Chapter 34
Viewers 9k

အပိုင်း(၃၄)


လင်ရှန်းကို ပြန်ပေးဆွဲလာသောလူ၏မျိုးရိုးအမည်က ဟယ် ဖြစ်ပြီး သူ့မိသားစုတွင် တတိယမြောက် ကလေး ဖြစ်သည်. ထို့ကြောင့် သူ့ကို ဟယ်လောင်စန်း ဟု အမည်ပေးခဲ့ကြသည်. (chinese လို San= သုံး ဖြစ်လို့ပါတဲ့ရှင်) သူဟာ ငယ်ရွယ်စဉ်ကတည်းကပင် သိုင်းပညာရပ်တွင် သူ့မှာ မွေးရာပါ ဝမ်းတွင်းပါရမီပါလာခဲ့ပါတယ်. ကျွမ်းကျင်သောသိုင်းပညာရှင်၏ သင်ကြားပြသပေးမှုကိုခံရပြီးနောက်တွင် သူက ပိုလို့တောင်ပင် ကျွမ်းကျင်တတ်မြောက်လာခဲ့တယ်။


သူ့ အသက် (၁၃) နှစ်အရွယ်အရောက်တွင် သူ့၏တိုင်းပြည်အတွက် သူ့ဘဝကိုမြုတ်နှံ၍ စစ်တပ်ထဲတွင် စာရင်းသွင်းဝင်ရောက်ရန် သူက ဆုံးဖြတ်ချက်ချခဲ့ပါတယ်. သို့သော်လည်း သူ့၏အသက်အရွယ် ငယ်ရွယ်နေမှုကြောင့် ဘယ်သူကမှ သူ့ကို စစ်သည်တော်အဖြစ် အတည်အတန့်သတ်မှတ်ခဲ့ခြင်းမရှိခဲ့ပါဘူး. သူ့ကို အရေးမပါသော တောက်တိုမယ်ရအလုပ်တွေသာ တာဝန်အဖြစ်ပေးအပ်ခဲ့ပြီးတော့ နေရာအနှံ့သွားလာရန် အမိန့်ပေးခိုင်းစေခဲ့ပါတယ်. ထို့ကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွားပြီး စိတ်ကြီးဝင်နေတဲ့ ဟယ်လောင်စန်းက ဒေါသူပုန်ထစွာဖြင့် စစ်တပ်ထဲမှထွက်လာခဲ့ကာ တောင်ပေါ်ဓားပြတစ်ယောက် ဖြစ်လာခဲ့တော့သည်. နောက်ထပ်သိရမည့်အရာကတော့ ဒီအကြောင်းအရာတွေဟာ လွန်ခဲ့သောဆယ်နှစ်ကျော်ခန့်က ဖြစ်ပျက်ခဲ့တာပဲဖြစ်ပေသည်။


ပုံမှန်အတိုင်းဆိုရင်တော့ တောင်ပေါ်ဓားပြများက တော်ဝင်နန်းတော်မှလူတွေနှင့် ပြဿနာမဖြစ်ရဲကြပါဘူး. သို့သော်လည်း ပြီးခဲ့သောနွေဦးရာသီတွင် နဂါးနက်တောင်အနီးတွင်ရှိသော ဆင်ခြေဖုံးအရပ်ဒေသတွင် တောင်ပေါ်ဓားပြတစ်ချို့တစ်လေက သူတို့၏ "ကျားသစ်နက်" ဂိုဏ်းအဖွဲ့စည်းနာမည်ကိုအသုံးပြုပြီးတော့ မင်းမှုထမ်းတွေ၏ငွေများစွာကို နေရာအနှံ့အပြားတွင် ခိုးဆိုးလုယက်ကာ ထကြွသောင်းကျန်းလာခဲ့သည်. ထို့ကြောင့်ပင် တော်ဝင်နန်းတော်မှ စစ်သည်တော်တွေကိုစေလွှတ်၍ တောင်ပေါ်ဓားပြအားလုံးကို သုတ်သင်ရှင်းလင်းလိုက်ရန် ဆုံးဖြတ်ချက်ချခဲ့လိုက်တော့သည်။


