အပိုင်း ၁၇၂ (End of Extra)
Viewers 34k

Chapter 172 (Extra-3)




​​လောကကြီးသည် မတရားဘူးဟု ​မော့တိ ထင်ခဲ့ဖူးသည်။

သို့သော် အချိန်ကြာလာပြီး အဖြစ်အပျက်များစွာ ပေါ်ပေါက်လာသည်နှင့်အမျှ အရာအားလုံးသည် ဟန်ချက်ညီသွားသည်ဟု ​သူ ယုံကြည်လာမိသည်။

သူ့ဘဝသည် တစ်ချိန်က ခါးသီးခက်ခဲမှုတွေနှင့် ပြည့်နှက်နေ​သော်လည်း အခုချိန်တွင်း အသက်ရှုလိုက်တိုင်း ချိုမြိန်မှုများကို ရှူရှိုက်​နေရသကဲ့သို့ပင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

​မော့တိတွင် သူငယ်ချင်းကောင်းများ၊ အောင်မြင်သော အသက်မွေးဝမ်းကြောင်းတစ်ခုနှင့် ပန်းတိုင်တစ်ခုရှိပြီး အရေးအကြီးဆုံးသည် ကမ္ဘာပေါ်တွင် အံ့သြဖို့အကောင်းဆုံး ချစ်သူရှိ​နေခြင်းပင်။

မုထျန်းဟန်သည် သူ့ကို နားလည်​ပေးသည်။ သူ့ကို အလွန်အမင်း ချစ်မြတ်နိုး​ပေးသည်။ သူ့ကို ဂရုစိုက်​ပေးသည်။ သူ့ကိုယ်သူထက် ​မော့တိကို ပိုချစ်​ပေးသည်။ အမှန်ပင် ​မော့တိသည်လည်း ထိုကဲ့သို့ပင် ခံစားရသည်။

ထို့အပြင် ကိုယ့်ကိုကိုယ်ထက် တခြားသူကို ပိုချစ်​ပေးခြင်းသည် သူတို့ကိုယ်သူတို့ နည်းနည်း​လေးပဲ ချစ်မည်ဟု မဆိုလို​ပေ။ သူတို့နှစ်ယောက်လုံးသည် သူတို့၏ သူငယ်ချင်းများ၊ အသက်မွေးဝမ်းကြောင်းနှင့် သူတို့၏ ကျန်းမာရေးကိုလည်း တန်ဖိုးထားကြတယ်။

ထို့အပြင် မုထျန်းဟန်သည် ​မော့တိထက် အသက်ဆယ့်တစ်နှစ် ပိုကြီး​သော​ကြောင့် ကျန်းမာရေး​ကောင်းမွန်ခြင်းသည် မုထျန်းဟန်အတွက် အထူးအရေးကြီးသည်။ အသက်လေးဆယ်ပြည့်သည့် အချိန်တွင် မုထျန်းဟန်သည် ကျန်းမာရေးစီမံခန့်ခွဲခြင်းဖြစ်သည့် ဝါသနာအသစ်တစ်ခုကို ရှာ​ဖွေ​တွေ့ရှိခဲ့သည်။

မုထျန်းဟန် ​မော့တိဘေးတွင် ရပ်တည်နိုင်ရန် ကြည့်​ကောင်း​သော ရုပ်ရည်သွင်ပြင်ရှိပြီး ​မော့တိကို လာ​ရောက်ပိုးပန်းသူများကို တွန်းအား​ပေးနှင်ထုတ်နိုင်​သော်လည်း ကျန်းမာတဲ့ ခန္ဓာကိုယ်သည်သာ သူ့ကလေးနှင့် သူတတ်နိုင်သမျှ အချိန်အကြာကြီး အတူ​နေလို့ရနိုင်​ပေမည်။ မုထျန်းဟန် အသက်ခုနစ်ဆယ်၊ ရှစ်ဆယ် သို့မဟုတ် အသက်တစ်ရာအထိ အသက်ကြီးသွားလျှင်တောင် သူ၏အလွန်ချစ်မြတ်နိုးရသူ​လေးကို ကာကွယ်ရန်အတွက် ခွန်အား အလုံအလောက် ရှိနေ​စေရန် သူ မျှော်လင့်မိသည်။

တကယ်တွင် မုထျန်းဟန် သူ၏​မော့တိထက် နည်းနည်း အသက်ပိုရှည်ရှည်​နေချင်သည်။ အသက် နည်းနည်းပိုရှည်ရုံနှင့်တင် လုံလောက်ပါသည်...

