Chapter 32
Viewers 11k

အပိုင်း(၃၂)


လင်ရှန်းနှင့်တုမင်ယွဲ့တို့ နှစ်ဦးသား အရှေ့နန်းတော်ရာကို ရောက်ရှိလာတဲ့အခါမှာတော့ တုဟောင် က ဂုဏ်ပြုညစာစားသောက်ပွဲတစ်ခု ကြိုတင်ပြင်ဆင်ထားခဲ့သည်.


လင်ရှန်း က အိမ်ရှေ့စံမင်းသားဟာ အမြဲတမ်းလိုပင် ငွေသုံးစွဲရာတွင် စေ့စပ်မှုရှိသူတစ်ယောက်လို့ ပြောတာကို ကြားဖူးထားခဲ့ပါတယ်. ထို့ကြောင့်ပင် သူမ မြင်လိုက်ရတာကြောင့် အလွန်တရာကိုပင် အံအားသင့်လို့သွားခဲ့သည်။


ဒီညတွင်တော့ တကယ့်ကိုပင် မင်းစည်းစိမ်ခံစားရတဲ့ဘဝလို့တောင် သတ်မှတ်လို့ရနေသည်. လေထုထဲတွင်လဲ အလွန်ပင်မူးယစ်စေနိုင်သောအနံ့သက်တို့ဖြင့် လွှမ်းခြုံလို့နေခဲ့သည်. ဟောခန်းမကြီး၏ အလယ်မှာတော့ ကချေသည်တစ်စုက ကပြဖျော်ဖြေလို့နေကြပါတယ်. သူတို့တွေက ဆွဲဆောင်မှုရှိစွာဖြင့် ညို့ယူဖမ်းစားလို့နေကြသည်။


ဒါတင်မကသေးပါဘူး. ဟောခန်းမကြီး၏အဆုံးရှိ အလယ်တည့်တည့်တွင် တုဟောင်က ထိုင်နေပါတယ်. ဒီညတွင် သူက နဂါးရုပ်ပုံကို ရွှေဖြင့်ပန်းထိုးပုံဖော်ထားတဲ့ အနက်ရောင်ဝတ်စုံ​ပြည့်ကို ဝတ်ဆင်ထားရှိကာ သူ့၏ရှည်လျားသောဆံနွယ်တွေကိုတော့ သပ်ရပ်စွာ ထုံးဖွဲ့မချည်နှောင်ထားခဲ့ဘဲ ဖြစ်သလိုသာထုံးဖွဲ့ထားခဲ့၍ ဆံသားရှည်ရှည်တွေက သူ့၏နံဖူးပြင်ပေါ်တွင် ပြေပြေလေးလျော့တိလျောရဲကျနေတာက သူ့ရဲ့မာနကြီးပြီး အထက်စီးဆန်သောသွင်ပြင်ကတောင် အတော်လေး လျော့ကျသွားသလိုပင်ဖြစ်လို့နေပြီး နူးညံ့သွားနေသည်. သူ့မျက်လုံးတွေက အခန်းတစ်ခုလုံးကို လှည့်လှယ်ကြည့်ရှုလို့နေပြီးတော့ နေရာတစ်ခုလုံးကလဲ ဘီလျံနာသူဌေးတွေလိုမျိုး ဖိတ်ဖိတ်တောက်လျက်ရှိနေတော့သည်။


လင်ရှန်း က တုဟောင်နှင့် အကြိမ်​ရေတော်တော်များများ တွေ့ဆုံပြီးခဲ့တာဖြစ်ပေမယ့် သူမ က ဒီလိုပုံစံမျိုးကြီးနဲ့တော့ သူ့ကို မတွေ့ဖူးသေးခဲ့ပါဘူး. အခုလောလောဆယ်မှာတော့ သူ ဘာတွေ တွေးနေလဲဆိုတာကိုတော့ သူမ မတွေးတတ်တော့ပါဘူး။