လွန်ခဲ့သောရက်အနည်းငယ်က အိမ်ရှေ့စံမင်းသား၏ဆွေးနွေးတင်ပြချက်အရ အင်ပါယာဘုရင်မင်းမြတ်မှ သူကိုယ်တိုင်ပင် တော်ဝင်အမိန့်တော်တစ်စောင်ကို ကိုယ်တိုင်ကိုယ်ကျရေးသားခဲ့၍ ရွှေဓားစလွယ်ပိုင်ရှင်ဖြစ်သော သူ့၏တော်ဝင်ကိုယ်ရံတော်လိန်ဖန်ကို စေလွှတ်ကာ ​ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့သည်. ကျားသစ်နက်အဖွဲ့က သူတို့ရဲ့အဓိကလုပ်ဆောင်ရမည့်တာဝန်ပဲဖြစ်လေတယ်။


ဟယ်လောင်စန်းက ဒီဂိုဏ်းအဖွဲ့နှင့်အတူ နေလာခဲ့တာဟာ အခုဆို နှစ်များစွာကြာခဲ့ပြီဖြစ်သည်. သူက သူရဲ့ဂိုဏ်းခေါင်းဆောင်အကိုကြီးဖြစ်တဲ့ ဝမ်ဟိန်ဟူတစ်ယောက်ရဲ့စိုးရိမ်သောကတွေနှင့်ဆက်စပ်၍ သူက အကူအညီပေးချင်နေခဲ့ပါတယ်. သူ့ရဲ့ခေါင်းဆောင်အကိုကြီးတစ်ယောက် သူတို့၏လူတွေကို လာရောက်သုတ်သင်မည့် စစ်သည်တော်တွေနှင့်ပတ်သတ်၍ ဘယ်လောက်တောင်စိတ်ဒုက္ခတွေ ရောက်နေရရှာ​ကြောင်းကို သူ တွေ့မြင်နေရသည်. ပြီးတော့လည်း စစ်တပ်နှင့်ပတ်သတ်သော သူ၏ဟိုယခင်ကတည်းက ဖြစ်တည်နေခဲ့သော မကျေမနပ်ဖြစ်နေမှုကပါထည့်ပေါင်းလိုက်ပြန်တော့ ဟယ်လောင်စန်း က နန်းမြို့တော်ကိုသွားရောက်ပြီး နန်းတော်ထဲသို့ခိုးဝင်၍ တော်ဝင်နန်းတော်နှင့်အပေးအယူ လုပ်ဆောင်နိုင်ရန်အလို့ငှာ အိမ်ရှေ့စံမင်းသားကို ပြန်ပေးဆွဲရန် ဆုံးဖြတ်ချက်ချခဲ့တာပဲ ဖြစ်လေတယ်။


ဟယ်လောင်စန်းက သူ့၏သိုင်းပညာစွမ်းရည်ကို ယုံကြည်မှုအလွန်ရှိခဲ့တာကြောင့်သာ သူက ဒီလိုမျိုးလုပ်ဆောင်ခဲ့တာပဲ ဖြစ်လေတယ်. သူက သူဒီလိုမျိုးပြန်ပေးဆွဲမည့်အကြောင်းကိုလည်း ဘယ်သူတစ်ဦးတစ်ယောက်နှင့်မျှ တိုင်ပင်ခဲ့ခြင်းလည်း မလုပ်ခဲ့ပါဘူး။


အကယ်စင်စစ်ကတော့ ဟယ်လောင်စန်းက ဦးနှောက်မရှိပေမယ့်လည်း မိုက်ရှုးရဲသတ္တိရှိသော လူစားမျိုးပင်ဖြစ်လေတယ်. သူက တကယ့်ကိုပဲ အကြောက်အလန့်ကင်းတဲ့ လူဖြစ်ပြီးတော့ သူ့ရဲ့သိုင်းပညာစွမ်းအားကလဲ လူအများဩချလောက်အောင် ကျွမ်းကျင်တတ်မြောက်သူဖြစ်သည်. ဒါပေမယ့် သူက တော်ဝင်နန်းတော်ထဲကို ရုတ်တရက်ကြီးထိုးဖောက်ဝင်ပြီးတော့ သူ့ကိုယ်ပိုင်အကြံဉာဏ်ဖြင့် အိမ်ရှေ့စံမင်းသားကို ပြန်ပေးဆွဲလိမ့်မယ်လို့ ဘယ်သူကများတွေးထင်မိမှာတဲ့လဲ?!


