Chapter 40
Viewers 11k

 


အပိုင်း(၄၀)



ထူးဆန်းလွန်းသော အကြောင်းပြချက်တစ်ချို့ကြောင့် လိန်ဖန်ရဲ့ပါးစပ်ဖျားက ထွက်ကျလာတဲ့ စကားလုံးတွေက အလွန်ပင်စိတ်နှလုံးဘဝင်ခိုက်သွားစေပြီး လင်ရှန်းတစ်ယောက် ဘာကိုမှမတွေးမိနိုင်တော့ဘဲ ခေါင်းညိတ်လိုက်မိသည်. ပြီးနောက် သူမက လိန်ဖန်၏ပေါင်ပေါ်တွင် ထိုင်နေဆဲပင် ဖြစ်နေသေးတယ်ဆိုတာ လင်ရှန်းတစ်ယောက် သဘောပေါက်လိုက်မိတော့! သူမ အလောသုံးဆယ်ပင် ထရပ်လိုက်မိသွားသည်. ဒါပေမယ့် သူမ မထလိုက်ခင်မှာပင် သူမ၏ခါးတွင် တင်းကျပ်သွားပြီး သူမ၏ကိုယ်က ကြမ်းပြင်ကို နိမ့်ဆင်းလို့သွားခဲ့သည်. သူမ သိလိုက်တဲ့နောက်ထပ်အရာကတော့ သူမ က လိန်ဖန်နှင့် တဖြည်းဖြည်းချင်း မတ်တပ်ရပ်မိလျက်သားဖြစ်နေတာပါပဲ။


လိန်ဖန်က သူမ၏အဝတ်အစားတွေကို တစ်ဖန်ပြန်၍ သပ်ရပ်အောင်လုပ်လိုက်သည်. သူမ၏လည်ပင်းတွင် ဘာမှလှစ်ဟနေခြင်းမရှိအောင် သေချာအောင်လုပ်ဆောင်လိုက်ပြီးမှ ပြောလိုက်သည်.- "သွားကြစို့"


"အင်း" လင်ရှန်း သဘောတူလိုက်သည်. လိန်ဖန်က သူ့ရဲ့လက်ကိုကမ်း​းေပးလိုက်တော့ သူမကလည်း သက်တောင့်သက်သာစွာ အလိုအလျောက်တုံ့ပြန်လိုက်၍ သူမ၏လက်တွေကို သူ့လက်ဆီကိုပေးလိုက်သည်. အနွေးဓာတ်က သူမ၏လက်ဖဝါးတလျှောက်မှတစ်ဆင့် နေရာအားလုံးသို့ စီးဆင်းလို့သွားပြီး သူမ၏နှလုံးသားထိပင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။


'အချစ်ခံရတဲ့ ခံစားချက်ဆိုတာ ဒီလိုမျိုးလား' လင်ရှန်းက ဘဝနှစ်ခုမှာ အသက်ရှင်လာခဲ့တာဖြစ်ပေမယ့်လည်း သူမက လူငယ်တွေရဲ့အချစ်နဲ့ လုံးဝအတွေ့အကြုံမရှိခဲ့တာပဲ ဖြစ်ပေသည်. သို့သော်လည်း အဲဒီအချိန်တုန်းက သူမက စူးစမ်းချင်ပြီး အပျော်သဘောအနေနဲ့သာ လုပ်ဆောင်ခဲ့ဖူးတာပဲဖြစ်သည်. အခုလိုမျိုး ချစ်ကြိုးသွယ်မိသွားတဲ့ ခံစားချက်အစစ်အမှန်ရှိသွားတဲ့အထိတော့ မဟုတ်ခဲ့တာပဲဖြစ်သည်။


