Chapter 21
Viewers 9k

"အရှင့်သား ကျွန်တော်မျိုးမှားမှန်းသိပါပြီ"


ဘာသာပြန်သူ - tartarmoon


အပိုင်း(၂၁)


အဖိုးအနတ္တထိုက်တန်လွန်းလှတဲ့ တတိယမင်းသားရဲ့ဇိမ်ခံရထားလုံးကတော့ ခေါတ်သစ်Rolls-Royce ကားတစ်စီး နဲ့တောင် နိုင်းယှဉ်လို့ရနေတာပဲ!


ရထားလုံးရဲ့အတွင်းပိုင်းအားလုံးက ရွှေသားအတိဖြင့် ပြုလုပ်လို့ထားပါတယ်။ ထိုင်ခုံပေါ်မှာကတော့ နူးညံ့အိစက်နေတဲ့ သိုးမွေးကူရှင်ဖြင့် ခင်းကျင်းထားပါတယ်. တုဂျင်က သူ့ရဲ့နေရာမှာတင် လှဲလျောင်းလျက်ရှိနေပါတယ်. သူက အစိမ်းရင့်ရောင်ရှိတဲ့ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ သူ့ရဲ့ရှည်လျားတဲ့ဆံနွယ်တွေကိုတော့ မြစိမ်းကျောက်ဆံထိုးဖြင့် ထုံးဖွဲ့လို့ချဉ်နှောင်ထားပါတယ်. ချည်နှောင်ထားခြင်းမရှိသော ဆံနွယ်ရှည်ရှည်တွေကတော့ သူ့ရဲ့လယ်တိုင်ဖြူဖြူနားပေါ်ကနေ သွယ်ဆင်းကျပြီးတော့ နူးညံ့ချောမွေ့တဲ့ညှပ်ရိုးတွေပေါ်မှာပြန့်ဝဲကျနေတာက ငေးမော၍မကြည့်ဘဲ မနေနိုင်အောင်လို့ ဆွဲဆောင်ညို့ငင်လို့နေပါတယ်။


သူ လဲလျောင်းလျက်ရှိနေသော ရထားလုံးအခြမ်းဘက်ရဲ့ ရှည်လျားတဲ့ ခုံတန်းလျားပေါ်တွင် အနုစိတ်လက်ရာမြောက်စွာ ပန်းထိုးထားတဲ့စားပွဲခင်းဖြင့် ထပ်ခင်းထားရှိပြီး သူ့အပေါ်မှာတော့ အထက်တန်းစား ပရိဘောဂပစ္စည်းတွေ ရှိနေခဲ့ပါတယ်. စားပွဲခုံပေါ်မှာတော့ သစ်သီးဝလံမျိုးစုံတွေ၊ မုန့်အချိုတွေ၊ ကျောက်စိမ်းဖြူဝိုင်တစ်ပုလင်းနှင့် ဝိုင်ခွက်တွေလဲရှိနေပါတယ်. ဘယ်သူပဲကြည့်ကြည့် ပေါသီလောသီသုံးပြီး ဖြုန်းတီးနေသလို ခံစားမိစေမှာပါ။


သူမ ပတ်ဝန်းကျင်ကို လင်ရှန်းကြည့်မိတဲ့အခိုက် လင်ရှန်း သူမ နှလုံးသားထဲမှာပဲ ဟင်း... တစ်ချက် ချမိလိုက်တယ်. 'ဘယ်လို လူ့ဘော်ကျော့ကြီးတစ်ဦးပါလိမ့်!'


"အစ်ကိုစုန့် ထိုင်လေ" လင်ရှန်း ရထားလုံးထဲကိုဝင်ရောက်လာတော့ တုဂျင်က ညို့ဓာတ်ပြင်းတဲ့ ညုတုတုအပြုံးဖြင့် ပြောလိုက်တယ်။ 'ဟဿာႅပြဒါးကွေးအိမ်တော်ရဲ့ ကြိုဆိုသူတွေကသာ တုဂျင်အပြုံးကိုမြင်ရင်တော့ သူတို့ကိုယ်သူတို့တောင် ရှက်လို့သေသွားတော့မှာပဲ'


"တတိယမင်းသား၊ တစ်ချို့သောအကြောင်းအရာလေးတွေကြောင့် ငါ မင်းကို မြင်လိုက်တဲ့အချိန်တိုင်း ငါ ပန်းလေးတစ်ပွင့်အကြောင်း မတွေးဘဲမနေနိုင်ဘူးပဲ"


"အစ်ကို၊ အစ်ကိုက ဘယ်လိုမျိုး ပန်းပွင့်ကို တွေးနေမိလို့လဲ"


"နေကြာပန်း!"


