Chapter 35
Viewers 11k

အပိုင်း(၃၅)



တောင်ပေါ်ဓားပြတွေ၏ ဆူညံပွက်လောရိုက်မှုအကြီး​ကြီးတစ်ခုကို ပြုလုပ်လိုက်ခဲ့ကတည်းက ကျားသစ်နက်ဂိုဏ်းတွင်ရှိကြသော ယောကျ်ားထုကြီးအားလုံးပင်


သူတို့၏ဂိုဏ်းစခန်းထဲမှာ အမျိုးသမီးတစ်ယောက်ရှိလာပြီဆိုတာကို ချက်ချင်းသိလိုက်ရတော့သည်. ချက်ချင်းလက်ငင်းပင် ဂိုဏ်းသားတွေက သူတို့ဘဝထဲတွင် ပြန်လည်စိုပြေမှုရှိလာသလိုမျိုး ထင်လိုက်ကြတော့လေတယ်. မကြာသေးမီလေးအချိန်ကာလတွင်ပင် သူတို့တွေက တော်ဝင်နန်းတော်မှအကြောက်တရားတွေနှင့် ရစ်ပတ်လွှမ်းခြုံနေခဲ့ကြတာပါ. အခုတော့ ယောကျ်ားသားတွေအားလုံးပဲ ပြန်လည်အားပြည့်​ြဖိုးလို့လာပြီးတော့ စိတ်လှုပ်ရှားလို့နေကြပါတယ်. သူတို့အချင်းချင်းလည်း ဆွေးနွေးတိုင်ပင်လို့နေကြပါတယ်. သူတို့က မိန်းကလေးတစ်ယောက်က ဘယ်လိုပုံစံမျိုးရှိတယ်ဆိုတာကို မြင်ဖူးချင်နေကြတာဖြစ်သည်။


ဒါပေမယ့် လင်ရှန်းနှင့်လာရှုပ်ရဲတဲ့ ဘယ်သူ့ကိုမဆို သူက အရေခွံကွာကျအောင် ဆုတ်ဖြဲလိမ့်မယ်ဆိုပြီးတော့ ဟယ်လောင်စန်းက သူ့ရဲ့ရပ်တည်ချက်ကို ဖော်ပြလိုက်ပြီးသွားခဲ့ပါပြီ. ထို့ကြောင့် ကျန်ရှိနေသောတောင်ပေါ်ဓားပြတွေက တဲအတွင်းထဲကိုဝင်လာဖို့ပင် စိုးထိတ်လို့နေကြပါတယ်. ချောင်းကြည့်ဖို့ရန်အတွက် သူတို့ရဲ့လည်ပင်းတွေကို ဆန့်ထုတ်လို့ နေကြပြီး ခပ်လှမ်းလှမ်းကနေပြီး ကြည့်ရှုနေကြပါတယ်။


အချိန်အနည်းငယ်ကြာသွားပြီးတဲ့နောက်တွင်တော့ ဟယ်လောင်စန်းက ကွဲပြားခြားနားတဲ့ဝတ်စုံပြည့်ကို ဝတ်စားဆင်ယင်လို့ ပေါ်ထွက်လို့လာပါတယ်. နားရွက်ကိုတက်ချိတ်လောက်တဲ့အထိ အားပါးတရပြုံးရွှင်နေပြီးတော့ သူ့လက်ထဲမှာလဲ ယပ်တောင်တစ်ချောင်းကို တဖျတ်ဖျတ်ယပ်နေလိုက်ကာ ချိုးလိုက်ဖျန့်လိုက်လုပ်လို့နေပါတယ်။


တောင်ပေါ်ဓားပြအားလုံးက ဝိုင်းအုံကြည့်လိုက်ကြပြီး သူတို့အချင်းအချင်း ဝေဖန်ဆန်းစစ်လို့နေကြပါတယ်။


"ဒုခေါင်းဆောင်တစ်ယောက် ဘာဖြစ်သွားတာလဲ။ သူ က ပန်းပွင့်နေသလိုလဲ ပြုံးရွှင်နေတာလား!?!"


"ကြည့်စမ်း! အကိုကြီးက ယပ်တောင်တစ်ချောင်းကို ကိုင်ထားတယ် ပြီးတော့ အဲဒီအပေါ်မှာလဲ စာတွေရေးသားထားတာပဲ!"


