Chapter 37
Viewers 9k

အပိုင်း(၃၇)


ဟယ်လောင်စန်းက သူ့ရဲ့အရာအားလုံးကို ပုံအပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ခဲ့သည်. သူက သူ့ရဲ့နှစ်ဖက်ဓားသွားကို လွှဲရမ်းလိုက်၍ လိန်ဖန်ဆီကို ထပ်မံဦးတည်ပြီး ခုတ်ပိုင်းလိုက်ခဲ့သည်။


ကျားသစ်နက်ဂိုဏ်းသားတွေက သူတို့ရဲ့ဒုခေါင်းဆောင်က စစ်သည်တော်ခေါင်းဆောင်ကို ရုတ်တရက်ကြီး စတင်တိုက်ခိုက်လိုက်မယ်လို့ မမျှော်လင့်ထားခဲ့ကြပါဘူး. ညီအကိုတွေက တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆက်သွယ်ဖလှယ်လိုက်ကြပြီးတော့ ဆုံးဖြတ်လိုက်တော့သည်- 'ကောင်းပြီ. ငါတို့တွေကရော ဘာကို စောင့်နေရအုံးမှာလဲ?' သူတို့အားလုံးက သူတို့တွေရဲ့လက်နက်တွေကို ဆွဲကိုင်မြှောက်လိုက်ကြကာ စစ်သည်တော်တွေဆီသို့ ဦးတည်ကာတဟုန်ထိုးစတင်တိုက်ခိုက်ကြတော့သည်။


လေးသည်တော်တွေကလည်း သူတို့၏လေးတွေကို တင်လိုက်ကြတော့သည်။


"မြှားတွေ မပစ်ကြနဲ့!"


"မလှုပ်ရှားကြနဲ့!"


လိန်ဖန်နှင့်ဟယ်လောင်စန်းတို့က ဒီစကားလုံးတွေကို ပြိုင်တူနီးပါးထွက်သွားကြသည်. တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးလုံး


လင်ရှန်းကို ကြည့်မိလိုက်ကြသည်. သူတို့တွေက သူမကို ဘာထိခိုက်အန္တာရာယ်မျှ မဖြစ်စေချင်ကြတာပဲဖြစ်လေတယ်။


"ရိုင်းလိုက်တာ! ငါ့အမျိုးသမီးရဲ့လက်ကို သူကြည့်ရဲတယ်ပေါ့" ဟယ်လောင်စန်းက လိန်ဖန်လဲ သူ့လိုမျိုးလိုက်ပြီး တုံ့ပြန်လိမ့်မယ်လို့ မထင်မှတ်ထားခဲ့ပါဘူး. ပြီးနောက် မနာလိုဝန်တိုစိတ်တွေက ချက်ချင်းပင်လွှမ်းခြုံလို့သွားတော့သည်. သူ့ရဲ့ဓားကို တစ်ဖန်ပြန်လည်ဆွဲကိုင်ကာ လွှဲရမ်းလိုက်တော့သည်။


လိန်ဖန်ရဲ့ဓားက လျင်မြန်သွက်လက်ပေမယ့်လည်း သူ့ရဲ့သွင်​ပြင်က ထက်ရှတဲ့အမျိုးအစားပါ. သူ့ဓားက ဟယ်လောင်စန်းရဲ့ဓားလောက်တော့ အသွင်အပြင်အရ ခိုင်မာ​တောင့်တင်းမှုမရှိပါဘူး. တိုက်ကွက်အနည်းငယ်ကြာအောင် တိုက်ခိုက်ပြီးတဲ့​ နောက်မှာတောင် သူတို့ထဲကဘယ်သူမှ အနိုင်ရတဲ့သူ မရှိခဲ့ပါဘူး။


