Chapter 41
Viewers 9k

"အရှင့်သားကျွန်တော်မျိုး မှားမှန်းသိပါပြီ"


ဘာသာပြန်သူ - tartarmoon


အပိုင်း(၄၁)


လိန်ဖန်၏တာဝန်က အလွန်ပင် အရေးပါအရာရောက်ပေသည်။


ပထမဦးဆုံးအနေဖြင့်ပြောရရင်တော့ နန်းမြို့တော်က အမြဲတမ်းလိုလိုပင် တိုင်းပြည်၏ စီးပွားရေး၊ ယဉ်ကျေးမှု ဗဟိုအချက်အချာတစ်ခုဖြစ်သည်. မြို့တော်ကိုသွားရောက်နိုင်ဖို့ဆိုရင် လူတိုင်းက နဂါးနက်တောင်ကို မဖြစ်မနေဖြတ်ကျော်သွားရသည်. ထို့ကြောင့် ရှင်းလင်းသောလမ်းကြောင်းတစ်ခုကို ဖန်တီးဖော်ဆောင်ခြင်းဟာ တားဆီးပိတ်ပင်မှုတွေမရှိမှသာလျှင် တိုင်းပြည်တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်စေမှုကို အလွန်ပင်အကျိုးသက်ရောက်နိုင်ပေမည်။


ဒုတိယကတော့ ထိုတောင်တစ်ဝိုက်တွင် အလွန်များပြားသော တောင်ပေါ်ဓားပြများက ရှိနေခဲ့သည်. ကနဦးရေတွက်မှုအရ တောင်ပေါ်ဓားပြအရေအတွက် တစ်ထောင်ကျော်ထက်ကို ပို၍ပင် ရှိနေခဲ့တာဖြစ်သည်. သည်လူတွေက သိုင်းပညာတတ်မြောက်ထားကြသည်၊ သန်မာသောကိုယ်ခန္တာတွေရှိကြသည်. ဆင်းရဲဒုက္ခတွေကို တွန်းလှန်တော်လှန်နိုင်စွမ်းရှိကြပြီး အရေးကြီးဆုံးက သူတို့နယ်မြေ​ဒေသကို ကျွမ်းကျင်ပိုင်နိုင်မှုရှိကြတာပဲဖြစ်သည်. သူတို့တွေအား အနည်းငယ်လောက်သာ လေ့ကျင့်ပေးဖို့လိုအပ်တာဖြစ်ပြီး သူတို့က တောတောင်ထူထပ်သောဒေသတွင် တပ်စုတစ်စုစီအလိုက် တိုက်ခိုက်နိုင်သူများ ဖြစ်လာနိုင်ကြတာပဲဖြစ်သည်။


သူတို့တွေက တော်ဝင်နန်းမြို့တော်သို့ သွားရာလမ်းကြောင်းကို စောင့်ကြပ်လာနိုင်လိမ့်မည်. တကယ်လို့ ကိစ္စတွေသာ အဆင်ပြေခဲ့ရင်တော့ လူတစ်ဦးတည်းကတောင် လူတစ်ရာကို တိုက်ခိုက်နိုင်လိမ့်မှာပဲဖြစ်သည်။


ဖော်ပြပါအကြောင်းပြချက်နှစ်ချက်ကြောင့်ပင် အင်ပါယာဘုရင်မင်းမြတ်က လိန်ဖန်၏လုပ်ဆောင်နိုင်မှုကို ခြွင်းချက်မရှိစွာဖြင့် အားရကျေနပ်ခဲ့ပါတယ်. သတင်းပို့သူထံမှ စာလွှာကို လက်ခံရပြီးတခဏချင်းတွင်ပင် ဘုရင်ကြီးက တော်ဝင်အမိန့်တော်တစ်စောင်ကို ချက်ချင်းချရေးလိုက်၍ လိန်ဖန်အား ထိုကိစ္စရပ်များအားလုံး၏ ဆုံးဖြတ်နိုင်ခွင့်ရှိသူတစ်ယောက်အဖြစ် ရာထူးနေရာခန့်အပ်လိုက်တော့သည်။


