Chapter 36
Viewers 11k

အပိုင်း(၃၆)



လ၏ငါးရက်မြောက်နေ့တွင် ဂိုဏ်းသားညီ​နောင်တွေအားလုံးက တိုက်ပွဲဝင်ရန် အပြည့်အဝအဆင်သင့်ဖြစ်လို့နေကြပါပြီ. ဝမ်ဟိန်ဟူနှင့်ဟယ်လောင်စန်းက သူတို့တွေကို ခေါင်းဆောင်ကာ ချီတက်ကြတော့မှာပါ။


သို့သော်လည်း တောင်အောက်ကိုမဆင်းခင်တွင် ဟယ်လောင်စန်းက လင်ရှန်းကို သူတို့နှင့်အတူပါဝင်ပြီးတော့ လိုက်ပါစေခြင်းမပြုခဲ့ပါဘူး. သူက သူမရဲ့လက်ကိုဆွဲထားလိုက်ပြီးတော့ အတူထွက်ခွာခွင့်မပြုခဲ့ပါဘူး. သူက စိတ်ထိခိုက်စွာဖြင့် "အချစ်လေး. ကိုယ့်ကို စိတ်မပူပါနဲ့. ကိုယ့်ဆီမှာ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး! ကိုယ် ပြန်ရောက်တာကိုပဲ စောင့်နေပေးပါ!!"


လင်ရှန်းရဲ့မျက်နှာက ရှုံ့မဲ့လို့သွားပါတယ်. 'ဘယ်သူက ရှင့်ကို စိတ်ပူနေတယ် ပြောလို့လဲ။ ကျွန်မက ကျွန်မ ထွက်ပြေးနိုင်မလား၊ မနိုင်မှာလားကို စိတ်ပူနေတာပါနော်. ဟုတ်ပြီလား'


ဟယ်လောင်စန်းနှင့်သူ့၏အဖွဲ့သားတွေ ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ လင်ရှန်းက သူမရဲ့အခန်းကိုပြန်သွားပြီးတော့ သူမပစ္စည်းတွေကို သွားပြီးထုတ်ပိုးလိုက်သည်. သူမ ပြန်ပေးဆွဲခံလာရကတည်းက သူမမှာ ဝန်စည်စလွယ်များများစားစားမရှိပါဘူး. သူမမှာရှိတာအားလုံးက တုဟောင်ရဲ့ဝတ်ရုံနှင့် သူ့ရဲ့ရွှေရောင်နဂါးရုပ်ပုံ ပန်းထိုးထားသောဖဲခါးပတ်ကြိုးပင် ဖြစ်တော့သည်။


'ဒီခါးပတ်က ကြက်တစ်ကောင်ပုံဖြစ်ဖြစ် ငန်းရုပ်ပုံပဲ ဖြစ်ဖြစ်ဘာလို့ထိုးမထားနိုင်ရတာလဲ။ ဘာလို့ နဂါးပုံလာဖြစ်နေရတာလဲ။ အဲဒါကို ငါ ရောင်းစားလို့တောင်မရတော့ဘူး. ဘာဖြစ်လို့လဲဆိုတော့ ငါ ရောင်းလဲ ဘယ်သူကမှ ဝယ်လဲဝယ်ရဲမှာလည်းမဟုတ်ဘူး! လင်ရှန်းတစ်ယောက် မြေကြီးပေါ်ကို လွှင့်ပစ် ချလိုက်ကာ ခါးပတ်ပေါ်ကို တံတွေးနဲ့ထွေးချလိုက်သည်. သူမ က ခါးပတ်ပေါ်ကို နှစ်ချက်တောင်ဆောင့်ပြီး ဖနောက်ဖြင့်ပေါက်ချလိုက်သည်. သူမက "အိမ်ရှေ့မင်းသားလား.အာ့။ ရှင် က ကျွန်မအပေါ်ကို နောက်တစ်ခါ အမြတ်ထုတ်သွားခဲ့တာပဲ!" အော်ဟစ်ပြောဆိုလိုက်ပါတယ်။


သူမ က ဟယ်လောင်စန်း သူမကို ပေးထားတဲ့ မိန်းကလေးဝတ်စုံအနည်းငယ်ကို စုစည်းလိုက်ပြီးတော့ အိတ်တစ်လုံးထဲသို့ ထည့်ထုတ်ပိုး၍ ထွက်လာခဲ့လိုက်ပါတယ်။


