Chapter 24
Viewers 9k

အပိုင်း(၂၄)


လ၏တစ်လက လွန်မြောက်လို့ သွားခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ တော်ဝင်နန်းတွင်း လေးမြှား မြင်းစီးအတတ်ပြိုင်ပွဲကလဲ အလွန်လျင်မြန်စွာနဲ့ နီးကပ်လာခဲ့ပါတယ်။


လင်ရှန်း က နေ့စဉ်နေ့တိုင်းပဲ လေ့ကျင့်ရေး ပြုလုပ်ရန် သွားခဲ့ပါတယ်. 'ဝူရင်' က သူမကို ဆက်လက်၍ လျစ်လျုရှုထားပေမယ့်လည်း အနည်းဆုံးတော့ သူက နောက်ထပ် ထပ်ပြီးတော့ သူမကို ခါချဖို့ မကြိုးစားတော့ပါဘူး. မြင်းတွေကလဲ လူသားတွေလိုပဲ ဖြစ်လို့နေမှာပါ. တစ်ခုခုက သူတို့ကို ခဏခဏ လာနှောက်ယှက်တဲ့ အကြိမ်အရေတွက်များလာရင်တော့ သူတို့က ထုံပေပေဖြစ်သွားပြီး ကျင့်သားရသွားတာပါပဲ. ပြောဖို့မလိုတာကတော့ လင်ရှန်းက တော်ရုံတန်ရုံနဲ့ အရှက်ရှိမယ့်သူ တစ်ယောက် မဟုတ်ပါဘူး. သူမက အဝါရောင်သတိပေးမျဉ်းကို ရောက်တာတောင် ရပ်ဖို့လုပ်မယ့်သူ မဟုတ်ပါဘူး။


လိန်ဖန်ရဲ့သင်ကြားပြသပေးမှု အောက်မှာတော့ လင်ရှန်းရဲ့ မြင်းစီးနိုင်စွမ်းက အတော်လေးတိုးတက်လာတယ်လို့ ဆိုရမှာပါပဲ. သို့သော်လည်း လင်ရှန်းက စိတ်ကျေနပ်မှု မရှိခဲ့ပါဘူး. သူမရဲ့ပန်းတိုင်က ပြိုင်ဘက်ကင်းပထမဆုရှင် ဖြစ်ဖို့ပါ. ဒါပေမယ့် သူမရဲ့လက်ရှိအဆင့်အရ ဆိုရင်တော့ သူမက ကျိမ်းသေပေါက်ကို အနိုင်ရရှိနိုင်မှာမဟုတ်ပါဘူး. အဲဒီအကြောင်းအရင်းကြောင့်ပင် သူမက တစ်ခြားနည်းဗျူဟာတစ်မျိုးနဲ့ ကလိမ်ကကျစ်ကျဖို့ ကြိုးစားနေပါတယ်။


ပြောရမယ်ဆိုရင်တော့ ဒီလေးမြှားမြင်းစီးအတတ်ပြိုင်ပွဲက တစ်ဦးချင်းပြိုင်ရမယ့် ပြိုင်ပွဲတစ်ခု မဟုတ်ခဲ့ပါဘူး. အမှန်တကယ်တော့ အုပ်စုလိုက် ယှဉ်ပြိုင်ရမှာပါ. စုစုပေါင်း အသင်းလေးသင်းရှိမှာပါ. ကောင်းကင်ဘုံအသင်းက


အိမ်ရှေ့စံမင်းသားဦးဆောင်မှာ ဖြစ်ပြီးတော့. သူ့ရဲ့အသင်းတွင် အခြားမင်းညီမင်းသားတွေလဲပါဝင်နေပါသေးတယ်. ကုန်းမြေအသင်းကတော့ တတိယမင်းသား တုဂျင်ခေါင်းဆောင်မှာပါ. သူ့ရဲ့အသင်းမှာတော့ မင်းညီမင်းသားတွေနှင့် တော်ဝင်ဦးရီးတော်တစ်ချို့ရဲ့သားများလည်း ပါဝင်ပါတယ်. နောက်ဆုံးကျန်ရှိတဲ့ နှစ်သင်းကတော့ မင်းမှုထမ်းတွေရဲ့အသင်းပဲဖြစ်သည်. ပညာရှင်အသင်းကိုတော့ တော်ဝင်အကြံပေးရဲ့သားတစ်ယောက်ဖြစ်တဲ့


