Chapter 38
Viewers 9k

အပိုင်း(၃၈)


လိန်ဖန်ရဲ့စကားကြောင့် ဝမ်ဟိန်ဟူ၏မျက်နှာအမူအရာက ပျက်ယွင်းလို့သွားတော့သည်.


ဒီဟာက ပြောရမည့်ခေါင်းစဉ်လွဲမှားနေတယ်ဆိုတာကို လင်ရှန်း တွေ့လိုက်တော့ သူမ အလျင်အမြန်ဖြင့် ဝင်ကြားဖြတ်လိုက်တော့သည်. - " ကျွန်မတို့ စကားပြောတာ ဒီမှာတင် ပြီးသွားပြီ! ဒီမှာတင် ပြီးသွားပြီ! " သူမ အနေရခက်စွာ လိန်ဖန်ကို ပြုံးပြလိုက်ပြီးတော့ ပြောလိုက်တယ်.


- " ကျွန်မကို ပြန်လိုက်သွားခွင့်ပေးပါ. ကျွန်မက သူတို့တွေနဲ့ နေလာတာ အခုဆို လဝက်နီးပါးတောင် ရှိသွားပြီ. ဂိုဏ်းသားအကိုကြီးတွေက ကျွန်မအပေါ် အရမ်းကောင်း​ြကပါတယ်. သူတို့က မကောင်းတဲ့လူတွေ မဟုတ်ပါဘူး. ကျွန်မ အတွက် မစိုးရိမ်ပါနဲ့!"


"မရဘူးဆိုတာ မရဘူးပဲ !" လိန်ဖန်က အေးတိအေးစက်ဖြင့် ပြန်ကာပြောလိုက်သည်. သူ့စိတ်ထဲမှာ အစီစဉ်ချလိုက်ကာ သူက သူမရဲ့လက်ကို ခိုင်မြဲစွာဆုပ်ကိုင်လိုက်၍ ထွက်သွားခွင့်မပြုခဲ့ပါဘူး။


"ဟေး.. ရှင် ဦးနှောက်မကောင်းတော့ဘူးလား? ကျွန်မပြောပြီး ပြီလေ. အဆင်ပြေပါတယ်လို့!" လင်ရှန်း က စိတ်ရှုပ်သွားခဲ့သည်. "ရှင့်ကိုရှင် ပြန်ကြည့်ပါဦး. ရှင်က ဒဏ်ရာ ရနေတာနော်! ရှင်က သူတို့တွေနဲ့ တိုက်ချင်နေသေးတာလား? ရှင် မှာ နောက်ထပ် အခွင့်အရေးရှိမှာ မဟုတ်ဘူး! ဒီတော့ ဘာလို့ ကျွန်မကို ပြန်သွားခွင့် မပြုနိုင်ရမှာလဲ? တကယ်လို့ အကိုဝမ်ကသာ သူ့စကား သူ မတည်နိုင်ခဲ့ရင် သူဘယ်တော့မှာ ဇနီးတစ်ယောက် ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး. ဟုတ်တယ်မို့လား"


ဝမ်ဟိန်ဟူရဲ့ပါးစပ်က တွန့်ကွေးလို့သွားပြီးတော့ သူက ဆတ်ခနဲခေါင်းငြိမ့်ပြလိုက်သည်။


"တွေ့လား။ ခေါင်းဆောင် အကိုဝမ်က အသက် သုံးဆယ့်ငါးနှစ်တောင်ရှိသွားပြီ ဒီလိုမျိုး ထိခိုက်ရတဲ့ကတိကဝတ်ကို စောင့်ထိန်းဖို့ သူ့မှာ ကိုယ်ကျင့်တရားတော့ရှိပါတယ်. အဆင်ပြေမှာပါ." လင်ရှန်းက လိန်ဖန်ကို နှစ်သိမ့်သလိုဖြင့် ပြောလိုက်တယ်။