"အစ်ကို့မှာ တွေးစရာအကြောင်းအရင်းရှိလို့လား"


"ငါ့ဆီမှာတော့ အကြောင်းအရင်းမရှိပါဘူး၊ ဒါပေမယ့် ငါ ကြားဖူးတာကတော့ အလွန်စွမ်းအားမြင့်မားတဲ့ သိုင်းပညာရှင်ကြီးတွေ ခေါ်ဆိုကြတာကတော့ " နေကြာပန်းကျင့်စဉ်တဲ့" မင်း အဲဒါကိုသာ လေ့ကျင့်သင်ယူပြီးနောက်မှာ မင်းက သူမတူအောင်ကျွမ်းကျင်တဲ့ ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်ယုံသာမကဘူး၊ မင်းရဲ့ကြွက်သားတွေက အလွန်ပျော့ပြောင်းလာပြီးတော့၊ မင်းရဲ့သွေးသားစွမ်းအင်တွေတောင် ပြောင်းလဲတိုးမြင့်သွားပြီးတော့ မင်းရဲ့အသားအရေကိုတောင် နူးညံ့စိုပြည်သွားစေနိုင်တယ်၊ မင်းနဲ့သာဆိုရင် အလွန်ကိုသင့်တော်မှာတော့ အသေအချာပဲ.. တတိယမင်းသား!"


"ဝိုး.... ဒီလိုသိုင်းကျင့်စဉ်မျိုးရှိတာပဲလား? ကျွန်တော် အရင်က ဘာလို့များ မကြားဖူးရတာပါလိမ့်"


"ပြောကြတာကတော့ တိမ်မြုတ်ပျောက်ကွယ်နေတဲ့ ကျင့်စဉ်တစ်ခုတဲ့၊ ငါတောင် ကြားပဲကြားဖူးတာ၊ တကယ်လို့ မင်းများစိတ်ဝင်စားတယ်ဆိုရင်တော့တတိယမင်းသား မင်း တစ်ယောက်ယောက်ကို ထောက်လှမ်းရှာဖွေခိုင်းသင့်တယ်နော်. မင်း အဲဒီကျင့်စဉ်ကို ရှာတွေ့တယ်ဆိုရင်တော့ မင်း တိုက်ခိုက်တာမျိုးကို ထည့်မတွက်ထားတောင်မှ အဲဒါက မင်းရဲ့ကိုယ်ခန္တာကြံ့ခိုင်သန်စွမ်းလာအောင် လုပ်ဖို့အတွက်တော့ ကောင်းကောင်းကြီးသုံးလို့ရသေးတယ်!"


" တကယ့်ကိုပဲ အစ်ကိုစုန့်မှာ ဒီလိုမျိုးနက်နဲသိမ်မွေ့တဲ့ ဗဟုသုတရှိနေတာပဲကိုး၊ ကျွန်တော် အကို့ကို လေးစားပါတယ်ဗျာ" တုဂျင်ကဝိုင်ကို ခွက်နှစ်ခွက်ထဲကို ငှဲ့ထည့်လိုက်ပြီးတော့ ပြောလိုက်တယ်. "လာ၊ အကိုစုန့် အတူသောက်ကြရအောင်"


"မင်းရဲ့ အမြင်အာရုံကောင်းရှိပေးတဲ့အတွက်တော့ ကျေးဇူးပါပဲ. တတိယမင်းသား၊ ဒါပေမယ့်


ဒီအကိုတော်ရဲ့ ကိုယ်ခန္တာက အားနည်းလွန်းပါတယ်.


ကံမကောင်းစွာနဲ့ပဲ ငါက ဒီဝိုင်ကို မထိန်းသိမ်းနိုင်ပါဘူး.