ဒီလိုမျိုးဖြင့် သူတို့နှစ်ယောက်လုံး တိုက်ပြီးရင်း တိုက်ခိုက်နေကြတော့သည်. လင်ရှန်းက ဘေးကနေ စောင့်ကြည့်ပြီးတော့ ရှေးဒရမ်မာစီးရီးတစ်ခုကို ထိုင်ကြည့်နေရသလို ခံစားလိုက်ရသည်. သူမ အရာအားလုံးကို မြင်နိုင်ပါတယ်. ဓားတွေရဲ့ရောင်ပြန်ဟပ်ရှိနေမှု နှင့် သတ္တုအချင်းပွတ်တိုက်၍ ဓားတစ်ချောင်းနှင့်တစ်ချောင်း ဖြတ်တောက်ထိ‌တိုက်မိနေကြတဲ့အသံကို မြင်လဲမြင်ရ ကြားလဲကြားနေရတယ်. 'ဒင်..ဒင်..ဒင်..ဒင်'။ အရမ်းကို မှော်ဆန်လွန်းတဲ့ မြင်ကွင်းတစ်ခုပင်။


လင်ရှန်းတစ်ယောက်က ရုတ်တရက်တစ်ခုခုကိုနားလည်သဘောပေါက်မိလိုက်သလို ထင်လိုက်ပြီး သူမရဲ့ပေါင်ကိုပုတ်ရိုက်လိုက်ကာ- 'အိုး..ဘုရားရေ! ဒီအတိုင်းသာဆက်သွားရင်တော့ ရွှေဓားစလွယ်လေး ကျိုးသွားတော့မှာပဲ!!!!'


သူမက လျင်မြန်စွာဖြင့်အော်ဟစ်ပြောလိုက်သည်.- "မတိုက်ပါနဲ့တော့. မတိုက်ကြပါနဲ့တော့ ကျွန်မပြောနေတယ်လေ. ရပ်လိုက်ကြတော့!!"


လင်ရှန်းရဲ့အသံကိုကြားလိုက်ရတာက လိန်ဖန်ကို အာရုံပျက်သွားစေလိုက်ပြီးတော့ သူ့ရဲ့တိုက်ကွက်တွေကို အနည်းငယ်လေးနှေးကွေးလို့ သွားစေခဲ့သည်. သူက ဟယ်လောင်စန်းရဲ့ဓားသွားကို ရှောင်တိမ်းဖို့ကြိုးစားလိုက်ပေမယ့် ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်. သူ့ရဲ့လက်မောင်းကို ရှပ်ထိမိသွားတော့ သွေးတွေက ဖျာခနဲစီးထွက်ကျလာတော့သည်။


လိန်ဖန် ဒဏ်ရာရသွားတာကို မြင်လိုက်ရတော့ စစ်သည်တော်အားလုံးက ချက်ချင်း မြှားတွေကို လေးတင်လိုက်ကာ နောက်ထပ်တစ်ဖန် သူတို့ရဲ့လေးမြှားတွေကို့ ဟယ်လောင်စန်းအားပစ်ရန် တည့်တည့်ချိန်ရွယ်လိုက်ကြတော့သည်. ဟယ်လောင်စန်းကသာ နောက်ထပ်ခြေလှမ်းတစ်လှမ်း ရွေ့လျားရဲရင်တော့ ဖြူကောင်တစ်ကောင်လိုမျိုး မြင်ကွင်းဖြင့် အဆုံးသတ်မှာတော့ အသေချာပဲဖြစ်ပေသည်။


အခြေအနေက တင်းမာပြင်းထန်လာတော့သည်. ဂိုဏ်းသားအားလုံးကလည်း နောက်ပြန်မဆုတ်ခဲ့ဘဲ တိုက်ခိုက်ရန် သူတို့ရဲ့လက်နက်တွေကို ဆွဲကိုင်လိုက်ကြတော့သည်။