အင်ပါယာဘုရင်မင်းမြတ်က


လိန်ဖန်ကို ဆယ်စုနှစ်တစ်စုစာလောက် စိတ်အနှာက်အယှက်ပေးနေသော ပြဿနာတစ်ခုဖြစ်တဲ့ တောင်ပေါ်ဓားပြတွေနှင့် အငြင်းပွားဖွယ်ရာ သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့သာ အလိုရှိခဲ့တာဖြစ်သည်။


တော်ဝင်အမိန့်ပြန်တမ်းထုတ်ပြန်လိုက်လျင်ချင်းတွင် လိန်ဖန်က စကားပြောဆိုရန်အတွက် မြို့တော်သို့ နောက်ထပ်တစ်ဖန်ရောက်လာခဲ့သည်. ထပ်ပြီးတော့လဲ လိန်ဖန်က အလွန့်အလွန်ကိုပင် အလုပ်များလာခဲ့ပါတယ်. ဘာကြောင့်လဲဆိုတော့ စစ်သည်​ေတာ်အ​​ဖြစ်စာရင်းသွင်းထားတဲ့ လျှောက်လွှာအရေအတွက်တွေကို စစ်ဆေးကြည့်ရှုရတာနှင့် ဂိုဏ်းအဖွဲ့များ၏ အနာဂတ်အစီအစဉ်များနှင့် စပ်လျင်း၍​ေသာ်၎င်း ဆွေးနွေးမှုတွေလုပ်ဆောင်ရခြင်း အပါအဝင်ပင် အမျိုးမျိုးသောတာဝန်တွေအတွက် သူက တာဝန်ရှိတဲ့သူတစ်ယောက်ဖြစ်လို့ပါပဲ။


လိန်ဖန် က အဆက်မပြတ်ပင် လှုပ်ရှားသွားလာ ဆောင်ရွက်နေရပါတယ်. သူမှာ စားသောက်ဖို့တောင်မှ အချိန်မရှိခဲ့ပါဘူး။


အကျိုးရလဒ်တစ်ခုအဖြစ်နဲ့က​တော့ ချိုမြိန်သောအချစ်၏ ပထမဆုံးအရသာကို တွေ့ကြုံခံစားလိုက်ရတဲ့ လင်ရှန်းတစ်ယောက်မှာတော့ ပစ်ပယ်ခံလိုက်ရပြီး အထီးကျန်နေခဲ့ရရှာပါတယ်. သူမက စိတ်မချမ်းမသာဖြစ်၍ အပျော်အိမ်သို့ သွားချင်နေခဲ့ပါတယ်. သို့သော်လည်း လိန်ဖန်က ငြင်းပယ်လိုက်သည်. သူ့ရဲ့အကြောင်းပြချက်ကတော့ သူဟာ အပျော်အိမ်တစ်ခုကို မသွားနိုင်လို့ပါပဲ။ ဒါပေမယ့်လဲ သူက


အန္တာရာယ်များလွန်းသော ယောက်ျားကြီးတွေကိုသာ ကြည့်ရှုနေရသည်။


အချိန်ခဏကြာတဲ့အထိ တွေးကြည့်ပြီးတဲ့နောက် တစ်ရက်တွင်တော့ အသိတရားတစ်ခုက


လင်ရှန်း ခေါင်းထဲကိုဝင်လာခဲ့သည်။


'ဘာလိုဝဋ်ကြွေးကြောင့်များလဲ? ဘာအတွက်နဲ့ ငါက ဘာလို့ ဒီလိုမျိုး လိုက်နာနေရမှာလဲ။ ငါ တိတ်တိတ်လေး သွားကြည့်လိုက်မယ်!! တကယ်လို့ မိန်းကလေးတစ်ယောက်အနေနဲ့ အရမ်းသိသာနေရင် ငါ ယောက်ျားလေးတစ်ယောက်လိုမျိုး ဝတ်သွားလိုက်ရုံပဲလေ! လင်ရှန်း.. အိုး.. လင်ရှန်းရယ်. ယောက်ျားတစ်ယောက်က သူက အရမ်းချောလွန်းနေတာကြောင့်ရယ်နဲ့ နင့်ကိုနင် ချုပ်ကိုင်ခွင့်​ပေး​ဖို့ကို ခွင့်မပြုလိုက်နဲ့လေ. ယောက်ျားလေးတစ်ယောက်ဆိုတာ အမြဲတမ်းသူ့ရဲ့လမ်းကြောင်းအတိုင်း မရရဘူးလေ!


