Chapter 39 **Warning A Little Bit
Viewers 11k

အပိုင်း(၃၉)**

**Warning A Little bit


လင်ရှန်း တစ်ယောက် ရုတ်တရက်ကြီး မျက်စိနှစ်လုံးကို စုံမှိတ်ပိတ်ချလိုက်မယ်လို့ လိန်ဖန် မထင်ထားခဲ့တော့ သူ အနည်းငယ်လေးပင် ကူရာမဲ့သွားသလို ဖြစ်သွားသည်။


အလင်းရောင်မှိန်ပျပျလေးက တံခါးကနေဖြတ်သန်းဝင်လာခဲ့တာက လင်ရှန်းကို ဝိုးတိုးဝါးတား​လေး မြင်လို့ရစေသည်. အချစ်နဲ့ပတ်သတ်လာရင် တွေ့ကြုံဖူးခြင်း


မရှိခဲ့သော လိန်ဖန်တစ်ယောက်တော့ နှလုံးသားတွင် လွန်စွာမှစိတ်လှုပ်ရှားရင်ခုန်နေခဲ့သည်. အဲဒါက သူ့ကို အဆုံးစွန်ထိလုပ်ဆောင်စေရန် တွန်းအားပေးလို့နေခဲ့ပါတယ်. သူမကို သူ တကယ်ပင် နမ်းရှိုက်ချင်နေခဲ့သည်. ဒါပေမယ့်လည်း သူ့ရဲ့ကိုယ်ကျင့်တရားက သူ့ဆန္ဒသိက္ခာတွေကို ချုပ်တည်းထားဖို့သာ နိုးဆော်တိုက်တွန်းလို့နေခဲ့သည်။


'ကျွန်မကို နမ်းလိုက်ပါတော့လား! ဘာလို့ ရှင် မနမ်းသေးရတာလဲ? တကယ်လို့ ရှင် ကျွန်မကို မနမ်းတော့ဘူးဆိုရင်လဲ၊ ကြည့်နေ၊ ကျွန်မကဘဲ ရှင့်ကို နမ်းပစ်လိုက်မှာနော်!' စိတ်ထဲတွင်တော့ လင်ရှန်းတစ်ယောက် စိတ်မရှည်စွာအော်ဟစ်လို့နေသည်. နောက်ဆုံးတော့ သူမ နောက်ထပ်စိတ်မရှည်နိုင်တော့ဘဲ သူမရဲ့မျက်လုံးတွေကို ဖွင့်လိုက်တော့သည်။


သူမရဲ့မျက်လုံးတွေကို ဒုတိယအကြိမ် ဖွင့်လိုက်သည့်အခါတွင်တော့ လိန်ဖန်က သူမကို ဖြေလျော့ပေးလိုက်၍ စားပွဲခုံပေါ်မှမီးအိမ်ကို ထွန်းညှိရန် လှည့်ထွက်သွားလိုက်သည်။


မီးအိမ်ကို မီးထွန်းညှိလိုက်ရုံဖြင့် အခန်းတစ်ခန်းလုံးက လင်းထိန်လို့လာခဲ့သည်. အနမ်းတစ်ခုကိုသာ တက်မက်မောစွာ စောင့်မျှော်နေသော လင်ရှန်းတစ်ယောက် ဒေါသတွေကထိန်းမနိုင်အောင်ပင် ချက်ချင်းအစားထိုးလို့သွားသည်. 'ဘယ်လို ဝဋ်ကြွေးမျိုးလဲ!! ပထမ..ရှင် ကျွန်မအဝတ်စားတွေ လဲပေးခဲ့တယ်၊ ပြီးတော့ ရှင် ကျွန်မကို မတွေ့အောင်ပုန်းနေတယ်၊ အခုတော့ ရှင်က ကျွန်မကို ကြမ်းပြင်ပေါ်ကို တွန်းလှဲချလိုက်ပြီးတော့မှ ကျွန်မကို အခွင့်အရေးယူသွားတယ် အဲလိုလုပ်ပြီးတာတောင် ရှင်က ကျွန်မကို အနမ်း မပေးတော့ဘူးတဲ့လား? ရှင် ကျွန်မကို တကယ်ပဲ ကြိုက်တာလား၊ မကြိုက်တာလား!'


