Chapter 33
Viewers 9k

အပိုင်း(၃၃)


"မင်း ဘာလို့ ဒီနေရာမှာရောက်နေတာလဲ?" တုဟောင်ရဲ့မျက်လုံးတွေက ရီဝေနေပုံရပြီး အရက်နံ့တွေလဲ ဟောင်ထူနေပါတယ်။


'ဘာကိစ္စနဲ့ ကျွန်မ က ဒီနေရာမှာ ရှိနေရတာလဲ? အကိုကြီးရေ ရှင်ကတော့လေ အရက်မူးလွန်နေပေမယ့် ဒီလိုမျိုးတော့ ရှင်မေးစရာမလိုလောက်ဘူး မဟုတ်လား' လင်ရှန်းက ခနဲ့သလိုဖြင့် ပြန်ကာပြောလိုက်တယ်.- "အရှင့်သား. အရှင့်သားကသာ ကျွန်တော်မျိုးကို အရှင့်သားရဲ့ဝတ်စုံကို လဲလှယ်ဖို့ပြောလိုက်တဲ့သူ မဟုတ်ဘူးလား"


"အိုး..ငါ မေ့သွားတာ......" တုဟောင်က တကယ်တော့ အရက်တွေမူးနေခဲ့တာပါ. သူ့ရဲ့ခြေလှမ်းတွေက ဒယိမ်းဒယိုင်နဲ့အရပ်ရှစ်မျက်နှာပတ်ပတ်လည်သို့ ယိမ်းယိုင်၍လှုပ်ရမ်းလို့နေပါတယ်. လင်ရှန်းရဲ့အံ့အားသင့်နေမှုအောက်မှာပဲ တုဟောင်က သူ့အဝတ်အစားတွေကို ချွတ်ချလိုက်သည်။


လင်ရှန်းတစ်ယောက် အလွန်ပင်တုန်လှုပ်ခြောက်ချားလို့သွားပါတယ်. သူမစိတ်ထဲမှာတော့ သူမက အလန့်တကြားအော်ဟစ်လို့နေပါတယ်. ' ဟေး! ရှင် ဘာလုပ်နေတာလဲ?! ကျွန်မ ဒီနေရာမှာ ရှိနေတုန်းပဲလေ!' ဒါပေမယ့် သူမ သူ့ကို ဘယ်လိုတားရမယ်မှန်း မသိခဲ့ပါဘူး. ဒါ့ကြောင့် သူမက သူမရဲ့ဖဲခါးပတ်ကြိုးကိုပဲ ဆုပ်ကိုင်လိုက်၍ အသာလေးပြန်လစ်ထွက်သွားရန် ကြိုးစားလိုက်သည်။


"နေဦး" တုဟောင်က လှမ်းခေါ်လိုက်သည်။


"ဟုတ်ကဲ့" လင်ရှန်းလဲ ရွေးချယ်စရာမရှိတော့ဘဲ ဝန်လေးစွာဖြင့် ပြန်လှည့်လာလိုက်ရတော့သည်. တုဟောင် က သူ့အပေါ်ထပ်ဝတ်ရုံကို ချွတ်ချလိုက်လို့ ပြီးသွားခဲ့ပါပြီ. သူက လောလောဆယ်တွင် သူ့ရဲ့အတွင်းခံဝတ်ရုံကိုပါ ချွတ်ချနေပါတယ်. သူ့၏ကြေးနီရောင်အသားအရေက အကျီအဟကြားကပေါ်ထွက်လို့နေပြီး အဲဒီနေရာကနေပြီးတော့ သူ့၏တောင့်တင်းခိုင်မာသောကိုယ်လုံးကိုယ်ပေါက်က ထွက်ပေါ်လာပါတယ်။


'ဝိုး...အိမ်ရှေ့စံမင်းသားရဲ့စရိုက်က ရိုင်းစိုင်းခက်ထန်ပေမယ့်လည်း သူ့ရဲ့ကိုယ်လုံးကိုယ်ထည်ကတော့ သေချာပေါက်ကို ထိပ်တန်းအဆင့်မှာ ရှိနေတာပဲ! ငါ သာ အဲဒါကိုရောင်းလိုက်လို့ရရင်တော့ အဲဒါက သေချာပေါက်ကို နံပါတ်တစ်အရည်အသွေးပဲ!'