လင်ရှန်းအတွက်ကတော့ ဟယ်လောင်စန်း၏ပြန်ပေးဆွဲခံရပြီးနောက်တွင် ဟယ်လောင်စန်းက လက်လှမ်းမှီသော တွေ့ကရာဖျင်အိတ်ကြမ်းတစ်ခုကို ရှာဖွေပြီးတော့ သတိမေ့လျော့နေတဲ့ သူမကိုထည့်ပစ်လိုက်ခဲ့သည်. အဲဒီညမှာတင်ပဲ ဟယ်လောင်စန်းက နန်းမြို့တော်မှ တဟုန်ထိုးထွက်ခွာခဲ့ပြီးတော့ သူ့၏အိမ်ဂေဟာဖြစ်တဲ့ ကျားသစ်နက်ဂိုဏ်းအဖွဲ့ဆီသို့ ပြန်ပြေးသွားခဲ့ပါတယ်. သူ့ရဲ့စခန်းနေရာကို ပြန်ရောက်တဲ့အခါမှာတော့ သူက ကြမ်းကြမ်းတမ်းတမ်းဖြင့် ဖျင်အိတ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ခဲ့တော့သည်။


အဖွဲ့ခေါင်းဆောင်အစ်ကိုကြီးဖြစ်သော ဝမ်ဟိန်ဟူ က သူ့၏အဖွဲ့ကို လာရောက်ရှင်းလင်းသုတ်သင်မည့် အကြောင်းကြောင့် စိတ်သောကရောက်နေခဲ့ပါတယ်. ရုတ်တရက် တစ်ရက်လောက်ပျောက်နေတဲ့ ဟယ်လောင်စန်းတစ်ယောက် သူ့ရဲ့ရှေ့မှောက်မှာ ဖျင်အိတ်ကြမ်းတစ်ခုကို ပစ်ပေါက်ချလိုက်တာကို တွေ့မြင်လိုက်ရပါတယ်. ဖျင်ကြမ်းအိတ်ကလည်း လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဖြစ်နေခဲ့ပါတယ်. ဝမ်ဟိန်ဟူ က တုံ့ဆိုင်းဆိုင်းဖြစ်သွားပြီးတော့ မေးလိုက်တယ်.-


"လောင်စန်း၊ မင်းဘာတွေပြန်သယ်လာတာလဲ"


"အိမ်ရှေ့စံမင်းသား" ဟယ်လောင်စန်းက ပြန်ဖြေလိုက်တယ်။


"အိမ်ရှေ့စံမင်းသားလား။ မင်း ဘာတွေလျှောက်ပြီးပြောနေတာလဲ?"


"အိမ်ရှေ့စံမင်းသားပါဆိုနေမှ အိမ်ရှေ့စံမင်းသားပဲပေါ့၊ အင်ပါယာဘုရင်ကြီးရဲ့သားတော်၊ အနာဂတ်မှာ နန်းတက်မယ့်ဘုရင်လောင်းလျာတစ်ယောက်! အကိုကြီး နားမလည်ဘူးလား။ ခေါင်းဆောင်အစ်ကိုကြီး အစ်ကိုကြီးဦးနှောက်မကောင်းတော့ဘူးလား!။"


"အိုး.. ဒီရက်တွေမှာ ငါတော်တော်လေးစိတ်ဓာတ်ကျနေခဲ့တာကွ၊ ငါတို့ကို သုတ်သင်ရှင်းလင်းဖို့ ကြိုးပမ်းနေတဲ့ တော်ဝင်နန်းတော်ကိုပဲ အပြစ်တင်ရမှာပဲ...