"အဲဒါ က ဘာကို ပြောထားလို့လဲ"


"အောင်မြင်ကျော်ကြားခြင်းနှင့် ရည်မွန်ခြင်းတဲ့...."


"မဟုတ်သေးဘူး. ယဉ်ကျေးသိမ်မွေ့ခြင်းနှင့် ယုံကြည်ရခြင်းလို့ရေးထားတာပါ!"


"မင်းတို့နှစ်ယောက်စလုံး မှားတယ်ကွ. အဲဒါက ခန့်ညားခြင်းနှင့် လွတ်လပ်ခြင်းပဲ ဖြစ်ရမယ်!"


"ဒုခေါင်းဆောင်အကိုကြီး၊ အကိုကြီးယပ်တောင်ပေါ်က ဘာပြောထားတာလဲ" တစ်ယောက်က လှမ်းမေးလိုက်လေတယ်။


ဟယ်လောင်စန်းက သူတို့ကို ပြန်စိုက်ကြည့်လိုက်ပြီးတော့- "ငါ လဲ ဘယ်လိုလုပ် သိပါ့မလဲကွ? ငါ က စာအုပ်ထဲကနေ ကူးရေးထားရုံသက်သက်ပဲ၊ အဲဒါက မှားမှာ မဟုတ်ဘူး!" 


"ဒုခေါင်းဆောင်၊ အဲဒီမိန်းကလေးက တကယ်ပဲ မိန်းကလေးတစ်ယောက်ပဲလား"


"ပေါက်တတ်ကရတွေ!" ဟယ်လောင်စန်းက မာန်မဲလိုက်တယ်။


"သူက လှလားဟင်"


ဟယ်လောင်စန်းတစ်ယောက် မျက်နှာနီမြန်းသွားပြီးတော့-


" လှတယ်! နတ်ဘုရားမတစ်ပါးထက်တောင် ပိုလှသေးတယ်!"


"ဒုခေါင်းဆောင်၊ လှပချောမောတဲ့နတ်ဘုရားမလေးကို ဇနီးအဖြစ်ရအောင်လို့ ကျွန်တော်တို့ဖို့ ကြိုးစားပေးရမယ်နော်!" လူတိုင်းလူတိုင်းက မြှောက်ထိုးပင့်ကော်ပြောလိုက်ကြသည်။


ဟယ်လောင်စန်း၏မျက်နှာက


ပိုလို့ပိုလို့ပင် နီရဲလို့သွားတော့သည်. သူက သူ့ရဲယပ်တောင်ဖြင့် သူ့ကိုယ်သူ တဖျပ်ဖျပ်ပြန်ခတ်လိုက်ပြီးတော့ စိတ်လှုပ်မရှားတဲ့ပုံစံပေါက်အောင် ဟန်ဆောင်ပန်ဆောင်လုပ်လိုက်ပြီးတော့- "ပြဿနာတစ်ခုမဟုတ်ဘူး... ပြဿနာတစ်ခုမဟုတ်ဘူး...."


အဲဒီအချိန်အခိုက်အတန့်တွင် လင်ရှန်းက လှေခါးထစ်ပေါ်ကနေပြီး ဆင်းသက်လာပါတယ်. သူမ က မိန်းကလေးဝတ်စုံကို ပြောင်းလဲလို့ ဝတ်ဆင်ခဲ့သည်. ဒီလိုဝတ်ဆင်တာက ဒီကမ္ဘာပေါ်ကို သူမ ရောက်ရှိလာကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် မိန်းကလေးတစ်ယောက်လို ဝတ်ဆင်ခဲ့တာပဲ ဖြစ်လေတယ်. သူမ က မိန်းကလေးဝတ်စုံကို ဝတ်ဆင်နေကျမရှိခဲ့ပါဘူး. ယောက်ျားရင့်မာကြီးတစ်စုက သူမကို မျက်တောင်ပင်မခတ်ဘဲ ငေးကြည့်နေကြတာကို သတိထားမိလိုက်သွားတဲ့အခါမှာတော့ သူမ က သူမ၏ဂါဝန်စကိုသူမ ပြန်တက်နင်းမိမှာကိုပင် စိုးရိမ်လို့သွားတော့တယ်. သူတို့တွေက နှစ်ပေါင်းများစွာ ငတ်မွတ်နေကြသလိုမျိုး သူမကို ငမ်းငမ်းတက် ကြည့်ရှုနေကြပါတယ်. လင်ရှန်းတစ်ယောက် ကြက်သီးမွေးညင်းတွေတောင် တဖျန်းဖျန်းထသွားတော့သည်။


