အပိုင်း(၁)
ကျီရှောင်အုံး သူမ၏ဖုန်းကို ကောက်ယူလိုက်တယ်၊ သူမ လိုင်းလေးတစ်တိုင် တက်လို့တက်ငြား ဘယ်လောက်ပဲ နေရာတိုင်းတွင် ကြိုးစားရှာကြည့်ပေမဲ့ စစ်ဂနယ်တိုင်တွေကတော့ ယောင်ယောင်လေးပြနေတာကနေ တက်မလာခဲ့ပါဘူး။
လိုင်းလုံးဝမမိ။ သူမနံဖူးပေါ်တွင် စိတ်တိုနေတဲ့ လက္ခဏာ မျဉ်းသုံးကြောင်းပေါ်လာခဲ့တော့တယ်။
သူမ ဖုန်းခေါ်ကြည့်ဖို့ အရှုံးမပေးပေမဲ့ ဖုန်းက ခေါ်လို့မရနေဆဲပါပဲ။
ကျီရှောင်အုံး သူမ နှုတ်ခမ်းပါးကို တင်းတင်းစေ့လိုက်ကာ သူမကိုယ်သူမ စိတ်ငြိမ်အောင်လုပ်လိုက်၍ ဖုန်းကို သူမ အိတ်ထဲကို ပြန်ထည့်လိုက်ပြီး သူမရဲ့ဘေးပတ်ဝန်းကျင်ပတ်လည်အား တစ်ဖန်ပြန်လည်ကာ စူးစမ်းလေ့လာလိုက်သည်။
ရှေးကျတဲ့သစ်ပင်ကြီးတွေက ကောင်းကင်သို့ထိတိုင် မြင့်မားကာ သစ်ရွက်တွေက ခမ်းနားထည်ဝါလှပြီး ထိပ်ဖျားမှ ကျရောက်လာတဲ့နေရောင်ခြည်အား တိုးမပေါက်အောင် ဖုံးကွယ်ထားပြီး သူမရဲ့ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။
ဒီနေရာက သစ်ပင်တွေက ထူးဆန်း ရှုပ်ရှုပ်ထွေးထွေးနိုင်ကာ ဆန်းကြယ်တဲ့ပုံသဏ္ဍာန်ရှိနေပြီး ကျီရှောင်အုံး သိနေတဲ့ ထင်းရှူးကျောက်ပန်းပင်လိုမျိုးလည်း မဟုတ်သည့်အပြင် တွေ့နေကျ တရုတ်နေကာအပင်လိုမျိုး မဟုတ်သလို ကင်ပွန်းကျည်းပင်လိုမျိုးလည်း တစ်ခုမှ ဟုတ်မနေခဲ့ပေ။ သူမဖြတ်သန်းလာတဲ့ ဆယ့်ခြောက်နှစ်လုံးကို ပြန်ရှာကြည့်ရင်တောင် ဒီလိုသစ်ပင်မျိုး အရင်က သူမ တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှ မြင်ဖူးခဲ့ခြင်းမရှိပါဘူး။
ဒီနေရာက သစ်ပင်တွေအားလုံးက အလွန်ကိုထူးဆန်းလွန်းနေခဲ့သည်။
သူမရဲ့ကျောင်းက ကျောင်းသားတွေစိတ်ဝင်စားလာဖို့ နှစ်ညအိပ်သုံးရက် အတန်းခရီးစဉ်အဖြစ် သူမတို့အတန်းအား ဝေးလံခေါင်ဖျားပြီး ဆိတ်ငြိမ်သက်တဲ့တောနက်ထဲကို အထူးတလည်ပင် ရွေးချယ်ထားခဲ့တာပဲဖြစ်သည်။
မမျှော်လင့်ထားတာကတော့ ကျောင်းဘတ်စ်ကားက တောင်တစ်တောင်ရဲ့ထိပ်ကိုအရောက်တွင် ဒါရိုက်ဘာက ဘာဖြစ်မှန်းမသိရဘဲ တစ်ခုခုဖြစ်ပွားလိုက်ခဲ့ကာ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုနဲ့အတူ ဘတ်စ်ကားက သတိပေးခြင်းမရှိဘဲ မြေသားလမ်းနဲ့ဆန့်ကျင်ကာ လမ်းချော်သွားပြီး ချောက်ကမ်းပါးအား တည့်တည့်ပြေးဝင်တိုးသွားတော့သည်။
