Chapter 31
Viewers 9k

"အရှင့်သားကျွန်တော်မျိုး မှားမှန်းသိပါပြီ"


ဘာသာပြန်သူ - tartarmoon


အပိုင်း(၃၁)



"ရှူး.!" နင့်အသံကို တိုးတိုးပြောစမ်းပါ! နင်က တစ်ခြားသူတွေ ကြားသွားစေချင်လို့လား?" လင်ရှန်း လျင်မြန်စွာဖြင့် ရှောင်လုပါးစပ်ကို အုပ်လိုက်ကာ သူမ၏နား နားကိုတိုးကာ တိုးတိုးလေးပြောလိုက်တယ်. "ငါ နင့်ကို မေးပါရစေဦး. နင် ငါ့အကြောင်းတွေသာ ပေါက်ကြားသွားရင် ငါတို့တွေ ဘာတွေဖြစ်လိမ့်မယ်ဆိုတာ နင် တွေးထားခဲ့သေးလား?"


"အမ်...." ရှောင်လု က ပြောစရာစကားမရှိတော့ဘဲ သူမခေါင်းကိုပဲ ခါရမ်းလိုက်လေတယ်။


လင်ရှန်း က သူမရဲ့အသံကို ပိုပြီးတော့တိုးလိုက်ကာ " ဒီရက်တွေမှာ ဒီမေးခွန်းကိုပဲ ငါ တစိမ့်စိမ့်တွေးနေခဲ့တာ၊ တစ်ရက်ရက်ကျရင် ငါ ဖော်ထုတ်ခံလိုက်ရရင် နင် တင်မကဘူး ငါ့ရဲ့ မိဘတွေရော၊ ကိုကြီးရော ပြီးတော့လဲ ငါတို့ စုန့်မိသားစု တစ်အိမ်တော်လုံးက ကြီးမားတဲ့ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်. သေဖို့ထိုင်စောင့်နေမယ့်အစား ငါကတော့ နန်းတော်ထဲကနေပြီး ထွက်သွားဖို့ အခွင့်အရေးကောင်းကောင်းရှာရမှာပဲ၊ သူတို့က ငါသေသွားပြီ ဒါမှမဟုတ် ရှုးသွားပြီလို့ ထင်သွားရင် ဒါကကောင်းတာပဲလေ၊ အလွန်ဆုံး သူတို့က ငါ့ကို ရှာမတွေသွားဖို့ပဲ ငါလုပ်ရမှာလေ၊ အရာအားလုံးကလဲ အဆင်ပြေသွားလိမ့်မယ်၊ အဲဒီနေ့ အဲလိုမျိုးတွေဖြစ်ပျက်လာတဲ့အချိန်ရောက်ရင် ငွေက အရေးကြီးဆုံးပဲလို့ နင် မထင်ဘူးလား"


ရှောင်လု တစ်ခုခုကိုနားလည်သွားတဲ့ပုံစံထင်လိုက်ရ၍ ခေါင်းငြိမ့်လိုက်ကာ- "အရေးကြီးတာပေါ့"


"ဒါဆိုရင် ငါ ဘာပဲတန်ဖိုးရှိတာတွေရလာရလာ ငွေတွေအများကြီးရအောင်လို့ နင် ငါ့အတွက်ရောင်းပေးရမယ်၊ ငါ တို့ များများစုဆောင်းထားရမယ်၊ အနာဂတ်မှာ ငါက ငါရဲ့ကိုယ်ပိုင်ဟဿာႅပြဒါးကွေးအိမ်တော်ကိုလဲ ဖွင့်ချင်သေးတယ်၊ စီးပွားရေးလုပ်ဖို့က အကောင်းဆုံးပဲ!"


ရှောင်လု က သူမရဲ့ချွေးတွေကို သုတ်လိုက်ပြီး -


" ကြင်ယာတော်မင်းသား ၊ သခင်က ဒီလိုပုံစံမျိုးကြီးလုပ်ချင်တာကတော့...."