လိန်ဖန်က လင်ရှန်းကိုတွဲကာ လှေကားပေါ်မှ ခေါ်ဆောင်လာခဲ့တော့ သူမ၏မျက်နှာမှ ရှက်သွေးဖြာနေမှုကို မဖုံးကွယ်နိုင်ခဲ့ပေ. ဝမ်ဟိန်ဟူက အကြည့်တစ်ချက်နဲ့တင် အခြေအနေတစ်ခုလုံးကို ​ခြုံငုံသုံးသပ်နိုင်ခဲ့သည်. သူလည်းဘာမှမတတ်နိုင်စွာဖြင့် ဟယ်လောင်စန်းအတွက် သက်ပြင်းရှည်တစ်ချက်သာ ချလိုက်မိသွားပါတယ်။


'ညီလေးရေ..မင်းတော့ ငါ့ရဲ့နောက်လိုက်ပဲ လုပ်နေသင့်တယ်. ယောက်ျားတစ်ယောက်က သူ့အသက် သုံးဆယ်အရွယ်ဆိုတာ ပန်းပွင့်​လေးတစ်ပွင့်လိုမျိုးပါပဲကွာ. ငါပြောရဲတယ်. ငါတို့ညီနောင်တွေအကုန်လုံး သေတဲ့အထိ နားခိုလို့ရနိုင်တဲ့ သစ်ပင်တစ်ပင် က အပြင်ဘက် တစ်နေရာရာမှာတော့ရှိနေမှာပါကွာ။'


လိန်ဖန် လှေခါးပေါ်ကနေ ဆင်းလာတဲ့အခါမှာတော့ ဝမ်ဟိန်ဟူ၏ ဘေးနားတွင် မျက်နှာသစ်လူတစ်ချို့ကို တွေ့မြင်လိုက်ရသည်. သူတို့တွေကို ကြည့်ရတာကတော့ အခြားဂိုဏ်းသားတွေနှင့် ကွဲပြားခြားနားနေခဲ့သည်. တကယ်တမ်းတွင် သူတို့က ခက်ထန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပုံစံပေါ်နေသည်. သူဘာမှ မတတ်နိုင်ပေမယ့် သူလုံခြုံအောင်တော့လုပ်ရပေလိမ့်မည်. သူက လင်ရှန်းကို သူ့ရဲ့နောက်ကိုပို့လိုက်၍ သူ့၏ဓားရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။


ဝမ်ဟိန်ဟူက လိန်ဖန်၏တုံ့ပြန်မှုကို ကြည့်လိုက်၍ ချက်ချင်းပင် ရှင်းပြလိုက်သည်.- "အရာရှိ အထင်မလွဲလိုက်ပါနဲ့. ကျွန်တော်မိတ်ဆက်ပေးပါရစေအုံး၊ သူတို့တွေက ဘေးနားဝန်းကျင်ကတောင်တွေရဲ့ ဂိုဏ်းခေါင်းဆောင်တွေပါ၊ မနေ့ညက ကျုပ်တို့ညီအကိုတွေနဲ့ စကားပြောလိုက်တော့ မိန်းကလေးစုန့်ရဲ့အကြံက ကျုပ်တို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲဆိုတာ သဘောတူညီမှု ရခဲ့ပါတယ်. အဲဒါကြောင့် ကျုပ်တို့တွေ ကျုပ်တို့ဒေသပတ်ပတ်လည်က ဂိုဏ်းအကုန်လုံးနဲ့ ကျုပ်တို့ သွားတွေ့လိုက်ကြတယ်၊ သူတို့ကလဲ တော်ဝင်နန်းတွင်းနဲ့ အတူတွဲပြီးတော့ အလုပ်လုပ်ဖို့ ဆန္ဒရှိကြတယ်၊ ကျုပ်ရဲ့တွက်ချက်မှုအပေါ် ပြောရရင်တော့ ကျုပ်တို့တွေ မှာ လူတစ်ထောင်ထက်ကို ပိုလိမ့်မယ်"