ဟယ်လောင်စန်းက လင်ရှန်းတစ်ယောက် ချောမောလှပတာတော့ သိခဲ့ပြီးသားဖြစ်ပေမယ့် ဗိုင်းခနဲလဲကျပြီး သေစေနိုင်လောက်တဲ့အထိ အလွန်ချောမောလှပလိမ့်မယ်လို့ သူ မျှော်လင့်လို့မထားခဲ့ပါဘူး! လင်ရှန်းတစ်ယောက် မိန်းခလေးဝတ်စုံကို ပြောင်းဝတ်လိုက်ပြီးတဲ့နောက်မှာတော့ သူမက ပိုလို့တောင် ညို့ဓာတ်ပြင်းစွာဖြင့်ဆွဲဆောင်မှုရှိတဲ့ ပုံစံပေါက်လာခဲ့တယ်. ဟယ်လောင်စန်းတစ်ယောက် သူ့နှလုံးသားလေးက အပြင်ဘက်ကို ပေါ်က်ထွက်သွားတော့မလိုတောင်ဖြစ်သွားရသည်။


သူက အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်ပြီးတော့ သူ့ရဲ့ယပ်တောင်ကို တဖျတ်ဖျတ်ခပ်ကာ လင်ရှန်းဆီသို့ လျှောက်လှမ်းသွားလိုက်ပါတယ်။


"အချစ်လေး၊ အဝတ်အစားတွေက ဝတ်လို့တော်ရောတော်ရဲ့လား"


လင်ရှန်းက ခေါင်းငြိမ့်လိုက်ပြီးတော့- " အဝတ်စားတွေက အနေတော်ပါပဲ၊ ကျေးဇူးပါပဲ..အစ်ကိုသုံး"


အိုး..ဗုဒ္ဓဘုရားရှင်! အရမ်းလှလွန်းတဲ့ ကလေးလေးက ငါ့ကို အကိုသုံးလို့ ခေါ်လိုက်တာလား! ဟယ်လောင်စန်းရဲ့မျက်နှာက ရဲရဲတောက်နီမြန်းသွားပြီးတော့- "အချစ်လေး၊ မင်း အစ်ကိုသုံး မှာ တစ်ခုခုခြားနားသွားတယ်ဆိုတာ သတိထားမိတယ်မဟုတ်လား"


လင်ရှန်း က ဘယ်တစ်လှည့် ညာတစ်လှည့် ၊ အထက်ကိုကြည့်လိုက် အောက်ကိုကြည့်လိုက်နဲ့ အပြန်ပြန်အလှန်လှန်ကြည့်ရှုလိုက်ပြီးတော့ သူမရဲ့ခေါင်းကို ခါရမ်းလိုက်တယ်။


"ထပ်ကြည့်လိုက်ပါဦးလား!" ဟယ်လောင်စန်း စိတ်သောကရောက်လို့သွားပါတယ်. သူ့မှာတော့ ရည်ရွယ်ချက်ရှိရှိနဲ့ သူ့မျက်နှာကိုတိုက်ချွတ်ဆေးကြောလိုက်ရတာ. သူ့ဆံပင်တွေကို သေချာဖီးသင်ထားသေးတယ်. သူ့ရဲ့အင်္ကျီကိုလည်း လဲဖယ်ထားသေးတယ်. ပြီးတော့ ဟိုးသေတ္တာအောက်ဆုံးနားက ယပ်တောင်တစ်ချောင်းကို ဆွဲထုတ်ပြီး ကိုင်ထားလိုက်သေးတာကိုပဲ. သူက အဲဒီယပ်တောင်ပေါ်မှာလဲ စာသားတစ်ချို့တောင် ကူးပြီးရေးထားလိုက်ပါသေးတာပဲ.