လျိုချင်းယွင်ကခေါင်းဆောင်မှာပါ. နောက်ဆုံးကျန်တာကတော့ ‌လင်ရှန်းရဲ့အစ်ကိုဖြစ်တဲ့ စုန့်လင်းဖန် ခေါင်းဆောင်​၍ သူမပါဝင်နေတဲ့ ရွှေရောင်အသင်းပင် ဖြစ်ပါတယ်။


လင်ရှန်းက သူမ၏စိတ်ထဲတွင် ခေါင်းဆောင်တစ်ဦးချင်းစီကို လျင်မြန်စွာနဲ့ ချက်ကျစွာဖြင့် သုံးသပ်​ေနပါတယ်. 'ပထမဆုံး လျိုချင်းယွင်. စုံစမ်းကြည့်ရသလောက်ဆိုရင်တော့ သူက ကလေးဘဝထဲက အိမ်ရှေ့စံမင်းသားနဲ့အတူတူကြီးပြင်းလာခဲ့ကြတာ ပြီးတော့ သူနဲ့ကလည်း တော်တော်လေးကို ရင်းနှီးကျွမ်းဝင်မှု ရှိတယ်လို့ ပြောလို့ရတယ်။ ဒါ့ကြောင့် သူက သေချာပေါက်ကို တုဟောင်ရဲ့ရှေ့ကနေပြီး အကျောရဖို့ ကြိုးပမ်းမှာတော့ မဟုတ်ဘူး။ သူကတော့ ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ ထည့်တွက်ဖို့တော့ မလိုလောက်ဘူးပဲ။'


'နောက်တစ်ယောက်က တုဂျင်ပဲ။' လင်ရှန်းရဲ့အတွေးထဲမှာတော့ အကယ်၍ ပေးအပ်မယ့်ဆုကသာ မိန်းမချောမိန်းမလှလေး တစ်ယောက်ဆိုရင်တော့ တုဂျင်ကသာလျင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ချေ ရှိတာ ဖြစ်သည်. ရွှေ၊ ငွေနှင့် အခြားအဖိုးထိုက်တန်တဲ့ရတနာတွေလောက်နဲ့ကတော့ တုဂျင်ကစိတ်ဝင်စားလောက်မယ်လို့တော့ သူမက မထင်ခဲ့ပါဘူး။ ထို့ကြောင့် သူမက သူ့ကို ခြိမ်းခြောက်နိုင်တဲ့အထဲကနေ ဖယ်ရှားပစ်လိုက်ပါတယ်။


'အဲဒါဆိုတော့ အခြေခံအားဖြင့် သူမရဲ့တစ်ခုတည်းသော အတားအဆီးကတော့တုဟောင်ပဲ'


တုဟောင်အကြောင်းကို တွေးမိလေလေ လင်ရှန်းကို စိတ်တိုစရာပဲ ဖြစ်စေသည်. သူမက ဆုကို မရနိုင်ခဲ့ရင်တောင်မှ သူမ ဘယ်နည်းနဲ့မှ သူ့ကိုတော့ ဆု ရမသွားစေရဘူး! 'လူကြီးလူကောင်းတစ်ယောက်က ကလဲ့စားချေဖို့ဆိုရင် ဆယ်နှစ်ဆယ်မိုးနေလဲနောက်မကျဘူးတဲ့လား။ မိန်းမတစ်ယောက် ကလဲ့စားချေဖို့ဆိုရင်တော့ သူမက ရှင့်ကိုနောက်တစ်နေ့မှာပဲ ကလဲ့စားချေတာကို ပြလိမ့်မှာပဲ!'


