Chapter 26
Viewers 11k

အပိုင်း(၂၆)


ထိခိုက်ဒဏ်ရာတွေရရှိနေ​ခဲ့တာတောင် တုဟောင်တစ်ယောက် သူမကို ဒီလိုမျိုးတွေ လုပ်နိုင်လောက်တဲ့အထိ အားအင်တွေအများကြီး ကျန်ရှိနေသေးလိမ့်မယ်ဆိုတာကို လင်ရှန်း မျှော်လင့်မထားခဲ့ပါဘူး. သူမ တစ်ကိုယ်အေးခဲလို့ တုန်ရင်သွားခဲ့ပါတယ်. သူမ တုံ့ပြန်လိုက်မိတဲ့အချိန်မှာတော့ သူမရဲ့ ကိုယ်ခန္တာတစ်ခုလုံးက စိုစွတ်ပြီး ပျော့လပြဲဖြစ်နေတဲ့ ရွှံ့နံရံထဲကို နစ်မြုတ်လုနီးပါး ကျရောက်လို့သွားခဲ့သည်. တုဟောင်ရဲ့ လက်နှစ်ဖက်လုံးကလည်း နံရံထဲသို့ လိုက်ဝင်သွားပြီးတော့ သူမနှင့်အလွန်ပင် နီးနီးကပ်ကပ်ကြီး အ​နေအထားဖြင့် သူမအားစိုက်ကြည့်နေခဲ့သည်။


အချိန်ခဏကြာတဲ့အထိတိုင်အောင် သူမရှေ့မှောက်တွင် ရှိနေ​ေသာလူက လိန်ဖန်လား တုဟောင်လားဆိုတာကိုတောင် လင်ရှန်း မ​ဝေခွဲနိုင်ခဲ့ပါဘူး. သို့သော်လည်း စက္ကန့်အနည်းငယ်လောက်ကြာသွားတဲ့အခါမှာတော့ တုဟောင်၏ဒေါသထွက်နေသော မျက်နှာကြီး ဖြစ်​နေတယ်ဆိုတာကို ချက်ချင်းလက်ငင်းကြီး ရှင်းလင်းလို့သွားသည်။


'လိန်ဖန် ဆိုရင်တော့ ဒီလောက်တောင်ကြောက်ဖို့ကောင်းမှာ မဟုတ်တာတော့ ကျိန်းသေနေတာပဲလေ!' လင်ရှန်း ဆက်ခနဲဆိုသလို ကြောင်အနေခဲ့ရာကနေ ရုန်းထွက်လိုက်ပါတယ်. တုဟောင်က သူမ ကို သတ်ချင်ဖြတ်ချင်တဲ့ပုံစံဖြင့် စိုက်ကြည့်နေတာကို ​ေတွ့ရသည်. သူမ ကိုယ့်ကိုယ်ကိုယ်မလုံမလဲဖြစ်သွားပြီးတော့ တုဟောင်ကို ဆင်ခြေပေးဖို့ကြိုးစားလိုက်ပါတယ်. –


" အရှင့်သား နိုင်ငံတစ်ခုမှာ သူ့ဥပဒေနဲ့သူ ရှိပြီးတော့ မိသားစုတစ်ခု မှာလဲ လိုက်နာရမယ့် စည်းကမ်းတွေရှိပါတယ်ခင်ဗျ၊ တကယ်လို့ အရှင့်သား ကျွန်တော်မျိုးကို သဘောမကျဘူးဆိုရင်တောင်မှ အရှင့်သား ကျွန်တော်မျိုးကို ဒီနေရာမှာ သတ်လိုက်လို့ မရပါဘူး၊ အကယ်၍ လူတွေသာ ဒီအကြောင်းကို ရှာတွေ့သွားရင် သူတို့က အရှင့်သားကို လှောင်ရယ်နေကြလိမ့်မယ်နော်! နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားက....အားနည်းပြီး အကာအကွယ်မဲ့နေတဲ့ ကြင်ရာတော်မင်းသား ကို....အား..! ခင်ဗျား ကျွန်တော့်ကို ရိုက်ချင်နေတာလား? အမ်.. ကျွန်တော့်မျက်နှာကိုတော့ ချမ်းသာပေးပါ..ငွေတွေအများကြီးရှာနိုင်ဖို့ ကျွန်တော်မျိုးရဲ့ မျက်နှာကိုတော့ လိုအပ်လို့ပါ !!"