နေပါဦး ..ဘာပြောလိုက်တာ!?!?!" ဝမ်ဟိန်ဟူ က ရုတ်တရက် နားလည်သဘောပေါက်သွားပြီးတော့ စကားဆက်ပြောလိုက်တယ်-


" သူက.. မင်းပြောတာက ဒီအိတ်ထဲမှာလား?!!?!?"


ဟယ်လောင်စန်းက သူ့ရဲ့အကိုကြီး၏ဟန်ပန်အမူအရာကို ကြည့်ပြီးတော့ အံ့အားသင့်လို့သွားပေမယ့် သူက စိတ်အေးလက်အေးဖြင့်ပင်-


"အိမ်ရှေ့စံမင်းသားလေ၊ အစ်ကိုကြီးကို ကျွန်တော် အစောကတည်းက ပြောခဲ့ပြီးပါရောလား"


ဝမ်ဟိန်ဟူ က ဖျန်းခနဲပင် သူ့ပေါင်ကိုသူပြန်ရိုက်လိုက်ကာ- " လောင်စန်း..မင်း...မင်းရှုးနေတာလားကွ!" ပြီးနောက် သူက ချက်ချင်းပင် ဖျင်အိတ်ကိုချည်နှောင်ထားတဲ့ကြိုးကို ဖြည်ချလိုက်တယ်။


ပြင်းထန်တဲ့ရိုက်ချက်ကြောင့် သတိလစ်မေ့မြောပြီးတော့ တစ်ညလုံးလုံး ထုတ်နှောင်သယ်ယူခြင်းခံလိုက်ရပြီးတဲ့နောက်မှာတော့ လင်ရှန်းတစ်ယောက် အလွန်တရာကို မူးဝေလို့နောက်ကျိနေခဲ့ပါတယ်. ရုတ်တရက် အလင်းရောင်စူးစူးက ထွက်ပေါ်လာခဲ့တော့ ပိုလို့တောင်ဆိုးရွားသွားခဲ့ကာ သူမ မတတ်နိုင်တော့ဘဲ ဝမ်ဟိန်ဟူ ကိုယ်ပေါ်သို့ ဝေါ့ခနဲ အန်ထုတ်လိုက်မိတော့သည်။


အဲဒီအချိန်အခိုက်အတန့်မှာပဲ လူတိုင်းက သူတို့၏ခေါင်းဆောင်အစ်ကိုကြီးကို လှည့်ကြည့်မိကြရင်း တုန်လှုပ်လို့သွားကြသည်. သူတို့ရဲ့ခေါင်းဆောင်အကိုကြီးတစ်ယောက် အစိမ်းတစ်လှည့် အဖြူတစ်လှည့် မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲလို့သွားသည်ကို သူတို့တွေ မြင်လိုက်ရသည်. ပုံမှန်အတိုင်းပြန်ဖြစ်လာဖို့တော့ သူ့ခမျာ အချိန်ခဏတော့ ယူလိုက်ရပုံရပါတယ်. မျက်နှာထားမာမာတောင့်တောင့်ကြီးဖြင့်ပင် သူကမေးခွန်းထုတ်လိုက်ပါတယ်-


" မင်းက တကယ်ပဲ အိမ်ရှေ့စံမင်းသားပဲလား"


"ဟုတ်တယ်လေ.......! မဟုတ်ဘူး......." လင်ရှန်းက အရမ်းကိုမူးနောက်လို့နေခဲ့ပါတယ်. သူမ က ခေါင်းညိတ်လိုက်တယ်. ပြီးနောက် သူမခေါင်းကို ခါရမ်းလိုက်တော့ သူမ ပတ်လည်က လူတိုင်းက စိတ်ရှုတ်လို့ သွားကြတော့သည်။


"အဲဒီတော့ မင်းက ဟုတ်တာလား၊ မဟုတ်တာလား!"