ယာဉ်မောင်းသမားက ကံကောင်းထောက်မစွာဖြင့် အချိန်မီတုံ့ပြန်လိုက်နိုင်ပြီး ဘရိတ်ကို အလောတကြီးဆောင့်နင်းလိုက်ခဲ့ပြီးတော့ ကျောင်းကားက ချောက်ကမ်းပါးထိပ်စွန်းတွင် မှေးတင်လိုက်ကာ လူအားလုံးရဲ့အသက်ကို ကယ်တင်လိုက်နိုင်ခဲ့တယ်။
ကျီရှောင်အုံးကတော့ ကံဆိုးပြီးတော့ သူမ ဘေးတွင် ကားမူးနေတဲ့အတန်းဖော်တစ်ယောက် ထိုင်နေခဲ့ပြီး အတန်းခေါင်းဆောင်က သူမတို့ကို ကားမှန်ပြတင်းပေါက်ကို ဖွင့်စေလိုက်တယ်။
ဒါရိုက်ဘာက ကားကို အရှိန်နဲ့ကွေ့လှည့်လိုက်စဉ်မှာတော့ သူမက သူမခန္တာကိုယ်ကို တည်ငြိမ်အောင် ထိန်းဖို့အချိန်မရလိုက်ဘဲ နှေးသွားတာကြောင့် သူမဘေးက ကျောင်းသူက သူမအား တွန်းထုတ်မိလိုက်စေကာ ပြတင်းပေါက်အပြင်ဘက်သို ပြုတ်ကျသွားစေလိုက်တော့တယ်။
ကျီရှောင်အုံးတစ်ယောက် အံအားသင့်ကာ သူမမျက်လုံးများ ပြူးကျယ်သွားပြီး မသိစိတ်အရ လက်လှမ်းဆွဲလိုက်ပေမဲ့ သူမအတန်းဖော်တွေ လှည့်ကြည့်လိုက်တဲ့ ကြောင်တက်တက်မျက်နှာများက ဝေးလံလို့သွားခဲ့တော့တယ်။
ကြောက်လန့်နေဖို့တောင် အချိန်မရလိုက်ဘဲ သူမခန္တာကိုယ်က အောက်သို့ ကျဆင်းသွားတာက တစ်ခုခုက သူမအား ရှေ့သို့ ဆွဲချသွားလိုက်သလိုပင်။
သူမ ပြန်နိုးလာတဲ့အချိန်မှာတော့ ဒီထူးဆန်းတဲ့နေရာကို ရောက်နေခဲ့တာပဲဖြစ်တယ်။
ကျီရှောင်အုံး ထူးဆန်းနေမိတယ်။ သူမ ပြုတ်ကျပြီး ကျောက်ကမ်းပါးနဲ့စောင့်မိသွားတာတောင် သူမ နံဖူးက ဒဏ်ရာသေးသေးလေးတစ်ခုသာ ရလိုက်ကာ ဘာမှမဖြစ်သွားခဲ့ချေ။
ဒီလောက်မြင့်တဲ့နေရာကနေ ပြုတ်ကျတာတောင် ဘာမှမဖြစ်ဘူးတဲ့လား။
ပြီးတော့လည်း ကျီရှောင်အုံးတစ်ယောက် နောက်ထပ်ထူးခြားဆန်းကြယ်တာတစ်ခုရှာတွေ့ခဲ့တယ်။
သူမကျောပိုးအိတ်ထဲမှာရှိတဲ့ပစ္စည်းတွေအပြင် အခြားပစ္စည်းတွေအများကြီးပါ သူမဆီမှာ ရှိနေခဲ့တာပဲဖြစ်တယ်။
တစ်ကိုယ်ရေစာအတွက် ကျီရှောင်အုံးက ဘိစကစ်ခြောက်နှစ်ထုပ်၊ Doveချောကလက်အသေးနှစ်ဘူး၊ ရေသန့်ဘူးအနည်းငယ်နှင့် အင်္ကျီသုံးစုံသာလျှင် သယ်လာခဲ့တာဖြစ်တယ်။ သူမရဲ့ရုတ်တရက်ရောက် ရောက်လာတတ်တဲ့ အန်တီကြီးအတွက်စိုးရိမ်တာနဲ့ လစဉ်သုံးဂွမ်းထုပ်နှစ်ထုပ်ပါ အမျှော်မြင်ရှိရှိ ထည့်လာခဲ့တာဖြစ်တယ်။
သို့သော်ငြားလည်း အခုက မျက်စိတစ်မှိတ်အတွင်းပင် ဓာတ်မီးတစ်လက်၊ မီးခြစ်တစ်ခု၊ ဆွစ်စလန်ထုတ် စစ်တပ်သုံးဓားတစ်ချောင်းနှင့် သူမလွယ်အိတ်ထဲက ဆေးသတ္တာဘူးတစ်ခုပါ သူမ လွယ်လွယ်လေး ဆွဲထုတ်နိုင်တာပဲဖြစ်တယ်။
