Chapter 23
Viewers 9k

အပိုင်း(၂၃)


လူတိုင်းလူတိုင်းက မျက်ခြေမပျက်မခံဘဲ သူမအပေါ်ကို စောင့်ကြည့်ခံနေရတဲ့အကြည့်တွေ ကျရောက်လို့လာတော့ သူမရဲ့အသွေးထဲအသားထဲ စိတ်ဝိညာဥ်တွေထဲကနေတောင် ဝမ်းနည်းအားငယ်နေမှုကို လင်ရှန်းခံစားနေရပါတယ်. သူမရဲ့သတ္တိတွေကို ဆင့်ခေါ်လိုက်ပြီးတော့ 'ဝူရင်' ရဲ့ကျောပေါ်က မြင်းကုန်းနှီးပေါ်သို့ ထားရှိလိုက်ပါတယ်. သို့သော်လည်း 'ဝူရင်' က ရုတ်တရက်ပဲ တအိအိနဲ့ညည်းညူသံပေးပြီးတော့ ရှေ့ကို ကဆုန်ပေါက်ပြီး ပြေးလွှား၍ လင်ရှန်းရဲ့အနောက်ကနေပြီး ထွက်သွားခဲ့ပါတယ်။


ချက်ချင်းလက်ငင်းကို ပွဲကြီးပွဲကောင်းတစ်ခုကို ကြည့်ခွင့်ရဖို့ မျှော်လင့်နေကြတဲ့ လူအားလုံးက စိတ်ပျက်လို့သွားကြပါပြီ. 'တကယ်ကြီးပဲလား။ ကြင်ယာတော်မင်းသားရဲ့ ကျွမ်းကျင်မှုတွေဆိုတာ ဒါပဲလား? ကောလဟာလတွေဖြန့်တဲ့သူတွေက ကန်းနေကြတာပဲ ဖြစ်မယ်။'


လူတစ်ယောက်ကတော့ ကြောက်ရွံ့စိတ်မရှိဘဲ လှောင်ပြောင်လိုတဲ့လေသံဖြင့် ပြောလိုက်တယ်. "ကြင်ယာတော်မင်းသား ၊ ဘာလို့မြင်းပေါ်ကို မတက်ရသေးတာလဲ"


"ဟုတ်တယ်. တက်လေ! တက်တော့လေ!"


လောလောဆယ်မှာတော့ တုဟောင်က သူ့ရဲ့မြင်းပေါ်ကိုအေးအေးလူလူဖြင့် လွှားခနဲခုန်တက်လိုက်ပြီးတော့ နေရာယူသွားပြီးပါပြီ. မြင်း၏နာမည်ကတော့ 'ချီမိန်'လို့ခေါ်ပြီး သူ့ရဲ့တိုက်ပွဲထဲတွင် စွန့်ပစ်ထားခံရတာကို ယူ‌ထားခဲ့တာဖြစ်သည်. 'ချီမိန်' က သူ့ရဲ့ရှေ့မြင်းခွာကို အပေါ်သို့မြှောက်ပင့်လိုက်ပြီး ဟီသံပေးလိုက်တယ်. 'ချီမိန်' ရဲ့ဟီသံပေးလိုက်ခြင်းက မြင်းတွေအားလုံးအပေါ်ကို စိုးမိုးချယ်လှယ်လိုက်ပြီး ရှေ့အကွာအဝေးတော်တော်များများကိုတောင် နောက်ကျန်ရစ်စေခဲ့ပါတယ်. တစ်ခုတည်းသော ချွင်းချက်ကတော့ 'ဝူရင်' ပဲဖြစ်တယ်. လောလောဆယ်မှာတော့ 'ဝူရင်' က တော့ သူ့ရဲ့ခေါင်းကို အောက်ကိုကိုင်းညွတ်ပြီး မြက်ခင်းပြင်ပေါ်က မြက်ပင်တွေကိုပဲ တမြုံ့မြုံ့ဝါးနေပါတယ်။


လင်ရှန်းက တအံ့တအောဖြင့် "ဟေး.. ညီနောင်ရေ မင်းအကြီးကြီး လုပ်နိုင်တယ်ဆိုတာ ငါသိပါတယ်. မင်း က အခြားသူတွေနဲ့လဲ ယှဉ်ပြိုင်ဖို့ မင်းက ဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်းကြည့်စမ်း!