"ငါ မဟုတ်ဘူး!" လင်ရှန်း က နောက်ဆုံးတော့ပြတ်ပြတ်သားသားပဲ ငြင်းချက်ထုတ်လိုက်ပါတယ်. သူမရဲ့မျက်လုံးတွေက အခန်းတစ်ပတ်လည်လုံးကို လျောက်ပြီးကြည့်ရှုနေလိုက်ပြီးတော့ သူမက ဗိုက်ပူနံကားလူဝကြီးများနှင့် ခါးတုတ်တုတ်ရှိသော ယောကျ်ား


ရင့်မာကြီး လူအုပ်စုတစ်စုကြီးက ပတ်ပတ်လည်ဝန်းရံထားခြင်းခံနေရတာကို နားလည်လိုက်သည်. အခြားတစ်ဖက်မှာရပ်ပြီးတော့ အဓိပ္ပာယ်ပါပါဖြင့် ကြည့်ရှုနေသော ယောကျ်ားတစ်ယောက်..သူ့ကိုကြည့်ရတာကတော့ မနေ့ညက သူမကို ပြန်ပေးဆွဲခဲ့တဲ့သူ့နှင့် တူတဲ့လူတစ်ယောက်လို့ပင် ထင်လိုက်ရသည်။


"လူလိမ်ကောင်!" ဟယ်လောင်စန်းက သူမစကားကို ဖြတ်ကာပြောလိုက်တယ်. "ခေါင်းဆောင်အကိုကြီး သူ့ရဲ့ခါးပတ်ခေါင်းကို ကြည့်လိုက်၊ အဲဒီအပေါ်မှာ နဂါးရုပ်ပုံ ပါတယ်. အိမ်ရှေ့စံမင်းသားတစ်ယောက်တည်းပဲ နဂါးပုံပါတဲ့ခါးပတ်ကို ဝတ်ရဲမှာ၊ အခြောက်ကောင် မင်းက ငါ့ အကိုကြီးကို အရှုးလုပ်ဖို ကြိုးစားရဲတယ်ပေါ့။ ငါ မင်းကို သေသွားအောင်ကို ရိုက်ပစ်လိုက်မယ်!" ဟယ်လောင်စန်းက သူ့ရဲ့လက်ကို လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီးတော့ လင်ရှန်းကို ထုရိုက်ရန် ဟန်လုပ်လိုက်သည်. သို့သော်လည်း ဝမ်ဟိန်ဟူက သူ့ကို ဟန့်တားလိုက်တယ်။


"လောင်စန်း၊ မင်း သေချင်နေလို့လား"


"သူ က အိမ်ရှေ့စံမင်းသားပဲ! သူ့မှာတစ်ခုခုဖြစ်သွားရင် ငါတို့အကုန်လုံး သေသွားလိမ့်မယ်!"


"ခေါင်းဆောင်အကိုကြီး၊ အကိုကြီးဘယ်အချိန်ကတည်းက ဒီလိုမျိုး သူရဲဘောကြောင်တဲ့သူတစ်ယောက် ဖြစ်သွားတာလဲ? တော်ဝင်နန်းတော်က ကျွန်တော်တို့ကို ဘယ်လိုဆက်ဆံနေလဲဆိုတာကိုရော ထည့်စဉ်းစားစမ်းပါဦး? ကျွန်တော်တို့က အသက်ရှင်သန်ဖို့ ကြိုးစားနေရုံလေးပါ၊ ကျွန်တော်တို့ ဆင်းရဲသားတွေဆီကနေ ဘာမှလုယက်ခဲ့တာမဟုတ်ဘူး. အခုတော့ သူတို့က ကျွန်တော်တို့ကို စစ်သည်တော်တွေနဲ့တောင်လွှတ်ပြီး ရှင်းခိုင်းလိုက်တာလေ! ကျွန်တော်တို့က ကျောက်စိမ်းတုံးပဲဖြစ်ဖြစ် ကျောက်တုံးတစ်တုံးပဲဖြစ်ဖြစ် ကျွန်တော်တို့က လောင်မြိုက်ခံရတော့မယ်ဆိုရင်တောင် ကျွန်တော်တို့တွေက ရဲစွမ်းသတ္တိရှိကြတဲ့လူတွေပါ!" ပြီးနောက် သူက သူ့ရဲ့ဓားရှည်ကိုရွှမ်းခနဲဆွဲထုတ်လိုက်၍ လင်ရှန်းကိုဓားဖြင့်ရွယ်လိုက်တော့လေတယ်။