'မိန်းမတစ်ယောက်ရဲ့နှလုံးသားကို နားလည်နိုင်ဖို့က ဟိုးသမုဒ္ဒရာအောက်ခြေထိအောင်ရောက်ရှိနေတဲ့ ခေါက်ဆွဲမျှင်တစ်ဖက်ကို ကြည့်နေရတာနဲ့ အတူတူပဲလို့ ပြောကြသည်.' ဒါပေမယ့်


လင်ရှန်း ကတော့ ယုံကြည်နေပါတယ်. ဒီနေရာမှာ ယောက်ျားတစ်ယောက်ကိုပဲ အစားထိုးပြီးတော့ ဖော်ပြလိုက်ဖို့ဘဲ သုံးလိုက်သင့်တယ်လို့ပါပဲ။


'မင်း ငါးမမျှားဖူးရင်တော့ မင်း ငါး မျှားဖူးလို့ရလာတဲ့ ခံစားချက်ကို သိမှာမဟုတ်ဘူးတဲ့. မင်း ငါးကို ဖမ်းမိသွားပြီလို့ တွေးမိလိုက်တဲ့အချိန်မှာတော့ အဲဒါက မျက်စိ တစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်လို့သွားရောပေါ့..... ဒါက ဘယ်လို ခံစားချက်မျိုးကြီးလဲ'


သူမကိုယ်တိုင်တောင်မှ အဲဒီ ခံစားချက်ကြီးကို ရှင်းလင်းစွာနားမလည်ခဲ့တော့ပေ. သူမ ခံစားရတာအားလုံးက စိတ်ပျက်ပြီးအားမလိုအားမရ အလိုမကျဖြစ်နေတာပါပဲ. အဲဒါ က မျက်နှာဖုံးတပ်ထားသော လိန်ဖန်ရဲ့စိတ်ခံစားချက်တွေကို ဘာတစ်ခုမှဖတ်လို့မရနိုင်အောင်ပင် စိတ်အနှောက်အယှက်ဖြစ်လို့နေခဲ့သည်။


"ကျွန်မ ပင်ပန်းနေပြီ၊ ကျွန်မ အိပ်ချင်နေပြီ." သူမ က စိတ်ဆိုးစွာဖြင့် အဆိုပြုလိုက်သည်။


"ကောင်းပြီ" လိန်ဖန်ကလဲ မာဆတ်ဆတ်ဖြင့် ပြန်ပြောလိုက်တယ်။


"ကျွန်မပြောနေတယ်လေ ကျွန်မ အိပ်ချင်နေပြီလို့!" လင်ရှန်းက သူမရဲ့အသံနှုန်းကို မြှင့်၍ပြောလိုက်သည်. "ကျေးဇူးပြုပြီး. ထွက်သွားပါတော့"


"မင်း လုံခြုံစိတ်ချရဖို့ ငါ ဒီအခန်းထဲကထွက်သွားမှာ မဟုတ်ဘူး" လိန်ဖန်က မတုန်မလှုပ်ပင် ပြောလိုက်သည်။


သူ့ရဲ့ တည်ငြိမ်အေးဆေးစွာ တုံ့ပြန်လိုက်မှုကြောင့် လင်ရှန်းတစ်ယောက် ပိုလို့ပင် စိတ်အနှောက်အယှက် ဖြစ်လို့သွားပြီးတော့ သူမ ပြန်၍ချေပလိုက်တယ်. " ရှင်က ယောကျ်ားလေးတစ်ယောက်လေ. ကျွန်မက မိန်းကလေးတစ်ယောက်ပဲ. ကျွန်မတို့ကြားမှာ ဘာရင်းနှီးကျွမ်းဝင်မှုမှ မရှိဘူးလေ၊ ဘာလို့ ကျွန်မ အိပ်နေတုန်း ရှင်က အခန်းထဲမှာ ရှိနေရမှာလဲ? ထွက်သွားပေးပါတော့!"


