အပိုင်း(၁၈)
ပစ္စည်းဥစ္စာတွေကို သိမ်းယူတဲ့ လုပ်ငန်းစဉ်ကတော့ ဆက်လက်ပြီးလုပ်ဆောင်နေရတုန်းပါပဲ။ အမျိုးမျိုးသော ပစ္စည်းတွေကိုလဲ သိမ်းယူပြီးတော့ စဉ်ဆက်မပြတ်ဘဲ တုဟောင်ကိုပေးအပ်နှံလို့နေပါတယ်. ရရှိထားခဲ့တဲ့စာရင်းစာအုပ်နှင့်သူ တိုက်ကြည့်တိုင်းလဲ တုဟောင်က ပိုပိုတိုးတိုးပြီးတော့ စိတ်အနှောက်အယှက်ဖြစ်လာပါတယ်။
'ဘယ်လိုဖြစ်တာပါလိမ့်? 'ဝူ' အိမ်တော်ရဲ့ခမ်းနားထည်ဝါနေမှုက နန်းတော်တစ်ခုလိုဖြစ်နေပေမယ့်လည်း ဘာမှမရှိတဲ့အခွံလွတ်ကြီးတစ်ခုဖြစ်နေပါလား. အိမ်တော်ထဲမှာရှိနေတဲ့ နေရာတော်တော်များများမှာ အလှဆင်ထားတဲ့ပစ္စည်းတွေနဲ့ အမျိုးသမီးတွေရဲ့ အခန်းထဲကရရှိတဲ့ ကျောက်မြတ်ရတနာတွေကနေလွဲပြီးရင် တစ်ခြားတန်ဖိုးရှိတဲ့ပစ္စည်းတွေကို တစ်ခုမှကို မတွေ့မြင်ရပါလား။
'သို့ပေမယ့်လည်း ဝူလျန်ဂျီက အကျင့်ပျက်ချစားတဲ့မင်းမှုထမ်းတစ်ယောက်ဖြစ်ပြီးတော့ ဒီလောက်လူသိများလှတာကို သူ လာဘ်စားပြီးတော့ ရလာတဲ့ငွေတွေအားလုံးက ဘယ်ကိုရောက်သွားတာများလဲ'
"ကုဇောင် . မင်းရဲ့အမြင်ကရော " တုဟောင်ကမေးလိုက်တယ်။
ကုဇောင် က တုဟောင်ရဲ့ယုံကြည်ရတဲ့ လက်ရုံးတစ်ယောက်ပဲ ဖြစ်တယ်. ကုဇောင် က အလွန်ပဲလိမ္မာပါးနပ်ပြီးထိုးထွင်းသိမြင်ဉာဏ်ရှိကာ ခြုံပြီးပြောရမယ်ဆိုရင်တော့ သူ့ရဲ့အကြံပေးတစ်ယောက်လိုမျိုးပါပဲ။ သူက တုဟောင်အနားမှာ ခစားလာခဲ့တာ နှစ်တော်တော်ကြာလာခဲ့ပြီဖြစ်တယ်။
"ဒီငယ်သားရဲ့အမြင်အရ ပြောရမယ်ဆိုရင်တော့ ဝူလျန်ဂျီကို လျော့တွက်မရတဲ့လူတစ်ယောက်လို့ ပြောလို့ရပါတယ်. ဒီနှစ်တွေတော်တော်များများမှာ သူ့ကို ဆန့်ကျင်ဘက်လုပ်နိုင်တဲ့ ဘာသတင်းအချက်အလက်ကိုမှ ဘယ်သူကမှ ဆုပ်ကိုင်လို့မရခဲ့ဘူး။ အများဆုံးဖြစ်နိုင်တာကတော့ ဒီလှည့်စားတတ်တဲ့မြေခွေးအိုကြီးက သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို တစ်နေရာမှာမြုတ်နှံထားတာ ဒါမှမဟုတ် ဝှက်ထားခဲ့တာပဲ ဖြစ်နိုင်တယ်။"
တုဟောင်က ခေါင်းငြိမ့်လိုက်ပြီး - "မင်းရဲ့အမြင်နဲ့ ငါ့ရဲ့အမြင်နဲ့အတူတူပဲလို့ပြောလို့ရတယ်. မြေအောက်အကျဉ်းထောင်ကို သွားပြီးတော့ မြေခွေးအိုကြီးကို သွားရှာဖို့ ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူးလို့ ငါထင်တယ်!" တုဟောင်က စကားပြောရင်းနဲ့ပြတင်းပေါက်နားကို လမ်းလျှောက်သွားလိုက်တယ်.
