Chapter 27
Viewers 9k

အပိုင်း(၂၇)


သူမ၏ဖြစ်ပုံကို စိတ်အပျက်ကြီးပျက်ရှာနေသော လင်ရှန်းတစ်ယောက် ကျင်းထဲတွင် ငုတ်တုပ်လေးဖြင့် ကြုံ့ကြုံ့လေးထိုင်နေစဉ်မှာတော့ ပျောက်ဆုံးလျက်ရှိသော အိမ်ရှေ့စံမင်းသားကို ရှာ‌ဖွေဖို့ရန် တော်ဝင်နန်းတွင်းမှ လူအမြောက်အများကို စေလွှတ်၍ ရှာဖွေနေကြပါတယ်. အိမ်ရှေစံမင်းသား ပျောက်ဆုံးနေတာက အလွန်ပြင်းထန်ကြီးမားသော ကိစ္စရပ်ပင် ဖြစ်ပေသည်.


အင်ပါယာဘုရင်ကြီးမှ တောအုပ်ထဲသို့ ထပ်တလဲလဲရှာဖွေရန် အမိန်ပေးခဲ့သည်. ပုံမှန်ဆိုရင် တိတ်ဆိတ်ငြိမ်သက်ပြီး ခြောက်ကပ်နေသော သစ်တော၏ညတစ်ညက ယခုတော့ မီးတုတ်များဖြင့် ထိန်ထိန်သာနေကာ နေရာအနှံ့အပြားတွင်လည်း လူသူအများ သွားလာလှုပ်ရှားနေသော အရိပ်တွေချည်း ပြည့်နှက်လို့နေခဲ့ပါတယ်။


"အရာရှိ ၊ ကျွန်တော်တို့ တောင်ဘက်အခြမ်းကို ရှာပြီးသွားပါပြီ. ဘာမှမတွေ့ ရပါဘူး" တော်ဝင်ကိုယ်ရံတော်တစ်ယောက်က စိုးရိမ်တကြီးအမူအရာဖြင့် အလောသုံးဆယ် သတင်းပို့လာခဲ့သည်။


"ဆက်ပြီးတော့ ရှာကြစမ်း!၊ တကယ်လို့ မင်းတို့ ပထမအကြိမ်နဲ့ သူတို့ကို ရှာမတွေ့သေးရင် နောက်ထပ် ဆယ်ကြိမ် ထပ်ရှာကြည့်လိုက်၊ သူတို့တွေကို တွေ့ကို တွေ့ရမယ်" လိန်ဖန်ရဲ့ လေသံက သူ့ရဲ့မူလပြောနေကြ လေသံတွေထက်ကို အဆတစ်သန်းထက်သာ၍ပိုပြီးတော့ အေးစက်သောလေသံဖြင့် ပြောလိုက်တယ်။ တော်ဝင်ကိုယ်ရံတော်က သူ့တစ်ကိုယ်လုံးတောင် တဆက်ဆက်တုန်ရင်လို့ သွားရှာပါတယ်. သူ က ကြောက်ရွံ့သွားမှုကြောင့် တုန်တုန်ရင်ရင်ဖြင့် အရိုသေပြုနေရာမှ ထရပ်လိုက်ကာ တောနက်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားခဲ့သည်။


တဖျတ်ဖျတ်ထွန်းတောက်နေသော မီးအလင်းအရောင်တွေက ညကောင်းကင်ယံ အထိတောင် တက်၍ ထိန်လင်းနေပါတယ်. ခဏကြာပြီးတဲ့နောက်တွင်တော့ အလွန်ကျယ်လောင်သော မိုးချိန်းသံတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်. မိုးစက်မိုးပေါက်တွေက ကောင်းကင်ယံမှ စတင်၍ ရွာသွန်းကျလာခဲ့သည်။


အိမ်ရှေ့စံမင်းသားကို ဝိုင်းဝန်းကူညီ၍ ရှာဖွေပေးနေသော နန်းတွင်းအမှုထမ်းတစ်ဖွဲ့က သူတို့အချင်းချင်း လေသံ တီးတိုးတီးတိုးဖြင့် စကားပြောဆိုနေကြပါတယ်. " မင်းတို့တွေ ကြားလိုက်ရသေးလား? တောအရှေ့ဘက်အခြမ်းမှာ သရဲတစ္ဆေတစ်ကောင်ရှိတယ်တဲ့...."