လင်ရှန်းတစ်ယောက် တောင်စဉ်ရေမရနဲ့ ပေါက်ပန်းလေးဆယ်တွေ လျောက်ပြီးပြောနေခဲ့စဉ် တုဟောင်တစ်ယောက် စိတ်​တွေရှုပ်ထွေးနေခဲ့ပါတယ်။


'တော်တော်ကြီးကိုပဲ ဆင်လိုက်တာ၊ တကယ့်ကိုပဲ တူနေတာပဲ!'


လင်ရှန်းရဲ့မျက်နှာကို အနီးကပ်ကြည့်ရှုမိလိုက်တဲ့အခိုက်တွင် တစ်ချိန်တုန်းက သူ ချစ်မြတ်နိုးခဲ့ဖူးတဲ့ နန်းတွင်းသူလေးတစ်ယောက်နဲ့ ရုပ်ချင်းဆင်တူနေတာကို တုဟောင် သတိထားမိလိုက်သည်. ထို့ကြောင့် စုန့်လောင် နဲ့ တွေ့ဆုံလိုက်တဲ့ အချိန်တိုင်းပဲ မရည်ရွယ်ခဲ့ဘဲ သူ့ရဲ့ လှုပ်ရှားမှုတွေ အကုန်လုံးကို သူ သတိထားမိနေခဲ့သည်။


သို့ပေမယ့်လည်း စုန့်လောင်က သူချစ်မြတ်နိုးမိသွားခဲ့တဲ့ မိန်းကလေး မဟုတ်တာတော့ ကျိန်းသေပါတယ်. တကယ်တော့ စုန့်လောင်က ယောကျ်ားလေး တစ်ယောက်ပဲလေ၊ သူတို့နှစ်ယောက်က ရုပ်ချင်းဆင်နေခဲ့ရုံနဲ့တော့ သူ့ ခံစားချက်ကို မရောထွေးနေသင့်ဘူးပဲ. ဒီလိုဖြစ်နေတာက သူ့ပုံစံတော့ လုံးဝ မဟုတ်ဘူးပဲ။


ရလဒ်တစ်ခုအနေနဲ့ကတော့ သူ စုန့်လောင်ကို တွေ့လိုက်တဲ့ အကြိမ်တိုင်း အကြိမ်တိုင်းစီမှာ စုန့်လောင်အပေါ်တွင် တမင်တကာပင် ညှာတာမှုမရှိစွာ မတရားသဖြင့် ဆက်ဆံမိခဲ့သည်. စုန့်လောင် ကို သူ စနောက်ပြီးတော့


လူရယ်စရာဖြစ်အောင်ပဲ လုပ်ချင်နေမိသည်. ဒါမှသာ သူ့ကို အမှတ်မထားမိစေမှာ ဖြစ်လို့ပါ. သို့သော်လည်း သူ ပိုပြီးမေ့ပစ်ဖို့ ကြိုးစားလေလေ သူ‌ မေ့ဖို့ခက် လေလေ ပဲ ဖြစ်သွားတယ်. ဒီအချိန်အခိုက်တန့်တွင်တော့ သူ နှစ်သက်မြတ်နိုးရ​တဲ့ မိန်းကလေးနဲ့ စုန့်လောင်က ရုပ်ချင်းဆင်နေတယ်ဆိုတဲ့ ထူးခြားဆန်းကြယ်တဲ့အတွေးတစ်ခု တွေးထင်မိသွားသည်။


မြေကျင်းတစ်ခုလုံးက တဖြည်းဖြည်းချင်း မှောင်ရိပ်သန်းကာ မှောင်မဲလို့လာပါပြီ. သူ့ရဲခေါင်းပေါ်ကို ကျောက်ခဲတွေပြုတ်ကျ၍ ရိုက်မိထားခဲ့တာကြောင့် သူ့ ခေါင်းထဲတွင် မူးဝေနောက်ကျိနေဆဲပင်ဖြစ်သည်. ယောကျ်ားလေးသဘာဝအတိုင်း သူ့ရဲ့နှာခေါင်းထိပ်ဝမှ သွေးတွေက ပူ​နွေးလျှံတတ်လာကာ သူ့ရဲ့အတွေးတွေက ပရမ်းပတာဖြစ်သွားပြီး ထိန်းချုပ်မှုလွတ်ကင်းသွားခဲ့သည်. သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ပို၍နီးကပ်သွားအောင် ရှေ့ဆက်တိုးချင်လို့နေခဲ့ပါတယ်။