ဒီလိုမျိုးဖြစ်ပျက်နေတဲ့ အတိမ်းအစောင်းမခံနိုင်သော သေရေးရှင်ရေးအခိုက်အတန့်တွင် လင်ရှန်းက ဟယ်လောင်စန်းနှင့်လိန်ဖန်တို့နှစ်ယောက်ကြားကို ပြေးဝင်သွားခဲ့သည်။


"ရှင် အဆင်ပြေရဲ့လား? လင်ရှန်းကစိုးထိတ်စွာဖြင့် ပျာပျာသလဲဖြစ်သွားခဲ့သည်. မူလတုန်းကတော့ သူမ ရွှေဓားစလွယ်ကိုပဲ ဂရုစိုက်ခဲ့တာပါ. ဒါပေမယ့် လိန်ဖန် ဒဏ်ရာ ရသွားခဲ့တော့ သူမက ပိုလို့တောင် စိုးရိမ်သွားတော့သည်. သူ့ဆီကို အလောတကြီးပြေးသွားခဲ့တဲ့ သူမဆီမှာတော့ ဒုတိယအတွေးဆိုတာ မရှိခဲ့တာပဲဖြစ်ပေသည်။


"ငါ ဘာမှမဖြစ်ပါဘူး" လိန်ဖန်က သူ့ရဲ့ခေါင်းကိုခါရမ်းလိုက်တယ်. သွေးတွေကတော့ သူ့ရဲ့ဓား​ရှမိသွားတဲ့ ဒဏ်ရာကနေပြီး အဆက်မပြတ် ယိုစီးကျနေပါတယ်။


"ဘာ ? ရှင်က ဘယ်လိုလုပ် ဘာမှမဖြစ်ဘဲနေမှာလဲ။ ကြည့်ပါအုံး ရှင်သွေးတွေ ဘယ်လောက်တောင်များ ထွက်သွားပြီလဲ?!!" လင်ရှန်း က အရမ်းကိုစိုးရိမ်နေတာပါ. သူမ ငိုတောင်ငို ချင်နေသည်. သူမ ရဲ့အင်္ကျီလက်အစွန်းနားက ပိတ်အနားအစကို ဖြဲချလိုက်ပြီးတော့ လျင်မြန်စွာဖြင့် သူ့ရဲ့ဒဏ်ရာကို ပတ်တီးစီးပေးလိုက်ခဲ့သည်။


ဘယ်လောက်တောင် အံအားသင့်ဖွယ်ကောင်းလိုက်တဲ့ ​ပုံရိပ်အခိုက်အတန့်လေးတစ်ခုပေလဲ. နေဝင်ရီတရောလင်းရောင်ဖြာအေက်တွင် ဓားရှည်တွေကို ဆွဲကိုင်ရမ်းနေတဲ့ ယောကျ်ားသားအုပ်စုနှစ်စုကြားထဲတွင် ဘာလက်နက်မှမပါရှိဘဲ အကာကွယ်မဲ့နေသော မိန်းကလေးငယ်လေးတစ်ယောက်က ယောက်ျားတစ်ယောက်အတွက် ဒဏ်ရာတစ်ခုကို ပတ်တီးစီးပေးနေခဲ့သည်. သူမရဲ့လုပ်ကိုင်လှုပ်ရှားနေမှုတွေက မလုပ်တတ်မကိုင်တတ်ဖြစ်စွာဖြင့် သူမရဲ့လက်တွေက တုန်ရင်လို့နေပေမယ့် သူမက လက်ပြန်မရုတ်ခဲ့ပါဘူး။


လိန်ဖန်အတွက်ကတော့ အိမ်မက်ထဲကို သူကိုယ်တိုင်ဝင်ရောက်နေရသလို ဖြစ်နေခဲ့သည်. သွေးကိုမြင်​တွေ့နေရတာ သူ့အတွက်တော့ ထူးထူးဆန်းဆန်းမဟုတ်တော့ပေ.