'လူတစ်ထောင်ထက်ကို ပိုအုံးမှာလား? လိန်ဖန်က စိတ်ထဲတွင်တော့ မျက်လုံးပြူးသွားအောင်ကို အံ့အားသင့်လို့သွားသည်. သူ ရောက်လာတုန်းကတော့ တောင်ပေါ်ဓားပြ ငါးရာ ဝန်းကျင်လောက်ပဲ ရှိလိမ့်မယ်လို့ပဲ ထင်ထားခဲ့တာပဲ ဖြစ်သည်. အရေအတွက်က ခြောက်ရာအထက်ကို ကျော်လွန်လိမ့်မယ်လို့ မထင်ထားခဲ့တာပဲ ဖြစ်သည်. လူအရေအတွက်က တော်ဝင်နန်းတွင်းမှ ကြိုတင်တွက်ဆထားတာထက်ပိုပြီး အလွန်များပြားလွန်း​နေခဲ့တော့ သူတုန်လှုပ်သွားတော့သည်။


လင်ရှန်း ကျေးဇူးကြောင့်ပဲ အသက်ပေါင်းများစွာက အကယ်တင်ခံရဖို့က သေချာသလောက်ရှိသွားပြီပဲ. တကယ်လို့ သူတို့ကသာ သဘောမတူညီနိုင်ခဲ့လို့က‌တော့ ဆိုးဆိုးဝါးဝါးကို ဒုက္ခရောက်သွား​ေစနိုင်တာပဲ။


လိန်ဖန် သူ့စိတ်ထဲတွင်တော့ စိတ်ရှုတ်ထွေးနေခဲ့ပေမယ့်လည်း သူ့မျက်နှာပေါ်မှာတော့ လုံးဝကိုဖော်ပြလို့မရပါဘူး. လိန်ဖန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်.- " ကျေးဇူးပြုပြီးတော့


မစိုးရိမ်ကြပါနဲ့၊ မင်းတို့တွေ ငါတို့အပေါ်ကို သစ္စာရှိနေသမျှကာလပတ်လုံး တော်ဝင်နန်းတွင်းကလည်း မင်းတို့တွေကို ရန်ဘက်ဖြစ်စရာအကြောင်းမရှိပါဘူး၊ ငါတောင်​ပေါ်ကနေ​ထွက်သွားတာနဲ့ ဘုရင်မင်းမြတ်ထံကို သတင်းပြန်တင်ပြဖို့ ငါ့လူတွေအမြန်ဆုံးလွှတ်လိုက်မယ်. သုံးရက်အတွင်း ငါမင်းတို့တွေကို ကျေနပ်လောက်မယ့်အဖြေတစ်ခုကို ငါပေးမယ်"


"ပွင့်ပွင့်လင်းလင်းနဲ့ဖြောင့်မတ်တယ်! ကျုပ်ကြိုက်တယ်ဗျာ!" ဝမ်ဟိန်ဟူက စားပွဲခုံကို ပုတ်ရိုက်လိုက်သည်. "ကောင်းပြီ. ဒါဆိုရင် နောက်သုံးရက်နေရင် ကျုပ်တို့တွေ အရာရှိရဲ့ အကြောင်းပြန်မှုကို စောင့်နေမယ်၊ လာ. ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို တောင်အောက်ကို ခေါ်သွားပေးမယ်!"


"နေဦး!" ရှုသိုးသိုးဖြစ်နေတဲ့ ဟယ်လောင်စန်းက သူကိုယ့်သူ ကြာရှည်စွာ မထိန်းချုပ်ထားနိုင်တော့ပါဘူး. သူက ဝမ်ဟိန်ဟူရဲ့ကန့်ကွက်ချက်ကို ဂရုမစိုက်နိုင်တော့ဘဲ သူပြေးထွက်သွားလိုက်၍ လင်ရှန်းထွက်ခွာနေမှုကို လမ်းပိတ်ထားလိုက်တော့သည်. သူ့မျက်နှာပေါ်တွင်တော့ ဘယ်လောက်တောင်မှ သူမကိုနေစေချင်နေလဲဆိုတာကို ဖော်ပြနေပါတယ်. သူ သနားစဖွယ်ပင်မေးလိုက်သည်.- "အချစ်လေး. တကယ်ပဲ ထွက်သွားတော့မှာလား"