ဒီလိုနဲ့ပဲ လင်ရှန်း နောက်တစ်နေ့မနက်တွင် တောင်အောက်ကိုဆင်းမည့် လိန်ဖန်ခေါင်းဆောင်သော စစ်သားအုပ်စုထဲသို့ရောဝင်၍ တိတ်တိတ်လေးခိုးထွက်လာတော့သည်. ကံမကောင်းရှာတဲ့ ငကြွားတစ်ကောင်မှာတော့ သူ့၏ဝတ်စုံကို လင်ရှန်း ခိုးယူလိုက်ခြင်းခံလိုက်ရပါတယ်။


ဒီနေ့မှာတော့ လိန်ဖန်၏ ရည်မှန်းချက်ကတော့ လနက်ဂိုဏ်းနှင့် ဆက်သွယ်ဖို့ရာပဲ ဖြစ်သည်. ထိုဂိုဏ်းတွင် ဂိုဏ်းသားစုစုပေါင်း ခုနှစ်ယောက်သာလျင်ရှိပြီး သူတို့တွေက ဆက်သွယ်ရန်အခက်ခဲဆုံးလူတွေပဲ ဖြစ်သည်. တစ်ခြားဂိုဏ်းတွေအားလုံးကတော့ တော်ဝင်နန်းတွင်းနောက်သို့ လိုက်ပါအမှုထမ်းရန် သဘောထူထားကြပြီးတာဖြစ်သည်. သို့သော်လည်း လနက်ဂိုဏ်းကတော့ သဘောတူညှိနိုင်းရန် ငြင်းဆိုခဲ့သည်. ဒါတင်မကသေးပါဘူး သူတို့တွေက တစ်ခြားဂိုဏ်းတွေကို တော်ဝင်နန်းတော်ကို ဆန့်ကျင်ရန်လိုက်လံ၍ စည်းရုံးရန်စနေခဲ့သည်။


ဘာကြောင့် လူခုနှစ်ယောက်တည်းက ဒီလိုမျိုးလုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေရှိနေသလဲဆိုတာကို သိချင်သွားကြသည် မဟုတ်လား။ အကြောင်းပြချက်က တစ်ခုတည်းသာရှိပါတယ်. ခုနှစ်ယောက်လုံးက မိန်းမတွေကြီး ဖြစ်​နေကြလို့ပါပဲ။


'ဘာ...ငါတို့တွေက လနက်ဂိုဏ်းကို သွားရှာကြမှာလား' လင်ရှန်းတစ်ယောက်အဲဒီသတင်းကို သိသိလိုက်လျင်ချင်းတွင် သူမခန္တာကိုယ်တောင်မှ ယိမ်းယိုင်သွားတော့သည်။


သူမ နဂါးနက်ဂိုဏ်းနှင့်နေထိုင်ခဲ့စဉ်တုန်းက လနက်ဂိုဏ်းအကြောင်းကို ကောလဟာလတွေ များစွာကြားခဲ့ရသည်. ပြောကြတာက ဂိုဏ်းခေါင်းဆောင်က လျိုချင်းယွဲ့ ဖြစ်ပြီး သူတို့တွေက ခုနှစ်ယောက်အုပ်စုတစ်ခုဖြစ်သည်. သူတို့ကို 'လနက်မိန်းမဓားပြခုနှစ်ဦး' အဖြစ်လူသိများကြသည်. သို့သော်လည်း ဒီမိန်းမတပ်သားခုနှစ်ယောက်ကို လျော့မတွက်​ကြပါနဲ့ သူတို့က အမျိုးသားဓားပြတွေနဲ့ နိုင်းယှဉ်ရင် ပိုပြီးတော့တောင် အလွန်တရာရက်စက်ကြမ်းကြုတ်ကြသည်။


လနက်ဂိုဏ်း အကြမ်းဖက်ဓားပြတိုက်တာက ငွေကြေးတစ်ခုတည်းသာလျင်မဟုတ်ခဲ့ပါဘူး. သူတို့တွေက လိင်ပိုင်းဆိုင်ရာကို ရယူကြတာဖြစ်လို့ပါပဲ. နဂါးနက်တောင်ကို ဖြတ်သန်းသွားလာတဲ့ ငယ်ရွယ်တဲ့ သခင်လေး များစွာကို သူတို့တွေက အကြမ်းဖက်စော်ကားခဲ့ကြတယ်လို့ ပြောကြသည်။


