အပိုင်း(၁၉)
လင်ရှန်းတစ်ယောက် လိန်ဖန်ကို မြင်းဇောင်းထဲမှာ ရှာတွေ့ခဲ့ပါတယ်. သူက အနောက်တိုင်း တိုင်းပြည်ကနေ လက်ဆောင်
ဘဏ္ဏာေတာ်အဖြစ် ဆက်သလာတဲ့ မြင်းကောင်းမြင်းသန့်တွေကို စစ်ဆေးကြည့်ရှုနေပါတယ်.
မကြာမီ နန်းတော်ထဲတွင်မြင်းစီးနှင့်လေးမြှားအတတ် ပြိုင်ပွဲတွေကျင်းပပေးဖို့ ရှိနေတာပဲဖြစ်တယ်။
မလှမ်းမကမ်းကနေပြီးတော့ မုန်တိုင်းထန်စွာနဲ့ ဒေါသတချောင်းချောင်းထွက်နေတဲ့ လူတစ်ယောက် သူ့ဆီသို့ ဆိုက်ဆိုက်လာနေတာကို သူမြင်လိုက်ရပါတယ်. လိန်ဖန်က အလန့်တကြားဖြစ်သွားပြီးတော့ မျက်လုံးချင်းမဆုံမိစေရန် ရှောင်ရှားဖို့ကြိုးစားရင်းနဲ့ သူက ရှောင်ထွက်သွားချင်နေပါတယ်။
'အိုး.လူငယ်လေးရေ... နင်က ငါ့ကို ပေါ်ပေါ်တင်တင်ကြီးတောင်
ဥပက္ခာပြုဖို့ကြိုးစားနေတာလား. အာ?! လင်ရှန်းက လျင်မြန်စွာနဲ့
လိန်ဖန်ဆီကို တဟုန်ထိုးပြေးသွားလိုက်ပြီး လိန်ဖန်ရဲ့လက်မောင်းကိုဖမ်းဆွဲထားလိုက်ကာ -
" မင်း ထွက်သွားလို့မရဘူး! ငါ့မှာ မင်းကို မေးစရာကိစ္စရှိတယ်!"
လိန်ဖန်က လင်ရှန်း သူ့ကို ဒီလိုမျိုးဖိအားပေးလိုက်မယ်လို့ မထင်ထားခဲ့ပါဘူး. အဲဒါကြောင့် သူ့မှာ ရွေးချယ်စရာမရှိေတာ့ဘဲနဲ့ ရပ်မြဲအတိုင်းပဲ ရပ်နေလိုက်တော့သည်။ သူက တည်ငြိမ်စွာဖြင့် နောက်ကိုပြန်လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"ကြင်ယာတော်မင်းသား.. ဒီအမှုထမ်းရဲ့ အကူအညီကို လိုအပ်လို့လား? ပြီးတော့ ကြင်ရာတော်မင်းသား ဒီအမှုထမ်းကို သူ စကားပြန်မပြောခင်လေး လက်ကိုလွှတ်ပေးထားလို့ရမလား?"
