Chapter 22
Viewers 9k

အပိုင်း(၂၂)


အနက်ရောင်မြင်းကြီးကတော့ ရှေ့ခြေလှမ်းလေး တစ်လှမ်း လှမ်းဖို့တောင် ငြင်းဆန်လို့နေဆဲပါပဲ။


လင်ရှန်းက မြင်းနက်ကြီးကို အကြောင်းပြချက်ပေးဖို့ကြိုးစားနေပါတယ်. " ငါ က ကြင်ယာတော်မင်းသားပဲ (တရုတ်မက်ဒရင်းလို တော့ 'ဖူမာ-သမက်တော်' ဆိုတာပါနေပါတယ်) မင်းကလည်း


မြင်းတစ်ကောင်ပဲ( တရုတ် မက်ဒရင်းလို 'မာ-မြင်း' ဆိုတာပါနေပါတယ်) ဒါ့ကြောင့် ငါတို့နှစ်ယောက်လုံးက 'မာ' မျိုးနွယ်စုကနေဆင်းသက်လာတာပဲ! ငါတို့ စည်းစည်းလုံးလုံးနဲ့ အတူတူ အလုပ် လုပ်ရလိမ့်မယ်!"


မြင်းကြီးကတော့ ရှူးခနဲနှာမုတ်ထုတ်လိုက်ပြီး သူမ ရှိနေတာတောင် အရေးမလုပ်တော့ပါဘူး။


ခပ်လှမ်းလှမ်းမှာရှိနေတဲ့ လိန်ဖန်က လင်ရှန်းပြောနေတာကို လှမ်းကြားလိုက်ရတော့ သူ့ရဲ့ပါးစပ်ထောင့်ကပင် တွန့်ကွေးလို့သွားပါတယ်. သူက ရှေ့ကိုလှမ်းလိုက်ပြီးတော့ လင်ရှန်းလက်ထဲကနေ မြင်းဇာတ်ကြိုးကို ဆွဲယူလိုက်ပါတယ်. ပြီးတော့ သူက မြင်းအနားကိုသွားပြီးတော့ မြင်းရဲ့နား နားကိုကပ်ကာ တစ်ခုခုကို တီးတိုးပြောလိုက်ပါတယ်. စက္ကန့်အနည်းငယ်အတွင်းမှာပဲ မြင်းက စတင်​ပြီး ရွေ့လျားလာပါတော့တယ်။


'ဝါး!' လင်ရှန်း အလွန်အမင်းကို အံ့အားသင့်သွားပါတယ်. သူမက လိန်ဖန်ကို မနာလိုအားကျစွာ ဖြင့် ကြည့်လိုက်ပြီး


" မင်းက မြင်း နဲ့ဘယ်လိုစကားပြောရမလဲတောင် သိနေတာလား။ လေးစားပါတယ်.... လေးစားပါတယ်!"


လိန်ဖန်က လင်ရှန်းရဲ့ အပြုအမူနှင့် စကားပြောပုံတွေ ကြားရမြင်ရတာကို အသားကျလို့နေပါပြီ. အဲဒါကြောင့် သူက ဘာမှအထူးအဆန်း ဖြစ်မနေတော့ပါဘူး. သူပြောသမျှအကုန်ကတော့ -


" ဝူရင် ရဲ့စိတ်က တော်တော်လေးကို စိတ်တိုလွယ်ပါတယ် . သူ့ကို ယူမှာသေချာရဲ့လား ကြင်ရာတော်မင်းသား?"


'အို့..ဒီတော့ ဒီမြင်းရဲ့နာမည်က'ဝူရင်' လို့ခေါ်တာလား?' " မင်းက ငါ သူ့ကိုယူချင်လို့ ယူတယ်များ မှတ်နေလား? ငါရောက်လာတော့ သူ တစ်ကောင်ပဲ ကျန်နေတော့တာလေ!"