လင်ရှန်းက သူမမျက်လုံးတွေကို လှန်ကြည့်လိုက်ပြီးတော့- " မရဘူးလား! ငါ က သူဌေးကြီးဖြစ်ဖို့ စီမံတာလေ!"


သူတို့နှစ်ယောက်သား အလွန်အမင်းပူးပူးကပ်ကပ် စကားပြောဆိုနေကြပါတယ်. ရုတ်တရက် တံခါးမကြီးက ဝုန်းခနဲပွင့်လို့သွား၍ တုမင်ယွဲ့က အလောတကြီးဝင်ရောက်လာခဲ့သည်. လင်ရှန်းနှင့်ရှောင်လု က ဘယ်လိုတွေတောင် အရမ်းနီးကပ်တဲ့ပုံစံမျိုး​ဖြင့် စကားပြောဆိုနေတာကို မြင်လိုက်ရတော့ သူမရဲ့ဒေါသတွေက ဒိုင်းခနဲပင် မြင့်တက်လို့သွားခဲ့သည်။


"ရှင်တို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ" သူမက မေးလိုက်သည်။


"စကားပြောနေတာလေ" လင်ရှန်း က ဘာမှအရိပ်အကဲမသိဘဲ ပြန်ပြောလိုက်သည်။


"ဟမ့်! ရှင် က တစ်ယောက်တည်းနဲ့ မိန်းကလေးတစ်ယောက်နဲ့ ဒီလောက်တောင်တိုးကပ်ပြီးတော့ စကားပြောနေတယ်ပေါ့လေ၊ ရှင် က နန်းတော်ကို ဘယ်လိုနေရာမျိုးလို့ ရှင်ထင်နေလို့လဲ။ လူတွေ လာကြစမ်း ဒီအရှက်မရှိတဲ့အစေခံမကို ဆွဲထုတ်ပြီးတော့ ကြိမ်လုံးနဲ့ ဒီဟာမ ကို အခါနှစ်ဆယ်ရိုက်လိုက်ကြစမ်း!"


''ဟုတ်ကဲ့'' တုမင်ယွဲ့နောက်တွင်ရှိနေသော မိန်းမစိုးလေးနှစ်ယောက်က အမိန့်ကိုလိုက်နာလိုက်၍ ရှောင်လုကို ဆွဲထုတ်သွားရန်အလိုငှာ ရောက်ရှိလာကြတော့သည်။


လင်ရှန်း က တစ်ခုခုကမကောင်းတာတွေတော့ ဖြစ်တော့မယ်ဆိုတာ ပြောနိုင်ပြီးတော့ လျင်မြန်စွာဖြင့် ရှောင်လုရှေ့ကနေ ကာရပ်လိုက်ကာ- "ရပ်လိုက်စမ်း ! မင်းတို့ အတင့်ရဲလှချည်လား။ မင်းတို့တွေက ကြင်ယာတော်မင်းသားရဲ့အမိန့်တွေကို လျစ်လျူရှုရဲတယ်ပေါ့ ဟုတ်လား"


မိန်းမစိုးလေးနှစ်ယောက်က ကြင်ယာတော်မင်းသားရဲ့ဒီလိုမျိုးပြင်းထန်ပုံရတဲ့ပုံစံကို တစ်ခါမှ မမြင်ဖူးသေးခဲ့တာကြောင့် ပြန်ပြီးစိုက်ကြည့်နေကြသည်. သူတို့က လင်ရှန်းကို ကြည့်လိုက် တုမင်ယွဲ့ကို ကြည့်လိုက် လုပ်နေကြပါတယ်. သူတို့တွေ ဘယ်သူ့စကားကို နားထောင်ရမယ်မှန်း မသိ​ကြတော့ပါဘူး။