ထို့ကြောင့် ပြိုင်ပွဲမစတင်ခင်နေ့တွင် လင်ရှန်းက ပုံမှန်အတိုင်း လေ့ကျင့်တာကို လုပ်တဲ့အနေနဲ့သွားကာ မြင်းဇောင်းထဲကိုဝင်၍ 'ချီမိန်'ရဲ့မြင်းစာထဲသို့ "မြင်းဆေးမှုန့်" တွေကို လျို့ဝှက်စွာဖြင့် ရောထည့်ထားခဲ့လိုက်သည်။


"မြင်းဆေးမှုန့်" ကိုတော့ လင်ရှန်းက မှောင်ခိုဈေးကွက်ထဲကနေ အထူးတလည်ကို ရှာ၍ ဝယ်ယူခဲ့တာပဲဖြစ်သည်. သိရသလောက်ကတော့ အဲဒီအမှုန့်က မြင်းတစ်ကောင်ကို လန်းဆန်းတက်ကြွစေတဲ့ ဂုဏ်သတ္တိရှိ​ေစပြီးတော့ ပမာဏအနည်းငယ်လောက်ကတောင် မြင်းတစ်ကောင်ကို ပြိုင်ပွဲမှာ စိတ်ကစဉ်ကလျားဖြစ်စေနိုင်တာပဲ ဖြစ်သည်. သူ့ရဲ့အရှိန်နှုန်းက မြင်းစီးသူတစ်ယောက်အနေနဲ့ မြင်းကို ထိန်းချုပ်နိုင်ဖို့ အလွန်ခက်ခဲစေမှာပဲဖြစ်သည်. သူ့ အပေါ်ထိုင်ပြီး မြှားပစ်နိုင်ဖို့ဆိုတာကတော့ မဖြစ်နိုင်လုနီးပါး အခြေအနေပဲ ဖြစ်ပေသည်။


မြင်းက ပြိုင်ပွဲအတွင်းမှာပဲ မူမမှန်ပဲ ရှုးသွတ်နေမှာဆိုရင်တော့ လင်ရှန်းရဲ့အစီအစဉ်ကခြောက်ပစ်ကင်း သဲလဲစင်နေမှာပဲဖြစ်​ပေသည်. ဘယ်သူကမှလဲ သူမ လုပ်တာလို့ ပြောနိုင်မှာမဟုတ်ပါဘူး။


ဒါပေမယ့် လင်ရှန်း ခန့်မှန်းလို့မရနိုင်ခဲ့တဲ့ ပြိုင်ဘက်တစ်ယောက်က ရှိနေခဲ့ပါတယ်. အဲဒီလူကတော့ တုဂျင်ပဲ ဖြစ်ပေသည်. သူက ကြည့်လိုက်ရင်တော့ ပြိုင်ပွဲမှာ ပေးမယ့်ဆုကို စိတ်မဝင်စားတဲ့ပုံစံနဲ့ပါပဲ. ဒါပေမယ့် သူ့ရဲ့ရည်မှန်းချက်ကတော့ ပထမဆုထက်ကို ကျော်လွန်နေတာ အသေချာပဲဖြစ်သည်. သူက သူ့ရဲ့ရန်သူတွေကို ဆိုးဆိုးရွားရွားကြီးကို ဖျက်ဆီးပစ်ချင်နေတာပဲဖြစ်သည်. ဘာကြောင့်လဲဆိုတော့ သူက ကွေ့မိန်အား မြင်းတွေအကုန်လုံးကို ဆေးခပ်​ေစဖို့ အမိန့်ပေးထားခဲ့တာ ဖြစ်​နေလို့ပါ။


နောက်ပြီးတော့ သူ ကွေ့မိန်ကို ပေးလိုက်တဲ့ဆေးကလဲ လင်ရှန်း ခပ်ခဲ့တဲ့ဆေးနဲ့ အတူတူ ဖြစ်​နေလို့ပါပဲ။


သိထားရမှာကတော့ မြင်းတွေက ဆေးပမာဏအနည်းငယ် ဆေးအခပ်ခံရတာတောင် မြင်းတွေကို ထိန်းချုပ်နိုင်ရုံလေး ရှိစေမှာဖြစ်တယ်. အကယ်၍ အများကြီး အသုံး​ပြု ခဲ့မယ်ဆိုရင်တော့ သူတို့က ထိန်းချုပ်လို့မရနိုင်အောင် လုံးဝရှုးသွတ်စေမှာပဲဖြစ်သည်။ လင်ရှန်းနှင့်ကွေ့မိန်တို့ နှစ်ယောက်လုံးက ကောင်းကင်ဘုံ အသင်းကို ဆေးနှစ်ခါတောင် ခပ်မိလျက်သား​ဖြစ်သွားခဲ့တော့ကပ်ဘေးဆိုးက ပေါ်ပေါက်လာခဲ့ပါတော့တယ်။