ထိုအခိုက်အတန့်တွင် ချောမောလှပသောမိန်းမပျိုလေးတစ်ယောက် ပေါ်ထွက်လို့လာ၍ တုဟောင်ကို ဒူးညွှတ်လိုက်ပြီး အရိုသေပြုလိုက်သည်။


တုဟောင် က သူ့ရဲ့လက်ကို ဝေ့ရမ်းလိုက်ပြီး ​သူမ ကို အစဉ်အလာအတိုင်းနေစေရန် ညွှန်ပြလိုက်ပါတယ်. မိန်းကလေးက သူမရဲ့ခေါင်းကိုအောက်သို့ငုံ့ပြီးတော့ တုဟောင်ရဲ့ဘေးကို လျောက်သွားလိုက်သည်. သူမက သူ့၏ဝိုင်ခွက်ထဲကို ဝိုင်ကူဖြည့်ပေးလိုက်ပြီး တုဟောင်ကို ဆက်သလိုက်သည်. လှုပ်ရှားမှုတိုင်းက အလွန်ကိုညုတူတူနိုင်ပြီးတော့ ဆွဲဆောင်မှုရှိစွာဖြင့် နှစ်လိုဖွယ်ကောင်းလောက်အောင် လှုပ်ရှားသက်ဝင်လို့နေပါတယ်. ကချေသည်တွေတောင် သူမ၏လွှမ်းမိုးလိုက်ခြင်းကို ခံလိုက်ရတော့သည်။


လင်ရှန်း တစ်ယောက် အလွန်အံ့အားသင့်လို့သွားခဲ့တော့သည်။


'တုဟောင် က ဂေး မဟုတ်ဘူးလား?? သူ ရုတ်တရက်ကြီး ချက်ချင်းလက်ငင်း မိန်းကလေးတွေကို စိတ်ဝင်တစားရှိသွားတာလား? ဝိုး.. ဒါကတော့ အရမ်းကို ရှုပ်ထွေးလွန်းအားကြီးနေပြီပဲ!'


သူမ က ဘာမှဆက်မပြောခဲ့သော်လည်း တုဟောင်ကို အာရုံစူးစိုက်စွာဖြင့် ဆက်ပြီးကြည့်နေလိုက်သည်. သူက မိန်းမပျိုလေးဆီကနေ ဝိုင်ခွက် ကိုယူလိုက်တာကို လင်ရှန်းမြင်လိုက်ရပြီး မိန်းမပျိုလေးနှင့်မျက်လုံးချင်းဆိုင်လိုက်ကာ အကြည့်ချင်းဖလှယ်နေသည်. ပြီးနောက် သူ က ဝိုင် ကို ဖြည်းညင်းစွာ အရသာခံသောက်လိုက်ပြီးတော့ မိန်းမပျိုလေး၏နား နားကိုကပ်၍ တစ်ခုခုကို တီးတိုးပြောဆိုနေခဲ့သည်. အချိန်ခဏလေးအတွင်းမှာပဲ မိန်းမလှလေးက ရှက်သွေးဖျာသွားပြီးတော့ လိုချင်တက်မက်မှုအပြည့်ဖြင့် သူ့ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီးတော့ ချစ်စိတ်ပြင်းပြစွာဖြင့် တုဟောင်နှင့်နှုတ်ခမ်းချင်းတေ့ဆိုင်ကာ နမ်းရှိုက်လိုက်တော့သည်။


'အိမ်ရှေ့စံမင်းသား က ငါကို ကျေးဇူးဆပ်ချင်လို့ဆိုပြီး ဖိတ်ခေါ်ထားတာမဟုတ်ဘူးလား ဒါမှမဟုတ် သူ က ငါ့ကိုခေါ်ပြီးတော့ ပြပွဲလေးတစ်ခု ကြည့်ဖို့သက်သက်နဲ့ ခေါ်လိုက်တာများလား?' ဒီအချိန်အခိုက်အတန့်တွင် တုဟောင် က ရုတ်တရက် မိန်းကလေးနှင့်အနမ်းဖလှယ်နေတာကို ရပ်တန့်လိုက်ပြီး ဝိုင်ခွက်ကို သူမဘက်သို့လှည့်၍ မြှောက်ပြလိုက်ကာ-