လင်ရှန်းက စိတ်ပေါက်ပေါက်နဲ့ပြောထည့်လိုက်ပါတယ်. သူမ ဒီလိုမျိုးပြောနေတာကို မြင်းကသာ သူမပြောသမျှ နားလည်နိုင်ခဲ့ရင်တော့လား။ သူက သူမကို 'ရှူး' ခနဲ နှာမုတ်ထုတ်ပြီး အရမ်းကိုမလိုလားတဲ့ အမူအရာတွေ လုပ်နေပါလိမ့်မှာပဲ ဖြစ်သည်။ 


လိန်ဖန်ရဲ့နဖူးက တွန့်လိပ်လို့သွားကာ ဝူရင်ကို ထိန်းထားဖို့ မြင်းဇာတ်ကြိုးကို တင်းတင်းကျပ်ကျပ်ဆွဲကိုင်ထားလိုက်ပြီးတော့


"အဲဒါဆိုလဲ ကြင်ယာတော်မင်းသား သူကလွဲပြီး အခြားရွေးချယ်စရာမြင်းများရှိသေးလားလို့ ကျွန်တော်မျိုး ဟိုနားဒီနားကို လျှောက်ရှာကြည့်လိုက်ပါ့မယ်"


"ကောင်းတာပေါ့! ၊ သွားကြည့်ရအောင်!" လင်ရှန်းက ခေါင်းငြိမ့်လိုက်ပါတယ်. သူမက ဝူရင်ကို ပြောင်ချော်ချော် မျက်နှာပေးတောင် လုပ်​ြပလိုက်ပါသေးတယ်။


ဝူရင်က နှာထပ်မုတ်လိုက်ပါတယ်. သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်မိလိုက်ပြီး သူတို့နှစ်ယောက်လုံးပဲ စိတ်ဆိုးမာန်ဆိုးနဲ့ အချင်းချင်းစိုက်ကြည့်နေကြပါတယ်။


အဲဒီအချိန်အခိုက်အတန့်မှာပဲ တုဟောင်က သူ့ရဲ့မြင်းနှင့်တူတူရောက်ရှိလာပြီးတော့ သူ့မျက်နှာပေါ်မှာလဲ ခန့်မှန်းလို့မရနိုင်တဲ့ အပြုံးမျိုးနဲ့ပါ. သူက ကြည်လင်ပြတ်သားတဲ့အသံဖြင့်ပြောလိုက်တယ်-


" ကြင်ယာတော်မင်းသား၊ ကျုပ်နဲ့အတူ မြင်းတစ်ပတ်ပြိုင်စီးဖို့ ၊ ကျုပ်ကို မျက်နှာသာလေးပေးလို့ရမလား"


°°°°°°°°


အိမ်ရှေ့စံမင်းသားနှင့်ကြင်ယာတော်မင်းသားတို့ ပြိုင်ပွဲတစ်ခု လုပ်ရန်စီစဉ်နေတဲ့သတင်းက ကွင်းတစ်ခုလုံးကို တစ်ပြိင်နက်တည်းထဲ ပျံ့နှံ့လို့သွားပါတယ်. တော်ဝင်ဆွေတော်မျိုးတော်အနွယ်ဝင်အားလုံးနှင့် အဆင့်မြင့်တဲ့ မှူးကြီးမတ်ရာတွေရဲ့ သားတွေကလဲ ရှားရှားပါးပါးဖြစ်ရပ်ကို မှတ်တမ်းတင်ထားနိုင်ရအောင်လို့ သူတို့အနားကို စုပြုံလို့ ရောက်ရှိလာပါတယ်.။


လက်ရှိလောလောဆယ်မှာတော့ လင်ရှန်းတစ်ယောက် သူတို့အားလုံးရဲ့အလယ်ဗဟိုမှာ ရှိနေပါတယ်. သူမ အလွန်အမင်းကို စိတ်ဓာတ်တွေ ကျဆင်းလို့နေပါတယ်။


'ဒါ သေချာပေါက်ကို ကလဲ့စားချေတာပဲ!! သူ ငါ့ကို ကလဲစားချေနေတာ!! သူမ စိတ်ထဲမှာတော့ နက်နက်ရှိုင်းရှိုင်း၊ ဆိုးဆိုးရွားရွား၊ မနှစ်မြို့စွာဖြင့် တုဟောင်ကို ခေါင်းမော့ကြည့်လိုက်ပါတယ်. သူမ က ဟန်လုပ်ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်.


