အပိုင်း(၂၀)
သုံးရက်ကြာပြီးသွားတဲ့နောက်၊ လင်ရှန်းက သူမရဲ့အလုပ်ကိုလုပ်ဆောင်ရန် တော်ဝင်စစ်ဆေးရေးရုံး အဆောက်အဦးရှိရာသို့ သွားရောက်ခဲ့ပါတယ်။
တော်ဝင်စစ်ဆေးရေးရုံးအဆောက်အအုံက ရှေးခေတ်တရုတ်ပြည်ထဲရှိ သူတို့တွေရဲ့လုပ်ငန်းကိစ္စရပ်တွေကို စစ်ဆေးကြီးကြပ်တဲ့ အဖွဲ့အစည်းနေရာပင် ဖြစ်သည်။ သူတို့ရဲ့အလုပ်ကတော့ ရောက်ရှိလာတဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ကြောင်းအရာကိစ္စရပ်တွေ ၊ စစ်ဆေးချက်တွေ၊ အဆိုပြုတင်သွင်းလွှာတွေကို အင်ပါယာထံ အကြံပြုတင်ပြပေးရတာပဲဖြစ်တယ်။
အကယ်စင်စစ်တော့ ဒီအလုပ်က အနေချောင်တဲ့အလုပ်လို့တော့ စဉ်းစားလို့တော့ရပါတယ်. သို့သော်လည်း လင်ရှန်းက အမြဲတမ်းပဲ ကံခေစေတဲ့သူတစ်ယောက်ပါ. သူမ ရုံးတော်ကိုရောက်တဲ့ ပထမဦးဆုံးနေ့တွင် တော်ဝင်နန်းတော်ထဲမှ လူတစ်ယောက်ရောက်လာပြီးတော့ သူတို့တွေကို လာရောက်စစ်ဆေးမယ်ဆိုတာကို ကြိုတင်သတိပေးချက်ရရှိခဲ့ပါတယ်. အခုတော့ လူတိုင်းလူတိုင်းက အူရားဖားရားနဲ့အတူတကွသရုပ်ဆောင်ပြဖို့ ကြိုးစားနေကြပါတယ်။
မင်းနားလည်ထားဖို့က တော်ဝင်စစ်ဆေးရေးအဆောက်အဦးက စစ်ဆေးရေးဗဟိုဌာနတစ်ခုပင်ဖြစ်သည်. အမှုထမ်းတွေအားလုံးက တလွဲဆံပင်ကောင်းတဲ့နေရာမှာတော့ ဩချဖို့ကောင်းပါတယ်. သူတို့ကို စိတ်အနှောက်ယှက်ပေးရဲတဲ့ ဘယ်သူ့ကိုမဆို သူတို့က စားပွဲကိုပြောင်းပြန်လှန်ချလိုက်သလိုမျိုး၊ အဖြူကနေ အမည်းကိုပြောင်းအောင်၊ သေရာကနေ ရှင်သလို လုပ်လိမ့်မှာပဲ. ထို့ကြောင့်ပင် ရာထူးအဆင့်အတန်းတွေကို ထည့်စဉ်းစားစရာမလိုဘဲနဲ့တောင်မှ အစိုးရမင်းမှုထမ်းအများစုက သူတို့တွေနှင့်လာပြီး ဇယားမရှုပ်ရဲကြတာပဲ ဖြစ်လေသည်။
ရလဒ်အနေနဲ့ကတော့ တော်ဝင်စစ်ဆေးရေးရုံးမှာ အလုပ်လုပ်ကိုင်နေတဲ့ လူတွေအားလုံးက စက်ဆုပ်ဖွယ်ကောင်းလောက်အောင်ကို မာနထောင်လွှားကာ စိတ်ကြီးဝင်သူတွေအဖြစ် ကူးပြောင်းသွားကြတော့သည်။ သူတို့တွေရဲ့ ပြုမူဆောင်ရွက်တဲ့ပုံစံက ပြဿနာအများကြီးရှိစေပေမယ့် ဘယ်သူကမှ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဘာမှမလုပ်နိုင်တာပဲဖြစ်သည်. အခုတော့ တော်ဝင်နန်းတော်ထဲက တစ်စုံတစ်ယောက်က ရုတ်တရက်ကြီး သူတို့ဆီကို စစ်ဆေးရန် ရောက်လာခဲ့တော့ သူတို့တွေခမျာ