"ကျုပ်ကို ကယ်ဆယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်. ကြင်ယာတော်မင်းသား။ လာ..ကျုပ်ကို ဝိုင်တစ်ခွက်နဲ့ ဂုဏ်ပြုခွင့်ပေးပါဦး"


'အရမ်း သဘောကောင်းတာပဲလား? လျို့ဝှက်ထားတဲ့ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်ရမယ်'. လင်ရှန်း က ဘာမှမတတ်သာပေမယ့် ထပ်မံပြီးတော့သတိနဲ့နေလိုက်ကာ ပြန်ပြောလိုက်ပါတယ်. "အရှင့်သား၊ ခင်ဗျား က အရမ်း ယဉ်ကျေးလွန်းနေပါပြီ. အရမ်းယဉ်ကျေးလွန်းနေပါပြီ...." သူမ ဝိုင်ကိုအနည်းငယ်လောက်ပဲသောက်လိုက်ပါတယ် သူမ က ဝိုင်တွေအများကြီးမသောက်မိစေရန်တော့ ဂရုစိုက်ရမှာဘဲ ဖြစ်သည်။


တုဟောင်ကို ကြည့်ရတာကတော့ ထူးကဲကောင်းမွန်တဲ့ စိတ်အခြေအနေလေးတစ်ခု ဖြစ်နေတဲ့ ပုံပေါက်နေသည်. သူက စိတ်ကျေနပ်စွာကြည့်လိုက်ပြီးတော့ သူ့ရဲ့ဝိုင်ခွက်ထဲက ဝိုင်တွေကို ကုန်အောင်သောက်ချလိုက်ပါတယ်. ပြီးနောက် သူက သူ့ရဲ့လက်မောင်းထဲသို့ မိန်းမလှလေးတစ်ယောက်ကို လှမ်းဆွဲလိုက်သည်. သူကလည်း အဆုံးတွင်တော့ ပလေးဘိုင်းမင်းသားလေးတစ်ပါးလို ဖော်ပြလို့ရနေတာပဲဖြစ်သည်။


"မင်း ရဲ့အကို​ေတာ်က ဘာဖြစ်နေတာလဲ။ သူ ဒဏ်ရာ ရသွားတာကနေ စိတ်ဒဏ်ရာယရသွားပြီးတော့ ဖောက်လွဲဖောက်ပြန်တဲ့သူတစ်ယောက် ဖြစ်သွားတာလား။" လင်ရှန်း က တုမင်ယွဲ့နှင့် မျက်လုံးချင်းဆုံကာ သူမကို အကြည့်တစ်ခုဖြင့် ဖြတ်ပြီးမေးလိုက်သည်။


မမျှော်လင့်ထားတာကတော့ တုမင်ယွဲ့က သူမ ကို စူးစူးဝါးဝါးပြန်စိုက်ကြည့်ပြီးတော့ သူမ ရဲ့မျက်လုံးတွေကို ဖောက်ထွင်းပြီးတော့ ပြန်တုံ့ပြန်လိုက်ပါတယ်. _ "ရှင့် ကိစ္စမဟုတ်ဘူး!"


အပြင်ဘက်ကလူတွေရဲ့အမြင်မှာတော့ အပြန်အလှန်အကြည့်စိုက်နေတာက တစ်ယောက်နဲ့တစ်ယောက် အချစ်စမ်းနေကြတဲ့ အရိပ်လက္ခဏာလိုဖြစ်နေပါတယ်. တုဟောင် က အဲဒါကို သတိထားမိသွားပြီးတော့ စိတ်အနှောက်အယှက်ဖြစ်သွားတဲ့ပုံပေါက်သွားကာ သူ့၏လက်မောင်းထဲက မိန်းခလေးကို ပိုလို့ပင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်တော့သည်. သူ က ဆက်ပြီးတော့ - " ကြင်ယာတော်မင်းသားက ကျုပ် ကို ကယ်ဆယ်ပေးခဲ့တော့ ကျုပ်က လဲ ကြင်ယာတော်မင်းသားအတွက် လက်ဆောင်လေးတွေ ပေးဖို့ရှိပါတယ်. ကြင်ရာတော်မင်းသား က ကျုပ် လက်ဆောင်ကို လက်ခံပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်."