လင်ရှန်းက ရှောင်လုအတွက် ရပ်တည်လိုက်ကတည်းက တုမင်ယွဲ့ ပိုပြီးတော့ ဒေါသတွေ ထွက်လာခဲ့တော့သည်. သူမ၏မင်းသမီးတစ်ပါးဆိုတဲ့ ဩဇာအာဏာကို စတင်ပြီးတော့ ထုတ်ဖော်ပြလိုက်တော့သည်. သူမက ရှောင်လုအား လက်ညိုးထိုးငေါက်ငေါက်ထိုးလိုက်၍ အော်ဟစ်လိုက်ကာ- "အစေခံတွေ နင်တို့တော်တော်အတင့်ရဲလှချည်လား? နင်တို့ က ငါ့ရဲ့အမိန့်ကို လွန်ဆန်ချင်နေတာလား။ ငါ က ဒင်းကို အပြစ်ပေးဖို့ အမိန့်ပေးလိုက်တာလေ၊ ဒီဟာမ ကို အပြစ်ပေးလိုက်စမ်း! ဒီမြေခွေးမကို အပြစ်ပေးတာကို ဘယ်သူက ဆန့်ကျင်ရဲတာလဲ။"


သူမ၏စကားလုံးတွေဖြင့် ချိန်းခြောက်ပစ်ပေါက်လိုက်တာက မိန်းမစိုးလေးနှစ်ယောက်ကို အလွန်တရာကို ထိတ်လန့်ကြောက်ရွံ့စေလိုက်ပြီးတော့ သူတို့တွေက ရှောင်လု ကို ဆွဲထုတ်သွားရန် ဖျတ်လတ်စွာနဲ့လင်ရှန်းကို ရှောင်ရှားလိုက်တော့သည်။


ရှောင်လုလည်း အလွန်ကြောက်ရွံ့သွားကာ သူမ က စားပွဲခုံအောက်ထဲကိုဝင်ပြီး ပုန်းအောင်းလိုက်၍ ဗလုံးဗထွေးပြောလိုက်သည်. _ "ကြင်ယာတော်မင်းသား ကျွန်မ ကို ကယ်ပါဦး! ကျွန်မကို


ကယ်ပါဦး!"


လင်ရှန်းက သိလိုက်ပါတယ် သူမက အသုံးမဝင်တော့ဘူးဆိုတာကိုပါ. သူမက တုမင်ယွဲ့ကိုဆန့်ကျင်ပြီး မပြိုင်ဆိုင်နိုင်ပါဘူး. ဒါကြောင့် သူမက မိန်းမစိုးတွေကို ဘေးသို့တွန်းလိုက်၍ စားပွဲခုံအောက်ထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။


"ရှောင်လုကို ငါ ပိုင်ဆိုင်တယ်. မင်း မှာ တတ်နိုင်စွမ်းရှိရင် ငါတို့နှစ်ယောက်စလုံးကို ဖမ်းမှပဲရလိမ့်မယ်!" သူမ က သူတို့ကို တိုက်ရိုက်မတိုက်ခိုက်နိုင်ကတည်းက သူမ ကလဲ သူမရဲ့အရှက်မရှိတဲ့နည်းတွေကို သုံးရမှာပဲလေ၊ လင်ရှန်း က စားပွဲခုံအောက်ထဲကနေပြီးတော့ တုမင်ယွဲ့ကို ဆန့်ကျင်ပြီး ပြန်လည်ချေပကာ ပြောဆိုလိုက်သည်။


တုမင်ယွဲ့တစ်ယောက် ဒေါသတွေအချောင်းလိုက် ထွက်သွားခဲ့တော့သည်။


"ရှင် ၊ ရှင် ရှင် ......ရှင်တို့နှစ်ယောက်စလုံး နောက်မီးလင်းနေကြတဲ့သူတွေပဲ! လူတွေ လာကြစမ်း၊ သူတို့ကို ဆွဲထွက်လိုက်ကြစမ်း။ နင်တို့မလုပ်နိုင်ရင်တော့ လုံးဝအပြင်ကိုပြန်ထွက်မလာကြနဲ့တော့!"