သန်မာတဲ့ယောက်ျားသားတွေအားလုံးက လုယက်ဖို့ တောင်အောက်ကို ဆင်းသွားလိုက်ခဲ့ကတည်းက ကျန်နေတဲ့ဂိုဏ်းသားအားလုံးက အိုမင်းပြီးတော့ ဖျားနာနေတဲ့ လူတစ်ချို့တစ်လေ ဖြစ်သည်. ထို့ကြောင့် လင်ရှန်းအတွက်ကတော့ သူတို့ကို မတွေ့အောင်ရှောင်ပြီး အနောက်တံခါးကနေ ထွက်သွားဖို့က လွယ်လွယ်လေးပင်ဖြစ်ပေသည်။


လမ်းတစ်လျောက်လုံးကတော့ နဂါးနက်တောင်ပေါ်က သာယာလှပတဲ့နွေဦးနေ့ရက်လေးပင်ဖြစ်ပေသည်. ရှုခင်းလေးကတော့ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းပြီးတော့ ဒါကတော့ လင်ရှန်းတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးဝတ်ရုံကို ဝတ်ဆင်ပြီးတော့ လွတ်လွတ်လပ်လပ်ဖြင့် အပြင်ဘက်လောကကြီးကို ထွက်လည်ခွင့်ရတာပဲ ဖြစ်လေတယ်. သူမ ဆီမှာ ခြူးတစ်ပြားမှမရှိပြီးတော့ သူမရဲ့ အနာဂတ်က မသေချာမရေရာ ဖြစ်နေပေမယ့်လည်း သူမကတော့ အလွန်အကောင်းမြင်တဲ့စိတ်နဲ့ပဲ စိတ်ရွှင်လန်းတက်ကြွကြွ ရှိနေတုန်းပါပဲ။


သူမ က သီချင်းတညည်းညည်းနဲ့ပင် တောင်အောက်ကို လမ်းလျောက်ပြီးတော့ ဆင်းသွားလိုက်ခဲ့ပါတယ်. သူမ တောင်ခြေကိုရောက်တဲ့အခါမှာတော့ သူမက နောက်ပြန်လှည့်ပြီးတော့ သူမ ဆင်းလာတဲ့လမ်းကို ပြန်ကြည့်လိုက်သည်. သူမစိတ်ထဲမှာတော့ တီးတိုးရွတ်ဆိုလိုက်ပါတယ်- 'နှုတ်ဆက်ပါတယ်. နန်းတော်ကြီး။ နှုတ်ဆက်ပါတယ်. စုန့်အိမ်တော်။ နှုတ်ဆက်ပါတယ်. ရှောင်လု။ နှုတ်ဆက်ပါတယ်. တုဟောင်အစုတ်ပလုတ်။


နှုတ်ဆက်ပါတယ်. ရွှေဓားစလွယ်လေးနဲ့ ပိုင်ရှင်ဖြစ်တဲ့ လိန်ဖန်ရေ.....ဒီနေ့ကနေစပြီးတော့. ငါ လင်ရှန်းက နောက်ထပ်ထပ်ပြီးတော့ ပုန်းကွယ်​ေနစရာမလိုတော့ဘူး. ငါက ဂုဏ်ယူရတဲ့အမျိုးသမီးတစ်ယောက် ဖြစ်လာတော့မယ်. ပြီးတော့ ချောမောခန့်ညားတဲ့ ယောက်ျားတစ်ယောက်ကိုရှာပြီးတော့ ကျန်ရှိနေတဲ့ ငါ့ဘဝကို ‌နေထိုင်သွားတော့မယ်!!'


သူမစိတ်ထဲမှာတော့ ဒီလိုမျိုးတွေ တွေးတောပြီးတော့ ပြောဆိုနေပေမယ့်လည်း စိတ်ထဲမှာတော့ သွားရမှာ အနည်းငယ်ဝန်လေးနေသလို


တော့ဖြစ်လို့နေတယ်. သူမက ဆင်းလာတဲ့လမ်းမကြီးကို အချိန်အတန်ကြာတဲ့အထိ စိုက်ကြည့်လိုက်ပြီးတော့ သက်ပြင်းရှည်တစ်ချက်ချလိုက်ခဲ့ကာ လှည့်ထွက်သွားလိုက်တော့သည်။


သူမ လှည့်လိုက်ချင်းချင်းမှာပဲ "သတ်" ဆိုတဲ့အသံက သူမနားထဲကို ဝင်ရောက်လာခဲ့သည်. ပြီးနောက် လူတွေ နှင့်မြင်း တွေရဲ့တိုက်ခိုက်သံတွေ အော်ဟစ်ကြိမ်းဝါးသံတွေကိုသူမ ကြားလိုက်ရသည်. ဖုန်မှုန့်တွေက တလိပ်လိပ်ထပျံ၍ မြေထုကြီးကပင် တစ်သိမ့်သိမ့်တုန်နေခဲ့သည်။