လင်ရှန်း မျက်လုံးများပင် ပြူးကျယ်ထွက်သွားခဲ့ပါတယ်. တုဟောင် က သူမ ကို တကယ်ကြီး မရိုက်ခဲ့ရုံတင်မကဘူး သူ က သူမ အနားကိုပဲ ပို၍ ​တိုးကပ်လာ​ေနခဲ့လို့ပါ။


'အိုး.. ဘုရားရေ.! တုဟောင်က ဂေး ဖြစ်နေခဲ့တာများလား???' လင်ရှန်းတစ်ယောက် သူမရဲ့စိတ်ထဲမှာ အား..ခနဲအော်ဟစ်လိုက်ပြီး အဆက်မပြတ်ရေရွတ်နေပါတယ်. 'အိုး.ဘယ်လို လောကကြီးလဲ. ငါ ဘယ်လိုဖြစ်ပြီးတော့ နားမလည်နိုင်ခဲ့ရတာလဲ။ သူ က ငါ့ အပေါ်အာရုံစိုက်ပြီး အနိုင်ယူနေတာက သူ ငါ့ ကို ကြိုက်နေခဲ့တာလား! ကောင်လေးတွေကပဲ သူတို့ ကြိုက်တဲ့ကောင်မလေးတွေကို နိုင်စားတတ်ကြတာ​ေလ ဟုတ်တယ် မဟုတ်လား? သူတို့က ဝန်လဲ မဝန်ခံရဲဘဲနဲ့ အဲဒီအစား ကောင်မလေးတွေကို လိုက်ပဲ စ စနေတတ်တာ. ငါ တော့ ဂြိုလ်ဆိုးဝင်နေပြီထင်တယ်. မိန်းကလေးတစ်ယောက်အဖြစ်နဲ့ ယောကျ်ားလေးတစ်ယောက်လို ဟန်ဆောင်ပြီးတော့ နားလည်မှုလွဲစရာတွေ ဖြစ်အောင်ဖန်တီးနေမိပြီပဲ!'


"အမ်.... အရှင့်သား...ကျွန်...ကျွန်တော်မျိုးက ဒီလိုမျိုးတွေကို စိတ်မဝင်စားတတ်ပါဘူး..အာ့! သတိထား!" လင်ရှန်း ရဲ့ မျက်လုံးတွေက ကြောက်ရွံ့ထိတ်လန့်မှုအပြည့်နဲ့ ပြူးထွက်လို့ သွားခဲ့ပါတယ်။


လင်ရှန်းရဲ့ လွန်လွန်ကြူးကြူးတုံ့ပြန်မှုကြောင့် တုဟောင်က သူ့စိတ်ကို သူ ပြန်လည်ကာ ချုပ်တည်းနိုင်လိုက်ပြီးတော့ မျက်မှောင်ကြုတ်လိုက်ပြီး-


" တူညီတဲ့နည်းလမ်းကို သုံးကြိမ် သုံးခါ ကြိုးစားရင် ၊ အသုံးမဝင်ဘူးဆိုတာ မင်း မသိဘူးလား?''


သူပြောလိုက်ပြီး ချက်ချင်းမှာဘဲ သူ့ရဲ့ လက်မောင်းကနေ ပူခနဲ ဖြစ်သွားပြီး သူ လျင်မြန်စွာနဲ့ အဝေးကို ဆွဲဖယ်လိုက်ကာ သူ့ရဲ့ဓားမြောင်ဖြင့် ခုတ်​ဖြတ်လိုက်၍ အဝေးသို့ လွှတ်ပစ်လိုက်ခဲ့ပေမယ့်လည်း နောက်ကျသွားခဲ့ပါပြီ။


ကိုယ်တစ်ပိုင်းကို ဖြတ်တောက်လိုက်ခြင်းခံရတဲ့ မြွေက မြေကြီးပေါ်ကို ပြုတ်ကျလာခဲ့သည်. သူ့ရဲ့ လက်မောင်းကနေ တဆစ်ဆစ်နဲ့ နာကျင်နေမှုက ထိုး၍တက်လာခဲ့ကာ သူ မြွေ အကိုက်ခံခဲ့တာကို ညွန်ပြခဲ့သည်။


လင်ရှန်း က နံရံကို ကျောချင်းကပ်လျက်ဖြင့်ပင် သူမရဲ့ရင်ဘက်ကို အသာဖွဖွပုတ်လိုက်ပြီး- " အိုး ဘုရားဘုရား.. ကျွန်တော့်ကို အသက်တစ်ဝက် ထွက်သွားအောင်လို့ ခြောက်လိုက်တာပဲ! ကျွန်တော်မျိုး အရှင့်သား ကို သတိထားပါ လို့ပြောခဲ့သားပဲ. ဒီတစ်ခါတော့ အရှင့်သား ကျွန်တော့်မျိုးအမှားလို့ ပြောလို့မရပါဘူး...."