သူ့ရဲ့ဓားဖြင့် အသတ်အဖြတ်တိုက်ပွဲပေါင်းများစွာကိုလဲ ဆင်နွှဲခဲ့ဖူးပြီးသွားပါပြီ. ဒါပေမယ့်လည်း သူ့ရဲ့ရှေ့မှောက်က မိန်းကလေးကတော့ သွေးသံရဲရဲတွေနဲ့မဆက်နွယ်ဖူးတာပဲ. ဖြစ်နိုင်တာကတော့ ဒီလိုမျိုး သေကွင်းသေကွက်ထဲကို ဘယ်တုန်းကမှ ဖြတ်ပြီးမဝင်ဖူးခဲ့တာပဲ. သူမက သူမရဲ့ဖြူစင်သန့်ရှင်းသောလက်တစ်စုံဖြင့် သွေးတိတ်သွားအောင်လို့ သူ့ကိုကူညီပေးဖို့ကြိုးပမ်းနေခဲ့ပြီးတော့ သူမရဲ့အကြောက်တရားတွေကို အရမ်းကိုခက်ခဲစွာဖြင့်ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့အထိပါပဲ။


ဒီအချိန်အခိုက်အတန့်မှာပဲ လိန်ဖန်တစ်ယောက် သူဒဏ်ရာရသွားခဲ့တာက တကယ်ကို အဖိုးထိုက်တန်မှုရှိသွားသလိုမျိုး ခံစားလိုက်ရသည်။


°°°°°°°°°


ဟယ်လောင်စန်းက သူ့ရဲ့အသက်ရှုနေမှုတောင် ရပ်တန့်နေလိုက်ရသည်. စစ်သည်​ေတာ်ခေါင်းဆောင်က လင်ရှန်းရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်တဲ့ အချိန်ကနေစပြီး ဒီလူ့အပေါ်မှာ သူက မခံမရပ်နိုင်ဖြစ်လို့ပြီးသွားပြီ. အခုတော့ လင်ရှန်းက လူအားလုံးရဲ့ရှေ့မှောက်မှာတောင် ဒီလူရဲ့ဒဏ်ရာကိုတောင် ထုတ်စီးပေးလိုက်ခဲ့တော့ ဒါက သူ့ရဲ့သူ့ကိုယ်သူအထင်ကြီးဘဝင်ခိုက်နေမှုကို မသက်မညှာပင်ဖျက်ဆီးပစ်လိုက်ခဲ့တာပင်။


သူ နောက်ထပ်ဆက်ပြီးတော့ ကြာကြာမကြည့်နိုင်တော့ပါဘူး. လိန်ဖန်ရဲ့ဘေးနားမှာ လင်ရှန်း ရှိနေတယ်ဆိုတဲ့ အချက်ကိုတောင် ထည့်မစဉ်းစားနိုင်တော့ဘဲ သူ့ရဲ့ဓားနှင့်အတူ လိန်ဖန်ဆီကို တစ်ဟုန်ထိုးပြေးခုန်လိုက်ပြီး လွှဲ၍တိုက်ခိုက်လိုက်တော့သည်။


ဟယ်လောင်စန်း နောက်ထပ်တစ်ဖန် တိုက်ခိုက်လိုက်တာကို မြင်လိုက်ရတော့ လိန်ဖန်က ဒဏ်ရာရထားခြင်းမရှိတဲ့ သူ့ရဲ့လက်ဖြင့် လင်ရှန်းကို သူ့ရဲ့နောက်သို့ မြန်ဆန်စွာ


​တွန်းထုတ်လိုက်သည်. သူ့ရဲ့ဓားပေါ်ကိုလက်ဖြင့် မြဲမြံစွာကိုင်လိုက်ပြီးတော့ ဟယ်လောင်စန်းရဲ့တိုက်ခိုက်မှုကို ပြန်လည်ခုခံလိုက်ခဲ့သည်. ချက်ချင်းပင် လတ်ဆတ်သောသွေးတွေက ပတ်တီးစီးထားခဲ့တဲ့ ဒဏ်ရာကနေ ယိုစိမ့်ထွက်ကျလာတော့သည်။


လင်ရှန်း အလွန်ဒေါသထွက်လို့သွားပြီးတော့ လိန်ဖန်ရဲ့နောက်ကွယ်မှ ထွက်လာလိုက်ကာ အသားကုန်အော်ဟစ်လိုက်တော့သည်.-" ဒီလိုမျိုးဒုတိယအကြိမ် မတိုက်ပါနဲ့တော့!"