လင်ရှန်းက နောက်ထပ်တစ်ခါ အပြန်ပြန်စိုက်ကြည့်လိုက်ပေမယ့်လည်း ဘာသဲလွန်စမှ မရသေးပါဘူး. ပြီးနောက် သူမက ဟယ်လောင်စန်း တဖျပ်ဖျပ်ခတ်နေတဲ့ ယပ်တောင်ကို ကြည့်မိလိုက်ပြီးတော့ ရုတ်တရက် တစ်ခုခုကိုသဘောပေါက်လိုက်သလိုဖြစ်သွားခဲ့ကာ- "အိုး! ညီမ သိပြီ!! စုတ်ချက်ဆွဲထားတဲ့အထဲမှာ တရုတ်စာလုံးတစ်လုံးက လွဲနေတာပဲ! ပြီးတော့ ဒီယပ်တောင်ကို အကို ဘယ်နေရာက ဝယ်ခဲ့တာလဲ? ဆိုးလိုက်တဲ့ လက်ရေးလက်သား. ပြီးတော့ စာသားတွေကလဲ နောက်ပြန်ကြီးရေးထားတာပဲ! ရှင် တော့ အလိမ်ခံရလိုက်ပြီ!"(အမှန်တော့ စာသားတွေကရှေးစာသားမို့ နောက်ပြန်ရေးရတာကို လင်ရှန်းကမသိဘဲမှားရေးတယ်လို့ ထင်တာပါတဲ့ရှင်)


ဟယ်လောင်စန်းရဲ့ မျက်နှာအမူအရာက မာမာတောင့်တောင့်ကြီးသို့ပြောင်းသွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီးတော့ပြုံးလိုက်ကာ-


"အချစ်လေး၊ တော်တော်ကောင်းတဲ့မျက်လုံးပဲ...တော်တော်ကောင်းတဲ့မျက်လုံးပဲ....."


ဟယ်လောင်စန်းရဲ့နောက်တွင်ရှိနေသော ဂိုဏ်းသားညီအကိုတော်တွေအားလုံး၏ အော်ဟစ်ရယ်မောလိုက်သံတွေက တသောသောညံသွားကြလေတယ်.


ဒီအဖြစ်အပျက်ပြီးသွားတဲ့နောက်မှာတော့ ဟယ်လောင်စန်းကို တစ်ယောက်ယောက်က မြင်လိုက်တဲ့အခါတိုင်းပဲ သူတို့တွေက "အစ်ကိုသုံး ဒီနေ့ အကို့ ရဲ့ယပ်တောင်ကိုလဲ မယူလာခဲ့ပါလားဗျ?" ပြောဆိုပြီးနောက်ပြောင်ကြပါတော့တယ်။


'အောင်မြင်တဲ့ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ မိန်းမတစ်ယောက်ရှိတယ်လို့ ပြောကြသည်.' ဒါပေမယ့် အမှန်တကယ်ကတော့ အောင်မြင်တဲ့တောင်ပေါ်ဓားပြဂိုဏ်းတစ်ခုနောက်ကွယ်မှာတော့ မိန်းကလေးတစ်ယောက်ကလည်း လိုအပ်ခဲ့တယ်. အထူးသဖြင့် ကြည့်ရှုလိုက်ရင် အလွန်ကိုလှပချောမောတဲ့ မိန်းကလေးတစ်ယောက်ပေါ့။


လင်ရှန်း တစ်ယောက် ကျားသစ်နက်ဂိုဏ်းနှင့် ပူးပေါင်းလိုက်ကတည်းက အမျိုးသားထုကြီး၏စိတ်ဝိညာဉ်တွေက လုံးဝကို ခြားနားပြောင်းလဲလို့သွားခဲ့ပါပြီ! အဲဒါကို မဖြစ်နိုင်လောက်ဘူးလို့ ထင်လို့လား ? အဆုံးသတ်မှာတော့ တောပုန်းဓားပြအများစုက သူတို့ရဲ့ဘဝမှာ အခြားရွေးချယ်စရာမရှိဘဲ တောပုန်းဓားပြတွေ ဖြစ်လာခဲ့တာကြောင့်ပဲ ဖြစ်သည်။