ထိတ်လန့်တကြား ဖြစ်နေကြပါပြီ. နောက်ထပ်ကိစ္စတစ်ခုကတော့ ဧည့်သည်တော်ကို ကြိုဆိုနှုတ်ဆက်ရန်နှင့်ကိုင်တွယ်ဖြေရှင်းနိုင်ရန် သူတို့က လူတစ်ယောက်ကို ရှာဖွေရလိမ့်မှာပဲ။
လင်ရှန်းအကြောင်းကို ပြောရမယ်ဆိုရင်တော့ သူမရဲ့ကံက ဒီထက်တော့မဆိုးရွားနိုင်လောက်တော့ပါဘူး. သူမက ပူပင်ကြောင့်ကြကင်းတဲ့ ကြင်ယာတော်မင်းသားအဖြစ်နဲ့ နေလာခဲ့ရပေမယ့် 'ဝူအိမ်တော်'ကို သိမ်းယူတဲ့အတွက်ကြောင့်မို့လို့ သူမရဲ့အကျိုးအမြတ်ကို ဆုံးရှုံးခဲ့ရယုံသာမကဘဲ သူမက အင်ပါယာရဲ့ တော်ဝင်အမိန့်တော်အတွက် ကျေးဇူးတော်တင်ရင်းနဲ့ တော်ဝင်စစ်ဆေးရေးမှုးဖြစ်လာခြင်းနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်. ခေါတ်သစ်လူသားတစ်ယောက်အနေနဲ့ သူမက ရှေးစာလုံးတွေကို တစ်ဝက်လောက်သာနားလည်ဖတ်ရှုနိုင်သူပါ. 'ဘယ်လို ဝဋ်ကြွေးများကြောင့် သူမကျမှ ဒီအလုပ်တွေကို လာပြီး လုပ်နေရတာလဲ?'
သူမ အငွေ့ပျံအောင်ရှုပ်ထွေးနေစဉ်မှာပဲ အကြီးအကဲတစ်ချို့က သူမကို စကားလာရောက်ပြောဆိုခဲ့ပါတယ်. သူတို့က သူမကို အချိန်တိုလေးအတွင်းမှာ ရောက်ရှိလာတော့မည့် တော်ဝင်ဧည့်သည်တော်ကို ကြိုဆိုပြီး ကိုင်တွယ်ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြတာပါ။
လင်ရှန်းရဲ့ မျက်လုံးတွေဖျတ်ခနဲလင်းလက်သွားပါတယ်. 'တစ်ယောက်ယောက်ကို ကြိုဆိုပေးဖို့လား?? အဲဒါက သူမ မဖတ်တတ်တဲ့ စာတစ်လိပ်ကြီးကိုငေးကြောင်ကြောင်နဲ့ စိုက်ကြည့်နေတာထက်စာရင်တော့ သေချာပေါက်ကို ပိုကောင်းလိမ့်မှာပဲ!' ဒါကြောင့်ပဲ သူမက ဘယ်သူမှမလိုချင်တဲ့ ဒီတာဝန်ကို ဝမ်းပန်းတသာနဲ့ လက်ခံလိုက်ပါတော့တယ်. ချက်ချင်းလက်ငင်းပင် လင်ရှန်းတစ်ယောက် သူမရဲ့လုပ်ဖော်ကိုင်ဘက်အသစ်တွေကြားထဲမှာ အရမ်းကိုရေပန်းစားနံမည်ကြီးသွားခဲ့ပါတယ်. သူမကိုတွေ့လိုက်တဲ့ ဘယ်သူမဆိုပဲ သူတို့က တရိုတသေနဲ့ပြောကြတာကတော့ - အရာရှိစုန့်... ခင်ဗျားအဆင်ပြေပါစေလို့ ကျွန်တော် ဆန္ဒရှိပါတယ်ဗျာ"