အဲဒီညမှာတော့ တုဟောင်ရဲ့အချစ်တော် 'ချီမိန်'အပါအဝင် ကောင်းကင်ဘုံ အသင်းတွင်ရှိသော မြင်းတွေအားလုံးက လုံးဝကို ရှုးသွပ်သွားကြကာ ထိန်းချုပ်မှုလွတ်သွားခဲ့ပါတယ်. တစ်ညလုံးပဲ သူတို့တွေက မရပ်မနားဘဲ ဟီသံပေးနေကြပါတယ်. မနက်ခင်းရောက်တဲ့အချိန်မှာတော့ မြင်းရှစ်ကောင်လုံးက အမောဆို့နေပြီးတော့ လှုပ်ရှားလို့မရနိုင်တော့တဲ့ အခြေအနေကို ရောက်ရှိသွားပါတော့တယ်။


လူအားလုံးက အံ့အားသင့်စွာဖြင့် ကြက်သေ သေသွားခဲ့ကြပါတယ်. အထူးသဖြင့် ဉာဏ်များတတ်တဲ့ တုဂျင်တောင်မှပါဘဲ။ တုဂျင်က ကွေ့မိန်အား ပြင်းပြင်းထန်ထန်ကို အော်ဟစ်ဆူပူ ကြိမ်းမောင်းလိုက်ခဲ့ပါတယ်။ သနားစဖွယ်ကွေ့မိန်ကတော့ သူမ ဘာမှားလုပ်မိခဲ့လဲဆိုတာကိုတောင် ခန့်မှန်းလို့မရခဲ့ပါဘူး။


ဒီမတော်တဆဖြစ်ပျက်မှု အကြောင်းအရာက အင်ပါယာရဲ့နားတော်အထိတောင် ပေါက်ကြားသွားခဲ့ပြီးတော့ အင်ပါယာက အရမ်းကိုစိတ်ဆိုးကာ ဒေါသထွက်သွားခဲ့ပါတယ်။


'ဘာတွေဘယ်လို ဖြစ်သွားရတာတုန်း။ ဒီပြိုင်ပွဲက တစ်နှစ်မှာ တစ်ကြိမ်လေးပဲ ကျင်းပရတာပဲ. နောက်ကျတာပဲဖြစ်ဖြစ်၊ ဖျတ်သိမ်းတာပဲဖြစ်ဖြစ် ဘာတစ်ခုမှ လုပ်လို့မရနိုင်ဘူးပဲ။ သိသာတာကတော့ တစ်ယောက်ယောက်က တမင်ထိခိုက်အောင်လုပ်ဖို့ လျို့ဝှက်ကြံစည်လိုက်တာပဲ ဖြစ်ရလိမ့်မယ်. သူတို့တွေ တော်တော်လုပ်ရဲလှချည်လား?' အင်ပါယာက ဒေါသတကြီးနဲ့ မြင်းထိန်းအားလုံးကို ရာထူးနေရာမှ ထုတ်ပယ်လိုက်ပြီးတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အလုံးစုံသိရဖို့ကို သူက စုံစမ်းဖော်ထုတ်မှာဖြစ်တဲ့အကြောင်းကို ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်. နောက်ပြီးတော့လဲ ပြိုင်ပွဲကို ဆက်လက်ကျင်းပမြဲ ကျင်းပ​ေစလိုက်ပါတယ်. ဒါပေမယ့်လည်း မြင်းတွေကတော့ မရှိနိုင်တော့ပါဘူး။


ဒါကြောင့် လေးမြှား မြင်းစီးအတတ်ပြိုင်ပွဲက အခုတော့ လေးမြှားပြိုင်ပွဲတစ်ခုပဲ ရှိပါတော့တယ်။


