Chapter 25
Viewers 11k

အပိုင်း(၂၅)


စုန့်လင်းဖန်ရဲ့ နဖူးပြင်က တွန့်လိမ်လို့သွားကာ- "ပြန်အောင့်ထားလိုက်"


"မအောင့်ထားနိုင်ပါဘူး" လင်ရှန်းက စိတ်ဆိုးမာန်ဆိုးနဲ့ပင် ပြန်ကာပြောလိုက်ပါတယ်.


"ကိုကြီးက ယောကျ်ားလေး‌လေ၊ ဘယ်နေရာဖြစ်ဖြစ် ပေါက်လို့ရတယ်၊ ညီမလေးက မိန်းကလေးတစ်ယောက်ပဲ။ ညီမလေး တစ်နေ့လုံးတောင် အောင့်ထားခဲ့ပြီးသွားပြီနော်၊ တကယ်လို့ ဆက်ပြီးအောင့်ထားအုံးမယ်ဆိုရင်တော့ ညီမလေးရဲ့ အတွင်းအင်္ဂါတွေ ထိခိုက်သွားလိမ့်မယ်၊ ညီမလေး သေးပေါက်ချင်တယ်.. ညီမလေး သေးပေါက်ချင်နေပြီ........... ညီမလေး သေးပေါက်ချင်နေပြီ.!!!!"


"အိုး ဗုဒ္ဓမြတ်စွာဘုရား နင်ကတော့လေ တကယ့်အရှုပ်ထုပ်ပဲ!" စုန့်လင်းဖန်က မျက်နှာရှစ်ခေါက်ချိုးနဲ့ သူ့ရဲ့လက်ကိုဝေ့ရမ်းလိုက်ပါတယ်. "မြန်မြန်လေး သွားလိုက်၊ အခြားရှုးကြောင်ကြောင်နဲ့ပေါက်ကရလုပ်ဖို့တော့ စဥ်းတောင် မစဉ်းစားလိုက်နဲ့. တောအုပ်ထဲမှာ ညဘက်ဆို အရမ်းအန္တရာယ်ရှိတယ်နော်"


လင်ရှန်း က သူမ လျှာကိုတစ်လစ်ထုတ်လိုက်ပြီးတော့ 'ပြိုင်ပွဲ က ပြီးလုနီးပါးတောင်ဖြစ်နေပြီ . ငါ ပြောရဲတယ် ငါ့ရဲ့ရတနာတွေကတော့ အခြားသူတွေရှာတွေ့လို့တောင် ပြီးနေမှာ သေချာနေတာပဲကို ၊ဘာလို့အခု မှ ငါက သွားရှာနေရအုံးမှာလဲ' သူမ တစ်ယောက်တည်းတွေးတောရင်းနဲ့ပင် တောနက်ထဲကို စိတ်ချလက်ချနဲ့ဝင်ရောက်သွားပါတယ်။


သူမ ကိစ္စရှင်းရန် ဆောင့်ကြောင့်၍ ထိုင်ချလိုက်တဲ့အခိုက်မှာပဲ ရင်းနှီးတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရပါတယ်။


'တုဟောင်များလား?!?'


လင်ရှန်း ခဏပိုင်းလောက် တန့်ခနဲဖြစ်သွားပါတယ် ဒါပေမယ့် သူမ က အလောသုံးဆယ်ဖြင့် သူမရဲ့ကိစ္စကို မြန်မြန်လေးပြီးအောင်လုပ်လိုက်ပြီးတော့ သူမရဲ့ခါးကြားနားမှာ သိုဝှက်သိမ်းဆည်းထားတဲ့ လောက်လေးခွကို ဆွဲထုတ်လိုက်ပါတယ်။


'ယောက်ျားကောင်းတစ်ယောက်အတွက် ကလဲ့စားချေဖို့က ဆယ်နှစ်ဆယ်မိုးစောင့်ရလဲ နောက်မကျဘူးတဲ့၊ မိန်းမတစ်ယောက် ကလဲ့စားချေဖို့ အတွက်ကတော့လား သူမက ရှင့်ကို မနက်ဖြန်ပဲ လုပ်ရလိမ့်မယ်!!!'


