Chapter 29
Viewers 9k

အပိုင်း(၂၉)


လင်ရှန်းတစ်ယောက် သူမရဲ့နှလုံးလေးကို အပ်ချည်မျှင်လေးဖြင့် တွဲလွဲဆွဲထားလိုက်၍ တော်ဝင်အမိန့်တော်ကို နားထောင်လိုက်သည်. မမျှော်လင့်ထားခဲ့တာကတော့ အဲဒီအမိန့်တော်က အခြားအကြောင်းအရာတစ်ခုသာ ဖြစ်နေခဲ့ပါတယ်။


ထိုအမိန့်ပြန်တမ်းလွှာက အိမ်ရှေ့စံမင်းသားရဲ့အသက်ကို သူမ ကယ်ဆယ်လိုက်တဲ့အတွက်ကြောင့် ရောက်ရှိလာခဲ့တာပဲဖြစ်သည်. သူမ က တော်ဝင်ရတနာသိုက် ရှာဖွေသည့်ပြိုင်ပွဲတွင် ပထမဆုရှင်အဖြစ် ကြေငြာလိုက်ခြင်း ခံခဲ့ရလို့ပါ! အင်ပါယာဘုရင်မင်းမြတ်က သူမကို ကြီးကျယ်ခမ်းနားသော ဆုတံဆိပ်တစ်ခုကိုလဲ ပေးနှင်းအပ်ခဲ့ပါတယ်။


လင်ရှန်းတစ်ယောက် အံအားသင့်လွန်း၍ကြက်သေ သေသွားခဲ့သည်. သူမ က အိမ်ရှေ့စံမင်းသားရဲ့ အသက်ကို ကယ်ဆယ်ပေးခဲ့တာကြောင့် ဆုချီးမြှင့်ခြင်းခံခဲ့ရတာတော့ သူမ နားလည်နိုင်ပါသေးတယ်. အဆုံးမှာတော့ သူမ က သူ့ရဲ့မြွေဆိပ်ကို စုပ်ထုတ်ပေးခဲ့ရတာပဲလေ. ဒါပေမယ့် ဘယ်လိုဖြစ်ပြီးတော့ သူမ က ပြိင်ပွဲရဲ့ပထမဆုရှင် အဖြစ် ဆုချီးမြှင့်ပေးလိုက်ခြင်းခံရသွားတာလဲ။ 


ညလင်းပုလဲလုံးတွေက ဘယ်ရောက်နေမှန်းတောင် သူမဖြင့် မသိခဲ့ဘဲနဲ့!!?


သံသယတွေအပြည့်နှင့်ပင် တော်ဝင်အမိန့်တော်ကို သူမ လက်ခံလိုက်ရသည်. သူမက ဒီအခွင့်အရေးကို အသုံးချပြီးတော့ သူမကို ဂုဏ်ပြုလွှာလာပို့ပေးတဲ့ အတွေ့ကြုံရင့်ကျက်သော မိန်းမစိုးထံကနေပြီး သတင်းတစ်ချို့တော့ရအောင် ကြိုးပမ်းလိုက်တယ်။


"စန်း ကုန်းကုန်း တစ်ချို့အရာလေးတွေမှာ ကျွန်တော်. သိပ်မရှင်းလင်းတာလေးတွေရှိလို့ ခင်ဗျားသိထားတဲ့ဗဟုသုတလေးကို ကျွန်တော် မေးလို့ရနိုင်မလား ခင်ဗျာ"


စန်းကုန်းကုန်းက နန်းတော်ထဲမှာနေလာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီဖြစ်သည်. ထင်ပေါ်ကျော်ကြားသော ဘယ်သူ့ကိုမဆို သူက သေချာပေါက် ယဉ်ယဉ်ကျေးကျေးဖြင့်သာ ပြောဆိုဆက်ဆံတတ်သူဖြစ်လေတော့- "ဒီအစေခံက အဲလိုမျိုး စွမ်းပကား မရှိပါဘူး. ကျွန်တော်မျိုး ဘယ်လိုလုပ်ပြီးတော့ ကြင်ရာတော်မင်းသားကို အသိပညာဗဟုသုတတွေ မျှဝေပေးနိုင်မှာတဲ့လဲ? ကြင်ယာတော်မင်းသား. တကယ်လို့ ကြင်ယာတော်မင်းသားမှာ မေးစရာတစ်ခုခုရှိရင် ပေါ့ပေါ့ပါးပါးပဲမေးလို့ရပါတယ်၊ ကျွန်တော်မျိုးသိထားသမျှကို တတ်နိုင်သလောက် ပြောပြပေးပါ့မယ်။"