သူမရဲ့လေသံက ဟယ်လောင်စန်းကို ထိတ်လန့်လို့သွားစေလိုက်ကာ သူက တိုက်ခိုက်နေမှုကို ရပ်လိုက်ခဲ့ပါတယ်. သူက လှည့်ပြီးတော့ လင်ရှန်းကို အလွန်အံဩစွာဖြင့် စိုက်ကြည့်လိုက်ပါတယ်။


"တိုက် တိုက် တိုက် ! ရှင်တို့တွေအားလုံးက ဘယ်လိုတိုက်ရမလဲဆိုတာပဲ သိတယ်! အဓိကအချက်က ဘာလဲ ? ရှင်နိုင်သွားရင်ရော ဘာဖြစ်သွားမှာမို့လို့လဲ။ ရှင်တို့တွေ တကယ်ပဲ တောင်ပေါ်ဓားပြတွေအဖြစ်နဲ့ တစ်သက်လုံးနေသွားကြဖို့ စီစဉ်နေကြတာလား? ဆယ်ကျော်သက်အရွယ်ထဲက တောင်ပေါ်ဓားပြပဲ. ရှင်တို့ အသက်နှစ်ဆယ်ကျော်မှာလဲ တောင်ပေါ်ဓားပြပဲ . ရှင်တို့လူတွေက ရှင်တို့အသက် ခုနစ်ဆယ်ကျော် ရှစ်ဆယ်ကျော်ပဲ ဖြစ်ရင်ဖြစ်သွားလိမ့်မယ်. ရှင်တို့တွေ တောင်ပေါ်ဓားပြတွေ ဖြစ်နေကြအုံးမှာပဲ! ရှင်ကိုယ့်ရှင် ဂုဏ်ယူနေနိုင်ရင်တောင်မှ တစ်ခြားလူတွေက ဘယ်လိုတုံ့ပြန်လိုက်ကြမလဲဆိုတာတော့ မသိဘဲနဲ့များ၊ လုပ်ပါ. ရှင်တို့ရဲ့ဦးနှောက်တွေကို သုံးပါဦးလား! အကြောင်းပြချက်ပေးနေတာတွေ ရပ်လိုက်ပြီးတော့ ရှင့်ဘာရှင် အိမ်သူဇနီးမယား မရှာနိုင်တာကိုလဲ တညည်းညည်း တညူညူလုပ်မနေပါနဲ့တော့. ဘယ်လိုမျိုးအမျိုးသမီးကများ တောင်ပေါ်ဓားပြတစ်ယောက်နဲ့ လက်ထပ်ယူချင်ပါ့မလဲ။ ဒီလိုမျိုးက လူတိုင်းပုံမှန်တွေးတတ်ကြမှာပဲ. ရှင်တို့တွေအသက်က နောက်ထပ်ထပ်ပြီး ပိုငယ်သွားမှာမဟုတ်တော့ဘူး!"