အသက်သုံးဆယ့်ငါးနှစ်ရှိပြီဖြစ်တဲ့ ဝမ်ဟိန်ဟူကတောင်မှ သူတို့တွေကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့သည်. သူတို့တွေက ဘယ်လောက်တောင်မှ ထိတ်လန့်စရာကောင်းလဲဆိုတာကို စဉ်းစားကြည့်လို့ရနိုင်၏။


ဒီအကြောင်းကို တွေးနေပြီးတော့ လင်ရှန်းတစ်ယောက် ရုတ်တရက်ကြီးကြောက်စိတ်မွှန်ထူသွားတာတော့ ထိန်းလို့ပင်မရနိုင်တော့ပါဘူး. 'အမ်းးးးး....ဒါကတော့ လိန်ဖန် အပျော်အိမ်ကို သွားတာထက် ပိုပြီးအန္တရာယ်ရှိနေတာပဲ! အပျော်အိမ်မှာဆိုရင် မိန်းမတွေကို ရယူဖို့ ငွေပေးပျော်ပါးနိုင်လို့ရသေးတယ်. ဒီမိန်းမခုနှစ်ယောက်က ဆာလောင်နေတဲ့ ဝံပုလွေတွေလိုမျိုး လိန်ဖန်ကို ငမ်းငမ်းတက်လိုချင်နေကြရင်ရော ဘာဖြစ်သွားနိုင်လိမ့်မလဲ?' လင်ရှန်း ရုတ်ချည်းပင် သူမကိုယ်တွင်းရှိသွေးများက တပွက်ပွက်ဆူလာတော့သည်။


'ငါဘာအခွင့်အရေးမှ မပေးနိုင်ဘူး! ငါ့ရဲ့လူကို ခိုးဖို့ကြိုးစားမယ့် ဘယ်မိန်းမကိုမဆို ငါတိုက်ထုတ်ပစ်ရမှာပဲ!' ဒီလိုမျိုးခံယူချက်တွေနှင့်အတူ လင်ရှန်းတစ်ယောက် မရပ်မနားချီတက်၍ ရဲဝံ့စွာဖြင့် တောင်အောက်သို့ဆင်းသွားတော့သည်။


သူတို့တွေ စခန်းချရာနေရာသို့ နေ့လည်တိတိတွင်ရောက်ရှိသွားပြီး စခန်းပတ်ပတ်လည်တွင် လန်းဆန်းမွေးပျံ့သောပန်းပွင့်များဖြင့် ဝန်းရံထားသည်ကို တွေ့ရသည်. ထပ်ပြီးတော့လဲ တံခါးပေါက်က စောင့်ကြပ်မည့်သူမရှိ ပွင့်လျက်သား ဖြစ်လို့နေသည်. ကြည့်ရတာတော့ အလွန့်အလွန်ပင် သံသယဖြစ်စရာကောင်းနေပေသည်။


"အရာရှိ... ဒီနေရာက ထောင်ချောက်ဆင်ထားတာဖြစ်နိုင်ချေရှိတယ်. ကျွန်တော့်ကို အရင်ဦးဆုံးဝင်ခွင့်ပေးပါ" တော်ဝင်ကိုယ်ရံတော်တစ်ယောက်က သတိ္တိရှိစွာဖြင့် သူ့သဘောနှင့်သူ ထွက်ပြောလိုက်သည်။


လိန်ဖန်က စကားတစ်ခွန်းမှ မပြောခဲ့ပေမယ့် သူခွင့်ပြုကြောင်းကို ခေါင်းဖြင့်အသာညိတ်ပြလိုက်သည်. တော်ဝင်ကိုယ်ရံတော်က သူ၏ဓားရှည်နှင့်အတူ မဆိုင်းမတွပင် ရှေ့ဆက်လို့သွားသည်. သိလိုစိတ်တွေဖြစ်ပေါ်နေသော လင်ရှန်းတစ်ယောက် ဘာတွေဆက်ဖြစ်သွားပြီလဲလို့ သိမြင်ရရန် သူမလည်ပင်းကိုဆန့်ထုတ်၍ ကြိုးစားကြည့်လိုက်သည်. သို့သော်လည်း ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ကျယ်လောင်သောအသံနက်ကြီးဖြင့် ငယ်သံပါအောင်စူးစူးဝါးဝါးအော်ဟစ်လိုက်သံတစ်ခုကို ကြားလိုက်ရသည်။