"ဒီတစ်ကြိမ်တော့ တကယ့်ကို ကျွန်တော်မျိုးရဲ့အမှား မဟုတ်ပါဘူး၊ ကျွန်တော်မျိုး အရှင့်သားကို သတိပေးဖို့ ကြိုးစားပါသေးတယ်. အရှင့်သားကမှ ကျွန်တော့်ကို မယုံဘဲကိုး၊ လူတစ်ယောက်အနေနဲ့ ခင်ဗျားက အခြားသူတွေကို မယုံသလိုနဲ့ မေးခွန်းတွေအများကြီး မမေးသင့်ဘူး...."


လင်ရှန်း က စကားတွေ ဗရပွလျောက်ပြောလိုက်ပြီးတော့ ရုတ်တရက်ကြီး တုဟောင်က ထူးထူးဆန်းဆန်းကြီး ပြုမူနေတာကို နားလည်လိုက်ပါတယ်. သူ့ရဲ့ သွားတွေကို တင်းတင်းစေ့ကာ တစ်ခုခုကို ခံစားနေရတဲ့ ပုံပေါက်နေပါတယ်။


"ဟေး.. ခင်ဗျား ဘာဖြစ်နေတာလဲ? ဒီမှာ...."


"တိတ်တိတ်နေစမ်း" တုဟောင်က ဟောက်လိုက်ပါတယ်. ပြီးတော့ သူ့ရဲ့လေသံကို နှိမ့်လိုက်ကာ - "ငါ အကိုက်ခံလိုက်ရပြီ"


"အာ...ဘာ??" လင်ရှန်း ကြက်သေ သေသွားခဲ့ကာ_ " မြွေက ခင်ဗျား ကို ကိုက်လိုက်တာလား?"


နေလုံးကြီးက ဝင်သွားခဲ့တာနဲ့ သူတို့ကျရောက်နေသော မြေကျင်းထဲတွင် တဖြည်းဖြည်းနဲ့ မှောင်သထက် မှောင်လာ နေပါပြီ. တုဟောင် အကိုက်ခံလိုက်ရမယ်လို့ လင်ရှန်း လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး။


'ဝါး..မြွေက တကယ်ကို့ပဲ သတ္တိရှိနေတာပဲ. အိမ်ရှေ့မင်းသားကိုတောင် သူက ကိုက်ရဲတယ်ပေါ့လေ. သူ သေမှာ မကြောက်ဘူးလား မသိဘူး?'


'ခဏလေး!! လင်ရှန်း တစ်ခုခုကို တွေးမိသွားတယ်. ....ဒီ..ဒီမြွေက အဆိပ်တော့ မရှိလောက်ပါဘူး ဟုတ်တယ် မဟုတ်လား'


သူမ မေး ချင်သွားတယ်. ဒါပေမယ့် တုဟောင်က ကြာပန်းပုံသဏ္ဌန် တင်ပလ္လင်ခွေချိတ်ထိုင်ချလိုက်ပြီးသွားပါပြီ. မှိန်ပျတဲ့ အလင်းရောင်လေးက သူ့ အိပ်ကပ်ထဲက လင်းလက်ကာ ထွက်ရှိလို့လာပါတယ်. သူ အိတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ ညလင်းပုလဲ သုံးလုံးက ပေါ်ထွက်လို့လာခဲ့ပါတယ်. ပုလဲထဲက အလင်းရောင်က မြေကျင်းတစ်ခုလုံးကို လင်းထိန်လို့ သွားပါတယ်။


လင်ရှန်းတစ်ယောက် နောက်ဆုံးတော့ သူတို့ရဲ့အခြေအနေက ဘယ်လောက်တောင် သနားစဖွယ်ဖြစ်နေလဲဆိုတာ သိလိုက်ရပါပြီ. ကျင်း က အနည်းဆုံး တစ်ဆယ်မီတာခန့် နက်ပါတယ်. အထဲတွင်တော့ အလွန်ကျဉ်းမြောင်းပြီးတော့ အခြားထွက်ပေါက်လဲ မရှိပါဘူး. နံရံက‌တော့ ထူးဆန်းတဲ့ကျောက်အမျိုးအစားပါ အဲဒါက သဘာဝအတိုင်းရှိနေတာ မဟုတ်တဲ့ ပုံပေါက်နေသည်။