လင်ရှန်း သူမရဲ့အဘွားရွာမှာရှိခဲ့စဉ်တုန်း သူမ ကလေးမလေးဘဝကတည်းက လောက်လေးခွကို ကောင်းကောင်းကြီး ကျွမ်းကျင်ပိုင်နိုင်စွာ သုံးတတ်လာခဲ့တာပါ. အဲဒီအချိန်တုန်းက သူမက အခြားကလေးငယ်တစ်စုနဲ့ ​လျှောက်သဝေထိုးနေခဲ့ပြီးတော့ စာကလေးပစ်တမ်း ကစားလာခဲ့တာပါ. သူမရဲ့လောက်လေးခွပစ်တဲ့ သက်တမ်းတစ်လျောက်လုံးမှာတော့ သူမက ပြိုင်ဘက်ကင်းပါပဲ. သူမက ဒီလိုမျိုး ဩချလောက်ဖွယ်ရာနည်းပညာကို ပိုင်ဆိုင်ရကတည်းက သူမရဲ့ လောက်လေးခွကို အလွန်ယုံကြည်မှုအပြည့်ရှိစွာနဲ့ ဆောင်ထားခဲ့တာပဲ ဖြစ်လေတယ်. ပြီးခဲ့တဲ့အခေါက်တော်တော်များများက တုဟောင် သူမကို လုပ်ခဲ့တဲ့လုပ်ရပ်အပေါ်မှာ ကလဲ့စားပြန်ချေနိုင်ဖို့ကို နတ်ဘုရားတွေအထိတောင် ကျိန်တွယ်ထားခဲ့တာပါ။


နေလုံးကြီးကလဲ ဝင်စပြုလို့နေပြီးတော့ မိုးကောင်းကင်ကြီးကလဲ တဖြည်းဖြည်းနဲ့ မဲမှောင်လို့ လာနေပါပြီ. လင်ရှန်း က ခြုံခိုတိုက်ခိုက်ရန် ခြုံပုတ်တစ်ခုအနောက်နားတွင် ပုန်းကွယ်နေခဲ့ကာ တုဟောင်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူက တစ်ခုခုကို ချိန်ဆနေ၍ ခရီးဆက်လိုက်သည်. ရုတ်တရက်လေးအတွင်းမှာဘဲ တုဟောင်က ရပ်တန့်လိုက်ပြီးတော့ ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်။


'ဒီအခြေအနေကို အခွင့်အရေးယူပြီးတော့ ငါပစ်ရမယ်!'


လင်ရှန်း ချက်ချင်းပင် သူမရဲ့လေးခွကို ညို့တင်လိုက်ပြီးတော့ ချက်ကောင်းကို ချိန်တွယ်လိုက်ပါတယ်. သူမက တုန့်ဆိုင်းခြင်းမရှိဘဲနဲ့ ပစ်ချလိုက်ပါတော့တယ်။


နာနာကျင်ကျင်နဲ့အော်ဟစ်ငိုယိုသံကို ကြားရရန် သူမက မျှော်လင့်နေခဲ့တာပါ ဒါပေမယ့် အဲဒီအစား တုဟောင်က အရိပ်အယောင်ပင် တစ်စွန်းတစ်စတောင်မချန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့ပါတယ်။


လင်ရှန်း အံအားသင့်ကာ ကြက်သေ သေသွားခဲ့ပါတယ်. 'သူ ဘယ်ရောက်သွားတာလဲ?'


သူမ အလွန်ပင် စိတ်ရှုပ်ထွေးသွားပါတယ်. 'သူ ဘယ်လိုလုပ်ပြီးတော့ တခဏလေးအတွင်း ရောက်လာပြီးတော့ မျက်တောင်တစ်ခတ်အတွင်းမှာ ပြန်ပျောက်သွားရတာများလဲ။ သူက ငါ့ကို ရှာတွေ့သွားတာများလား?' သူမ စိတ်ဖိစီးသလိုတောင် ဖြစ်သွားပြီးတော့ သူမကို မြင်သွားမှာစိုး၍ နောက်ထပ် တုတ်တုတ်တောင် မလှုပ်ရဲတော့ပါဘူး. ထို့ကြောင့် ခြုံပုတ်ရဲ့နောက်ကွယ်ကနေပြီး တုဟောင်ထွက်သွားမယ့်အချိန်ထိ သူမ ဆောင့်ကြောင့်ထိုင်၍ စောင့်ဆိုင်း​နေလိုက်ပါတယ်။