လင်ရှန်းတစ်ယောက် ပေါ့ပါးလွတ်လပ်နေသလိုပါပဲ. သူမ လုပ်ရမှာအားလုံးကတော့ စစ်ဆေးမှုကို ဦးဆောင်လမ်းပြပေးရမှာပါပဲလေ. ဘယ်လောက်တောင်ခဲယဉ်းမှာမို့လို့လဲ? သူမ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့တဲ့နေ့ရက်တွေကို ပြန်တွေးကြည့်လိုက်တော့ အရေးကြီးဆုံးအရာက ကြိုဆိုပေးရတဲ့ ဖွင့်ပွဲအခမ်းအနားပဲ ဖြစ်ပေသည်။
ဒီလိုနဲ့ပဲ လင်ရှန်းက လူအုပ်စုတစ်ခုကိုအတန်း နှစ်တန်း စီစဉ်ပေးထားလိုက်ပြီး ပြိုင်တူသံပြိုင်ကြွေးကြော်ပေးရန် စီစဉ်ညွှန်ကြားထားလိုက်ပါတယ်။ သူမက ကြိုဆိုဧည့်ခံပွဲလုပ်ဖို့အတွက် တန်ဖိုးကြီးစွာတဲ့စားသောက်ဖွယ်ရာတွေ တည်ခင်းထားတဲ့ စားပွဲခုံတစ်လုံးကိုလဲ စီစဉ်ထားဖို့ အမိန့်ပေးထားလိုက်သေးပါတယ်. အခုတော့ သူတို့လုပ်ရမှာအားလုံးကတော့ အဲဒီလူရောက်လာဖို့ကို စောင့်နေယုံပဲ ရှိတော့ပါတယ်။
လင်ရှန်း သူမကိုယ်သူမ အရမ်းစိတ်ချမ်းသာနေရရုံပဲရှိသေးတယ် တော်ဝင်နန်းတော်ထဲက လူကတော့ ရောက်ရှိလာခဲ့ပါပြီ. သူ ဝင်လာလိုက်တဲ့အခါမှာ လင်ရှန်းက ရင်းနှီးတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရပြီးတော့ သူမတော့ ကံဆိုးမိုးမှောင်ကျပြီဆိုတာကို သိလိုက်ရပါတယ်.။
'ရှင်တို့..သောက်* တကယ်ကြီးပဲလား? အိမ်ရှေ့စံမင်းသားဆိုတာ ဘယ်သူကမှ ငါ့ကို မပြောကြတာလဲလို့!?
T-----T
မူလတုန်းကတော့ တုဟောင်က တော်ဝင်ကြီးကြပ်ရေးအဆောက်အအုံကို ရိုးရှင်းစွာဖြင့် ကင်းလှည့်ကြည့်ရှုဖို့ပဲ စီစဉ်ထားခဲ့တာပါ. ဒါပေမယ့် သူ တံခါးမကြီးကနေ ဝင်လိုက်တဲ့အခါမှာတော့ သူ့ရဲ့နားထဲကို မခံမရပ်နိုင်အောင်ပဲ ဆိုးဝါးတဲ့သံပြိုင်ဟစ်ကြွေးသီဆိုသံတွေနှင့်အတူ သူ့ကို ဝန်းရံထားလိုက်ခြင်း ခံလိုက်ရပါတယ်။
သူ တံခါးမ အပေါက်ကနေ ဝင်လိုက်လျင်
ချင်းချင်းမှာပဲ မင်းမှုထမ်းတွေက ဘယ်၊ညာ နှစ်တန်း ယဉ်တွဲရပ်လို့နေကြပြီးတော့ တက်ကြွတဲ့သံပြိုင်ဟစ်ကြွေးသံတွေဖြင့်-
"ကျွန်တော်မျိုးတို့ ဧည့်သည်တော်ကို ကြိုဆိုနှုတ်ခွန်းဆက်သပါတယ်....!
ကြိုဆိုပါတယ် ကြိုဆိုပါတယ်.. ဧည့်သည်တော်..ဝူး...!
ကျွန်တော်မျိုးတို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်. မသွားပါနဲ့.အာ့!
မင်း ကြည့်ရှုမယ်ဆိုရင်..ပြီးတော့ ကြည့်ရှုလိုက် ဝူး.!
ဟိုင်းယားရီအာ...!
ဟိုင်းယားရီအာ...!"
