Chapter 30
Viewers 9k

 


အပိုင်း(၃၀)


လင်ရှန်းတစ်ယောက် သူမ၏ဇစ်မြစ်အမှန်ပေါ်ထွက်လာမှာကို ပူပန်သောကရောက်၍ စိတ်မချမ်းမသာဖြစ်နေစဉ်တွင်တော့ နန်းတော်ထဲတွင်ရှိသော ယောက်ျားသုံးဦးတွင်လဲ ဆင်းရဲဒုက္ခအတိခံစားနေကြရရှာပါတယ်။


ပထမဦးဆုံးတစ်ယောက်ကတော့ တတိယမင်းသားဖြစ်တဲ့ တုဂျင်ပဲ ဖြစ်ပါတယ်. လင်ရှန်းကြောင့်သာ မဟုတ်ခဲ့ရင်တော့ သူ့ရဲ့အစီအစဉ်က အလုပ်ဖြစ်နိုင်မှာပါ. သူ စီမံထားတွေအားလုံးကို သူမ က နှောင့်ယှက်ဖျက်စီးပစ်ခဲ့ပါတယ်. မူလကတော့ သူက ကောင်းကင်ဘုံကျောက်တုံးကို လွယ်လွယ်လေးနဲ့ ရယူနိုင်တော့မလို့ပါပဲ. အခုကျတော့ အဲဒီကျောက်တုံးကို တစ်ယောက်က ရသွားခဲ့လေတော့ သူ ဘယ်လိုလုပ်ပြီးတော့ စိတ်ချမ်းသာနိုင်မှာတဲ့လဲ။


"သခင်၊ ဒီငယ်သားရဲ့ စုံစမ်းမှုအရဆိုရင်တော့ ကောင်းကင်ဘုံကျောက်တုံးက စုန့်လောင်ဆီမှာ ရှိနေပါတယ်. သို့သော်ငြားလည်း မင်းသမီးထံမှာက အစောင့်အကြပ်တွေ ထူထပ်လွန်းအားကြီးတယ်. တကယ်လို့ ကျွန်တော်မျိုးမတို့တွေသွားပြီးတော့ ကျောက်တုံးကို လုယူလိုက်မယ်ဆိုရင်တော့ ကျွန်တော်မျိုးမတို့ ဖြစ်နိုင်တာက......."


"ငါ သိတယ်" တုဂျင် က သူမ စကားကိုဖြတ်လိုက်တယ်. "စုန့်လောင် ဆီက နေ ယူဖို့ ငါ နည်းတစ်ခုကို စဉ်းစားမိတယ်. မင်းရဲ့တာဝန်ကိုသာ အရင်ဆုံးသွားပြီးတော့သတင်းပို့လိုက်"


''ဒီငယ်သားက သခင့်ရဲ့အမိန့်အတိုင်း လိုက်နာပါ့မယ်'' မကြာမီအတောအတွင်းမှာပဲ ကွေ့မိန်က


ညအမှောင်ထုထဲတွင် ဝင်ရောက်ပျောက်ကွယ်လို့ သွားတော့သည်။


တစ်ချိန်တည်းမှာပဲ အရှေ့နန်းတော်ရာထဲတွင်...


တုဟောင်က လင်ရှန်းရဲ့အခြေအနေနဲ့ပတ်သတ်ပြီးတော့ သူ့စိတ်ထဲတွင် မချင့်မရဲဖြင့် ခံစားရခက်​နေပါတယ်.


"ကုဇောင်"


"ဒီငယ်သား ရှိပါတယ်"


"ငါ မင်းကို လုပ်ဖို့ပြောထားတာကို သွားစုံစမ်းပြီးသွားပြီလား"


"အရှင့်သား၊ ကျွန်တော်မျိုးတို့ ပြန်လာတဲ့အချိန်ကတည်းက ဒီငယ်သား အရှင့်သားပြောတဲ့မိန်းကလေးကို အကြိမ်ပေါင်းများစွာ သွားရောက်ရှာဖွေပြီးသွားပြီ. သို့ပေမယ့်လည်း ကျွန်တော်မျိုးတို့ ဘာသတင်းမှ ပြန်မကြားရခဲ့ပါဘူး. ကျွန်တော်မျိုးစိတ်ထင်ကတော့ သူမ က မြို့တော်ကနေ ထွက်သွားပြီလို့ ထင်ပါတယ်"


"မဟုတ်ဘူး၊ ဆက်ရှာနေလိုက်"