ဒီမြင်းက မင်းကို အပေါ်စီးကနေကြည့်နေတာလေ၊ မင်း အဲဒါကို ဒီအတိုင်းပဲ လက်ခံလိုက်တော့မှာလား"


'ဝူရင်'က သူမကို လျစ်လျူရှုလိုက်ပြီးတော့ အပူပင်မရှိသလိုပင် အေးအေးလူလူအမူအရာဖြင့် သူ့ရဲ့မြက်တွေကိုပဲ တမြုံ့မြုံ့​ဖြင့် ဆက်ပြီး ဝါးလို့နေပါတယ်။


လင်ရှန်းက စိတ်တော်တော်လေးတိုသွားခဲ့ပြီးတော့ မြင်းရဲ့ကျောကုန်းကို လက်ဖြင့် ပုတ်ရိုက်လိုက်ကာ-- "မင်းက အထီးတစ်ကောင်ဆိုရင် ငါ့ကို တက်ခွင့်ပေးလိုက်တော့!"


လူတိုင်းလူတိုင်းက သူမရဲ့အမူအရာကို ကြည့်ပြီးတော့ အံ့အားသင့်တုန်လှုပ်လို့သွားကြပါတယ်. မြင်းကိုလည်း လက်ညိုးတထိုးဖြင့်ထိုးညွှန်ပြီးတော့လဲ တတွတ်တွတ်နဲ့ ပြောဆိုလို့နေကြပါတယ် - 'အဲဒါက မြင်းထီး မဟုတ်လား ။ဟုတ်တယ်လေ။ အထီး မဟုတ်ဘူးလား၊ ဟုတ်ရော ဟုတ်ရဲ့လား??................'


'ဝူရင်' က မြက်ပင်ကို ငုံ့ပြီးစားနေတာနေရပ်လိုက်ပြီး သူ့ရဲ့ခေါင်းကို ဆတ်ခနဲမော့လိုက်ပါတယ်. မသိရင် သူကပဲ လင်ရှန်းပြောနေတာကို နားလည်နေတဲ့အတိုင်းပါပဲ။


လင်ရှန်း ပီတိဝေဖြာသွားပြီး 'အစ်ကိုကြီးရေ ရှင့်မှာ အသည်းနှလုံးလေးတော့ရှိတာပေါ့၊ ကျွန်မ သိသားပဲ!'


လင်ရှန်းက ယုံကြည်စိတ်ချမှုအပြည့်နဲ့ပင် ခြေနင်းကွင်းကို လှမ်းနင်းလိုက်ပြီးတော့ မြင်းကုန်းနှီးပေါ်သို့ တက်လိုက်သည်. 'ဝူရင်'က သူ့ရဲ့သွားတွေကို ကျိတ်လိုက်ပြီးတော့ တကယ်ပဲ သူမကို အစီးခံခဲ့ပါတယ်!


အဲဒီအချိန်အခိုက်အတန့်မှာပဲ လင်ရှန်းက သူမရဲ့ ရင်ထဲအသည်းထဲကနေပြီးတော့ ပီတိအဟုန်ဖြင့် ဂုဏ်ယူဝင့်ကြွား နေမိပါတယ်. သူမက ဦးခေါင်းကို နောက်ပြန်လှည့်လိုက်ပြီးတော့ တုဟောင်ကို ရန်စတဲ့မျက်နှာပေးဖြင့် လှမ်းကြည့်လိုက်ပါတယ်. ဒါပေမယ့် တုဟောင်ကတော့ မျက်နှာပေါ်မှာ အပြုံးပန်းဆင်လို့ သူမကို ပြန်စိုက်ကြည့်နေတာကို တွေ့လိုက်ပါတယ်. သူမကို သူ ပြန်ပြုံးပြလိုက်တာကတော့ လင်ရှန်းကို တဆတ်ဆတ်တုန်ရင်လို့ သွားစေခဲ့ပြီးတော့ သူမကို မြင်းပေါ်ကနေတောင် ပြုတ်ကျလုနီးပါးတောင် ဖြစ်စေတဲ့အထိပါပဲ။