(ဘာတွေလဲတော့ ကိုယ်လဲမသိဘူး သည်းခံပြီးတော့ပဲ ဖတ်ပေးကြပါ 😁)
လင်ရှန်းက သူမရဲ့ကိုယ်ပိုင်စာသားတွေကို ရေပန်းစားနေတဲ့ folk song တစ်ပုဒ်နဲ့ ဖန်တီးထားခဲ့တာပါ. ဇာတ်လမ်းပမာသက်ဝင်လှုပ်ရှားမှုတွေလဲ ဖြည့်စွက်ပေးထားပါသေးတယ်.
တုဟောင်၏အနောက်ကနေ အတူလိုက်ပါလာေသာ အမှုထမ်းအားလုံးပင် ကြက်သေ သေသွားခဲ့ကြပါတယ်. တည်ငြိမ်တတ်တဲ့ ကုဇောင်ပင် သူ့ရဲ့ပါးစပ်ထောင့်နားတွင် တွန့်ကွေးစွာဖြင့် စူးစိုက်ကြည့်မိရင်း လုံးလုံးလျားလျားကို အသံတစ်ချက်တောင်ထွက်မလာနိုင်ခဲ့ပါဘူး။
လင်ရှန်းကတော့ အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်. သူမလည်း ဘာမှမတတ်နိုင်တော့ဘဲ ချွေးပြန်စွာဖြင့် တုဟောင်ရဲ့အမူအရာကိုသာ တိတ်တိတ်လေး စောင့်ကြည့်နေလိုက်ပါတော့တယ်. တုဟောင် က စက္ကန့်အနည်းငယ်လောက်သာလျှင် အလွန်အံ့အားသင့်စွာဖြင့် စိုက်ကြည့်ခဲ့ပါတယ်. ဒါပေမယ့် သူက လျင်မြန်စွာပင် သူ့ကိုယ်သူပြန်ပြီးတော့ တည်ငြိမ်အောင်လုပ်ဆောင်နိုင်လိုက်ပါတယ်. သူက နေရာတစ်ခုလုံးကို ခြုံကြည့်လိုက်ပြီးတော့ စက္ကန့်အနည်းငယ်လောက်
အကြာမှာတော့ သူက လင်ရှန်းနှင့် မျက်လုံးချင်းဆုံပြီး ကြည့်လိုက်ပါတယ်. လင်ရှန်း တစ်ယောက်
ချက်ချင်းပင် မျက်လွှာချလိုက်တော့သည်။
'အခြေနေကတော့ သိပ်ကောင်းပုံမရတော့ဘူး!'
'ငါ တောင်းပန်လိုက်တာပဲ ပိုကောင်းလိမ့်မယ်.' လင်ရှန်းက သူမရဲ့ လူသိများထင်ရှားတဲ့စာကြောင်းဖြစ်တဲ့ -"အရှင့်သား၊ ကျွန်တော်မျိုးအမှားကို ကျွန်တော်မျိုးသိပါတယ်!"
တုဟောင်က မတုန်မလှုပ် ပြန်ပြောလိုက်ေလတယ်.
"မဆိုးဘူး၊ ငါတို့နဲ့အတူ အထဲကို သွားကြည့်ရအောင်"
စကားလုံးတွေက လင်ရှန်းရဲ့လည်ချောင်းဝကနေပြီး အပြင်ကိုထွက်သွားမလိုတောင်ဖြစ်သွားပါတယ်. သူမက ခက်ခက်ခဲခဲပြန်မြိုချလိုက်နိုင်ပါတယ်.-'အိုး..ဒီလိုဆိုတော့ အိမ်ရှေ့မင်းသားက ဒီလိုမျိုးအရာတွေကို ကြိုက်တာပဲကိုး!'
"အရာရှိစုန့် ရှေ့ကနေပြီး လမ်းမပြပေးသေးဘူးလား?"