"လာ၊ ငါ့ ကို ကူပြီးတော့ အင်္ကျီတွေချွတ်ပေး" သူ က အရက်မူးနေပေမယ့်လည်း သူ့ပြောတဲ့စကားက ရှင်းလင်းပြီးတော့ သူ့ရဲ့လေသံကလဲ ကန့်ကွက်ဖို့ကို ခွင့်မပြုထားခဲ့ပေ။


လင်ရှန်း ခေါင်းခြောက်သွားတယ်. 'သူက ခုဏလေးတင် မိန်းခလေးတစ်ယောက်ကို စိတ်ကစားနေတာ မဟုတ်ဘူးလား? သူ ဘယ်လိုလုပ်ပြီးတော့ ဂေး ပြန်ဖြစ်သွားရတာတုန်း' သူမ ဘယ်လိုမှတောင် ခန့်မှန်းလို့မရနိုင်တော့ဘူး. သူမ လုပ်နိုင်တာအားလုံးကတော့ သူမခါးတွင်ရှိသော ခါးပတ်ကို တင်းတင်းဆုပ်ကိုင်လိုက်၍ တုဟောင်ကို ကူညီပေးလိုက်ရတော့တာပါပဲ။


လိန်ဖန်တစ်ယောက် အပြစ်ပေးခြင်းခံရတုန်းက သူ့ရဲ့အကျီတွေကို ချွတ်ပေးဖို့ ကူညီပေးရတာအပြင် တစ်ခြားဘယ်ယောကျ်ားလေးကိုမှ သူတို့အကျီတွေကို ကူပြီးတော့ လင်ရှန်း မချွတ်ပေးဖူးပါဘူး. သူတို့နှစ်ယောက်က ရုပ်ချင်းတူကျပေမယ့်လည်း သူတို့နဲ့ပတ်သတ်တဲ့ သူမရဲ့စိတ်ခံစားချက်ကတော့ လုံးဝကိုကွဲပြားခြားနားပါတယ်။


လိန်ဖန်ဘေးနားရောက်ရင်တော့ လင်ရှန်းက ခြိမ်းခြောက်ခံရတာ ဒါမှမဟုတ် အန္တာရာယ်ရှိတဲ့ခံစားချက်ကို မခံစားရပါဘူး. သို့သော်လည်း တုဟောင်ဘေးနားရောက်သွားရင်တော့ သူ့ဆီကိုသွားတဲ့ သူမရဲ့ခြေလှမ်းတစ်လှမ်းချင်းစီကိုက ချဉ်းကပ်မိလေတိုင်း အင်ပါယာဘုရင်တစ်ယောက်၏ ကိုယ်ရောင်ကိုယ်ဝါက သူမအပေါ်ကို ဖိအားတွေညွှန့်ကျလာတာကို သူမ ခံစားမိပါတယ်. သူမ ကို အသက်ရှုရတာတောင် ခက်ခဲစေတာပဲဖြစ်သည်။


လင်ရှန်းက အမူမဲ့အမှတ်မဲ့ဖြင့် သူ့ရဲ့အပေါ်ထပ်ဝတ်ရုံကို ဖယ်ရှားလိုက်မိသွားတော့ သူ့ရဲ့ကြွက်သားအထစ်ထစ်နဲ့ရင်ဘတ်ကြီးက ရုတ်ချည်းပင် ထွက်ပေါ်လို့လာခဲ့သည်. သူမကို ဘာကအံ့အားသင့်စေတာလဲဆိုတော့ တုဟောင်ရဲ့ကိုယ်ခန္တာပေါ်တွင် ဒဏ်ရာအမာရွတ်တွေ အများကြီးရှိနေခဲ့တာပဲ ဖြစ်သည်. အနက်ရှိုင်းဆုံးတစ်ခုကတော့ သူ့ရဲ့ရင်ဘတ်ကနေပြီးတော့ ရေပြင်ညီလိုက်ကြီး ပြတ်ရှရာကြီးရှိနေတာက ကြည့်လိုက်ရင် အရမ်းကိုလူမဆန်ဖို့ကောင်းပါတယ်။