'လက်ဆောင်လား? အိုးဟိုး နောက်ဆုံးတော့လဲ ငါတို့တွေ အရေးကြီးဆုံးအချက်ကို ရောက်ပြီပေါ့!' လင်ရှန်းတစ်ယောက် တုမင်ယွဲ့နှင့် မျက်လုံးချင်း အကြည်စိုက်နေတာကို ဖြတ်တောက်ပစ်လိုက်ပြီးတော့ တုဟောင် က သူ့ရဲ့အစေခံတွေကို ယူဆောင်လိုက်ခိုင်းတဲ့ သေတ္တာဆီသို့ သူမရဲ့စိတ်အာရုံအားလုံးကို စူးစိုက်ကြည့်ရှုလိုက်ပါတယ်။


အနီရောင်ပိုးစလေးကို ဖယ်ရှားလိုက်ပြီးချင်းမှာပဲ ရွှေလာဒ်ပွင့်ကျိုင်းအဆောင်တော် နှစ်စုံက သူမ မျက်စိရှေ့တည့်တည့်မှာ ဖွားခနဲထွက်ပေါ်လာခဲ့သည်. လင်ရှန်း တစ်ယောက် စိတ်လှုပ်ရှားသွားပြီး သူမ ငိုတောင်ငိုမိလုလို့ နီးပါးပါပဲ. 'အိုး.. လာဒ်ပွင့်အဆောင်လေးရယ်. လာဒ်ပွင့်အဆောင်လေးရယ်!! ဒီလောက်အများကြီး ဖြတ်ကျော်လာခဲ့ပြီးမှ နောက်ဆုံးတော့ နင် ငါ့ ဆီကို ပြန်လာခဲ့ပါပြီပဲ!!'


"ဣနြေရရနေစမ်းပါ!" တုမင်ယွဲ့ရဲ့ပါးစပ်က တွန့်ကွေးသွားပြီးတော့ သူမ က လင်ရှန်း ကို သူမရဲ့လေသံပြင်းပြင်းဖြင့် ကြိမ်းမောင်းလိုက်တယ်။


"ကျုပ် ရဲ့လက်ဆောင် ကို အသိအမှတ်ပြုပေးလို့ ရမလား. ကြင်ယာတော်မင်းသား? ကြင်ယာတော်မင်းသား လက်ဆောင်တွေကို သဘောကျနှစ်သက်ပါရဲ့လား။"


"ကျွန်တော် ကြိုက်ပါတယ်. ကျွန်တော် ကြိုက်ပါတယ်......!!!!" လင်ရှန်း တစ်ယောက် ပန်းလေးတစ်ပွင့်လိုပဲ လင်းလက်တောက်ပလို့နေပါတော့တယ်. 'ဝိုး.. ဒါတွေက ရှင့်ကို မြွေ ကိုက်ခံရလိုက်ရပြီးတော့ ပြန်ရလာတဲ့ ရလာဒ်လား. ရှင် ပုံမှန်မဟုတ်တော့ဘူးပဲ၊ တကယ်လို့ ကျွန်မ သာ ဒီအကြောင်းကို စောစောကြိုသိရင် ကျွန်မ ရှင့် ကို 5 kg လောက်ရှိတဲ့မြွေ နဲ့တောင် ပစ်ပေါက်လိုက်အုံးမှာ!'