ပိုပြီးမဖြစ်နိုင်စရာမကောင်းတာက တစ်ယောက်သုံးအနွေးအိပ်ရာတစ်ခုနှင့် ရွက်ဖျင်တဲတစ်ခုပါ ဆွဲထုတ်လို့ရနေတာပဲဖြစ်တယ်။
ဒီအရာတွေက နေရာလွတ်လို့ ပြောလို့မရဘဲ ဒိုရေမွန်ရဲ့အိတ်ကပ်နဲ့ဆင်တူနေတယ်။ ကျီရှောင်အုံးက အိတ်အတွင်းထဲကို မြင်နိုင်ပြီးတော့ ပစ္စည်းတွေကို အောင်အောင်မြင်မြင်ပြောင်းရွေ့ နိုင်ပေမဲ့ သူမအတွက် အထဲနေရာက ကြီးမားပြီး တိတ်ဆိတ်တဲ့နေရာလွတ်တစ်ခုလို့ထင်ရတယ်။ ဒီလိုအရာမျိုးတွေနဲ့ နည်းနည်းလေး ရင်းနှီးသလိုရှိတဲ့အတွက် သူမ မျက်လုံးတွေမှိတ်လိုက်ကာ သေချာစွာ ကြည့်ရှုလိုက်တော့ နေရာလွတ်က သူမ အတန်းခရီးစဉ်အတွက် ပြင်ဆင်ထားခဲ့တဲ့ ရိက္ခာပစ္စည်းတွေအားလုံးကို ထုတ်ပိုးထားခဲ့တယ်ဆိုတာ ရှာတွေ့ခဲ့လိုက်တယ်။
ဒီပစ္စည်းတွေက ကားပစ္စည်းတွေထားတဲ့အကန့်ရှိ လပ်ကေ့ချ်ထဲမှာ ရှိတဲ့ဟာတွေမလား၊ ဘယ်လိုလုပ် သူမဆီမှာ ပါလာနိုင်ပါ့မလဲ။
ဒီနေရာလွတ်က တကယ်ကို ဘာကြီးပါလိမ့်။
ကျီရှောင်အုံးတစ်ယောက် အံ့အားဘနန်းကြီးစွာဖြင့် မြေကြီးပေါ်မှာ ထိုင်ချလိုက်ပြီး သူမရှေ့က ပျံ့ကျဲနေတဲ့ပစ္စည်းတွေကို ဦးနှောက်ခြောက်စွာ ငေးကြည့်နေလိုက်တယ်။
ဒါပေမဲ့ သူမက ဒီလောက်မြင့်တဲ့ချောက်ကမ်းပါးကနေ ပြုတ်ကျလာတာလေ၊ ဒီနေရာမှာ မတ်တပ်နေနိုင်တာကိုက အရမ်းမယုံကြည်လောက်စရာကောင်းနေရောပဲ။ အိမ်ပြန်လမ်းကိုရှာဖို့က ထိပ်ဆုံးဦးစားပေးဖို့ပဲလေ၊ ဒီနေရာမှာ အလဟာသတ် အားကုန်ခံပြီးတော့ မတ်တပ်ကြီးရပ်မနေသင့်တာပဲမလား။
~~~~~~~~~~
ကျီရှောင်အုံး သူမစိတ်ကို သူမ အမိန့်ပေးလိုက်ပြီးတော့ နံဖူးကဒဏ်ရာကို ကုသဖို့ ဆေးသတ္တာထဲက အနာကတ်ပလာစတာနဲ့ အနာကျက်ဆေးကို ထုတ်လိုက်၍ ပစ္စည်းတွေကို နေရာလွတ်ထဲမှာ ပြန်ထည့်ထားလိုက်ပြီးတော့ တောင်ပေါ်တက်ဖို့ လမ်းရှာနိုင်ရန် ဆွစ်စလန်ထုတ် စစ်တပ်သုံးဓားမြောင်ပဲ ချန်ထားခဲ့လိုက်တယ်။
သူမ နာရီဝက်ခန့် လျှောက်သွားလိုက်ပေမဲ့ သူမ ပတ်ဝန်းကျင်က ယခင်ကနဲ့ ဘာမှပြောင်းလဲသွားခြင်းမရှိချေ။
သစ်ပင်တွေ ထူထဲ ကြီးမားကာ ထူးဆန်းတဲ့ မြက်တွေက စိန်းလန်းစိုပြေကာ စိမ်းစိုအုပ်မှိုင်းနေခဲ့ပြီးတော့ သူမ ပတ်ပတ်လည် ပတ်ဝန်းကျင်ကတော့ အလွန်အမင်းတိတ်ဆိတ်လို့နေဆဲပင်ဖြစ်တယ်။
ကျီရှောင်အုံးက သူမမိသားစုနဲ့အတူ ဒီလိုတောနက်ခရီး နေရာမျိုး တော်တော်များများသွားဖူးခဲ့ပါတယ်။