သနားစရာလင်ရှန်းလေးကတော့ သူမ ရွေးချယ်လိုက်တဲ့ လမ်းကြောင်းလေးကတောင် တစ်ကြိမ်လောက်ပဲ အသုံးပြုလေ့ရှိတဲ့လမ်းကြောင်းလေးက ဟယ်လောင်စန်းရွေးလိုက်တဲ့လမ်းကြောင်းဖြစ်ခဲ့ပြီးတော့ စစ်သည်တော်တွေရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကို ခံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။


အကွာအဝေးတစ်ခုတွင် ဂိုဏ်သားတွေက ရထားလုံးတော်တော်များများတက်လာနေတာကို မြင်လိုက်ရသည်. သူတို့ထင်လိုက်တာက သူတို့ရဲ့ပစ်မှတ်ရောက်လာခဲ့တယ်လို့ ထင်လိုက်တာပဲ ဖြစ်သည်. ထို့ကြောင့် သူတို့က ချက်ချင်းပင် တောင်ခြေသို့ အပြေးဆင်းသွားခဲ့ပါတယ်။


ဒါပေမယ့် ရထားလုံးကို မောင်းလာတဲ့လူတွေကတော့ ထိတ်လန့်ကြောက်ရွံ့နေတဲ့ပုံစံကို မမြင်ရပါဘူး. တကယ့်တကယ်တွင် သူတို့တွေက ဂိုဏ်းဆီသို့ တစ်ဟုန်ထိုးအရှိန်မြင့်ပြီးတော့ ဆက်မောင်းလာနေခဲ့ပါတယ်။


သူတို့တွေ ထောက်ချောက်မိသွားပြီဆိုတာ ဟယ်လောင်စန်း သိလိုက်ပါတယ်. ဒါပေမယ့် အသိ နောက်ကျသွားခဲ့ပါပြီ. စစ်သားတွေက သူတို့၏စစ်ရထားလုံးတွေဆီကနေ ထွက်လာနေကြပါပြီ. သူတို့က သူတို့တွေ၏လေးနှင့်မြှားတွေကို မြှောက်တင်လိုက်ပြီးတော့ တောင်ပေါ်ကနေဆင်းလာတဲ့ တောင်ပေါ်ဓားပြတွေဖြစ်တဲ့ သူတို့တွေထံသို့ ချိန်ရွယ်ထားလိုက်တော့သည်။


ဟယ်လောင်စန်းနှင့် သူ့ရဲ့ဂိုဏ်းသားတွေ နေရာမှာတင် မှင်တက်မိနေကြတယ်. စစ်သားအားလုံး၏အလယ်ဗဟိုမှ လူတစ်ယောက်က ထွက်ပေါ်လာခဲ့ပါတယ်. အဲဒီလူက အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားရှိပြီးတော့ သူ့ရဲ့အရှိန်အဝါက သူ့ကိုယ်သူ ယုံကြည်မှုရှိစွာဖြင့် လူအားလုံးကိုလွှမ်းမိုးခြယ်လှယ်နေပါတယ်. သူ့ရဲ့ခြေလှမ်းတွေက တောင့်တင်းခိုင်မာနေပြီးတော့ အလွန်အနုလက်ရာမြောက်တဲ့ မျက်နှာဖုံးတစ်ခုက သူ့မျက်နှာတွင်ရှိနေသည်. သူ့ရဲ့ခါးနားမှာတော့ ရွှေရောင်ဓားရှည်တစ်ချောင်းကို ချိတ်ဆွဲထားပြီးတော့ နေရောင်ကိုအလင်းပြန်လို့နေကာ တလက်လက်တောက်ပနေခဲ့သည်။


သူ က အေးစက်စွာဖြင့်မိန့်ဆိုလိုက်သည်.- "လက်နက်ချမလား ၊ အသက် အသေခံမလား။ မင်းတို့ ကြိုက်ရာရွေးလိုက်"


°°°°°°°°°


ဟယ်လောင်စန်း က သူ့ရဲ့အတွင်းအားနှင့် ပြိုင်ဘက်ကင်း သိုင်းပညာစွမ်းရည်ကို ကြွားလုံးထုတ်ရတာကို ကြိုက်နှစ်သက်ပါတယ်. နဂါးနက်တောင်ကို သူ့ရဲ့နှစ်ဖက်ဓားသွားနဲ့ အသက်တစ်ပြိုက်ရှုရှိုက်အတွင်း ဖယ်ရှားနိုင်ဖို့အတွက်က သူ့အတွက် ဘာမှခဲယဉ်းမှာမဟုတ်ပါဘူး. သို့သော်လည်း သူက လိန်ဖန်လိုလူမျိုး ပြိုင်ဘက်တစ်ယောက်နှင့် သူ့မှာဆုံခွင့်မရခဲ့ပါဘူး. သူ က ဒီလူနှင့် တိုက်တောင် မတိုက်ခိုက်ရသေးပေမယ့်လည်း အနည်းငယ်လေးကျောချမ်းသလိုဖြစ်နေတာတော့ သူ့ရင်ထဲတွင် ခံစားသိနိုင်ပါတယ်။