လင်ရှန်းက လျင်မြန်စွာဖြင့် ခြေထောက်တွေဖြင့် မြင်းရဲ့ဝမ်းဗိုက်ကို ကုတ်ဖက်တွယ်ထားလိုက်ရသည်. ဒါပေမယ့် မြင်းက သူ့ကိုရှေ့ကိုပြေးစေဖို့ အချက်ပြလိုက်တယ်လို့ ယူဆသွားခဲ့သည်. 'ဝူရင်' က ကဆုန်ပေါက်ပြီး ဒုန်းစိုင်းပြေးလိုက်တော့ လင်ရှန်းက သူမရဲ့အသိစိတ်လွတ်ပျံမတတ်ကို ကြောက်ရွံ့တုန်လှုပ်လို့သွားပါတယ်. သူမရဲ့လက်နှစ်ဘက်လုံးဖြင့်ပါ 'ဝူရင်'ရဲ့လည်ပင်းကို ဖက်တွယ်ထားလိုက်ပြီးတော့ 'ဝူရင်' ပိုပြီးမြန်မြန်ပြေးလေလေ၊ 'ဝူရင်'ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်မိတော့သည်။


လိန်ဖန်က အဝေးကနေပြီး ဒီအတိုင်းကြီးရပ်ပြီး မကြည့်​ေနနိုင်တော့ပါဘူး. သူ့မျက်လုံးထဲမှာတော့ လင်ရှန်းအပေါ် ကို စိုးရိမ်ပူပန်နေတာက အထင်အရှားပါပဲ. သူက ရှေကို ပြေးထွက်သွားပြီးတော့ လင်ရှန်းကိုကယ်မလို့ လုပ်လိုက်ပေမယ့် ကုဇောင်က သူ့ကို နောက်ထပ်တစ်ကြိမ်ထပ်ပြီးတော့ ဟန့်တားလိုက်ခဲ့သည်။


"အရာရှိလိန်၊ မင်း ဒီကိစ္စကို ဝင်မစွတ်ဖက်ဖို့ အကြံပေးချင်တယ်"


ကုဇောင်ရဲ့လေသံက အေးစက်စက်ဖြင့် ခြိမ်းခြောက်မှုအပြည့်နဲ့ပါ. သူက လိန်ဖန်ကို အကြံပေးသလို ပြောဆိုလိုက်ခဲ့ပေမယ့်လည်း အမှန်က သတိပေးနေတာပဲဖြစ်တယ်။


လိန်ဖန်က သူရောက်နေတဲ့နေရာမှာဆက်လက်တည်ရှိနေရပေမယ့် သူ့ရဲ့လက်တွေကတော့ သူ့ရဲ့ရွှေဓားစလွယ်ပေါ်မှာ ရောက်ရှိနေပါတယ်. သူက ချီတုန်ချီချဖြစ်လို့နေပါတယ်. နောက်ဆုံးတော့ လင်ရှန်းက 'ဝူရင်'ရဲ့ကျောပေါ်ကနေ ခါချခံခဲ့ရပါတယ်. သူမပုံစံကိုကြည့်ရတာ သနားစဖွယ်ကောင်းလောက်အောင် ရှုတ်ရှုတ်ထွေးထွေးနဲ့ဖရိုဖရဲဖြစ်လို့နေပါတယ်။


"ဟား.. ဟား.. ဟား......" လူစုလူဝေးထဲကနေပြီး လူတိုင်းလူတိုင်းရဲ့ လှောင်ပြောင်ရယ်မောသံတွေက ဝက်ဝက်ကွဲထွက်ပေါ်လာပါတယ်. လူတစ်ယောက်က သရော်သလိုဖြင့် ပြောလိုက်ပါတယ်.


"အိုး..အဲတော့ ဒါက ကြင်ယာတော်မင်းသားရဲ့ လုပ်နိုင်စွမ်းတဲ့လား..အာ? မင်းက မြင်းတစ်ကောင်ကိုတောင် မထိန်းနိုင်ဘဲနဲ့များ. မင်းဘယ်လိုလုပ်ပြီး မင်းသမီးကို ထိန်းချုပ်နိုင်မှာတဲ့လဲ"


"ကောလဟာလတွေက တကယ့်ကိုအမှားကြီးပဲကိုး...."