"အရှင့်သား၊ ကျွန်တော်မျိုးရဲ့ အရည်အချင်းက အရှင့်သားနဲ့ယှဉ်ရင်တော့ တော်တော်လေးကို ဆိုးရွားပါတယ်၊ ကျွန်တော်မျိုးအထင် ကျွန်တော်တို့ အဲဒါကိုဒီအတိုင်းပဲထား ထားလိုက်ရင်..."


တုဟောင်ရဲ့ မျက်ခုံးတွေက မြင့်တက်လို့သွားပြီး - "အဲဒီတော့ ကြင်ယာတော်မင်းသားက ကျုပ်ကို မျက်နှာသာမပေးချင်ဘူးပေါ့?"


လင်ရှန်းတစ်ယောက် မျက်ရည်တွေသာ ပိုးပိုးပေါက်ပေါက်နဲ့ ကျလိုက်ချင်တော့တယ်. သူက သူမကို လာခြိမ်းခြောက်နေတာ အရှင်းကြီးပဲ။ 'ရှင်က အိမ်ရှေ့စံမင်းသား တစ်ယောက်အနေနဲ့ ကျွန်မလို ကြင်ယာတော်မင်းသားပိစိကိုမှ ဘာလို့ လာပြီး အနိုင်လိုချင်နေရတာလဲ။ ရှင့်မှာ ယဉ်ကျေးမှုလေးတောင် မရှိဘူးလား!' သူမစိတ်ထဲမှာတော့ တုဟောင်ကို ကျိန်ဆဲနေလိုက်ပါတယ်။


လင်ရှန်း သူမရဲ့လက်ကို ခေါင်းပေါ်သို့ တင်လိုက်ပြီးတော့ အားလျော့စွာဖြင့် ပြောလိုက်တယ်.


"အိ...ရား.. ကျွန်တော် ရုတ်တရက်ကြီး နည်းနည်းခေါင်းမူးလာသလိုပဲ. ခေါင်းအရမ်းမူးလိုက်တာ .... ကျွန်တော် ခဏလောက်သွားထိုင်လိုက်ဦးမှရမယ်....."


သူမ နောက်ကိုပြန်လှည့်လိုက်ပေမယ့်လည်း ချက်ချင်းဆိုသလိုပဲ မျက်နှာသေကြီးနဲ့ကုဇောင်က လမ်းပိတ်ထားလိုက်ပါတယ်. သူက လူအုပ်ကြီးဘက်သို့ မျက်နှာလှည့်လိုက်၍ အော်ပြောလိုက်ပါတယ်. "ကြင်ယာတော်မင်းသား... ရှောင်လွှဲဖို့ကြိုးစားမနေပါနဲ့တော့၊ ကြင်ယာတော်မင်းသားရဲ့ လုပ်နိုင်စွမ်းကို ကျွန်တော်တို့ကို ပြလိုက်ပါတော့!"


"ဟုတ်တယ်! ကျွန်တော်ကြားဖူးတာတော့ ကြင်ယာတော်မင်းသားမှာ ပါရမီရှိပြီးတော့ သူ့ရဲ့ကျွမ်းကျင်မှုတွေက ပုံမှန်ထက်တောင် လွန်ကဲနေသေးတယ်တဲ့၊ အတွေ့အကြုံလေးရအောင်တော့ ကျွန်တော်တို့ကို မြင်ခွင့်ပေးလိုက်ပါတော့လား!"