"မင်းက မိန်းကလေးတစ်ယောက်ဆိုတာကိုတော့ သတိရသေးတယ်ပေါ့? လိန်ဖန်ကရွဲ့ပြောလိုက်တယ်. "မင်းက ယောကျ်ားလေးတွေ တစ်ဖွဲ့ကြီးနဲ့တောင် ဒီလောက်အချိန်အကြာကြီး အတူနေလာခဲ့တာကိုတော့ မကြောက်ဘဲနဲ့၊ မင်းက ငါ့ကို ကြောက်နေတာလား"


"ရှင်!" လင်ရှန်း အလွန်စိတ်ဆိုးလို့သွားလို့ ဘာတစ်ခွန်းမှ ပြန်မချေပနိုင်တော့ပါဘူး. "ပြီးရော၊ ရှင် နေ ချင်တယ်ဆိုလဲ နေလိုက်တော့! ရှင် ကြိုက်သလောက်သာ နေလိုက်! ကျွန်မ ရှင့် ကို ဂရုမစိုက်​တော့ဘူး!" ပြီးနောက် သူမ ဒေါသမုန်တိုင်းထန်စွာဖြင့် အိပ်ရာဝင်လိုက်တော့သည်။


တူညီသောအမိုး​ပြားတစ်ခုအောက်ထဲတွင် လူတွေအလွန်များပြားစွာ အတူနေထိုင်နေတာကြောင့် လင်ရှန်းခမျာ အိပ်ပျော်ဖို့ အလွန်ခက်ခဲနေခဲ့တယ်. ဒါ့အပြင် သူမ မျက်လုံးမှိတ်လိုက်တိုင်း ဒီလူအကြောင်းကိုပဲ တွေးတောနေမိပြန်​ပါတယ်. အချိန်အတော်ကြာသည်အထိ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်လုပ်ပြီးနောက် သူမရဲ့နားကနေပြီး လှုပ်ရှားသံတွေကို နားစွင့်ရန် ကြိုးစားလိုက်သည်။


နောက်ဆုံးမှာတော့ သူမရဲ့သိလိုစိတ်ကို နောက်ထပ်ထပ်ပြီး သည်းညည်းမခံနိုင်တော့ဘဲ မျက်လုံးဖွင့်ကြည့်လိုက်၍ သူမ ရဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်မိလိုက်တော့တယ်။


လိန်ဖန်က ထိုင်လျက်အနေအထားဖြင် စားပွဲခုံဘေးတွင်ရှိနေတာကို လင်ရှန်း တွေ့ရသည်. ကြည့်ရတာတော့ သူ အိပ်ပျော်နေပုံ ရပါတယ်. ဘာ့ကြောင့်ဆိုတော့ သူက မလှုပ်မလျက်ဘဲ ငြိမ်သက်နေလို့ပါ။


'ဪ..ငတုံးကြီး! ကျွန်မမှာတော့ ရှင့်ကြောင့် အိပ်လို့တောင်မရဘူး.. ရှင်ကတော့ ထိုင်လျက်နဲ့တောင် အိပ်ပျော်နိုင်သေးတယ်ပေါ့! အိပ်.. အိပ်..အိပ်! အိပ်ပြီးပဲ သေလိုက်တော့!' လင်ရှန်း က လိန်ဖန်ကို မျက်နှာမူလိုက်ပြီးတော့ ခေါင်းအုံးနဲ့တောင် သူ့ကို ပစ်ပေါက်ချင်နေမိသွားသည်. ဒါ ပေမယ့် သူမမှာက ခေါင်းအုံးတစ်လုံးထဲရှိတာကို တွေးလိုက်ပြီးတော့ မပစ်ပေါက်လိုက်တော့ပေ။


ခဏလောက် စဉ်းစားချိန်ဆလိုက်ပြီးတော့ စိတ်ရှုးပေါက်စွာဖြင့် ခေါင်းအုံးကို တစ်ဖက်သို့လှန်လိုက်ပြီး - 'ဟွန့်! ရှင်တောင် အိပ်ပျော်နိုင်သေးတာပဲ ကျွန်မ လဲ အိပ်ပျော်နိုင်ရမှာပေါ့! ဘယ်သူက ပိုပြီးတော့ အိပ်ပျော်နိုင်လဲလို့ ကြည့်လိုက်ရအောင်လေ!'