ငါ့ရဲ့တောင်းပန်မှုကိုတော့ လက်ခံပေးပါ"


လင်ရှန်းက ဟန်လုပ်ပြုံးလိုက်ပေမယ့် တုဂျင်ကို အကြိမ်တစ်ရာ့ရှစ်ကြိမ်လောက်ကို ရင်ထဲ အသည်းထဲကနေပြီး စူးစူးဝါးဝါးအော်ဟစ်ကျိန်ဆဲလို့နေ နေပါတယ်. 'ရှင့်ရဲ့ ဝိုင်ကိုသောက်ရမယ် ဟုတ်လား? ရှင်က ကျွန်မကို နလပိန်းတုံးတစ်ယောက်လို့များ ထင်နေတာလား? ပြီးခဲ့တဲ့အကြိမ်တုန်းက ရှင်


လိန်ဖန်ကို ကာမအားတိုးဆေးခပ်ခဲ့တာလေ၊ ဒီကရှင့်ရဲ့အစ်မကြီးက ကလဲ့စားပြန်ချေလို့တောင် မပြီးသေးဘူးနော်!'


"အကိုစုန့်က ကျွန်တော် ဝိုင်ထဲမှာ အဆိပ်ခပ်ထားမယ်လို့ တွေးနေတာလား" တုဂျင်က ဘွင်းဘွင်းပဲမေးလိုက်တယ်။


"တတိယမင်းသား. မင်းက အရမ်းကြီးပြင်းပြင်းထန်ပြောလိုက်တာပဲကိုး! တော်ဝင်မိသားစုဝင် တစ်စိတ်တပိုင်းအနေနဲ့ မင်းက နိမ့်နိမ့်ကျကျနဲ့ ဝိုင်ထဲကိုဆေးခပ်တာကို ဘာကြောင့်လုပ်ရမှာလဲ? အကယ်၍ မင်း တစ်ခုခုထည့်ခဲ့တာတောင်မှ ကျိန်းသေပေါက်ကို အားတိုးဆေးပဲ ဖြစ်နိုင်မှာပေါ့၊


ဒါပေမယ့်လည်း လူအများစုကတော့ အားဆေးအသောက်လွန်ရင်တော့ ကိုယ်တွင်းအပူတွေ တိုးလာတာလောက်တော့ ခံစားရမှာပါပဲ၊ တစ်ယောက်ကတော့ အရက်မူးမလွန်ဘဲနဲ့ ထိန်းပေးဖို့အတွက် ကျန်နေသေးသင့်တာပဲ မဟုတ်လား"


တုဂျင်က လင်ရှန်းတစ်ယောက် သူ့ကိုစောင်းပြီးတော့ သွယ်ဝိုက်တဲ့နည်းလမ်းဖြင့်ကြိမ်းမောင်းဖို့ ကြိုးပမ်းနေတာကို သူ ပြောနိုင်ပါတယ်. ဒါပေမယ့် သူ စိတ်မဆိုးခဲ့ပါဘူး. တကယ်ကတော့ သူ့ဘာသာသူ တစ်ယောက်တည်း ဝိုင်သောက်နေရတာတောင် အပျင်းတောင်ပြေသွားပါတယ်. သူက လင်ရှန်းနှင့် စကားအနည်းငယ်လောက် ပြောဆိုနေရတာကိုတောင် စိတ်ဝင်တစားရှိလို့သွားပါတယ်။


လင်ရှန်းရဲ့ရှေးကမ္ဘာနဲ့ပတ်သတ်တဲ့ ဗဟုသုတက အနည်းကျဉ်းလောက်သာ သိပေမဲ့လည်း.သူမက ထန်နှင်စုန့်ခေါတ်က အကြောင်းအရာလေးတစ်ချို့တလေတော​့ မှတ်မိပါသေးတယ်။ ဒါ့ကြောင့် သူမက သူမရဲ့အယူအသဘောထားတွေကို အတော်လေးအကြံပေးပြောကြားနိုင်ခဲ့ပြီးတော့ သူမပြောနေတဲ့အကြောင်းကိုတော့ သိတဲ့ပုံပေါက်သယောင် ဖမ်းထားနိုင်ခဲ့ပါတယ်။