" မဖြစ်နိုင်တာပဲ? ဖြစ်နိုင်တာက အိမ်ရှေ့စံမင်းသားများ..."


"ရှူး.! အသံတိုးတိုးပြောစမ်းပါကွ! အခြားလူတွေကြားစေချင်လို့လား...."


"အေးပါ အေးပါ‌ အေးပါ. ဒါပေမယ့်လဲ ငါတို့တွေ အိမ်ရှေ့စံမင်းသားကိုရော ကြင်ယာတော်မင်းသားကိုရော ရှာလို့မတွေ့သေးဘူးနော်၊ သူတို့တွေ တကယ်ပဲ တစ်ခုခုဖြစ်နေပြီလို့ မင်းထင်လား??"


"နောက်တောင်ကျသွားပြီကွ၊ တစ်ခုခုကတော့ ဖြစ်ပြီးသွားလောက်ပြီ! အိမ်ရှေ့စံမင်းသား အဆင်ပြေပါစေလို့ပဲ မျှော်လင့်ရတော့မှာဘဲ၊ ကြင်ယာတော်မင်းသားကတော့ အခုလောလောဆယ်မှာ သူက အဓိကအရေးပါတဲ့သူမှ မဟုတ်တာပဲ!"


"အမှန်ပဲ. အရေးကြီးဆုံးက အိမ်ရှေ့စံမင်းသားကို ရှာတွေ့ဖို့ပဲ၊ မြန်မြန်ပြန်သွားကြစို့၊ ဒီနေရာက အရမ်းအေးလိုက်တာ...."


ဒီလိုမျိုးတီးတိုးပြောဆိုနေကြသော အတင်းအဖျင်းစကားတွေကို လိန်ဖန် ကြားသွားခဲ့သည်. အဲဒါက သူ့ကို သည်းမခံနိုင်အောင်ပင် ဒေါသထွက်သွား၍


နေမထိ ထိုင်မသာ ဖြစ်သွားခဲ့ကာ- " ငါ ဟိုဘက်နားကို သွားရှာကြည့်လိုက်မယ်" ပြီးနောက် သူက 'ဝူရင်' ကို ခေါ်ဆောင်ကာ သူကိုယ်တိုင်ပင် မတူညီတဲ့တောအုပ်ဘက်ခြမ်းသို့ ထွက်သွားလိုက်တော့သည်။


နောက်ထပ် မိုးချိန်းသံတစ်ချက်ကို ကောင်းကင်ယံမှ ကြားလိုက်ရပြီး မိုးစက်မိုးပေါက်တွေက ပိုပို ပြီးတော့ သည်း လာခဲ့သည်. အချိန်ခဏလေးအတွင်းမှာပဲ လိန်ဖန် နှင့် 'ဝူရင်' တို့ ရွှဲရွဲဆိုသွားကြပါတယ်. 'ဝူရင်' ရဲ့ခြေလှမ်းတွေတောင် တော်တော် စိုးရိမ်ဖွယ်ရာ ဖြစ်နေရပါပြီ။


'ဝူရင်'တောင်မှ ဒီရာသီဥတုမျိုးနဲ့သွားလာဖို့ရာ ခက်ခက်ခဲခဲဖြစ်နေရတော့မှတော့ အမှုထမ်းတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ဆက်သွားနိုင်တော့မှာတဲ့လဲ'


ထိုအခိုက်အတန့်တွင် သစ်ပင်တစ်ပင်အောက်၌ ကွေးခွေနေသော လင်ရှန်းတစ်ယောက် ဘယ်လောက်တောင်မှ ခိုက်ခိုက်တုန်ရှာနေလိမ့်မလဲ ဆိုတာကို လိန်ဖန်စိတ်ကူးတွေးတောမိနေတော့သည်။ မသိစိတ်၏လှုံ့ဆော်မှုကြောင့် သူ၏ရင်ထဲတွင် တင်းကျပ်ဆို့လာခဲ့တော​့ မြင်းဇာတ်ကြိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိ​ပြီး ဆက်လက်၍ရှာဖွေလိုက်တော့သည်။