လင်ရှန်း သတိရှိစွာဖြင့် မတ်တပ်ထရပ်လိုက်ကာ သူမရဲ့ခေါင်းကို နောက်သို့လှည့်လိုက်ပြီးတော့ သူမရဲ့အကို​ဖြစ်သူကို သွားရှာရန် ပြင်လိုက်သည်။


သူမ မတ်တပ်ထရပ်လိုက်တဲ့ အချိန်လေးအတွင်းမှာပဲ သစ်ရွက်​ခြောက်တွေက တစ်ချွမ်းချွမ်းမြည်သွားခဲ့လေတော့ တုဟောင်က သူ့ကို အလစ်ချောင်းမြောင်းတိုက်ခိုက်တဲ့လူအား အမိဖမ်းဖို့ရန် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး သူရဲ့ ဓားမြောင်တိုကို လင်ရှန်းရဲ့လည်ပင်းပေါ်တွင် ထောက်ထားခဲ့လိုက်တော့သည်။


လင်ရှန်းက အံ့အားသင့်စွာဖြင့် အငိုက်မိဖမ်းခံလိုက်ရတော့ ဖြည်းညင်းစွာနဲ့တစ်ပတ်လှည့်လိုက်တော့ သူတို့နှစ်ဦးလုံး မျက်လုံးချင်းဆုံမိသွားပါတော့တယ်. သူတို့နှစ်ယောက်လုံးပဲ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားကြတော့သည်။


တုဟောင်က မျက်မှောင်ကြုတ်လိုက်၍ - " ဘယ်လိုဖြစ်ပြီးတော့....."


သူ့စကား မဆုံးခင်မှာဘဲ လင်ရှန်းက ပြဿနာတော့တက်ပြီဆိုတာ သိခဲ့ပါတယ်. သူမက ကျယ်လောင်စွာနဲ့အော်ဟစ်လိုက်ကာ- "သတိထား!"


တုဟောင် အာရုံလွင့်သွားတဲ့အခိုက်မှာပဲ သူမက နောက်ပြန်လှည့်ပြီးတော့ သူမ ပြေးနိုင်သမျှ ပြေးလိုက်ပါတော့တယ်။


ဒီလိုထောက်ချောက်မျိုးနဲ့တော့ တုဟောင်ကို အရှုးကွက်လာနင်းလို့ မရခဲ့ပါဘူး. သူက လင်ရှန်းရဲ့ အကျီကော်လံစကို ဆွဲဖမ်းကိုင်လိုက်ပြီးတော့ သူမကို နောက်ကိုပြန်ဆွဲလိုက်နိုင်ပါတယ်. သူ့ရဲ့မျက်နှာပေါ်မှာတော့ ရက်စက်တတ်သူတစ်ယောက်ရဲ့အပြုံးတစ်ခုရှိနေခဲ့ကာ-


"မင်း ထွက်ပြေးလို့ရမယ်လို့ ထင်နေတာလား"


သူ့ရဲ့အသံက လင်ရှန်း ကို ဘာမှမခံစားရပေမယ့်လည်း သူမကို ထိတ်လန့်တုန်လှုပ်ကာ ကြောက်ရွံ့လို့သွားစေခဲ့ပါတယ်. လက်ရှိမှာတော့ သူမ ခံစားသိသမျှ အရာအားလုံးက အန္တရာယ်တွေချည်းပါပဲ. 'ပြောကြတာကတော့ ခွေးတွေကြောက်စိတ်မွှန်လာရင် သူတို့က နံရံပေါ်ကိုတောင် ခုန်ကျော်တက်နိုင်တယ်ဆိုလားပဲ. ကောင်းပြီလေ. သူမမှာလဲ ကြောက်အားကြီးလာရင်တော့ သူမလဲ ပုံမှန်မဟုတ်တဲ့အရာတွေကို သူမလဲလုပ်နိုင်မှာပဲလေ။'


လင်ရှန်း နောက်ပြန်လှည့်လိုက်၍ တွေဝေခြင်းအလျင်းမရှိဘဲ သူမရဲ့ခြေထောက်က အလိုအလျောက်ပင် တုဟောင်ရဲ့ပေါင်ခွကြားကို ဆောင့်၍ ကန်ထည့်လိုက်ပါတယ်။