ဖုံးကွယ်ထားမှုရဲ့အောက်မှာကတော့ လင်ရှန်းက မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်. ဒီကျရှုံးမှုက သူမကို အရမ်းပဲစိတ်ထိခိုက်နာကျင်စေရပါတယ်. လူတိုင်းလူတိုင်းက အကူအညီမပေးခဲ့တဲ့အပြင်ကို လှောင်ပြောင်ရယ်မောပြီးတော့ သူမကို မခံချိမခံသာအောင် ပြောဆိုနေကြပါသေးတယ်. သူမ စိတ်ထဲမှာ အရမ်းကို မတရားသဖြင့်အနိုင်ကျင့်ခံနေရသလို ခံစားနေရပါတယ်. သူမရဲ့နှာခေါင်းတွေက နှာရည်တွေစို့လာပြီးတော့ မျက်ရည်တွေတောင် ဝဲတက်လာပါတယ်။


လိန်ဖန် နောက်ထပ် ထပ်ပြီးတော့ စိတ်မရှည်နိုင်တော့ပါဘူး။


"ငါ့ရဲ့ လမ်းကနေ ထွက်သွားလိုက်စမ်း!" သူက အေးဆေးတည်ငြိမ်စွာဖြင့် ကုဇောင်ကိုပြောလိုက်တယ်။


ကုဇောင်က စာနာစိတ်ကင်းမဲ့စွာ ဖြင့်ခွန်းတုံ့ပြန်လိုက်သည်. "အရာရှိလိန်က အိမ်ရှေ့စံမင်းသားရဲ့မကောင်းမြင်ခံရမှာကို မစိုးရိမ်တော့ဘူးပေါ့"


"ငါက နောက်တစ်ခါထပ်ပြီးတော့ ပြောနေရဦးမှာလား၊ ငါ့ရှေ့ကနေ ထွက်သွားလိုက်စမ်း."လိန်ဖန်က သူ့ရဲ့လေသံကို သိသိသာသာကိုနှိမ့်ပြီးတော့ လေသံပျော့ပျော့ဖြင့် ခြိမ်းခြောက်လိုက်တယ်. မျက်နှာဖုံးအောက်က သူ့ရဲ့မျက်လုံးမှာတော့ အလွန့်အလွန်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်တော့မယ့် ပုံပေါက်နေပါတယ်. မမျှော်လင့်စွာနဲ့ဘဲ အကြည့်တစ်ချက်နဲ့တင် ကုဇောင်က အနဲငယ်တောင်ခြိမ်းခြောက်ခံနေရသလို ခံစားလိုက်ရတယ်. 'ဘာကြောင့် ဒီမျက်လုံးတွေက အရမ်းရင်းနှီးနေသလို ခံစားနေရတာများလဲ'


ကုဇောင်တစ်ယောက် စိတ်ရှုတ်ထွေးနေချိန်မှာပဲ လိန်ဖန်က လင်ရှန်းရဲ့ဘေးနားကို ရောက်လို့သွားပါတယ်။


"ငါ့ ကို အရေးမလုပ်စမ်းပါနဲ့!" လင်ရှန်းက သူမကို ကမ်းပေးနေတဲ့ လိန်ဖန်ရဲ့လက်ကို တွန်းထုတ်လိုက်တယ်. "ငါ မင်းရဲ့ သနားဂရုဏာကို မလိုအပ်ဘူး. ငါ့ဘာ့ငါပဲ ထလို့ရတယ်!"


အဲဒီအချိန်အခိုက်အတန့်မှာဘဲ လိန်ဖန်က သူ့စိတ်ထဲမှာ ဗလာကျင်းသွားသလို ခံစားလိုက်ရပါတယ်. သူမကို သူ မြင်ဘူးသမျှထဲမှာ ဒီလိုပုံစံမျိုးနဲ့ ပထမဦးဆုံး မြင်ဖူးခဲ့တာပါ. သူမရဲ့မျက်နှာပေါ်မှာတော့ သူမရဲ့ခေါင်းမာတတ်မှု၊ ခိုင်မာတဲ့စိတ်နေစိတ်ထားနဲ့ အောင်မြင်ဖို့အတွက်ဆိုရင် အနိုင်မခံအရှုံးမပေးလိုတဲ့ စိတ်က ပေါ်လွင်ထင်ရှားနေပါတယ်. သူမရဲ့အရင်တွေ့နေကျပုံစံဖြစ်တဲ့ ပေါ့ပျတ်ပျတ်နဲ့နောက်ပြောင်နေတာကနေပြီး သိသိသာသာကို ကွဲထွက်လို့နေပါတယ်. သူမက နုနုငယ်ငယ်ဖြင့် ချည့်နဲ့တဲ့ပုံတော့ ပေါက်မနေပေမယ့်လည်း လိန်ဖန်ရဲ့ရင်ထဲမှာတော့ တစ်ခုခုကပူလောင်လာနေပြီးတော့ သူက သူမကို အရာအားလုံးကနေပြီး ကာကွယ်ပေးချင်မိနေပါတယ်။