စဉ်းစားကြည့်ပါ. ယောက်ျားအုပ်စုတစ်စုက တောင်ပေါ်မှာပဲ အတူတကွပူးပေါင်းမိကြပြီး သူတို့ထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမျှ အစားအသောက်နှင့်အခြားအရာတွေပေါ်ကို မှီခို့အားထားခြင်းမရှိကြပါဘူး. သူတို့အပေါ်တွင် အထင်ကြီးလေးစားကြမယ့်သူကလဲ တစ်ယောက်မှ မရှိပါဘူး. တစ်ချို့အချိန်များတွင် သူတို့ကစိတ်ရှုပ်ခံပြီးတော့ အင်္ကျီအဝတ်အစားတွေကိုတောင် ဝတ်ဆင်ဖို့ အလေ့အထပင် မရှိကြတာပဲဖြစ်သည်။


ဒါပေမယ့် အခုတော့ ဒါတွေက လုံးဝကိုပြောင်းလဲလို့သွားပါပြီ. တောင်ပေါ်မှာ မိန်းကလေးတစ်ယောက်ရှိနေပြီပဲ. ဒါတင်မကသေးပါဘူး အဲဒီမိန်းကလေးက အသက်ရှုမှားလောက်စေတဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်နေသေးတယ်လေ! သူတို့တွေ အရင်တုန်းကနေထိုင်ခဲ့သလိုမျိုး ဘယ်လိုလုပ်ပြီးတော့ နေလို့ဖြစ်နိုင်မှာတဲ့လဲ? ဘာကြီးပဲဖြစ်နေဖြစ်နေ. သူတို့တွေက သန့်သန့်ရှင်းရှင်းနဲ့ကြည့်ကောင်းအောင်လို့ အားထုတ်မှုအနည်းငယ်လေးတော့ လုပ်ရမှာပဲ ဖြစ်လေတယ်!


ထိုအကြောင်းအရင်းကြောင့်ပင် ယောကျ်ားထုကြီးအားလုံးက ကြိုးစားပမ်းစားနဲ့ လုပ်ဆောင်နေကြပါတယ်. သူတို့က သူတို့ရဲ့အဝတ်အစားတွေကို လျှော်ဖွတ်ပြီးတော့ သူတို့ရဲ့အခန်းတွေကို ရှင်းလင်းသိမ်းဆည်းကာ သန့်ရှင်းနေကြတော့သည်. ရက်အနည်းငယ်လေးအတွင်းမှာဘဲ စခန်းကြီးတစ်ခုလုံးက အသစ်တစ်ခုလို ပြောင်းလဲလို့ သွားပါတော့တယ်. ရုန့်ရင်းကြမ်းတမ်းပါသည်ဆိုသော ဂိုဏ်းဝင်တွေတောင်မှ အနေအထိုင်အပြုအမူပြောဆိုပုံတွေက ယဉ်ကျေးသိမ်မွေ့လာကြပါတယ်။


ဝမ်ဟိန်ဟူက ပြောင်းလဲတိုးတက်မှုကြောင့် အလွန့်အလွန်ကို စိတ်ထိခိုက်ခံစားသွားရပါတယ်. သူ က မျက်ရည်ကျလုနီးပါးတောင်ဖြစ်သွားခဲ့ပြီး လင်ရှန်းကို ကြည့်ပြီးတော့- "မိန်းကလေး၊ မင်းသာ နှစ်တော်တော်လေးသာ စောပြီးရောက်လာခဲ့မယ်ဆိုရင် ဘယ်လောက်တောင်မှ ပြောင်းလဲသွားအောင် လုပ်လိမ့်မလဲ"


အမှန်တကယ်ကတော့ လင်ရှန်းရောက်ရှိလာခြင်းက ဂိုဏ်း၏စိတ်ဝိညာဉ်ကိုပြောင်းလဲလိုက်ရုံသာမက သူတို့ရဲ့စားသောက်မှုပုံစံကိုလည်း ကြီးမားတဲ့တိုးတက်မှုကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။