သူမကို ဓားဖြင့် အရွယ်ခံလိုက်ရတော့မလိုဖြစ်နေတာကို မြင်လိုက်ရတော့ လင်ရှန်း တစ်ယောက် ကြောက်ရွံ့စွာဖြင့် ကမန်းကတန်းပင်- " ငါ့ ကို မသတ်ပါနဲ့! ငါက


အမှန်တကယ်ကို အိမ်ရှေ့စံမင်းသား မဟုတ်ပါဘူး! ငါ က မိန်းကလေးတစ်ယောက်ပဲ!!!!!!! မင်းတို့ ငါ့ကို မယုံလို့ရှိရင် ဒီမှာကြည့်လိုက်!" ချက်ချင်းပင် သူမ ၏ဆံထိုးကိုဖြုတ်ချလိုက်တော့ သူမ၏နက်မှောင်တဲ့ဆံနွယ်ရှည်ရှည်တွေက မှင်ရည်တွေလျှံကျသကဲသို့ ထွက်ကျလာတော့သည်. ထူးကဲပြောင်မြောက်တဲ့ရှုမြင်ကွင်းတစ်ခုအောက်မှာပဲ အမျိုးသားထု​


ကြီးအားလုံးပင် အံ့အားသင့်သွားကြတော့သည်။


တောပုန်းဓားပြ A က တောပုန်းဓားပြ B ကို တို့လိုက်ကာ - " ကြည့်စမ်း၊ ငါတော့ မိန်းကလေးတစ်ယောက်လို့တော့ ထင်တာပဲ...."


တောပုန်းဓားပြ B က တောပုန်းဓားပြ C ကို တို့လိုက်ကာ - " မြန်မြန်လေးကြည့်လိုက်! မိန်းမတစ်ယောက်တဲ့....."


တောပုန်းဓားပြ C က တောပုန်းဓားပြ D ကို တို့လိုက်ပြီး- "ကြည့်စမ်း!! မိန်းမတစ်ယောက်ပဲ.....!!


တောပုန်းဓားပြတွေက အချိန်ခဏလောက်ကြာတဲ့အထိကို အံ့အားသင်ကာမှင်တက်သွားကြပြီးတော့ ရုတ်တရက် သူတို့အားလုံးပဲ ဒီအဖြစ်အပျက်ထဲကနေ ရုန်းထွက်လိုက်ကြပြီးတော့ စခန်းအပြင်ဘက်သို့ ပြေးထွက်သွားကြပြီး စိတ်ရှုးပေါက်ကာဖောက်ပြန်သွားသကဲ့သို့ _ "ဗုဒ္ဓဘုရား! ဗုဒ္ဓဘုရားစိတ္တ! တာအိုဝါဒကို တည်ထောင်တဲ့အရှင်! မိန်းမတစ်ယောက် ငါတို့ စခန်းထဲကို ဝင်လာခဲ့တယ်တဲ့ဟေ့! ဒါအမှန်တကယ်ပဲဟေ့!!!!!"


လင်ရှန်း- ".........."


သူဖမ်းဆီးလာခဲ့တဲ့ အိမ်ရှေ့စံမင်းသားက ရုတ်တရက်ကြီး မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားလိုက်တာကို ဟယ်လောင်စန်း ယုံတောင်မယုံကြည်နိုင်တော့ပါဘူး. သူ့မှာ စကားတစ်ခွန်းမှပင် မဟနိုင်တော့ဘဲ မျက်လုံးအပြူးသားဖြင့်ပင် လင်ရှန်းကို စေ့စပ်သေချာစွာဖြင့် စစ်ဆေးကြည့်ရှုနေလိုက်ပါတယ်။


'ဝိုး.. ဒါက တကယ်ပဲ မိန်းကလေးတစ်ယောက်ပဲ၊ ပြီးတော့လည်း တော်တော်လေးချောလှတဲ့ မိန်းကလေးတစ်ယောက်'