ဒါပေမယ့် ဒီအချိန်အခိုက်အတန့်မှာတော့ သူမ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး. သူမရဲ့ အာရုံတွေက တုဟောင်ရဲ့ ညလင်းပုလဲသုံးလုံးဆီသို့ တည့်တည့်ကြီး ဆိုက်ရောက်လို့နေပါတယ်. သူမရဲ့ မျက်လုံးတွေက ပုလဲလုံးလေးတွေနဲ့အပြိုင် လင်းလက်တောက်ပလို့နီးပါးပါပဲ။


တုဟောင် ရဲ့နဖူးပြင်က တွန့်လိမ်လို့သွားခဲ့ပါတယ်. မြွေရဲ့ အဆိပ်တွေက သူ့ ကိုယ်ခန္တာတစ်ခုလုံးကို ပျံ့နှံ့လို့လာနေတာကို သူ ရှင်းရှင်းကြီး သိပါတယ်. သူဘာမှမလုပ်ဘဲနေမယ်ဆိုရင်တော့ မကြာခင်မှာပဲ သူ့ရဲ့အသက်က အန္တရာယ်တောထဲကို ကျရောက်တော့မှာပါ. သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး လင်ရှန်း ကို ကြည့်လိုက်တော့ သူမရဲ့ မျက်လုံးတွေက ပုလဲတွေအပေါ်မှာ စူးစူးစိုက်စိုက်နဲ့ ငေးကြည့်နေတာကို တွေ့လိုက်တယ်. သူ မနှစ်မြို့စွာ စိတ်ပျက်သွားခဲ့သည်. 'ဘယ်လိုလုပ်ပြီးတော့ ဒီလူက သူ့ရဲ့ နှလုံးအိမ်ထဲက နန်းတွင်းသူလေးနဲ့ တူတဲ့လူတစ်ယောက် ဖြစ်နေရတာများလဲ'


"မင်း ဒါကို လိုချင်လား" သူ့ ရဲ့ ပုလဲလုံးတွေထဲက တစ်လုံးကို သူ ကောက်ယူကာ ပြောလိုက်တယ်။


လင်ရှန်း သူ လိုချင်ကြောင်း ခေါင်းကို ပြင်းထန်ထန်ကို ငြိမ့်ပြသည်။


" ငါ့ ကို မြွေဆိပ် ထုတ်ဖို့ ကူညီပေးမယ်ဆိုရင် ဒီပုလဲလုံး​​တွေက မင်းအတွက်ပဲ"


"တကယ်လား?!?" လင်ရှန်း က သူ့ကို ပြုံးရွှင်စွာကြည့်ပြီး ပြောလိုက်ပေမယ့် လျင်မြန်စွာပင် ပြန်ပြီးတော့ တုန့်ဆိုင်းတုန့်ဆိုင်း ဖြစ်သွားတယ်. 'သူ ဘာလို့ ဒီလောက်တောင် သဘောကောင်းနေရတာလဲ? သူ ငါ့ ကို နှပ်ချဖို့တော့ မကြိုးစားလောက်ပါဘူးနော် ဟုတ်တယ် မဟုတ်လား? ဒါမှမဟုတ်ရင်....' လင်ရှန်း သူမရဲ့ကိုယ်တစ်ကိုယ်လုံးပင် နောက်သို့ တွန့်ဆုတ်သွားပြီးတော့ - "ခင်ဗျား ကျွန်တော့ကို မပြောနဲ့နော်... ခင်ဗျားရဲ့ ဟိုဟာပေါ်ကို ကိုက်ခံရတယ်လို့တော့..."


တုဟောင်ရဲ့ပါးစပ်ထောင့်တွင် ရှုံ့တွလို့ သွားခဲ့ပါတယ်. သူ့ စိတ်ကို လျော့ချဖို့ စိတ်ရှည်ရှည်ထားကြိုးစားလိုက်ပြီးတော့ - "ငါ့ ရဲ့ လက်မောင်းကို အကိုက်ခံ ရတာ"


" ခင်ဗျား သေချာ လို့လား....လက်မောင်းနဲ့ ဟိုဟာ က အရမ်း ကွဲပြားခြားနားတာနော်...."


" အရေးမပါတာတွေ ​ေလျှာက်မပြောနေနဲ့တော့၊ မင်း ပုလဲ ကို လိုချင်သလား၊ မလိုချင်ဘူးလားပဲ ပြောလိုက်?"