"ကြင်ယာတော်မင်းသား လက်ဆောင်တွေကို သဘောကျတာတွေ့ရတော့ ကျုပ်လဲ ဝမ်းမြောက်မိပါတယ်." ဒါကတော့ တုဟောင် က လင်ရှန်းအပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် အရမ်းကိုယဉ်ကျေးကျေးပြုမူလိုက်တာပဲ ဖြစ်သည်. အရင်တုန်းက သူဆက်ဆံခဲ့ဖူးတာနှင့်နိုင်းယှဉ်မယ်ဆိုရင်တော့ မိုးနှင့်မြေ လိုမျိုး ကွာခြားနေတာပဲ ဖြစ်ပေသည်. "ယွီအာ၊ ငါ ကြားထားတာက မင်း အက အသစ်တစ်မျိုးကို တွေ့ထားတယ်ဆို၊ ကြင်ယာတော်မင်းသား နဲ့ မင်းသမီး အတွက် မင်း ဖျော်ဖြေပေးနိုင်မလား။"


"ဟုတ်ကဲ့၊ ယွီအာ ဖျော်ဖြေပေးနိုင်ပါတယ်၊ ကျွန်တော်မျိုးမရဲ့ မပြည့်စုံမှုလေးကို သည်းခံပြီးတော့ ကြည့်ရှုပေးပါဦး" ယန်ယွီအာ က မတ်တပ်ထရပ်လိုက်ပြီးတော့ ဟောခန်းမကြီး၏အလယ်သို့ သိမ်မွေ့စွာဖြင့် လျှောက်လှမ်းသွားလိုက်သည်. သူမက လင်ရှန်း နှင့် တုမင်ယွဲ့ဘက်သို့ ဒူးညွှတ်ကာ အရိုသေပြုလိုက်ပြီးနောက် ဂီတသံစဉ်နှင့်ဗုံတီးခတ်မှုနောက်သို့ လိုက်ပါစီးမျောကာ ကပြဖျော်ဖြေလိုက်သည်။


ယွီအာ၏ရှည်လျားသောအင်္ကျီလက်အနားစက သူမခန္တာကိုယ်၏ ညင်သာစွာယိမ်းနွဲ့လိုက်မှုနှင့်အတူ လေထဲသို့ လွင့်ပျံလို့တက်သွားခဲ့သည်. သူမ က အိမ်ရှေ့စံမင်းသားနှင့် မျက်လုံးချင်းဆုံစည်းရဖို့ကိုလဲ အလွန်အမင်းကြိုးစားအားထုတ်လို့နေခဲ့ကာ သူမ၏သွေးဆောင်ဖျားယောင်းသော ကကွက်တွေဖြင့်လည်း ဆွဲဆောင်ညို့ယူလို့ ဖျော်ဖြေနေပါတယ်။


'ဖူး.. ငါ နဲ့ မင်းသမီးအတွက် ကပြဖျော်ဖြေတာတဲ့လား? အဓိပ္ပာယ်မရှိလိုက်တာ. သူက ယောကျ်ားတစ်ယောက်တည်းအတွက် ကပြဖျော်ဖြေပေးနေတာပါ ဟုတ်ပြီလား။'


ဒါကို ကြည့်ပြီးတော့ လင်ရှန်း သက်ပြင်းတစ်ချက် ချလိုက်မိတယ်. သူမ က တီဗီထဲက ဒရမ်မာကားတွေ အများကြီးကို ကြည့်ခဲ့ဖူးပေမယ့် အခုတော့ သူမ နောက်ဆုံးတွင် သက်ရှိထင်ရှားရှိနေတဲ့ မြေခွေးမတစ်ကောင်ကို မြင်ဖူးသွားတာပဲ ဖြစ်သည်။