သူ့ရဲ့မျက်လုံးတွေက ဥယာဉ်တော်ထဲက သစ်ပင်တစ်ပင်နားမှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ သေးငယ်တဲ့ပုံရိပ်လေးတစ်ခုပေါ်ကို ကျရောက်လို့သွားတယ်. သူ့နေရာကနေပြီးတော့ အဲဒီလူက ဘာလုပ်နေလဲဆိုတာ သူ မပြောနိုင်ပါဘူး။
တုဟောင်က သူ့ရဲ့မျက်လုံးတွေမှေးလိုက်ပြီးတော့ သူ စုန့်လောင်နှင့် ပက်ပင်းကြုံရတဲ့အကြောင်းကို ပြန်ပြီးစဉ်းစားလိုက်သည်.ခေါင်းစဉ်ပြောင်းပြီးမေးရန် သူ ဆုံးဖြတ်လိုက်ပါတယ်.
"ကုဇောင် စုန့်လောင်အပေါ်မှာ မင်းဘယ်လိုမြင်လဲ"
"ဒီငယ်သားက တဲ့တိုးပြောရတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ. ဒါပေမယ့် စုန့်လောင်က ကောလဟာလတွေပြောသလိုတော့ သူက ယောက်ျားဆန်တယ်လို့ မထင်ရပါဘူး. ထပ်ပေါင်းပြောရရင်တော့ သူ့ရဲ့ပြုမူနေထိုင်ပုံအရဆိုရင် သူက လမ်းဘေးက သူခိုးဂျပိုးသာသာလူမျိုးပါပဲ။ သူက လောဘကြီးပြီးတော့ ဟန်လဲဟန်ဆောင်တတ်သေးပါတယ်. ရက်စက်ကြမ်းကြုတ်တယ်၊ ပေါ့တိပေါ့ပြတ်နိုင်ပြီးတော့၊
အင်မတိအင်မတန်ကို ဆိုးသွမ်းစွာနဲ့ ကြီးပြင်းလာရတဲ့ပုံမျိုးပါ။"
"မင်းက တကယ်ပဲ အဲလိုတွေးတာလား?" တုဟောင်ရဲ့မျက်လုံးတွေက ရုတ်ခြည်းပင် နက်မှောင်သွားသည်။
"ဒါပေမယ့် စုန့်လောင်က ဝူလျန်ဂျီရဲ့မိသားစုအနွယ်ဝင်တွေအားလုံးကို လွှတ်ပေးလိုက်တာကိုရော မင်းသိရဲ့လား? လူတစ်ယောက်စီက နေရာကနေထုတ်ပယ်ခံရတဲ့အဖိုးအခအနအနေနဲ့ ငွေတစ်ပြားစီတောင် ကောင်းကောင်းကြီးလက်ခံရရှိခဲ့သေးတယ်လို့တောင် ငါကြားလိုက်ရသေးတယ်။"
"အိုး?! ကုဇောင်က အံ့အားသင့်စွာဖြင့် ကြက်သေ သေသွားခဲ့ပါတယ်. သူ လုံးဝထင်မထားခဲ့ပါဘူး လူရှုပ်လူတေလိုလူမျိုးက ဒီလိုမျိုးအရာတွေကို လုပ်လိမ့်မယ်လို့ပါ။
"ငါ ကတော့ စုန့်လောင်က သူ ထုတ်ဖော်ထားသလို
ထင်သလောက်ရိုးရှင်းမှာမဟုတ်ဘူးလို့ပဲ ခံစားရတယ်။"