ဒီလိုမျိုး သဘာဝအတိုင်းသန့်ရှင်းနေတဲ့ ဘယ်လိုနေရာမျိုးဖြစ်ပါစေ အနည်းနဲ့အများဆိုသလို လူသူအရိပ်အယောင်ကျန်နေဦးမှာပဲဖြစ်တယ်။
သူမ ရောက်ရှိနေတဲ့ ဒီပတ်ဝန်းကျင်ကတော့ လူတစ်ယောက်မှ ရှိမနေသလို ဆိတ်ငြိမ်သက်ကာ အရိုင်းဆန်ပြီးတော့ သဘာဝပေါက်ပင်များက စိန်းလန်းစိုပြေစွာ ကြီးထွားရှင်သန်နေခဲ့သည်။
သူမက ဘယ်လို အန္တရာယ်တစ်ခုမှ မမြင်ပေမဲ့လို့ တစ်ချိန်တည်းမှာပဲ တစ်ချိန်လုံးလိုလို ဘေးပတ်လည်က မမြင်နိုင်တဲ့အန္တရာယ်က ချောင်းမြောင်းနေသလို ခံစားနေရတယ်။
နောက်ထပ် နာရီဝက်လောက်ကြာသွားခဲ့ပါတယ်။ သူမရှေ့မှောက်က တုတ်ခိုင်တဲ့သစ်ပင်ပင်စည်ကြီးကို ကြည့်ပြီးတော့ ကျီရှောင်အုံး ရင်းနှီးတဲ့အသိတစ်ခု ခံစားသွားခဲ့ရတယ်။
သူမ မျက်ခုံးရိုးများက မြင့်တက်သွားခဲ့ကာ သစ်ပင်ကြီးအား မျက်နှာပြန်ဆိုင်လိုက်တယ်၊ ထို့နောက် သူမရဲ့ဆွစ်စစ်တပ်သုံးဓားမြောင်ကို အားကစားကုတ်အင်္ကျီအိပ်ကပ်ထဲမှာ ထုတ်ယူလိုက်၍ ဓားသွားကို ဆွဲထုတ်လိုက်ခဲ့ပြီးတော့ သစ်ပင်ပေါ်မှာ ထွင်းထုထားတဲ့ ဂဏန်းနံပါတ်အချို့အား ရှေ့တိုးကိုင်းကြည့်လိုက်တယ်။
၁၀၀၂။
ဒီနေ့ ရက်စွဲပဲ။
ထို့နောက် သူမဓားကို ပြန်ခေါက်သွင်းလိုက်ခဲ့ကာ ကျီရှောင်အုံး ဒီရှေးကျတဲ့သစ်ပင်ကြီးကို နောက်ထပ်တစ်ခါထပ်ကြည့်လိုက်ခဲ့တော့ သူမပတ်ဝန်းကျင်က သူမခရီးစထွက်ခဲ့တဲ့နေရာမှန်း မှတ်မိသွားခဲ့ပါတယ်။
ကျီရှောင်အုံးက ဒီမနက်က ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျခဲ့ပြီးတော့ အချိန်ခဏမျှ သတိမေ့သွားခဲ့တယ်၊ ထို့နောက် လမ်းတစ်နာရီလျှောက်လိုက်ခဲ့တယ်၊ သူမ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့ ညနေ ၃:၃၀ တောင် ရောက်ပြီးနေလေပြီ။
တောအုပ်ထဲက ညအချိန်က ခြောက်နာရီမတိုင်ခင် ပိုစောစောရောက်လာတတ်ကာ အမှောင်ထုက ကောင်းကင်ကို ဖုံးအုပ်သွားပြီး ရာသီဉတုက ပိုအေးသထက်အေးလာလိမ့်မယ်။
ကျီရှောင်အုံးက ဒီနေ့တောင်ပေါ်ကို တက်ဖို့ မဖြစ်နိုင်တော့မှန်း နားလည်လိုက်တယ် ဒါ့ကြောင့် သူမက ညမမှောင်လာခင်မှာ နေဖို့နေရာတစ်ခုရှာဖို့လိုလာပြီဖြစ်တယ်။
သူမက မနက်စာစားကို အလောတကြီးစားခဲ့ကာ မနက်အစောကြီးထဲက ထွက်လာခဲ့ရတယ်၊ အဲဒီနောက် နေ့လယ်ရောက်တော့ သူမ သတိမေ့သွားခဲ့ပြီး တစ်ဖန် ဘာမှလဲမစားရခဲ့ပေ။ ကျီရှောင်အုံး နောက်ထပ် နာရီဝက်လမ်းလျှောက်ပြီး နောက်ဆုံးမှာတော့ သူမဗိုက်ဆာလာတော့တယ်။