သို့သော်လည်း ယန်ယွီအာက မြေခွေးမတစ်ကောင်ပင် ဖြစ်သော်လည်း သူမက တော်တော်လေး အကကောင်းတဲ့ ကချေသည်တစ်ယောက်ပဲ ဖြစ်လေသည်. လင်ရှန်းတစ်ယောက် နန်းတော်ထဲကို ဝင်ရောက်လာတဲ့အချိန်ကတည်းက သူမ မှာ ဒီလိုစားသောက်ဖျော်ဖြေပွဲမျိုးနဲ့ မကြုံဖူးခဲ့ပါဘူး. သူမ ဘေးမှာရှိနေတဲ့ တုမင်ယွဲ့ကိုတောင် လုံးလုံးလျားလျား လျစ်လျူရှုမိသွားတဲ့အထိ သူမ က အကြည့်မလွှဲနိုင်ဖြစ်သွားခဲ့ပါတယ်။


ဒါပေမယ့် တုမင်ယွဲ့ကလဲ ဘယ်လိုမိန်းမစားမျိုးမို့လို့လဲ? ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူမ ကို မေ့လျောသွားတာကို လုံးဝခွင့်ပြုစေမယ့်သူ မဟုတ်ပါဘူး. သူမ က ရည်ရွယ်ချက်ရှိရှိနဲ့ ချောင်းနှစ်ခါတောင် ဟမ့် လိုက်ပါတယ်။


လင်ရှန်းတစ်ယောက် သူမ ကို ဆက်ပြီးတော့ လျစ်လျူရှုထားတာကို တွေ့လိုက်ရတော့ သူမ သည်းခံနိုင်တဲ့အတိုင်းတာလွန်သွားခဲ့ပါပြီ. သူမ က ဝိုင် ငှဲ့ချင်ယောင်ဆောင်ပြီးတော့ အငိုက်ဖမ်းလိုက်ကာ ဝိုင်တစ်ပုလင်းလုံးကို လင်ရှန်းအပေါ်သို့ လောင်းချလိုက်တော့သည်။


အခုတော့ လင်ရှန်းရဲ့အကျီအဝတ်စားတွေက ဝိုင်တွေရွှဲရွှဲဆိုသွားခဲ့ပါတယ်. အကြောင်းမသိဘဲ ကြည့်လိုက်ရင်တော့ သူမက သူမကိုယ်တိုင် သေး ပေါက်ချထားသလို ဖြစ်နေပါတယ်။


"အို့ ကျွန်မလက်တွေက ချော်သွားတာပဲ၊ တောင်းပန်ပါတယ်နော်" တုမင်ယွဲ့က ဟန်ဆောင်ပြီးပြုံးပြလိုက်သည်။


'အိုး အံ့ဩလိုက်တာ မင်းသမီးရယ်. နင် တော်တော် ကလေးဆန်လှချည်လား။' လင်ရှန်းတစ်ယောက် ဆွံ့အ သွားပြီးတော့ ငိုလိုက်ရမလား၊ ရယ်လိုက်ရမလားတောင် မသိတော့ပါဘူး။


"လာကြစမ်း၊ ကြင်ယာတော်မင်းသားကို ငါ့ရဲ့ အခန်းထဲကို ခေါ်ဆောင်သွားလိုက်ကြစမ်း၊ ဒီတော့မှ သူ့ အဝတ်တွေကို လဲလှယ်လို့ရသွားအောင်" တုဟောင်က အမိန့်ပေးလိုက်သည်။


"မလိုပါဘူး. ဒါ က စိုးရိမ်စရာ မဟုတ်ပါဘူး၊ ကျွန်တော် ပြန်ရောက်တဲ့အခါမှပဲ လဲလို့ရပါတယ်......."


လင်ရှန်း က သူမရဲ့လက်မောင်းကိုရမ်းပြီးတော့ အဆင်ပြေတဲ့အကြောင်းအမူအရာပြကာ ပြောလိုက်ပေမယ့် မိန်းမစိုးလေးတစ်ယောက် က သူမ ကို သူ့နောက်ကနေ လိုက်ခဲ့ရန် ညွှန်ပြလို့နေခဲ့ပါတယ်။ သူကပြုံးလိုက်ပြီးတော့- " ကြင်ယာတော်မင်းသား ၊ ကြင်ယာတော်မင်းသား က ကျွန်တော်မျိုးတို့ အရှင့်သားရဲ့ ကြင်နာတတ်မှုကို မငြင်းပယ်ပါနဲ့လား၊ ကြွရောက်ပေးပါ"