ချက်ချင်းလက်ငင်းပင် အထဲကိုဝင်ရောက်သွားခဲ့သော တော်ဝင်ကိုယ်ရံတော်က အဝတ်စားများတစ်စစီပြဲရဲစုတ်ပြတ်စွာဖြင့် ကြောက်လန့်တကြားပြေးထွက်လို့လာခဲ့သည်. သူက အော်ကြီးဟစ်ကျယ်ပင်ပြောလိုက်သည်.- "အိုး ဗုဒ္ဓဘုရား.. အရမ်းကြောက်ဖို့ကောင်းလိုက်တာ! ဒီလူတွေက မိန်းကလေးတွေတဲ့လား?? တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာပဲဗျို့...."


လက်ရှိတွင်တော့ တော်ဝင်ကိုယ်ရံတော်တွေအားလုံးပင်


တန့်ခနဲဖြစ်သွားကြတော့သည်. သူတို့တွေ ဘယ်လိုဆက်ပြီး တုံ့ပြန်ရမှန်း မသိကြတော့ချေ. အစတုန်းကတော့ သူတို့တွေ တွေးမိကြတာက မိန်းမတစ်ချို့တစ်လေက ပြဿနာကြီးကြီးမားမား မဖြစ်နိုင်ဘူးလို့ရယ်ပဲ..ဒါပေမယ့် အခုတော့ သူတို့တွေ တစ်ယောက်မျက်နှာ တစ်ယောက် အံအားသင့်စွာဖြင့် ကြည့်မိလိုက်ကြတော့သည်. ဘယ်သူကမှနောက်ထပ် ထပ်ပြီးတော့ မိမိဆန္ဒအရ ဝင်ရောက်ရန် အဆိုမပြုရဲကြတော့ပါဘူး။


လိန်ဖန်က သူ့မျက်လုံးကို မှေးစင်းလိုက်၍ သူ့၏ဓားရှည်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားလိုက်ပြီးတော့ ရှေ့ကိုတစ်လှမ်းတိုးသွားလိုက်သည်။


"နေဦး!" လင်ရှန်း စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်ကာ စစ်သားအုပ်စုထဲမှ ပြေးထွက်လာလိုက်တော့သည်။


မျှော်လင့်ထားသလိုပါပဲ. လင်ရှန်း တစ်ယောက် သူမ၏ချစ်လှစွာသောလူကြီး အထဲဝင်သွားဖို့ကို နောက်ကနေပြီး မစောင့်ကြည့်ရက်နိုင်ပါဘူး. ပြောရရင်တော့ လိန်ဖန်က စစ်သားအုပ်စုထဲတွင် လူအပိုပါနေသည်ကို ဟိုးအစထွက်လာခဲ့ကတည်းက သထိထားမိပါတယ်. လင်ရှန်းဖြစ်တယ်ဆိုတာ သူ ချက်ချင်းလက်ငင်းပင် ရိပ်စားမိပါတယ်. ဒါပေမယ့် သူမဒေါသကို သိနေခဲ့‌တော့ သူ ဘာမှမပြောခဲ့ပါဘူး။


လိန်ဖန်၏အကြည့်တစ်ချက်ကနေ သူမကို ချက်ချင်းလက်ငင်း သူ နားလည်သဘောပေါက်လိုက်တယ်ဆိုတာ လင်ရှန်းပြောနိုင်ပါတယ်. သူမ စိတ်ဆိုးသွားတော့သည်. 'ဒီတစ်လျှောက်လုံး ငါရှိနေတာကို သိနေတာတောင်မှ သူ က တစ်ကိုယ်တော်ဝင်ရောက်သွားဖို့ စီစဉ်နေတာလား။ သူ ဘယ်လိုတောင် လုပ်ရဲလိုက်တာလဲ!'