လိန်ဖန် စိတ်ထဲမှာတွေးနေတဲ့ တစ်ချိန်တည်းမှာပဲ မြေတွင်းအနက်ကြီးထဲမှာရှိနေတဲ့ လင်ရှန်းတစ်ယောက် အရမ်းချမ်းစိမ့်သွားသလို ခံစားလိုက်ရပါတယ်။


လင်ရှန်းက အေးစက်ပြီး ချမ်းတုန်နေယုံတင်မကပါဘူး သူမ ကိုယ်အစိတ်အပိုင်းတိုင်းက တဆစ်ဆစ်နဲ့ ကိုက်ခဲနေခဲ့ပါတယ် . သူမတစ်ကိုယ်လုံးကို ခွေခေါက်လိုက်၍ ကွေးပြီးနေလိုက်ပေမယ့်လည်း အရိုးခိုက်အောင် အေးစိမ့်နေသောလေထုကို မတွန်းလှန်နိုင်ခဲ့ပါဘူး. ဒါ့အပြင် မိုးစက်တွေက သူမ မျက်နှာပေါ်ကနေပြီး သူမ အင်္ကျီကော်လံထဲအထိသို့ဝင်ရောက်ကာ ရွာသွန်းဖြိုးနေခဲ့တော့ သူမတစ်ကိုယ်လုံးလဲ ချမ်းတုန်ရိုက်လို့နေခဲ့သည်။


ရုတ်တရုက် လင်ရှန်း သူမခန္တာကိုယ်ပေါ်မှာ တစ်ခုခုရှိလာသလို ခံစားလိုက်ရသည်. တုဟောင် က သူ့ရဲ့အပေါ်ထပ်ဝတ်ရုံကို ချွတ်လိုက်၍ သူမကို လွှမ်းခြုံပေးလိုက်တယ်ဆိုတာ သူမ နားလည်လိုက်တယ်. သို့သော်လည်း အပေါ်ထပ်ဝတ်ရုံကလဲ တော်တော်လေးစွတ်စိုနေခဲ့ပြီးတာပဲ ဖြစ်သည်. ဒီလိုမျိုးအခြေအနေအောက်မှာတော့ ဝတ်ရုံလွှမ်းခြုံထားကလဲ အသုံးမဝင်နိုင်ခဲ့ပေ။ ဒါပေမယ့် သူမှာလဲ မျက်နှာဖြူရော့ပြီး အားနည်းလို့နေသော အခြေနေဖြစ်သောကြောင့် လင်ရှန်းလည်း နှုတ်ပိတ်နေလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်. သူမ၏ကွေးနေသောတစ်ကိုယ်လုံးကို တုဟောင်ကိုယ်ပေါ်သို့ မှီချလိုက်တော့သည်။


အခုလောလောဆယ်မှာတော့ တစ်ယောက်တည်း နေ နေတာထက်စာရင်တော့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် အမှီသဟဲပြုပြီးနေလိုက်တာက ပိုကောင်းတာပဲဖြစ်သည်။


လင်ရှန်းက သူ့အပေါ်ကို ယိုင်ပြီး မှီချလာလိုက်မယ်လို့ တုဟောင် ထင်မထားခဲ့ပါဘူး. သူ့ရဲ့စိတ်ထဲတွင်တော့ နောက်ထပ် အမြင်ဝေ့ဝါးမှုတွေဖြစ်ပေါ်လာကာ လူနှစ်ယောက်ကို တစ်ယောက်တည်းအဖြစ်နဲ့ တွေးယောင်မိသွားတော့သည်. မသိစိတ်၏လှုံ့ဆော်မှုအရ သူ့လက်မောင်းထဲက လူကိုပဲ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်တော့သည်. မိုးရွာသွန်းမှုက တဖြည်းဖြည်းဖြင့် အနည်းငယ်​လေး အေးစိမ့်လို့လာခဲ့သည်။


လူတွေပြောကြတာက မင်းတို့ အတူတူ ရန်းကန်လှုပ်ရှားပြီး ဖြတ်ကျော်ခဲ့ဖူးသွားရင်တော့ မင်းမှာ တကယ့်စိတ်ခံစားချက်အစစ်မှန်က ပေါ်ထွက်လာလိမ့်မယ်လို့တော့ ပြောလေ့ပြောထရှိခဲ့သည်.