တုဟောင်ရဲ့အသံက နည်းနည်းစနောက်နေသလိုထင်နေရတော့ လင်ရှန်း သူမကိုယ်သူမတောင် မယုံကြည်နိုင်တော့ပါဘူး. သူမက တုဟောင်ကို အတွင်းဘက်ထဲသို့ ဦးဆောင်ပြီး ခေါ်သွားခဲ့ပါတယ်. သူမ စိတ်ကသိအောက်ဖြစ်သလိုဖြစ်သွားခဲ့ပါတယ်. ဘာလို့ဆို တုဟောင်က ဘာတွေတွေးနေလဲဆိုတာကို သူမ မပြောနိုင်တာပဲဖြစ်တယ်။
တကယ်ကတော့ သူမက လူတစ်ဖက်သားကိုအကဲခတ်တဲ့နေရာမှာ အတော်အသင့်ကောင်းတယ်လို့ ပြောလို့ရတာပဲဖြစ်သည်. ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ သူမက တုမင်ယွဲ့နဲ့ပတ်သတ်ရင်တော့ အကုန်လုံးကို သိနိုင်တယ်လေ. တုဟောင်လဲရောက်လာရော သူမ မှာ ဘာမှမသိနိုင်တော့ပါဘူး. သူက သိသာစွာပဲ အိမ်ရှေ့စံမင်းသားတစ်ယောက်ပဲ ဖြစ်လေသည်။ 'သူ ဘာဖြစ်လို့များ နန်းတော်ထဲမှာပဲ ပျော်ရွှင်တဲ့ဘဝလေး
နဲ့ မနေနိုင်ရတာလဲမသိဘူး? သူက ဘာလို့ အမြဲတမ်းလိုလို နေရာတကာကို ပါနေရတာလဲကို မသိတော့ဘူး? အဲဒါက တော်တော်လေးကို အဓိပ္ပာယ်မရှိတာပဲ။'
ပြီးခဲ့တဲ့အချိန်တုန်းကလဲ သူက ပိုင်ဆိုင်မှုတွေသိမ်းယူနေတုန်းက သူမ နှင့် မတော်တဆဖြစ်ခဲ့တာတွေအတွက်လဲ အတော်လေးဒေါသထွက်နေသင့်တာ မဟုတ်လား။ သို့သော်လည်း သူက ဘာမှမဖြစ်ပျက်ခဲ့သလိုမျိုး ဟန်လုပ်နေနိုင်သေးတယ်။
'ရှင် ဘာတွေ တွေးနေတာများလဲ? ကျွန်မ ရှင့်ကိုထွင်းဖောက်ပြီးတော့ မမြင်နိုင်တော့ဘူး!!'
လင်ရှန်းတစ်ယောက် စိတ်ကဟိုရောက်ဒီရောက်နဲ့ သူမ လမ်းသွားနေတာတောင် ကောင်းကောင်း အာရုံမစိုက်နိုင်တော့ပါဘူး. သူမက လှေကားပေါ်ကိုတက်နေတုန်း ခြေချော်ပြီးတော့ ခလုတ်တိုက်သွားခဲ့၍ သနားစဖွယ်ကောင်းအောင်ပဲ ဖရိုဖရဲနဲ့ လဲကျသွားပါတော့တယ်။
'အားရား..! လင်ရှန်းက မြေကြီးပေါ်ကို ဖင်ထိုင်လျက်သား လဲကျသွားပါတယ်။
"အရာရှိစုန့် မင်း အဆင်ပြေရဲ့လား.. တုဟောင်ရဲ့အသံကို အပေါ်ထပ်ကနေပြီးကြားလိုက်ရပါတယ်။
'အနည်းဆုံးတော့ ရှင့်မှာ အသိစိတ်လေးအချို့တော့ရှိတာပဲလား. တကယ်လို့ ရှင် ကျွန်မကို လာထူပေးမယ်ဆိုရင်လဲ ကျွန်မ စိတ်အနှောက်အယှက်မဖြစ်ပါဘူးနော်။' လင်ရှန်းက သူမလက်ကို ဝေ့ရမ်းပြလိုက်ပြီး ပြောလိုက်တယ်.
"ကျွန်တော် အဆင်ပြေပါတယ်. ကျွန်တော် ဘာမှမဖြစ်ပါဘူး....."
" မင်း ဘာမှမဖြစ်ဘူးဆို ကောင်းပါတယ်။ သွားကြစို့၊ ကုဇောင်။ ငါတို့တွေ အထဲကိုသွားကြည့်ရအောင်."