'ဝိုး အရှေ့နန်းတော်ရဲ့ အမှုထမ်းတွေကတောင်မှ ဩဇာကြီးမားကြတာပဲကိုး' လင်ရှန်း ရွေးချယ်စရာမရှိတော့ဘဲ သူ့နောက်ကနေပြီး နန်းဆောင်တော်အတွင်းသို့ လိုက်ပါသွားခဲ့ရတော့သည်။


"ဒီနေရာက အိမ်ရှေ့စံမင်းသား ပုံမှန် လဲလှယ်တဲ့နေရာပါပဲ. ကျေးဇူးပြုပြီးတော့ ဝတ်စုံတစ်စုံ ရွေးချယ်လိုက်ပါ. ကြင်ရာတော်မင်းသား"


"ငါသိပြီ. ကောင်းပြီ!" လင်ရှန်း က အတော်လေးရိုးရှင်းပြီး သာမန်ဝတ်စုံတစ်စုံလို့ထင်ရတဲ့ ဝတ်စုံမျိုးကို ရှာဝတ်ဖို့ရန် ကြိုးစားလိုက်တယ်။ သူမ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ မိန်းမစိုးက နေရာတွင်ပဲ ရှိနေတုန်းပါပဲ. ကြည့်ရတာကတော့ သူက သူမ ကို ကူပြီးလဲလှယ်ပေးချင်တဲပုံရပါတယ်. သူမ က အလျင်အမြန်ပဲ ပြန်ပြောလိုက်သည်. – " ငါဘာ့သာပဲ လဲလို့ရတယ်။ ငါ့ ကို အပြင်ဘက်ကနေပဲ စောင့်နေပေးလိုက်"


"ဟုတ်ကဲ့" မိန်းမစိုးက ယဉ်ကျေးစွာဖြင့် အရိုသေပြုလိုက်ပြီး ပြန်ထွက်သွားလိုက်သည်. လင်ရှန်း က တံခါးအပေါက်ဝ အနားကိုသွားပြီးတော့ တိတ်တိတ်လေးခိုးနားထောင်လိုက်သည်. မိန်းမစိုးလေး ထွက်သွားတယ်ဆိုတာ ထင်လိုက်ရတဲ့အချိန်ရောက်မှ သူမ က သက်ပြင်းတစ်ချက် ချလိုက်ကာ အဝတ်လဲဖို့ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။


အဆုံးသတ်မှာတော့ ဒီနေရာက သူမ ပိုင်နက်မဟုတ်ပေ။ သူမ က အလွန်ထူးဆန်းသလို ခံစားလိုက်ရပြီးတော့ စိတ်ကသိကအောက်ဖြစ်စွာနဲ့ပဲ လဲလှယ်လိုက်ရသည်. သူမ လုပ်လိုက်ချင်တာအားလုံးကတော့ ဒီနေရာကနေ မြန်မြန်လေးထွက်သွားချင်တော့တာပါပဲ. သူမ က ထွက်ခွာဖို့ အရိုသေပြုမှုတစ်ခုတော့ ပြုဖို့တော့လိုအပ်ပါတယ်. 'ဒီညစာစားပွဲက အတော်လေး ထူးဆန်းဖို့ကောင်းတာပဲ. တုဟောင်တစ်ယောက် ဘာတွေတွေးနေလဲဆိုတာ သူမ မသိတာပဲ. ဒီဧည့်ခံပွဲမှာ သူဘာလုပ်လိမ့်မလဲဆိုတာ ဘယ်သူက သိမှာတဲ့လဲ'


သူမ က လျောက်တွေးနေခဲ့ပြီးတော့ အလောတကြီးဖြစ်သွားကာ သူမ ညည်းညူလိုက်တော့သည်. – "ဒီဝတ်စုံကြီးက အကြီးကြီးပဲ၊ ဒီဝတ်စုံက ငါနဲ့ ဘယ်လိုလုပ် တော်နိုင်မှာလဲ"