"ဟုတ်ကဲ့ပါ" ကုဇောင် က အမိန့်ကို လက်ခံလိုက်ပေမယ့် သူ က နေရာမှာတင် ရှိနေသေးပါတယ်။


"တစ်ခုခုရှိသေးလို့လား? တုဟောင် က သူ့ ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။


" ဒီငယ်သား က အကြောင်းအရာတခုကိုတော့ ပြောချင်တဲ့ဆန္ဒရှိပါတယ် ဒါပေမယ့် အရှင့်သား က ခွင့်ပြု မပြုက မသေချာပါဘူး"


"ပြော"


"ကျွန်တော်မျိုးရဲ့အမြင်အရပြောရမယ်ဆိုရင် အရှင့်သား ဒီမိန်းကလေးကို တွေ့ခဲ့တာက နှစ် နှစ်တောင် ကြာသွားခဲ့ပါပြီ. သူမ က မြို့တော်မှာ ရှိနေသေးရင်တောင်မှ အများဆုံးဖြစ်နိုင်တာက သူမ လက်ထပ်ခဲ့ပြီးသွားလောက်ပါပြီ. ဒီငယ်သား စိတ်ထဲမရှင်းတာက ဘာလို့ အရှင့်သားက သူမ ကို ဒီလောက် သဲသဲမဲမဲကြီး ရှာချင်နေသေးလဲဆိုတာကို......"


"နောက်ထပ် ဆက်မပြောနဲ့တော့!" တုဟောင် က စကားကို ဖြတ်ချလိုက်ပါတယ်. "ငါ ဘာလုပ်နေလဲဆိုတာ ငါသိတယ်. မင်း ကို ပြောတဲ့အတိုင်းပဲ လုပ်စမ်း ၊ မင်း အခု သွားနိုင်ပြီ"


"ဟုတ်ကဲ့" ကုဇောင် က တုဟောင်ဒေါသထွက်သွားတာကိုသိတော့ နောက်ထပ် ဆက်မပြောရန် ဆုံးဖြတ်လိုက်ပြီး အရိုသေပြုကာ ထွက်သွားလိုက်သည်.


သူ က နောက်​ပြန်ဆုတ်လိုက်တော့ သူ့ရဲ့မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့နေတဲ့အမူအရာတစ်ခု ထွက်ပေါ်နေခဲ့ပါတယ်. 'ဒီ အိမ်ရှေ့စံမင်းသားက သူ အမြဲတမ်းသိထားဖူးခဲ့တဲ့ အေးစက်စက်နဲ့ဉာဏ်ထက်မြက်ပြီးတော့ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ အိမ်ရှေ့စံမင်းသားနဲ့ မတူတော့တာပဲ'


ထို့နောက်ထပ်မံ၍ တုဟောင်စိတ်ထဲမှာ တကယ်ပဲဘာတွေတွေးတောခံစားနေတာလဲ ဆိုတာကို ကုဇောင် ကဘယ်လိုလုပ်ပြီးတော့ သိနိုင်မှာတဲ့လဲ။


'လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သူက အသက်နှစ်ဆယ်ပြည့်ရုံလေးပဲရှိသေးတာ၊ သူ့ရဲ့ အရည်အချင်း ပေါင်းသင်းဆက်ဆံရေး၊ ဉာဏ်ရည်ဉာဏ်သွေးကို အခြေခံရရင် သေချာပေါက်ကို သူ့ရဲ့အကိုကြီး ဖြစ်တဲ့ တုရီနဲ့ အလှမ်းကြီးဝေးကွာနေသေးသည်. ထို့ကြောင့်ပင် နန်းတွင်းရဲ့မှုးကြီးမတ်ရာမင်းမှုထမ်းတွေက သူ့ရဲ့အိမ်ရှေ့စံမင်းသားဆိုတဲ့ရာထူးကို ဆွေးနွေးသုံးသပ်နေခဲ့ကြသည်. သူ က မိဖုရားကြီး၏ သားတော်တစ်ပါး ဖြစ်သော်လည်း အနာဂတ်မှာ ဘုရင်ဖြစ်လာဖို့ သူ့ရဲ့စွမ်းရည်ကို သူတို့က သံသယဖြစ်နေခဲ့ကြတာ ဖြစ်သည်။