'ဖူး.. ရှင် ဘယ်လို ထင်နေလို့လဲ။ လင်ရှန်း က လိန်ဖန်ကို ကြည့်လိုက်ပြီး သူမ၏ခေါင်းကို ခိုင်မြဲစွာပင် ညိတ်ပြလိုက်သည်။


"ဒါပေမယ့် အချစ်လေး. ငါ..ငါ မင်းထွက်သွားမှာကို မကြည့်ရက်ဘူး....." ဟယ်လောင်စန်း၏မျက်လုံးတွေက အနီရောင်သို့ပြောင်းသွားတော့သည်. သူ အသက်ရှင်လာခဲ့တဲ့ ဘဝတစ်သက်တာ နှစ်ဆယ်ငါးနှစ်ကြာမှ သူ အချစ်နဲ့တွေ့သွားခဲ့တယ်ဆိုတာကို စဉ်းစားကြည့်လိုက်ရင်တော့ သိပ်အံအားသင့်စရာတော့ မကောင်းပေ. ပြီးတော့အခုကျတော့ သူ့နှလုံးသားကို ထိတွေ့ကိုင်လှုပ်ခဲ့တဲ့ မိန်းကလေးက


တစ်ခြားယောကျ်ားတစ်ယောက်နှင့်လက်ချင်းအတူတူတွဲကိုင်ထားပြီး စွန့်ခွာသွားသည်. သူဘယ်လိုလုပ်ပြီးတော့ မဝမ်းနည်းရဘဲနဲ့ နေနိုင်မှာတဲ့လဲ?!


လင်ရှန်းလဲ စိတ်ထဲတွင် နေလို့မကောင်းဖြစ်သွားရသည်. သူမက အပြုံးတစ်ခုကို အားတင်းပြုံးလိုက်၍ သူ့ကို နှစ်သိမ်ပေးလိုက်ပြီး.- "အကိုသုံး. ဘဝတွက်တာအတွက် နှုတ်ဆက်လိုက်ရသလိုမျိုး ဝမ်းနည်းရတဲ့ အသံမျိုးမထွက်လိုက်ပါနဲ့၊ ကျွန်မ သေချာပြောနိုင်ပါတယ်. အနာဂတ်မှာ


ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ကျလိမ့်အုံးမယ်ဆိုတာ....."


ဟယ်လောင်စန်းက သူမ၏စကားကိုဖြတ်ပြောလိုက်သည်.- " ဘာမှလျှောက်ပြီးပြောနေဖို့ မလိုပါဘူး၊ ကိုယ်သိပါတယ်. ဒါပြီးသွားရင်. ကိုယ်ဘယ်တော့မှ မင်းကို တွေ့ခွင့်ရတော့မှာ မဟုတ်ဘူး၊ ကိုယ့်မှာ မင်းကို ပြောချင်တဲ့ အရာတစ်ခုရှိတယ်၊ ဒီကိုလာခဲ့ပေးပါလား.ခဏလေးပါပဲ"


လင်ရှန်းက သွားလိုက်ခဲ့ချင်ပေမယ့် လိန်ဖန်က သူမကို နောက်ကနေ ပြန်ဆွဲခေါ်ထားခဲ့သည်. သူက ဟယ်လောင်စန်းကို သေစေနိုင်တဲ့အကြည့်တစ်ခုပေးလိုက်သည်။


'ဒါ နောက်ထပ်မရှိနိုင်တော့ပါဘူး! လင်ရှန်းက သူမ၏ခေါင်းကို လျင်မြန်စွာ ခါရမ်းလိုက်ပြီး အဆင်ပြေကြောင်း အရိပ်ပြလိုက်သည်. လိန်ဖန်က နောက်ဆုံးတွင်တော့ သူမလက်ကို လွှတ်လိုက်ပေမယ့် သူ့ရဲ့အကြည့်တွေက နဂိုအတိုင်းကျန်ရှိနေပါတယ်။