ဒီလောက် သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာတောင် လင်ရှန်းက သူ့ကို စောစောစီစီးသေစေချင်နေတာများလားလို့တောင် တုဟောင် ထင်မိတယ်. သူ့ ကို ဒီလောက်စိတ်အနှောက်ယှက်ဖြစ်အောင် လာလာ လုပ်နေတာပဲ. ဒေါသထွက်လွန်းလို့ သူ့နှလုံးသွေးတောင်အန်ထွက်ချင်နေပြီ။


"ကျွန်တော် လိုချင်တာပေါ့ ! ကျွန်တော် လိုချင်တာပေါ့ !" ပျော်ရွှင်နေတဲ့ ခွေးတစ်ကောင်လိုမျိုး လင်ရှန်း အလောတကြီးပြောလိုက်ပြီးတော့ တုဟောင်လက်ထဲက ပုလဲကို ကောက်ယူလိုက်တယ်. သူမ က ပုလဲကို သူမ ရဲ့ဘေးကို ချ ထားလိုက်ပြီးတော့ တုဟောင်ရဲ့ ညွန်ကြားချက်အတိုင်းလိုက်နာကာ သူ့ရဲ့အပေါ်ဝတ်ရုံရဲ့အပေါ်တစ်ခြမ်းကို ချွတ်ဖို့ သူ့ကို ကူညီလိုက်ပါတယ်။


အကိုက်ခံလိုက်ရတဲ့ လက်မောင်းက ရောင်ကိုင်းလို့ လာနေပါပြီ. တံတောင်ဆစ်ရဲ့အထက်က နှစ်လက်မလောက်ရှိတဲ့နေရာတွင် သွေးစို့နေ​သော အပေါက်ရာနှစ်ခု ကနေပြီး သွေးစီးချောင်းတွေက ယိုစိမ့်ထွက်နေပါတယ်. ကြည့်ရတာနဲ့တင် တော်တော်လေးကို ကြောက်ဖို့တောင် ကောင်းနေပါတယ်။


လင်ရှန်း နောက်ပြန်ဆုတ်လို့ရရင် ဆုတ်ချင်နေမိပေမယ့် ချစ်စဖွယ်ကောင်းတဲ့ ပုလဲလုံးလေးကို ကြည့်လိုက်ပြီးတော့ အံတင်းတင်းစေ့လိုက်ကာ သူမရဲ့အင်ကျီကနေ တုဟောင်ရဲ့လက်မောင်းကို ပတ်တီးစီးပေးဖို့ ပိတ်စတစ်ချို့ကို ဖြဲချလိုက်ပါတယ်။


အခုလောလောဆယ်တော့ မူလတန်းကျောင်းတုန်းက သူမ လေ့လာထားတဲ့ ဗဟုသုတတွေကို သူမ ကျေးဇူးတွေ တင်နေရပါတယ်. အနည်းဆုံးတော့ သူမ မြွေကိုက်ခံရ ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အရေးပေါ်နည်းလမ်းတွေကို သူမ သိခဲ့တာပဲ ဖြစ်သည်. သူမ အဆိပ်မပျံ့အောင် ချည်တုပ်​ပေးပြီးတဲ့နောက်မှာ လင်ရှန်း လျောက်ကြည့်လိုက်၍ တုဟောင်ရဲ့ ခါးမှာချိတ်ထားတဲ့ ဓားမြှောင်ကို ဆုပ်ကိုင်လိုက်ပါတယ်။


" မင်း ဘာ လုပ်တာလဲ" တုဟောင် က အဆိပ်မိနေသော်လည်းပဲ သတိတော့ရှိပါသေးတယ်. သူက စစ်ပွဲတွေထဲမှာ တိုက်ခိုက်လာခဲ့ရတော့ အမြဲလိုလို အန္တရာယ်တွေနဲ့ပဲ ထိတွေနေရပြီး ကိုယ့်ကိုယ်ကို ကြိုတင်ကာကွယ်နေဖို့ရန် အကျင့်ရှိခဲ့တာ ဖြစ်သည်။


"ခင်ဗျား ရဲ့ မြွေဆိပ် ကို ထုတ်ပေးဖို့ ကူညီပေးနေတာလေ၊ ခင်ဗျား ဘာတွေ တွေးနေတာလဲ။ ခင်ဗျားရဲ့ ဓားမြှောင်က ရွေနဲ့လုပ်ထားတာလဲ မဟုတ်ဘဲနဲ့" ရွှေနဲ့ လုပ်ထားရင်တောင်မှ အဲဒါက ရွှေဓားစလွယ်နဲ့ လုံးဝကို နိုင်းလို့ မရဘူး. လင်ရှန်း သူမ စိတ်ထဲကနေဘဲ တွေးတောလိုက်၍ ပြောလိုက်တယ်. ပြီးတော့ သူမက တုဟောင်ရဲ့အဆိပ်မိနေတဲ့လက်မောင်းက အနာအပေါက်ဝကို ဆွဖို့ ချိန်ရွယ်လိုက်သည်။