တုဟောင်က မျှော်လင့်ချက်မဲ့လောက်တဲ့အထိ အကြောင်းမရှိသေးဘူးလို့ ရုတ်တရက်ကြီး လင်ရှန်း သတိပြုမိလိုက်သည်. တကယ်တော့ သူ့ မှာ အကောင်း၊အဆိုးကို ကျိုးကြောင်းခွဲခြားနိုင်တဲ့ အသိစိတ်လေးအချို့တော့ ရှိနေခဲ့တာပဲ။


သူမ ဒီလိုမျိုး ထိတ်လန့်ဖွယ်ရာ အခြေအနေအကြောင်းကို တွေးတောနေတဲ့အခိုက်မှာဘဲ ရုတ်တရက် မြင်းတစ်ကောင်နှင့်လူတစ်ယောက်က အပေါ်ကနေ ​ေအာ်ခေါ်နေတဲ့အသံကို ကြားလိုက်ရတယ်-"ကြင်ယာတော်မင်းသား၊ အိမ်ရှေ့စံမင်းသား ခင်ဗျားတို့တွေ ဒီအောက်ထဲမှာ ရှိနေကြလား"


ရင်းနှီးတဲ့အသံဖြစ်ကြောင်းသိလိုက်ရပြီး လင်ရှန်း ငိုတောင် ငိုချင်သွားပါတယ်. 'လိန်ဖန် က သူတို့ကို လာကယ်နေတာပဲ!'


လိန်ဖန် က 'ဝူရင်' ကို စီးနင်း၍ စုန့်လောင်ကို လိုက်ရှာခဲ့တာဖြစ်သည်. သို့သော်လည်း ရုတ်တရက်လေးအတွင်းတွင် 'ဝူရင်' က ရပ်တန့်လိုက်ပြီး ရှေ့ ကို ဆက်မရွေ့သွားခဲ့တာ ဖြစ်သည်. အဲဒီအစား သူက လိန်ဖန် ကို မတူကွဲပြားတဲ့ဦးတည်ရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်. 'ဝူရင်' က တစ်ခုခုကို ရှာဖွေတွေ့ရှိထားတယ်ဆိုတာ လိန်ဖန် သိလိုက်ခဲ့သည်။


မျှော်လင့်ထားခဲ့သလိုပင် တစ်ခုခုက ရှိနေခဲ့ပါတယ်. ကြီးမားတဲ့ခြုံပုတ်ကြီး၏နောက်ကွယ်မှာတော့ တွင်းကြီးတစ်ခုက ရှိနေပြီး တွင်းထဲတွင် လှုပ်ရှားမှုတွေရှိနေတယ်လို့ ထင်လိုက်ရသည်. သူ ကြိုးစားကာ အော်ခေါ်ကြည့်လိုက်တော့ လျင်မြန်စွာဖြင့် တုံ့ပြန်မှုတစ်ခု ပြန်လည်ရရှိခဲ့ပါတယ်. စုန့်လောင်နှင့်အိမ်ရှေ့စံမင်းသားက တွင်းထဲတွင် ရှိနေတာပဲ ဖြစ်သည်။


မင်းမှုထမ်းတွေက အိမ်ရှေ့စံမင်းသားအား ရှာတွေ့တဲ့သတင်းကို ကြားလိုက်ရကတည်းက သူတို့အားလုံးက ရဲဝံ့စွာဖြင့် မိုးထဲရေထဲသို့ ခြုံစောင်တစ်ထည်၊ စွတ်ပြုတ်ပူပူ တစ်ခွက်နှင့် ထီးတစ်လက်ကို နှင့်အတူတကွ အပြေးအလွှားရောက်ရှိလာကြပါတော့တယ်.