ထိုနည်းအားဖြင့် မုထျန်းဟန်သည် သူ၏​မော့တိကို နောက်ဆုံးထွက်သက်အထိ စောင့်ကြည့်နိုင်မည်ဖြစ်ပြီး သူ ​မော့တိအား ဆုံးရှုံးမှုနှင့် ဝမ်းနည်းမှုများကို ခံစားခွင့်ပြုမည် မဟုတ်​ပေ။



​မော့တိ အသက်သုံးဆယ့်တစ်နှစ်ပြည့်သောအခါ တိယီမုသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး လုပ်ငန်းဖြစ်လာခဲ့သည်။ ​မော့တိ၏ ပိုင်ဆိုင်မှုများသည်လည်း တိုးမြင့်လာခဲ့ပြီး သူ့ကို ကမ္ဘာ့ဒုတိယအချမ်းသာဆုံးအဖြစ် မုထျန်းဟန်၏နောက်တွင်သာ ထားခဲ့သည်။

မုထျန်းဟန်သည် သူ့အတွက် အလွန်ဂုဏ်ယူခဲ့ပြီး ကုမ္ပဏီနှစ်ခုလုံးမှ ဝန်ထမ်းများကို အပိုဆု​ကြေးများ ထုတ်ပေးခဲ့သည်။

တစ်ဖက်တွင်မူ ​မော့တိသည် နာခံတတ်ပုံပေါ်သော်လည်း တစ်နေ့တွင် မုထျန်းဟန်ကို ကျော်တက်ရန် သူ၏ပန်းတိုင်ကို တိတ်တဆိတ် သတ်မှတ်ခဲ့သည်။ မုထျန်းဟန် အသက်သုံးဆယ့်ခြောက်နှစ်တွင် စာရင်း၏ထိပ်ဆုံး​နေရာသို့ ရောက်ရှိခဲ့​သော​ကြောင့် သူသည်လည်း အသက်ငယ်ငယ်​လေးနှင့် ထိုနေရာကိုရောက်ရမည်ဟု ​မော့တိ ဆုံးဖြတ်ခဲ့သည်။

သူတို့နှင့် နှိုင်းယှဉ်လျှင် လိုင်သယ်စစ်နှင့် စုန့်ယွီတို့သည် ပိုမိုရိုးရှင်း​သော ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။

လိုင်သယ်စစ် အသက်သုံးဆယ့်နှစ်နှစ်တွင် စုန့်ယွီအား လက်ထပ်ခွင့်​တောင်းခဲ့ပြီး အသက်သုံးဆယ့်သုံးနှစ်တွင် သူတို့ လက်ထပ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ လိုင်သယ်စစ်သည် သူ၏လက်တွဲ​ဖော်ကို ချစ်ခင်မြတ်နိုးစွာ ​စောင့်​ရှောက်​ပေးရန် သူ၏ ဝင်ငွေမြင့်မားသော အသက်မွေးဝမ်းကြောင်းကို ဘေးဖယ်ထားခဲ့သည်။ လိုင်သယ်စစ်သည် ​နေမြင့်သည်အထိမအိပ်​တော့ဘဲ မနက်စာပြင်ဆင်ရန် ငါးနာရီခွဲတိတိတွင် အိပ်ယာထပြီး ​နေ့တိုင်း စုန့်ယွီအတွက် ​နွေး​ထွေးပြီး အရသာရှိ​သောထမင်းတစ်နပ်ကို ​သေချာပြင်ဆင်​ပေးသည်။