လင်ရှန်းက အဆုံးသတ်တော့ သူမရဲ့လုပ်ရပ်ကို နောင်တရလို့နေခဲ့ပါပြီ. 'သူမသာ မြင်းဆေးမှုန့်တွေအများကြီး မထည့်ခဲ့ဘူးဆိုရင်တော့လား.....' အခုတော့ တုဟောင်ကတော့ ဆက်ပြီး အကျိုးရှိနေတုန်းပဲလေ. 'သူမအတွက်ကတော့လား......'လင်ရှန်း သူမရဲ့ လေးနဲ့မြှားကို ကောက်ယူလိုက်ပါတယ်. 'ဘာလို့များ မြင်းစီးအတတ်ပညာအစား မြှားပစ်အတတ်ပညာတစ်ခုတည်းနဲ့ပဲ ဆက်ပြီးကျင်းပစေရတာလဲလို့ ?' T_T


အင်ပါယာက ဘာမှမလုပ်နိုင်ခဲ့ဘဲ စိတ်ထင်တိုင်းမဖြစ်ခဲ့၍ မချင့်မရဲဖြစ်သွားခဲ့ပါတယ်. မူလကတော့ ဒီလိုမျိုးစွမ်းရည်ပြိုင်ပွဲကို ကျင်းပစေပြီးတော့ တစ်ဦးချင်းစီရဲ့စွမ်းရည်စွမ်းပကား ရွက်ပုန်းသီးတွေကို ထုတ်ဖော်ထားဖို့ ရည်ရွယ်ထားခဲ့တာ! သူက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်အတိုင်းရှိတဲ့မွေးရာပါ စွမ်းပကားတွေကို ကောင်းကောင်းကြီး သိချင်ယုံသာမကဘူး၊ လူငယ်မျိုးဆက်သစ်တွေရဲ့ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းကိုလဲ သိချင်ခဲ့တာ. အခုတော့လား လူတိုင်းက ပါဝင်ယှဉ်ပြိုင်ဖို့တောင် နှုတ်ထွက်ချင်နေကြပြီ. သူဘယ်လိုလုပ်ပြီး စိတ်ပျက်လက်ပျက်မဖြစ်ဘဲ နေနိုင်ပါ့မလဲ။


ထို့ကြောင့်ပင် အင်ပါယာက သူ့ရဲ့မှူးကြီးမတ်ရာတွေနဲ့ ဆွေးနွေးမှုတစ်ခု လုပ်ဆောင်ခဲ့ပြီးတော့ လေးမြှားအတတ်ပြိုင်ပွဲရဲ့ရှေ့မှာ လူအများ စိတ်ဝင်တစားနဲ့ ထိပ်ဆုံးရောက်စေတဲ့ အရာတစ်ခုကို ထပ်ပြီးထည့်လိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်. သူက ရတနာသိုက်ရှာဖွေရတဲ့ ကစားနည်းတစ်ခုကို ထပ်ထည့်လိုက်တာပဲ ဖြစ်တယ်။ 'လျို့ဝှက်စွာထားရှိထားတဲ့ အရှေ့တရုတ်ပင်လယ်၏ ညလင်းပုလဲရတနာကို ရှာနိုင်တဲ့ မည်သူမဆိုကို ပြိုင်ပွဲရဲ့ပထမဆုရှင်အဖြစ် ပေးအပ်နှင်းမည်. ပြိင်ပွဲပထမဆုရှင်ကို ကြီးကျယ်ခမ်းနားတဲ့ဆုတစ်ခုကိုလဲ ပေးအပ်နှင်းသွားမည်။'


အင်ပါရာရဲ့ အမိန့်ကြေငြာချက်က ထွက်ပေါ်လာခဲ့တာနှင့်တစ်ပြိုင်နက်အုတ်အော် သောင်းနင်းနဲ့ ပွတ်လောရိုက်ကာ ဆူညံသွားခဲ့ပါတယ်။