တုဟောင်က သူ့တစ်ကိုယ်စာ ကြားနိုင်ရုံလောက် ရေရွတ်ပြောကြားလိုက်တယ်. ရုတ်ချည်းအတွင်းမှာပဲ သူ့ညီမတော်ရဲ့ယောက်ျားနဲ့ပတ်သတ်ပြီးတော့ အလွန့်အလွန်ကို သိချင်စိတ်တွေ သူ့မှာရှိလာပါတယ်။
"သွားကြစို့ ကုဇောင်။
သူ ဘာဆက်လုပ်မလဲဆိုတာကို သွားပြီးကြည့်ရအောင်"
°°°°°°°°°
အဲဒီအချိန်မှာတော့ လင်ရှန်းက ဘာမှအလေးအနက်ထားခြင်းမရှိဘဲနဲ့ သစ်ခေါက်တွေကို ခြစ်ခွာထုတ်လို့နေပါတယ်။
သူမရဲ့စိတ်ထဲမှာ အလွန်ကိုစိတ်ရှုပ်ထွေးနေပါတယ်. သူမက အိမ်တော်ထဲက ရွှေလာဒ်ပွင့်ကျိုင်းအဆောင်ကိုတောင် သတိရမိလို့နေပါပြီ. သို့သော်လည်း သူမက
တုဟောင်နဲ့ပြဿနာတက်မှာကို ပိုပြီးတော့ စိုးရိမ်နေပါတယ်. ဒီလူက ကြည့်လိုက်ရင်တော့ လိန်ဖန်နဲ့ ချွတ်စွတ်ကြီးကို တူနေခဲ့တာပါ။
'လင်ရှန်း.. အိုး. လင်ရှန်းရယ် . နင်ကေတာ့လေ ကိုယ်ပိုင်အကျိုးမြတ်ရဖို့ကလွဲလို့ နင်တကယ်ကို
တစ်ခြားကိုယ်ရေးကိုယ်တာတွေကို ဘာတစ်ခုမှ ေလျှာက်တွေးမနေသင့်တော့ဘူး! နင့်ရဲ့ဦးနှောက်ကိုသုံးစမ်းပါ. ဘာလို့လိန်ဖန်က ဒီနေရာကိုရောက်နေတာလဲ? သူ ဒီနေရာကိုရောက်နေရင်တောင်မှ သူ့မျက်နှာဖုံးကို သူမတပ်ဘဲချွတ်ထားမျိုးတော့ သူ လုပ်လိမ့်မှာမဟုတ်လောက်ဘူး! ခြံဝန်းထဲမှာ ငါ ဒီနေ့မြင်လိုက်တဲ့သူက အိမ်ရှေ့မင်းသားပဲဖြစ်ရမယ်. ငါ ကဒီလိုမျိုး အရှုးတစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ? ငါ သူ့ကို တစ်ကြိမ်မကတွေ့ဖူးတာပဲကို. ဟုတ်တယ် သူက လိန်ဖန်နဲ့မတူတဲ့လူတစ်ယောက်ဆိုတာ ငါ
သေချာသဘောမပေါက်ခဲ့တာပဲ ဖြစ်ရမယ်!'
'သွားပြီ. အိမ်ရှေ့စံမင်းသားကို ငါပြောနိုင်သလောက် သွားပြောထားရမယ်. ငါက ရွှေလာဒ်ပွင့်အဆောင်ကို ၅၀ ရာခိုင်နှုန်းလောက်ပဲ လိုချင်ခဲ့တာပါဆိုပြီးတော့ . တကယ်လို့ ငါက သူ ဘယ်သူလဲဆိုတာ သိထားခဲ့ရင်တောင် ငါက ဒီအရာကြီးတစ်ခုလုံးကို သူ့ လက်ထဲမှာပဲ အကျပ်ရိုက်ရအောင် တွန်းထုတ်လိုက်ရမှာပဲ.......'