ဒီတိုက်ပွဲက ကြမ်းတမ်းပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်လာတော့မှာကို သူ ရိပ်စားမိလိုက်တော့ သူ့ရဲ့နှစ်ဖက်ဓားသွားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထား၍ ဝမ်ဟိန်ဟူကို ကြည့်လိုက်သည်။


ဝမ်ဟိန်ဟူက အလွန်ဆုံးဖြတ်ရခက်သွားခဲ့သည်. သူ သေရမှာမကြောက်ရွံ့ပါဘူး ဒါပေမယ့် ဒီအခြေအနေမှာ မြောက်များစွာသော မြှားခေါင်းတွေက လွတ်သွားစေနိုင်တဲ့ သူ့ရဲ့ဂိုဏ်းသားတွေကို ချိန်ရွယ်ထားခဲ့လေတော့ သူ့အတွက်က မီးပင်လယ်နှင့် ငရဲကိုကျော်ဖြတ်ခိုင်းနေသလိုပါပဲ. သူ့ရဲ့ရှေ့မှောက်မှာ သူတို့တွေအကုန်လုံးကို သေတွင်းထဲကို သွတ်သွင်းဖို့ သူဘယ်လိုလုပ်ပြီးတော့ ခွင့်ပြုထားနိုင်မှာလဲ။ ဂိုဏ်းခေါင်းဆောင် အကိုကြီးတစ်ယောက်အနေနဲ့ သူတို့တွေရဲ့ အသက်ကိုကာကွယ်ပေးဖို့အတွက် သူ့မှာ တာဝန်ရှိနေတာပဲ ဖြစ်လေတယ်။


ဝမ်ဟိန်ဟူက ဟယ်လောင်စန်းကို သတိပေးလိုက်တဲ့ အကြည့်တစ်ချက်ပေးလိုက်ပြီးတော့ သူ့ရဲ့ဓားကို လွှတ်ချလိုက်သည်။


ဂိုဏ်းသားညီအကိုတွေက သူတို့ရဲ့ခေါင်းဆောင်အကိုကြီးဖြစ်သူ လက်နက်ချအညံ့ခံလိုက်တာကို မြင်လိုက်ရကတည်းက သူတို့တဲက အများစုက သူတို့အတွင်းစိတ်ထဲမှာ ပြင်းထန်တဲ့ အမျက်ဒေါသတွေကို ထုတ်ဖော်ပြလို့ သူတို့ရဲ့ဓားတွေကို လွှတ်ချလိုက်ခဲ့ပါတယ်။


အခုတော့ တစ်ရာထက်ကျော်လွန်လောက်ရှိတဲ့ဂိုဏ်းသားတွေထဲက ဟယ်လောင်စန်းနှင့် အနည်းငယ်သော တစ်ချို့သော ကမူးရှုးထိုးလုပ်တတ်တဲ့ သွေးဆူလွယ်သော ဂိုဏ်းသားညီအကိုတွေကတော့ သူတို့ရဲ့လက်နက်တွေကို ကိုင်စွဲထားရှိနေတုန်းပါပဲ. ဟယ်လောင်စန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင်စူးစူးရဲရဲဖြင့် လိန်ဖန်အား စိုက်ကြည့်နေပါတယ်. သူ က လက်နက်ချဖို့ အစီအစဉ်မရှိတာပဲ ဖြစ်လေတယ်။


လိန်ဖန်က သူ့ရဲ့လက်ကိုမြှောက်လိုက်၍ လက်ဟန်လုပ်လိုက်ပြီး သူ့အတွက် အလယ်မှာ လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်ကာ- "သူတို့ရဲ့လက်နက်ကို ချတဲ့သူမှန်သမျှ ကို လွှတ်ပေးလိုက်။ ကျန်တဲ့သူတွေကို သတ်ပစ်လိုက်"


သူ ပြောလိုက်ခဲ့တဲ့ နောက်ဆုံးစကားလုံးအနည်းငယ်က အလွန်ကိုအေးစက်၍ ရေပင်ခဲသွားစေနိုင်ပြီးတော့ လူတိုင်းလူတိုင်းရဲ့ နှလုံးတွေကိုတောင် တုန်ခါလို့သွားစေလိုက်သည်။