ဒီ ကန်ချက်ကတော့ တုဟောင်ရဲ့ဘဝသက်တမ်းတစ်လျောက် သူ့ အသက်နှစ်ဆယ်အတောအတွင်းမှာတော့ မမေ့နိုင်တော့မယ့်ကန်ချက် ဖြစ်နေမှာတော့ မလွဲဧကန်ပင် ဖြစ်တော့သည်. အလွန်အမင်း နာကျင်ရလွန်း၍ သူ့ခမျှာ မတ်မတ်တောင်​ဖြောင့်အောင်မရပ်နိုင်ရှာခဲ့ပါဘူး. သို့သော်လည်း သူက လင်ရှန်းကိုတော့ လွတ်ထွက်သွားနိုင်ဖို့ ခွင့်မပြုခဲ့ပါဘူး. သူ့ရဲ့သွားတွေကို တင်းတင်းကြိတ်ရင်းနဲ့ ရှိရှိသမျှအားကုန်ကို သုံးပြီးတော့ ကြမ်းတမ်းစွာနဲ့ လင်ရှန်းကို ချုပ်ကိုင်ထားခဲ့ကာ သူမရဲ့လက်ကောက်ဝတ်ကိုပါ ဖမ်းဆွဲကိုင်ထားလိုက်သည်။


ဒါက မိန်းမတစ်ယောက်နှင့် ယောကျ်ားတစ်ယောက်ရဲ့ကြားက ကွာခြားမှုပင်ဖြစ်​ပေသည်။ ယောကျ်ားတစ်ယောက်က ဒဏ်ရာ ရ ထားခဲ့ရင်တောင်မှ မိန်းမတစ်ယောက်ကို ခြေတစ်လှမ်းမှ မရွေ့နိုင်အောင် ဖိနှိပ်နိုင်ဖို့ အားအင်ကျန်ရှိနေသေးတာပဲ ဖြစ်သည်။


လင်ရှန်းက သူမကို တုဟောင်ပြန်ဆွဲထားနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး. သူမ ပိုပြီးတော့ အတွေးတွေများလေလေ သူမ ပိုပြီးထိတ်လန့်ကြောက်ရွံ့လာလေ ဖြစ်နေပါတယ်. သူမက နောက်ထပ် ကန်ချက်တွေ ထပ်ဆင့်ကန်ကျောက်လိုက်ဖို့ပဲ အလျင်အမြန်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။


ဒါပေမယ့် ဒီတစ်ခါမှာတော့ တုဟောင်က သူ့ကိုယ်သူ အားပြန်သွင်းလိုက်ပါတယ်. သူက သူမရဲ့ကန်ချက်ကိုရှောင်ဖို့ ကြံရွယ်လိုက်ပေမယ့် အရင်တစ်ခါ အကန်ခံရတာကနေ နာနေတော့ သူ့ရဲ့ခြေထောက်တွေက အားနည်းလို့သွားခဲ့ပါတယ်. တစ်ချိန်တည်းမှာပဲ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားတဲ့ လူကတော့ လူးလွန့်ကာ အလွတ်ရုံးသွားပြီးတော့ လွတ်မြောက်လို့သွားပါတယ်. အဲဒီလို


အချိန်အနည်းငယ်အထိ ရုန်းရင်းဆန်ခတ်တွေဖြစ်သွားခဲ့ပြီးတော့ ရုတ်တရက် မြေပြင်ပေါ်ကို ဖိအားအနည်းငယ်လောက်သက်ရောက်သွားစေလိုက်ပြီး သူတို့တွေကို ထောင်ချောက်ထဲသို့ ကျရောက်လို့သွားစေခဲ့ပါတယ်. သူတို့နှစ်ယောက်လုံး ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘာတစ်ခုမျှ စဉ်းစားနိုင်စွမ်းမရှိတော့ဘဲ၊ ဘာသတိပေးချက်မှမရခဲ့ဘဲနဲ့ ရုတ်တရက်ကြီး နှစ်ယောက်စလုံးအတူတကွ မြေကျင်းထဲသို့ ပြုတ်ကျလို့ သွားခဲ့ပါတော့တယ်။