ဟယ်လောင်စန်းက သူ့အသက် ၁၃နှစ်သားဘဝကတည်းက တောင်ပေါ်ဓားပြတစ်ယောက်အဖြစ်နဲ့ ရပ်တည်နေလာခဲ့တာပဲ ဖြစ်လေတယ်. သူ က အခုဆို အသက်၂၄ နှစ်တောင်ရှိနေပေမယ့် သူက အပြစ်ကင်း​ပြီး


သန့်ရှင်းစင်ကြယ်တဲ့ လူပျိုသိုးလေးတစ်ယောက်အဖြစ်နဲ့ပဲ ရှိပါသေးတယ်. လက်ရှိလောလောဆယ်မှာတော့ သူ့ခမျာ ရှက်စိတ်ကြောင့် မျက်နှာပင်နီမြန်းသွားခဲ့တော့သည်. သူက ရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့် ပြောလိုက်လေတယ်- "ဟဲဟဲ၊ မိန်းကလေးရေ၊ ဒါတွေအားလုံးက နားလည်မှုလွဲသွားတာပါ. နားလည်မှုလွဲသွားကြတာပါ... နေဦး၊ မဟုတ်သေးဘူး! ဒါက ကံကြမ္မာပဲ၊ ကံတရားပဲ!!!"


လင်ရှန်း၏မျက်နှာ မဲမှောင်ကျသွားတော့သည်။


ဒုတိယဂိုဏ်းခေါင်းဆောင်က အိမ်ရှေ့စံမင်းသားကို ပြန်ပေးဆွဲလာခဲ့တာ မဟုတ်တာကိုတွေ့လိုက်ရတော့ ဝမ်ဟိန်ဟူ တစ်ယောက် သက်သာရာ ရစွာဖြင့် အသက်ရှူထုတ်လိုက်မိလိုက်တော့သည်. ပြီးနောက် သူက အမျိုးသမီးကို စိုက်ကြည့်လိုက်ပြီးတော့ သတိဝင်လာသလို ခံစားလိုက်ရကာ- "ပြောစမ်း. မင်း ဘယ်သူလဲ? ဘာလို့ မင်းက အိမ်ရှေ့စံမင်းသားရဲ့ အဝတ်အစားတွေကို ဝတ်ထားရတာလဲ"


အခုတော့ လင်ရှန်းတစ်ယောက် သူတို့တွေ က သူမကို မသတ်တော့ဘူးဆိုတာကို စိတ်ချလက်ချဖြစ်သွားပြီးတော့ သူမ အနည်းငယ်လေးပိုပြီး စိတ်ဒုန်းဒုန်းချလိုက်ကာ သူမ စိတ်ထဲတွင် သူမအခြေအနေကိုသူမ ပြန်ပြီးတော့ စီစစ်ပိုင်းခြားနေလိုက်တော့သည်. အကယ်၍ သူမ က ဒီအခွင့်အရေးကို အသုံးချပြီးတော့ နန်းတော်ထဲကနေ ပျောက်ကွယ်သွားမယ်ဆိုရင် ပြီးတော့ ဘယ်သူကမှ သူမကို ယောက်ျားလေးတစ်ယောက်လို ဟန်ဆောင်ထားတယ်ဆိုတာကို သိကြမှာမဟုတ်တော့ဘူး. ပြီးတော့ သူမရဲ့အမေနှင့်အဖေလည်း အဆင်ပြေမှာပါဘာမှဖြစ်မှာ မဟုတ်တော့ဘူးပဲ။


လင်ရှန်းတစ်ယောက် သူမစိတ်ထဲတွင် TVdrama ဇာတ်လမ်းတစ်ပုဒ်ကို ချက်ချင်းဆိုသလိုပင် ဖန်တီးပုံဖော်လိုက်တော့သည်. ပထမဆုံး သူမ က သူတို့ကို ပြောရမှာက သူမက သူမမိဘတွေရဲ့ ဖိအားပေးမှုကြောင့် နန်းတော်ထဲကို ဘယ်လိုတောင်ဝင်ရောက်ခဲ့တဲ့အကြောင်းကို ပြောပြရမှာပဲ ဖြစ်သည်။