သူမရဲ့ "အလောင်းအစား" က တကယ်ပင် သူမကို အိပ်မောကျသွားအောင် လုပ်နိုင်ခဲ့ပါတယ်။


လင်ရှန်းတစ်ယောက် အိမ်မက်မက်နေခဲ့ပါတယ်. သူမ၏အိမ်မက်ထဲတွင် သူမက မြည်းတစ်ကောင် ဖြစ်လို့သွားပြီးတော့ သူမက မုန်လာဥတစ်လုံးနောက်သို့ ကောက်ကောက်ပါအောင် လိုက်လို့နေပါတယ်. ပြေး. ပြေး. ပြေး! ပြေးရင်းနဲ့ သူမ အမောဆို့ပြီးတော့ အားအင်ကုန်ခမ်းတဲ့အထိကို အပြေးလိုက်နေခဲ့သည်. နောက်ဆုံးတွင် သူမကိုယ်တိုင် မုန်လာဥကြီးဆီသို့ ပစ်ဝင်လိုက်တော့သည်. 'မိပြီ!'


သူမ အရမ်းကို ပျော်ရွှင်နေခဲ့သည်. သူမ မုန်လာဥကို တစ်ကိုက်လောက်ဖြစ်ဖြစ် ကိုက်မလို့ လုပ်လိုက်တော့ ကြိုးတစ်ချောင်းက မုန်လာဥကို ချည်နှောင်ထားတာကို သူမ သတိထားမိသွားသည်. ပြီးတော့ အဲဒီကြိုးကို ကိုင်ထားတဲ့သူကတော့ လိန်ဖန် ဖြစ်နေခဲ့သည်. သူက သူမ ကို လက်ဝေ့ရမ်းပြနေခဲ့သည်။


'ဘာတွေလဲ! လင်ရှန်းတစ်ယောက် အံဩဘနန်းကြီးစွာဖြင့် အိပ်မက်မှ လန့်နိုးလာခဲ့သည်. သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အပြင်ဘက်ကောင်းကင်မှအလင်းရောင်မှိန်မှိန်လေးထွက်နေသည်. သူမ အိပ်ရာထက်မှ ထထိုင်၍လိန်ဖန်ကို ကြည့်မိလိုက်သည်။


လိန်ဖန်က မနေ့ညကအတိုင်း တူညီတဲ့အနေအထားဖြင့်ပင် ရှိနေသည်. ကြည့်ရတာကတော့ သူက တစ်လက်မလေးတောင် မရွေ့တဲ့အတိုင်းပင်. သူ့ရဲ့ဘေးမှာတော့ သူ့လက်ထဲကနေ ဘယ်တုန်းကမှ လွှတ်မထားခဲ့သော ရွှေဓားရှည်က ရှိနေသည်။


အလင်းရောင်ကြောင့်ပဲလား ဒါမှမဟုတ် သူမရဲ့တစ်ရေးနိုးလာ၍ အိပ်ချင်မူးတူး ဖြစ်နေလို့ကြောင့်လားတော့မသိပေ. လင်ရှန်းတစ်ယောက် ရုတ်တရက် ဓားရှည်က ဧရာမ မုန်လာဥကြီးတစ်လုံးလို့ ထင်မိသွားတော့တယ်. တကယ်လို့များ သူမ မြင်တဲ့အရာကြီးဟုတ်နိုင်မလားလို့..သူမ တဖြည်းဖြည်းရှေ့တိုးကြည့်ချင်သွားကာ ......


လင်ရှန်းတစ်ယောက် အိပ်မက်မက်နေစဉ်မှာပဲ လိန်ဖန်တစ်ယောက်လဲည်းလိုက်၍ အိပ်မက်မက်နေခဲ့သည်. မနေ့ညက သူကိုယ်တိုင် ဖြစ်ပျက်ခဲ့သယောင် စိတ်ကူးယဉ်ဆန်စွာဖြင့် အိပ်မက်မက်နေခဲ့သည်. သူ့ စိတ်ထဲတွင် နေ့ရောညပါတွေးတောနေခဲ့ရသော မျက်နှာလေးတစ်ခုက တစ်လက်မချင်း တစ်လက်မချင်း နီးကပ်လို့လာခဲ့သည်. သူမရဲ့မျက်လုံးလေးတွေက တင်းကျပ်စွာမှိတ်ထားခဲ့ကာ သူမရဲ့ သေးငယ်ပြီးသိမ်မွေ့နူးညံ့နေသော နှာခေါင်းထိပ်ဖျားလေးက စိတ်လှုပ်ရှားလွန်းတာကြောင့် ရွံ့တွရွံ့တွ ဖြစ်လို့နေ၍ သူမရဲ့ပါးစပ်ကတော့ ယောင်ယောင်လေးပွင့်ဟနေပြီး နှုတ်ခမ်းသားလေးက ရှေ့သို့စူထွက်နေသည်။