ဒီနေရာကို လင်ရှန်း ရောက်ခါစတုန်းက အစားအသောက်တွေက လူသားတွေအတွက်ကိုက်ညီမှုမရှိမှန်း သူမ ရှာဖွေတွေ့ရှိထားခဲ့ပါတယ်. အမျိုးသားတွေက စားသောက်ဖို့ရန်အတွက် ရံဖန်ရံခါဆိုသလို တောဝက်ရိုင်း ဒါမှမဟုတ် ရစ်ငှက်တွေကို အမဲလိုက်လေ့ရှိကြသည်. ဒါပေမယ့် ဟင်းလျာတွေကိုတော့ မကျက်တကျက်ပဲ ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်. အဲဒါကို လူတွေ ဘယ်လိုလုပ်ပြီး စားလို့ရမှာတဲ့လဲ။


ထို့ကြောင့်ပင် ဆာလောင်နေတဲ့သူတစ်ယောက်မှမရှိတဲ့ညဘက်တွင် လင်ရှန်းက သူမကိုယ်တိုင်ပဲ သူမရဲ့ကိုယ်ပိုင်ဟင်းချက်နည်းဖြစ်တဲ့ ဟွာဂျီလို့လူသိများတဲ့ ကြက်သားဟင်းချက်နည်းဖြင့် ချက်ပြုတ်စားသောက်ရန် ဆုံးဖြတ်ချက်ချခဲ့တယ်။


အစတုန်းကတော့ သူမရဲ့ကိုယ်ပိုင်အစာအိမ်လေးကို ဖြည့်ဆည်းပေးဖို့အတွက် သူမက ချက်ဖို့အစီစဉ်ဆွဲခဲ့ပါတယ်. ဒါပေမယ့် သူမရဲ့ကြက်သားဟင်းလျာမွှေးရနံ့က သူမ ဆူပွက်အောင်ချက်ပြုတ်နေတဲ့ တစ်ချိန်တည်းမှာပဲ ဂိုဏ်းတစ်ခုလုံးကို နှိုးသလိုဖြစ်စေလိုက်ပါတယ်. ခြေထောက်တိုတိုလေးတွေရှိ​ေနသောဖျံလေးရဲ့ မျက်လုံးတွေလိုမျိုးဖြင့် ဖျံတစ်အုပ်ကြီးက သူမကို ဝန်းရံထားခြင်းခံလိုက်ရပါတယ်. လင်ရှန်းတစ်ယောက် လန့်ဖြန့်သွားပြီးတော့ မေးလိုက်လေတယ်- " ရှင်တို့​ေရာစားကြဦးမလား"


သူမ စကားပြောလို့တောင် မဆုံးသေးပါဘူး. သူမရဲ့ကြက်သားဟင်းက ပြောင်သလင်းခါသွားပါပြီ. ကိုယ်အပေါ်ပိုင်းကို တစ်ဝက်လှစ်ဟထားကြသော ယောက်ျားသားကြီးတွေက ကြက်သားဟင်းလျာတစ်ခွက်အတွက် တိုက်ခိုက်နေကြတာကို သူမ ကြည့်နေခဲ့ရပါတယ်. လူတစ်ယောက်က ပြောလိုက်လေတယ်-


" အမေရေ! ဒီဟင်းက အရမ်းကောင်းတာပဲ!" "မားမား..ဒီသားတစ်ယောက် အိမ်မက်မက်နေတယ်ဗျို့!!"......


ကြည့်ရှုနေတဲ့လင်ရှန်းတစ်ယောက် ချွေးတွေအပြိုက်ပြိုက်စီးကျလာပါတော့တယ်. " ဒါက ကြက်သားဟင်းလေး တစ်ခွက်ပါပဲ, ကိုယ့်လူတွေရယ်......'


အဲဒီနောက်မှာတော့ လင်ရှန်းက ဂိုဏ်းတစ်ခုလုံးရဲ့အစားအသောက်အတွက် တာဝန်ယူလိုက်ရပါတော့တယ်. သူမက အစားအသောက်တွေအတွက် တာဝန်ယူထားပေမယ့်လည်း သူမ လုပ်ရတာအားလုံးက ချက်ပေးရုံပါပဲ. အခြားတာဝန်အားလုံးဖြစ်တဲ့ ထင်းခွဲခြင်း၊ မီးမွှေးခြင်း၊ ပန်းကန်ဆေးခြင်း အစရှိတာတွေကိုတော့ ဟယ်လောင်စန်းက တစ်ခြားလူတွေကို လုပ်ကိုင်စေဖို့ စီမံပေးထားခဲ့ပါတယ်. သူမ က သေချာပေါက်အထူးအခွင့်အရေး ရရှိထားခဲ့တာပဲ ဖြစ်လေတယ်။