"ကျုပ်တို့ က ကျုပ်တို့ကြားရတာကို ကျုပ်တို့မယုံနိုင်ဘူး၊ ကျုပ်တို့ ကတော့ ကျုပ်တို့ကိုယ်တိုင်ကိုယ်ကျ မြင်တာကိုပဲယုံတာ၊ ကြင်ယာတော်မင်းသား လျိုထားဖို့လုပ်မနေပါနဲ့တော့...."


'ကောလဟာလတွေ၊ အဲဒါတွေအားလုံးက ကောလဟာလတွေရှင့်!! လင်ရှန်း မျက်ရည်တွေတောင်စို့နေပါပြီ. ဘယ်လိုကောင်တွေက ဒီအကြောင်းတွေကို လျှောက်ဖြန့်နေတာလဲ. ဘာ တစ်ခုမှ ငါလုပ်နိုင်တာ မဟုတ်ဘူးနော် ၊ အဲဒီ ပုံမှန်ထက်ကျွမ်းကျင်နေတာကြီးရော၊ ပါရမီရှင် ဆိုတာကြီးရောပဲ။ ငါက ငါ့ရဲအသက်လေးကိုပဲ ထိန်းသိမ်းထားချင်တာပါ! 


လင်ရှန်းရဲ့ မျက်နှာပေးက ငိုမဲ့မဲ့မျက်နှာထက်ကို ပိုလို့တောင် ထိတ်လန့်ဖို့ကောင်းနေတဲ့ပုံပေါက်နေပါပြီ။


တုဟောင်က အနားကိုတိုးကပ်လာပြီးတော့ ခက်ထန်တဲ့လေသံဖြင့် ပြောလိုက်တယ်. "ကြင်ယာတော်မင်းသား၊ ပြိုင်ပွဲကိုဦးဆောင်လိုက်ပါတော့"


အဲဒီအချိန်အခိုက်အတန့်မှာပဲ. သူမတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကြမ္မာဆိုးဝင်ကို ဝင်နေပြီဆိုတာကို လင်ရှန်း သိလိုက်ပါတယ်. သူမ ခေါင်းကိုမော့လိုက်ပြီး တိုးတိတ်စွာပဲပြောလိုက်တယ်. "အဲဒါဆို.ရင်..ကျွန်တော် အနည်းဆုံးတော့ တစ်ခြားမြင်းတစ်ကောင်နဲ့လဲစီးလို့ ရနိုင်မလား"


'ဝူရင်'ကတော့ စိတ်မရှည်တဲ့ပုံစံဖြင့် သူ့ခွာသူပြန်ပြီး တူးရက်လို့နေပါတယ်။


"ကောင်းပြီ" တုဟောင် သူ့ရဲ့ဦးခေါင်းကိုမော့လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ ကြည်လင်ပြတ်သားတဲ့အသံဖြင့် ကျယ်လောင်စွာအော်ပြောလိုက်တယ်.။


" ကြင်ယာတော်မင်းသားအတွက် ဘယ်သူက သူတို့ရဲ့မြင်းကို လဲပေးဖို့ ဆန္ဒရှိကြသလဲ"


လူတိုင်းလူတိုင်းက သူတို့ရဲ့လက်ရှိနေရာကနေပြီး မြင်းတွေနှင့်အတူ နောက်ကို ခြေတစ်လှမ်းတောင် ဆုတ်သွားကြပါတယ်။


လင်ရှန်း : ..................


"ကြင်ယာတော်မင်းသား၊ မင်းတွေ့တယ် မဟုတ်လား။ ကျုပ် ကြိုးစားပြီးသွားပြီ."