ဒီအချိန်တွင်မှာပဲ နေလုံးကြီးဝင်သွားတာ အချိန်အနည်းငယ်လေးတောင် ရှိသွားခဲ့ပါတယ်. ကောင်းကင်ထက်က ကြယ်ရောင်စုံတွေတောင် ထွန်းလင်းလက်လို့လာနေသည်. သာယာလှပတဲ့ညချမ်းလေးက လင်ရှန်းရဲ့ အရည်ရွှန်းလဲ့နေသော မျက်လုံးလေးတွေကို ရောင်ပြန်ဟပ်လို့ နေခဲ့သည်. ရှုခင်းလေးက လိန်ဖန်ရဲ့နှလုံးသားကို နူးညံ့ပျော့ပြောင်းသွားစေခဲ့သည်။


"ကောင်းပြီ" သူက ခေါင်းငြိမ့်လိုက်တယ်. သို့သော်လည်း သူက သူမရဲ့လက်ကို မလွှတ်ထားသေးပါဘူး. "ဒါပေမယ့် ငါလည်း မင်းနဲ့အတူတူလိုက်ခဲ့မယ်"


လိန်ဖန် အလွန်အမင်းဇွဲကြီးဇွဲကောင်းနေခဲ့ကတည်းက ဝမ်ဟိန်ဟူလည်း သူတို့နှင့်အတူ လိန်ဖန်ကို လိုက်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီးတော့ လိန်ဖန်ကို သူတို့တွေနှင့်အတူ တောင်ပေါ်စခန်းကို တက်ဖို့ ခွင့်ပြုလိုက်ရသည်။


သို့သော်လည်း လိန်ဖန်ရဲ့လက်အောက်ငယ်သားဖြစ်တဲ့ ယန်ရှီ က အလွန်စိုးရိမ်သွားခဲ့သည်။


"အရာရှိ ဒါက အရမ်း အန္တရာယ်များလွန်းပါတယ်. ကျေးဇူးပြုပြီးတော့ မိန်မတစ်ယောက်ကြောင့် ကျွန်တော်တို့ တာဝန်တွေကို မပျက်စီးစေပါနဲ့!"


"ငါ ဘာလုပ်နေလဲ ငါသိတယ်. စိုးရိမ်စရာမလိုဘူး. ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါ အကုန်တာဝန်ယူမယ်" လိန်ဖန်က ပြန်ပြောလိုက်တယ်. ပြီးနောက် သူ လင်ရှန်းကို ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်.


"သွားစို့!" သူ က တောင်ပေါ်ကို သွားဖို့ နောက်တွန့်လို့မနေခဲ့ပေ။


ယန်ရှီက ခေါင်းငုံ့လိုက်၍ သူ့ရဲ့ခေါင်းကို ခါရမ်းလိုက်ခဲ့ကာ သက်ပြင်းပါးပါးလေးချပြီးတော့- "မိန်းမလှတစ်ယောက်က ငါတို့တွေအားလုံးကို ဖျက်ဆီးနိုင်တာပဲ .... မိန်းမလှတစ်ယောက်က ငါတို့အားလုံးကို


ဖျက်ဆီးနိုင်တာပဲ...."


ဘယ်လိုပဲဖြစ်နေနေ လင်ရှန်းက ဒီအဖြစ်ပျက်ကိုကြည့်ပြီးတော့ အလွန်အမင်းကို စိတ်မသက်မသာဖြစ်နေရပါတယ်. အကယ်စင်စစ်တော့ သူမ က ဟယ်လောင်စန်းနဲ့ အခြားလူတွေနဲ့ ပြန်လိုက်လာခဲ့ရတာကို သူမ နည်းနည်းပင်စိတ်ရှုတ်သလိုဖြစ်နေသည်. အချို့သော အကြောင်းပြချက်လေးတွေကြောင့် အခုတော့ လင်ရှန်းဘေးနားမှာ လိန်ဖန်ရှိလာခဲ့တော့ သူမ အလွန်ပင် စိတ်ဖိစီးနေသလို ဖြစ်သွားသည်။