လင်ရှန်း စိတ်ထဲတွင် အနည်းငယ်လေးတောင် စိတ်ထိခိုက်သွားရပါတယ်. လူတစ်ယောက်ရဲ့ရင်ဘတ်ကို စူးစိုက်ပြီးကြည့်ရှုနေတာက သိပ်မကောင်းဘူးလို့ သူမ သဘောပေါက်လိုက်ပြီးတော့ သူမရဲ့အကြည့်တွေကို ​မြန်မြန်လွှဲလိုက်တော့တယ်။


"ဘာလဲ။ မင်း က အံ့ဩသွားတာလား။" တုဟောင်က ရုတ်တရက် ထပြောလိုက်သည်. သူ့ရဲ့ယောကျ်ားဆန်တဲ့အငွေ့အသက်က အရမ်းကိုပဲဩဇာသက်ရောက်နိုင်လွန်းအားကြီးလှသည်. သူမကို မသိစိတ်အရတောင် နောက်ကိုခြေတစ်လှမ်းဆုတ်သွားစေခဲ့သည်။


"အရှင့်သား ကျေးဇူးပြုပြီးတော့ ဗွေမယူလိုက်ပါနဲ့၊ ကျွန်တော်မျိုးက မြို့တော်ထဲမှာပဲ နေ့ထိုင်လေ့ရှိနေကျဆိုတော့ အဲဒီထက်ကိုကျော်ပြီးတော့ မမြင်ဖူးခဲ့လို့ပါ၊ အရှင့်သား......" သူမ ရဲ့စကားတွေကို တုဟောင်က ဖြတ်တောက်လိုက်ပါတယ်. သူရဲ့လက်က မပြောမဆိုဖြင့် သူမ မျက်နှာကို ပွတ်သပ်ကိုင်တွယ်နေလို့ပါပဲ။


အဲဒီအချိန်အခိုက်အတန့်တွင်တော့ လျှပ်တပြက်ကြုံတွေ့လိုက်မှုကြောင့် လင်ရှန်း က မိုးကြိုးအပစ်ခံလိုက်ရသလို တုန်လှုပ်လို့သွားခဲ့သည်. အဲဒါက သူမ ကို အဲဒီကနေပြီးတော့ရုန်းထွက်နိုင်ရန် ခက်ခဲစွာဖြင့် အချိန်အတော်ယူလိုက်ရ၍ တုဟောင်က သူမ ကို ရမ္မက်စိတ်ပြင်းပြစွာဖြင့် စိုက်ကြည့်နေတာကိုသာလျင် တွေ့မြင်နေရသည်. သူက စစ်မြေပြင်ထဲမှာ တိုက်ခိုက်လာခဲ့ကတည်းက သူ့ရဲ့လက်တွေနှင့် လက်ချောင်းတွေက ကြမ်းထော်နေခဲ့တာပဲဖြစ်သည်. သူ့ရဲ့လက်တွေက ညင်ညင်သာလေးဖြင့် သူမရဲ့မျက်နှာကို ထိတွေ့လိုက်တာတောင် သူမကို ယားယံစေနိုင်ခဲ့သည်။


လင်ရှန်း၏ ထိတ်လန့်ဖွယ်ရာတွေကို ကြိုတင်ခန့်မှန်းနိုင်စွမ်းက သူမကိုယ်သူမ နောက်ကိုပဲ ခြေလှမ်းဆုတ်မိလိုက်တော့သည်. သူမ က တစ်ဟုန်ထိုးထွက်ပြေးသွားဖို့ ကြံရွယ်လိုက်တော့သည်။