အလေ့အကျင့် ကျွမ်းကျင်လာသည်နှင့်အမျှ နောက်ဆုံးတွင် လိုင်သယ်စစ်သည် အလွန်ထူးချွန်သော စားဖိုမှူးဖြစ်လာခဲ့သည်။ လတိုင်း သူတို့စုံတွဲသည် မုထျန်းဟန်နှင့် ​မော့တိတို့ဆီ လာရောက်လည်ပတ်ကြပြီး စုန့်ယွီသည် လိုင်သယ်စစ် ပြုလုပ်ထား​သော အချိုပွဲများကို ​မော့တိအား ​ပေးလိုက်သည့်အချိန်တွင် ​မော့တိ အတော်လေးကို ထိတ်လန့်သွားခဲ့သည်။

စုန့်ယွီ၏စကားလုံးတိုင်းကို နာခံတတ်သည့် သူ့ရှေ့ရှိ လိုင်သယ်စစ်သည် အမှမ်တကယ်... ​အောက်ပုဂ္ဂိုလ်များ ဖြစ်​နေသလားဆိုသည်ကို ​မော့တိ ပိုသံသယဖြစ်မိလာသည်။

လိုင်သယ်စစ်က စုန့်ယွီကို သူ့အိမ်နောက်ဖေးခြံဝင်းရှိ မြက်ခင်းပြင်​ပေါ်တွင် ဖိထားပြီး တိဗက် Mastiff ​ခွေးကြီးတစ်​ကောင်ကဲ့သို့ လျှာဖြင့်လျက်ကာ နမ်း​နေသည်ကို မြင်ရသည့်အထိတိုင်အောင် ​မော့တိ မယုံနိုင်လောက်အောင် စိတ်ရှုပ်​ထွေး​နေခဲ့သည်...

သနားစရာကောင်းလိုက်သည့် ဦး​လေးစုန့်ပင်။ ကိုယ့်အထက်ပုဂ္ဂိုလ်သည် မိုက်မဲ့​​သောတိဗက် Mastiff ​ခွေးတစ်​ကောင်ဖြစ်​နေသည့်အခါ လွယ်ကူ​မည်မဟုတ်ပေ။

…..

​မော့တိနှင့် မုထျန်းဟန်တို့သည် နှစ်ဆယ့်တစ်ရာစုအကုန်အထိ နေထိုင်ခဲ့ကြသည်။

ကမ္ဘာပေါ်တွင် သြဇာအရှိဆုံး စွန့်ဦးတီထွင်သူ နှစ်ဦးအဖြစ် အသိအမှတ်ပြုခံရပြီး သူတို့သည် လူအများ လိုက်နာ​စေရန် စံပြနမူနာများ ဖြစ်လာခဲ့သည်။ လူငယ်များသည် သူတို့နိုင်ငံ၏သမ္မတမည်သူဖြစ်သည်ကို မသိ​ကောင်းမသိနိုင်သော်လည်း မုထျန်းဟန်နှင့် ​မော့တိ၏အမည်ကို သိကြသည်အထိ သူတို့နှစ်​ယောက်လုံးသည် ​ကျော်ကြားသူများ ဖြစ်လာခဲ့ကြသည်။ အဘယ်​ကြောင့်ဆို​သော် သူတို့သည် အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ရုံသာမက အလွန် လေးစားစရာကောင်း​သော ပရဟိတသမားများလည်း ဖြစ်​သော​ကြောင့်ပင်။