ပြီးတော့ အိမ်ရှေ့စံမင်းသားက သူမရဲ့အလှတရားကို တွေ့မြင်သွားပြီးတော့ သူမ ကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ ကြံစည်ခဲ့တဲ့အကြောင်းပြောရမှာပဲ ဖြစ်လေတယ်။


သူမက တုဟောင်ကို သတိလစ်အောင် ရိုက်ချခဲ့ပြီးတော့ သူမ လွတ်မြောက်လာခဲ့တဲ့အကြောင်းကိုလည်း.... သူမ က သူတို့ကို ပြောပြလိုက်ပါတယ်. .....


ပိုပြီးတော့ ပြဇာတ်ဆန်ဆန် ထိရောက်မှုပိုရှိသွားစေဖို့အတွက်ကတော့ လင်ရှန်းက စိတ်ထိခိုက်ဖွယ်ရာ အပိုင်းအရောက်တွင် မျက်ရည်စက်အနည်းငယ်လောက်ကို ချုထုတ်လိုက်တော့သည်. ကျားသစ်နက်ဂိုဏ်းရဲ့အမျိုးသားထုကြီးက အမျိုးသမီးတွေနှင့်ထိတွေ့ခဲ့တာက အတော်လေး ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ် ဖြစ်ခဲ့လေတော့ ငယ်ရွယ်တဲ့မိန်းမလှလေးတစ်ယောက်က သူတို့ကို ဒီလိုမျိုး ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြခဲ့လေတော့ သူတို့ဘယ်လောက်များများ တောင့်ခံထားနိုင်မှာတဲ့လဲ? သူတို့အားလုံး၏စိတ်ထဲတွင် ရင်ထဲထိပင်ခံစားသွားရကာ ထိရှသွားကြတော့သည်. အထူးသဖြင့် ဟယ်လောင်စန်းပေါ့၊ သူ့ရဲ့မျက်ရည်တွေနှင့်အတူ နှာရည်တွေပါ ပွင့်ထွက်ကျသွားခဲ့တော့သည်. အဲဒီအချိန်အခိုက်အတန့်မှာပဲ သူက သူ့ဘဝရဲ့လက်တွဲဖော်မိတ်ဖက်ကို ရှာတွေ့ခဲ့တယ်ဆိုတာကို သူခံစားမိလိုက်တော့သည်။


ဟယ်လောင်စန်းက သူ့ရင်ဘတ်ကြီးကို ပုတ်ရိုက်ပြ၍ ခိုင်ခိုင်မာမာပင် ပြောကြားလိုက်လေတယ်- " အချစ်လေး. စိတ်မကောင်း မဖြစ်ပါနဲ့၊ နန်းတော်ထဲမှာ မင်းကို ဂရုစိုက်ပေးမယ့်သူတစ်ယောက်မှ မရှိပေမယ့် အခု မင်းလေးက နဂါးနက်တောင် မှာရှိနေပြီပဲ၊ ဒီနေရာက ကိုယ်တို့ရဲ့ အမိန့်အောက်မှာပဲ! မစိုးရိမ်ပါနဲ့. မင်း ကိုယ်တို့နဲ့ အတူတူနေလို့ရပါတယ်. မင်းကို ပြဿနာလာရှုပ်တဲ့ ဘယ်သူကိုမဆို ကိုယ်နဲ့ရင်ဆိုင်ရလိမ့်မယ်!"


ဒီလိုနဲ့ပဲ လင်ရှန်းတစ်ယောက် ဓားစာခံတစ်ယောက်အဖြစ်ကနေပြီးတော့ ပထမဦးဆုံးသော မိန်းမတောင်ပေါ်ဓားပြတစ်ယောက်ဘဝသို့ ရောက်ရှိသွားပါတော့တယ်. ဘယ်လောက်တောင်မှ ကွဲပြားလိုက်တဲ့ ပြောင်းလဲမှုကြီးတစ်ခုပေလဲ။


*********


End...