လင်ရှန်းရဲ့စကားတွေက ဂိုဏ်းသားတွေကို မသေချာမရေရာမှုတွေနဲ့အတူ အံ့အားသင့်စွာ စိတ်ရှုတ်ထွေးသွားစေခဲ့သည်. သူတို့တွေအားလုံးပဲ အချင်းချင်း မှင်တက်စွာဖြင့် ကြည့်မိလိုက်ကြသည်. အထူးသဖြင့် ဟယ်လောင်စန်းပင်. သူက သူ့ရဲ့ကျန်ရှိနေသော ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ကြီးဝင်နေမှုက လုံးလုံးလျားလျားကို ပျောက်ပျက်သွားတော့သည်။


ဝမ်ဟိန်ဟူအတွက်ကတော့ သူက တောင်ပေါ်ဓားပြတစ်ယောက် ဖြစ်လာရတာ နှစ်များစွာ ကြာမြင့်ခဲ့တာပဲ ဖြစ်သည်. သူ့ရဲ့အတွေ့အကြုံကို အခြေခံရမယ်ဆိုရင်တော့ လင်ရှန်းလိုအမျိုးသမီး အစေခံတစ်ယောက်က ထင်သလောက် မရိုးရှင်းဘူးဆိုတာကို ချက်ချင်းပင်ပြောထွက်နိုင်သည်. သူက သူမ အားအထင်ကြီးလေးစားစွာဖြင့် မေးလိုက်သည်. "ဒါဖြင့်ရင်လည်း ငါတို့ကိုပြော​ြပပါလား အဲဒီအစားငါတို့တွေ ဘာများလုပ်နိုင်လိမ့်မလဲ။


" ခွင့်လွှတ်မှုတောင်းခံဖို့အတွက် စစ်တပ်ထဲမှာ စာရင်းပေးသွင်းလိုက်!" လင်ရှန်းက ရှေ့နောက်မစဉ်းစားဘဲ ပြောလိုက်သည်။


"ခွင့်လွှတ်မှုတောင်းခံဖို့အတွက် စစ်တပ်ထဲမှာ စာရင်းပေးသွင်းလိုက်ရမှာလား။"


"ဒါ အမှန်ပဲ. ဒီနေရာမှာ သန်မာတောင့်တင်းတဲ့ဂိုဏ်သားတွေ လူတစ်ရာနီးပါးတောင်ရှိတာပဲ. ရှင်တို့ထဲက ဘယ်သူကများ ခြေတွေ လက်တွေ မပါတာရှိလို့လဲ. ရှင်တို့တွေ တောင်ပေါ်ဓားပြတွေ ဘာကြောင့်ဖြစ်နေရအုံးမှာလဲ? စစ်သည်တော်တွေရော ဘာကြောင့် မဖြစ်နိုင်ရမှာလဲ? ရှင်တို့ ရွေးလို့ရပါတယ်. ရှင်တို့ တိုင်းပြည်အတွက် အသက်စွန့်မလား. ဒါမှမဟုတ် ခိုးဆိုး လုယက်မလားဆိုတာ. ဘယ်ဟာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်မယ်လို့ ရှင်ထင်လဲ။"


လင်ရှန်းရဲ့စကားတွေက ဝမ်ဟိန်ဟူအား နက်နက်နဲနဲစဉ်းစားတွေးတောစေနိုင်ခဲ့ပါတယ်. သူပထမဆုံး တောင်ပေါ်ဓားပြတစ်ယောက်အဖြစ်နဲ့စတင်လိုက်တဲ့အချိန်က သူ့မှာ အခြားရွေးချယ်စရာ မရှိခဲ့ရလို့ပါ. နှစ်တော်တော်များများကြာပြီးတဲ့နောက်မှာတော့ သူမကြာခဏဆိုသလိုပင် ဂိုဏ်းရဲ့အနာဂတ်အတွက် စိုးရိမ်ကြောင့်ကျနေခဲ့သည်။


တကယ်လို့များ သူတို့တွေက ဘဝတစ်ခုလုံးကို ပုန်းလျိုးကွယ်လျိုး အကြောက်တရားတွေနဲ့​ပဲ အသက်ရှင်သန်သွားရမယ်ဆိုရင် လင်ရှန်းပြောခဲ့သလိုမျိုး ဘာ​ဖြစ်လို့မလုပ်နိုင်ရမှာလဲ. ပြီးတော့ အဲဒီအစား အေးချမ်းတဲ့လမ်းကြောင်းကိုရော ဘာဖြစ်လို့မရွေးနိုင်ရမှာလဲ။