သူတို့ အိမ်ထောင်ပြုပြီးနောက်ပိုင်း သူတို့၏ပရဟိတလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ငွေများများဝင်လေ များများပိုလှူ​လေပင်။ သူတို့၏လှူဒါန်းမှုများသည် ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းများ၊ ဆေးရုံများ၊ စာကြည့်တိုက်များနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အဦများစွာကို တည်ဆောက်ရန် ကူညီပေးခဲ့သည်။ လူမျိုးပေါင်းစုံမှ မရေမတွက်နိုင်သောလူများကို မု​မော့ပရဟိတဖောင်ဒေးရှင်းမှ ကူညီပံ့ပိုးပေးခဲ့ပြီး ဖောင်ဒေးရှင်းမှ ဆောက်လုပ်ခဲ့သော အားကစားကွင်းများနှင့် စာကြည့်တိုက်များကဲ့သို့သော အများသူငှာ အဆောက်အဦများမှ အကျိုးကျေးဇူးရရှိခဲ့သူများကို ဖော်ပြလို့​တောင်မရ​ပေ။

သူတို့နှစ်ဦး ကွယ်လွန်သွားသည့်တိုင် သူတို့၏ ပိုင်ဆိုင်မှုအားလုံးကို မု​မော့ပရဟိတဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့​သော​ကြောင့် လူအများကို တတ်နိုင်သမျှ ဆက်လက်ကူညီနိုင်ခဲ့သည်။

မုထျန်းဟန်နှင့် ​မော့တိသည် တစ်နေ့တည်း၌ပင် သေဆုံးခဲ့ကြသည်။ ​မော့တိ၏ နှလုံးခုန်ရပ်သွားပြီးနောက် မုထျန်းဟန်သည် တူညီ​သောကုတင်ပေါ်တွင် လဲလျောင်းကာ ​မော့တိ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး တစ်နာရီမပြည့်မီတွင် သူ၏ နောက်ဆုံးထွက်သက်ကို ရှူထုတ်ခဲ့သည်ဟု ဆိုကြသည်။

ထိုညတွင် မု​မော့ပရဟိတဖောင်ဒေးရှင်းနှင့် ထိ​တွေ့ဆက်ဆံခဲ့ဖူးသည့် နေရာများအားလုံးသည် သူတို့၏ ကွယ်လွန်မှုအတွက် ဝမ်းနည်းခြင်းအလံကို လွှင့်ထူခဲ့ကြသည်။ ဝဘ်တစ်ခွင်နှင့် ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာအားလုံးသည် ဤဝမ်းနည်းဖွယ်သတင်းကို သတင်း​ပေးပို့လာကြပြီး သန်းပေါင်းများစွာသော လူများသည် သူတို့၏သေဆုံးမှုအတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြေကွဲခဲ့ကြသည်။

သို့​သော် သူတို့မသိခဲ့သည်မှာ ​မော့တိ... သူ အခြားကမ္ဘာတွင် သူ့မျက်လုံးများ ပွင့်လာခဲ့သည်။

…..

​မော့တိ သူသေဆုံးသည့်အခိုက်အတန့်တွင် သူ၏ ခံနိုင်ရည်ရှိမှုနှင့် ခွန်အားများကို သူ့ခန္ဓာကိုယ်မှ ဆွဲထုတ်သွားကြောင်း ကွက်ကွက်ကွင်းကွင်း မှတ်မိနိုင်သည်။ သူ မုထျန်းဟန်ဆီ လက်လှမ်းရန် ကြိုးစား​သော်လည်း သူ့လက်ချောင်းများသည် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်​တော့​ပေ။ စကားပြောချင်သော်လည်း အသံထွက်မလာ​ပေ။ မုထျန်းဟန်၏ပွေ့ဖက်မှုနှင့် ပါးပြင်ပေါ်ကျလာသည့် မျက်ရည်များကို ခံစားရရုံမှလွဲပြီး အခြား သူလုပ်နိုင်သည်မှာ ဘာမှမရှိ​တော့​ပေ။

​မော့တိ ထိုအတိုင်းပင် လဲ​လျောင်း​နေပြီး မုထျန်းဟန် သူ့ကိုခေါ်နေသည်ကို နားထောင်​နေလိုက်သည်။ မုထျန်းဟန်သည် သူ့ကို သူ့ကလေး​လေး သူ့အချစ်ကလေးဟု ခေါ်ကာ အိပ်ပျော်မသွားရန် တောင်းဆို​နေသည်...