လင်ရှန်း အဲဒီအကြောင်းကို ပိုပြီးစဉ်းစားနေလေလေ ပိုပြီးတော့ သူမ နောင်တရလာ လေလေပါပဲ. သူမ ရဲ့ဒေါသတွေအားလုံးကို သစ်ပင်အခေါက်ပေါ်မှာပဲ အားလုံးကိုစုပုံချလိုက်ပါတယ်. သူမက သစ်ပင်အနားမှာ စိမ်ပြေနပြေကို ထိုင်ချနေပြီးတော့ ရက်ရက်စက်စက်ပဲ သူမရဲ့လက်သည်းတွေကိုသုံးပြီး စိတ်ရှိလက်ရှိခွာထုတ်ချနေပါတယ်. ထပ်ပြီးတော့လဲ တစ်ချိန်တည်းမှာပဲ သူမက စူးစူးဝါးဝါးနဲ့မကျေမနပ်အော်ဟစ်လိုက်ပါသေးတယ်- "နင်က ဘယ်လို အိမ်ရှေ့စံမင်းသားမို့လို့လဲ? နင် ရောက်ရင် ရောက်ကြောင်း ကြေငြာရမယ်ဆိုတာ နင် မသိဘူးလား. နင့် မှာ ယဉ်ကျေးမှုတစ်စက်လေးတောင် မရှိဘူးလား! နင်က ငါ့ကျမှ ညစ်ပတ်ပြီးလာအကျပ်ရိုက်ချင်နေတာ အသိသာကြီးပဲ. ပြီးတော့ နင်က ငါ့ကိုအကြာကြီးဒူးထောက်ထားရအောင်လို့လဲ လုပ်သေးတယ်..... ငါ နင့်ကို သေသွားအောင်ကို တူးပစ်မယ်. နင့်ကို သေအောင်ကိုတူးပစ်မယ်!!"
သနားစရာသစ်ခေါက်လေးပါပဲ။ လင်ရှန်းရဲ့ခြေထောက်နားမှာတော့ သစ်မြစ်ခေါက်စတွေက စုပြုံသွားအောင်ကိုပဲ ဆုတ်ခွာထုတ်ခြင်းခံနေရပါတယ်။
အဲဒီအချိန်မှာပဲ တုဟောင်နှင့်ကုဇောင်တို့နှစ်ဦးက လင်ရှန်းရဲ့နောက်ကျောဘက်ကိုရောက်လုနီးနေပါပြီ. သူတို့ရဲ့မျက်နှာအမူရာကတော့ သိပ်မကောင်းပါဘူး. အထူးသဖြင့် သူ့ရဲ့ပါးစပ်ထောင့်နားကတောင် တွန့်ကွေးနေပြီဖြစ်တဲ့ တုဟောင်ပါပဲ။
"အရှင့်......" ကုဇောင်က ရှေ့ကိုတိုးသွားပြီးတော့ စကားပြောမလို့လုပ်လိုက်တယ်။
တုဟောင်က သူ့ရဲ့လက်ကိုမြှောက်လိုက်ပြီးတော့ ဟန့်တားလိုက်ပါတယ်. တိတ်တဆိတ်လေးနေပေးဖို့ သူ့ရဲ့လက်ကိုအမူအရာပြလိုက်ကာ လင်ရှန်းရဲ့အနားကို တိုးကပ်သွားလိုက်ပါတယ်။
အခုတော့ သူမရဲ့အသံကို ပိုပြီးကြည်လင်ပြတ်သားစွာကြားနေရပါတယ်.- "နင့်ကိုနင် အိမ်ရှေ့မင်းသားဆိုပြီး အားလုံးလုပ်လို့ရမယ် မှတ်မနေနဲ့. နင်က လူတစ်ယောက်ပဲ သရဲမဟုတ်ဘူး! ဘာလို့ စကားတစ်ခွန်းမှပြောဘဲနဲ့ ငါ့ရဲ့နောက်ကနေ လာ လာရပ်နေရတာလဲ? ငါ့ရဲ့ ရွှေလာဒ်ပွင့်အဆောင်လေးကိုပြန်ပေး. .... ငါ နင့်ကို သေအောင်တူးပစ်မယ်! ငါ နင့်ကို သေသွားအောင်ကိုတူးပစ်မယ်!!!"