အစတုန်းက လင်ရှန်း ကိုယ်လွတ်ရုံးပြီး ထွက်ပြေးနိုင်ဖို့ကိုဘဲ အပတ်တကုတ်ကြိုးစားအားထုတ်နေခဲ့တာပါ. ရုတ်တရက်ကြီး ကောင်းကင်ကြီးက သူမရှေ့မှာ ချာလပတ်ရမ်းသွားခဲ့တော့ သူမ အပြင်းအထန်ကိုပဲ ဆောင့်အောင့်သွားပါတယ်. သူမရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေအားလုံး ပြုတ်ထွက်ကျသွားသလို ခံစားလိုက်ရပါတယ်. သူမ အလွန်အင်မတန်ကိုပဲ မူးနောက်လို့သွားခဲ့ပါတယ်. သူမရဲ့ခြေထောက်တစ်ချောင်းကတော့ နာကျင်မှုကြောင့် တော်တော်ထုံကျင်လို့သွားပြီး လှုပ်လို့တောင်မရတော့ပါဘူး. ဒါပေမယ့် ကံကောင်းစွာနဲ့ သူမရဲ့လက်တွေကတော့ အဆင်ပြေနေပါသေးတယ်. သူမ သွားကိုတင်းတင်းစေ့လိုက်ပြီးတော့ သူမ ဘေးပတ်ဝန်းကျင်ကို စမ်းကြည့်လိုက်တော့......ဟမ်...?? ဘာလို့ဒီလောက်တောင် ပျော့အိပျော့အိဖြစ်နေရတာလဲ???'


သူမရဲ့အောက်ဘက်ကနေပြီးတော့ အသံတစ်ခုက မိုးခြိမ်းသံလို


ဟိန်းခနဲထွက်ပေါ်လာပါတယ်-


"မင်း ဘယ်လောက်ကြာကြာထိ လိုက်ပြီးတော့ စမ်းနေဦးမှာလဲ"


ဟမ်... လင်ရှန်း ချက်ချင်းပင် သူမရဲ့မျက်လုံးတွေကို ဖွင့်ကြည့်မိလိုက်သည်. သူမရဲ့မျက်လုံးထဲကို အလင်းရောင်မှုန်ပြပြ အရင်ဝင်လာပြီးနောက်မှာတော့ အလွန်အမင်းစိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အမူအရာနဲ့ တုဟောင်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်. တစ်ချိန်တည်းမှာပဲ သူမရဲ့ကိုယ်ခန္တာတစ်ခုလုံးက တုဟောင်ကိုယ်ပေါ်မှာ ရောက်နေတာကို နားလည်လို့သွားပါတယ်. ပြီးတော့ သူမရဲ့လက်တစ်ဘက်ကလဲ သူ့မျက်နှာပေါ်ရောက်နေပြီး သူမက သူ့အပေါ်ကို ကုတ်ဖက်တက်ဖို့လဲ ကြိုးစားနေပါသေးတယ်. သူမရဲ့လက်ထဲက တုဟောင်ရဲ့ချောမောခန့်ညားတဲ့ မျက်နှာလေးကတော့ ပုံပျက်ပန်းပျက်ဖြစ်ကာ ရွဲ့စောင်းလို့နေပါတယ်။


လင်ရှန်း ကတိုက်ကရိုက်နဲ့ သူမရဲ့လက်နှစ်ဘက်လုံးကို လေထဲကို မြှောက်လိုက်မိသွားပါတယ်. တစ်ချိန်တည်းမှာပဲ သူမရဲ့ရေပန်းစားကျော်ကြားတဲ့ စကားဖြစ်တဲ့-


" အရှင့်သား ကျွန်တော်မျိုးမှားသွားပါတယ်!!"


တုဟောင်ရဲ့ပါးစပ်က ရှံ့မဲ့လို့သွားပြီးတော့ ဒေါသထွက်လွန်းလို့ လူတောင်သတ်ချင်မိသွားပါတယ်. ဟုတ်ပါတယ်. သူ သတ်ချင်တဲ့လူကတော့ သူ့ရဲ့ကိုယ်ပေါ်မှာပါ။


"မင်း အမှား မင်းသိတယ်ဆိုရင် ငါ့ကိုယ်ပေါ်ကနေ ဆင်းလိုက်စမ်း! မြန်မြန်!"