ရက်အနည်းငယ်ကြာပြီးသွားတဲ့နောက်မှာတော့ လင်ရှန်းက အမျိုးသမီး ကြင်ယာတော်မင်းသားဆိုတဲ့ သူမရဲ့ရာထူးနေရာကို ဆုံးရှုံးသွားခဲ့သော်လည်း အတော်လေးစိတ်ကျေနပ်ဖွယ်ရာကောင်းတဲ့ အမျိုးသမီးတောင်ပေါ်ဓားပြတစ်ယောက်အဖြစ်သို့ နိဂုံးချုပ်လို့ သွားပါတော့တယ်။


ဒါပေမယ့် သူမရဲ့ရာထူးသစ်မှာ သိပ်ရှည်ရှည်မနေလိုက်ရပါဘူး. မကြာခင်မှာပင် သူမ အလွန်စိတ်ညစ်ညူးလို့လာပါတော့တယ်။


ပြဿနာကတော့ ဟယ်လောင်စန်းပင်ဖြစ်ပေသည်. နှစ်ပေါင်းရှစ်ရာကျော်ကို ဖြတ်သန်းပြီးရောက်ရှိလာတဲ့ မိန်းကလေးတစ်ယောက်အပေါ်မှာ ကြွေကျလိမ့်မယ်မဟုတ်လောက်ပါဘူးလို့ လင်ရှန်း ရိုးရိုးလေးယုံကြည့်ထားခဲ့ပါတယ်. သူက ပုံမှန်ထက်ကိုပင်ပိုလွန်ကဲပြီးတော့ သူမအပေါ်ကို စိတ်ဝင်စားနေခဲ့ပါတယ်. ပြီးတော့လဲ သူမအပေါ်တွင်ထားရှိသော သူ့ရဲ့ကြင်နာယုယမှုတွေကိုလည်း အချိန်တိုင်းနေရာတိုင်းလိုလိုပင် ထုတ်ဖော်လို့ပြနေပါတယ်။


အဓိကအချက်ကတော့ ဂိုဏ်းသားညီအကိုတော်တွေအားလုံးကလည်း ဟယ်လောင်စန်းက လင်ရှန်းကို စိတ်ဝင်စားပိုးပန်းနေတာကို သိရှိကြပါတယ်. ပြီးတော့ သူတို့က သူမကို 'မရီး'လို့ ခေါ်ဆိုပြီးတော့ သူ့ကို အားဖြည့်ထောက်ခံခဲ့ကြပါတယ်. အဲဒါက လင်ရှန်းကို ဖိအားတွေအများကြီးဖြစ်စေပြီးတော့ သူမ ကို ဝမ်းချုပ်သလိုတောင် ဗိုက်တွေတောင်အောင့်လာစေပါတယ်။


ဟယ်‌လောင်စန်းက သူ့မျက်နှာကို တိုက်ချွတ်သန့်ရှင်းပြီးတဲ့နောက်မှာတော့ ကြည့်ပျော်ရှုပျော်ရှိပေမယ့်လည်း သူက လင်ရှန်းရဲ့လက်ဖက်ရည်ခွက်မဟုတ်တာတော့ အသေအချာပါပဲ. လင်ရှန်းက အချစ်နဲ့ပတ်သတ်လာရင် အရမ်းဇီဇာကြောင်လေ့ရှိသူတစ်ယောက်တော့ မဟုတ်ပါဘူး. ဒါပေမယ့် သူမ အဲဒီလူအပေါ်မှာ ခံစားချက်မရှိဘူးဆိုရင် သူမရဲ့ကျန်ရှိတဲ့ တစ်ဘဝလုံးကို ဘယ်လိုလုပ်ပြီးတော့ အဲဒီလိုလူမျိုးနဲ့ အတူနေသွားနိုင်ပါ့မလဲ?