အရေပြားကို ထိုးခွဲလိုက်ပြီးတဲ့နောက် သွေးမည်းတွေက အနာအပေါက်ဝကနေ သွန်​လောင်း၍ ကျလာခဲ့သည်. ကြည့်နေရင်းနဲ့ လင်ရှန်းတစ်ယောက် အန်တောင် အန်ချင်စိတ်ပေါက်သွားပါတယ်။


အခုလောလောဆယ်မှာတော့ တုဟောင်က သိသိသာသာပင် ပိုပြီး အရှိန်တက်တက်လာ​ေသာ အဆိပ်ဒဏ်ကို ခံစားနေရပါတယ်။ သူ့ရဲ့ နှတ်ခမ်းသားတွေက ခရမ်းရောင်ပြောင်းလာပြီးတော့ သူ့ရဲ့ မျက်ခွံတွေက လေးလံလာကာ အိပ်ငိုက်လို့လာပါတယ်။


"ဟေး. မအိပ်လိုက်နဲ့!!" လင်ရှန်း ထိတ်လန့်လို့သွားပါတယ်. မြွေ ဆိပ်က ဒီလောက်မြန်မြန်ကြီး ပြန့်လိုက်မယ်လို့ သူမ ထင်မထားခဲ့ပါဘူး. သူမ စိတ်မရှည်နိုင်တော့ဘဲ သူမရဲ့‌‌ ဦးခေါင်းကို နှိမ့်လိုက်ကာ သူ့ရဲ့အနာပေါက်ပေါ်ကနေ အဆိပ်ကို သူမရဲ့ ပါးစပ်ဖြင့်စုပ်၍ ထုတ်လိုက်သည်။


မည်းပုတ်နေတဲ့သွေးတွေက ဖြည်းညင်းစွာနဲ့ အပေါက်ဝကနေ ယိုစီးကျလာပါတယ်. အခုတော့ ကျင်းထဲမှာတော့ သွေးနံ့တွေဖြင့် လှိုင်လှိုင်သင်းလာပါတယ်. သူမ လဲဘဲ ဒီအခြေအနေတွေကြောင့်နဲ့ပင် အဆိပ်မိသွားတော့မလို လင်ရှန်း ထင်မိသွားသည်။


ကံကောင်းစွာပင် သွေးတွေက စတင်ပြီးတော့ သွေးရောင်သို့ ပြောင်းလဲလာခဲ့သည်. အရောင်ကလဲ စတင်လို့ ကျဆင်းလာခဲ့သည်. အဲဒါက သူမ ကို ဆက်ပြီးတော့ အဆိပ်ကို စုတ်ထုတ်နေစေဖို့စိတ်ချယုံကြည်သွားတော့သည်။


အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ သွေးတွေက မည်းပုပ်နေတာကနေပြီး မူလသွေးနီရောင်ကို ပြန်ပြောင်းလာခဲ့ပြီးတော့ အရောင်ကလည်း တဖြည်းဖြည်းနဲ့လျော့လာခဲ့ပါတယ်. သို့သော်လည်း အဆိပ်မိသွားတာနဲ့ သွေးတွေအများကြီး ဆုံးရှံးသွားတာကြောင့် တုဟောင်ကို ကြည့်ရတာ မျက်နှာပင် ဖြူရော့နေပြီးတော့ အလွန်ကို အားလျော့လို့နေပါတယ်။


"ခင်ဗျား နည်းနည်း ပိုနေလို့ကောင်းလာပြီလား" လင်ရှန်းက မေးလိုက်တယ်။


တုဟောင် က ခေါင်းငြိမ့်ပြလိုက်ပေမယ့် စကားနဲ့တော့ မပြောခဲ့ပါဘူး။


လင်ရှန်း သက်ပြင်းတစ်ချက် ချလိုက်ပြီးတော့ သူမကိုယ်တိုင်က ပင်ပန်းနွမ်းနယ်မှုကြောင့် အရုပ်ကြိုးပျက်လဲကျသွားတော့မယ်ဆိုတာကို သူမ သဘောပေါက်လိုက်ပါတယ်. သူမ အောက်ကို ပြုတ်ကျလာတဲ့ အချိန်တုန်းက သူမရဲ ခြေထောက်တွင် ဒဏ်ရာ ရသွားခဲ့ပါတယ်. အခုလက်ရှိမှာတော့ ထုံနေတာကနေပြီး ပြင်းပြင်းထန်ထန်ကိုပဲ နာကျင်လာနေပါပြီ. သူမ စူးစူးရှရှကို နာကျင်လာပြီးတော့ အနာရှိန်ကြောင့် အဖျားတက်သလိုဖြစ်ပြီးတော့ ခိုက်ခိုက်တုန်လာခဲ့ပါတယ်။


