Chapter 28
Viewers 9k

အပိုင်း(၂၈)


လင်ရှန်း သတိလစ်မေ့မြောသွားပြီးတဲ့နောက်တွင် သူမ၏အဖျားက ကျဆင်းမသွားခဲ့ပါဘူး. ငရဲတံခါးပေါက်ဝကနေ ပြန်ရောက်မလာခဲ့တိုင်မီထိ သူမက တစ်နေ့လုံးတစ်ညလုံး သတိလစ်မေ့မြောလို့နေခဲ့ပါတယ်. သူမ နိုးလာခဲ့တဲ့အခါမှာတော့ သူမက အမတ်ချုပ်ကြီးရဲ့အိမ်တော်ရာဖြစ်တဲ့ သူမ၏အဖေအိမ်ကို ပြန်ရောက်နေတာကို သိလိုက်ရသည်. သူမ၏အမေဖြစ်သော စုဟွမ်နှင့်ရှောင်လုက သူမရဲ့ အိပ်ရာဘေးနားတွင် ရှိနေကြသည်. စုဟွမ်၏မျက်လုံးများက ငိုကြွေးထားမှုကြောင့် နီရဲတွတ်လို့နေခဲ့ပါတယ်. ရှောင်လု၏မျက်လုံးများကလဲ နီရဲလို့နေခဲ့ကာ ရွှေငါးလေးတစ်ကောင်လို မို့အစ်ထွက်လို့နေခဲ့သည်


လင်ရှန်း လှုပ်ရှားဖို့ကြိုးပမ်းလိုက်ပေမယ့် သူမ၏အရိုးတွေအားလုံးက တစ်ပိုင်းစစီဖြစ်နေသလိုခံစားလိုက်ရပြီးတော့ သူမရဲ့ကိုယ်ခန္တာနဲ့ အဆက်သွယ်ပြတ်တောက်နေတဲ့ပုံပါပဲ. စုဟွမ် က ချက်ချင်းပင် သူမကို တားလိုက်ကာ- " လောင်အာ. မလှုပ်နဲ့ဦး၊ သမီး က အခုမှ နိုးလာရုံပဲရှိသေးတာလေ၊ သမီးရဲ့ကိုယ်ခန္တာက ဒဏ်ရာတွေကနေ သက်သာစပြုရုံပဲ ရှိသေးတယ်! သမီး လှုပ်ရှားလို့မရသေးဘူးလေ


လင်ရှန်းလဲ မရုန်းကန်တော့ဘဲ နာခံစွာဖြင့် သူမရဲ့ခေါင်းကို ညိတ်ပြလိုက်ကာ အိပ်ရာထက်တွင်ပဲ ပြန်လည်၍ လဲလျောင်းနေလိုက်တော့သည်. ရုတ်တရက်ကြီး အရာအားလုံးက စစ်မှန်မှုမရှိတော့သလို ခံစားလိုက်ရသ


'ဘာတွေဖြစ်ခဲ့တာလဲ?' သူမ ရဲ့ခေါင်းက နာကျင်လာပြီးတော့ ဒီအချိန်အခိုက်အတန့်မှာပဲ သူမရဲ့လက်ရှိအခြေအနေကို ခဏထားရစ်ခဲ့လိုက်ပြီးတော့ သူမရဲ့မတော်တဆမှုဖြစ်ရပ်ကို ပြန်ပြီးစဉ်းစားကြည့်လိုက်သည်. အိပ်ရာပေါ်မှာ လဲလျောင်းနေလျက်သားပင် သူမ စိတ်တွေရှုတ်ထွေးနောက်ကျိလာခဲ့သည်


သူ့သမီးဖြစ်သူ နိုးလာကြောင်းကို ကြားလိုက်ရတာနဲ့ စုန့်ရှမ်းက သူ့၏အလုပ်တာဝန်တွေကို အပြီးသတ်လိုက်ပြီးတော့ စုန့်လင်းဖန်နှင့်အတူ အပြေးအလွှားဝင်ရောက်လာခဲ့သ


