရှိနေတဲ့ဒီလူက အိမ်ရှေ့စံမင်းသား. တုဟောင်စစ်စစ်ပဲ..ဖြစ်ရမယ်. သူက လိန်ဖန်နဲ့ချွတ်စွတ်ကြီးကို တူနေတာပဲ။


လင်ရှန်း တုဟောင်အနားကနေ ခုန်ပြန်ထွက်သွားခဲ့ပါတယ်.


ရွှေလဒ်ပွင့်ကျိုင်းအဆောင်ကလဲ မြေကြီးပေါ်မှာနှစ်ပတ်လောက်တောင်လည်ထွက်သွားခဲ့ပြီးတော့ သူမက ဗီရိုပေါ်ကို အပြေးအလွှား ပြန်တင်ထားလိုက်ရပါတယ်. စောစောက သူမ တုဟောင်ကိုပြောခဲ့တာကို လင်ရှန်းပြန်စဉ်းစားမိလိုက်တော့ သူမ ပြဿနာအကြီးကြီးထဲကိုဝင်ပါလိုက်ရပြီဆိုတာ သိခဲ့ပါတယ်. သူမက ချက်ချင်းပင် ဒူးထောက်ချလိုက်တော့သည်။


"အရှင့်သား. ကျွန်တော်မျိုးမှားမှန်းသိပါပြီ. စောစောတုန်းက ကျွန်တော် အရှင့်သားကို ရယ်စရာတွေပြောနေခဲ့တာပါ. ကျေးဇူးပြုပြီး ကျွန်တော်မျိုးကိုခွင့်လွှတ်ပေးပါ...."


လင်ရှန်း သူမရဲ့ခေါင်းကိုနှိမ့်ပြီး သူမရဲ့စိတ်ထဲမှာတော့ သူမရဲ့အတွေးတွေက လေပွေတစ်ခုလိုပဲ ပတ်ချာလည်နေပါတယ်. သူမနားမလည်နိုင်တော့ပါဘူး. ဘာလို့ တုဟောင်နဲ့လိန်ဖန်က တစ်ရုပ်တည်းအတိကျချွတ်စွတ်တူနေရတာလဲ. လိန်ဖန်က တကယ်ကြီး တုဟောင်များဖြစ်နေမလား?


'မဟုတ်ဘူး. မဖြစ်နိုင်ပါဘူး.'


'တုဟောင်က မကြာသေးခင်ကမှ စစ်ပွဲမှာစစ်တိုက်ပြီးပြန်လာခဲ့တာပဲ....'


လင်ရှန်း ရဲ့ရုတ်တရက်ကြီး တောင်းပန်လိုက်မှုက လူတိုင်းလူတိုင်းကို အံ့အားသင်သွားစေခဲ့ပါတယ်. သူတို့အားလုံးက သူမရဲ့အလွန်အံအားသင့်ဖွယ်ဖြစ်ရပ်ကိုကြည့်ရှုနေကြပါတယ်. သို့ပေမယ့်လည်း တုဟောင်က လှုပ်ရှားခြင်းမရှိခဲ့ပါဘူး. သူက လင်ရှန်းကို အချိန်ခဏကြာအောင် မမှိတ်မသုန်စူးစူးကြည့်နေခဲ့ပြီးတော့ သူ့အကြည့်တွေကို စာရင်းစာအုပ်ကိုင်ထားတဲ့ လက်အောက်ငယ်သားဘက်သို့ လှည့်လိုက်ကာ- "အဲဒါကို ဒီကိုပေးထားခဲ့လိုက်. ငါကြည့်လိုက်မယ်"


လင်ရှန်းရဲ့ဦးခေါင်းကတော့ တစ်ချိန်လုံးပဲ နှိမ့်ထားလျက်ပဲရှိနေတုန်းပါ. ခဏကြာတော့ သူမရဲ့ခြေထောက်တွေက ညောင်းလာပါတယ်. ဒါပေမယ့် တုဟောင်ကတော့ ဘာတစ်ခုမှမပြောသေးပါဘူး. ထို့ကြောင့် သူမက သူမရဲ့ခေါင်းကိုမသိမသာလေးမော့ပြီးတော့ ခိုးကြည့်လိုက်ပါတယ်။


'ဘာလဲ? အိမ်ရှေ့စံမင်းသားက ဘယ်နေရာကို ထွက်သွားလိုက်တာလဲ' လူတိုင်းက လဲ သူတို့သိမ်းယူနေတဲ့ပစ္စည်းတွေနဲ့ပဲ အလုပ်ရှုတ်လို့ နေကြပါတယ်. ဘယ်သူကမှ အခန်းထောင့်နားမှာဒူးထောက်နေတဲ့ သူမကို သတိမထားမိကြတော့ပါဘူး။


လင်ရှန်း ရုတ်တရက်ပဲ အလွန်ကို ထူးဆန်းနေသလိုခံစားရတယ်. သူမက အိမ်မက် မက်နေသလိုမျိုးကြီးဖြစ်နေပြီး ဘာတွေဖြစ်နေလဲဆိုတာ နားမလည်နိုင်တော့ပါဘူး။ သူမ ဖြည်းဖြည်းလေးနဲ့ ဒူးထောက်နေတာကိုပြန်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကိုလဲတစ်ကြိမ်မက ခဏဏပဲ အကဲခတ်ကြည့်လိုက်ပါတယ်. ဘယ်သူကမှ သူမအပေါ်မှာ အာရုံဝင်စားမှုမရှိဘူးဆိုတာ သေချာသလောက်ပါဘဲ။တုဟောင်ကလည်း တစ်စွန်းတစ်စ သဲလွန်စလေးတောင် ချန်မထားခဲ့ဘဲနဲ့ ထွက်သွားခဲ့ပါတယ်။


'ဘယ်လဲဟ ငါ့ကျမှဘာတွေလာပြီးဖြစ်နေရတာလဲ' လင်ရှန်းတစ်ယောက် သူမရဲ့ဦးနှောက်တွေတောင် ပေါက်ကွဲလုမတတ်ပါပဲ။ လင်ရှန်းလည်း သူမရဲ့နားထင်ကိုနှိပ်နယ်လိုက်ပြီးတော့ အခန်းထဲကနေ ထွက်သွားလိုက်ပါတော့တယ်။


End....