ဟယ်လောင်စန်းက လိန်ဖန်၏ အကြည့်ကြောင့် ကြက်သီးမွေးညင်း ထလာသလိုတောင် ဖြစ်သွားခဲ့သည်. တော်ဝင်နန်းတွင်းထဲမှာ အလုပ်လုပ်နေတဲ့လူတွေက ကြမ်းတမ်းခက်ထန်ကြတာကိုတော့ သူသိထားခဲ့ပေမယ့်လည်း သူတို့ရဲ့အကြည့်တစ်ချက်က အလွန်ကြောက်မက်ဖွယ်ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး. 'အိုး. မဟုတ်ဘူး! အနာဂတ်မှာ လင်ရှန်း​လေးတော့ ထိခိုက်ခံစားရတော့မှာပဲ!!'


"အချစ်လေး. . တကယ်လို့ သူက မင်းကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့မယ်ဆိုရင်၊ ကိုယ့်ဆီကို လာပြီးပြော ပြီးရင် ကိုယ် သူ့နဲ့ရင်ဆိုင်ပေးမယ်!"


"အင်း" လင်ရှန်းက ခေါင်းညိတ်လိုက်သည်. ဒါပေမယ့် သူမစိတ်ထဲတွင်တော့ တွေးနေခဲ့တာက.-


" တကယ်လို့ သူ ကျွန်မကို သနားစရာကောင်းအောင် ဆက်ဆံရဲတယ်ဆိုရင်တောင် ကျွန်မ ရှင့် အကူအညီကို မလိုပါဘူး၊ ကျွန်မ ကိုယ်တိုင်ကိုပဲ သူ့ဒုတ်ချောင်းကို ခုတ်ဖြတ်ပစ်လိုက်မှာ!'


"ပြီးတော့ ကိုယ်တကယ်တော့ မင်းရဲ့သရုပ်အမှန်ကို ဟိုးအရင်ကတည်းက ရှာတွေ့ခဲ့တာ၊ မင်းက....." ဟယ်လောင်စန်းက လင်ရှန်း၏နားတွင် သူ့ရဲ့လေသံကိုနှိမ့်၍ တိုးတိုးပြောလိုက်သည်။


လင်ရှန်း၏ပါးစပ်က တွန့်ကွေးသွားပြီး.-"အစ်ကိုသုံး.. တကယ်တော့ ကျွန်မက...."


"အချစ်လေး၊ ဘာမှထပ်ပြောဖို့ မလိုတော့ပါဘူး. သွားလိုက်တော့! တကယ်လို့များ ကိုယ် အခွင့်အရေးတစ်ခုရ ရင်တော့ ကိုယ် မင်းကို လာတွေ့အုံးမှာပါ! ဟယ်လောင်စန်းက လက်ကိုဝေ့ရမ်းလိုက်ပြီး သူက ယုံကြည်မှုရှိစွာဖြင့် ယပ်တောင်တစ်ချောင်းနှင့်အတူ နောက်ကို လှည့်သွားတော့သည်. ယပ်တောင်ပေါ်မှာတော့ လက်ရေးလက်သား စုတ်ပြတ်စွာရေးသားထားသော 'အထီးကျန်ဆန်မှု' ဆိုသော စကားလုံးတစ်လုံးဖြင့်။


လင်ရှန်းတစ်ယောက် အံအားသင့်တုန်လှုပ်မှုကြောင့် အသက်တောင်မရှုနိုင်သလိုပင် ဖြစ်သွားရသည်။


"သူ မင်းကို ဘာတွေပြောခဲ့တာလဲ" သူတို့တွေ တောင်အောက်ကိုရောက်ပြီးနောက်တွင် လိန်ဖန်က လင်ရှန်းကို မေးလိုက်တယ်။


လင်ရှန်း မပွင့်တစ်ပွင့်ဖြင့်ပြောလိုက်သည်. – "သူက ကျွန်မရဲ့ဆွဲပြားကိုမြင်သွားပြီးတော့ သူက ကျွန်မက မင်းသမီးတစ်ပါးလို့ ထင်သွားတာ......"