နောက်ထပ်ကြီးမားတဲ့ သစ်ပင်အမြစ်ခေါက်ထုံးအစကြီးတစ်ခု ကွာကျသွားပါတယ်. မကြာခင်မှာပဲ ချွတ်ခနဲဆို ပိတ်စအဖြူအထုပ်ရဲ့တစ်ပိုင်းတစ်စက ကွာကျလာတဲ့ အက်ကွဲကြောင်းသေးသေးလေးထဲကနေ လှစ်ဟပေါ်လာပါတယ်။
'ဟမ်? ဒါကဘာကြီးလဲ။ လင်ရှန်းက ထွေထွေထူးထူးစဉ်းစားမနေဘဲ ချက်ချင်းပဲအထုပ်ကို ဆွဲယူလိုက်တယ်. သူမရဲ့အားကုန်ကိုသုံးပြီးတော့ဆောင့်ဆွဲလိုက်တော့ ရုတ်တရက်ပဲ တစ်ခုလုံးက အပြင်ကို ထွက်ကျလာပါတော့တယ်! ဒါပေမယ့် ပုံမှန်ထည့်နေကျ ဖျင်အိတ်ကြမ်းတစ်ခုလိုပါပဲ. သို့ပေမယ့်လည်း အိတ်ထဲမှာတစ်ခုခုရှိနေသယောင်ထင်ရပြီး အတော်လေးအလေးချိန်စီးနေပါတယ်.....
သူမ ဘာမှမလုပ်ရသေးခင်မှာပဲ လက်တစ်ဖက်ကရုတ်ချည်းထွက်ရှိလာပြီးတော့ ကြမ်းကြမ်းတမ်းတမ်းပဲအိတ်ကို သူမရဲ့အဝေးသို့ ယူဆောင်သွားခဲ့ပါတယ်။
လင်ရှန်း စိတ်ရှုပ်ထွေးစွာနဲ့နောက်သို့ပြန်၍လှည့်ကြည့်လိုက်သည်။ သူမ၏ခေါင်းထဲတွက် ချက်ချင်းပင် ကျိုးပေါက်ထွက်သွားပါတော့တယ်။ ဒီတစ်ခါမှာတော့ သူမပိုမို၍မြန်ဆန်တဲ့အလျင်နဲ့ တုံ့ပြန်လိုက်နိုင်ခဲ့ပါတယ်။
'' အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ အရှင့်သား ကျွန်တော်မျိုးအမှားကို ကျွန်တော်မျိုးသိပါတယ်။''
တုဟောင်က လင်ရှန်းကို လျစ်လျူရှုလိုက်ပြီး ကုဇောင်ကိုအနားလာရန် လက်ဟန်လုပ်လိုက်တယ်။
"ကြည့်လိုက်စမ်း.. ဒါက ဘာတွေလဲ"
ကုဇောင်က ရှေ့ကိုတိုးလာပြီးတော့ တစ်ချက်ကြည့်လိုက်ပါတယ်. ပိတ်ဖြူကြမ်းအိတ်ထဲမှာ ချက်လက်မှတ်တွေရာပေါင်းများစွာကို ထိုးသိပ်ထည့်ထားခဲ့တာပဲဖြစ်သည်. အနဲဆုံးတော့ အဲဒီအထဲမှာ ငွေပြားတွေနဲ့ထောင်ချီပြီး ရှိနေခဲ့တာပဲဖြစ်တယ်။
"လာကြစမ်း! တုဟောင်က သူ့ရဲ့လူတွေကိုအမိန့်ပေးလိုက်တယ်. "ဒီသစ်ပင်ကိုဖြတ်ကြစမ်း ဒီလူက ကျေးဇူးတင်စရာကောင်းလောက်အောင် သူ ဘယ်လောက်တောင်မှ ဝှက်ထားနိုင်မလဲဆိုတာ ငါ သိချင်တယ်!"