"လောင်အာ၊ နောက်ဆုံးတော့ သမီးလေး နိုးလာခဲ့ပြီပဲ! သမီးက အဖေ့ ကို သေသွားအောင်လို့ ခြောက်လှန့်နေတာပဲ!" စုန့်ရှမ်း မှာ သမီးတစ်ယောက်နှင့်သားတစ်ယောက်တည်းသာ ရှိတာဖြစ်သည်. ထို့ကြောင့် သူက သူ့ရဲ့သားသမီးတွေကို ရတနာတွေလိုမျိုးပဲ သဘောထားခဲ့တာပဲဖြစ်သည်. သူ့သမီးဖြစ်သူ၏ပုံရိပ်အမှန်ကို ထုတ်ဖော်ပြီး ချမပြနိုင်သော်လည်း သင်ခန်းစာမယူတတ်တဲ့ သူမကတော့ သူချစ်ရတဲ့ မိသားစုဖြစ်နေတာပဲ ဖြစ်သည်. သူ့သမီးဖြစ်သူ၏ဖျားနာမှုက တစ်ညတည်းနဲ့ သူ့ကို နှစ်တော်တော်များများစာလောက် အိုမင်းသွားစေခဲ့တာပဲ ဖြစ်သည်, 'အခုတော့ သူမ က နိုးလာခဲ့သည်လေ၊ သူ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားရဘဲ နေနိုင်မှာတဲ့လဲ


အိမ်တော်ကြီးတစ်ခုလုံးက သူမအတွက်စိုးရိမ်ပူပန်နေကြတာကို တွေ့မြင်လိုက်ရတော့ လင်ရှန်းတစ်ယောက် ရုတ်တရက် နွေးထွေးလုံခြုံသွားသလို ခံစားလိုက်ရသည်. သူမ၏မိဘအစစ်မှန်တွေက အရမ်းဝေးကွာနေသော ကွဲပြားခြားနားတဲ့ နဂါးငွေ့တန်းတစ်နေရာမှာ ရှိနေသော်လည်း သူမ က သူတို့ကို နောက်ထပ်မတွေ့ရနိုင်တော့တာပဲ ဖြစ်သည်. ဒါပေမယ့် အနည်းဆုံးတော့ ဒီအချိန်၊ဒီလောကကြီးထဲမှာတော့ သူမထံတွင် သူမ ကို ချစ်ကြတဲ့ မိသားစုရှိနေတာပဲ ဖြစ်သ


ဘဝနှစ်ခုမှာ အသက်ရှင်သန်နေထိုင်ဖို့က မလွယ်ကူခဲ့ပါဘူး. သူမ ကတော့ ဘဝနှစ်ခုလုံးမှာ ဒီလိုမျိုးချစ်ခင်ကြင်နာပြီးနွေးထွေးတဲ့မိသားစုတွေနဲ့ပဲ ဆုံဆည်းခဲ့ရတာပဲ ဖြစ်သည်. သူမ ဘာတွေကို နောင်တ ရနေဦးမှာလဲ


လင်ရှန်း က သူမရဲ့ခေါင်းကိုခါရမ်းလိုက်ပြီး ညင်သာတိုးတိတ်စွာဖြင့်ပြောလိုက်တယ်- "အဖေ၊ သမီး နေလို့ကောင်းပါတယ်. နောက်ရက်နည်းနည်းလောက်ကြာသွားရင် သမီး သက်သာ သွားတော့မှာပ


"သမီး က သမီး အဆင်ပြေနေတယ်လို့ ထင်နေတာလား? သမားတော်က ဘာပြောသွားလဲဆိုတာေရာ သမီး သိလို့လား" စုဟွမ်၏မျက်လုံးများက နောက်ထပ်တစ်ဖန် နီရဲလို့လာခဲ့သည်. " သမီး က တော်တော်လေး သတိလက်လွတ်နေ နေတာပဲ၊ သမီးအကိုကြီးက သမီးကို သူ့ရဲ့ဘေးနားကို ကပ်နေလို့ပြောထားတာကို သမီး က နားမထောင်ခဲ့ဘူး. သမီး ဆီမှာ တစ်ခုခုသာ ဖြစ်သွားခဲ့ရင်တော့လား အမေတို့ ဘယ်လို အသက်ဆက်ရှင်သွားရမှာလဲ? ထပ်ပြီးတော့လဲ သမီးရဲ့ဖြစ်တည်မှုက အထူးလျို့ဝှက်ထားခဲ့ရတာလေ၊ တစ်ယောက်ယောက်ကများ သမီးကို မိန်းကလေးဆိုတာ သိသွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ? အဲဒီရဲ့ အဆုံးသတ်ကရော ဘယ်လို ဖြစ်သွားမှာလဲ? သမီး ဒီအကြောင်းတွေကို တွေးရောတွေးမိသေးရဲ့လာ