တုဟောင်က ကျန်နေတဲ့ အမှုထမ်းတွေကို ဦးဆောင်ပြီးတော့ အဆောက်အဦးထဲကို ဝင်သွားလိုက်ပြီး နောက်ကို လုံးဝလှည့်ပြန်မကြည့်ခဲ့ပါဘူး။
သနားစရာလင်ရှန်းလေးကတော့ သူမတစ်ယောက်တည်းသာ ကြမ်းပြင်ပေါ်မှာပဲ စွန့်ပစ်ခံလိုက်ရပါတယ်.တုဟောင်က သူမကို ဒီလိုမျိုးတစ်ယောက်တည်း ချန်ထားရစ်ခဲ့မယ်ဆိုတာ သူမ. ယုံတောင်မယုံနိုင်ပါဘူး. သူမ က အရမ်းစိတ်ဆိုးလွန်းလို့ တစ်ယောက်ယောက်ကိုသာ တူတစ်ချောင်းဖြင့် ထုနှက်ပစ်ချင်လိုက်တော့တယ်! 'အိုး..အကိုကြီးနဲ့ အမကြီးများတို့ရယ်.. ဒါက ကလဲ့စားချေတာလား! တုဟောင် ရှင် နေနှင့်ဦးပေါ့.. နောက်ဆုံးတွေ့ခဲ့တုန်းက ကျွန်မရဲ့ရွှေလာဘ်ပွင့်အဆောင်လေးကို ရှင် ယူသွားခဲ့တယ်. ဒီအဘွားအိုကြီးက သူမရဲ့ကလဲ့စားကို ပြန်ပြီးပေးဆပ်စေရမယ်! ရှင် စောင့်နေလိုက်!!!'
°°°°°°°°°
အိမ်ရှေ့စံမင်းသားက အမြဲတမ်းလိုလို အလွန်ရိုးရှင်းစွာနဲ့စေ့စပ်စွာနေတတ်တဲ့သူ တစ်ယောက်ပါ။ တစ်နိုင်ငံလုံးက ဒီအကြောင်းကို သတိပြုမိကြပါတယ်. ထို့ကြောင့် လင်ရှန်းက ရိုးရှင်းစွာပဲတည်ခင်းဧည့်ခံပွဲကို အစကတည်းကကြိုတင်ပြင်ဆင်ထားတာကတော့ ပုံမှန်အားဖြင့်တော့ ထွေထွေထူးထူးဘာမှဖြစ်မသွားခဲ့ပါဘူး။ တုဟောင်နှင့် သူ့၏အမှုထမ်းတွေက လှည့်လည်ကြည့်ရှုပြီးတဲ့နောက်မှာတော့ လင်ရှန်းလဲ သူမရဲ့တာဝန်ကို ပြီးမြောက်သွားပြီးတော့ နန်းတော်ထဲကို ပြန်သွားဖို့ ပြင်လိုက်ပါတယ်။
သူမက ကြင်ယာတော်မင်းသားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တော်ဝင်ကြီးကြပ်ရေးအဆောက်အဦးမှာ နေဖို့ရာ မလိုအပ်ခဲ့တာပဲဖြစ်သည်. အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ မြင်းရထားလုံးတစ်စီးကို နန်းတော်ထဲကနေပြီး သူမရဲ့အလုပ်နေရာအသစ်ကိုသွားဖို့ သူမအတွက် ခွင့်ပြုထားပေးတာပဲဖြစ်သည်။ အဲဒီအတွက်ကြောင့်မို့လို့ လင်ရှန်း အရမ်းကိုစိတ်ချမ်းသာနေရပါတယ်. သူမရဲ့အလုပ်ကနေ ဘာအကျိုးမြတ်မျှ အများကြီးမရခဲ့ပေမယ့်လဲ အနဲဆုံးတော့ သူမမှာ ကိုယ်ပိုင်သွားလာရေးယာဉ်ရှိတာပဲ ဖြစ်သည်. ပြီးတော့ အဲဒါက သူမကို အဆင့်မြင့်နေရာရထားတဲ့မင်းမှုထမ်းတစ်ယောက်ရဲ့ အတွေ့အကြုံကို ခံစားရရှိစေတာပဲဖြစ်သည်။