သူမရဲ့စကားလုံးတွေက သေချာပေါက်ပင် လူတိုင်းလူတိုင်း၏ အသိစိတ်ကို လွတ်ထွက်ကျမတတ်ကို ကြောက်ရွံ့သွားစေပါတယ်. မျက်စိတမှိတ်အတွင်းမှာပဲ အစေခံမိန်းကလေးတစ်အုပ်နှင့် မိန်းမစိုးတွေရောက်ရှိလာခဲ့ကာ စားပွဲခုံအောက်ထဲသို့ အပြေးအလွှားဝင်သွားကြတော့သည်. သေးငယ်​ေသာစားပွဲခုံဝိုင်းလေးကတော့ ဒီရေလှိုင်းတစ်ခုလိုမျိုး တလိပ်လိပ်လှုပ်ခါနေတော့သည်. အသံပေါင်းစုံလဲ ကြားနိုင်ပါတယ်. " အာ့ရား..ငါ့ဖိနပ်!!!!" "ဘယ်သူ ငါ့ကို လာကိုင်နေတာလဲ?" "ဟေး.. ငါ့ဘောင်းဘီကို လာမဆွဲနဲ့!"........


တစ်ယောက်ကမှ အပြင်ကို ပြန်ထွက်မလာခဲ့ကြတော့ တုမင်ယွဲ့တစ်ယောက် သူမရဲ့ဝတ်ရုံလက်ရှည်ကို အပေါ်သို့မတင်၍ အထဲဝင်ရန် လမ်းဖောက်နေလိုက်သည်။


ဒီအခိုက်အတန့်လေးကတော့ တကယ့်ကိုပင် အံ့မခမ်းကြီးကျယ်ခမ်းနားသော ရှုမြင်ကွင်းလေးတစ်ခုပင် ဖြစ်တော့သည်. ကုဇောင်က အိမ်ရှေ့စံမင်းသား၏အမိန့်​ေတာ်ကို ယူဆောင်၍ ရောက်ရှိလာခဲ့တော့ သူ့ပါးစပ်ထောင့်တွင် ရွဲ့စောင်းပြီးတွန့်သွားစေကာမူ သူ့ရဲ့ပုံမှန်မျက်နှာအနေအထားအတိုင်း တည်တည်ငြိမ်ငြိမ်ဖြင့် နှုတ်ဆိတ်စွာပဲ ပြန်နေလိုက်တော့သည်။


"အဟွတ်.အဟွတ်....." သူ က ချောင်းဆိုးနေလိုက်သည်။


ဘယ်သူတစ်ဦးတစ်ယောက်မှ အာရုံစိုက်မဲ့သူ မရှိခဲ့ပါ။


" အဟွတ်. အဟွတ်. အဟွတ်......."


သူ့ခမျာ ဆက်လက်ပြီးတော့ လျစ်လျူရှုခံ နေရတုန်းပါပဲ။


"အဟွတ်. အဟွတ်. အဟွတ်. အဟွတ်......" သနားစရာကောင်းတဲ့ ကုဇောင်ပါပဲ. သူ့အဆုတ်က အပြင်ဘက်ကို ပေါက်ထွက်သွားတဲ့အထိကို ချောင်းဆိုးနေပါတယ်. ဘယ်သူကမှလဲ သူ့ရဲ့တည်ရှိနေမှုကို သတိမထားမိကြပါဘူး။


နောက်ဆုံးမှာတော့ ကုဇောင်တစ်ယောက် နောက်ထပ် ထပ်ပြီးတော့ စိတ်မရှည်နိုင်တော့ပါဘူး. သူ့၏အတွင်းအားကို စုစည်းလိုက်၍ သူ့ရဲ့အသံပေါ်တွင်နှစ်လိုက်ကာ အော်ဟစ်ပစ်လိုက်တော့သည်. "ကြင်ယာတော်မင်းသား ရှိပါသလား!"