ထို့ကြောင့်ပင် အင်ပါယာဘုရင်က သူ့အား အခြေအနေတွေကို ဖြေလျော့စေရန် အလိုငှာ စစ်တပ်ထဲတွင်တိုက်ခိုက်ဖို့ စေလွှတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ အဲဒါက သူ့အတွက်တော့ သူ့ရဲ့အခွင့်အာဏာကိုလေ့ကျင့်ရယူဖို့ရန် နည်းလမ်းကောင်းတစ်ခု ဖြစ်ခဲ့ရုံသာမက နန်းတွင်းထဲက သူ့ရဲ့နာမည်ဂုဏ်သတင်းကို မြင့်တက်စေရန်အတွက် ကောင်းသောအရာပင် ဖြစ်ခဲ့သည်. ထပ်ပြီးတော့လဲ အင်ပါယာဘုရင်က အနာဂတ်တွင် သူတို့နှစ်ဦးလုံး တစ်ယောက်ကိုတစ်ယောက် ထိခိုက်ပျက်စီးလာနိုင်မည့်ဘေးကြောင့် တုရီ ကိုလဲ အဝေးသို့ စေလွှတ်ခဲ့သည်။


အဲဒီအချိန်တုန်းက တုဟောင်က အခက်အခဲဆိုတာတွေကို ဘာတစ်ခုမှ မတွေ့ကြုံဖူးခဲ့တဲ့ အလိုလိုက်ခံရတဲ့ မင်းသားတစ်ပါးဖြစ်ခဲ့သည်. သူ့ခမည်းတော်ရဲ့ဆုံးဖြတ်ချက်ကို ကြားလိုက်ရချိန်တုန်းက သူ့မှာ အရမ်းကို စိတ်ညစ်ညူးသွားပြီးတော့ နန်းတော်ထဲကနေ အဝေးကြီးသို့ ထွက်ပြေးချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့သည်. အဲဒီအချိန်တွင်ပဲ သူက မြင်မြင်ချင်းချစ်မြတ်နိုးသွားသော မိန်းကလေးတစ်ယောက်နှင့် တွေ့ဆုံမိလိုက်တာပဲ။


အဲဒီ အကြည့်တစ်ချက်ကြောင့်ပဲ စစ်သားဘဝထဲတွင် နှစ်နှစ်တိတိ ကြံ့ကြံ့ခံနိုင်အောင်လို့ သူ့ကို ကူညီပေးခဲ့တာပဲဖြစ်လေသည်. သူ က ငယ်လဲငယ်ရွယ်သေးသည်လေ. သူ့ရဲ့ပထမဆုံးအကြိမ်အဖြစ် ဒီလိုမျိုးအသက်ရှူမှားလောက်တဲ့ မိန်းမ​ချောလေးကိုတွေ့ကြုံခဲ့ရဖူးတာဖြစ်ပေသည်. စစ်တပ်ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝက သူ့ရဲ့စိတ်ထဲတွင်ရှိသော အမျိုးသမီးလေးကို ပိုပြီးတော့မေ့ပျောက်လို့မရအောင် ဖြစ်စေခဲ့သည်။


နှစ်နှစ်တောင်ကြာသွားခဲ့ပြီးတော့ သူလဲ အရွယ်ရောက်လို့လာခဲ့သည်. စစ်ချပ်ဝတ်ကို ဝတ်ဆင်၍ အောင်ပွဲနှင့်အတူ ပြန်ရောက်လာခဲ့သည်. သူ့ရဲ့ဘဝမှာ ဂုဏ်ယူဝင့်ကြွားရဆုံးနေ့ရက်တွေကိုလဲ တွေ့ကြုံခဲ့ရပြီးတော့ ဒီလိုမျိုးခက်ခက်ခဲခဲဖြတ်ကျော်ရတဲ့ နေ့ရက်တွေကိုတောင် သူ မေ့လျော့လို့နေခဲ့ပါပြီ. စုန့်လောင် ပေါ်ထွက်လာပြီးတော့ သူ့နှလုံးအိမ်ကို လှိုင်းထလာအောင် ဖန်တီးခဲ့တဲ့ အချိန်မတိုင်မီအထိပဲပေါ့. အဲဒါအရာကတော့ သူ့အပေါ်မှာ အခြားဘယ်ကိုယ်လုပ်တော်တွေကမှ လုပ်ဆောင်နိုင်စွမ်းမရှိတဲ့ အရာတစ်ခုပဲ ဖြစ်သည်။


သူ့ကိုယ်သူ အမြဲတမ်းလိုလို လေးစားအထင်ကြီးလာအောင်လို့ ပြသနေတဲ့တစ်စုံတစ်ယောက်နဲ့ကျမှ သူ့ဆီမှာ ယောကျာ်းတစ်ယောက်အပေါ်ကို ခံစားချက်တွေရှိနေပြီဆိုတာကို သူ ရုတ်တရက် နားလည်လိုက်တော့သည်. ကုဇောင်က သူ့ကို သူ့ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတော့ဘူးလို့ ထင်ခဲ့တာက အံ့အားသင့်စရာမကောင်းတော့ပါဘူး. အဲဒါက သူ ကူညီလို့မရနိုင်တော့တာပါပဲ။