ထိုအချိန်တွင် ​​မော့တိ အနည်းငယ် မရှက်ရွံ့ဘဲမ​နေနိုင်​ပေ။ သူ၏နောက်ဆုံးခွန်အားကို သူ၏ရှက်ရွံ့​နေမှုအ​ပေါ်တွင် ဖြုန်းတီးလိုက်သည်မှာ ဖြစ်​ကောင်းဖြစ်နိုင်သည်။ ​မော့တိ ကွယ်လွန်ချိန်တွင် အသက်ကိုးဆယ်ရှိနေပြီဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ မုထျန်းဟန် သူ့ကို သူ့အချစ်​ကလေး သို့မဟုတ် ကလေး​လေးဟု ခေါ်ခြင်းကို ပို၍ရှက်ရွံ့လာလေလေဖြစ်သည်။ သို့​သော် သူ့ကိုကိုသည် သူ့ကို ထိုသို့​ခေါ်ဆိုရန် တောင်းဆိုနေသေးသည်။ သေဆုံးသွားသည့်တိုင် ​မော့တိ ကြက်သီးများ ထလာသည်ကို ခံစားမိသည်။

သို့​သော်လည်း ​​မော့တိ သူ့ကို 'ကလေး​လေး' ဟု ခေါ်​သော ထိုအသံနှင့် မခွဲခွာချင်သေး​ပေ။ သူ့ကို ကလေးလေးတစ်​ယောက်လို အမြဲတမ်း ဆက်ဆံ​ပေးမည့် ထိုအမျိုးသားနဲ့ မခွဲခွာချင်​သေး​ပေ။ သူ့ကိုကိုနှင့် ခွဲခွာရန် ဆန္ဒမရှိသေး​ပေ...

…..

"ဝါး!"

ငိုသံတစ်ခုသည် တိတ်ဆိတ်မှုကို ထိုး​ဖောက်ဝင်​ရောက်လာသည်။

အသံသည် ပိုကျယ်လာပြီး ​မော့တိ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာသည်။

က​လေးက ဘာလို့ ဒီနေရာမှာ ငိုနေရတာလဲ။ သူ့အိမ်ကို ဘယ်လိုရောက်လာပြီး ဒီလိုမျိုး ငိုနေရတာလဲ။

သူ့ကိုကိုက ဘယ်မှာလဲ။ ကလေးငယ်ကို ဘာ​ကြောင့် သူတို့အိပ်ခန်းထဲကို ဝင်ခွင့်ပြုထားရတာလဲ။

သို့​သော် နောက်တစက္ကန့်မှာပင် ​မော့တိ အသက်ရှူကြပ်သည့် ခံစားချက်ကို ခံစားရပြီး လူသေတစ်ယောက်သည် ဘယ်လိုလုပ် အသက်ရှူကြပ်ရသနည်းဆိုသည်ကို သူ ပြန်မစဉ်းစားနိုင်ခင်မှာပင် ​တောက်ပ​သော အလင်းတန်းတစ်ခုသည် လင်းလက်လာသည်။

​မော့တိ သဘောပေါက်သွားသည်: သူ အမှန်တကယ်ကို မျက်လုံးများဖွင့်နိုင်​နေသည်။

ထို့အပြင် သူ့ရှေ့တွင် သူနှင့်မရင်းနှီးသော အဘွားကြီးတစ်ယောက်၏ မျက်နှာ​ပေါ်လာသည်။ သူမသည် သူ့ကိုကြည့်​နေပြီး မျက်လုံးများသည် နီရဲ​နေသည်။ သူမ ပြုံးပြီး ​အော်ဟစ်​ပြောဆိုလိုက်သည်။ “​တော်​သေးတယ် ​တော်​သေးတာ​ပေါ့..."

​မော့တိ ရှုပ်​ထွေးမှုနှင့်အတူ ကြောင်တောင်တောင်တောင် ဖြစ်နေသေးသည်။ သူမျက်လုံးများကို သုတ်ရန် သူ့လက်ကို ရွှေ့လိုက်သည်...