နောက်ထပ် သူမ သိလိုက်တဲ့နောက်ဆုံးအရာကတော့ သူမရဲ့လက်ကောက်ဝတ်က တင်းတင်းကျပ်ကျပ်ဖြင့် ချုပ်နှောင်ခံလိုက်ရတာပါပဲ. အခုတော့ သူမရဲ့ခါးက စားပွဲခုံနဲ့ထိလုနီးပါးဖြစ်နေပါပြီ. သို့သော်လည်း တုဟောင်၏လက်တစ်ဖက်က သူမခါးပေါ်မှာရှိနေပြီးတော့ နောက်ထပ် လက်တစ်ဖက်ကတော့ သူမလက်ကို ချုပ်ထားခဲ့ပါတယ်. ကြီးမားတဲ့အားကြီးတစ်ခုဖြင့် သူမကို ရှေ့သို့ဆွဲယူလိုက်ခြင်းခံလိုက်ရပြီး ဒီလိုနဲ့ပဲ သူမ က သူ့ရဲ့လက်မောင်းတွင်းသို့ ဆင်းသက်သွားခဲ့သည်။


အန္တရာယ်ရှိတဲ့အငွေ့အသက်တွေက သူမ မျက်နှာပေါ်ကို ရိုက်ခတ်လို့လာခဲ့ပါတယ်. အရက်နံ့တွေ မွန်ထူစွာရလိုက်ပြီးတော့ သူမ ထိတ်လန့်ကြောက်ရွံ့လို့သွားခဲ့သည်. လင်ရှန်း က အလောတကြီးပင်ပြောလိုက်ရတယ်- "အရှင့်သား. အရှင့်သား အရက်တွေတော်တော်မူးနေပြီပဲ။ ကျွန်တော် က စုန့်လောင် ပါ အရှင့်သားညီမတော်ရဲ့လင်ယောက်ျားပါ....."


"စုန့်လောင်လား"


တုဟောင် က တကယ့်ကိုပင် အရက်မူးလွန်နေခဲ့ပါတယ်. သူ့ရဲ့အသံကတောင် ဗလုံးဗထွေးဖြစ်လို့နေပြီးတော့ သူက သူမအနားကိုပိုပြီးတော့ တိုးလာလိုက်တယ်. သူ့ရဲ့မျက်လုံးနှစ်လုံး လုံးက ကြည့်ရတာ ကြိုးတိုးကြောင်တောင် ဖြစ်လို့သွားပြီးတော့ သူက လင်ရှန်းကို ခဏလောက်တောင် စူးစမ်းအကဲဖြတ်လို့နေခဲ့သည်. သူက စကားသံတိုးတိုးလေးနဲ့-


" မင်းကို ကြည့်စမ်းပါဦး၊ မင်းက ဘယ်လိုလုပ် ယောက်ျားလေးတစ်ယောက်နဲ့တူနိုင်မှာလဲ။ မင်းက မိန်းကလေးတစ်ယောက်ပဲ ... ဟုတ်တယ် မဟုတ်လား..မင်းက....."


လင်ရှန်းရဲ့စိတ်ထဲမှာတော့ သူမက ထုတ်ဖော်ခံလိုက်ရတော့မလို ခံစားလိုက်ရတယ်. 'အိုး မဟုတ်ဘူး!? ငါ ထုတ်ဖော်ခံလိုက်ရပြီလား'


အဲဒီအချိန်အခိုက်အတန့်မှာပဲ တုဟောင် က ပိုလို့တောင် တိုးလာခဲ့ပါတယ်. သူ့ရဲ့နှာခေါင်းက သူမရဲ့မျက်နှာနဲ့တောင် ထိလုနီးပါးဖြစ်နေပါပြီ. သူရဲ့စိတ်အတွေးတွေကိုလဲ အသံကျယ်ကျယ်ဖြင့် - " တကယ်လို့ မင်းက မိန်းကလေးတစ်ယောက်သာ ဆိုရင်တော့ အဲဒါက အံ့ဩဖို့တော်တော်ကောင်းလိမ့်မှာပဲ...." ပြီးနောက် သူ က ရမ္မက်ထန်စွာဖြင့် သူမရဲ့နှုတ်ခမ်းကို နမ်းရှိုက်လိုက်တယ်။