"မင်း အဲလိုမျိုးပြောရုံနဲ့ ငါ မင်းကိုထွက်သွားခွင့်ပေးလိမ့်မယ်လို့ မင်းထင်နေတာလား။ ငါ မင်းကို ထွက်သွားခွင့်ပေးလိုက်တာနဲ့ မင်းကလျှောထွက်သွားတော့မှာ မဟုတ်လား! မင်း ငါ့ကို ရှောင်နေတာနဲ့ ငါ ဘာမှ မပြောနိုင်ဘူးလို့ မင်းထင်မနေနဲ့!" ဘာအကြောင်းနဲ့မျှ လင်ရှန်းက ထွက်သွားခွင့်မပေးခဲ့ပါဘူး. သူမက အခုသူ့ကို ချိန်းခြောက်ပြီးတော့ ဆန့်ကျင်လို့နေပါတယ်။
လိန်ဖန်က အနည်းငယ်လေး ကူရာမဲ့နေသလိုမျိုး ခံစားနေရပါတယ်. သူက လင်ရှန်းတစ်ယောက် သူ့ရဲ့ အလုပ်နေရာကောင်းမှာ အလုပ်ကြီးကြပ်မှုကိုပဲ အာရုံစိုက်ပြီး လုပ်နေလိမ့်မယ်လို့ပဲ သူထင်ထားခဲ့တာပါ. သူ ဝန်ခံပါတယ်. သူ က စုန့်လောင်ကို ရှောင်နေခဲ့တာပါ. ဒါပေမယ့် အဲဒါက အကြောင်းပြချက်တစ်ခုရှိခဲ့လို့ပါ..... သူက သူ့ရဲ့လက်မောင်းကိုဆွဲကိုင်ထားတဲ့ ဒီလူကို ငုံ့ပြီးတော့ ကြည့်လိုက်ပါတယ်. စုန့်လောင် က သူကိုယ်တိုင်ကို က အမြဲတမ်းလိုလို တွေ့နေကျပုံစံမျိုးမဟုတ်ပဲ အလေးအနက်မရှိသလို ဖြစ်နေတာပေမယ့်လည်း အဲဒါက သူ့ရဲ့ဖျတ်လတ်တက်ကြွပြီး နှစ်လိုဖွယ်ကောင်းစေတဲ့၊ တက်မက်မောနိုင်စေတဲ့စွမ်းအင်တွေကို ဖုန်းကွယ်ထားလို့ မရစေပါဘူး. လိန်ဖန် သူ့ကို မြင်လိုက်ရတဲ့အချိန်တိုင်းပဲ သူ့ရဲ့နှလုံးသားက မတည်မငြိမ်နဲ့လှုပ်ခါလို့နေပါတယ်. သူ့ရဲ့အနားကိုသွားဖို့ သူ မဝံ့ရဲခဲ့ပါဘူး။
လိန်ဖန်က သူ့ဘဝတစ်လျောက်လုံးမှာ ဒီလိုမျိုး လှုံ့ဆော်နိုင်တဲ့ဆန္ဒမျိုးကို ဘယ်တုန်းကမှ ကြုံတွေ့ခဲ့ခြင်းမရှိခဲ့ပါဘူး. ဒါနဲ့တင်မကသေးပါဘူး . စုန့်လောင်က ယောကျ်ားတစ်ယောက်ပဲ ဖြစ်ပါတယ်. သူက ဘယ်လိုလုပ်ပြီး ကြောက်လန့်တကြားမဖြစ်ဘဲ နေနိုင်မှာတဲ့လဲ? သူက သူ့ကို ရှောင်ရှားဖို့ လုပ်နိုင်သမျှအရာအားလုံးကို သူ လုပ်ရပါလိမ့်မယ်။
သိသာထင်ရှားစွာပဲ လိန်ဖန်ရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို လင်ရှန်းမှာ တွေးခေါ်နိုင်စွမ်း မရှိခဲ့ပါဘူး. သူမက ပစ္စည်းတွေသိမ်းယူတဲ့နေရာမှာ ဖြစ်ပျက်ခဲ့တာကိုတွေးလိုက်ခဲ့ပြီး သူမရဲ့ဒေါသတွေက ပိုလို့ပင်တိုးလာနေပါတယ်. သူမရဲ့အင်အားရှိအကုန်ကိုအသုံးပြုပြီးတော့ လိန်ဖန်ကို ဒီနေရာကနေမသွားနိုင်အောင်လုပ်ပြီးတော့ နာနာကျည်းကျည်းနဲ့ သူ့ကို မေးခွန်းတွေမေးနေပါတယ်.
" ဝူလျန်ဂျီရဲ့အိမ်တော်မှာ မင်းရှိနေခဲ့တာလား"
"ကြင်ယာတော်မင်းသား. ခင်ဗျား ဘာတွေပြောနေတာလဲ" လိန်ဖန်က စိတ်ရှုပ်ထွေးသွားပါတယ်.