တုဟောင် က သူ့ပုခုံးတွေကိုတွန့်လိုက်ပြီး သူလဲ ပြောင်းလဲပေးလို့မရတဲ့တဲ့ပုံစံဖြင့် ပြောလိုက်တယ်။


"အရှင့်သား .. ကျွန်တော်မျိုး ကြင်ယာတော်မင်းသားအတွက် အခြားမြင်းတစ်ကောင်ကို ရှာပေးနိုင်ပါတယ်" လိန်ဖန်က ရုတ်တရုက်ကြီးရှေ့ထွက်ပြောလိုက်တယ်။


"အတင့်ရဲလိုက်တာ" ကုဇောင် က ရှေ့ကိုတိုးသွားလိုက်ပြီးတော့ ရှေ့ကိုတိုးပြောနေတဲ့ လိန်ဖန်ကို ကိုယ်ထိလက်ရောက် ဟန့်တားလိုက်ပြီး " အိမ်ရှေ့စံမင်းသားနဲ့ ကြင်ယာတော်မင်းသားက စကားပြောနေတယ်၊ မင်း မှာ စကားဝင်ပြောပိုင်ခွင့်မရှိဘူး၊ ထွက်သွားလိုက်စမ်း!"


လိန်ဖန်က လင်ရှန်းကို စိုက်ကြည့်လိုက်ပြီးတော့ တစ်လက်မတောင် မလှုပ်ရှားလိုက်ခဲ့ပါဘူး။


လူတိုင်းလူတိုင်းက အေးစက်တဲ့လေတွေကို ရှုရှိုက်သွင်းခဲ့မိရသလိုပင် ခံစားသွားလိုက်ရပါတယ်. လိန်ဖန်က အင်ပါယာရဲ့အသက်ကို ကယ်တင်ခဲ့တယ်ဆိုတာ သူတို့အားလုံးပဲ သိကြပါတယ်. ဒါ့ကြောင့်ပဲ သူက အင်ပါယာရဲ့ အလွန်နှစ်ခြိုက်ခြင်းကို ခဲ့ခံရတာပါ. အရေးပါအရာရောက်တဲ့ မှူးကြီးမတ်ရာအများစုကတောင် လိန်ဖန်ကို လေးစားရပြီး သူ့ရဲ့လမ်းကိုပိတ်မနေရဲပါဘူး. သို့သော်လည်း အဲဒီလူအများစုက အစိုးရမင်းမှုထမ်းတွေသာလျင် ဖြစ်သည်. လိန်ဖန်က သူ့ကိုယ်သူ အိမ်ရှေ့စံမင်းသားနဲ့တောင် ဆန့်ကျင်ဘက်ပြုလုပ်ရဲလိမ့်တဲ့အထိတော့ သူတို့တွေ မထင်ထားခဲ့မိပါဘူး. အခုလောလောဆယ်မှာတော့ လူတိုင်းက ပွဲကြီးပွဲကောင်းကို ကြည့်ခွင့်ရဖို့ မျှော်လင့်နေကြပါပြီ။


တုဟောင်က သူ့ရဲ့မျက်လုံးတွေကို မှေးစင်းလိုက်ပြီး လိန်ဖန်ကို သေသေချာချာစိုက်ကြည့်နေလိုက်ခဲ့ပေမယ့် သူ့ရဲ့မျက်နှာအမူအရာကတော့ ဘာတွေးနေလဲဆိုတာကိုတော့ နားလည်ဖို့တော့ခက်ပါတယ်။


လင်ရှန်းက ချက်ချင်းပင် တစ်ခုခုအမှားအယွင်းဖြစ်တော့မှာကို အာရုံရလိုက်ပါတယ်. လိန်ဖန် နှင့် တုဟောင် က တစ်ယောက်နဲ့တစ်ယောက်က အတိအကျကြီး ချွတ်စွတ်ကိုတူနေခဲ့ကြတာပါ. တိုက်တိုက်ဆိုင်ဆိုင်လို့ မှတ်ယူလိုက်ဖို့ကတော့ ထင်သလောက်မရိုးရှင်းနိုင်ပါဘူး. ဒါ့အပြင် လိန်ဖန်က သူမကို ဒီအကြာင်းနဲ့ပတ်သတ်ပြီး မဖော်ထုတ်ဖို့ကိုလဲ သတိပေးခဲ့ဖူးပါတယ်. သံသယဖြစ်စရာမလိုအောင်ဘဲ တားမြစ်ပိတ်ပင်ထားတဲ့ ကိစ္စရပ်ပဲဖြစ်မှာပါ။ ဒါပေမယ့် အခုကျတော့ လိန်ဖန်က သူကိုယ်တိုင်ပဲ တုဟောင်နဲ့ ထိပ်တိုက်တွေ့နေပါတယ်. 'သူ့မှာ တစ်ခုခုဖြစ်သွားခဲ့ရင်ရော ဘယ်လိုဖြစ်သွားမှာလဲ? လိန်ဖန်က အပြစ်ပေးခံလိုက်ရရင်ရော ဘာဖြစ်သွားမှာများလဲ'