လင်ရှန်းက တုဟောင်သူမအပေါ်ကို ဒီလိုမျိုးရွေ့လျားမှုတစ်ခု လုပ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး. သူမက သူ့ရဲ့ အတင်းကျပ်အနမ်းခံရတာကနေပြီး လွတ်မြောက်ဖို့ကြိုးပမ်းလိုက်တယ်. ဒါပေမယ့် တုဟောင်က သူမကို တင်းကျပ်စွာချုပ်ကိုင်ထားလေတော့ သူမ မှာ လှုပ်လို့တောင်မရခဲ့ပါဘူး သူမ လုပ်နိုင်တာအားလုံးက နောက်ကိုပြန်ဆုတ်ပြီးတော့ သူ့ရဲ့ 'စီးနင်းမှု' ကိုရှောင်ရှားရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။


လင်ရှန်းက နေရာရွေ့လို့သွားတော့ တုဟောင်က စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်. ဒါ့ကြောင့် သူက သူမရဲ့လက်တွေကို ချုပ်ကိုင်ထားတာကို လွှတ်လိုက်၍ နောက်ကိုဆုတ်သွားတဲ့သူမရဲ့ဦးခေါင်းကို ဖမ်းကိုင်လိုက်ပြီးတော့ သူမနှင့် ဆက်လက်အနမ်းပေးရန် လုပ်ဆောင်လိုက်သည်။


လင်ရှန်းတစ်ယောက် သူမ တစ်ကိုယ်လုံး ဝါးမြိုဖျတ်စီးခြင်းခံလိုက်ရတော့မလို ခံစားသွားရပြီး သေလောက်အောင်ပဲ ကြောက်လန့်လို့သွားလေတယ်. သူမ လဲ ဘာမှကိုဂရုမစိုက်နိုင်တော့ဘဲ သူမရဲ့လက်နှစ်ဖက်စလုံးနဲ့ဘေးပတ်ဝန်းကျင်ကိုလျှောက်ပြီး ရမ်းသမ်းစမ်းကြည့်လိုက်တော့ နောက်ဆုံးတွင် ပစ္စည်းတစ်ခုကို ရှာတွေ့သွားပါတယ်။


ဘာမှမတွေးမနေတော့ဘဲ သူမ အဲဒီအရာဖြင့် တုဟောင်ရဲ့ခေါင်းကို ရိုက်ချလိုက်ပါတော့တယ်။


'ပတ်' ဆိုတဲ့အသံတစ်ခုကြားလိုက်ရပြီးတော့ လင်ရှန်းတစ်ယောက် အေးခဲသွားတော့သည်။


'အိုး ..အံ့ဩလိုက်တာ.. သူမ ဘယ်လိုလုပ်ပြီးတော့ ပစ္စည်းကောင်းလေးကို ကောက်ယူမိသွားတာလဲ' သူမ က တုဟောင်ရဲ့ခေါင်းကို မှင်အိုးနဲ့ရိုက်ချလိုက်နိုင်တာပဲ ဖြစ်သည်. သူမ က အားတော်တော်လဲပါသွားခဲ့သည်လေ! တုဟောင်ရဲ့မျက်လုံးတွေက နောက်ပြန်လှန်သွားပြီးတော့ သူက လင်ရှန်းရဲ့ပေါ်ကို ပိကျပြီး သတိလစ်လို့သွားခဲ့တော့သည်။


လင်ရှန်း သူမရဲ့ခါးက ကျိုးသွားတော့မလို ခံစားလိုက်ရသည်. တုဟောင်ကို သူမအပေါ်ကနေပြီး ဖယ်ထုတ်ပစ်ဖို့ကို အချိန်အတော်လေးယူလိုက်ရသည်. သူမ ကျောက်တုံးကြီးတစ်တုံးကို ရွေ့လိုက်ရသလိုတောင် ထင်လိုက်ရသည်။