လိန်ဖန် သူမကို မြင်လိုက်တဲ့အချိန်တုန်းက သူမကို ချက်ချင်း မှတ်မိသွားတယ်ဆိုတာပြောနိုင်ပါတယ်. 'တစ်ချက်လေးကြည့်လိုက်ရုံနဲ့ သူ ဘယ်လိုလုပ်ပြီး သူမ ကို ဒီလောက်မြန်မြန်ကြီး မှတ်မိနိုင်ရတာလဲ'


ဖြေရှင်းချက်ကတော့ တစ်ခုတည်းသာလျင် ရှိနိုင်ပါတယ်. သူက သူမ ကို အစောကြီးကတည်းက မိန်းကလေးတစ်ယောက်မှန်း သိနေခဲ့တာပဲ။


ဒါက လင်ရှန်း တုဟောင်ရဲ့မတော်တဆမှု အဖြစ်အပျက်ကို ပြန်ပြီး အမှတ်ရသွားစေတယ်. အဲဒီနေ့က သူမရဲ့အဝတ်အစားတွေကို လဲပေးခဲ့သူက လိန်ဖန်ပဲ ဖြစ်မယ်. ဒီအကြောင်းကိုတွေးပြီးတော့ သူမ မျက်နှာပင် သွေးရောင်နီမြန်းလာတော့သည်။


သူမ ရုတ်တရက်ကြီး ရပ်လိုက်ပြီး နောက်ကိုပြန်လှည့်ကြည့်ကာ သူ့ကို စူးစိုက်ကြည့်လိုက်တဲ့ အချိန်တွင်တော့ လိန်ဖန်က လင်ရှန်းရဲ့နောက်က​ေန ​လိုက်လာခဲ့သည်. သူ စိတ်ရှုတ်ထွေးသွားတော့သည်. ဒါပေမယ့် သူတို့တွေ မျက်လုံးချင်းဆုံမိသွားလိုက်တော့ သူမရဲ့ပါးမို့မို့ တွေက ရှက်သွေးဖြာနေခဲ့တာကို သူ သတိထားမိသွားသည်။


လိန်ဖန်က သူမကို မိန်းခလေးတစ်ယောက်လိုမျိုး ကြည့်ရှုနေရတာက ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်သလဲဆိုတာကိုတော့ လိန်ဖန် မရည်ရွယ်ခဲ့ပေမယ့် သတိထားမိပါတယ်. သူ ဘယ်လိုမျိုး ပြန်တုံ့ပြန်ရမှန်းတောင် မသိတော့ဘဲ အကူအညီမဲ့နေသလို ခံစားလိုက်ရသည်။


ဒီမြင်ကွင်းအခိုက်အတန့်လေးကို ဟယ်လောင်စန်းရဲ့မျက်စိတွင် ဖမ်းမိသွားတော့ သူ့မှာ အလွန်တရာကို မနာလိုဝန်တိုနေသောစိတ်တွေကြီးစိုးလာခဲ့သည်. 'ဒီသောက်ကောင်. လမ်းမပေါ်မှာတောင် သူက အချစ်အရိပ်လက္ခဏာတွေနဲ့ ပိုးပမ်းဖို့တောင် ကြိုးစားရဲသေးတယ်ပေါ့? ငါ့ တစ်ယောက်လုံး ရှိနေတာတောင် ဒီကောင်က ထည့်ဂရုမစိုက်နိုင်တော့ဘူးလား? ဒါ့ကြောင့် သူက ရှေ့တည့်တည့်ကို အလောသုံးဆယ်ပြေးသွား၍ လင်ရှန်းကို စိတ်အားထက်သန်စွာဖြင့်‌ ပြောလိုက်တယ်.- "အချစ်လေး.. တောင်ပေါ်လမ်းတွေက လမ်းလျောက်သွားဖို့ လွယ်ကူမှာ မဟုတ်ဘူး၊ သေချာဂရုစိုက်ပြီး ကြည့်သွားအုံးနော်"