တုဟောင်တစ်ယောက် သူ့၏နှလုံးသားထဲတွင် ရှုပ်ထွေးတဲ့တိုက်ပွဲတစ်ခု တည်ရှိနေတဲ့အခိုက်မှာပဲ နောက်ထပ်ယောကျ်ားတစ်ယောက်ဖြစ်တဲ့ သူနှင့်မျက်နှာတူညီသော လိန်ဖန်တစ်ယေက်မှာလည်းပဲ သောကမီးတောက်နေရတဲ့ အခြေအနေနဲ့ တွေ့ကြုံခံစားနေရပါတယ်။


လင်ရှန်းရဲ့အင်္ကျီအဝတ်အဝတ်အစားတွေကို လဲလှယ်ပေးခဲ့တဲ့သူက သူပဲဖြစ်သည်. အဲဒီနေ့က သူသာ မလဲပေးခဲ့ဘူးဆိုရင် အခြားတစ်ယောက်ယောက်က လျို့ဝှက်ချက်ကို ရှာတွေ့သွားမှာက မလွဲမသွေပါပဲ. အကျိုးရလဒ်ကတော့ စိတ်ကူးဖြင့်တောင်မှန်းဆလို့ မရနိုင်လောက်အောင်ပါပဲ။


တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော်ကုန်ဆုံးလို့သွားခဲ့သော်လည်း မိန်းကလေးတစ်ယောက်ရဲ့အဝတ်မဲ့နေသောကိုယ်ခန္တာက သူ့စိတ်ထဲတွင် စွဲထင်ရှိနေခဲ့သည်. လိန်ဖန် က အလွန့်အလွန်ကိုပဲ စိတ်မလုံမလဲ ခံစားနေရသည်. သူ လင်ရှန်းကိုလဲ ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်းတောင် မသိတော့ပါဘူး။


'သူ့ရဲ့လက်အောက်ငယ်သားတွေရဲ့ပြောစကားအရ စုန့်လောင်က မ​ေန့ကတည်းက နန်းတော်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးသည်လို့ သူ ကြားရသည်. သူမ က အတော်လေးလဲ သက်သာလာနေသည်တဲ့ . သူ အသက်ရှုချောင်သွားသလိုခံစားလိုက်ရသည်. ဒါပေမယ့်တစ်ချိန်တည်းမှာပဲ သူ့ရင်ထဲမှာ အလွန်ပင် ရှုပ်ထွေးလာခဲ့တော့သည်. စုန့်လောင်ကို သူ သိကျွမ်းလာတာ တစ်ရက်လဲ မဟုတ်ဘူး နှစ်ရက်လဲ မဟုတ်တော့ပါဘူး. သူမ က သူ့ကို ထောက်လှမ်းဖော်ထုတ်၍ မေးခွန်းတွေ မေးတော့မှာပါ. အကယ်၍ စုန့်လောင် ကသာ သူမရဲ့လျို့ဝှက်ချက်ကို သူ သိထားခဲ့တာကို သိခဲ့ပြီး


သူမရဲ့ဖြူစင်မှုက ကောင်းကောင်းကြီး ပျက်စီးသွားခဲ့ရင် သူမ ဘယ်လိုများတွေးလိမ့်မလဲ? သူမ သူ့ ကို ဆက်ပြီးတော့ စကားပြောဆိုနိုင်ပါဦးမလား။'


သူ့ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် စိတ်ဒုက္ဒရောက်လို့နေတုန်းမှာ အင်ပါယာဘုရင်မင်းမြတ်ထံမှ တော်ဝင်အမိန့်တော်တစ်ခုကို ပေးပို့ခဲ့ပြီး သူ့ကို မြို့တော်ရဲ့အနီးက တိုးပွားများပြားလာတဲ့ တောင်ပေါ်ဓားပြတွေကို သုတ်သင်ရှင်းလင်းရန် အမိန့်ပေးခဲ့သည်. အချိန်မဆိုင်းဘဲ ချက်ချင်းလုပ်ဆောင်ပါမည်ဟု သူ ပြောလိုက်ခဲ့သည်။


ထို့ကြောင့်ပင် လင်ရှန်း က လိန်ဖန်ကို လာရောက်ရှာဖွေခဲ့တဲ့ အချိန်မှာတော့ သူမ ကို သူ အမှုအခင်းတစ်ခုကို တိုက်ခိုက်ဖြေရှင်းရန် ထွက်သွားခဲ့သည်ဟု သူမကို ပြောပြတာပဲ ခံခဲ့ရပါတယ်။