"မင်းအကြံပေးချက်ကို ငါ စဉ်းစား​ပေးနိုင်ပါတယ်. ဒါပေမယ့် ငါတို့တွေ စစ်တပ်ထဲကို စာရင်းပေးသွင်းရင်တောင်မှ တော်ဝင်နန်းတွင်းက ငါတို့ကို လက်ခံနိုင်ပါ့မလား"


ဝမ်ဟိန်ဟူက နောက်ပြန်လှည့်၍ သူ့ရဲ့အကြည့်တွေကို တိတ်ဆိတ်နေတဲ့ လိန်ဖန်ဆီသို့ ပို့လိုက်သည်။


လိန်ဖန်က ချက်ချင်းကြီး ပြန်မတုံ့ပြန်ခဲ့ပါပေ. ဒါပေမယ့် လင်ရှန်းကို လှည့်ကြည့်လိုက်ပြီး သူက သူမရဲ့အမြင်ကို မြင်ချင်သေးတာပဲ ဖြစ်သည်။


လင်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး သူတို့ကို သူ ယုံကြည်လို့ရကြောင်း ပြသလိုက်သည်. သူမ က ဂိုဏ်းသားတွေနှင့် လတစ်ဝက်နီးပါးလောက်တောင် အတူနေထိုင်ခဲ့တာပဲ ဖြစ်သည်. သူမ စိတ်ထဲမှာနက်နက်ရှိုင်းရှိုင်းကို သိပါတယ်. သူတို့တွေက လူဆိုးတွေ မဟုတ်ကြပါဘူး. သူတို့ထဲက အများစုက တောင်ပေါ်ဓားပြတစ်ယောက်ဖြစ်လာဖို့ တမင်ရွေးချယ်ခဲ့ကြတာ မဟုတ်ခဲ့တာပဲ ဖြစ်လေတယ်။


"ကောင်းပြီ" လိန်ဖန် က တည်ငြိမ်အေးဆေးစွာဖြင့် ပြန်ပြောလိုက်လေတယ်.- " မင်းတို့တွေက တိုင်းပြည်အတွက်ကူညီပေးပြီး ပြောင်းလဲဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ငါတို့ကလဲ မင်းတို့ကို မမျှမတ မဆက်ဆံပါဘူး"


"ကျုပ်တို့ ညီအကိုတော်တွေနဲ့ တိုင်ပင်ဖို့ ကျုပ်တို့ကို တစ်ညလောက်တော့ အချိန်ပေးပါ. မနက်ဖြန်မနက်ရောက်ရင် ကျုပ်ကိုယ်တိုင်ပဲ ခင်ဗျားကို အဖြေတစ်ခုပေးဖို့ တောင်ပေါ်ကနေဆင်းလာခဲ့ပါ့မယ်. ညီမျှရဲ့လား"


"ညီမျှတယ်. ဒါပေမယ့် ငါနဲ့အတူ သူ့ကိုခေါ်သွားမယ်" လိန်ဖန်က လင်ရှန်းရဲ့လက်ကောက်ဝတ်ကို ဆွဲယူလိုက်ပါတယ်. သူက သူမကို အလွန်တင်းကျပ်စွာဖြင့် ဆုပ်ကိုင်လိုက်တော့ လင်ရှန်း ကိုယ်ဟန်ပျက်သွားပြီးတော့ နောက်ကိုခြေနှစ်လှမ်းပင် ပြန်ဆုတ်လိုက်ရသည်. သူမရဲ့ကိုယ်လုံးက အခုတော့ သူနဲ့ မှီကပ်လျက်ရှိသွားခဲ့ပါတယ်။