'အမ်. ငါ့ ကိုယ်ခန္တာတစ်ခုလုံးတောင် လူတစ်ယောက်လုံးက မြင်တောင်မြင်ပြီးသွားပြီ! ကြည့်ရမှာလား? ရှင့်ကိုယ်ရှင်ပဲ ပြန်ကြည့်လိုက်တော့! လင်ရှန်းက စကားတစ်ခွန်းမှ ပြန်ပင်မဆိုခဲ့ပေမယ့် သူ့ကို သတ်တော့ဖြတ်တော့မလို စိုက်ကြည့်လိုက်ပြီးတော့ ပြေးထွက်သွားလိုက်သည်. သနားစရာကောင်းတဲ့ လောင်စန်းကတော့ တစ်ယောက်တည်း ကျန်နေခဲ့ရရှာပါတယ်. နောက်ထပ်တစ်ကြိမ်ထပ်ပြီးတော့ သူ့ရဲ့ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေမှုက ယိုင်နဲ့၍လှုပ်ခါသွားတော့သည်. ပြီးနောက် သူ က ပြန်လှည့်လိုက်ကာ သူ့နဲ့ ဆုံရန် ရှောင်တိမ်းဖို့ ကြိုးပမ်းနေတဲ့ လိန်ဖန်ကို လှမ်းဆွဲလိုက်သည်။


"ငါ မင်းကို ပြောလိုက်မယ်. ငါ့ရဲ့ မိန်းကလေးကို လာပြီးပတ်သတ်ရဲ ပတ်သတ်ကြည့်လိုက်စမ်း ! မဟုတ်လို့ကတော့......"


"ငါ့ လမ်းကနေ ဖယ်ပေးစမ်း" လိန်ဖန်က အေးတိအေးစက်ဖြင့် ပြန်ပြောလိုက်သည်. သူ့ရဲ့ အတွင်းအားတွေကို သုံးပြီးတော့ ဟယ်လောင်စန်းရဲ့လက်တွေကို သူကိုယ်တိုင်ပင် တွန်းဖယ်လိုက်သည်. လိန်ဖန် နောက်ထပ်ပြန်၍ပင် ထပ်လှည့်မကြည့်တော့ဘဲ လင်ရှန်းရဲ့နောက်ကို လိုက်သွားတော့သည်။


သနားစရာအကောင်းဆုံးလူကတော့ လောင်စန်းပင်ဖြစ်တော့သည်. ဒါက သူ့ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စိတ်ကြီးဝင်နေမှုကို အငွေ့ပျံသလိုပဲ ပျောက်ပျက်သွားတော့သည်. အခုထက်ထိပင် ဝမ်ဟိန်ဟူက သူ့ကို ပြန်တိုက်ခိုက်ခွင့်မပြုခဲ့ပါဘူး. - "ခေါင်းဆောင်အကိုကြီး....." သူက ညည်းညူလိုက်တော့သည်။


"ဘာအကိုကြီးလဲ? ဒီအချိန်က သေရေးရှင်ရေးဖြစ်နေတဲ့ အချိန်ပဲ. မိန်းမတစ်ယောက်ကြောင့် ငါတို့ကို ပြဿနာတက်အောင် လာလာ မလုပ်စမ်းပါနဲ့!" ဝမ်ဟိန်ဟူ ဆူပူကြိမ်းမောင်းလိုက်ပြီးတော့ အဝေးကို ထွက်သွားလိုက်သည်။