လင်ရှန်းက လိုရင်းကိုပဲ တန်းပြီးပြောလိုက်တယ်. " အဲလောက်ထိလဲ ယဉ်ကျေးစရာမလိုပါဘူးခင်ဗျ. ကျွန်တော်က ကျွန်တော်သတိလစ်နေတုန်းမှာ အင်ပါယာဘုရင်မင်းမြတ်ဆီက ညလင်းပုလဲတွေကို ဘယ်လိုမျိုး ကြင်နာတတ်တဲ့သူကများ ကျွန်တော့်ကို ကူပြီးတော့ ရှာဖွေတွေ့ရှိသွားလဲဆိုတာ သိချင်ရုံလေးပါပဲ. ကျွန်တော်နေကောင်းသွားရင် ကျွန်တော်က သူ ဒါမှမဟုတ် သူမကို ကျေးဇူးဆပ်ချင်လို့ပါ ခင်ဗျ"


"ကြင်ယာတော်မင်းသားက တကယ့်ကိုပဲ ကြင်နာတဲ့နှလုံးသားရှိတဲ့သူ တစ်ယောက်ပဲ၊ ဘယ်သူက ကြင်ယာတော်မင်းသားရဲ့ညလင်းပုလဲတွေကို ကောက်ယူသွားလဲဆိုတာတော့ ကျွန်တော်မျိုး သိပ်သေချာမသိပေမယ့် ကျွန်တော်မျိုး ကြားရတာကတော့ အရာရှိလိန်က ကြင်ယာတော်မင်းသားကို လိုက်ပါစောင့်ရှောက်ပြီးတော့ အမတ်ချုပ်ကြီးရဲ့အိမ်တော်ရာကို ပြန်လာပို့ပေးတဲ့သူတစ်ယောက်လို့ ပြောတာကြားရတယ်၊ တကယ်လို့ ကြင်ယာတော်မင်းသားက ဒီထက်ပိုပြီးတော့ ရှာဖွေချင်တဲ့စိတ်ရှိရင်တော့ ကြင်ရာတော်မင်းသားက အရာရှိလိန်ထံကနေပြီး အဖြေတွေပိုပြီးတော့ ရနိုင်မှာပါ"


'လိန်ဖန်လား?' သူမစိတ်ထဲမှာ ဒီနာမည်ကို ကြားလိုက်ရတာနဲ့ လင်ရှန်း ချက်ချင်းကြီး သူမ အကယ်ဆယ်ခံလိုက်ရတဲ့ညကို ပြန်ပြီးတော့ အမှတ်ရသွားတော့သည်. လိန်ဖန် က သူမရဲ့ရှေ့တွင် ထွက်ပေါ်လာပြီးတော့ သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပေးခဲ့တာကိုပေါ့. သူမ ဘယ်လိုမျိုး အဓိပ္ပာယ်ဖော်ရမလဲဆိုတာ မသိတော့အောင်ပင် အဲဒါက အတော်လေး ထူးဆန်းတဲ့ခံစားချက်ဖြစ်သည်. သူမ တစ်စွန်းတစ်စလေးတော့ ခံစားရနေပါတယ် .တစ်ခုခုက မတူတော့သလိုမျိုးပေါ့ ဒါပေမယ့် သူမ အခြားတစ်ခုခုလားဆိုတာတော့ မသေချာသေးပါဘူး။


စုန့်အိမ်တော်သို့ အင်ပါယာဘုရင်၏ ဆုလဒ်တော်တွေ လာရောက်ပို့ဆောင်ခဲ့ပြီးသွားတဲ့ အထိတိုင်အောင်ကို ဒီကိစ္စတွေကတော့ သူမရဲ့စိတ်ထဲတွင် စွဲထင်ကျန်ရှိနေခဲ့သည်. အခုကတော့ လင်ရှန်းရဲ့စိတ်အာရုံအားလုံးက သူမရဲ့ လက်ဆောင်ပစ္စည်းတွေ အပေါ်တွင် ရောက်လို့နေပါတယ်။


'မယုံနိုင်စရာကောင်းလိုက်တာ! ဘယ်လောက်တောင်ကြီးမားလှတဲ့ သေတ္တာကြီးလဲ! ဒီအထဲမှာ ရွှေအပြည့် ငွေအပြည့်နဲ့ မဖြစ်ရင်တောင် အဲဒါက သေချာပေါက်ကို နည်းတဲ့ပမာဏတော့ မဖြစ်နိုင်ဘူး! အင်ပါယာက အတော်လေးကို ပေးကမ်းစွန့်ကျဲတတ်တယ်ဆိုတာ ငါ ခန့်မှန်းမိသားပဲ!'