သူမ သေချာကြည့်မိလိုက်တော့ စားစရာက တောထဲမှာ သူမအတန်းက အတန်းဖော်တွေ အသားကင်လုပ်စားဖို့ ပြင်လာတဲ့ အေးခဲထားတဲ့ အမဲသား၊ ပင်လယ်စာနှင့် အခြား အခြားအရာတွေပဲ ရှိနေလေတယ်။
သို့သော်ငြားလည်း သူမမှာက ဒါတွေကို ကင်စားဖို့ပစ္စည်းတွေ စီစဉ်ဖို့ အချိန်မရှိခဲ့တော့ သူမ ကျောပိုးအိတ်ထဲကနေ သူမဗိုက်ဖြည့်ဖို့ ချောကလက်တစ်ကတ်နဲ့ နို့ဘူးတစ်ဘူး ထုတ်လိုက်ခဲ့တယ်။
နောက်ဆုံးကျန်တဲ့ နို့ကို သောက်ချလိုက်ပြီးတော့ သူမခြေလှမ်းတွေ ရပ်နားစေလိုက်ပြီး ကျီရှောင်အုံး သစ်ပင်ကိုကြည့်မိလိုက်တော့ သူမနဲ့ရင်းနှီးနေတဲ့ "၁၀၀၂" လို့ ထွင်းထုထားတာကို တွေ့လိုက်ကာ သူမလည်ချောင်းထဲမှာ အသက်ရှူမှားမတတ်ဖြစ်သွားခဲ့တော့တယ်။
သူမလည်ချောင်းထဲမှာ နို့ရည်တွေက နင်သွားခဲ့ကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ခဲ့တော့တယ်။
.
သစ်ပင်တွေက တာဝါတိုင်လိုမြင့်မားပြီး နေရောင်ကို မြေပေါ်ကျဆင်းတာကို ဖုံးအုပ်ထားပြီး သူမ ခုနလေးကမှ ရောက်သွားတဲ့နေရာတူတူဆီကို ပြန်ရောက်လာခဲ့တာဖြစ်လို့ပါပဲ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူမက ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ဘက်နေရာကို ထွက်သွားခဲ့တာလေ၊ ဘယ်လိုလုပ် ဒီနေရာကိုပဲ ပြန်ရောက်လာတာများလဲ။
ကျီရှောင်အုံးရဲ့မျက်နှာအမူအရာက ကြောက်ရွံ့စိုးထိတ်မှုသို့ ပြောင်းသွားတော့တယ်။ သူမ အချိန်ကြာမြင့်စွားဖိသိပ်နေရတဲ့ အကြောက်တရားနှင့်စိတ်ထင့်ရမှုက အခုတော့ သူမစိတ်ထဲမှာ အပြိုင်လွန်ဆွဲနေတာကနေ ပိုသာတဲ့တစ်နေရာသို့ ရုတ်တရက်ခုန်ကူးသွားတော့တယ်။
သူမက ချောက်ကမ်းပါးတစ်ခုကနေ လိမ်ကျပြီးတော့ ဒီလိုေတာနက်လွန်းတဲ့နေရာကို လွင့်စင်ကျလာခဲ့တယ်၊ ထုတ်ပြောစရာမလိုအောင် သူမ ကြောက်လန့်သွားခဲ့တာပဲဖြစ်တယ်။
အခုလောလောဆယ်တွင် သူမက ဒီလောက်ကြီးမားတဲ့တောအုပ်တစ်ခုထဲမှာ ဘာသက်ရှိသတ္တဝါတစ်ကောင် အရိပ်အယောင်မှ မတွေ့ရဘဲ ပိတ်မိနေခဲ့တာက သူမတစ်ယောက်တည်း တောထဲမှာ တည်ရှိနေသလိုပင်ဖြစ်နေပါတယ်။
သူမ ပုခုံးများ တုန်ရင်လာခဲ့ပြီး သူမရဲ့စိုစွတ်လာတဲ့မျက်လုံးတွေကို လက်တစ်ဘက်နဲ့ ပွတ်လိုက်ပြီးတော့ ရုတ်တရက်ကြီး အလွန်အမင်းကူရာမဲ့နေတဲ့ သူမကိုယ်သူမအား ကာကွယ်လိုက်တယ်၊ မလှမ်းမကမ်းမှ လာနေတဲ့ခြေသံများများကိုတော့ သူမစိတ်ထဲမှာ နည်းနည်းမှ ဝင်ရောက်မလာခဲ့ချေ။