ချစ်စဖွယ်အလွန်ကောင်းပြီး တွန်းလှန်၍မရအောင်ပင် စွဲမက်စရာကောင်းနေသည်. လိန်ဖန် နောက်ထပ်ကြာကြာ ထိန်းမထားနိုင်တော့ဘဲ ညင်သာပျော့ပြောင်းစွာဖြင့် သူမ နှုတ်ခမ်းသားလေးကို အနမ်းပေးမိသွားတော့သည်။


ဘယ်လောက်တောင်မှ လှပလိုက်တဲ့ ရှုမြင်ကွင်းလေးတစ်ခုလဲ. အိုး. ဒီပျော့ပြောင်း စိုစွတ် ချိုမြိန်လွန်းတဲ့ နှုတ်ခမ်းသားလေး.. တကယ်တမ်းပြောရရင် သူ အိပ်မက်လို့ကို မခံစားနေရပါဘူး. သူ ဘယ်တုန်းကမှ မိန်းခလေးတစ်ယောက်နဲ့လဲ မနမ်းရှိုက်ခဲ့ဖူးဘူး. ထို့ကြောင့် သူက သူ့ရဲ့လျာဖျားလေးဖြင့် ညင်သာနူးညံ့စွာ တိုးသွားလိုက်ကာ အရသာခံ၍ မြည်းစမ်းကြည့်လိုက်တယ်. သူ့ရဲ့လျှာထိပ်က လျင်မြန်စွာဖြင့်ပင် ပုလဲလုံးလေးလို ဖြူဖွေးတဲ့သွားတန်းလေးကို ဖြတ်ကျော်လိုက်ခဲ့ကာ သူ ဖြည်းဖြည်းချင်း ပွင့်ဟသွားအောင် ထိုးကလော်လိုက်ခဲ့တော့.....


"အွန်း.... " ညည်းထွားသံတစ်ခုက သူ့ရဲ့နားထဲသို့ ဝင်ရောက်လာခဲ့သည်. လိန်ဖန် သူ့မျက်စိကို ချက်ချင်းဖွင့်ကြည့်မိလိုက်တော့ သူတကယ်ကြီး အပြင်ဘက်တွင် လင်ရှန်းနှင့်အနမ်းချင်းဖလှယ်နေတာကို သဘောပေါက်လိုက်တယ်!!! သူ အံအားသင့်သွားကာ မြန်မြန်ဆန်ဆန်နောက်ဆုတ်မိလိုက်တော့တယ်။


အစတုန်းကတော့ လင်ရှန်း ရွှေဓားစလွယ်အပေါ်တွင်ပဲ အာရုံစူးစိုက်နေခဲ့ပါတယ်. ဒါပေမယ့်လဲ ဘာလို့မှန်းမသိ သူမမျက်လုံးတွေက လိန်ဖန်ရဲ့မျက်နှာပေါ်ကို အဆုံးသတ်သွားတော့သည်. အဲဒီအချိန်မှာပဲ လိန်ဖန်က ရုတ်တရက်ကြီးရှေ့ကိုတိုးလာခဲ့တာကနေပြီး သူတို့နှစ်ယောက်ရဲ့ ပထမဆုံး အနမ်းက သဘာဝအလျောက်ပင် ဖြစ်ပျက်သွားခဲ့တော့သည်။