လင်ရှန်းတောင် ဆောက်တည်ရာမရဖြစ်စွာ ကယောင်ချောက်ချားဖြင့် တုန်လှုပ်လုနီးနီး ဖြစ်သွားပါတယ်. 'ဝိုး!!! ဒီလိုမျိုးကိုမှ ပြိုင်ပွဲလို့ခေါ်ရမှာ! မြင်းစီးတာတွေ မြှားပစ်တာတွေ ဘယ်သူက ဂရုစိုက်မှာတဲ့လဲ!? ပုံမှန်အတိုင်းလေးပဲပေါ့။ ရတနာသိုက်ရှာဖွေတဲ့ကစားနည်းဆိုတာက ရှာဖို့သွားလိုက်ရုံပဲလေ! ပြီးတော့လဲ အဲဒါက သူမရဲ့စွမ်းအားသုံးစွဲမှုကို လဲ လျော့ချလို့ရနေတာပဲ!!! လင်ရှန်းက အလွန်အူမြူးရွှင်လန်းစွာဖြင့် သူမ အစ်ကိုဖြစ်တဲ့သူရဲ့ စီမံညွန်ကြားမှုတွေကို နားထောင်နေပါတယ်။


"သခင်လေးယန်နဲ့စစ်သူကြီးလီ ခင်ဗျားတို့တွေက ဒီအပိုင်းအတွက် တာဝန်ယူရမယ်. အစ်ကိုမို ...ခင်ဗျားကတော့ ဒီအပိုင်းကို တာဝန်ယူ. အစ်ကိုချန် ခင်ဗျားကတော့ ဒီအပိုင်းကိုတာဝန်ယူရင်ကောင်းလိမ့်မယ်..." စုန့်လင်းဖန်က လူတိုင်းကို တာဝန်ကိုယ်စီ ခွဲဝေနေပါတယ်. နောက်ဆုံးအနေနဲ့ သူ့ရဲ့မျက်လုံးက လင်ရှန်းအပေါ်ကို ကျရောက်လို့သွားပါတယ်။


လင်ရှန်းက အရှုးတစ်ယောက်လိုမျိုး စပ်ဖြဲဖြဲနဲ့ သူမရဲ့ခွဲတမ်းကျတာဝန်ကို ပျော်ရွှင်မြူးစွာဖြင့် စောင့်မျှော်နေပါတယ်။


"မင်း" စုန့်လင်းဖန်က သူ့ရဲ့လက်ညိုးကို သူ့ရဲ့ပြဿနာအိုးညီမလေးဆီသို့ ထိုးညွန်လိုက်ပြီးတော့ " ငါ့နဲ့အတူတူသွားရမယ်"


'ဘာလဲ?!?! လင်ရှန်းက ထိတ်လန့်တုန်လှုပ်သွားပါတယ်. 'ကိုကြီးနဲ့လား။ ကိုကြီးဘာကိုဆိုလိုလိုက်တာလဲ။ ကျွန်မရဲ့နောက်ကနေ ''အစောင့်''လိုမျိုး တကောက်ကောက်နဲ့ လိုက်ချင်နေတယ်လို့‌တော့ ကျွန်မကို မပြောနဲ့နော်။ မရဘူး! ကျွန်မတစ်ယောက်တည်းပဲရှေ့ကနေ ဦးနေတာပဲ ဖြစ်ရမယ်!' လင်ရှန်းက ငြင်းဆန်ချင်ပေမယ့်လဲ စုန့်လင်းဖန်က သူ့မြင်ကွင်းထဲကနေ သူမကိုအပျောက်ခံမှာ မဟုတ်ပါဘူး။


သူမကိုယ်သူမပဲ မှီခိုအားထားလို့ရမယ်ဆိုတာကို လင်ရှန်း ကြိုတင်သိမြင်ခဲ့ပါတယ်. ပြိင်ပွဲမစတင်ခင်တုန်းကတည်းက သူမဘာသူမ တိတ်တိတ်လေး နဲ့မြေပုံတစ်ခုကို လျို့ဝှက်သိမ်းဆည်းထားခဲ့တာပါ. နောက်ပိုင်းတွင် သူမဘာသူမ တစ်ယောက်တည်း ရှာဖို့အခွင့်အရေးရှိလာခဲ့ရင် သွားရှာနိုင်ဖို့ပါ။


သို့သော်လည်း စုန့်လင်းဖန်က သူ့ညီမတော်ရဲ့အကြံကို ထိုးဖောက်ပြီးတော့ မြင်နိုင်ခဲ့ပါတယ်. ပြိုင်ပွဲစတင်တာနဲ့တစ်ပြိုင်နက် လူတိုင်းက တောအုပ်ထဲကို သွားနေကြပါပြီ. ဒါပေမယ့် သနားစရာလင်ရှန်းကတော့ သူမအကိုက သူမရဲ့အင်္ကျီကော်လံကို ဆွဲပြီးတော့ ဟန့်တားခြင်းခံနေရပါတယ်။