လိန်ဖန်က အတွေးနယ်ချဲ့နေချိန်မှာ လင်ရှန်းကတော့ သူမဘာသူမ ပြန်ထရပ်လိုက်လို့ပြီးသွားပါပြီ. တစ်ခါတစ်ရံမှာတော့ သူမက အလျော့ပေးတတ်ပေမယ့်လည်း သူမရဲ့ခေါင်းမာမှုက အနိုင်ယူလို့သွားခဲ့ပါပြီ. သူမက ဒီတစ်ကြိမ်မှာတော့ နောက်ဆုတ်မှာ မဟုတ်ပါဘူး။


လှောင်ပြောင်ရယ်မောသံတွေက ဆက်လက်ထွက်ပေါ်လာနေပေမယ့် လင်ရှန်းက သူမအ​ပေါ်ကို နှောက်ယှက်ခွင့်မပြုခဲ့ပါဘူး. သူမရဲ့လက်ဖြင့် သူမရဲ့ပေကျံနေတဲ့မျက်နှာကို သုတ်လိုက်ပြီးတော့ 'ဝူရင်'ရဲ့ဇာတ်ကြိုးကိုကိုင်ပြီးတော့ နောက်တစ်ကြိမ်မြင်းပေါ်မှာထိုင်နိုင်ဖို့ ထပ်တလဲလဲကြိုးစားနေပါတယ်။


'ဝူရင်'က သူ့ခန္တာကိုယ်ကို ပြင်းပြင်းထန်ထန်လှုပ်ရမ်းနေတော့ လင်ရှန်းလဲ နောက်တစ်ခေါက်ထပ်ပြီး ပြုတ်ကျသွားခဲ့ပြန်ပါတယ်။


'နာတယ်! အရမ်းနာတယ်!' ဒါပေမယ့် လင်ရှန်းက မငိုခဲ့ပါဘူး. သူမက သူမရဲ့အခြေအနေကို ရှင်းရှင်းကြီးကိုသတိပြုမိပါတယ်. ဒီတစ်ကြိမ်မှာတော့ သူမရဲ့အသက်အတွက် သူမရဲ့မိဘတွေအပေါ်မှာ ပုံအပ်တော့မှာ မဟုတ်တော့ပါဘူး. သူမဆီမှာ သူမအတွက်ငိုပေးဖို့ သူငယ်ချင်းမိတ်ဆွေလဲ မရှိပါဘူး. သူမ ရပ်တည်ချင်တယ်ဆိုရင် သူမ ကိုယ်တိုင်ကသာလျှင်ပဲ လုပ်ဆောင်နိူင်မှာပါ။


ခက်ခက်ခဲခဲကိုပဲ မြေကြီးပေါ်ကနေပြီး သူမထရပ်လိုက်ပါတယ်. သွေးတွေကလဲ သူမရဲ့လက်မောင်းတွေကနေပြီး စီးကျလို့နေပါတယ်. ဒီအချိန်အခိုက်အတန့်မှာတော့ လှောင်ရီမောနေတဲ့အသံတွေက အနည်းငယ်လျော့ကျလို့သွားပါတယ်. သူမကိုလှောင်ပြောင်နေတဲ့အကြည့်တွေကလဲ တဖြည်းဖြည်းနဲ့ပျောက်ကွယ်လို့သွားနေပါတယ်။


လိန်ဖန်က ဘေးနားကနေ ရပ်နေပါတယ်. သူက သူမကို ကူညီပေးချင်ပေမယ့် သူမရဲ့မျက်လုံးထဲက ပြတ်သားခိုင်မာနေတဲ့စိတ်တွေကို ရိပ်စားမိလိုက်သည်. ဒါကြောင့်ပဲ သူရပ်နေတဲ့နေရာမှာ ရပ်မြဲရပ်နေလိုက်တော့သည်။