'သူ အဆင်ပြေလောက်မှာပါနော် ဟုတ်တယ်မဟုတ်လား?' လင်ရှန်း သူမရဲ့အသက်​လေးကို အပ်ချည်မျှင်လေး​ဖြင့် တွဲချည်ထားလိုက်ပြီးတော့ တုဟောင် အသက်ရှု မရှုကို စစ်ကြည့်ရန် နှာခေါင်းအောက်နားသို့သွားပြီး သူမလက်ဖြင့် စမ်းသပ်ကြည့်လိုက်ပါတယ်။


'ကောင်းတယ်. သူ့အသက်ရှုသံက ခိုင်ခိုင်မာမာကြီးပဲ ရှိနေသေးတယ်' အရက်မူးလွန်ပြီးတော့ သတိမေ့သွားတာပဲ. ဒါပေမယ့် ပြဿနာကတော့ သူမ က သူ့ကို ရိုက်ချလိုက်တာက.... သူ နိုးလာတဲ့အခါကျရင် သူမ ကို အပြစ်ပေးချင်ရင်ရော ဘာဖြစ်လိမ့်မလဲ'


ဒီအကြောင်းကိုတွေးကြည့်ပြီးတော့ လင်ရှန်း တော်တော်လေးစိုးရိမ်လို့သွားခဲ့သည်. ခဏလောက်တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားပြီးတဲ့နောက်မှာတော့ ဒီအဖြစ်အပျက်ထဲကနေ လွတ်မြောက်ဖို့ အကောင်းဆုံးအဖြေတစ်ခုကို သူမ ရွေးချယ်လိုက်ပါတယ်. အဆုံးသတ်မှာတော့ သူမ က တစ်ခြားလူတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတယ်လို့ ပြောလိုက်ရင်တော့ တုဟောင် မျက်နှာပျက်ရပေလိမ့်မည်. ထပ်ပြီးတော့လဲ သူက အရက်မူးလွန်နေခဲ့တာပဲ. သူ နိုးလာခဲ့ရင်တောင် ဖြစ်နိုင်တာက သူ က ဘာတစ်ခုမှ မှတ်မိမှာ မဟုတ်တော့မှာပဲ ဖြစ်သည်။


လင်ရှန်း က လျင်မြန်စွာဖြင့် မှင်အိုးကို နေရာတကျ ပြန်ထားလိုက်ပြီတော့ သူမလဲလှယ်လိုက်တဲ့ ဝတ်ရုံကိုလဲ ‌သေသေသပ်သပ်ဖြစ်သွားအောင် လုပ်လိုက်ပါတယ်. ပြီးနောက် သူမ က မလုံမလဲဖြစ်နေသော သူခိုးတစ်ယောက်လိုမျိုး အသာလစ်ထွက်လာလိုက်တော့သည်။


'ဟမ်? မိန်းမစိုးက ဒီနေရာလဲ ရှိမနေပါလား!' အပြင်ဘက်မှာ စောင့်ကြပ်နေတဲ့ လူတွေ တစ်ယောက်မရှိပါလား။'


လင်ရှန်း က အံ့အားသင့်လို့သွားပေမယ့်လဲ အများကြီးလျောက်မတွေးနေတော့ပါဘူး. သူမ ရှေ့ဆက်သွားပြီးတော့ တံခါးမကြီးကို ဖွင့်လိုက်တဲ့အခါမှာတော့ သူမရဲ့လည်ပင်းပေါ်ကို ချွန်ထက်တဲ့ဓားရှည်တစ်ချောင်းက ထောက်လာခဲ့ပါတယ်။


ခြိမ်းခြောက်တဲ့အသံနိမ့်တစ်ခုက လင်ရှန်းရဲ့နားထဲသို့ ဝင်ရောက်လို့လာခဲ့ပါတယ်. - "အိမ်ရှေ့စံမင်းသား ဘယ်မှာလဲဆိုတာ ငါ့ကို အခုချက်ချင်းပြောစမ်း!"