~~~~~~~
ကျီရှောင်အုံးက မျက်ရည်တွေပေါ်မှာ အာရုံစိုက်နေခဲ့ပေမဲ့ ဒီခြေသံတွေက သူမနဲ တဖြေးဖြေးပိုနီးလာခဲ့တယ်။
ဒီနေ့မှာ သူမက ချပ်ကပ်တဲ့ဝတ်စုံတစ်စုံ ဝတ်ဆင်ထားခဲ့ကာ ခြေခုံထိဖုံးအုပ်ထားတဲ့ ရေလှိုင်းပြာရောင်ရှူးဖိနပ်စီးထားခဲ့တယ်။ ကျီရှောင်အုံးရဲ့အသားရေက သူမ သောက်ခဲ့တဲ့နို့ရည်လို ကြည်လင်ကာ ဖြူဝင်းနေခဲ့တယ်၊ နူးညံ့ စိုစွတ်တဲ့လျှာဖျားက သူမဖိနပ်အား လာလျက်လိုက်ခဲ့ချိန်မှာတော့ အံအားသင့်မှုကြောင့် သူမကြောင်တက်သွားကာ ငုံ့ကြည့်လိုက်တော့တယ်။
သတ္တဝါဆန်းလေးတစ်ကောင်က သူမ ခြေထောက်နားတွင် လာထိကပ်နေခဲ့တာပဲ။
ဝိုင်းစက်တဲ့နားရွက်၊ မျက်လုံးပြာပြာ၊ ချွန်ထက်တဲ့လက်သည်းတွေနှင့် ကုတ်ခြစ်နေမှုအားလုံးက သူ့အား ကြောင်တစ်ကောင်ဆိုတာ ညွှန်ပြနေခဲ့ပါတယ်။
အိမ်မွေးကြောင်တွေနှင့်မတူဘဲ ဒီအကောင်လေးက ကျားသစ်တစ်ကောင်နဲ့တောင် ပိုဆင်တူတယ်။
ကျီရှောင်အုံး အမှတ်တမဲ့နောက်ပြန်ဆုတ်လိုက်ကာ ဒီကျားသစ်ပေါက်လေးကို ငေးစိုက်ကြည့်လိုက်တယ်။
ဒီအကောင်ကလေးက အခြားမဟုတ်ဘဲ ကျားသစ်တစ်ကောင်ပါလား။
မျက်လုံးတွေနှင် မျက်နှာဘေးတိုက်အရ အမည်းရောင်အမွေးစုတ်ဖွားဖွားရှိကာ ကျားသစ်ကွက်လို အစက်စက်နဲ့လဲမတူပေ။၊ ကိုယ်ခန္တာတွင် အနည်းငယ်ဖျော့တော့တဲ့အမွေးတွေရှိပြီး မျက်လုံးများက တွေ့နေကျ စိမ်းပြာရောင်မဟုတ်ဘဲ တွေ့ရခဲ့တဲ့ ပင်လယ်ပြာရောင်ဖြစ်နေတယ်။
ထိုအကောင်လေးက ကျီရှောင်အုံးရဲ့ခြေထောက်ပေါ်ကို လျက်လိုက်ပြီးတော့ ဖျော့တော့စွာ စူးစမ်းလိုက်ပြီး ချက်ချင်းပင် သူ့ခေါင်းအား မြက်ခင်းပေါ်က နို့ရည်အား ဖြေးညင်းစွာလျက်လိုက်ခဲ့တယ်။
နို့ရည်က စောစောတုန်းက ကျီရှောင်အုံး ချောင်းဆိုးတဲ့အချိန်တုန်းက ကျသွားခဲ့တာပဲဖြစ်တယ်။
ကျားသစ်လေးက ကျန်ရှိတဲ့နို့တွေအားလုံးကို လျက်လိုက်ပြီးနောက် သူ့ခေါင်းလေးအားမော့လိုက်ကာ ကျီရှောင်အုံးအား စိုက်ကြည့်လိုက်ခဲ့တယ်။
နက်ရှိုင်းတဲ့ပင်လယ်သမုဒ္ဒရာနဲ့တူတဲ့ မျက်လုံးပြာပြာများနဲ့ ကျီရှောင်အုံးအား အကြိတ်အနယ်စူးစိုက်ကြည့်နေခဲ့တယ်။
သူ သောက်လို့မဝသေးတာကြောင့်ပဲလားမသိ သူ့ခြေလက်လေးခြောင်းလုံးဖြင့် ကျီရှောင်အုံးဆီသို့ လှမ်းလာလိုက်ခဲ့တယ်။