တုဟောင် က တော်တော်လေး အရပ်ရှည်နေခဲ့တာကြောင့် ဒါကအံ့အားသင့်စရာ မကောင်းတော့ပါဘူး. လင်ရှန်း က မိန်းခလေးတစ်ယောက်အနေနဲ့ အရပ်ပုနေတာမဟုတ်ပေမယ့်လည်း ယောက်ျားလေးတစ်ယောက်ရဲ့ ကိုယ်ခန္တာအရွယ်အစားက မိန်းခလေးထက်စာရင်တော့ အလွန်ကွာခြားနေတာပဲ ဖြစ်လေသည်. သူ့ရဲ့အကျီတွေကို ယူဝတ်လိုက်ပြီးတဲ့နောက်မှာတော့ ဝတ်စုံက အတွင်းထဲမှာ အလွန်ကိုပွယောင်းလို့နေခဲ့ပါတယ်။


လင်ရှန်းလဲ ရွေးချယ်စရာမရှိတော့ဘဲ သူမ၏ခါးကိုပတ်ရန် ဖဲခါးပတ်ကြိုးတစ်ခုကို ရှာကြည့်လိုက်တယ်. မမျှော်လင့်ထားစွာဘဲ ကြိုတင်သတိပေးခြင်းမရှိပဲ တံခါးဖွင့်လိုက်သံကြားလိုက်ရပါတယ်. တစ်ယောက်ယောက် က အထဲကို ဝင်ရောက်လာခဲ့သည်။


လင်ရှန်း တစ်ယောက် ထိတ်လန့်ကာ တုန်လှုပ်လို့သွားခဲ့သည်. သူမ ရဲ့လက်တွေနဲ့ သူမရဲ့ဖဲခါးပတ်ပေါ်ကို သူမရဲ့လက်တွေနဲ့တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်းနဲ့ စိတ်ကိုအေးအေးထားလိုက်ကာ အားတင်း၍ဟန်ဆောင်လိုက်ပြီးတော့- "ဘယ်သူလဲ"


ဘယ်သူကမှ ပြန်မပြောလာပါဘူး။


လင်ရှန်း ဒုတိယအကြိမ်ပိုလို့တောင် စိတ်လှုပ်ရှားကြောက်ရွံ့လို့သွားခဲ့သည်. သူမက သူမကိုယ်သူမ စိတ်သာရာရ​ေစရန်ကြိုးစားလိုက်သည်။


'ဒီနေရာက အရှေ့နန်းတော်ပဲ .ဘာကိစ္စမှအထွေအထူး မရှိနိုင်ပါဘူး။'


သူမ က ခန်းစီးလိုက်ကာစနားကို ခြေဖျားထောက်ပြီးသွားလိုက်ကာ ခေါင်းပြူထွက်ပြီး ကြည့်လိုက်သည်. ဒါပေမယ့် သူမ ခေါင်းထုတ်လိုက်လိုက်တဲ့ အခိုက်မှာပဲ သူမ က တစ်စုံတစ်ခုနဲ့ ဝင်တိုက်မိလိုက်သည်. သူမ က "ဖောင်း" ဆိုတဲ့ အသံတစ်ခုကြားလိုက်ရပြီးတော့ သူမရဲ့နံဖူးပေါ်တွင် နာကျင်သွားပါတယ်. သူမ ကြယ်တွေလတွေမြင်လိုက်ရပြီးတော့ အော်လိုက်ရတော့တယ်- "အားရား!"


ထိုအချိန်အခိုက်အတန့်မှာပဲ တုဟောင်က ခန်းစီးလိုက်ကာစ၏ နောက်ကွယ်ကနေ ထွက်ပေါ်လို့လာခဲ့သည်။ ပြောစရာမလိုတော့တာကတော့ လင်ရှန်းက တုဟောင်နှင့် ဝင်တိုက်မိခဲ့တာပဲဖြစ်သည်။


End...