"စုန့်လောင်. နင် ငါ့ကိုပြဿနာ လာပေးရဲရင်တော့လား ငါကတိပေးတယ် နင် နောက်ထပ် နင့်ရဲ့ဘဝတစ်​လျှောက်လုံး တစ်ရက်မှ ကောင်းကောင်းမနေစေရဘူး" စုန့်လင်းဖန်က စူးစူးရဲရဲဖြင့် သူ့ညီမ​ဖြစ်သူကို စေ့စေ့ကြည့်ပြီးတော့ ခြိမ်းခြောက်လိုက်ပါတယ်. သူက အခြားလူတွေမမြင်ဖူးခဲ့တဲ့ သူ့ရဲ့အခြားတစ်ဖက်ခြမ်းကို ထုတ်ဖော်လို့ပြနေပါတယ်။


လင်ရှန်း တစ်ယောက် မရည်ရွယ်ဘဲနဲ့တောင် တုမင်ယွဲ့ကို တမ်းတပြီး​တော့ သက်ပြင်းချမိသွား​ေတာ့တယ်. 'အိုး မင်းသမီးရယ်! နင့်ရဲ့အချစ်ဆုံးကြီးကို ပြီးပြည့်စုံလွန်းတယ်လို့ နင်ထင်နေတာလား။ စုန့်လင်းဖန်ဘယ်လိုလူစားမျိုးဆိုတာ အမှန်အတိုင်းသိလို့ကတော့လား နင့်ရင်ထဲမှာ သူ့ကိုဆက်ထည့်ထားနိုင်ဦးမလားလို့။ ဘယ်လောက်ကောင်းတဲ့ဝမ်းနည်းဖွယ်ရာ ပုံပြင်လေးလဲ!။ ဝမ်းနည်းဖို့ ကောင်းသွားအောင် ငါ နင့်ကိုပြောပြပေးပါ့မယ်ဟာ!'


လင်ရှန်းက သူမရဲ့ခေါင်းကို ရမ်းခါရုန်းလိုက်ပေမယ့်လဲ စုန့်လင်းဖန်က သူမရဲ့အင်္ကျီကော်လံစကို လွှတ်မပေးခဲ့ပါဘူး. သူမက သူ့ရဲ့ဘေးမှာပဲ ခြေချုပ်မိ နေခဲ့ပါတယ်။


ပြိုင်ပွဲစတင်ခဲ့တာ နေ့လယ်တိတိတောင်ရောက်ရှိနေပြီးတော့ နေဝင်တဲ့အချိန်အထိ ဆက်လက်ယှဉ်ပြိုင်နေကြမှာပါ. လင်ရှန်း မှာ တော့ခဏတစ်ဖြုတ် လစ်ထွက်သွားမယ့် အခွင့်အရေးလေးတစ်ခုတောင် ရှာမရခဲ့ပါဘူး. နောက်ဆုံးတော့ နေဝင်လုနီးပါးအချိန်ရောက်တဲ့အခါမှာတော့ စုန့်လင်းဖန်က ပြောလိုက်တယ်.


"အချိန်ပြည့်သွားပြီ. သွားကြစို့"


'ဟယ်လို! ရှင် ရှုးများရှုးနေလား။ ကျွန်မ က ရတနာရှာဖို့ ဒီနေရာကို ရောက်လာခဲ့တာလေ၊ နေရာအကုန်လုံးတောင် လှည့်ပတ်မကြည့်ရသေးဘဲနဲ့များ. ရှင့်ရဲ့အခွင့်အရေးကို ဒီလိုလွယ်လွယ်လေး လက်လွှတ်ဖို့ ကြိုးစား​ေနရင်တောင်မှ ရှင် ဒီလိုတော့ မလုပ်သင့်ဘူး မဟုတ်လား!? လင်ရှန်း ဒေါသူပုန်ထသွားပြီးတော့ အလျင်စလိုပဲ ပြောလိုက်တယ်. "ညီမလေး သေးပေါက်ချင်တယ်"


End...