လင်ရှန်း က အပျော်တွေနှင့်အတူ ပီတိဝေဖျာနေခဲ့ပါတယ်. သူမ က သေတ္တာကိုဖွင့်လိုက်ရန် ရှောင်လုအား အမိန့်ပေးလိုက်ပါတယ်. သနားစရာရှောင်လုလေးပါပဲ. သေတ္တာကိုဖွင့်ဖို့အတွက်နဲ့ သူမရဲ့အင်အား အားလုံးကို သုံးလိုက်ရပါတယ်. သူတို့နှစ်ယောက်လုံးပင် ရလာတဲ့ ရလဒ်ကြောင့် တအံ့တအောနဲ့မှင်တက် သွားကြတော့သည်။


'ဘာလို့ နောက်ထပ်သေတ္တာတစ်လုံးက ထပ်ရှိနေရတာလဲ?'


လင်ရှန်း ဦးနှောက်တွေတောင် ခြောက်သွားခဲ့သည်. သူမ က ဒီသေတ္တာနဲ့ပတ်သတ်ပြီးတော့ အလွန်တစ်ရာကို မကောင်းတဲ့ခံစားချက် ရနေသည်. သူမ က ရှောင်လုကို ဒုတိယသေတ္တာအား ခပ်မြန်မြန်လေးဖွင့်ဖို့ အမိန့်ပေးလိုက်သည်. မျှော်လင့်ထားတဲ့အတိုင်းပါပဲ နောက်ထပ် သေတ္တာတစ်လုံးက အထဲမှာ ထပ်ပြီးတော့ရှိနေပြန်ခဲ့သည်။


လင်ရှန်းတစ်ယောက် ပျာယာခတ်သွားခဲ့သည်. 'အင်ပါယာ က ငါ့ကို သေတ္တာအစုံလိုက်ကြီးပဲတော့ မပေးနိုင်လောက်ပါဘူး'


စိတ်အပျက်ကြီးပျက်ရှာနေရသော နှလုံးသားနှင့်အတူ လင်ရှန်း တတိယမြောက်သေတ္တာကို ဖွင့်လိုက်သည်. နောက်ဆုံးမှာတော့ နောက်ထပ်သေတ္တာတစ်လုံး ထပ်မရှိတော့ပါဘူး. အဲဒီအစား သူမ က အနီရောင်ပိုးထည်စ ထုတ်ပိုးချည်နှောင်ထားသော ကျောက်တုံးတစ်တုံးဖြင့် ကြိုဆိုခြင်းခံလိုက်ရပါတယ်. ကျောက်တုံးပေါ်မှာတော့ လှပတဲ့လက်ရေးလက်သားနဲ့ဆက်ကာရေးထားသော 'တည်ငြိမ်အေးချမ်းခြင်းနှင့် ကြီးပွားချမ်းသာခြင်း' ဆိုတဲ့ စာသားအား ထင်ထင်ရှားရှားကြီးပင် တွေ့ရသည်။


လင်ရှန်း မရှိတဲ့မျက်ရည်ကိုတောင် ညှစ်ထုတ်ပြီး ကျလိုက်ချင်တော့တယ်. 'မိုးနတ်မင်းကြီးရေ. ရှင် ကျွန်မနဲ့ လာကစားနေတာများလား???'


စန်းကုန်းကုန်း က ရုတ်ချည်းပင် ဒူးထောက်ချလိုက်ပြီးတော့ ဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်.-


"ဂုဏ်ပြုပါတယ်. ကြင်ယာတော်မင်းသား! ဒီကောင်းကင်ဘုံကျောက်တုံးက ကျွန်တော်မျိုးတို့ရဲ့အရင်ဘုရင်မင်းမြတ်က ချန်ထားရစ်ခဲ့တဲ့ကျောက်တုံးပဲ! ကျောက်တုံးပေါ်က ဒီစာသားတွေက ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရေးသားထားခဲ့တာပဲ. အရှင်မင်းကြီးက ကြင်ယာတော်မင်းသားကို ဒီလိုမျိုးခမ်းနားနားကို ပေးအပ်နှင်းခဲ့တာပဲ. ဘယ်လောက်တောင် ကြီမားလိုက်တဲ့ ဂုဏ်ပြုမှုမျိုးလဲ!"