"အိုး အိုး အိုး!" လင်ရှန်းလဲ ကမန်းကတန်းနဲ့ဆင်းလိုက်မိစဉ်မှာပဲ "မတော်တဆ"လုပ်သလိုနဲ့ တုဟောင်ရဲ့ခြေထောက်နှစ်ချောင်းလုံးပေါ်ကို ဖိနင်းပြီးဆင်းချလိုက်ပါတယ်. ပြီးတော့လဲ "တစ်ချိန်တည်းမှာပဲ" သူ့ရဲ့အနာဟောင်းပေါ်ကိုလဲ ဖိနင်းပြီးဆင်းချလိုက်ပါတယ်။


တုဟောင်ရဲ့ ဒေါသအချောင်းလိုက်ထွက်နေတဲ့ အမူအရာကို မြင်လိုက်ရတော့ လင်ရှန်း တစ်ကျွတ်စ် ကျွတ်စ်နဲ့လုပ်လိုက်ပြီးတော့- "ကျွန်တော်မျိုး အရှင့်သား ကိုနာကျင်ရဖို့ တမင်ရည်ရွယ်ပြီးလုပ်တာ မဟုတ်ပါဘူး. အရှင့်သား၊ ကျွန်တော်မျိုး မှားသွားပါတယ်...အား..သတိထား! သူမပြောပြီးချင်း ချင်းမှာပဲ ကျောက်တုံးကျောက်ခဲတွေက တုဟောင်ရဲ့ခေါင်းပေါ်တည့်တည့်ကို အရှိန်ပြင်းစွာနဲ့ပြုတ်ကျလာခဲ့ပါတယ်။


ကျောက်တုံးတွေအတွက် လင်ရှန်း ငိုတောင်ငိုပေးချင်သွားပါတယ်. 'ကျောက်တုံးအကိုကြီးတို့ရယ် အကိုကြီးတို့ရဲ့ ကိုယ့်ကိုကိုယ် စွန့်လွှတ်အနစ်နာခံမှုက အရမ်းထိရှလိုက်တာ! ကျွန်မ ရှင်တို့တွေအတွက် တိတ်တဆိတ်ငြိမ်သက်ပြီးတော့တောင် ချီးကျူးဂုဏ်ပြုချင်လိုက်တာပဲရှင်'. ပြီးနောက် သူမ မလိမ့်တစ်ပတ်နဲ့တုဟောင်ကို ပြောလိုက်ပါတယ်- "အဲဒါ ကျွန်တော်မျိုး အမှား မဟုတ်ရပါဘူး အရှင့်သား၊ ကျွန်တော်မျိုး အရှင့်သားကို သတိပေးဖို့ ကြိုးစားခဲ့ပါသေးတယ်....အာ့ရား..


သတိထားဦး!"


တုဟောင် က ကျောက်တုံးကျောက်ခဲတွေကို ရှောင်တိမ်းဖို့ ကြိုးစားလိုက်ပါတယ်. ဒါပေမယ့် တကယ်တော့ အဲဒီကျောက်ခဲတွေက သူ့ရဲ့ဘေးတစ်ဘက်ခြမ်းကို ကျလာခဲ့တာပါ. သူ့ရဲ့ချောမောခန့်ညားတဲ့ မျက်နှာလေးမှာတော့ ပွမ်းပဲ့ခြစ်ရာ ဘတ်လပွနဲ့ ဖြစ်သွားခဲ့ပြန်ပါပြီ။


တုဟောင်ရဲ့စိတ်ထဲမှာတော့ ပူထူသွားခဲ့ကာ စကားပြောသံတစ်ခုကြားလိုက်ရတာကတော့-


" ကျွန်တော်မျိုး ပြောသားပဲ သတိထားပါလို့. ခုတော့ တကယ့်ကိုပဲ....ပြီးတော့ အရှင့်သားက အိမ်ရှေ့စံမင်းသားပဲလေ.."


လင်ရှန်း က တခွီခွီရယ်ချင်စိတ်ကို အပြင်မထွက်သွားအောင်လို့ ကြိုးစားနေပါတယ်။


အလွန်အမင်းဖြစ်ပေါ်လာတဲ့ ​မျှော်လင့်လို့မထာေသော ဒေါသမီးတွေက တုဟောင်ထံမှာ ထိန်းမနိုင်သိမ်းမနိုင် ပွင့်အံထွက်လာခဲ့ကာ လင်ရှန်းကို မြေကျင်းနံရံနဲ့ကျောချင်းကပ်ပြီး ဖိနှိပ်ထားလိုက်ပါတော့တယ်။


End....