အများဆုံး သုံးနှစ်အရွယ်သာရှိ​သော က​လေးတစ်​ယောက်၏ လက်ပင်။

"ဝါး!"

​မော့တိ တုန်လှုပ်သွားပြီး ငိုချင်လာမိသည်။

ဘာတွေဖြစ်နေတာလဲ။

ထိုအချိန်တွင် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဝင်လာသည်။ သူမ သူ့ကို ကြည့်ကာ ပြုံးလိုက်ပြီး "အမေဝမ် ဒီကလေးက တကယ်ကံကောင်းတယ်။ သူ့ကို မကယ်နိုင်​တော့ဘူးလို့ ထင်ခဲ့တာ။ သူ မျက်လုံးဖွင့်လာလိမ့်မယ်လို့ မထင်မိဘူး"

"ဟင်း…” အ​မေဝမ် သက်ပြင်းချလိုက်ပြီး “ငါတို့က အရမ်းဆင်းရဲတာ​ကြောင့် သူ့ကို ဆေးရုံမပို့နိုင်ခဲ့ဘူး။ သူ့ဘဝအတွက် သူကိုယ်တိုင်ပဲ တိုက်ပွဲဝင်ခဲ့ရတာ"

“အမေဝမ် ရှင် ကိုယ့်ကိုကိုယ် အပြစ်မတင်သင့်ဘူး။ ဒီနေရာမှာ ကလေးဆယ်​ယောက်ရှိပြီး သူတို့အားလုံးကို ရှင် ဂရုစိုက်​နေရတယ် ပြီး​တော့ ဒီကလေးကို လမ်းဘေးမှာ ရှာတွေ့တော့ အသက်ဆုံးပါးနိုင်တဲ့ အခြေအနေရှိ​ရောက်နေပြီ​လေ။ အရမ်းကြီး တွေးမ​နေသင့်ဘူး"

“…”

​မော့တိ သူတို့၏ ပြောဆိုမှုများကို နားထောင်ပြီး သူ၏အခြေအနေကို နောက်ဆုံးတွင် နားလည်သ​ဘော​ပေါက်သွားသည်။ ဒါက ရုပ်ရှင်နှင့် ဝတ္ထုများမှာသာ ဖြစ်နိုင်​သည့် ကူး​ပြောင်းသွားခြင်းမျိုးဖြစ်နိုင်သည်။

ထို့အပြင် ထင်ရှားသည်မှာ သူသည် မိဘမဲ့ဂေဟာမှ ကလေးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားပုံရသည်။

သို့​သော် သူ့ကိုကို​ရော။ သူ့ကိုကို ဘာဖြစ်သွားတာလဲ! သူ အခုဘယ်မှာလဲ!

​မော့တိ ထိတ်လန့်စပြုလာသည်။ သူ့လက်သီးများကို တင်းတင်းဆုပ်လိုက်ကာ သူ့မျက်လုံးများမှ မျက်ရည်ပေါက်ကြီးနှစ်ပေါက်ကျလာပြီး “ကိုကို ကိုကို ကိုကို..."

"ဟေး သူ စကား​ပြောနေတယ်!” သက်လတ်ပိုင်းအမျိုးသမီးသည် ​မော့တိကိုကြည့်ကာ ပြုံးလိုက်ပြီး “သူ သူ့အစ်ကိုကို ခေါ်နေတာ"

"ဒီကလေးမှာ အစ်ကိုတစ်ယောက် ရှိတာ ဖြစ်နိုင်တယ်” အ​မေဝမ်သည် သူမ၏မျက်နှာပေါ်တွင် ဝမ်းနည်းသောအကြည့်ဖြင့် ကြည့်နေသည်။ ထိုသို့ပြောပြီးနောက် တံခါးမှ လျင်မြန်စွာ တံခါးခေါက်သံကို ကြားလိုက်ရသည်။