သူ့ရဲ့နောက်မှ ညီနောင်တစ်စုက ဟယ်လောင်စန်းရဲ့ကျောကို ဖွဖွပုတ်လိုက်သည်။


"ဒုခေါင်းဆောင်. အရမ်းကြီးလဲ စိတ်မကောင်းဖြစ်မနေပါနဲ့. မျက်နှာဖုံးတပ်ထားတာတောင်မှ ဒီလူက ဒုခေါင်းဆောင်ထက်ပိုပြီးတော့ သာတယ်. အဲဒါကို လက်ခံလိုက်ပြီးတော့ စိတ်လျော့ထားလိုက်ပါတော့"


"ဒုခေါင်းဆောင်.. အကို့ယပ်တောင်ကို လုံခြုံတဲ့နေရာတစ်ခုမှာပဲ ထည့်ထားလိုက်ပါ​​ေတာ့၊ အဲဒါက အနာဂတ်ကျရင် အသုံးဝင်လာလိမ့်မယ်လို့ ကျွန်တော်သေချာကြီး ပြောရဲပါတယ်"


"ဒုခေါင်းဆောင်. ခင်ဗျားက ခေါင်းဆောင်နဲ့ ပိုပြီး တူအောင်နေသင့်တယ်၊ သူဆို အသက် သုံးဆယ်တောင်ရှိနေပြီ, အလျင်မလိုသေးဘူး၊ ဘာလို့ ခင်ဗျားက အရေးတကြီးဖြစ်နေရတာလဲ"


ဝမ်ဟိန်ဟူက သူတို့တွေ သူ့ရဲ့ရှေ့ကနေ ပြောတာကြားရတော့ သူ့ရဲ့မျက်နှာ သိသိသာသာ ပျက်ယွင်းသွားရရှာပါတယ်။


သူတို့ စခန်းကို ပြန်ရောက်တဲ့ အချိန်မှာတော့ ကောင်းကင်က လုံးလုံးအမှောင်ကျလို့သွားပါပြီ. ဝမ်ဟိန်ဟူ က ဆင်းရဲစွာ ကြီးပြင်းလာခဲ့ရပေမယ့်လည်း သူက ရိုးသား​ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့ သူ့ စကားကို သူတည်တဲ့သူတစ်ယောက်ပါ. သူက လိန်ဖန်ကို အလွန်ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့ပါတယ်။


"အရာရှိ. ကျုပ်တို့ ညီနောင်တွေက ခင်ဗျားတို့လို စစ်သူကြီးတွေလောက် ကောင်းကောင်းမနေနိုင်ပါဘူး. ဒီညတော့ ကျုပ်အခန်းမှာပဲ ခင်ဗျားကို ဒုက္ခခံ ခိုင်းရတော့မှာပဲ၊ မနက်ဖြန်မနက် ကျုပ်တို့တွေ ဆွေးနွေးပြီးသွားတဲ့အခါကျမှပဲ ကျုပ် ကိုယ်တိုင်ကိုယ်ကျ ခင်ဗျားတို့နှစ်ယောက်လုံးကို တောင်အောက်ကို လိုက်ပို့ပေးပါ့မယ်"


"ကျေးဇူးတင်ပါတယ်. ဂိုဏ်းခေါင်းဆောင်၊ ဒါပေမယ့် ဒီညတော့ ကျုပ် သူနဲ့ပဲ အတူတူနေမယ်" လိန်ဖန်က လင်ရှန်းကို ကြည့်လိုက်ပြီးတော့ ပြန်ပြောလိုက်သည်။


'ဘာ' လင်ရှန်း ရင်ထိတ်သွားပြီးတော့- "ရ..ရှင်..ရှင်.....ရှင်က ဘာလို့ ကျွန်မနဲ့ အတူတူနေမှာလဲ။ ကျွန်မ အိပ်ရဦးမယ်လေ!"