အဲဒါကတော့ သူတို့ကောင်းကောင်း မခစားနိုင်မှာကို စိုးရိမ်ကြောင့်ကြခဲ့လို့ပဲ ဖြစ်သည်. သူတို့၏လည်တိုင်တွေကို ဆန့်ထုတ်ပြီး တွင်းအောက်သို့ ငုံ့ကြည့်နေကြကာ သူတို့ရဲ့လုပ်ဆောင်မှုကနေပြီး တစ်ခုခုပြန်ရလို့ရငြား မျှော်လင့်နေခဲ့ကြတာပဲ ဖြစ်သည်။


တော်ဝင်ကိုယ်ရံတော်တစ်ချို့က ကြိုးတွေနှင့်တွင်းအောက်ကို ဆင်းသွားပြီး အချိန်အနည်းငယ်အတွင်းမှာပဲ သူတို့က ဒုက္ခရောက်နေရရှာသူတွေကို ကယ်ဆယ်လိုက်တော့သည်။


ဒီအချိန်အခိုက်အတန့်လေးမှာပဲ လင်ရှန်းတစ်ယောက် သတိဝင်လာသလိုဖြစ်မိသွားသည်. အထူးသဖြင့် သူတို့တွေ လာကယ်တော့မယ်ဆိုတာကို သူမ ကြားလိုက်ရတဲ့အချိန်မှာပဲ ဖြစ်သည်. သူမရဲ့တစ်ကိုယ်လုံးက ကိုက်ခဲနေခဲ့ပေမယ့် သူမ က အားအင်အပြည့်ဖြည့်ပြီးတော့ အသက်ရှင်သန်ချင်သော စိတ်ဆန္ဒရှိလာတာပဲဖြစ်သည်. သူမက မြေကျင်းအပေါ်ကိုတက်ပြီး အပေါ်ကိုရောက်သွားတော့ သူမအတွက်စောင့်နေတဲ့ မရေမတွက်နိုင်သော ထီးအမိုးများ ခြံစောင်တွေနဲ့ အငွေ့တထောင်းထောင်းထနေတဲ့


စွတ်ပြုတ်ပူပူတွေကို မြင်လိုက်သည်. ရုတ်တရက်လေးအတွင်းမှာပဲ သူမ ကလေးဘဝတုန်းကတွေ့ကြုံရတဲ့ အမှတ်တရတစ်ခုကို ပြန်သတိရလိုက်မိသည်. အဲဒီတုန်းက သူမက မိုးရေကို အရှုံးမပေးပဲ ရဲဝံ့စွာရင်ဆိုင်နေပြီးတော့ သူမ အမေကတော့ တံခါးအပေါက်ဝကနေ သူမကို စောင့်ကြိုနေခဲ့တာပဲ ဖြစ်သည်။


သူမ ရင်ထဲတွင် ထိရှခံစားသွားရကာ ရုတ်တရုက်ကြီး သူမ သိတဲ့သူတစ်ယောက်မှမရှိတဲ့ ဒီကမ္ဘာကြီးထဲမှာနေရတာ သူမ အနည်းငယ်ပင် အထီးကျန်ဆန်သွားသလို ခံစားလိုက်ရသည်. ပျော်ရွှင်နေတာကနေပြီးတော့ သူမ ငိုတောင် ငိုချင်သွားမိသည်. ဘာလို့ဆိုတော့ ရှိရှိသမျှထီးအားလုံးက သူမ ကို ချန်ထားရစ်ပြီးတော့ အဲဒီအစား မင်းမှုထမ်းအားလုံးက တုဟောင်အနားမှာ ဝန်းရံနေလို့ပဲ ဖြစ်သည်. သူတို့က အမျိုးမျိုးသောနည်းလမ်းပေါင်းတစ်ရာဖြင့် တုဟောင်တစ်ယောက်ကို ဂရုစိုက်နေကြပေမယ့် သူမ ကိုတော့ မေ့လျော့ထားခဲ့ကြတာပဲ ဖြစ်ပေသည်။