"လောင်စန်း, ငါတို့တွေ စိန်းလန်းတဲ့တောင်ကုန်းပေါ်မှာ‌ နေနိုင်တဲ့ကာလပတ်လုံး ငါတို့မှာ ထင်းမရှိမှာကို စိုးရိမ်ပူပန်ဖို့ လိုမှာမဟုတ်ဘူး. စိတ်လိုက်မာန်ပါမလုပ်စမ်းပါနဲ့" ဝမ်ဟိန်ဟူက ဟယ်လောင်စန်းကို လှမ်းသတိပေးလိုက်သည်။


"ခေါင်းဆောင်အကိုကြီး မင်းတို့တွေအားလုံး ထွက်သွားနိုင်ပါတယ်! ဒါပေမယ့် ငါ ဒီတော်ဝင်နောက်လိုက်ခွေးတွေကို လုံးဝလက်နက်ချအညံ့ခံမှာ မဟုတ်ဘူး! ငါသိတယ်. မင်းက ငါတို့ ညီအကိုတွေအားလုံးကို မင်းနဲ့အတူ အသေခံဖို့ လိုချင်မှာမဟုတ်ဘူး. ဒါပေမယ့် ငါကတော့ မတူဘူး. ငါ ငယ်ငယ်လေးကတည်းက ငါ မှာ မိဘတွေမရှိခဲ့ဘူး. ဒီနေရာက ငါ့ရဲ့အိမ်ပဲ. ငါ့ အိမ်ကို လာဖျတ်စီးနေတာကို ငါ မျက်ကွယ်ပြုထားနိုင်မှာ မဟုတ်ဘူး! ဒီနေ့ ငါ ဟယ်လောင်စန်း အသက်ရှိနေသရွေ့ ငါတို့ရဲ့အိမ်ကို လာထိပါးတဲ့ ဘယ်သူ့ကိုမဆို ငါ တားဆီးရလိမ့်မယ်!"


ဟယ်လောင်စန်းရဲ့ တရားသဖြင့်နည်းလမ်းကျတဲ့ စကားလုံးတွေက ဂိုဏ်းသားညီအကိုတော်တွေအားလုံးရင်ထဲကို စူးဝင်သွားခဲ့ပါတယ်. ဝမ်ဟိန်ဟူရဲ့မျက်လုံးတွေက ချက်ချင်းပင် နီရဲသွားပြီးတော့ သူက ဟယ်လောင်စန်းရဲ့လက်ကို ဆွဲကိုင်လိုက်ကာ - "လောင်စန်း. မင်းပြောတာ မှန်တယ်. ဒီနေရာက ငါတို့ရဲ့အိမ်ဂေဟာပဲ. ဘာပဲဖြစ်နေနေ ငါ ထွက်မသွားတော့ဘူး!"


ပြီးနောက် ဝမ်ဟိန်ဟူက သူ့ရဲ့ဓားရှည်ကို ပြန်ကောက်ကိုင်လိုက်ပြီးတော့ သူ့ရဲ့ညီအကိုတော်တွေကို အော်ဟစ်ပြောဆိုလိုက်လေတယ်- " ညီနောင်တို့ ဒီနေ့ မင်းတို့ ထွက်သွားချင်တယ်ဆိုရင် ငါ မင်းတို့ကို တားဆီးမှာ မဟုတ်ဘူး. ဒါပေမယ့် မင်းတို့ ငါ့ရဲ့နောက်မှာ နေချင်တယ်ဆိုရင်တော့ ငါ့ ဘေးနားကို လာရပ်လိုက်ကြ!"


ခတ္တခဏကြာပြီးတဲ့နောက်တွင် လူတစ်ယောက်က သူ့ရဲ့လက်နက်ကို ပြန်ကောက်ယူလိုက်တယ်. တစ်ယောက် ပြီးနောက် နှစ်ယောက် ပြီးနောက် သုံးယောက်နဲ့.....လူတိုင်းက ဝမ်ဟိန်ဟူရဲ့ဘေးကို လာရပ်ခဲ့ကြတော့သည်. သူတို့ရဲ့မျက်လုံးတွေကတော့ စိန်းစိန်းဝါးဝါးနဲ့ စူးရှပြင်းထန်လို့နေခဲ့သည်။


ဒါတွေကို ကြည့်ပြီးတော့ လိန်ဖန်တစ်ယောက် နောက်ထပ် စိတ်ရှည်ရှည်မထားနိုင်တော့ပါဘူး. သူ က ထပ်မံ၍ အချက်ပြလိုက်ပြီးတော့ မြှားအားလုံးက ဝမ်ဟိန်ဟူနှင့် သူ့ရဲ့ဂိုဏ်းဝင်တွေထံသို့ တိုက်ရိုက်ညွှန်ပြလိုက်တော့သည်။