မမျှော်လင့်ထားစွာပဲ သူမကို စိတ်လှုပ်ရှားခဲ့ရတာကတော့ ရထားလုံးကို သူမ ဘယ်နေရာမှ မတွေ့ရတော့တာပဲ ဖြစ်တယ်။
'ဘာ... ဘာဖြစ်သွားတာလဲ'
လင်ရှန်း ဦးနှောက်ခြောက်သွားပါတယ်. သူမက ဝင်ပေါက်ကို တစ်ပတ်ပြည့်အောင် ပတ်ကြည့်တာတောင်မှပဲ မြင်းမြီးနဲ့တူတဲ့ ဘာအရိပ်အရောင်ကိုမှ ရှာလို့မတွေ့ခဲ့ပါ။ 'ဘယ်လို ဝဋ်ကြွေးမျိုးလဲ? နန်းတော်က အရမ်းမဝေးပေမယ့်လည်း အရမ်းလဲနီးမနေဘူးလေ.. အဓိပ္ပာယ်က သူမက လမ်းလျှောက်ပြန်ရမှာလား.. သူမရဲ့ခေါင်းကလဲ ဒီနေ့လယ်ကတည်းက နာကျင်နေပြီးသားဖြစ်နေပြီနော်၊ ဟုတ်ပြီလား'
အဲဒီအချိန်မှာပဲ မြင်းလှည်းတစ်စီးအသံကို ကြားလိုက်ရပါတယ်. သူမ နောက်ကိုပြန်လှည့်ကြည့်လိုက်တော့ သူမ ရှေတည့်တည့်မှာ လာရပ်လိုက်တဲ့ တန်ဖိုးကြီးမားပုံရတဲ့ ရထားလုံးတစ်ခုကို တွေ့လိုက်ရပါတယ်. လိုက်ကာစက မတင်ခြင်းခံလိုက်ရတဲ့အခါမှာတော့ တတိယမင်းသားတုဂျင်ရဲ့စိတ်ပျက်ဖွယ်ရာမျက်နှာကြီးက ပြူးထွက်လာပါတယ်. သူက လင်ရှန်းကို စဉ်းလဲစွာပြုံးပြနေပါသေးတယ်။
"အစ်ကိုစုန့် နန်းတော်ထဲကိုပြန်သွားဖို့ စီးစရာရထားလုံးလိုနေတာလား? အစ်ကို ကျွန်တော်နဲ့အတူလိုက်စီးလှည့်ပါလား?"
ဦးနှောက်ရှိတဲ့မည်သူမဆို ပြောလိမ့်မှာကတော့ တစ်ခုခုတော့ဖြစ်လာတော့မယ်လို့ပဲ. တုဂျင် က နောက်ထပ် တစ်ခုခုကိုအကွက်ချကြံစည်နေတာပဲ ဖြစ်သည်။
လင်ရှန်း သက်ပြင်းချလိုက်သည်. ဒါပေမယ့် သူမ အလွန်အမင်းကိုပဲ သိချင်သွားတယ်. 'ဒီတစ်ခါရော သူ ဘယ်လိုမျိုး ညစ်ညစ်ပတ်ပတ်အကွက်တွေ ရွေ့လိမ့်မှာပါလိမ့်? မင်းသားတစ်ယောက်အနေနဲ့ တော်ဝင်ကိုယ်ရံတော်တစ်ယောက်ဆီကနေတောင် ရွှေဓားစလွယ်ကို ခိုးယူချင်နေတာတင် မကသေးဘူး အခုတော့ သူက ငါ့ရဲ့ရထားလုံးကိုတောင် ယူသွားခဲ့တာလား? ကျွန်မရဲ့သမိုင်းရာဇဝင်အားလုံးနဲ့ကို ရင်းပြီးေတာ့တောင် သေသေချာကြီးပြောရဲသေးတယ်. ဘယ်သူမှ ရှင့်လောက်ထူးခြားဆန်းပြားတဲ့သူ ရှိမှာကို မဟုတ်ဘူး!'
တလွဲတချော်ဖြစ်သွားတဲ့အခိုက်မှာတော့ ဒီလူထူးဆန်းက ဘာတွေများလုပ်နိုင်မလဲဆိုတာ လင်ရှန်းတစ်ယောက် သိချင်မြင်ချင်စိတ်တွေ ဖြစ်လို့လာတယ်။
ဒါကြောင့် သူမက ခေါင်းငြိမ့်လိုက်ပြီး ပြုံးလိုက်ကာ "အနှောင့်အယှက်ပေးရတဲ့အတွက် တောင်းပန်ပါတယ် ..တတိယမင်းသား..!"
End....