°°°°°°°°


ရတနာသိုက်အမဲလိုက်ခြင်းယှဉ်ပြိုင်ပွဲ ပြီးသွားခဲ့ကတည်းက လင်ရှန်း၏ထင်ပေါ်ကျော်ကြားမှုက ကောင်းကင်ထိတိုင်အောင်ကို တစ်ဟုန်ထိုးမြင့်တက်လို့ သွားခဲ့ပါတယ်. မြောက်များစွာသော အထက်တန်းလွှာက လူတွေနှင့် အဆင့်မြင့်အရာရှိတွေကလဲ သူမထံကနေပြီး မျက်နှာသာပေးခံရမှုကို ရရှိနိုင်ရန် အလုအယက်ကို လိုချင်နေကြပါတယ်. အဲဒါကတော့ ကောင်းကင်ဘုံကျောက်တုံးကြောင့် ထိခိုက်ခဲ့ရတဲ့ သူမရဲ့စိတ်ဝိညာဉ်လေးကို နှစ်သိမ့်မှုပေးခဲ့တာပါပဲ။


"ကြင်ယာတော်မင်းသား၊ ရှေ့ရက်အနည်းငယ်တုန်းက တော်ဝင်ဦးရီးတော်လျို က ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ပေးပို့ခဲ့ပြီးတော့ မင်းသား(၆) က ရွှေသားဗုဒ္ဓလက်တော်တစ်စုံကိုလဲ ပေးပို့လိုက်ပါတယ်. ရောင်းလို့ရတဲ့ငွေက ကြေးပြားတစ်ထောင်ရပါတယ်. ဒီမှာက ငွေသားချက်လက်မှတ်တွေပါ. သခင် ရေကြည့်လိုက်ပါအုံး" ရှောင်လု က လင်ရှန်းလက်ထဲသို့ ငွေလက်မှတ်တစ်ထပ်ကြီး ထည့်ပေးလိုက်ပါတယ်။


လင်ရှန်း က ချက်လက်မှတ်တွေကို ယူလိုက်၍ သူမရဲ့မျက်လုံးတွေက ရွှန်းလဲ့တောက်ပလို့သွားတော့သည်. သူမက သူမ၏လျို့ဝှက်ငွေတွေအားလုံးကို ထည့်သိမ်းထားတဲ့ ပန်းထိုးသေတ္တာထဲသို့ မထည့်လိုက်ခင်ထိ အကြိမ်တော်တော်များများလောက်တောင် ပြန်ရေတွက်လိုက်ပါသေးတယ်။


ရှောင်လု ဘေးကနေ ကြည့်ပြီးတော့ မနေနိုင်တော့ဘဲနဲ့ ရှေ့နောက်မကြည့်ဘဲ ပြောချလိုက်တော့သည်. " ကြင်ယာတော်မင်းသား ၊ ဒီအစေခံကို စိတ်တော့မဆိုးလိုက်ပါနဲ့နော်၊ ဒါပေမယ့်လဲ နန်းတော်ထဲမှာ နေရတာလေ ကျွန်မတို့တွေ စားဖို့ရော ဝတ်ဖို့ရော မပူပင်ရဘူး မဟုတ်လား၊ ဘာလို့ သခင်က ဒီလောက်ငွေတွေအများကြီး စုဆောင်းဖို့လုပ်နေရတာလဲ"


"နင် နားမလည်ပါဘူး" လင်ရှန်း က သူမရဲ့ လျို့ဝှက်သေတ္တာကို အဝေးသို့ထားလိုက်၍ သူမရဲ့အသံကိုတိုးလိုက်ကာ - " ငါ က ယောကျ်ားတစ်ယောက်လိုမျိုးနဲ့ နန်းတော်ထဲမှာ တစ်သက်လုံးနေနိုင်မယ်လို့ နင် ထင်နေတာလား? တကယ်က ငါ့ရဲ့အရှုပမထုတ်ကိုသာ ဖွင့်ချခံလိုက်ရရင် ငါ့မှာလည်း ထွက်ပေါက်တစ်ခု စီစဉ်ထားဖို့လိုတယ်လေ"


" သခင် ပြောနေတာက သခင်က နန်းတော်ထဲကနေ ထွက်သွားတော့မလို့လား" ရှောင်လုက လင်ရှန်းကို အလွန်တုန်လှုပ်စွာနဲ့ ကြည့်ပြီး ပြောလိုက်ပါတယ်။


********


End....