ထို့ကြောင့် သူမ လိန်ဖန်၏ရှေ့တွင် ရပ်လိုက်၍ သူ့၏လမ်းကို ပိတ်လိုက်ကာ.- "ငါလည်း မင်းနဲ့ အတူလိုက်ဝင်မယ်!"


"​လျှောက်ပြီး ကစားမနေနဲ့တော့. အထဲမှာ အန္တာရာယ်များတယ်"


လိန်ဖန်တစ်ယောက် အနည်းငယ်ကူညီရာမဲ့နေသလို ဘာလုပ်ရမယ်မှန်းမသိဖြစ်သွားသည်. သူ သိပါတယ်. တကယ်လို့ သူနှင့်အတူ လင်ရှန်း အထဲကိုလိုက်ဝင်ရင် သူ့ကို ပိုပြီးတော့ပြဿနာတွေပဲ ဖြစ်စေလိမ့်မယ်ဆိုတာကိုပါပဲ. သူ့မှာ အခုထိကို သူမကို အပြစ်တင်နိုင်မယ့် နှလုံးသားမရှိပါဘူး။


"အန္တရာယ်ရှိမှန်း မင်း သိတာတောင် မင်းက အထဲကို ဝင်ချင်သေးတယ်ပေါ့။ အထဲကို ဝင်သွားဖို့ မင်းကို ငါခွင့်မပြုနိုင်ဘူး!" လင်ရှန်း ဒေါသထွက်သွားတော့သည်. သူမ က ညှိညှိနိုင်းနိုင်းလုပ်ဖို့တောင် ငြင်းလိုက်သည်။


သူတို့နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေစဉ်တွင် တော်ဝင်ကိုယ်ရံတော်တွေက သူတို့​တွေ၏ မျက်လုံးအပြူးသားဖြင့် ဝိုင်းအုံကြည့်ရှုနေကြပါတယ်. နဂိုမူလကတော့ သူတို့ရဲ့မျက်နှာတွေက သံသယတွေဖြင့် ပြည့်နှက်နေ​ြကသည်. သို့သော်လည်း တစ်ဖြည်းဖြည်းချင်းဖြင့် သူတို့တွေ အကြောင်း


အရာတစ်ခုကို နားလည်သဘောပေါက်လိုက်တော့သည်။


"အိုး! ဒီတော့ အရာရှိလိန်က ဒီလိုမျိုးကိုမှ စိတ်ဝင်စားတာပေါ့!!!"


"မိန်းမဓားပြကတော့ ရပ်တည်နိုင်ဖို့ အခွင့်အရေးတစ်ခုတောင်မရှိတော့ဘူးပဲ!"


"ကောင်းတယ်ဟေ့! မိန်းမဓားပြတစ်ယောက်ထက်စာရင်တော့ ယောကျ်ားလေးတစ်ယောက်ကို အရာရှိကို အခွင့်ရေးယူလိုက်ဖို့ ခွင့်ပေးလိုက်တာ ပိုကောင်းတာပဲပေါ့!"


လူတိုင်းက သူတို့အချင်းချင်း တီးတိုးတီးတိုးဖြင့်ပြောဆိုနေကြစဉ်တွင် ရုတ်တရက် အတွင်းဘက်မှ စူးရှသော အမျိုးသမီးအသံတစ်သံက ကြားလိုက်ရသည်.- "ဘာလဲ? အချိန်အနည်းငယ်လောက်တောင်ရှိသွားပြီ တစ်ယောက်မှ အထဲကို မဝင်လာရဲကြဘူးလား? ငါထင်သားပဲ တော်ဝင်နန်းတွင်းကလူတွေက စိန်ခေါ်မှုတစ်ခုလေးတောင် များများစားစား မစမ်းသပ်ရဲကြဘူးပဲကိုး!"