'ဘာ ကောင်းကင်ဘုံကျောက်တုံးလဲ!? ဒါက ကြည့်လိုက်တာနဲ့ ဥက္ကာခဲအပိုင်းအစတစ်ခုလိုမျိုးပဲကို'


လင်ရှန်း၏မျက်လုံးထဲတွင် ပျာဝေသွား၍ မိုက်ခနဲဖြစ်လို့သွားပြီးတော့ လဲကျလုနီးနီးတောင် ဖြစ်သွားပါတယ်။


အမှန်တကယ်ကတော့ ဒီကောင်းကင်ဘုံကျောက်တုံးက အသုံးမဝင်တာတော့ မဟုတ်ပါဘူး. အနာဂတ်တွင် လင်ရှန်းတစ်ယောက် သူမ၏အမျိုးသမီးဘဝအမှန်ကို တစ်ဖန် ပြန်နေလို့ရရင် ဒီကျောက်တုံးက ဟင်းသီးဟင်းရွက်တွေ ချိုးဖဲ့ဖြတ်တောက်တာတွေလောက်တော့ အသုံးတည့်လာနိုင်ပါတယ်. ဒါပေမယ့် အဲဒါက မကြာခင်မှာဖြစ်မလာမချင်းကို သုံးလို့ရမှာတော့ မဟုတ်ပါဘူး။


တော်ဝင်အမိန့်တော်ကို လက်ခံခဲ့လိုက်တဲ့ တစ်နေ့တည်းတွင် လင်ရှန်းတစ်ယောက် သူမ အဖေရဲ့ကန့်ကွက်မှုတွေ ရှိနေခဲ့ကာမူ နန်းတော်ထဲသို့ ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။


အခုလောလောဆယ်မှာတော့ သူမရဲ့ပန်းတိုင်က လိန်ဖန်ကို တွေ့အောင်ရှာပြီးတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို တိတိကျကျမေးမြန်းဖို့ပါပဲ။


ရှောင်လု က သူမရဲ့ နတ်ဘုရားကျောက်တုံးကို ကိုင်ထားပြီးတော့ အပြေးသယ်လာခဲ့ပြီးနောက် သူမ က ကသိကအောက်ဖြစ်နေ၍ အလွန်အမင်းကို ချွေးတွေပြန်နေခဲ့သည်. သူမ က ထပ်တွန့်တက်လိုက်ကာ- "ကြင်ယာတော်မင်းသား ဒါက ဒီ အလုပ်သမား လုပ်ဆောင်နိုင်တဲ့ အလုပ်မဟုတ်ပါဘူး"


'ဟ.. ဒီကောင်မလေးကတော့ တော်တော်ကို အတုမြင် အတတ်သင်တတ်တဲ့ကောင်မလေးပဲ


သူက ဒီအလုပ်သမား မလုပ်ဆောင်နိုင်တဲ့ အလုပ်' ဆိုတာကိုတောင် ပြောဖို့သိနေတယ်ပေါ့လေ' လင်ရှန်း သူမမျက်လုံးကိုလှန်လိုက်ကာ ခြိမ်းခြောက်လိုက်သည်။


' မင်း နောက်ထပ်ထက်ပြီးတော့ ထပ်တွန့်တက်​နေဦးမယ်ဆိုရင်


ငါ့ကိုစောင့်ကြည့်လိုက် နင့်ကို ဟင်္ဿပြဒါးကွေးအိမ်တော် ပို့ပစ်လိုက်မှာနော်''


ရှောင်လု ဘေးတစ်ဘက်စောင်းကာ ကွယ်လိုက်၍ တစ်ခစ်ခစ်နဲ့ရယ်လိုက်ကာ - "သခင် ၊ ဟဿာႅပြဒါးကွေးအိမ်တော်ရဲ့လူတွေက ကျွန်မလို လူမျိုးကို လိုချင်မှာ မဟုတ်ဘူးလို့ သခင်ပဲပြောခဲ့တာ မဟုတ်ဘူးလား"