အဆုံးသတ်တွင် လုံးလုံးလျားလျားကို ခုခံတော်လှန်နိုင်ခဲ့ခြင်းမရှိခဲ့ကြပေ. ထိုဟာက အတိသုခ ပျော်ရွှင်ချမ်းမြေ့မှုသာလျင် ဖြစ်ပေသည်. ဒီအနမ်းလေးက ဒီလိုမျိုး ဖြစ်ပေါ်လာခဲ့တယ်လို့ မှတ်ယူလိုက်ရမှာပဲ! ဒါပေမယ့် လင်ရှန်း မထင်ထားတာက လိန်ဖန်က သူ့အနမ်းကို တစ်ဝက်တစ်ပျက်ကြီး ထားပစ်ခဲ့တာကိုပါပဲ. ဒီလိုမျိုး အရသာရှိတဲ့အနမ်းလေးက အရှိန်ပျက်သွားခဲ့ရတာကတော့ သူမကို များစွာစိတ်ပျက်လို့သွားစေခဲ့သည်။


လင်ရှန်း က တကယ်တမ်းကျတော့ လင်ရှန်းအစစ်ပါပဲ. သူမရဲ့လက်တွေက လိန်ဖန်လည်ပင်းကို ပြန်လည်ဆွဲယူလိုက်၍ နည်းနည်းလေးတောင်မှ တုံ့ဆိုင်းခြင်း


အလျင်းမရှိဘဲ ပြင်းပြင်းရှရှကို လိန်ဖန်နှင့် နှုတ်ခမ်းချင်း အနမ်းဖလှယ်လိုက်တော့သည်။


°°°°°°°°


လိန်ဖန် မျှော်လင့်မထားခဲ့တာကတော့ လင်ရှန်းက သူ့ကို သူ့စိတ်သဘောဆန္ဒအလျောက်ပင် ပြန်လည်နမ်းရှိုက်နေခဲ့လို့ပါပဲ. သူ အံအားသင့်လို့သွားတော့သည်. ဒါပေမယ့် သူ လျင်မြန်စွာဖြင့် အလိုက်သင့်ဖြစ်လို့သွားသည်. စိတ်ခံစားချက်အားလုံးက ဖိနှိပ်လို့မရအောင်ပင် ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်. သူ နောက်ထပ်ကြာရှည်စွာမထိန်းသိမ်းထားနိုင်တော့ပေ. သူလှုပ်ရှားလိုက်တဲ့နောက်ထပ်အရာကတော့ လင်ရှန်းကိုယ်တိုင်တောင်မှ စိတ်ကူးထားခဲ့ခြင်းမရှိခဲ့ပေ။


လိန်ဖန်က သူ ရဲ့လက်တစ်ဖက်ကို သူမရဲ့ခါးတွင် နေရာယူလိုက်၍ အခြားတစ်ဖက်ကတော့ သူမရဲ့လည်ပင်းပေါ်သို့ ရောက်ရှိသွားကာ သူမကို ပိုပူးကပ်သွားအောင် ဆွဲယူလိုက်တာပါပဲ။


လင်ရှန်းက လိန်ဖန်ရဲ့ပြောင်ပြောင်တင်းတင်းလုပ်ရပ်ကြောင့် အံ့အားသင့်လို့သွားကာ သူမရဲ့ကိုယ်ခန္တာကပင် ပျော့ပျောင်းလို့သွားသည်. သူမက ဒါကို အခွင့်ကောင်းယူ၍ လိန်ဖန်ရဲ့ပေါင်ပေါ်တွင် တက်ထိုင်ချလိုက်ခဲ့တော့ သူမ၏ရင်ဘတ်က စနေနှစ်ခိုင်က သူ၏ရင်ဘတ်ကြီးနှင့် ထိတွေ့မိသွားတော့သည်. ထိတွေ့မှုကြောင့်ပင် မီးလိုမျိုးပူလောင်လာမှုက သူမတစ်ကိုယ်လုံးကို ကူးစက်လို့သွားတော့သည်။