လင်ရှန်းက သူ့ အမှား သူသိပြီးတော့ လျှာကိုသာ ကိုက်ထားလိုက်တယ်. သူမ က အသံတစ်သံမှ မထွက်လာရဲခဲ့ပါဘူ


စုန့်ရှမ်း က သူ့ရဲ့မိန်းမကို နှစ်သိမ့်ပေးဖို့ကြိုးစားလိုက်ပါတယ်. "ထားလိုက်ပါတော့၊ မတော်တဆမှုက ဖြစ်ပြီးသွားပြီပဲ၊ သမီးကို နောက်ထပ် အပြစ်တင်မနေပါနဲ့တော့. သမီးလေးလဲ အနာဂတ်မှာ ပိုပြီးတော့ ဂရုစိုက်မှာပါ၊ လောင်အာ.. သမီးရဲ့အမေကို မြန်မြန်တောင်းပန်လိုက်လေ


လင်ရှန်း က တစ်ခုခုဆို အရိပ်ပြအကောင်မြင်တတ်တဲ့သူတစ်ယောက်ဆိုတော့ ချက်ချင်းပင်ပြန်ပြောလိုက်တယ်_ " အမေ သမီး တောင်းပန်ပါတယ်နော်....


သမီးဖြစ်သူရဲ့ အားပျော့နေတဲ့ချစ်စရာ အသံလေးကိုကြားရတော့ စုဟွမ် သူမရဲ့နှလုံးသားကို မာမာတင်းတင်း မထားနိုင်တော့ပါဘူး. သူမ သက်ပြင်းချလိုက်ပြီးတော့- "အင်းပါလေ၊ သမီးလေးက အခုလောလောဆယ် နေမကောင်းဖြစ်နေတဲ့ လူပါပဲ၊ အမေ သမီးကို အနားယူဖို့တစ်ယောက်တည်း ထားခဲ့လိုက်ပါ့မယ်၊ သမီး က မကြာခင် ပြန်ကောင်းလာတော့မှာပါ! သမီး နေကောင်းသွားမှ အမေတို့ သမီးကို ချီးမြှင့်ထားတဲ့ဆုတွေအကြောင်းကို ပြောပြတော့မယ်!!" ပြီးတဲ့နောက်မှာတော့ စုဟွမ်က သူမ ရဲ့အခန်းကို အနားယူဖို့ ပြန်သွားခဲ့လိုက်သည်. ဘာကြောင့်လဲဆိုတော့ သူမ က အတော်လေးပဲ ပင်ပန်းနွမ်းနယ်နေခဲ့တာပဲ ဖြစ်သည်. သူမ က တစ်ညလုံးပဲ လင်ရှန်း ကို ပြုစုပေးနေခဲ့တာပဲ ဖြစ်သည်


စုန့်ရှမ်း ကတော့ လင်ရှန်း ကို ဩဝါဒစကားအနည်းငယ်ပြောလိုက်ပြီးတော့ သူ့ရဲ့ဇနီးဖြစ်သူနှင့်အတူ ပြန်သွားလိုက်ခဲ့သ


ရှောင်လု ကတော့ ပြစ်တင်ဆုံးမခြင်းခံရဖို့ နေရာမရှိခဲ့ပါဘူး. သူ က အလိမ္မာနဲ့ပင် စားဖိုဆောင်ကို ဆေးကြိုဖို့ ထွက်သွားခဲ့လိုက်သည်. သူမ အခန်းထဲက ထွက်သွားပြီးတာနဲ့ သူမရဲ့ ခြေလှမ်းတွေကပေါ့ပါးသွားပြီးတော့ သူမရဲ့မျက်နှာကလဲ တောက်ပသွားတော့သည်


နောက်ဆုံး စုန့်လင်းဖန်တစ်ယောက်တည်းသာလျင် ကျန်နေရစ်တော့သည်. သို့သော်လည်း ထွက်သွားရမယ့်အစား သူ က ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ထိုင်နေပါတယ်. သူ က ပြောင်ပြောင်တင်းတင်းဖြင့် သူကိုယ်တိုင် အခါးရည်ခွက်ထဲကို လက်ဘက်ရည်လောင်းချလိုက်ပြီးတော့ ဖြည်းဖြည်းချင်းစီ သောက်နေလိုက်သ