လင်ရှန်း က သူမရဲ့လက်ကို သူမ၏နံဖူးပေါ်သို့သာ တင်ထားလိုက်တော့သည်. သူမ မှာ ပြောစရာ စကားမရှိတော့ပါဘူး. 'ဒါမျိုးကို ဆရာထက် တပည့်က ပိုပြီးတော့ လက်စောင်းထက်နေတယ်လို့ ပြောရမှာပဲ. တောင်တွေရဲ့ အလွန်မှာ ပိုမြင့်တဲ့တောင်တွေက အမြဲရှိတာပဲကိုး'. သူမ လဲ တစ်ခြားလူတွေကို သူမရဲ့အစေခံကို သူမက မတရားခိုင်းစေနေတယ်လို့ မတွေးစေချင်ပါဘူး လင်ရှန်း က နတ်ဘုရားကျောက်တုံးကို သူမကိုယ်တိုင်ပဲ ကိုင်ထားလိုက်သည်. မမျှော်လင့်ထားစွာဘဲ သူမ က စိတ်ကြည်သာနေပုံရတဲ့ တုမင်ယွဲ့နှင့် တည့်တည့်ကြီး မျက်နှာချင်းဆိုင်မိသွား​တော့သည်။


တုမင်ယွဲ့က ရုတ်တရက်ကြီး ရှက်သွေးဖျာသွားခဲ့ကာ ဒါပေမယ့် သူမပါးစပ်ကတော့ ဆိုးရွားရွားပြောထွက်လိုက်သည်. "ရှင် အခုထိ မသေနိုင်သေးဘူးလား"


"မင်း အတွက်တော့ ကံမကောင်းစွာနဲ့ဘဲ ငါ အခုထိ အသက်ရှင်သေးတယ်" လင်ရှန်း က ပြန်ချေပလိုက်သည်။


ဒေါသတွေထွက်လာရမည့်အစား တုမင်ယွဲ့က အချိန်အနည်းငယ်လောက်တောင် ချီတုံချီချ ဖြစ်သွားသလိုတောင် ထင်ရသွားပါတယ်. ပြီးနောက်တွင် သူမ က ဒေါသတကြီးဖြင့် သူမရဲ့အစေခံတွေကို အမိန့်ပေးလိုက်ခဲ့သည်. –


" နင်တို့တွေ ကန်းနေကြတာလား။ ကြင်ယာတော်မင်းသားရဲ့ပစ္စည်းတွေ ကိုဝိုင်းကူပြီး သယ်ပေးလိုက်ကြလေ!"


လင်ရှန်း အံ့အားသင့်ကာ တုန်လှုပ်လို့သွားခဲ့သည်. 'အိုး ငါ့ရဲ့မင်းသမီးလေးရယ်. နင် ငါ့ကို လာခြောက်ဖို့ ကြိုးစားနေတာလား? ဘာလို့ ရုတ်တရက်ကြီး သဘောတွေစွတ်ကောင်းနေရတာလဲ? နင် ဒီကျောက်တုံး အစုတ်အပဲ့ကို လိုချင်နေတယ်လို့တော့ ငါ့ ကို လာမပြောနဲနော်??'


တုမင်ယွဲ့က မျက်နှာပေါ်တွင် အသင့်အနေထားရှိနေတဲ့ပုံဖြစ်​ေန၍ သူမကို ပြန်စိုက်ကြည့်နေတဲ့ လင်ရှန်းကို သတိထားမိလိုက်တော့ သူမ က မနေတတ်မထိုင်တတ် ဖြစ်သွားကာ - " ဘာလို့ ဒီလိုကြီးကြည့်နေတာလဲ။ ကျွန်မ......ကျွန်မက ကျွန်မအစ်ကိုတော် ကို ရှင်ကယ်ပေးလိုက်လို့ ကျေးဇူးတင်ချင်ရုံလေးပဲကို....." တုမင်ယွဲ့က သူမနှတ်ခမ်းကိုစူထားလိုက်ပြီး သူမရဲ့အကြည့်အာရုံအားလုံးကို ကို လင်ရှန်းအပေါ်မှာ စူးစိုက်ထားလိုက်တယ်. သူမရဲ့မျက်ဝန်းတွေက အရင်တုန်းကလောက်တော့ နေရာတိုင်းတွင် ကြောက်ဖို့မကောင်းနေတော့ပါဘူး။


အဲဒီအချိန်အခိုက်အတန့်မှာပဲ လင်ရှန်း မိုးကြိုးပစ်ခံလိုက်ရသလို အံ့ဩ တုန်လှုပ်သွားတော့သည်။


'ဘာဖြစ်တာလဲ...အမ်.....မင်းသမီးက ငါ့ကို ကြွေသွားတာတော့ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မဟုတ်လား? အိုးဘုရားရေ... သွားပါပြီ. ဝိုး. မင်းသားနဲ့မင်းသမီး နှစ်ယောက်လုံးက ဂေးတွေ အဖြစ်ပြောင်းသွားကြတော့မှာပဲ . ဒါက တကယ့်ကိုပဲ အဖြစ်ဆိုးပါလား!'