ဒီလိုမျိုးဘဝရဲ့သေခြင်းရှင်ခြင်း အခိုက်အတန့်တွင် ရုတ်တရက် သေးငယ်တဲ့အမည်းရောင် အရိပ်အစက်အပျောက်လေးတစ်ခုက အထုတ်အပိုးတစ်ခုနှင့်အတူ ခိုးထွက်သွားဖို့ ကြိုးပမ်းနေပါတယ်. အဲဒီလူက မြေပြင်ကိုထိလုမတတ် ကုန်းကုန်းကွကွ နှင့် ခြေလှမ်းသေးသေးချင်းလှမ်းကာ သူမ ကို သတိမထားမိဘဲ ထွက်သွားနိုင်ရန် ကြိုးပမ်းလို့နေခဲ့ပါတယ်။


လိန်ဖန်က အဲဒီရွေလျားနေတဲ့ မြင်ကွင်းလေးကို တွေ့မြင်လိုက်ပြီးတော့ အချက်ပြလိုက်ခဲ့သည်. မြှားတစ်စင်းက လေထဲကိုလွင့်ပျံသွားပြီးတော့ လင်ရှန်းရဲ့ခေါင်းပေါ်ကနေ ကျော်လွန်၍ သူမ ပုန်းအောင်းနေတဲ့ သစ်ပင်ပေါ်ကို တည့်တည့်စိုက်ဝင်သွားခဲ့သည်။


"အား!" လင်ရှန်းတစ်ယောက် စူးစူးဝါးဝါးအော်ဟစ်၍ လဲကျသွားခဲ့ပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်. သူမရဲ့မျက်လုံးတွေက ထိတ်လန့်တုန်လှုပ်စွာဖြင့် မြှားရဲ့ဦးတည်ရာကို ကြည့်လိုက်သည်. သူမ ရဲ့မျက်လုံးတွေ လိန်ဖန်နှင့် အကြည့်ချင်းဆုံမိသွားတော့သည်. သူတို့နှစ်ယောက်လုံးပင် အံ့အားသင့်စွာဖြင့် ကြက်သေ သေသွားကြတော့သည်။


လိန်ဖန်က လင်ရှန်းကို တန်းပြီးတော့ပင် မှတ်မိလိုက်ပါတယ်. သူမ ထွက်သွားခဲ့တာက တစ်လကြာသွားခဲ့ပြီဖြစ်တယ်. သူ့စိတ်ထဲမှာတော့ သူမက နေ့ရော ညရော အမြဲရှိနေခဲ့တာပဲ ဖြစ်သည်. အခုတော့ သူမ က ရုတ်တရက်ကြီး ပြန်ထွက်ပေါ်လာခဲ့တော့ အဲဒါက အံ့ဩဖွယ်ရာ ဆန်းကြယ်မှုတစ်ခုပင် ဖြစ်တော့သည်. ဒါတင်မကသေးပါဘူး သူမ က မိန်းကလေးအဝတ်အစားကို ဝတ်ဆင်ထားရှိပြီးတော့ သူမကို ကြည့်ရတာက သူမရဲ့ယောက်ျားလေးဝတ်စုံနဲ့ နိုင်းယှဉ်လိုက်ရင် ပိုမိုလို့နူးညံ့သိမ်မွေ့စွာဖြင့် အရမ်းချောမောလှပလွန်းတဲ့ ပုံစံပေါက်နေပါတယ်။


နေဝင်ရိတရောအချိန်ကို ရောင်ပြန်ဟပ်လို့ လင်ရှန်းရဲ့ရှင်းလင်းတဲ့ပုံရိပ်က ထင်ရှိနေတယ်. အဲဒါက သူမရဲ့အလှကို ပိုလို့တောင် ဆွဲဆောင်မှုရှိစေခဲ့ပါတယ်. ဒီညတွေတော်တော်များများမှာ မိန်းကလေးတစ်ယောက်ပုံစံရှိတဲ့သူမက ဘယ်လိုပုံစံမျိုးရှိလိမ့်လေမလဲလို့ သူ့ စိတ်ထဲမှာ မှန်းဆစိတ်ကူးကြည့်နေခဲ့မိတာပါ. အခုတော့ သူမက သူ့လက်တွင်းသို့ တိုးဝင်လို့လာခဲ့တာက သူ့အတွက်တော့ အိမ်မက်တစ်ခုလိုပါပဲ။