သူ့ရဲ့ ဟန်ပန်အမူအရာက ထူးဆန်းနေတယ်လို့ လင်ရှန်းက တွေးလိုက်ပြီးတော့ အိပ်ရာပေါ်ကနေပြီး အချိန်ခဏကြာတဲ့အထိ သတိထား၍ စောင့်ကြည့်နေလိုက်ပါတယ်. သူမ က အားတွေကို လုံလောက်အောင် တစ်ကြိမ် အပြည့်သွင်းပြီးတော့ မေးလိုက်သည်-" ကိုကြီး ဘာလုပ်နေတာလဲ


"နင် မမြင်ဘူးလား။ ရေနွေးကြမ်းသောက်နေတာလေ" သူမရဲ့ အကို က ပြန်ပြောလိုက်သည်


လင်ရှန်း စိတ်ရှုတ်ထွေးသွားခဲ့သည်. 'ဒါက တစ်ခုခုအကြောင်းရှိကိုရှိလိမ့်မှာပဲ' - "ရေနွေးသောက်တာအပြင် နောက်ထပ် ကိုကြီးက ဘာလိုချင်လို့


"ဪ နေမကောင်း ဖြစ်ပြီးမှပဲ ငါ့ညီမလေးကို ကြည့်ရတာ တော်တော်လေး ဉာဏ်ပြေးလာသားပဲ" စုန့်လင်းဖန်က အခါးရည်ခွက်ကို အောက်သို့ချလိုက်ပြီးတော့ လင်ရှန်း၏အိပ်ရာဘေးသို့ လျောက်လာခဲ့သည်. လက်ညိုးတစ်ချောင်းတည်းဖြင့် သူက သူမရဲ့နှာခေါင်းကို ကြမ်းကြမ်းတမ်းတမ်းဆွဲတွန်းလိုက်ပြီးတော့ သူမ ကို ဝက်နှာခေါင်းဖြစ်အောင် လုပ်လိုက်နိုင်ပါတယ်


"ကိုကြီး ဘာလုပ်လိုက်တာလဲ" လင်ရှန်း ဆွံ့အသွားခဲ့သည်. 'အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတွေအားလုံး၏စံပြပုဂ္ဂိုလ်ကြီးက သူ့ရဲ့ညီမဖြစ်သူကို ဒီလောက်ဆိုးဆိုးဝါးဝါး ဆက်ဆံလိမ့်မယ်လို့ ဘယ်သူကများ တွေးမိမှာတဲ့


"ဘာလို့လဲဆိုတာ ငါ့ကို ပြန်မေးနေသေးတာလား? နင် ဘာလုပ်ခဲ့လဲဆိုတာ ပြန်ပြီးစဉ်းစားကြည့်ပါဦး!" စုန့်လင်းဖန် လေသံက အလွန်ကို အားပါပြီးတော့ သူ က သူမရဲ့နှာခေါင်းကို အလွတ်မပေးခဲ့ပါဘူး. "နင်က ဝက်လား။ အကိုကြီးဖြစ်တဲ့သူ ကလျှောက်မပြေးပါနဲ့လို့ ပြောထားတာတောင်မှ နင် က အကိုကြီးစကားကို နားမထောင်ခဲ့ဘူးလေ၊ ငါ က နင့် ကို ထိခိုက်အောင်လုပ်လိမ့်မယ်လို့ ထင်နေတာလား။ အခုတော့ နင်ပဲ ဒုက္ခရောက်ရတာပဲ မဟုတ်လား. ညီမလေး..နင့်အမှားတွေကို သေချာပြန်စဉ်းစားကြည့်ပါဦး၊ ညီမလေး က အရွယ်ပဲ ရောက်နေပြီ မစဉ်းစားမဆင်ချင် လုပ်နေတုန်းပဲလား၊ နင် ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် ငါတို့မိဘတွေကို သေအောင်လုပ်မိသွားလိမ့်မယ်


ဒီလိုပုံမျိုးကြီး အပြစ်ပေးခံရတာကြောင့် လင်ရှန်း သူမရဲ့နှာခေါင်းက လိန်ပြီးတော့ ရွဲ့စောင်းသွားတော့မလိုတောင် ထင်လိုက်မိသည်. သူမ က ပြန်ခံပြောလိုက်ကာ-" ဘာလဲ... အဖေနဲ့အမေ က အကောင်းကြီးပဲ ဟာကို ၊ သူတို့ သေအောင် ညီမလေးက ဘယ်လိုလုပ်ပြီး လုပ်ရတာဖြစ်မှာလဲ