သူမရင်ထဲတွင် နင့်နင့်နဲနဲခံစားသွားရကာ ရုတ်တရက်ကြီး သူမသိတဲ့သူ တစ်ယောက်မျှမရှိသော ဤကမ္ဘာကြီးထဲမှာနေရတာက အနည်းငယ်လေးပင် အထီးကျန်ဆန်သလိုခံစားသွားရတော့သည်။ ဝမ်းသာနေတာကနေ ငိုတောင် ငိုချင်လို့လာခဲ့တော့တယ်။ ဘာလို့လဲဆိုတော​့ ရှိရှိသမျှထီးအားလုံးက သူမကို နောက်ချန်ထားရစ်ခဲ့၍ အဲဒီအစား အမှုထမ်းအားလုံးက တုဟောင်၏ဘေးပတ်လည်တွင်သာ ဝိုင်းဝန်းခြံရံနေခဲ့လို့ပါပဲ။


သူတို့က အမျိုးမျိုးသောနည်းလမ်းပေါင်းတစ်ရာကျော်ဖြင့်တုဟောင်တစ်ယောက်ကိုသာလျှင် ဂရုစိုက်စိတ်ပူပေးကြပေမယ့် သူမကိုတော့ မေ့လျော့လို့ထားခဲ့ကြတာပဲ ဖြစ်လို့ပင်။


လင်ရှန်းတစ်ယောက် သူမ ရဲ့နှာခေါင်းထဲမှာတော့ နှာရည်တွေစို့လာခဲ့ကာ မျက်ရည်တွေအဖြစ်နဲ့ ငို ချလိုက်ချင်နေမိတော့သည်။


သူမရဲ့မျက်ရည်တွေက မိုးရေတွေနှင့်အတူ ရောနှော၍ ရွာသွန်းဖြိုးသွားတာကို သူမ ခံစားသိလိုက်ပါတယ်. သူမ ကိုယ်တိုင်က လူတွေရဲ့အသံတွေနဲ့ ဆူညံသံတွေကြားထဲမှာ နစ်မြုတ်သွားသလို ခံစားမိလိုက်သည်. မီးတုတ် အလင်းရောင်တွေနှင့် အရိပ်တွေက ယိမ်းထိုးနေကာ ခွဲခြားဖို့ရာ ခက်ယဉ်းလို့လာခဲ့သည်. သူမ၏ခြေထောက်နှစ်ချောင်းကလည်း တုန်ရီလာခဲ့ကာ သူမ လဲကျသွားတော့မယ်လို့ ထင်လိုက်တဲ့အချိန်မှာပဲ လူတစ်ယောက်က အပြေးလေးရောက်လာခဲ့ပြီးတော့ သူ့ရဲ့လက်ဖြင့် သူမကို ထောက်ပြီး ရပ်ကူပေးလိုက်ပါတယ်။


"မင်း အဆင်ပြေရဲ့လား" ပုံမှန်ပြောနေကြလေသံမဟုတ်ဘဲ စိုးရိမ်နေသောအသံဖြင့် လိန်ဖန်က ပြောလိုက်တယ်။


'အနည်းဆုံးတော့ ငါ့ကို သတိရသေးတဲ့သူ ရှိနေတာပဲ.' လင်ရှန်း သက်သာရာ ရသွားခဲ့သည်. သူမရဲ့ နောက်ဆုံးကျန်နေသော အင်အားအနည်းငယ်ကို သုံးပြီးတော့ ပြုံးပြလိုက်၍ သူမရဲ့ဖြူရော့ရော့နှုတ်ခမ်းကို ဖွင့်ဟလိုက်ကာ-


"ငါအဆင်ပြေပါတယ်..ငါကောင်းပါတယ်......" ပြီးတဲ့နောက်မှာတော့ သူမ လိန်ဖန်၏လက်မောင်းထဲသို့ ပြိုလဲကျသွားပြီး သတိလစ်သွားပါတော့တယ်။


End.....