သူ့ကို အရင်းမရှိအဖျားမရှိ ထူးထူးဆန်းဆန်းတွေ မေးနေခဲ့လို့ပါ။
"အဲဒီတော့ မင်းက မင်းမသွားခဲ့ဘူးဆိုတာကို သွယ်ဝိုက်ပြောနေတာလား, ငါပြောတာမှန်လား"
လင်ရှန်းက သူမရဲ့သွားတွေကိုတင်းတင်းစေ့လိုက်ပြီး ပြောလိုက်ပါတယ်. သူမက တော်တော်ဒေါသထွက်နေတဲ့ပုံနဲ့ပါ။
"ကျွန်တော်မျိုး က ကျွန်တော်မျိုးရဲ့ ဒဏ်ရာတွေကိုပဲ ပြန်သက်သာအောင်ပဲကုသနေခဲ့တာပါ. ကျွန်တော် နန်းတော်ထဲကနေ ဘယ်ကိုမှထွက်မသွားခဲ့ပါဘူး. ဘာပြဿနာရှိလို့လဲဆိုတာ ကျွန်တော်မျိုးသိလို့ရမလား.. ကြင်ယာတော်မင်းသား"
"မင်း မသွားခဲ့ဘူးဆိုရင် ငါ့ကိုရှင်းပြလေ.. ဘာကြောင့် မင်းနဲ့ အိမ်ရှေ့စံမင်းသားနဲ့က တူ.......အု!"
လင်ရှန်းရဲ့ စကားမဆုံးလိုက်သေးခင်မှာဘဲ သူမရဲ့ပါးစပ်က အပိတ်ခံလိုက်ရပါတယ်. အဲဒီနောက်ချက်ချင်းပဲ ကောင်းကင်ကြီးက ချာချာလည်သွားပြီး လိန်ဖန်က လျင်မြန်တဲ့အရှိန်နဲ့ သူတို့နှစ်ယောက်လုံးကို မြင်းဇောင်းထဲကို ဆွဲခေါ်သွင်းသွားလိုက်ပါတယ်။
အပိတ်ခံလိုက်ရတဲ့ လင်ရှန်းရဲ့ပါးစပ်က ဗလုံးဗထွေးနဲ့ ပြောလိုက်ပါတယ်. "မင်း.ဘာလုပ်တာလဲ?" မကြာမီမှာပဲ လိန်ဖန်က သူမရဲ့အသံကြောကို အကြောပိတ်လိုက်တော့ သူမ စကားပြောလို့မရတော့ပါဘူး. လက်ရှိမှာတော့ သူမရဲ့လှုပ်ရှားမှုတွေက ထိန်းချုပ်ခံလိုက်ရပြီး လင်ရှန်းက မြင်းဇောင်းထဲမှာ ဆွံ့အနေတဲ့အနေအထားနဲ့ မလှုပ်မယှက်ဖြစ်နေရပါတယ်.
ခဏလောက်ကြာပြီးသွားတဲ့အခါမှာတော့ တော်ဝင်ကိုယ်ရံတော်နှစ်ယောက်က မြင်းဇောင်းအနားကနေပြီး လမ်းလျောက်စကားပြောဆိုရင်းနဲ့ဖြတ်သွားပါတယ်. သူတို့တွေက သူမတို့ရဲ့တည်ရှိမှုကို သတိမထားမိခဲ့ကြပါဘူး။
ကိုယ်ရံတော်နှစ်ယောက် ခပ်ဝေးဝေးကို ရောက်သွားတဲ့အခါမှာတော့ လင်ရှန်း နောက်ဆုံးတော့ အသက်ရှုချောင်သွားသလို ခံစားလိုက်ရပါတယ်. လိန်ဖန်က သူမကို လွှတ်ပေးလိုက်ပေမယ်. လိန်ဖန်ရဲ့မျက်နှာကဖြူရော့လို့သွားတာလေးကိုတောင် သူမ အနည်းငယ်လေးခံစားမိနေပါတယ်.