ခဏလောက်ကြာပြီးနောက်မှာတော့ လင်ရှန်းတစ်ယောက် ပိုမိုသိချင်စိတ်တွေပြင်းပြနေပါပြီ. 'ရှင်က ကျွန်မရဲ့ရထားလုံးကိုယူသွားတယ်....ရှင်က သွေးရိုးသားရိုးနဲ့တော့ ရှင်နဲ့အတူဝိုင်သောက်ဖို့သက်သက်နဲ့ ကျွန်မကိုခေါ်ထားမှာတော့မဟုတ်ဘူး. ဟုတ်တယ်မဟုတ်လား? ရိုးရိုးသားသားကတော့ လုံးဝကို မဖြစ်နိုင်ဘူး.....'


သူမကိုယ်တိုင် သံသယဝင်နေတဲ့အတိုင်းပါပဲ တုဂျင်က နောက်ဆုံးတော့ အဓိကခေါင်းစဉ်ကို ခေါ်ဆောင်လို့သွားပါတယ်။


"နောက်တစ်လကျရင် နန်းတော်ထဲမှာ လေးမြှား မြင်းစီးအတတ်ပြိုင်ပွဲ ကျင်းပဖို့ရှိတယ်နော် .. အကိုစုန့် ၊ အကို ကြိုတင်ပြင်ဆင်နေပြီလား"


"လေးမြှား မြင်းစီးအတတ်ပြိုင်ပွဲလား" လင်ရှန်း အရင်နေ့တုန်းက လိန်ဖန်တစ်ယောက် မြင်းတွေကို စစ်ဆေးကြည့်ရှုနေတာကို သတိရသွားပါတယ်. အဲဒါက ဒီအကြောင်းအရာနဲ့တော့ အတော်လေးတော့ နီးစပ်တယ်- "ငါ ပြိုင်ပွဲအကြောင်းကို ကြားထားပြီးသွားပါပြီ၊ ဒါပေမယ့် ငါမှ ဝင်မပြိုင်တာဘဲ ဘာလို့ငါက အသင့်ပြင်ထားဖို့လိုဦးမှာလဲ"


တုဂျင်က ပညာသားပါစွာပြုံးလိုက်ပြီး "အစ်ကိုစုန့် ရယ်စရာပြောနေတာ ဟုတ်တယ်မဟုတ်လား။ နှစ်စဉ်နှစ်တိုင်း တော်ဝင်နန်းတော်က လေးမြှားမြင်းစီးအတတ်ပြိုင်ပွဲကို ကျင်းပပေးတာပဲလေ၊ အသက် ၃၀နှစ်အောက်မှာရှိတဲ့ ဘယ်ယောက်ျားလေးမဆို နဲ့ တော်ဝင်မိသားစုဝင်ထဲကဘယ်သူမဆို မဖြစ်မနေဝင်ကို ဝင်ပြိုင်ရတာပဲကို၊ ပြီးတော့လဲ အရေးပါတဲ့မူးကြီးမတ်ရာတွေက သူတို့ရဲ့သားတွေကိုပါဝင်ယဉ်ပြိုင်ဖို့ မဖြစ်မနေပို့ဆောင်ကြအုံးမှာ၊ အဆုံးသတ်မှာ အနိုင်ရတဲ့သူက ဆုတစ်ဆုရလိမ့်မယ်. ဒီပြိုင်ပွဲကျင်းပလာခဲ့တာ နှစ်တော်တော်ကြာခဲ့ပြီပဲ၊ နိုင်ငံသားတစ်ယောက်အနေနဲ့ အစ်ကိုစုန့်က ဒီအကြောင်းကိုသေချာပေါက်သိနေမှာပဲ၊ ကျွန်တော်ပြောတာ မမှန်ဘူးလား"


'ရှင် တကယ်ကြီးပြောနေတာလား။ ကျွန်မလည်းဝင်ပြိုင်ရမယ်လို့ ရှင်ပြောနေတာလား?' လင်ရှန်းရဲ့နှလုံးက အပြင်တောင်ခုန်ထွက်မတတ်ပါဘဲ၊ ဒါပေမယ့် ချက်ချင်းလက်ငင်းပင် သူမ တစ်ခုခုကိုရိပ်ဖမ်းမိသွားပြီး သူမရဲ့မျက်လုံးတွေက တောက်ပသွားတယ်. 'ဆု'လား'