"ဆွဲပြားလား"


"ဟုတ်တယ်" လင်ရှန်းက သူမ၏ဘေး ဘယ်နှင့်ညာကို ကြည့်လိုက်တယ်. သူမ က လူတစ်ယောက်မှ ဘေးနားတွင်မရှိကြောင်းသေချာသွားမှ သူမက တုမင်ယွဲ့ထံကနေခိုးထားခဲ့သော ကျောက်စိမ်းဆွဲပြားကို ထုတ်လိုက်တယ်. သူမက လေသံတိုးတိုးဖြင့်- "ကြည့်! ကျောက်စိမ်းပဲ၊ ငွေတွေ အများကြီးတန်ဖိုးရှိတယ်....."


သူမ စကားပြောလို့မဆုံးခင်မှာ လိန်ဖန်က သူမဆီကနေပြီး ကျောက်စိမ်းဆွဲပြားကို ဆွဲယူလိုက်တယ်။


လင်ရှန်းတစ်ယောက် စိုးရိမ်တကြီးဖြစ်လို့သွားပြီး- " ရှင် ဘာလို့ ကျွန်မပစ္စည်းကို ခိုးချင်နေရတာလဲ?" ဒီကျောက်စိမ်းဆွဲပြားက သူမထံတွင်ရှိသော အဖိုးတန်ဆုံး ပစ္စည်းတစ်ခုပဲလေ။


လိန်ဖန်က သူမကို အကြောင်းပြချက်တစ်ခု မပေးခဲ့ပါဘူး. သူ ပြောတာအားလုံးကတော့-


" ငါဒါကို မင်းအတွက် ကူပြီးသိမ်းထားပေးမယ်" ပြီးနောက် သူက သူ့၏အကျီထဲသို့ ဆွဲပြားကို ထည့်လိုက်၍ သူက ရှေ့တည့်တည့်ကိုပဲ ဆက်လျောက်သွားလိုက်သည်။


"အဲဒါကို ရှင်သိမ်းထားမှာကို ကျွန်မ မလိုချင်ဘူး! ကျွန်မ ကိုယ်တိုင်ပဲ ဆွဲပြားကို သိမ်းမှာ၊ ဆွဲပြားကို ပြန်ပြီးပေး!" လင်ရှန်းက လိန်ဖန်၏လည်ပင်းကို ဆွဲလိုက်၍ သူ့ကို ရပ်တန့်ရန် ကြိုးပမ်းလိုက်တယ်. ဒါပေမယ့် သူမ အားလွန်သွားပြီး ဒဏ်ရာရနေတဲ့အနာပေါ်ကို ဆွဲဖြဲမိသွားလိုက်တော့သည်။


သွေးတွေက ခဲပျစ်ကာ ဒဏ်ရာက မြင်ရတာတောင် ထိတ်လန့်ဖို့ကောင်းနေတော့သည်. အဝတ်စားပေါ်မှာလည်း သွေးနီရောင်တွေကစွန်းထင်းလို့သွားသည်။


"ကျ...ကျွန်မ တောင်းပန်ပါတယ်! ကျွန်မ အဲလိုလုပ်လိုက်ဖို့ မရည်ရွယ်ပါဘူး၊ ကျွန်မ ရှင့်ရဲ့ဒဏ်ရာကို ပြန်စည်းပေးမယ်လေနော်....." သူမ လိန်ဖန် နာကျင်သွားလိမ့်မှာကို စိုးရိမ်သွားတယ်. ဒါ့ကြောင့် သူမ လျင်မြန်စွာပင် သူမ၏အမှားကို ပြင်ဆင်ဖို့ ကြိုးပမ်းလိုက်တယ်. ဒီအချိန်အခိုက်အတန့်တွင် လိန်ဖန်က ရုတ်တရက် သူမ၏တုန်ရင်နေသော လက်တွေကို ဆုပ်ကိုင်လိုက်တော့သည်။