သူမကို လိန်ဖန် အဝတ်လဲပေးတဲ့အကြောင်းကို တွေးလိုက်ပြီးတော့ သူမရဲ့ပါးပြင်မို့မို့နှစ်ဖက်လုံးပင် ပန်းရောင်သန်းသွားတော့သည်။


ဝမ်ဟိန်ဟူက အံအားသင့်သွားပြီးတော့- "အရာရှိ. ပုံမှန်အရဆိုရင်တော့ ခင်ဗျားကြိုက်တဲ့နေရာမှာ အိပ်လို့ရပါတယ်၊ ဒါပေမယ့် ခင်ဗျားနဲ့ မိန်းကလေးစုန့်နဲ့က...."


"ဘာမှထပ်ပြောစရာ မလိုဘူး၊ ဒါကို ဆုံးဖြတ်ပြီးသွားပြီ။" လိန်ဖန်က သူ့ရဲ့စကားကို ဖြတ်ချလိုက်သည်. လင်ရှန်း ထပ်တွန့်မတက်ခင် မှာ သူက သူမလက်ကို ဆွဲကိုင်၍ သူမ ကို လှေခါးထစ်ပေါ်သို့ ဆွဲခေါ်သွားတော့သည်။


"ဟေး! ခေါင်းဆောင်အကိုကြီး. သူတို့ကို ထွက်သွားခွင့်မပေးလိုက်နဲ့....." ဟယ်လောင်စန်းက ဒေါသထောင်းခနဲထသွားပြီးတော့ သူ့ရဲ့ဓားနှင့်အတူ အပြေးလိုက်သွားရန် လုပ်လိုက်သည်. ဒါပေမယ့်


ဝမ်ဟိန်ဟူက သူ့ကို တားမြစ်လိုက်ပါတယ်။


"မင်း ဘာတွေလုပ်နေတာလဲ? ဓားကို အောက်ချလိုက်စမ်း!"


"ခေါင်းဆောင်အစ်ကိုကြီး!" ဟယ်လောင်စန်းက အလွန်စိုးရိမ်ကြောင့်ကြသွားပြီးတော့ သူငိုတောင် ငိုချတော့ပါမယ်. "လင်ရှန်းက သဘောမတူဘူးဆိုတာ ခေါင်းဆောင်မတွေ့. တွေ့ဘူးလား?"


"သဘောတူတူ..မတူတူ. အဲဒါက မင်းကိစ္စမဟုတ်ဘူး! ဒါက ရည်းစားထားတာလို့ ခေါ်တယ်! မိန်းကလေးငယ်ငယ်လေးက သူမထက်မြင့်တဲ့လူကိုပဲ ကြိုက်တာ၊ မင်းကို ကြိုက်တာမဟုတ်ဘူး၊ သူ့ကို ကြည့်လိုက်တိုင်း မင်း မျက်နှာက နီနီသွားတယ်! ဒါ့အပြင်ကို မင်းက စကားပြောတာကလဲ တော်တော် အ ထစ်သေးတယ်၊ ဘယ်လို မိန်းကလေးမျိုးက မင်းကို လက်ထပ်ချင်မှာလဲ!?"


"အိုး......!" ညီနောင်တစ်တွေက ဉာဏ်အလင်းပေါက်သွားကြပြီးတော့ အံအားသင့်စွာဖြင့် အော်လိုက်ကြသည်။


'ဒီတော့ အဲဒါက ချစ်သူရည်းစားထားတယ်ဆိုတာလား! ခေါင်းဆောင်အစ်ကိုကြီးမှာ အတွေ့ကြုံတွေ အများကြီးရှိတာပဲကိုး၊ နောက်ဆုံးတော့လဲ သူ့ရဲ့ အသက်သုံးဆယ်လုံးလုံးကို အလဟားသတ် မဖြစ်စေခဲ့ဘူးပဲ!'