အဲဒီအချိန်အတွင်းမှာပဲ လင်ရှန်းတစ်ယောက် ထပ်ပြီးတော့ စိတ်လက်ပေါ့ပါးသွားပြန်ပါပြီ. နောက်ဆုံးတော့ သူမ သူမရဲ့ရွှေလာဘ်ပွင့်အဆောင်လေး ဆုံးရှုံးခဲ့ရလို့ ရင်ထဲမှာတနုံ့နုံ့ဖြစ်နေတာကနေ နောက်တစ်နေရာကို အာရုံပြောင်းလို့သွားခဲ့ပါပြီ. သူမက သူမရဲ့ဦးတည်ချက်အသစ်ကို ဖြောင့်ဖြောင့်ကြီးသွားဖို့ပဲ လိုတော့တာပဲ!.


"အရှင်မင်းမြတ်က ဆုတော် အနေနဲ့ ဘာပေးမလဲဆိုတာတောင် ငါသိချင်သွားပြီပဲ" သူမက အားရဝမ်းသာစွာ​ဖြင့် အရှက်မဲ့စွာမေးလိုက်လေတယ်။


တုဂျင် က စုန့်လောင်တစ်ယောက် ရုတ်တရက်လေးအတွင်းမှာပဲ စိတ်ပြောင်းလိုက်သလို ပြုမူလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး. သူက စက္ကန့်အနည်းငယ်လောက်လင်ရှန်းကို ရန်လိုနေတဲ့အကြည့်နဲ့ကြည့်လိုက်သလို ထင်လိုက်ရပါတယ်.ချက်ချင်းပင် သူကပြုံးလိုက်ပြီး ရှေ့ဆက်သွားလိုက်ပါတယ်. မွှေးရနံ့သင်းပျော့ပျော့လေးတစ်ခုက သူ့နှာခေါင်းထိပ်ဖျားကို ဝင်ရောက်လာခဲ့တော့ သူနည်းနည်းတောင် အာရုံလွင့်ပျံချင်သလိုဖြစ်သွားပါတယ်။


"ပြိုင်ပွဲပြီးဆုံးတဲ့အချိန်ရောက်ရင်တော့ 'ဆု'ကိုကြေငြာမှာပါ. ဒါပေမယ့် ခမည်းတော်က သူကြိုက်နှစ်သက်တဲ့ ပစ္စည်းတစ်ခုခုကိုတော့ အမြဲတမ်းရွေးပြီး ချီးမြှင့်လေ့တော့ရှိတာပဲ၊ ကြိုပြီးကြော်ငြာထားရတာကို သူ မကြိုက်ဘူးလေ။ ဥပမာပြောရရင်တော့ မနှစ်ကတုန်းကတော့ ခမည်းတော်က အိမ်ရှေ့စံမင်းသားကို သေမိန့်ကင်းလွတ်ခွင့်ရတဲ့ ရွှေတံဆိပ်တော်ပြား ကိုတော့ ပေးအပ်ခဲ့ဖူးတယ်. သမိုင်းထဲမှာတော့ ပထမဆုံးအကြိမ်ပေးခဲ့တာပဲ။"


"သေမိန့်ကင်းလွတ်ခွင့် ရွှေတံဆိပ်တော်ပြား လား?" 'အဓိပ္ပာယ်က ရွှေပဲပေါ့! လင်ရှန်းစိတ်ထဲမှာတော့ လောဘဇောတက်နေတဲ့စိတ်တွေက တရိပ်ရိပ်နဲ့တရှိန်ထိုး ထိုးတက်လာနေပါတယ်. ပျော်ရွှင်မှုတွေကလဲ ထိန်းမရသိမ်းမရကို ဖြစ်နေပါပြီ။


"ဘာလဲ? အစ်ကိုစုန့်က 'ဆုတော်' ကို စိတ်ဝင်စားနေလို့လား"


'ဦးနှောက်ရှိတဲ့ ဘယ်သူမဆိုစိတ်ဝင်စားမှာပဲ ဟုတ်ပြီလား' လင်ရှန်းက သူမတစ်ယောက်တည်း တွေးတောနေခဲ့ပါတယ်. အခြားတစ်ဘက်မှာတော့ လင်ရှန်းက စိတ်ကိုချုပ်တည်းစွာနဲ့ကြည့်ပြီး သေသေချာချာလေး ပြန်ပြောလိုက်ပါတယ်.