လင်ရှန်းတစ်ယောက် ကြက်သေ သေသွားခဲ့ပါတယ်. အဲဒီအချိန်အခိုက်အတန့်တွင်​ေတာ ့သူမရဲ့စိတ်ထဲမှာ 'လုပ်ကြံသူ' ဆိုတဲ့စကားလုံးတစ်လုံးက လျှပ်တပြက် ဝင်ရောက်လို့လာခဲ့သည်။


'သူမက ဒီလောက်တောင်မှပဲ ကံဆိုးရလေသလား? ပထမ၊ သူမ အရက်မူးသမားနဲ့ ဝင်တိုက်မိတယ်. အခု သူမ လုပ်ကြံသူတစ်ယောက်နဲ့ ဝင်တိုးမိတာလား? ဘယ်လိုဝဋ်ကြွေးမျိုးလဲ။ သူမရဲ့ရင်ထဲမှာတော့ သူမ ဘုရားကိုပဲ တိုင်တယ်ပြီးအော်ဟစ်လိုက်ပါတော့တယ်။


လင်ရှန်းတစ်ယောက် စကားထစ်ငေါ့စွာနဲ့- " အ...အိမ်ရှေ့စံမင်းသားက အပြင်ထွက်သွား... သူ..ခုထိ ..ပြန်မလာသေး....."


"ကလေကချေကောင် ၊ မင်းက ငါ့ကို လိမ်ပြောရဲတယ်ပေါ့လေ!" ဓားရှည်က တဖြည်းဖြည်းနဲ့သူမ မျက်နှာအနားကို တိုးကပ်လို့လာနေပါတယ်. လူသတ်သမားရဲ့အမူအရာက ရက်စက်ကြမ်းကြုတ်ပြီးတော့ သူမ က သေစေနိုင်တဲ့အငွေ့အသက်တွေကို ခံစားနေရပါတယ်။


လင်ရှန်းတစ်ယောက် အရမ်းကြောက်ရွံ့လို့သွားပြီးတော့ သူမရဲ့ခြေထောက်တွေကတောင် ပျော့ခွေလာပါတယ်. ဒါပေမယ့် တုဟောင် သတိမေ့နေတဲ့အကြောင်းကို သူမ ပြန်စဉ်းစားလိုက်မိပြီးတော့ သူမ သိလိုက်ခဲ့ပါတယ်. အကယ်၍ သူမကသာ ဒီလူကို အထဲဝင်ခွင့်ပေးလိုက်ရင်တော့ သူ သေမှာ ကျိန်းသေပါတယ်. သူမ ရဲ့စိတ်ကပျော့သွားပြီးတော့ သွားတွေကို တင်းတင်းစေ့လိုက်ကာ- "ဟေး လူကြီးမင်း. ကျွန်တော်က အမှန်အတိုင်းပြောနေတာပါ. ကျွန်တော် ခင်ဗျားကို ဘယ်လိုလုပ် လိမ်ရဲမှာလဲ"


"မင်း မလိမ်ရဲဘူးဆိုတာ ငါကျိန်းသေသိတယ်!" ပြီးနောက် ထိုလူရဲ့လေသံကိုနိမ့်လိုက်ပြီးတော့- " မင်းက အိမ်ရှေ့စံမင်းသားနဲ့ ဘယ်လိုပတ်သတ်မှုရှိလဲ"


လင်ရှန်း က သူမရဲ့ချွေးစီးတွေကိုသုတ်လိုက်ပြီးတော့ - "လူကြီးမင်း ၊ ကျွန်တော်က တောက်တိုမယ်ရ လုပ်ရတဲ့ လူတစ်ယောက်သက်သက်ပါပဲ. အိမ်ရှေ့စံမင်းသားအတွက် အရေးကြီးတဲ့သူတစ်ယောက် မဟုတ်ပါဘူး"