ထို့ကြောင့်ပင် လင်ရှန်းတစ်ယောက် စိတ်အရမ်းညစ်လာပြီးတော့ ဂိုဏ်းထဲကနေထွက်သွားရန် အခွင့်ကောင်းတစ်ခုကိုရှာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။


အခွင့်အရေးက လဝက်ခန့်ကြာပြီးတဲ့နောက်မှာ ပေါ်ပေါက်လာခဲ့ပါတယ်. တော်ဝင်နန်းတွင်းက ရက်စက်ကြမ်းကြုတ်စွာဖြင့် ဂိုဏ်းအပေါ်မှာ အပူတပြင်းတွန်းအားပေးလာခဲ့ကတည်းက ကျားသစ်နက်ဂိုဏ်းကလည်း အခုလိုအချိန်အကြာကြီးထိ သူတို့ရဲ့စခန်းနေရာကနေပြီး လုယက်ဖို့ မထွက်ခွာခဲ့ကြပါဘူး. အဲဒါက စတင်ပြီးတော့ ပြဿနာတစ်ခုဖြစ်လာခဲ့ပါပြီ. ဘာလို့ဆို ဂိုဏ်းတွင်းထဲမှာထမင်းကျွေးထားရမယ့် ပါးစပ်ပေါက်တွေ အများကြီးရှိနေခဲ့လို့ပဲ ဖြစ်လေတယ်။


ထိုအချိန်အခိုက်အတန့်မှာပဲ လရဲ့ ၅ရက်မြောက်နေ့မှာ မြို့တော်၏အချမ်းသာဆုံးလူတစ်ယောက်က တန်ဖိုးကြီးမားလှစွာသော ကုန်ပစ္စည်းတွေမြောက်များစွာဖြင့်် မြို့တော်ထဲသို့ သယ်ယူပို့ဆောင်ရန် လာရောက်မည့်အကြောင်း သတင်းစကားတွေက ပြန့်လို့လာခဲ့ပါတယ်. ထပ်ပြီးတော့လည်း သူတို့တွေက နဂါးနက်တောင်ကနေ ဖြတ်သန်းသွားလိမ့်မယ်ဆိုတာပါပဲ။


ဂိုဏ်းတစ်ခုလုံးပင် စိတ်အားတက်ကြွမှုတွေက တလိပ်လိပ်ထိုးတက်လာခဲ့ပါတယ်. သူတို့တွေက တော်ဝင်စစ်တပ်ရဲ့အချိန်ကြာမြင့်စွာ ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံလာရခဲ့တာပါ. ဝမ်ဟိန်ဟူ က ငြိမ်သက်စွာဖြင့် ထိုင်နေခဲ့တယ်. အကယ်၍ သူတို့လုယက်သည်ဖြစ်စေ မလုယက်သည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် သေကြရတော့မယ်ဆိုရင်တော့ သူတို့က အဲဒီအတွက်သွားကိုသွားရပါလိမ့်မှာပဲဖြစ်သည်။


ထိုညတွင် ဝမ်ဟိန်ဟူက ရှိသမျှလူအားလုံးကို စုရုံးကာ ကုန်ပစ္စည်းတွေကို ဘယ်လိုမျိုး လုယက်မယ်ဆိုတာကို အစီစဉ်ဆွဲလို့နေခဲ့သည်။


လင်ရှန်းက အခုဆိုဂိုဏ်းသားတစ်ယောက်ဖြစ်လာခဲ့ကတည်းက သူမလည်းတိုင်ပင်စည်းဝေးပွဲထဲမှာ ရှိနေခဲ့ပါတယ်. သူမက နားထောင်နေခဲ့ပြီးတော့ ဂိုဏ်းသားတွေက ပစ္စည်းလုယက်တာတွေနဲ့ အလုပ်ရှုတ်နေမည့်အချိန်က သူမအတွက် ထွက်ပြေးလွတ်မြောက်ဖို့ ပြီးပြည့်စုံတဲ့အခွင့်အရေးတစ်ခုပဲလို့ သူမ သဘောပေါက်လိုက်တယ်. ဒါ့ကြောင့်ပဲ သူမစိတ်ထဲတွင် အကွက်ချကြံစည်လို့နေခဲ့ပါတယ်.....


***********


End.....