"လွှတ်ပေး! ကျွန်မပြောနေတယ်လေ. ကျွန်မကို လွှတ်ပေးလို့!" လင်ရှန်း က လိန်ဖန်ကို သိကျွမ်းလာတာ အခုဆိုရင် အတော်လေးကြာခဲ့ပေမယ့် ဒီလိုမျိုး သူ့ရဲ့တစ်ခြားဘက်ခြမ်းကို မမြင်ဖူးခဲ့ပါဘူး. သူမ လက်ကို လွှတ်မပေးတဲ့အတွက်ကြောင့်မို့လို့ သူမ ဒေါသထွက်လာခဲ့သည်. ထို့ကြောင့် လင်ရှန်းက လိန်ဖန်ဆီကို သူမကိုယ်သူမ ပစ်ဝင်လိုက်ပြီးတော့ လိန်ဖန်ရဲ့လက်ကို သွားဖြင့် ကိုက်ချလိုက်တော့သည်။


သူမ က ညင်ညင်သာသာ ကိုက်ခဲ့တာ မဟုတ်ပါဘူး. သွေးကြောတွေတောင်ပေါက်နေရပါပြီ. ဒါပေမယ့် လိန်ဖန် က လျစ်လျူရှုထားခဲ့ပါတယ်. သူက သူမကို လွှတ်ပေးဖို့ ငြင်းဆန်နေတုန်းပါပဲ။


နောက်ဆုံးတော့ လင်ရှန်းတစ်ယောက် လက်လျော့လိုက်ခဲ့ပြီး ညည်းညူလိုက်သည်.-


"လိန်အကိုကြီး၊ အရာရှိလိန်၊ လိန်ခေါင်းဆောင်၊ ကျေးဇူးပြုပြီးတော့ လွှတ်ပေးပါလား။ ကျွန်မရဲ့လက်က ကျိုးတော့မယ်...."


သူမ စကားမဆုံးသေးခင်မှာပဲ မယုံနိုင်လောက်အောင်ပင် လိန်ဖန် က လွှတ်ချလိုက်ပြီးတော့ နောက်ပြန်လှည့်လိုက်ပြီးတော့ သူမကို ကြည့်ရှုလိုက်သည်။


လင်ရှန်းက သူမရဲ့ လက်ကောက်ဝတ်ကို နှိပ်နယ်လိုက်ပြီးတော့ မကျေမနပ်ဖြင့် ကျိန်ဆဲနေလိုက်သည်. ရုတ်တရက် သူမ အကြည့်တစ်ခုကို ခံစားလိုက်ရတော့ သူမ ခေါင်းကိုမော့ကြည့်လိုက်တော့ သူမကို တည့်တည့်ကြီး စူးစူးစိုက်ကြည့်နေတဲ့ လိန်ဖန်ကို ကြည့်ရတာကတော့ သူ က သူမ ကို ဖောက်ထွင်းမြင်ဖို့ ကြိုးစားနေတဲ့ပုံပါပဲ။


လင်ရှန်း စိတ်ထဲတွင် မသိုးမသန့်ဖြစ်သွားပြီးတော့ သူမရဲ့မျက်နှာအမူအရာက တောင့်တောင့်ကြီးဖြစ်သွားခဲ့တယ်. သူမက ရှေ့ကို လက်ညိုးထိုးလိုက်ပြီးတော့ ပြောလိုက်တယ်.- " ကျွန်မအခန်းက ဒီလမ်းပဲ!" ပြီးနောက် လိန်ဖန် အနည်းငယ်လေး အာရုံပြောင်းနေခဲ့စဉ်တွင် သူမ တံခါးဆီသို့ ပြေးသွားလိုက်ပြီး သူမ တစ်ယောက်တည်း ပြေးဝင်သွားခဲ့သည်။