" ဟ..ဟ.ဟ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အရေးကြီးဆုံးက ပါဝင်ယဉ်ပြိုင်ဖို့ပဲလေ၊ ခင်မင်ရင်းနှီးမှုကပထမ. ယဉ်ပြိုင်တာက ဒုတိယပဲ မဟုတ်လား!"


"အစ်ကို ပြောတာ မှန်ပါတယ်" တုဂျင်က အေးစက်စွာပြုံးပြီးပြောလိုက်တယ်။


ရထားလုံးက ရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ သူတို့တွေ တော်ဝင်နန်းတော်ထဲကို ပြန်လည်ရောက်ရှိလာလို့ပဲဖြစ်တယ်။


လင်ရှန်းက တုဂျင်ကိုနှုတ်ဆက်လိုက်ပြီးတော့ 'ဆုတော်' ကိုလက်ခံရယူနေတဲ့ စိတ်ကူးယဉ်အိမ်မက်လှလှလေးကို မက်နေပြီးတော့ သူမက စိတ်ရွှင်လန်းတက်ကြွစွာနဲ့ ရထားလုံးထဲကနေ ဆင်းသွားလိုက်ပါတယ်. သူမ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားလိုက်တာနဲ့တပြိုင်နက် အမဲရောင်ပုံရိပ်တစ်ခုက တုဂျင်ရဲ့ရထားလုံးထဲကနေ ပေါ်ထွက်လို့လာပါတယ်။


"ဒီငယ်သား ကွေ့မိန်က သခင့်ကို အရိုသေပြုပါတယ်. သခင်" အမျိုးသမီးက သူမမျက်နှာကိုဖုံးအုပ်လို့ထားခဲ့ပါတယ်. သူမက ခေါင်းအစ ခြေအဆုံး အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားပါတယ်။


တုဂျင်က သူ့ရဲ့ထိုင်ခုံပေါ်ကနေ မတ်တပ်ထရပ်လိုက်ပါတယ်. အဲဒီအချိန်အခိုက်အတန့်မှာပဲ သူ့ရဲ့မျက်နှာအမူအရာက ပြောင်းပြန်လှန်လိုက်သလို ဆန့်ကျင်ဘက်ကို ပြောင်းလဲလို့သွားပါတယ်. သူက တစ်ခြားလူတစ်ယောက်အနေနဲ့ ပုံပြောင်းဖြစ်တည်သွားသလိုမျိုးပါပဲ။ သူ့မျက်ဝန်းတွေကိုကျဉ်းမြောင်းလိုက်ပြီး ကွေ့မိန်ကို ငုံ့ကြည့်လိုက်တယ်. သူက သူ့ရဲ့အသံကိုနှိမ့်လိုက်ပြီး " ကွေ့မိန်၊ ကြည့်ရသလောက်တော့ ငါတို့ရဲ့လာမယ့်ပြိုင်ပွဲမှာ ပြိုင်ဘက်တွေ တော်တော်များများရှိမယ့်ပုံပဲ"


"သခင်၊ သခင် ဆိုလိုတာက ကျွန်မတို့ ပြိုင်ပွဲမတိုင်ခင် တစ်ခုခုလုပ်ဖို့လိုတာလား......."