တစ်ချိန်တည်းမှာပဲ လင်ရှန်းတစ်ယောက်လည်း အိမ်မက်မက်နေသလို ခံစားနေရပါတယ်. မကြာသေးခင်ကပဲ သူမက သူမရဲ့အတိတ်ကိုမေ့ပစ်ပြီးတော့ ဘဝသစ်စဖို့ကို ဆုံးဖြတ်ချက်ချထားခဲ့တာပါ. အခုတော့ သူမ က လိန်ဖန်နှင့်ထပ်ပြီးတော့ တည့်တည့်ကြီး ဝင်တိုးမိသွားခဲ့ပါတယ်. သူမ က အံအားသင့်ဖွယ်ရာအခြေအနေထဲကို ကျရောက်သွားခဲ့တာပါပဲ. သူ က ဒီနေရာမှာ ရပ်နေခဲ့ပြီးတော့ သူ့ရဲ့နောက်မှာလဲ အနီရောင်သန်းတဲ့နေဝင်ဆည်းဆာက ရှိနေခဲ့ပါတယ်. သဲမှုန်တွေက လမ်းကြောင်းတစ်လျောက် ယဲ့ယဲ့လေးလွင့်ပျံနေခဲ့ကာ သူ့ရဲ့အင်္ကျီတွေကလည်း လေပြေအဝေ့နှင့်အတူ တလွင့်လွင့် လွင့်မျောနေခဲ့ပြီး သူ့ရဲ့ငွေမျက်နှာဖုံးကလဲ အလင်းရောင်အောက်မှာ တောက်ပလင်းလက်လို့နေခဲ့ပါတယ်။


'ဝါး ဘယ်လောက်အံ့အောဖွယ်ရာကောင်းတဲ့ ရှုမြင်ကွင်းလေးတစ်ခုလဲ' လင်ရှန်းတစ်ယောက် အနည်းငယ်လေးတွေဝေမိန်းမောလို့သွားခဲ့ပါတယ်. သူမ အဲဒီထဲကနေ ရုန်းထွက်လိုက်တဲ့အချိန်မှာတော့ နေဝင်ဆည်းဆာက လိန်ဖန်ရဲ့အရိပ်ကြောင့် ကွယ်သွားခဲ့ပါတယ်. မျက်နှာဖုံးတပ်ထားတဲ့ သူ့ကို ငေးမောကြည့်လိုက်မိလိုက်ပြီးတော့ သူမ ညို့ယူဖမ်းစားခြင်းခံလိုက်ရပါတယ်. အချိန်တွေက ခေတ္တခ ဏရပ်တန့်သွားသလိုတောင် ထင်လိုက်မိသည်. ငှက်ကလေးတွေက တိတ်ဆိတ်ငြိမ်သက်နေပြီးတော့ လေထုက ဆိတ်ငြိမ်သုန်းလို့သွားကာ တိမ်တိုက်ဖြူဖြူတွေတောင်မှ ငြိမ်ငြိမ်သက်သက်‌လေး ကြည့်နေတယ်လို့ ထင်လိုက်ရသည်.........


လက်တစ်ဘက်က သူမရဲ့မျက်နှာရှေ့ကို ရောက်ရှိလို့လာပြီးတော့ အဲဒီလက်တစ်ဘက်က နှစ်ရက်ရှည်လှများစွာကတည်းက ဓားရှည်တစ်ချောင်းကိုပဲ ကိုင်ဆွဲခဲ့တဲ့လက်တစ်ဘက်ပင်။ သန့်ရှင်း၊ ပေးကမ်းစွန့်ကြဲတတ်တဲ့ အဲဒီလက်ဖဝါးပေါ်က အသားမာတွေကလဲ....သူ့ရဲ့သွယ်ပျောင်းတဲ့လက်ချောင်းလေးတွေကို အလွန်ပင်ထင်ရှားပေါ်လွင်သွားစေခဲ့သည်။


လင်ရှန်းတစ်ယောက် သူမ ကိုယ်တိုင်ပိုင်ဆိုင်ရခဲ့ရသလို ခံစားလိုက်ရသည်. ဘာလို့လဲဆိုတော့ သူမ သူမလက်ကိုတောင် ဖြောင့်အောင် တန်းတန်းမထားနိုင်တော့လို့ပါပဲ. သူမရဲ့လက်တွေက သူ့ရဲ့လက်တွေနှင့် ထိတွေ့လို့နေပြီးတော့ လိန်ဖန်က သူမရဲ့လက်ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားခဲ့ပြီး မြေကြီးပေါ်ကနေပြီး တဟုန်ထိုးအရှိန်တစ်ခုဖြင့် အပေါ်ကိုဆွဲခေါ်လိုက်တာကို သူမသိလိုက်သည်. သူ့ရဲ့လက်ကနေရရှိတဲ့ နွေးထွေးမှုက သူမရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ လေးလံထိုင်းမှိုင်းနေမှုကို ပျောက်ရှလို့သွားစေခဲ့ပါတယ်။