သူမက အနာဂတ်မှရောက်လာခဲ့တာ ဖြစ်ပေမယ့်လည်း ဒီလိုမျိုးပြင်းပြတဲ့ ကိုယ်ဖိရင်ဖိထိတွေ့မှုကြောင့် သူမရဲ့ပါးပြင်မို့မို့ပင် ပန်းသွေးရောင်သန်းလာခဲ့ပြီး သူမနှလုံးက တဒိတ်ဒိတ်ခုန်ပေါက်လာခဲ့တော့သည်. သူမကိုယ်ခန္တာ၏တုန့်ပြန်မှုကြောင့် အနမ်းဖလှယ်ကနေ သူမကို အရာအားလုံးရဲ့အပြင်ဘက်သို့ စုပ်ထုတ်စေလိုက်တော့သည်. သူမစိတ်ထဲတွင် တနုံ့နုံ့ဖြစ်လို့သွားပြီး သူမ၏ခြေလက်လေးဘက်လုံးကို ပျော့ခွေယိုင်လို့သွားစေတော့သည်။


သူမကိုယ်လုံးတွေ ပျော့ခွေယိုင်လာမှုကို ထိန်းနိုင်ရန် လိန်ဖန်ရဲ့အဝတ်အစားတွေကိုပဲ တင်းကျပ်စွာ ဖိဆုပ်ထားမိလိုက်တော့သည်။


ဒီလိုနဲ့ပင် သူတို့နှစ်ဦး၏အနမ်းက နက်ရှိုင်းသထက် နက်ရှိုင်းလာတော့သည်. ဒါကို ကြည့်ရတာနဲ့တင် နောက်ပြန်ဆုတ်မယ့်အကြောင်းမရှိတော့ပါဘူး. ရုတ်တရက် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်. အဲဒီနောက်ချက်ချင်းပင် ဝမ်ဟိန်ဟူ၏ အသံက နောက်မှလိုက်ပါလာခဲ့ပါတယ်။


"အရာရှိ ၊ မိန်းကလေးစုန့် ..ခင်ဗျားတို့တတွေ နိုးနေကျပြီလားခင်ဗျ။ ကျုပ် ခင်ဗျားတို့နှစ်ယောက်နဲ့ ဆွေးနွေးစရာရှိလို့ပါ"


လင်ရှန်းတစ်ယောက် အသံ ကြားလိုက်ရလျင်ချင်းချင်းပင် လူမိသွားသော သူခိုးတစ်ယောက်လို လိန်ဖန်ဆီမှ ပြန်ကန်ထွက်လိုက်တော့သည်. သူမ၏ခေါင်းကို ငုံ့လိုက်ပြီး ရှက်ရွံ့စိတ်ကြောင့် မျက်နှာနီမြန်းလို့သွားသည်။


"ကောင်းပြီ။ ငါတို့ကို ခဏလောက်အချိန်ပေးဦး" လိန်ဖန်မှ ပြန်ဖြေလိုက်သည်. သူ့၏မျက်လုံးများကတော့ လင်ရှန်းထံမှ အကြည့်လုံးဝမလွှဲခဲ့ဘဲ သူ့၏လက်တွေဖြင့် သူမ၏အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြုပြင်လိုက်၍ ညင်သာစွာဖြင့် သူမ၏ရှုတ်ထွေးပွေလီနေသော ဆံနွယ်လေးကို ဖိသပ်လိုက်ပါတယ်. သူ၏လက်ချောင်းများက သူမရဲ့ရှက်သွေးဖျာနေတဲ့ ပါးပြင်ကို ပွတ်သပ်လိုက်ချိန်မှာတော့ သူတို့နှစ်ဦးလုံးပင် ဘာစကားစပြောရမှန်းမသိအောင်ပင် အကျပ်ရိုက်လို့သွားတယ်. လင်ရှန်း၏ပါးပြင်က ပွင့်လန်းထွက်လာတော့မည့် ပန်းလေးတစ်ပွင့်လို ပိုမိုလို့ပင်အနီရောင်ပြောင်းလာခဲ့တော့သည်။


"အမ်.... အာ....ကျ..ကျွန်မ......" လင်ရှန်း စကားထစ်ငေါ့စွာဖြင့် အသံထွက်လာလိုက်သည်။


သူမ၏နှုတ်ခမ်းသားပေါ်တွင် လိန်ဖန်က သူ၏လက်ချောင်းများဖြင့် ညင်သာနူးညံ့စွာပိတ်လိုက်ပြီးတော့- " မင်း ဘာပဲပြောချင်နေ ပြောချင်နေ ငါတို့တွေ တောင်အောက်ကို ပြန်ရောက်မှပဲ ပြောကြရအောင်''


********


End......