"မင်း ဘာဖြစ်နေတာလဲ"


တုဟောင်က အားနည်းစွာ မေးလိုက်တယ်။


"ကျွန်တော် ဘာဖြစ်နေတာလဲ ဟုတ်လား။ ခင်ဗျားတစ်ယောက်တည်း ဒဏ်ရာ ရတယ်လို ထင်နေတာလား" လင်ရှန်း က တုဟောင် ဘေးနားတွင်ကပ်၍ ထိုင်ချလိုက်ပြီးတော့ သူမရဲ့ ခြေအိတ်တစ်ဖက်ကို လိတ်တင်လိုက်တဲ့အခါမှာတော့ သူမ မေ့လျော့နေတဲ့ သူမရဲ့ ဒူးခေါင်းပေါ်က အရေပြားလန်သွားတဲ့ ဒဏ်ရာတစ်ခုကို တွေ့​မြင်​လိုက်ပါတယ်။ သွေးတွေက စေးပျစ်လို့နေပြီးတော့ သူမရဲ့ ဒဏ်ရာက တုဟောင်ရဲ့ဒဏ်ရာထက်ကို မနည်းခဲ့ပါဘူး။


" ဘယ်လိုသောက်နလပိန်းတုံးတွေကများ ဒီလိုနေရာမျိုးမှာ ဒီလို ကြောက်စရာကောင်းအောင် တွင်းနက်ကြီး လာတူးထားတာလဲ? သူက တစ်ယောက်ယောက်ကို လှည့်ဖျားပြီးတော့ တမင်မကောင်းကြံစည်ချင်နေတာ အသိသာကြီးပဲ၊ စောင့်ကြည့်နေလိုက် ခင်ဗျား မိုးကြိုးပစ်ခံရလိမ့်မယ်!"


'ဂျိန်း'... ရုတ်တရက် ကောင်းကင်ကနေပြီး မိုးချိန်းသံ အကျယ်ကြီး မြည်ဟည်းလာပါတယ်။


လင်ရှန်း ရဲ့မျက်နှာက ရှုံ့မဲ့လို့သွားပါတယ်. 'ဟယ်လို. ဒီမှာရှင့်!? ကျွန်မ က ရှင့်ကို ပြောနေတာက တွင်းတူးထားတဲ့လူကို မိုးကြိုးပစ်ချဖို့ ပြောနေတာ. ကျွန်မ မဟုတ်ဘူး! ခဏလေးနေပါဦး ဒါက မိုးရွာနေတာများလား??'


သူမ ရဲ့ဆိုးရွားလွန်းလှတဲ့ ကံတရားကို လင်ရှန်း ယုံတောင် မယုံကြည်နိုင်တော့ပါဘူး. 'သူမတို့တွေက ဒဏ်ရာဘလပွနဲ့ရော အကျိုးပဲ့အထိခိုက်တွေနဲ့၊ ဘယ်သူမှရှာမတွေ့နိုင်တဲ့ တွင်းကြီးအလယ်မှာ ရောက်နေတာလေ၊ တစ်ယောက်ရဲ့လက်ကတော့ ဒဏ်ရာ ရပြီး သူမ ရဲ့ခြေထောက်ကလဲ မှုန့်မှုန့်ကျေနေပြီ. အခုတော့ သူမတို့တွေက မိုးတခြိန်းခြိန်းနဲ့ မိုးရေတွေပဲ ချိုး​ေနရတော့မှာလား?' ဒီ အချိန် အခိုက်အတန့်မှာဘဲ လင်ရှန်းတစ်ယောက် တာဇံ ကို အတုယူပြီးတော့ ကောင်းကင်ကြီးကို မော့ကြည့်ကာ စူးစူးဝါးဝါးကြီး ​အော်ဟစ်လိုက်ချင်တော့ပါတယ်. – " မိုးနတ်မင်းကြီးရေ...၊ ရှင် ကျွန်မကို လာ ကစားနေတာလား"


End....