အမှန်တကယ်ကတော့ လင်ရှန်းတစ်ယောက် သူမ ကယ်ဆယ်လိုက်တဲ့သတင်းက နန်းတော်တစ်ခုလုံးကို ပျံ့နှံ့သွားတာကို သတိပြုမိပါတယ်. အရမ်းကို များပြားလွန်းလှတဲ့ မတူညီတဲ့အမြင်အမျိုးမျိုးလဲ ဖြစ်ပေါ်လာခဲ့ပြီး သူတို့တွေအားလုံးက သူမကို ရိုသေကိုင်းရှိုင်းရတဲ့ပုံရိပ်တစ်ခုလိုမျိုး ကိုးကွယ်နေခဲ့ကြသည်. မင်းသမီး တင်မကသေးပါဘူး တော်ဝင်စားဖိုဆောင်မှာအလုပ် လုပ်နေတဲ့ အမျိုးသမီးကြီးတွေကတောင် သူတို့ကိုယ်သူတို့ အသက်သုံးဆယ်လောက်တောင် ငယ်လို့ရရင် ငယ်သွားချင်နေကြပါတယ်. ဒါမှ သူတို့က သူမရဲ့အပျော်မယားတွေ ဖြစ်နိုင်မှာမို့လို့ပါ။


မိန်းမတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်လို ဝတ်ဆင်ထားရတာက လင်ရှန်း အတွက် လူသိများစေတဲ့ ဂုဏ်အဆင့်အတန်းထိတောင် ရောက်ရှိလာစေခဲ့သည်. သူမ က အမျိုးသမီးတွေကြားထဲတွင် ဒေသခြားကနေရောက်လာသော စွဲမက်ဖွယ်ကောင်းတဲ့ ပန်းတစ်ပွင့်လို ဖြစ်နေပြီးတော့ ယောကျ်ားတွေထဲတွင်တော့ ရိုးသားတဲ့ဖိုးသခွားလေးလိုမျိုး ထူးကဲလွန်းနေခဲ့တာပါပဲ။


တုမင်ယွဲ့၏ရုတ်တရက်ကြီးပြောင်းလဲလာသော သဘောထားရပ်တည်ချက်က လင်ရှန်း ကို မျက်ကလူးဆန်ပျာ ဖြစ်သွားစေခဲ့ပါတယ်. သူမ က လျင်မြန်စွာဖြင့်ပင် အဆုံးသတ်ရောက်ဖို့ကို ဒီလိုမျိုးကြီး တစ်ရက်ပြီးတစ်ရက်နဲ့ ကြာကြာကြီး မသယ်သွားနိုင်တော့ပါဘူး. နောက်ဆုံးမှာတော့ သူမရဲ့အယောင်ဆောင်ထားမှုက ပေါက်ကွဲထွက်သွားပြီးတော့ သူမတစ်ယောက်တည်းတင် သေကိန်းကြုံရမှာမဟုတ်ဘဲ စုန့်အိမ်တော်တစ်ခုလုံးက သူမနှင့်အတူ ဆွဲချခြင်းခံရမှာပါပဲ. သူမ က 'ဝူလျန်ဂျီ ရဲ့အိမ်တော်'က ချိတ်ပိတ်ခံရတဲ့ ဖြစ်ရပ်ကို ပြန်စဉ်းစားလိုက်မိပါတယ်. သူမ ကသာ သူမတို့မိသားစုရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ပျက်စီးအောင်လုပ်မိသွားရင်တော့ သူမ အသက်ရှင်နေခဲ့ရင်တောင်မှ သူမ စိတ်ဖြောင့်ဖြောင့်နဲ့ နေနိုင်လိမ့်မှာမဟုတ်ပါဘူး။


ဒီအကြောင်းတွေကိုတော့ သူမ ဒီနေရာကို ရောက်လာခဲ့ကတည်းက ပထမဆုံးအကြိမ်အဖြစ် တွေးပူပန်နေ၍ သူမရဲ့အနာဂတ်အတွက် အစီအစဉ်ဆွဲနေခဲ့တာပဲ ဖြစ်သည်။


End......