သူ့ မျက်လုံးတွေကတော့ ဖော်ပြလို့မရနိုင်တဲ့ ထူးဆန်းတဲ့စိတ်ခံစားမှုတွေကို လှစ်ဟပ်ဖော်ပြနေပါတယ်။
လင်ရှန်း စကားပြောလိုက်ချင်ပေမယ့် လိန်ဖန်က သူမရဲ့အသံတိတ်ကြောကို ပိတ်ထားခဲ့တော့ သူမ လှုပ်လဲလှုပ်လို့မရသလို စကားလဲပြောလို့မရခဲ့ပါဘူး. သူမလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက လိန်ဖန်ကိုသေစေနိုင်တဲ့ အကြည့်နဲ့စိုက်ကြည့်နေရင်းနဲ့ မြင်းဇောင်းထဲမှာငြိမ်ငြိမ်လေးနဲ့ လှဲနေရတာပါပဲ။
"အူး......." သူမ အသံစမ်းပြီး ထွက်ကြည့်
ဖို့ ကြိုးစားလိုက်ပါတယ်။
"ကျွန်တော် ..ခင်ဗျားရဲ့ အကြောကို ဖွင့်မပေးနိုင်သေးဘူး ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို တောင်စဉ်ရေမရတွေလျောက်မပြောဖို့ ကတိပေးမှပဲရလိမ့်မယ်."
လိန်ဖန်က လေသံအေးအေးလေးနဲ့ပြောနေပေမယ့် အရင်တုန်းက လင်ရှန်းတစ်ခါမှမမြင်ဘူးခဲ့တဲ့ ပြင်းထန်တဲ့ အငွေ့အသက်တွေပေးနေပါတယ်. လင်ရှန်းက အထိတ်တလန့်နဲ့ မျတ်တောင်ကို ပေကလတ်ပေကလတ်လုပ်ပြီး သူမ နားလည်ကြောင်း အရိပ်အယောင်ပြလိုက်ပါတယ်။
" ခင်ဗျား ဘာမှမပြောပါဘူးလို့ ကျွန်တော့်ကို ကတိပေးပါ ခင်ဗျား.နားလည်ရဲ့လား"
"အမ်း....."
မျက်စိတစ်မှိတ်အတွင်းမှာပဲ
အသံတိတ်ကြောကပွင့်သွားခဲ့ပြီး လင်ရှန်း ခေါင်းကနေ ခြေဖျားအထိကို သက်သာရာရတဲ့ အသိအာရုံလေးကို ခံစားရလိုက်ပါတယ်. သူမ မတ်တပ်အသည်းအသန်ထရပ်လိုက်ပြီး အော်ဟစ်လိုက်ပါတယ်. "အားရာ..ငါ့မေ*** ! မင်း......အူး...!!!!"
နောက်ထပ်တစ်ခါထပ်ပြီးတော့ သူမရဲ့ပါးစပ်က ပိတ်သွားခဲ့ပြန်ပါတယ်. လိန်ဖန်က သူမရဲ့လက်ကောက်ဝတ်ကို အားအနည်းငယ်လေးနဲ့ ဖမ်းဆွဲလိုက်တော့ သူမက နောက်ပြန်လဲကျသွားပါတယ်. လင်ရှန်းရဲ့ကျောကုန်းက မြင်းဇောင်းရဲ့သစ်သားခြံစည်းတန်းနဲ့ကပ်သွားခဲ့ပြီးတော့ လိန်ဖန်ရဲ့မျက်နှာက သူမ မျက်နှာနဲ့အလွန်ကို နီးကပ်လို့သွားပါတယ်. သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဖက်လျက်သားနီနီး အနေအထားဖြစ်သွားပါတယ်. လင်ရှန်းက သူ့ရဲ့ယောက်ျားပီသတဲ့ကိုယ်သင်းရနံ့ကို ရှိုက်သွင်းမိသွားတော့ အဲဒါက သူမကိုပျော့ပျော့လေးတောင် မူးဝေသွားစေအောင်လုပ်နေပါတယ်။