လင်ရှန်းက ရွှေတူးသမားတစ်ယောက်လို ရွှေကို ရှုးသွတ်စွဲလန်းလို့ နေပေမယ့်လည်း အတွင်းစိတ်ဓာတ်ကတော့ သူမက လူကောင်းသူကောင်းတစ်ယောက်ပဲဖြစ်ပါတယ်. သူမက တုဟောင်နှင့် လိန်ဖန်နှစ်ယောက်ကြားကို ပြေးဝင်လိုက်ပြီးတော့ လိန်ဖန်ကို အသာဆွဲလိုက်ကာ


" ပြောင်းဖို့မလိုပါဘူး. ပြောင်းဖို့မလိုတော့ပါဘူး. ဒီမြင်းက ကြည့်လိုက်ရင် အတော်လေးသတိထားရမယ့်ပုံပါပဲ၊ မင်းမှာ သေချာပေါက်ကိုဆွေးနွေးစရာကိစ္စ မရှိပါဘူး မှန်တယ်မဟုတ်လား?" သူမက နောက်ပြန်လှည့်လိုက်ပြီးတော့ 'ဝူရင်' ကိုဝေ့ကြည့်လိုက်တယ်။


'ဝူရင်'က သူ့ရဲ့ခွာကို သူပြန်ယက်နေပြီးတော့ ဘယ်သူကိုမှ အဖက်မလုပ်တဲ့ပုံစံဖြင့် သူ့၏ခေါင်းကို လွှဲရမ်းလို့နေပါတယ်။


လင်ရှန်းက 'ဝူရင်' အပေါ်ကို အားတောင့်အားနာဖြစ်နေပုံဖြင့်


ရယ်မောလိုက်ပြီး ဟာသလိုမျိုး ပြောလိုက်တယ်. "ချမ်းသာကြွယ်ဝမှုကြောင့်လဲ ဘက်လိုက်မှုမရှိဘူး၊ ဆင်းရဲခြင်းကြောင့်လဲ တုန်လှုပ်မှုမရှိဘူး၊ ကောင်းလိုက်တဲ့မြင်းပဲ! ကောင်းလိုက်တဲ့မြင်းပဲ!''


ဘေးကနေရပ်ကြည့်နေသောလူများ : "................"


လင်ရှန်း နောက်ကို ခြေတစ်လှမ်းပြန်ဆုတ်လိုက်ကတည်းက အကျိတ်အနယ်ထိပ်တိုက်ရင်ဆိုင်နေတဲ့အခြေအနေက သွေးအေးလို့သွားခဲ့ပါပြီ. ဒါ့အပြင်ကို လူတိုင်းလူတိုင်းရဲ့အာရုံ​တွေွကလဲ လင်ရှန်းအပေါ်ကို ကျရောက်လို့သွားပါပြီ. လင်ရှန်း ယခုတော့ သူမ လုပ်ခဲ့သမျှတွေကို နောင်တရလို့နေပါတယ်။


'အိုး ဘုရားရေ ၊ ငါ့မှာဘာစွမ်းရည်တွေများ ရှိနေတာပါလိမ့်။ ငါ့မှာဖြင့် မြင်းပေါ်တောင် မတက်နိုင်တဲ့ဟာကို ဘယ်လိုလုပ်ပြီး ငါပြိုင်နိုင်မှာလဲလို့?' T----T


End....