°°°°°°°°
ဝူအိမ်တော်ရဲ့ပစ္စည်းတွေကိုသိမ်းယူခြင်းက နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပါပြီ. ဥယာဉ်တော်ထဲမှာရှိသော ရှိရှိသမျှသစ်ပင်တွေ
အားလုံးကနေပြီးတော့ စုစုပေါင်းငွေပြားသုံးသိန်း ရှာဖွေတွေ့ရှိခဲ့ပါတယ်. ငွေပြားသုံးသိန်းက ပြည်နယ်တစ်ခုရဲ့ တစ်နှစ်စာဆက်သတဲ့ အခွန်ငွေနဲ့ညီမျှတာပဲဖြစ်တယ်။
ဒီသတင်းက ပြန့်နှံ့သွားတဲ့အခါမှာတော့ ဝူလျန်ဂျီက သူ့ရဲ့ခေါင်းကိုအုတ်နံရံနဲ့တိုက်ပြီးတော့ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပါတယ်။
နောက်ထပ် အုတ်နံရံကို သူ့ခေါင်းသူ တိုက်နေတဲ့သူတစ်ယောက်ကတော့ လင်ရှန်းပဲဖြစ်ပါတယ်. သူမကသာ ချက်လက်မှတ်တွေကို အရင်ဦးဆုံး ရှာတွေ့ခဲ့တဲ့သူပဲလေ! 'ဘယ်လိုဝဋ်ဆင်းရဲမျိုးလဲ!!
တုဟောင်က ဒီလိုမျိုး လူလိမ်လူညစ် ကလိမ်ကကျစ်တစ်ယောက်ပင် ဖြစ်ပေသည်. သူက ရွှေလာဒ်ပွင့်ကျိုင်းအဆောင်ကို ယူဆောင်သွားရုံတင်မကသေးဘူး သူမရဲ့ ချက်လက်မှတ်တွေကိုပါ ယူဆောင်သွားခဲ့လို့ပါပဲ။
'ငါကသာ အဲဒီချက်လက်မှတ်တွေကို အရင်တွေ့ခဲ့တာလေ! နင် ငါ့ကို အားလုံးမပေးနိုင်ရင်တောင်မှ အနည်းဆုံးတော့ ငါ့ကို တစ်ရွက်လောက်ဖြစ်ဖြစ် ပေးသင့်ပါတယ်! နင် အဲဒါကို သစ်ခေါက်တူးခလို့ သတ်မှတ်လို့ရတာပဲ!'
'နင် က သစ်ခေါက်တူးရတာ လွယ်တယ်လို့များထင်နေလားဟဲ့? သစ်ခေါက်တွေကို ခွာရတာ အရမ်းအရမ်းပင်ပန်းတယ် ဟုတ်ပြီလား!?'