"ခင်ဗျား ဘာပဲသိနေ သိနေ . ခင်ဗျား. ပြောလဲမပြောရဘူး၊ မေးလဲမေးလို့မရဘူး. ကျွန်တော် ပြောတာကြားရဲ့လား?" တိုးညင်စွာနဲ့ပြတ်သားတဲ့အသံက သူမရဲ့နားထဲကိုဝင်လာခဲ့ပါတယ်။
လင်ရှန်း မူးနောက်သွားပြီးတော့ သူ့အပေါ်ကို မေးခွန်းပြန်ထုတ်ချင်သွားပါတယ်. သို့ပေမယ့်လည်း သူမရဲ့ပါးစပ်က စည်းပိတ်ခံထားရဆဲပါ. ထို့ကြောင့် သူမက ခေါင်းငြိမ့်ပြလိုက်ပါတယ်။
သူမ ခေါင်းငြိမ့်တာကို မြင်ရတော့ လိန်ဖန်က သူမရဲ့ပါးစပ်ပေါ်က သူ့လက်ကို ဖြေလျော့လိုက်ပါတယ်. သူ့ လက်ဖဝါးပေါ်က စုန့်လောင်ရဲ့နူးညံ့တဲ့နှုတ်ခမ်းသားလေးက သူ့ကို အချိန်အနဲငယ်လောက်တောင် အာရုံထွေပြားသွားစေခဲ့ပါတယ်. သူက သူ့ရဲ့မာမာတင်းတင်းဖြစ်နေတဲ့ကိုယ်အမူအရာကို အတော်လေးလျော့ပါးစေလိုက်ပြီးတော့- "ခင်ဗျား တစ်ယောက်ယောက်ကို ပြောလိုက်မယ်ဆိုရင် လူတွေအများကြီး နာကျင်ခံစားရလိမ့်မယ်. နားလည်ရဲ့လား"
လင်ရှန်းက ငြိမ်သက်စွာနဲ့ အားပျော့စွာမေးလိုက်တယ်.- "အဲဒါက မင်းကိုရော နာကျင်စေမှာလား?"
လိန်ဖန်က စိတ်ရှုတ်ထွေးသွားပြီးတော့ ခေါင်းငြိမ့်ပြလိုက်ပါတယ်။
"အဲဒါဆို ငါ ဘာမှမပြောတော့ပါဘူး" လင်ရှန်း ချက်ချင်းပင် သူမရဲ့ပါးစပ်ကိုဖုံးအုပ်လိုက်ကာ သူမရပ်တည်ချက်ကို သရုပ်ပြလိုက်ပါတယ်. တခါတလေကျရင် သူမက အရမ်းစိတ်လိုက်မာန်ပါနဲ့ ထုံထိုင်းတဲ့အရာတွေလုပ်တတ်ပေမယ့်လဲ ဘယ်အရာက မှန်တယ်၊ ဘယ်အရာက မှားတယ်ဆိုတာတော့ သူမ စိတ်ထဲမှာတော့ သိပါတယ်. သူမ နန်းတော်ကိုဝင်လာကတည်းက ကြင်နာတတ်တဲ့ဒီလူကနေပြီးတော့ သူမတို့အားလုံးပဲ ဖုန်းကွယ်ထားရတဲ့ အကြောင်းရင်းကိုယ်စီ ရှိနေတတ်ကြတာပါပဲ. လိန်ဖန်က ဟိတ်ဟန်ကြီးပြီး တည်တည်တန့်တန့်နေတတ်ပေမယ့် သူမအတွက်ဆိုဘာပဲဖြစ်ဖြစ် ကြိုးစားပေးတတ်တဲ့ တစ်ယောက်တည်းသောသူပဲ ဖြစ်ပါတယ်။
"သူမရဲ့ကျရှုံးမှုကြောင့် အခြားလူတစ်ယောက်ရဲ့ လျို့ဝှက်ချက်ကို အကျပ်ကိုင်ထားတဲ့ အတွက်ကြောင့်နဲ့ လူကောင်းတစ်ယောက်က အန္တရာယ်ရှိလာလိမ့်မယ်ဆိုရင်တော့ သူမက သေဖို့ပဲထိုက်တန်မှာပါ.. 'တကယ်လို့ သူက လူကောင်းတစ်ယောက်မဟုတ်ခဲ့ရင်တောင် သူ့ရဲ့ရွှေဓားစလွယ်အတွက် ငါက သူ့ကို ကျိန်းသေပေါက်ကာကွယ်ပေးရမှာပဲ!'