"နင့် ရဲ့ခေါင်းကြီးပဲ ကောင်းနေလိုက်!" စုန့်လင်းဖန် က သူမ ရဲ့နှာခေါင်းကို အလွတ်မပေးဘဲ အဲဒီအစား လင်ရှန်း၏ခေါင်းကို သူ့ရဲ့လက်ချောင်းတွေဖြင့် ကြမ်းကြမ်းတမ်းတမ်း တောက်လိုက်ပါတယ်. " နင် ကယ်ဆယ်ခံရပြီးတော့ အိမ်ကို ပြန်ပို့ပေးခံရတာလေ၊ နင့်ရဲ့ အင်္ကျီအဝတ်အစားတွေကလဲ ခြောက်သွေ့နေတာပဲ. အဝတ်အစားတွေ နင့်ကို ဘယ်သူ လဲပေးလိုက်တာ


'အင်္ကျီတွေက ....ခြောက်နေခဲ့တာလား?


လင်ရှန်း တုန်လှုပ်လို့သွားပါတယ်. ခဏကြာပြီးတဲ့နောက်မှာတော့ သူမ က အားပျော့စွာ ပြန်ပြောလိုက်တယ်- "အမ်.. ရှောင်လုများ...


"ရှောင်လုက ပြောတယ်. နင့်အဝတ်အစားတွေကို သူ မလဲပေးခဲ့ဘူးတဲ့


အဲလိုပြောလိုက်တာနဲ့ သူမရဲ့စိတ်တွေက ပေါက်ကွဲထွက်တော့သွားတော့မလို ဒိုင်းခနဲမြည်သွားလိုက်သည်ကို လင်ရှန်းခံစားလိုက်ရသ


"အဲဒါက ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး. အခုထက်ထိတော့ သတင်းတွေက ဘုရင်မင်းမြတ်ဆီကို ပျံ့မသွားရသေးတာပဲ နင် ကံကောင်းလွန်းနေပြီ၊ နင် မြန်မြန် နေပြန်ကောင်းအောင်လုပ်ပြီးတော့ အဲဒီလူက ဘယ်သူလဲဆိုတာ ရှာရလိမ့်မယ်. အဲလိုမှမဟုတ်ရင်တော့ စောင့်နေလိုက်တော့ ငါ နင့်ကို ယောကျ်ားလေးတစ်ယောက် ဖြစ်သွားအောင်လို့ ရိုက်ပစ်လိုက်ဖို့!" စုန့်လင်းဖန်က သူ့ရဲ့လက်သီးကို ဆုပ်ပြီးဝေ့ရမ်းပြလိုက်ပြီးတော့ ထွက်သွားလိုက်သည်. လင်ရှန်းကတော့ တစ်ယောက်တည်း စိတ်ရှုပ်ထွေးစွာဖြင့် ကျန်နေရစ်ခဲ့တော့တယ်


'တကယ်လို့ အဲဒါက ရှောင်လု မဟုတ်ရင် ဘယ်သူလဲပေးလိုက်တာလဲ။ ဘယ်သူက သူမက မိန်းကလေးတစ်ယောက်မှန်း သိသွားတာလဲ? ပြီးတော့ သူမရဲ့ညလင်းပုလဲသုံးလုံးကိုရော ဘယ်သူ ယူသွားခဲ့တာလဲ။ ဘုရားရေ!! ဘယ်သူများလဲ


°°°°°


လင်ရှန်းတစ်ယောက် အိပ်ရာထဲတွင် သုံးရက်လောက် လှဲနေခဲ့ပြီးတော့ သူမ၏ပုလဲလုံးတွေကို ယူသွားတဲ့လူနှင့် သူမ၏အင်္ကျီအဝတ်အစားတွေကို လဲပေးခဲ့တဲ့လူကို စဉ်းစားပြီးရင်း စဉ်းစားလို့နေခဲ့ပါတယ်. အဲဒီအချိန်အတောအတွင်းမှာပဲ သူမ၏ဆေးနှင့် စွတ်ပြုတ်ကိုလဲ သဲကြီးမဲကြီးပင် စားလိုက်သောက်လိုက်လုပ်နေခဲ့သည်. သူမ နေပြန်ကောင်းတာနဲ့တစ်ပြိုင်နက် ဖြစ်နိုင်သမျှ အဲဒီလူကို တွေ့အောင်လို့ ရှာရမယ်လို့လဲ သူမကိုယ်သူမလဲ မကြာခဏသတိတွေပေးနေပါတယ်. 'သူမရဲ့ ပုလဲလုံးတွေကို သူမ လိုချင်သည်...သူမရဲ့ပုလဲလုံးတွေ!!!!!