ကုဇောင်က နှစ်ပေါင်းများစွာ သိုင်းပညာကို လေ့ကျင့်လိုက်စားခဲ့လေတော့ သူ့ရဲ့အသံအားက ဟိန်းသံပေါက်၍ ထည်ဝါစွာထွက်ပေါ်လာခဲ့ပါတယ်. စားပွဲခုံက မှောက်လျက်လှန်သွားခဲ့ပြီးတော့ အနည်းဆုံး ထိုနေရာထဲမှာ ဆယ်ယောက်ထက်မနည်းသောလူအားလုံးက အတူတကွလုံးထွေးပြီးရှိနေကြပါတယ်. မျက်လုံးအားလုံးက ကုဇောင်အပေါ်သို့ ကျရောက်သွားပြီးနောက် သူတို့တွေ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စူးစိုက်ပြီး ကြည့်ရှုနေကြသည်. စကားတစ်ခွန်းမှတော့ မပြောဖြစ်ကြပါဘူး။


ထိုအချိန်အခိုက်အတန့်တွင်တော့ ကုဇောင်ခမျာမှာတော့ သေစေနိုင်တဲ့စစ်မြေပြင်တစ်ခုကို မြင်တွေ့နေကျရှိနေခဲ့ကာမူ သူ့ကိုယ်သူ အပိုင်းအစလေးတစ်ခုတောင် ဖြစ်သွားလုမတတ်ပါပဲ. သူ့ရဲ့မျက်နှာထားက မာမာတင်းတင်းကြီး တည်ရှိနေပေမယ့်လဲ သူ့ရဲ့ပါးစပ်ထောင့်နားမှာတော့ ထပ်ပြီးတော့ တွန့်ကွေးသွားခဲ့ပါတယ်။


လူအုပ်ကြီးရဲ့အပြင်ဘက်သို့ လင်ရှန်းက မတ်တပ်ထရပ်လိုက်ပြီးတော့ သူမရဲ့ အဝတ်အစားတွေကို ခါလိုက်ကာ သူမရဲ့ငှက်သိုက်ပုံစံပေါက်နေတဲ့ဆံပင်အထွေးကြီးကို ရှင်းလင်းဖို့ ကြိုးစားလိုက်ပြီးတော့ "ကျွန်တော် ဒီမှာပါခင်ဗျ!! ကု စစ်သူကြီး၊ ကျွန်တော်တို့တွေ စစ်သူကြီးရောက်ရှိလာတာကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျ. စစ်သူကြီး က ကျွန်တော့်ကို ဘာအကြောင်းကြောင့်များ ရှာနေလဲဆိုတာ ကျွန်တော် သိလို့ရမလား"


လက်ကျန်ရှိနေ​ေသာခွန်အားက ကုဇောင် အတွက် ခက်ခဲတဲ့ အချိန်တစ်ခု ဖြစ်လို့သွားပါတယ်. သူ စကားမပြောလိုက်သေးခင်ကို အချိန်ခဏလောက်ကြာတဲ့အထိ သူ့မှာ အချိန်ယူလိုက်ရသည်. "ဒီငယ်သားက အိမ်ရှေ့စံမင်းသားရဲ့အမိန့်အတိုင်း ကြင်ယာတော်မင်းသားကို အရှေ့နန်းတော်ကို လာရောက်လည်ပတ်ဖို့အတွက် လာရောက်ခေါ်ဆောင်တာပါ. အရှင့်သား က သူ့ရဲ့အသက်ကို ကြင်ယာတော်မင်းသားက ကယ်ဆယ်ပေးတဲ့အတွက် ကျေးဇူးဆပ်ချင်လို့ပါ၊ ကြင်ယာတော်မင်းသား. ကြွရောက်ချီး​မြှင့်ပေးပါဦး!"


'တုဟောင်လား? လင်ရှန်း တစ်ယောက် သတိနေအထား ဖြစ်လို့သွားပါတယ်. ဒီဂေးအစ်ကိုကြီးက ငါ့ကို တွေ့ပြီးတော့ ပြဿနာတွေ ပိုပေးချင်နေတာလား? အိုး ဘုရားရေ.. သူက သူ့ ညီမတော်ရဲ့ယောက်ျားကိုတောင် မချန်ထားပါလားနော်၊ မကောင်ဆိုးဝါးတစ်ကောင်ပဲ! မကောင်းဆိုးဝါးလို့ပဲ ကျွန်မ ရှင့် ကို ပြောလိုက်မယ်!'