"ဟ! မင်းက အိမ်ရှေ့စံမင်းသားရဲ့ အရေးကြီးတဲ့သူတစ်ယောက်ဆိုရင်တော့ ငါ က မင်းကို ပြန်ပေးဆွဲရလိမ့်မယ်!" ဒီလူက သူ့ရဲ့မျက်နှာကို ပိတ်စတစ်စနဲ့အုပ်စည်းထားပြီးတော့ ပြောနေတဲ့စကားတွေကလဲ ရိုင်းစိုင်းပါသေးတယ်. သူ့မျက်လုံးတွေကတော့ လူသတ်သမားတစ်ယောက် ပုံစံပေါက်နေပြီးတော့ အလွန်တရာကိုပင် ခြိမ်းခြောက်နိုင်စွမ်းတွေရှိနေပါတယ်။


"လူကြီးမင်း၊ အကယ်၍ ခင်ဗျား အိမ်ရှေ့စံမင်းသားကို ရှာချင်တယ်ဆိုရင်တော့ ခင်ဗျား တော်ဝင်ပန်းခြံထဲမှာ လျောက်ပတ်ကြည့်ရင်တော့ တွေ့ရင်တွေ့နိုင်လိမ့်....."


"တကယ်ပဲလား။ မင်း ငါ့ကို လိမ်ရဲတာတော့ မဟုတ်ဘူးနော်၊ မဟုတ်ရင်တော့ ငါ က မင်းရဲ့ဦးနှောက်ပေါက်ထွက်သွားအောင် ခုတ်ဖြတ်ပစ်ရလိမ့်မယ်!"


"ကျွန်တော် မလိမ်ရဲပါဘူး၊ မလိမ်ရဲပါဘူး....." လင်ရှန်း ဗလုံးဗထွေးပဲပြန်ပြောလိုက်ခဲ့သည်။


"ကောင်းပြီ၊ ကြွေးမြီးတိုင်းမှာ ကြွေးဆပ်တဲ့သူတစ်ယောက်ဆိုတာရှိရလိမ့်မယ်၊ မင်းက အိမ်ရှေ့စံမင်းသား ဘယ်နေရာမှာရှိလဲဆိုတာ မသိမှတော့ မင်းသွားလို့ရပြီ!"


"ကျေးဇူးတင်ပါတယ်၊ လူကြီးမင်း!" လင်ရှန်းက စိတ်သက်သာရာ ရသွားပြီးတော့ လွတ်မြောက်ဖို့ရာ လျင်မြန်စွာလှည့်ပြန်လိုက်လေတယ်. ဒါပေမယ့် ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ သူမ ရဲ့ခေါင်းကနေပြီး နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီးတော့ သတိလစ်လို့သွားပါတော့တယ်။


မျက်နှာဖုံးတပ်ထားတဲ့လူက ရယ်မောလိုက်သည်- "အခြောက်ကောင်၊ မင်းရဲ့ခါးပတ်ပေါ်မှာ နဂါးရုပ်ပုံရှိနေတာလေ၊ ငါ့မျက်လုံးတွေက အမှိုက်ပုံးထဲရောက်သွားတယ်လို့ မင်းက ထင်နေတာလား? မင်းက အိမ်ရှေ့စံမင်းသားဆိုတာ ရှင်းနေတာပဲကို ၊ နောက်ကျမှ မင်းရဲ့အရေခွံတွေ ကို ငါဆွဲခွာချွတ်ပစ်လိုက်ဦးမယ်!" ပြီးနောက် သူက လင်ရှန်းကို သူ့ရဲ့ပုခုံးပေါ်သို့ စွေ့ခနဲကောက်တင်သွားပြီးတော့ လေထဲကို ဝဲပျံတက်သွားကာ ညကောင်းကင်ယံထဲတွင် ပျောက်ကွယ်လို့သွားတော့သည်။


ဒီလိုနဲ့ပဲ ဖဲခါးပတ်ကြိုးလေးတစ်ခုက အစပြုခဲ့ပြီးတော့ သနားစရာကောင်းတဲ့လင်ရှန်းလေးကို အထင်မှားသွားစေလိုက်ပြီး အိမ်ရှေ့စံမင်းသားလို့ ယူဆသွားစေလိုက်ကာ နန်းတော်ထဲကနေပြီး ပြန်ပေးဆွဲ​ခြင်း ခံလိုက်ရပါတော့တယ်။


***** ***** *****


End...