ဒီလိုမျိုး အင်အားကြီးမားလွန်းလှတဲ့ စိတ်ဓာတ်မြှင့်တင်မှုနဲ့ အနိုင်လိုချင်သော စိတ်သဘောထားခံယူချက်တွေနှင့်အတူ သူမ၏ကျမ်းမာရေးအခြေအနေက သိသိသာသာကြီးပင် တိုးတက်လာခဲ့ပါတယ်. တတိယမြောက်နေ့မှာတော့ သူမ၏အဖျားက လုံးဝပျောက်ကင်းသွားပြီးတော့ ထူနိုင်ထနိုင်တဲ့အထိ အားအင်ရှိလာခဲ့ပါတယ်. သူမ က လမ်းတောင်လျောက်နိုင်နေပါပြီ သို့သော်လည်း သူမရဲ့ခြေထောက်တွေက အတော်ကြီး နာကျင်နေပါသေးတယ်. သူမ လမ်းလျောက်တဲ့အခါတိုင်းမှာထော်နဲ့ထော်နဲ့ဖြင့်သာ လမ်းလျှောက်နိုင်ပါတယ်. အဲဒါက ကြည့်ကောင်းစရာ ရှုမြင်ကွင်းမျိုးတော့ မဟုတ်ခဲ့ပါဘူ


ရှောင်လု က သူမ ကို လေသံပျော့ပျော့နဲ့နားချဖို့ ကြိုးစားလိုက်ကာ- " သခင်.. သခင် က အခုမှ စကောင်းရုံလေးပဲ ရှိသေးတာလေ၊ လျှောက်ပြီးတော့ လမ်းလျောက်ကြည့်ဖို့ မကြိုးစားပါနဲ့လား၊ သခင် တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? ဒီအစေခံက ဘယ်လို အသက်ရှင်ရမှာလဲ?


"ငါ့ အတွက် မစိုးရိမ်စမ်းပါနဲ့၊ မင်း သခင်ရဲ့အသက်က ဒီထက်တောင်မှ ပိုခိုင်မာသေးတယ်၊ ငါ သေသွားခဲ့ရင်တောင် ငါ့ရဲ့ ပုလဲလုံးတွေနဲ့ပဲ အတူတူသေနိုင်မယ်!" လင်ရှန်း ခိုင်ခိုင်မာမာကြီးပြန်ပြောလိုက်တယ်. ပြီးတော့ သူမ က ရှောင်လုကို အမိန့်ပေးလိုက်တယ်. - " သွားပြီးတော့ ငါ့ရဲ့ အဝတ်ထုပ်တွေကို သွားယူလိုက်၊ ငါတို့တွေ နန်းတော်ကို ပြန်ကြမယ်. ငါ အဲဒီလူကိုလဲ ဆွဲချပြီး ရှာဖွေဖော်ထုတ်ဖို့ လိုတယ်


သနားစရာရှောင်လုလေးပါပဲ။ သူမ ပြောသည်ဖြစ်


မပြောသည်ဖြစ်စေ ဘာမှမထူးခဲ့ပါဘူး, ကြည့်ရတာကတေ


ဘာနဲ့မှ ထိရောက်အောင် မလုပ်နိုင်တော့ပါဘူး. သူမစိတ်ထဲမှာတော့ စိတ်ရှုပ်ထွေးစွာ ခံစားနေရတုန်းမှာပဲ တစ်ယောက်က အပြင်ဘက်နေပြီး အလောတကြီးပြေးဝင်လာခဲ့ပါတယ်. သူက ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်ခဲ့ကာ- " ဒုတိယသခင်လေး! တော်ဝင်အမိန့်တော်က ရောက်လာတယ်! တော်ဝင်အမိန့်တော် ရောက်လာတယ်


'တော်ဝင်အမိန့်တော်လား! လင်ရှန်း သူမရဲ့နှလုံးခုန်သံကိုတောင် သူမပြန်ပြီး ကြားသွားရပါတယ်. ရုတ်တရက် သူမ ဒီဟာနဲ့ပတ်သတ်ပြီးတော့ အတော်လေးမကောင်းတဲ့ ခံစားချက်ရလိုက်ပါတယ်. 'သူမ ထုတ်ဖော်ခံလိုက်ရတာများလား??


End..