ဝူအိမ်တော်ကနေပြီးတော့ ငွေပြားသုံးသိန်းကို သိမ်းယူပြီးတဲ့နောက်မှာတော့ အင်ပါယာက သဘောကျနှစ်ခြိုက်စွာပြုံးရွှင်နေတာကို မရပ်တန့်နိုင်တော့ပါဘူး. သူ မျှော်လင့်မထားတဲ့ငွေပမာဏဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ. သူတို့ စစ်ပွဲဖြစ်ကတည်းက တိုင်းပြည်ဘဏ္ဍာငွေက ကျပ်တည်းနေခဲ့တာပါ. သို့သော်လည်း ပြည်သူလူထုတွေ ထိတ်လန့်တကြားမဖြစ်စေရန်အတွက် တိုင်းပြည်ဘဏ္ဍာငွေပြတ်လပ်နေတာကို မကြေငြာခဲ့ပါဘူး။ အခုတော့ သူတို့ဆီကို မမျှော်လင့်ဘဲနဲ့ ငွေပြားသုံးသိန်းက ဖြတ်ခါဝင်လာခဲ့တော့ မိုးခေါင်နေတုန်း မိုးရွာမယ့်သတင်းကြားရသလိုမျိုးပါပဲ။ သူက ဘယ်လိုလုပ်ပြီးတော့ ဝမ်းမသာဘဲနဲ့နေနိုင်ပါ့မလဲ။
အင်ပါယာက အလွန်မင်းပျော်ရွှင်ဝမ်းမြောက်နေခဲ့တော့ သူက ဒီလိုထူးကဲပြောင်မြောက်တဲ့အခွင့်အရေးကို ဖော်ဆောင်ပေးခဲ့တဲ့သူကို ဆုလာဒ်တော်တွေ ချီးမြှင့်ဖို့ရန် ဆုံးဖြတ်လိုက်တယ်.
တုဟောင်ကနေအစရှိပြီးတော့ ကြင်ယာတော်မင်းသားလည်းပဲ ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
ဆုလာဒ်တော်တွေ ချီးမြောက်မယ့်အမိန့်တော် ထုတ်ပြန်ကြေငြာလိုက်လျင်ချင်းပဲ စိတ်မကြည်မသာဖြစ်နေတဲ့ လင်ရှန်းကို မျှော်လင့်ချက်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ သူမ နောက်ဆုံးတော့ သစ်ခေါက်ခွာခြစ်ခဲ့တာတွေအတွက် အဖိုးအခအဖြစ် ဆုလာဒ်တော်တွေ ရရှိပြီလို့ထင်နေခဲ့တာပါ. ဒါပေမယ့် သူမ မျှော်လင့်ထားတာနဲ့ အလွဲကြီးလွဲသွားခဲ့ပါတယ်. ဘာလို့ဆိုတော့ အဲဒီအစား အင်ပါယာက သူမကို မင်းမှုထမ်းရာထူးနေရာတစ်ခုသာ ဆုအဖြစ် ချီးမြှောက်ခဲ့လို့ပါပဲ။ သူမက ရာထူးနှစ်ဆင့် တိုးမြှင့်သွားခဲ့တာပါ. စစ်မက်ရေးရာကနေပြီး တော်ဝင်စစ်ဆေးရေးမှူးအဖြစ်သို့ ရာထူးတိုးသွားခဲ့တာပဲဖြစ်လေတယ်. သူမရဲ့အလုပ်က ကြီးကြပ်ပေးဖို့ပါပဲ. ဒါကြောင့် သူမက မည်သည့်ပစ္စည်းဥစ္စာမှ ချီးမြှင့်ခံရခြင်းကို မရခဲ့ရုံသာမကဘဲ အလုပ်တာဝန်နဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်. လင်ရှန်းတစ်ယောက် မျက်ရည်စို့၍အမိန့်တော်ကိုသာ ဆုပ်ကိုင်လိုက်ပါတော့တယ်။
'ငါ့နဲ့ အံ့ဩပါ့ အင်ပါယာဘုရင်မင်းမြတ်ရယ် ကျွန်မကို ဒီလောက်တောင်ပဲ လုပ်ရက်လှချည်လား?'