ဒီလိုတွေးနေတာက လင်ရှန်းကို ပီတိတွေတရိပ်ရိပ် ဖြစ်လာစေပါတယ်. သူမ ရဲ့ရင်ဘတ်ကို လက်ဝါးဖြင့် ဘုန်းခနဲပုတ်လိုက်ပြီး - " မစိုးရိမ်ပါနဲ့. ငါ ကွန်မြူနစ်ပါတီရဲ့လူတွေအပေါ်မှာ ကျိန်ပြီးတော့ပြောရဲတယ်. ငါ ဘာတစ်ခုမှကို မပြောတော့ပါဘူး! မင်း .ငါ့ကို မယုံကြည်သေးဘူးဆိုရင် ငါတို့ လက်သန်းချင်းချိတ်ပြီးတော့ ကတိပေးလို့ရတယ်!" လုံးဝအတည်ပေါက်ကြီးဖြစ်နေတဲ့မျက်နှာနဲ့ သူမက သူမရဲ့လက်သန်းလေးကို ရှေ့ကိုထုတ်လိုက်တယ်။
လိန်ဖန်က လင်ရှန်း ရုတ်တရက်ကြီး ဒီလိုမျိုးထလုပ်လိုက်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး. သူက
နားမလည်ဘဲ ကြောင်အန်းအန်းဖြစ်သွားခဲ့ပါတယ်. သူ့ရှေ့မှာရှိတဲ့ လက်သန်းကွေးလေးကို သူကြည့်လိုက်ပြီး နောက်ထပ်ချိုမြိန်တဲ့မွေးရနံ့လေး စုန့်လောင်ရဲ့ကိုယ်ထဲကထွက်လာသလိုတောင် ထင်နေမိနေပါတယ်. သူကိုယ်သူတောင်မထိန်းနိုင်တောပဲ သူ့လက်မောင်းအတွင်းမှာ သူ ရှိနေတဲ့အချိန်ခဏတာလေးကို သူ ပြန်ပြီးတွေးနေမိပါတယ်. သူ တွေးမိပြီးသွားတော့မှ သူ့အမှတ်တမဲ့နဲ့ သူ့ရဲ့ရင်ဘတ်ကို ထိကြည့်လိုက်မိပါတယ်. သူက အကောင်းကြီးရှိနေပါသေးတယ်. ထင်ရတာကတော့........
ရုတ်တရက်လေးအတွင်းမှာပဲ လိန်ဖန် တစ်ခုခုကိုနားလည်သွားသလို ဖြစ်သွားပါတယ်. သူ့ရဲ့မျက်နှာအမူအရာက ချက်ချင်းပင်မဲမှောင်သွားတော့သည်. သူ ကတိုက်ကရိုက်ပဲ ထရပ်လိုက်သည်။
လင်ရှန်းကတော့ သူမရဲ့လက်သန်းကွေးလေး မြှောက်ထားနေတုန်းပါ. သူမ မကြာခင်ပဲ ထုံတောင်ထုံတော့မလို ဖြစ်နေပါတယ်. သူမက လိန်ဖန်ရုတ်ချည်း ထရပ်လိုက်မယ်လို့ ထင်မထားခဲ့ပါဘူး. သူ့ရဲ့ မျက်နှာအမူအရာကလဲ ထူးဆန်းနေပြီး သူမ အများကြီးမတွေးတတ်တော့ပါဘူး။
လိန်ဖန်က လျို့ဝှက်ချက်တွေကို ထုတ်ဖော်ခံလိုက်ရမှာကိုတော့ စိုးရိမ်နေတုန်းပါပဲ. သူက သူ့ရဲ့ဘောင်းဘီပေါ်မှာကပ်နေတဲ့ မြက်ခြောက်တွေကိုတောင် မခါထုတ်တော့ဘဲ လျင်မြန်စွာပဲ ထပြီးထွက်သွားလိုက်ပါတယ်။
"ဟေး! ငါဘာမှမပြောတော့ပါဘူးလို့ ပြောနေတယ်လေ. မင်း ငါ့ကို စိတ်ဆိုးနေတုန်းပဲလား? ဒီမှာ......."