ဒီလိုနဲ့ပင် လင်ရှန်းက မြင်းပေါ်ကို အကြိမ်ကြိမ်အခါခါကိုပဲ တက်စီးခဲ့ပါတယ်. အကြိမ်တိုင်းအကြိမ်တိုင်းမှာလဲ 'ဝူရင်' က သူမကို ခါချခဲ့ပါတယ်. ဒီလိုမျိုးတွေ ဆက်တိုက်ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်မှာတော့ တုဟောင်ရဲ့နှုတ်က ပွင့်ဟလာခဲ့ပါတယ်။


"ပြိုင်ပွဲက ဖြစ်မှာမဟုတ်တော့ဘူး."


ကုဇောင်!"


"ဒီငယ်သား ရှိပါတယ်. "


"နန်းတော်ကိုပဲ ပြန်ကြရအောင်"


တုဟောင်က တင်းတင်းမာမာမျက်နှာထားဖြင့် နောက်သို့လှည့်ထွက်သွားလိုက်တော့သည်. ကုဇောင်ကလဲ သူ့ရဲ့ညာဘက်ခြမ်းကနေပြီး လိုက်ပါသွားခဲ့သည် ဒါပေမယ့် သူက နောက်ပြန်လှည့်ပြီးတော့ ထူးဆန်းတဲ့အမူအရာတစ်မျိုးဖြင့် လင်ရှန်းကို ကြည့်သွားခဲ့သည်။


အိမ်ရှေ့စံမင်းသား ပြန်သွားတဲ့အချိန်ကတည်းက ကြည့်ရှုရန် ပွဲကောင်းလေးက နောက်ထပ်မရှိတော့ပါဘူး. လူတိုင်းကလဲ အလျိုလျိုထွက်ခွာသွားကြတော့သည်. မကြာခင်မှာပဲ လင်ရှန်းနှင့်လိန်ဖန်သာလျှင် ကျန်ရှိနေတော့သည်။


လင်ရှန်းကိုကြည့်ရတာ အနည်းငယ်လေးတော့ ရင်သပ်ရှုမောဖွယ်ရာကောင်းနေပါသေးတယ်. ဘာလို့လဲဆိုတော့ သူမတက်ဖို့ကြိုးစားတဲ့ အကြိမ်တော်တော်များက ကျရှုံးခဲ့လို့မဟုတ်ပါဘူး. အဲဒီအစား သူမမှာ ရှိနေတဲ့ ပြဿနာ ကို ရုတ်တရက်ပြောင်းလဲဖြေရှင်းဖို့ ညှိယူနေခဲ့လို့ပါပဲ.


ခဏကြာပြီးတဲ့နောက်မှာတော့ သူမ အဲဒီအရာကနေ ရုန်းထွက်နိုင်သွားခဲ့ပါပြီ. 'အဓိပ္ပာယ်က....ငါ က ပြိုင်စရာမလိုတော့ဘူးပေါ့!?!'


သူမရဲ့မျက်လုံးက တောက်ပလို့သွားပြီးတော့ သူမရဲ့လက်မောင်းကနေ နာကျင်လာမှုက လျော့ကျသွားသလိုတောင် ထင်လိုက်ရပါတယ်. သူမက သူမရဲ့ခေါင်းကိုမော့လိုက်ပြီးတော့ လိန်ဖန်နှင့် ​မျက်လုံးချင်းဆိုင်လိုက်ပါတယ်. သူမက လိန်ဖန်ကို ပေါချာချာလေး ပြုံးပြလိုက်ခဲ့ပါတယ်။


အနာဂတ်က လိန်ဖန်က သူ့ကိုယ်သူပြန်မေးလိုက်ပါတယ်. 'ငါ ဘယ်အချိန်ကနေစပြီးတော့ ဒီမိန်းက​လေးကို ချစ်မိသွားခဲ့တာများလဲ' သူ့စိတ်ထဲ​မှာ ပထမဆုံးပေါ်လာတဲ့အရာကတော့ သူမရဲ့ပေါချာချာအပြုံးလေးပါဘဲ။


End.....