"ငါ မင်းကို နောက်ထပ်ထပ်ပြီး ရှင်းအောင်ပြောဖို့လိုသေးလို့လား"


"ဟုတ်ကဲ့ပါ! ကွေ့မိန် သခင့်အမိန့်အတိုင်း လိုက်နာပါ့မယ်!" အမျိုးသမီးက နောက်ကိုပြန်ဆုတ်လိုက်ပြီး ထွက်သွားရန် လုပ်လိုက်ပါတယ်။


"နေဦး!" တုဂျင်က ခေါ်လိုက်တယ်. " တစ်ယောက်ယောက်ကိုရှာပြီး ငါ့အတွက် "နေကြာပန်းကျင့်စဉ်" ဆိုတဲ့ စာအုပ်တစ်အုပ်ကို သွားရှာခိုင်းပေးစမ်း၊ မင်းတွေ့တာနဲ့ ငါ့ကိုပြန်သတင်းပို့"


"ဒီငယ်သားက သခင် ပြောတဲ့အတိုင်းလုပ်ဆောင်ပါ့မယ်!" တစက္ကန့်လေးအတွင်းမှာပဲ ရထားလုံးပြတင်းပေါက်လိုက်ကာစက ဝေ့ရမ်းသွားပြီးတော့ အမည်းရောင်ဝတ်စုံနဲ့အမျိုးသမီးက မြင်ကွင်းထဲကနေ ပျောက်ကွယ်လို့သွားပါတယ်။


°°°°°°°°


လင်ရှန်းက မြင်းစီးသင်ယူ၍ လေ့ကျင့်ရန် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။


ခေါတ်သစ်လူသားတစ်ယောက်အနေနဲ့ လေးမြှားမြင်းစီးအတတ်ပြိုင်ပွဲမှာ အခွင့်အရေးရဖို့အတွက် သူမ က တော်တော်လေးခက်ခက်ခဲခဲကို ကြိုးစားရမှာပဲဖြစ်​ေလတယ်။ အဲလိုမှမဟုတ်ရင်တော့ သူမရဲ့ဆုကို လွှဲပြောင်းပေးနေရလိမ့်မှာပဲ! လင်ရှန်းက အလုပ်တစ်ခုကို ကြိုးစားပမ်းစားလုပ်တတ်တဲ့သူတစ်ယောက် မဟုတ်ပါဘူး. ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမ မှာ ပန်းတိုင်ရှိတာပဲ ဖြစ်သည်. သူမ က ထိုဟာကိုရရှိဖို့ အလွန့်အလွန်ကို ကြိုးစားရမှာပဲ. သူမက လွယ်လွယ်နဲ့အရှုံးပေးတတ်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။


မနက်ပိုင်းမှာတော့ လင်ရှန်းက ရှောင်လု ပြင်ဆင်ပေးထားတဲ့ မြင်းစီးဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်. သူမ မြင်းပြိုင်ကွင်းကို ရောက်တဲ့အခါမှာတော့ လူတော်တော်များများက သူတို့ရဲ့ကျွမ်းကျင်ရာတွေကို လေ့ကျင့်လို့နေကြပါပြီ. ကွင်းပြင်က မျိုးရိုးမြင့်လူတန်းစားတွေရဲ့သားသမီးတွေနှင့် တော်ဝင်မိသားစုအနွယ်ဝင်တွေ အပြည့်အကျပ်ပါပဲ. လူအုပ်ကြီးရဲ့ အပြင်ဘက်မှာရှိနေတဲ့


လင်ရှန်းက ရင်းနှီးတဲ့မျက်နှာတော်တော်များများကိုလဲ တွေ့နေရပါတယ်. သူတို့တွေထဲမှာတော့ တုဟောင်တစ်ယောက်လဲ အပါအဝင်ပါပဲ။


တုဟောင်ကို မြင်လိုက်တာနဲ့တင် လင်ရှန်းတစ်ယောက် ခေါင်းတောင်ကိုက်လာပါပြီ. သူမ က နောက်ကိုပြန်လှည့်လိုက်ပြီးတော့ သူမအတွက် မြင်းတစ်ကောင်ကိုရှာရန် မြင်းဇောင်းဆီသို့ ဦးတည်လိုက်ပါတယ်. သို့သော်လည်း သူမ မြင်းဇောင်းကို ရောက်တဲ့အခါမှာတော့ မြင်းတစ်ကောင်ကလွဲပြီးတော့ ကျန်တဲ့မြင်းတွေအားလုံးက သူများတွေယူဆောင်သွားကြပါပြီ. ကျန်ရှိနေတဲ့ တစ်ကောင်ကတော့ အမည်းရောင်တလက်လက်တောက်ပြောင်နေတဲ့အရောင်နဲ့ပါ. ဒါပေမယ့် အဲဒါကလဲ မျက်စိတမှိတ်အတွင်းကို ယူဆောင်ခံရတော့မှာပါ. လင်ရှန်းက အပြေးလေးသွားခဲ့လိုက်တာ ရိပ်ခနဲတောင်မကြာလိုက်ရပါဘူး။