ဒီအချိန်အခိုက်အတန့်တွင်တော့ တုမင်ယွဲ့က ယိုင်ထိုးသွား၍ ထရပ်လိုက်ကာ- " ကျွန်မလည်းတူတူ လိုက်ခဲ့မယ်!"


" မင်း က ဘာလို့ လိုက်မှာလဲ??" ဂေးတစ်ယောက်နဲ့တင် တော်တော်လေးခက်ခဲနေတာက လုံလောက်နေတာကို ၊ နင်တို့ က ငါ့ ကို စုံတွဲလိုက် ကူညီနေချင်သေးတာလား။ လင်ရှန်းတစ်ယောက် ထိုင်တောင် ငိုချင်သွားပါတယ်။


"ကျွန်မ က မင်းသမီးပဲ ၊ ကျွန်မ ကို ဘယ်သူက တားရဲသလဲ? ကျွန်မ လိုက်မယ်လို့ ပြောပြီးမှတော့ ကျွန်မ လိုက်ကို လိုက်ရမှာပဲ!" တုမင်ယွဲ့က သူမ၏လက်နှစ်ဘက်စလုံးကို ခါးတွင်ထောက်လိုက်၍ ညှိတောင် မညှိနိုင်းတော့ပါဘူး။


လင်ရှန်းတစ်ယောက် ပြောစရာစကားမရှိတော့ပေ။ သူမက


တုမင်ယွဲ့ကို ကြည့်လိုက်ပြီးနောက် အစေခံတွေ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော ရှောင်လုကို ကြည့်လိုက်သည်. သူမက သူမရဲ့သွားတွေကို တင်းတင်းစေ့ပြီးတော့ဘဲ - "ကောင်းပြီ၊ ငါ မင်း ကို ခေါ်သွားပေးမယ်၊ ဒါပေမယ့် မင်း က ရှောင်လု ကို လွှတ်ပေးပါ့မယ်လို့ ငါ့ ကို ကတိတော့ပေးရလိမ့်မယ်!"


အဖြစ်မှန်ကတော့ တုမင်ယွဲ့က ရှောင်လု ကို တကယ်မရိုက်ချင်ခဲ့ပါဘူး. အဆုံးသတ်မှာတော့ သူမ က စုန့်လောင်၏ရံရွှေတော်တစ်ယောက်ပဲ ဖြစ်လေသည်. သူမကသာ သူ့ကို စိတ်ဆိုးအောင်လုပ်လိုက်ပြီးတော့ သူ ထွက်သွားခဲ့မယ်ဆိုရင် အဲဒါက သူမ အတွက်လည်း ကောင်းနိုင်မှာ မဟုတ်ပါဘူး. စုန့်လောင်က ညှိနိုင်းရန် ဆန္ဒရှိနေကတည်းက သူမကလဲ သူ့ရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်ရမှာပဲ ဖြစ်သည်။


"ဟမ့်. ကောင်းပြီ၊ ဒီနေ့ ငါ နင့် ကို လွှတ်ပေးလိုက်မယ်။ ငါ့ မျက်စိရှေ့ကနေ ထွက်သွားလိုက်စမ်း! နင်တို့ အားလုံးပဲ ထွက်သွားကြ!"


အချိန်ခဏလေးအတွင်းမှာပဲ အခန်းထဲတွင် လူသုံးယောက်သာလျင် ကျန်ရှိနေပါတော့တယ်. သူတို့ထဲက တစ်ယောက်ကတော့ ဟန်ပန်အမူအရာကောင်းကောင်းနဲ့ တည်တည်ငြိမ်ငြိမ်လေး ရပ်တည်နိုင်ရန် အပတ်တကုတ်ကြိုးစားနေပါတယ်. သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီးနောက်မှာတော့ ကုဇောင် က သူ့ရဲ့လက်ကို မြှင့်လိုက်ပြီးတော့ ပြောလိုက်သည်.-


"မင်းသမီး၊ ကြင်ယာတော်မင်းသား၊ ကြွပါ!"


********


End....