ကျီရှောင်အုံးက ရန်သူတစ်ယောက်အား ရင်ဆိုင်လိုက်ရသည့်အတိုင်း ရုတ်တရက်လန့်ဖျန့်သွားတော့တယ်။
ထိုအကောင်လေးက အရမ်းငယ်သေးပေမဲ့လည်း ဒီလိုမရင်းနှီးတဲ့နေရာထဲမှာ သောင်တင်နေတာကို ထည့်မပြောတာတောင် ကျားသစ်တစ်ကောင်က တစ်ခုခုအပေါ် အမြဲလိုစေတနာကောင်းနေမှာတော့ မဟုတ်ဘူးမလား။
ကျားသစ်ပေါက်လေးက နောက်ထပ်ရှေ့သို့တစ်လှမ်း လှမ်းလိုက်ခဲ့တယ်။
ကျီရှောင်အုံးက နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်တယ်။
ကျားသစ်လေးက ဒီတစ်ခါတော့ ရှေ့ထပ်မတိုးတော့ဘဲ အဲဒီအစား ရပ်ပြီးတော့ သူမအား စိုက်ကြည့်လိုက်ခဲ့တယ်။
ပိုပြီးအသေးစိတ်ကျကျသိရအောင် သူမကို စစ်ဆေးကြည့်နေတာလား။
နေ့တစ်ဝက်ကုန်လွန်ပြီးနောက် ပေါက်စလေးက ရှေ့လက်သည်းလေးကို မြှောက်ကာ သူ့နားရွက်လေးကိုကုတ်လိုက်ပြီးတော့ သူ့လျှာဖျားလေးနဲ့ သူ့ခြေချောင်းလေးကို လျက်လိုက်ပြီးတော့ ကျီရှောင်အုံးအား ဆက်လက်ငေးကြည့်နေခဲ့ပါတယ်။
ကျီရှောင်အုံးက သူ့ရဲ့ခြေထောက်နောက်က သူ့ခြေချောင်းပေါ်ရှိ ဒဏ်ရာတစ်ခုက သွေးကွက်လေးကို မြင်သွားလိုက်ခဲ့တယ်။
ဒဏ်ရာက ပေါက်ပြဲနေပြီးတော့ ကြည့်ရသလောက် အပေါ်ယံဘဲမဟုတ်ခဲ့။ သူမက အံအားသင့်သွားကာ အလွန်သတိရှိစွာနဲ့ မတ်တပ်သာရပ်ထားလိုက်နိုင်ပါတယ်။
ကျီရှောင်အုံးက ကျားသစ်ပေါက်လေး သူ့မိဘတွေနဲ့ကွဲလာပြီးတော့ အခြားတိရစ္ဆာန်တွေတိုက်ခိုက်တာကို ခံရပြီး ဒီနေရာကိုရောက်လာတယ်လို့ မှန်းဆလိုက်ခဲ့ကာ သူမ သတိကို ပြန်လျော့ချလိုက်တော့တယ်။
ကျားသစ်ပေါက်လေးက ဆိုးဆိုးရွားရွားဒုက္ခရောက်ခဲ့ရကာ ရန်မလိုတော့တာ ဖြစ်နိုင်ပါတယ်။
ကျီရှောင်အုံးက ခဏမျှစဉ်းစားလိုက်ပြီးတော့ သူမကျောပိုးအိတ်ထဲကနေ နို့တစ်ဘူးကို ထုတ်လိုက်ကာ အပေါက်ကို ဖောက်ပေးလိုက်ပြီး ဖြေးဖြေးချင်း ကုန်းလိုက်ကာ သူမလက်ကိုဆန့်၍ ကျားသစ်ပေါက်လေးနဲ့ မလှမ်းမကမ်း တစ်မီတာအကွာသို့ အသာကလေး တွန်းထုတ်လိုက်တယ်။
အကောင်ပေါက်လေးရဲ့ကြည်ပြာရောင်မျက်လုံးလေးတွေက ကျီရှောင်အုံးအား လှမ်းကြည့်လိုက်ပြီးတော့ ရှေ့ရှိနို့ဘူးကို ကြည့်လိုက်တယ်။
လျှပ်တစ်ပျက်ပင် နို့ဘူးက ကျားသစ်လေး၏ ဒဏ်ရာရနေတဲ့ သူ့ခန္တာကိုယ်ဖြင့် ရှေ့သို့လှမ်းလိုက်ကာ ဆွဲယူခြင်းခံလိုက်ရတယ်။
ကျားသစ်ပေါက်လေးက နို့ဘူး၏အစွန်းကို အရင်လျက်ကြည့်လိုက်ကာ သူ့ခေါင်းတစ်ခုလုံးက နို့ဘူးထဲတွင် နစ်မြုတ်သွားကာ စိတ်အားထက်သန်စွာဖြင့် ဆက်သောက်နေလိုက်တော့သည်။