သူမ တံခါးမပိတ်နိုင်သေးခင်မှာပဲ လက်တစ်ဖက်က သူမ ကိုတားလိုက်ပါတယ်. သူမရဲ့ သွားကိုက်ရာအကွင်းလိုက်အရာကြီးကို မြင်နိုင်နေတုန်းပါပဲ. လင်ရှန်းတစ်ယောက် ပိုလို့တောင် အပြစ်ရှိသလိုခံစားလိုက်ရသည်. သူမ သိလိုက်တဲ့နောက်ထပ်အရာကတော့ တံခါးပေါက်က လုံးလုံးလျားလျားပွင့်လို့သွားခဲ့ပြီးတော့ လိန်ဖန် က အခန်းထဲကို တည့်တည့်မတ်မတ်ကြီး ​လျှောက်ဝင်လာခဲ့လိုက်သည်။


လင်ရှန်းတစ်ယောက် တုန်လှုပ်လို့သွားပြီး သူမ နောက်ကို ခြေလှမ်းအနည်းငယ်လောက်တောင် ဆုတ်လိုက်မိသွားသည်. သူမ ထွက်ပြေးလိုက်ချင်ပေမယ့် သူမ အရမ်းနှေးနေခဲ့ ပါတယ်. လိန်ဖန်က သူမရဲ့အင်္ကျီကော်လံစကို ဖမ်းဆွဲလိုက်၍ အင်အားအနည်းငယ်မျှ သုံးလိုက်ပြီးတော့ သူမ ကို သူ့ရဲ့အနားကို ဆွဲခေါ်လိုက်ပါတယ်။


လင်ရှန်းတစ်ယောက် သူမရဲ့ခါးတွင် တင်းကျပ်စွာခံစားလိုက်ရပြီး သူမရဲ့တစ်ကိုယ်လုံးက လေထဲတွင် ချာချာလည်သွားခဲ့ပါတယ်. ဝင်ပေါက်ရဲ့နောက်တွင် သူမ ကြမ်းပြင်ပေါ်သို့ တွန်းလှဲချခံလိုက်ရတော့သည်။


ကြမ်းခင်းက နှစ်များစွာကတည်းက အံဝင်ခွင်ကျဖြစ်လာခဲ့တော့ တကျွိကျွိမြည်သွားတော့သည်. ကြမ်းခင်းနဲ့ ထိလိုက်လျင်ချင်းချင်း လင်ရှန်း ကိုယ်ချစ်ချစ်တောက်ပူလောင်လာသလို ဖြစ်သွားသည်. လိန်ဖန်ရဲ့ရှည်လျားတဲ့ခြေထောက်နှစ်ချောင်းက တစ်လက်မချင်းပိုလို့နီးကပ်လာခဲ့ပြီး သူ့ရဲ့အရိပ်က သူမ အပေါ်ကို ဖုံးကွယ်သွားခဲ့သည်။


ငွေမျက်နှာဖုံးကို ကြည့်ရတာ ဒီလိုမျိုးမီးမထွန်းထားသောအခန်းထဲတွင် အလွန်ပင်အေးစက်နေပုံရပါတယ်. သူ့ရဲ့စူးရဲတဲ့မျက်လုံးအစုံကတော့ ဆန့်ကျင်ဖက် ဖြစ်နေလို့နေမှာတော့ အတိအကျပါပဲ. ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်လို့နေမှာတော့ အထင်အရှားပင်။


ဒီအချိန်အခိုက်အတန့်မှာပဲ လင်ရှန်းတစ်ယောက် သူမ တစ်ယောက်တည်း တွေးတောလိုက်မိတော့သည်. 'ဒီအဖွားအိုကြီးကလေ ရှင့်အတွက် သူမကိုယ်သူမ ပေးအပ်ချင်နေတာနော်၊ တကယ်လို့ ရှင် ကျွန်မကို နမ်းရဲရင် နမ်းကြည့်လိုက်စမ်းပါ. ကျွန်မ ကိုယ်ကျွန်မ ရှင့်ကို ခွင့်ပြုပေးလိုက်တော့မယ်!'


ဝမ်းသာလုံးဆို့နေသော နှလုံးသားတစ်ခုလုံးဖြင့် သူမ မျက်လုံးတွေကို စုံလုံးပိတ်ချလိုက်တော့သည်။


End....