လင်ရှန်းတစ်ယောက် တောင်ပေါ်ကနေပြီး ထွက်ခွာလာပြီးတော့ ရုတ်တရုက်ကြီး ဒီလိုမျိုးအန္တရာယ်များတဲ့ အခြေအနေထဲကို သူမကိုယ်တိုင်ကိုယ်ကျ ဝင်လာလိမ့်မယ်လို့ ဟယ်လောင်စန်း မထင်မှတ်ထားခဲ့ပါဘူး. ထပ်ပြီးတော့လည်း တော်ဝင်စစ်တပ်ခေါင်းဆောင်က သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့ လင်ရှန်းကို ဆွဲထူလိုက်ခဲ့တော့ သူ အံ့ဩတုန်လှုပ်လို့သွားခဲ့ပါတယ်။


'မင်း ငါ့ကို လာနောက်နေတာလား။ ဒီလို ညင်သာယုယတတ်ပြီးနှင်းလိုဖြူဆွတ်တဲ့လက်ကလေးကိုမှကွာ။ ဒီလူအိုကြီးက ဒီနေရာက စားဖိုဆောင်ထဲမှာ လဝက်လောက်တောင် ကူညီပေးခဲ့တုန်းကတောင်မှ တစ်ချက်လေးတောင် ကြည့်ရဲခဲ့တာ မဟုတ်ဘူး! မင်းက ရောက်လာပြီးပြီးချင်း နေရာအရယူပြီးတော့ အဲဒါကိုထိတွေ့ရဲတယ်ပေါ့လေ!'


ဒီအချိန်အခိုက်အတန့်မှာပဲ ဟယ်လောင်စန်းက သူ့ရဲ့စိတ်အတွင်းထဲကနေပြီးတော့


မီးဟုန်းဟုန်းတောက် လို့လာပါတော့တယ်. အဲဒီမီးတောက်က တစ်ဟုန်ထိုးပင် ပေါက်ကွဲထွက်သွားတော့သည်! သူ့ရဲ့နှစ်ဖက်ဓားရှည်ကိုမြဲစွာ ဆုပ်ကိုက်၍ သူတို့နှစ်ဦးဆီသို့ ခုန်လွှားလိုက်ခဲ့သည်. သူ က ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်တော့သည်.- "ခွေးကောင် ငါ့ အမျိုးသမီးရဲ့လက်ကို လွှတ်လိုက်စမ်း!" သူ က လိန်ဖန်၏လက်ကို ခုတ်ပိုင်းလိုက်ချလိုက်တော့သည်။


လင်ရှန်း တစ်ယောက် မျက်လုံးပြူးထွက်သွားပြီးတော့ ဝင်ပါလိုက်ချင်ပေမယ့် လိန်ဖန်က သူမ ကို ဘေးသို့ တွန်းပို့လိုက်သည်. သူက သူ့ရဲ့ရွှေဓားရှည်ကို ရွှမ်းခနဲဆွဲထုတ်လိုက်၍ သေစေနိုင်တဲ့အငွေ့အသက်တွေကို ပေါ်ပေါက်လာစေခဲ့သည်။


သဲမှုန်နှင့်ကျောက်တုံးစတွေက လွင့်ပျံထွက်သွားပြီး သစ်ရွက်တွေက အဆက်မပြတ်ဘဲ ကြွေလွင့်နေခဲ့သည်. လှုပ်ရှားမှုတစ်ချက်နှင့်အတူ သူက ဟယ်လောင်စန်း၏ပြင်းထန်တဲ့တိုက်ခိုက်မှုကို တားဆီးလိုက်ပြီးတော့ သူ့ကို နောက်သို့ ခြေလှမ်းတော်တော်များများတောင် ဆုတ်သွားစေတဲ့အခိုက်မှာတော့ သူတို့တွေ တစ်ယောက်နှင့်တစ်ယောက် မီတာအနည်းငယ်လောက်တောင် ကွာခြားနေခဲ့သည်။


မျှော်လင့်ထားခဲ့သလိုပါပဲ သူ က ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားကောင်းတစ်ယောက်ပင် ဖြစ်သည်. သူ့ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်တဲ့ လူတွေဆိုတာ အများကြီးမရှိခဲ့တာကြောင့် ဟယ်လောင်စန်းက သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်. 'ဒီကောင်က သူ့ကို ခြေလှမ်းတော်တော်များများတောင် နောက်ကို ဆုတ်သွားရန် ဖိအားပေးနိုင်ခဲ့တာပဲ။'


ကြည့်ရတာကတော့ သူ ဒီနေ့ သူ့နဲ့ကိုက်ညီတဲ့လူနဲ့ အမှန်တကယ်ကို တွေ့ဆုံမိခဲ့တာပဲ. တကယ်လို့ သူ သာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့မယ်ဆိုရင်တော့ ယောကျ်ားတစ်ယောက်လိုမျိုး သူ သေနိုင်မှာပဲ. ပြီးတော့ အဲဒီအတိုင်းပဲ သူ လုပ်ရလိမ့်မည်။


End....