ကျီရှောင်အုံးက ဆန့်ကျင်ဘက်နေရာကို ကြည့်နေလိုက်ပြီးတော့ သက်သာရာရတဲ့ သက်ပြင်းတစ်ခုချလိုက်တော့တယ်။
ကျားသစ်ပေါက်လေး နို့ဘူးပေါ် အာရုံရောက်နေတာကို အခွင့်ကောင်းယူပြီးတော့ သူမက ခြေလှမ်းပြန်ဆုတ်လိုက်ကာ လျင်မြန်စွာဖြင့် ထိုနေရာမှ ထွက်လာလိုက်တော့သည်။
အကောင်ပေါက်လေးက သူမကို အန္တရာယ်မပြုနိုင်ပေမဲ့လည်း သူ့မိဘတွေပြန်လာလို့ ကျားသစ်ပေါက်လေး ဒဏ်ရာရနေတာကို မြင်လိုက်ရင် ပြဿနာများသွားမှာပဲမလား။
သူမမှာက ဓာလေးတစ်ချောင်းသာရှိတယ်၊ အဲဒီဓားလေးနဲ့ အရွယ်ရောက်နေတဲ့ကျားသစ်ကြီးနှစ်ကောင်ကို ရင်ဆိုင်နိုင်မှာမဟုတ်ချေ။
ထိုကဲ့သို့ တွေးတောလိုက်ပြီးတော့ ကျီရှောင်အုံးက ပိုပြီးတော့ ယုံကြည်မှုကျဆင်းသွားတော့တယ်။
နေဝင်ပြီးသွားရင် တောထဲမှာ ဘယ်လောက်တောင် အန္တရာယ်များတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ငှက်သားကောင်တွေဖြစ်လာမလဲဆိုတာ သူမ မသိချေ။
တောထဲကနေထွက်နိုင်ဖိုနဲ့ သစ်ပင်ဆီပြန်ရောက်လာတာကို ရှောင်ရှားဖို့က ကျီရှောင်အုံးက မတူတဲ့လမ်းကြောင်းကို ရွေးချယ်လိုက်ပါတယ်။
တစ်နာရီခန့်ကြာပြီးနောက်တွင် သစ်ပင်တွေက ပို၍ပို၍ ထူထပ်လာကာ သစ်ကိုင်းတွေက နိမ့်သထက်နိမ့်လာခဲ့တယ်။
သစ်ပင်လက်တက် အကိုင်းအခက်တွေက မရေမတွက်နိုင်အောင် ကြီးထွားပြီး အရွက်တွေက တောက်ပရှင်သန်နေကြသည်။
ကျီရှောင်အုံးတစ်ယောက် တောအုပ်ကြီးတစ်ခုလုံးက ရုတ်ခြည်း အမှောင်ထုအတွင်းကျဆင်းသွားတာကို တွေ့လိုက်ရတယ်။
သူမလက်သူမတောင် လှမ်းမမြင်နိုင်တော့ချေ။
ကျီရှောင်အုံးက မမြင်ရတာကြောင့် အနှောင့်အယှက်ဖြစ်သွားက အမှောင်ထဲတွင် သူမကျောပိုးအိတ်ထဲကနေ ဓာတ်မီးရှာလိုက်၍ မီးဖွင့်လိုက်ခဲ့တယ်။
မီးအလင်းရောင်နဲ့ သူမလက်ကောက်ဝတ်ကို ထိုးလိုက်ကာ သူမလက်က နာရီက "၆" တိတိကို ညွှန်ပြနေတာ တွေ့လိုက်တယ်။
ကျီရှောင်အုံးက တောကောင်ရိုင်းတွေ အာရုံစိုက်မိမှာကိုကြောက်တာကြောင့် မီးအလင်းရောင်အား အကြာကြီးမထိုးရဲပေ၊ အချိန်အားမြန်မြန်ကြည့်လိုက်ပြီးတော့ ဓာတ်မီးအား သူမအိတ်ထဲသို့ ပြန်ထည့်လိုက်တယ်။
သူမစိတ်တွင် သံသယများနဲ့ပြည့်နှက်သွားတော့သည်။
ဘယ်လိုဖြစ်တာပါလိမ့်။
ဘာလို့ကောင်းကင်က ရုတ်တရက်ကြီး အမှောင်ကျသွားရတာများလဲ။
~~~~~~~~~
TheEnd....