"မရဘူး!" အဲဒီအချိန်အခိုက်မှာပဲ ဟယ်လောင်စန်းတစ်ယောက် သူ့ရဲ့ရင်နာနေရမှုတွေ လွတ်ထွက်သွားသလို ထင်လိုက်ရပြီးတော့ သူတို့ဆီသို့ ပြေးဝင်လာခဲ့တော့သည်. လိန်ဖန်ကို သူ့ရဲ့လင်ရှန်းနှင့် နောက်ထပ်တွဲပြီး မြင်ရဖို့ကို သူသည်းညီးမခံနိုင်တော့ပါဘူး. ပြီးနောက်သူက တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေခဲ့ပါတယ်။


"လောင်စန်း!" ဝမ်ဟိန်ဟူက စူးစူးဝါးဝါးအော်ဟစ်လိုက်ပါတယ်. "မင်းရဲ့ မဆင်မ​ခြင် လုပ်ရပ်ကြောင့် လူတိုင်းရဲ့အသက်တွေကို ဖျက်စီးပစ်ဖို့ ခွင့်မပြုလိုက်စမ်းနဲ့!"


ခေါင်းဆောင်အကိုကြီးဖြစ်သူရဲ့ နှုတ်ထွက်ပြောစကားကြောင့်ပင် ဟယ်လောင်စန်း က သူ့ရဲ့ဓားကို လွှတ်ချလိုက်တော့သည်. ဒါပေမယ့် သူ့မှာ ဒေါသမီးလျှံတွေ အငွေ့တဟုန်းဟုန်းတောက်လောင်ကာ ဆူပွက်နေတုန်းပါပဲ. သူ့ရဲ့စိတ်သဘောထား ဆန္ဒမပါဘဲနောက်ကိုပြန်ဆုတ်လိုက်ရင်း သူက လိန်ဖန်ကို သတ်ဖြတ်တော့မလို စူးစူးရဲရဲကြည့်လိုက်ခဲ့ပါတယ်။


ဟယ်လောင်စန်း ပြုမူ​ေနတဲ့ပုံစံကိုမြင်တဲ့ ဝမ်ဟိန်ဟူ က လိန်ဖန်နှင့် မျက်နှာချင်းဆိုင်လိုက်ပြီးတော့ အလွန်ကိုအေးဆေးတဲ့ဟန်အမူအရာဖြင့် ပြောလိုက်သည်. "လူကြီးမင်း ကျုပ်တို့က ခင်ဗျားကို မယုံကြည်တာတော့ မဟုတ်ပါဘူး. သို့သော်ငြားလည်း ကျုပ်က ဒီနယ်ပယ်မှာ နေလာတာ အခုဆို နှစ်ပေါင်းများစွာကြာခဲ့ပါပြီ. ကျုပ်တို့တွေအတွက် သတိမထားဘဲနေဖို့ကို ကျုပ်တို့ တတ်စွမ်းနိုင်မှာမဟုတ်ပါဘူး. ဒါ့ကြောင့် မိန်းခလေးစုန့်ကို ကျုပ်တို့နဲ့အတူပဲ ပြန်ထည့်လိုက်ဖို့ ပြောချင်ပါတယ်. မနက်ဖြန် ကျုပ်တို့ ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက်မှဘဲ ခင်ဗျားကိုတွေ့ဖို့ ကျုပ် ကိုယ်တိုင်ကိုယ်ကျ ပြန်ပို့ပေးပါ့မယ်. အဆင်ပြေတယ်မဟုတ်လား"


"မပြေဘူး!" လိန်ဖန်က ခိုင်မြဲပြတ်သားစွာ


အဆိုပြုလိုက်ခဲ့သည်. - "ကျုပ် ခင်ဗျားတို့ကို လိမ်မှာ မဟုတ်ဘူး. ပြီးတော့ သူကလည်း ခင်ဗျားတို့နဲ့အတူ ထွက်ခွာမှာမဟုတ်ဘူး. ဘာမှဆက်ပြောစရာမလိုတော့ဘူး"


*********


End.....