လင်ရှန်းက အလွန်အံ့အားသင့်စွာဖြင့် လိန်ဖန်ကို စစ်ဆေးသလို ကြည့်လိုက်သည်. သူ့ရဲ့မျက်လုံးမျက်စံတွေက နက်မှောင်​နေ၍ သူ့ကိုကြည့်ရတာကတော့ အလွန်အလေးအနက်ရှိနေတဲ့ပုံမျိုးပေါက်နေခဲ့သည်. သူမကို သူ ငေးစိုက်ကြည့်နေတဲ့ပုံစံက ဒီ​ေန့မနက်ခင်းက သူ့ရဲ့ပေါင်ပေါ်တွင် သူမထိုင်နေခဲ့စဉ်တွင် သူမတို့တတွေ အနမ်းချင်းဖလှယ်ခဲ့ကြတာကို သူမ ပြန်အမှတ်ရလို့သွားပါတယ်. ရှက်ရွံ့သွားရာကနေပြီး လင်ရှန်း ရဲ့ပါးပြင်က စတင်ပြီးလောင်ကျွမ်းတောက်လောင်လာခဲ့တော့သည်။


"အမ်...ရှင်..ကျွန်မကို....ဆွဲပြား ပြန်ပေးလို့ရမလား...." သူမက ထုံထိုင်းသွားရာကနေပြီး ရှက်ကိုးရှက်ကန်းဖြင့်ဖြစ်ခြင်းကို ရှောင်ရှားဖို့ သိသိသာသာပင်ကြိုးစားလိုက်သည်။


"မရဘူး"


"ဘာ.....ဘာလို့မရတာလဲ"


"ခန်းဝင်ပစ္စည်း" လိန်ဖန်က ဘာအမူအရာမှ ဖော်မပြဘဲ သူမ၏လက်တွေကို လွှတ်လိုက်တယ်. ဒါပေမယ့် သူက နောက်ပြန်လှည့်လိုက်တော့ သူ့၏မျက်နှာပေါ်တွင် လှောင်ပြုံးရိပ်တစ်ခု ရှိနေခဲ့ပါတယ်. သူက ဆက်လက်၍ လမ်းလျောက်သွားလိုက်သည်။


"ခန်းဝင်ပစ္စည်းလား???"


ဒီစကားလုံးတစ်ခုကိုပဲ သူမ၏စိတ်ထဲတွင် ဆယ်ကြိမ်ဆယ်ခါမက ထပ်တလဲလဲ ရေရွတ်နေတာက နောက်ဆုံး သူမ နောက်တစ်ခါထပ်ပြီး‌တော့ အခွင့်အရေးယူ ခံလိုက်ရတယ်ဆိုတာကို လင်ရှန်းတစ်ယောက် နားလည်သဘောပေါက်သွားသည်အထိပါပဲ! သူမ ပြင်းပြင်းထန်ထန်ပင် သူမ၏ပေါင်ကို ဖြန်းခနဲရိုက်လိုက်၍- "ခန်းဝင်ပစ္စည်းတဲ့လား? ဘယ်သူက ရှင့်ကို လက်ထပ်ချင်တယ်လို့ ပြောလို့လဲ?! ကျွန်မကဖြင့် ရှင့်ကို တင်တောင်းတဲ့လက်ဆောင်အဖြစ် ရွှေဓားစလွယ်ကိုပေးဖို့တောင် မမေးရသေးဘဲနဲ့များ. ရှင်က ကျွန်မ ဆွဲပြားကိုကျတော့ လက်ဖွဲ့အဖြစ်နဲ့ လိုချင်တယ်တဲ့လား? ရှင်....ရှင်က နတ်ဆိုးအသည်းနှလုံးနဲ့လူပဲ!!!! T---T


******