"နောက်ကျနေပါပြီ... ကြင်ယာတော်မင်းသားမှာ အခြားဘာကိစ္စမရှိတော့ဘူးဆိုရင် အနားယူဖို့ ပြန်လိုက်ပါတော့"
'ဘာလို့ ဒါကြီးပဲ ထပ်ခါထပ်ခါပြောနေတာလဲ? ရှင် နောက်တစ်ခုပြောင်းပြောလို့မရတော့ဘူးလား? ရှင်က အမြဲတမ်း ဒီနောက်ကျတယ်လို့ပဲ ပြောပြောနေတာပဲ. နောက်မကျသေးဘူး. ဟုတ်ပြီလား? ကောင်းကင်ကြီးကို ဖိအားတွေ ဒီလောက်အများကြီးပေးနေတာတွေ ရပ်လိုက်တော့!'
လင်ရှန်း အနည်းငယ်လေးတောင် ဒေါပွချင်သွားတယ်. သို့သော်လည်း. လိန်ဖန်ရဲ့အပြုအမူကိုပြန်တွေးကြည့်လိုက်တော့ သူမ စဉ်းစားခဲ့မိတာက သူက စိတ်သောကတော်တော်ရောက်သွားတာလား.. ဒါမှမဟုတ်ရင် အရမ်းကို စိတ်လှုပ်ရှားကြောက်ရွံ့သွားတာများ ဖြစ်နေမလား။ ငါ့လို ဒီလို ခိုင်မာတဲ့နှလုံးသားရှိတဲ့လူတစ်ယောက်အနေနဲ့ ငါ့လောက်တောင် ကြံ့ကြံ့မခံနိုင်ဘဲအားနည်းနေတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ကို ငါသင်ယူနိုင်ရမှာပဲလေ'
လင်ရှန်း နောက်ထပ်ထပ်ပြီးတော့ လွတ်လပ်ပေါ့ပါးသွားသလိုခံစားသွားရပြီး လိန်ဖန်ကို သူမ မပြန်ခင်လေး နှုတ်ဆက်လိုက်ပါတယ်. သူမ က ရွှေဓားစလွယ်ကိုတော့ ထပ်ခါထပ်ခါကြည့်လိုက်ပြီးတော့ သူမ နှုတ်ခမ်းကိုပိတ်ခါ သီချင်းတသည်းသည်းလုပ်လိုက်ပါတယ်.
"ငါက..ဒေါက်ခွာရွက်သေးသေးပါ......ဒေါက်ခွာရွက်လေး................." သူမ က သူမရဲ့နန်းဆောင်ကိုဦးတည်လိုက်ပြီး တစ်စုံတစ်ယောက်ကတော့ သူမရဲ့အကြီးမားဆုံး လျို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးသွားတယ်ဆိုတာကိုတော့ နားလည်ဖို့လုံးလုံးလျားလျားကို ကျရှုံးသွားခဲ့ပါပြီ။
လိန်ဖန်တစ်ယောက် လင်ရှန်းရဲ့တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ပုံရိပ်ကို တစိမ့်စိမ့်ကြည့်နေရင်းနဲ့ နေရာမှာတင် ကျန်နေခဲ့ပါတယ်. မြင်ကွင်းထဲကနေ သူမ.ပျောက်ကွယ်သွားတဲ့အချိန်အထိ သူက
မျတ်တောင်မခတ်ဘဲနဲ့စူးစူးစိုက်စိုက်ကို ကြည့်နေခဲ့တာပါ. ပထမဆုံးအကြိမ်အနေနဲ့ သူ့နှလုံးသားသူတောင် ဘာတွေတွေးနေတာတောင် မသိတော့တာပဲဖြစ်လေတယ်။
End....