"ရှောင်လု .. အိမ်ရှေ့စံမင်းသား ဘာတွေရလဲဆိုတာ ငါ့အစား အပြင်ထွက်ပြီး သွားစုံစမ်းပေးစမ်းပါ"
"အပြင်ထွက်ပြီး သွားစုံစမ်းစရာတောင် မလိုတော့ပါဘူး.. ကြင်ယာတော်မင်းသား။ နန်းတော်တစ်ခုလုံးကို ပြန့်နှံလို့သွားပါပြီ. ပြောကြတာကတော့ အရှင်မင်းမြတ်က အိမ်ရှေ့စံမင်းသားကို ငွေပြားတွဲက တစ်ထောင်၊ အထက်တန်းစားမြင်းက ဆယ်ကောင်၊ ပိုးချည်မျှဉ်အထည်က တစ်အုပ်နဲ့ ရွှေလာဒ်ပွင့်ကျိုင်းအဆောင်တစ်စုံကို အကောင်းဆုံးအရည်သွေးတွေချည်း ပေးအပ်နှင်းခဲ့တယ်တဲ့. လာဒ်ပွင့်အဆောင်က ဝူလျန်ဂျီရဲ့အိမ်တော်က သိမ်းယူထားတဲ့ဟာလို့ ပြောကြတာပဲ။"
'ဘာ?!' နောက်ဆုံးသောအားကိုးရာဖြစ်တဲ့ လာဒ်ပွင့်အဆောင်အကြောင်းကို ကြားလိုက်ရလျင်ချင်းချင်းမှာပဲ လင်ရှန်း လုံးဝကိုပေါက်ကွဲသွားပါပြီ. သူမက သူမရဲ့လက်နဲ့ စားပွဲခုံပေါ်ကို ပြင်းပြင်းထန်ထန်ကို ဆောင့်ပြီး ထုချလိုက်ပါတော့တယ်.
"ရှောင်လု... ငါ ဆုံးဖြတ်ချက်ချလိုက်ပြီ!!"
"ကြင်ယာတော်မင်းသား... သခင် ဘာကိုဆုံးဖြတ်ချက်ချလိုက်တာလဲ?"
"ငါ....ကလဲ့စားပြန်ချေကို ချေရမယ်!"
ရှောင်လု... "......ကလဲ့စားချေဖို့ကိုရော ကြင်ယာတော်မင်းသားက ဘယ်လိုစီစဉ်ထားလို့လဲ?"
"ငါ....ငါ...ငါလိန်ဖန်ကို သွားရှာမယ်!" လင်ရှန်းက မုန်တိုင်းကျသလိုမျိုးဝုန်းခနဲ သူမရဲ့ကုလားထိုင်ပေါ်ကနေ ထလိုက်ပါတယ်။
'ရှင်ကသာ ကျွန်မရဲ့ ရွှေလာဒ်ပွင့်အဆောင်ကို ခိုးယူလိုက်တာပဲ! ဒီတော့ ကျွန်မကလဲ ရှင့်ရဲ့မကောင်းကြောင်းတွေကို ထုတ်ပြန်လိုက်မှာပဲ! ဒီအကြောင်းရဲ့နောက်ကွယ်မှာ တိတ်တိတ်ပုန်းဇာတ်လမ်းတစ်ခုမရှိဘူးဆိုတာ ကျွန်မ လုံးဝမယုံဘူး . ရှင်တို့နှစ်ယောက်စလုံးက ဒီလောက်တောင် ဘယ်လိုလုပ်ပြီး ချွတ်စွတ်တူနိုင်မှာတဲ့လဲ! တကယ်လို့ တိတ်တိတ်ပုန်းဇာတ်လမ်းတွေ မရှိခဲ့ရင်တောင်မှ ဒီလောက်ရုပ်ချင်းဆင်တဲ့မျက်နှာနဲ့လူတစ်ယောက် ရှိတယ်ဆိုတာကို ချနင်းပြီးတော့ပဲဖြစ်ဖြစ် လုပ်လိုက်ရမှပဲ ကျွန်မ စိတ်တွေ နေသာထိုင်သာရှိသွားမှာ!'
ဒီလိုနဲ့ပဲ လင်ရှန်းတစ်ယောက် 'ကလဲ့စား'ချေဖို့ရန်အလိုငှာ လိန်ဖန်ကို သွားရောက်ရှာဖွေဖို့ ထွက်သွားလိုက်တော့ပါတယ်။
End...