တစ်ခုခုကတော့ ဖြစ်ပျက်လာတော့မည်ပဲ. လူတိုင်းက ဆွေးနွေးနေတာကို ရပ်လိုက်ပြီးတော့ သူတို့လက်နက်တွေကို တင်းတင်းဆုပ်ကိုင်ထားလိုက်ကြတော့သည်။


ထိုအချိန်အခိုက်တွင် အေးစိမ့်သောလေထုက သူတို့ပတ်ဝန်းကျင်သို့ ဝန်းရံလိုက်ပြီး အဖြူရောင်ပုံရိပ်အချို့က ထွက်ပေါ်လို့လာခဲ့သည်. သူတို့တွေက အဖြူရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားကြ၍ တစ္စေသရဲတွေကဲ့သို့ လွင့်ပျံနေကြကာ သူတို့၏ရှည်လျားသော ဆံပင်တွေက လေထဲတွင် တလွင့်လွင့် လှုပ်ခါလို့နေသည်. အလွန်ကို ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်တော့သည်။


'အံဘနန်းဖြစ်ရပ်ပဲ! ဝမ်ဟိန်ဟူက သူတို့တွေထက်စာရင် တောင်ခြေက ဟင်းသီးဟင်းရွက်တွေ လိုက်ပို့ ပို့​ေနတဲ့ အသက်ကြီးကြီးမိန်းမတွေကို ငမ်းငမ်းတက်နေတာက အံ့​​ဩစရာမကောင်းတော့ဘူးပဲ.' လင်ရှန်း သူမစိတ်ထဲတွင် တိတ်တိတ်လေးပင် တွေးတောမိသွားတော့သည်. ပြီးနောက် မိန်းကလေးခုနှစ်ယောက်၏ မျက်လုံးတွေက သူမနှင့် လိန်ဖန်အပေါ်တွင် ကျရောက်နေတာကို သူမ သတိထားမိသွားသည်။


'အိုး. မဟုတ်ဘူး! ငါက တွေးကြည့်ရုံပဲရှိသေးတယ်. သူတို့က လိန်ဖန်ကို လိုတောင်လို


ချင်နေကြပြီလား! လင်ရှန်းက ဘာမှမစဉ်းစားနိုင်တော့ဘဲ ထိတ်လန့်ခြောက်ချားသွားကာ ရှေ့သို့လျှောက်လိုက်၍ လိန်ဖန်၏အရှေ့တွင် သွားရပ်နေလိုက်တော့သည်။


'နင်တို့တွေ ဘယ်လိုတောင် ကြည့်ရဲကြတာလဲ! မကြည့်ကျနဲ့တော့!!' သူမ စိတ်ထဲတွင် အလွန်တရာပင် ဒေါသထွက်သွားတော့သည်. မိန်းမတစ်ယောက်၏ မိမိပိုင်ဆိုင်မှုကို လက်ဝယ်ထားရှိလိုစိတ်နှင့်အတူ အလွန်ပြင်းထန်သောဒေါသတွေက ဗလုံစီတက်ကာ ဆူဝေသွားတော့သည်။


ထိုအချိန်အခိုက်အတန့်တွင်တော့ မျှော်လင့်မထားသော အရာတစ်ခုက ပေါ်ပေါက်လာခဲ့သည်။


အမျိုးသမီးခုနှစ်ယောက်က သူတို့တွေဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်၍ သူတို့ထဲက တစ်ယောက်က ပြောလိုက်လေတယ်.- "ခေါင်းဆောင်အစ်မကြီး. အပြင်ဘက်ကလူတွေအားလုံးထဲမှာ ဒီတစ်ယောက်ကတော့ အကောင်းဆုံးတစ်ယောက်လို့ ညီမထင်တယ်."


လျိုချင်းယွဲ့က ခေါင်းညိတ်လိုက်ကာ.- " အနီရောင်နှုတ်ခမ်းသား နဲ့ သွားတန်းဖြူဖြူလေးတွေ၊ ကြည့်ရတာ တော်တော်လေးနုနယ်မယ့်ပုံပဲ၊ ငါ့အကြိုက်လက်ဘက်ရည်ခွက်ပဲ!"


"ငါကတော့ ဒီခန္တာကိုယ်သေးသေးလေးက ငါတို့အားလုံးကို ထိန်းချုပ်ဖို့ မစွမ်းဆောင်နိုင်မှာဘဲ စိုးရိမ်တယ်"


"စိုးရိမ်ဖို့မလိုပါဘူး၊ ခေါင်းဆောင်အစ်မကြီး အခန်းထဲမှာ နတ်ဘုရားအဆီရှိသားပဲ!"


End....