အဲဒီအချိန်အခိုက်အတန့်မှာပဲ လင်ရှန်းတစ်ယောက် သူမရဲ့သားသမီး​ဖြစ်တဲ့သူအတွက် အင်တာဗျူးတစ်ခုအား ခက်ခက်ခဲခဲ သွားဖြေဆိုလိုက်ရသလို ခံစားလိုက်ရတယ်။ သူမသားက အထူးထိုင်ခုံတစ်ခုမှာ ထိုင်နေပြီးတော့ သူမက အဲဒီကိစ္စနဲ့ပတ်သတ်လို့ အလွန်ဆိုးရွားတဲ့ စိတ်ခံစားချက်တွေရှိနေသလိုပါပဲ။


မကြာလိုက်ပါဘူး. မြင်းထိန်းကရောက်ရှိလာခဲ့ပါတယ်. သူ့ရဲ့ အသွင်အပြင်က သိပ်မသာမယာဖြစ်နေတဲ့ပုံနဲ့ " အရာရှိ.. ဒီမြင်းက ထိန်းရတာတော်တော်ခက်တဲ့မြင်းပါ၊ အရာရှိ ဒီမြင်းကိုလိုချင်နေတာ သေချာပါတယ်နော်"


လင်ရှန်းက သူမမျက်လုံးထဲမှာ သနားစဖွယ်ပုံဖမ်းပြီးတော့ မြင်းထိန်းကိုကြည့်လိုက်ကာ


"ငါ့ မှာ အခြားရွေးစရာ မြင်းရော ရှိတဲ့ပုံကော ပေါက်နေလို့လား"


မြင်းထိန်းက သူ့ရဲ့ နံဘေးကိုလှည့်ပြီး ဘယ်နဲ့ ညာကို ကြည့်ရှုလိုက်ပါတယ်. ပြီးတော့ သူက တိတ်ဆိတ်စွာနဲ့ပဲ တံခါးကိုဖွင့်လိုက်ပြီးတော့ မြင်းကို အပြင်သို့ထုတ်လိုက်ပါတယ်. လင်ရှန်းကိုတော့ ထပ်ခါထပ်ခါပဲ သူက သတိပေးလိုက်ပါတယ်. "သေသေချာချာလေး ဂရုစိုက်ပါ အရာရှိ ၊ ဒီမြင်းက ရိုင်းပြီးတော့ ထိန်းချုပ်ဖို့ တော်တော်ကိုခက်လို့ပါ"


လင်ရှန်းငိုချင်စိတ်ပေါက်သွားပါပြီ. 'နင် တကယ်ကြီးပြောနေတာလား?' ဒီလိုဖြစ်မယ်မှန်းသာ ငါသိရင်တော့ ၊ ငါအစောကြီးကတည်းက လာတာပေါ့လို့!' သူမက မြင်းဘက်ကို မျက်နှာလှည့်လိုက်ပါတယ်. သူမအားရှိရှိနဲ့မြင်းဇာတ်ကြိုးကို ဘယ်လို​ပင်ဆွဲပါစေ ဒီမြင်းမည်းက လှုပ်တောင်လှုပ်မလာခဲ့ပါဘူး. လင်ရှန်းတစ်ယောက် တော်တော်လေးကို စိတ်ဆင်းရဲလို့နေရပါပြီ. သူမ ဝမ်းနည်းစွာဖြင့် သူမ၏လက်ကို မြင်းလည်ပင်းပေါ်သို့ ဖွဖွ​လေးပုတ်လိုက်ပြီး " အကိုကြီးမြင်းရယ် ၊ ကျွန်တော်တို့တွေ့တောင် တွေ့ခဲ့ကြပြီးသွားပြီပဲ၊ လာပါ ကျွန်တော့်ကို မျက်နှာသာလေးနည်းနည်းတော့ ပေးပါဦး!"


End...