"ဆရာမ​ကျောက် ဆရာမ​ကျောက် မုထျန်း ထပ်ပြီး ရန်ဖြစ်​နေပြန်ပြီ။ သူ ထပ်ပြီး ရန်ဖြစ်နေတယ်"

"ဘာဖြစ်တာလဲ"

သက်လတ်ပိုင်း အမျိုးသမီးသည် တံခါးကို သွားဖွင့်ပေးလိုက်သည်။

တံခါးဝတွင် ကလေးများစွာနှင့် အမျိုးသားတစ်ဦး ရပ်နေသည်။ ထိုလူသည် ရှစ်နှစ် သို့မဟုတ် ကိုးနှစ်အရွယ် ကောင်လေး၏ကော်လာကို ဆုပ်ကိုင်ထားသည်။

"မစ္စတာလီ မုထျန်း ထပ်ပြီး ရန်ဖြစ်ပြန်ပြီလား"

"ဒီကလေးက အ​တော်​လေး စည်းမဲ့ကမ်းမဲ့နိုင်လွန်းတယ်။ ငါက စေတနာ့ဝန်ထမ်း​လေ ပြီး​တော့ ဘာပဲဖြစ်ဖြစ် မနက်ဖြန် ထွက်သွားမှာဆို​တော့ မင်းတို့ အမျိုးသမီး​တွေ သူ့ကို ကိုင်တွယ်​ဖြေရှင်းသင့်တယ်" ထိုလူသည် ကောင်လေးကို အခန်းထဲ တွန်းပို့ပြီး တခြားကလေးများနှင့်အတူ လှည့်ထွက်သွားခဲ့သည်။

ကောင်လေးသည် ဆိုးဆိုးရွားရွားထိခိုက်ထားပုံပေါက်​နေပြီး တစ်ချက်တွန်းလိုက်သည်နှင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

မုထျန်းဟန် အပြည့်အဝ သတိပြန်ရလာသောအခါတွင် သူ ပြင်းပြင်းထန်ထန် ပြုတ်ကျထားသကဲ့သို့ မြေပြင်ကို မျက်နှာမူနေသည်ကို တွေ့လိုက်ရသည်။

အမှန်တကယ်တွင် ထိုလူ၏ ဆွဲ​ခေါ်ခြင်း ခံရသည်ကို သူ သိသော်လည်း သူ့ခန္ဓာကိုယ်သည် တုံ့ပြန်မှု မရှိသေးပေ။ အခုမှသာလျှင် အပြည့်အဝ သူ နိုးကြားလာခဲ့သည်။

မုထျန်း လဲကျသွားသည်ကို အမေဝမ် မြင်ပြီး စိုးရိမ်တကြီးနှင့် သူ့ဆီ ပြေးသွားလိုက်သည်။ "မုထျန်း မင်း ဒဏ်ရာရသွား​သေးလား"

မုထျန်းဟန် အများကြီး မစဉ်းစားဘဲ ခေါင်းယမ်းလိုက်သည်။

ကောင်လေး ခေါင်းခါလိုက်သည်ကိုမြင်ပြီး အမေဝမ် စိတ်သက်သာရာရသွားသည်။ "မင်း ဘာလို့ထပ်ပြီး ရန်ဖြစ်ရတာလဲ။ ရန်မဖြစ်​တော့ဘူးလို့ မင်း ကတိပေးထားတယ်မလား"

မုထျန်းဟန် သူ့ခေါင်းကို ငုံ့ထားပြီး စကားတစ်ခွန်းမျှ မ​ပြော​ပေ။

၎င်းက သူ ကူးပြောင်းသွားသည်ဟု ဆိုလိုသည်မလား။ သို့​သော် သူ့နှလုံးသားသည် လေးလံနေပြီး သူ ဒုတိယဘဝကို ရရှိခဲ့​သောအခါတွင်​တောင် ​ပျော်စရာဟူ၍ မရှိ​ပေ။

သူ့ကလေးသည် ဒီမှာမရှိ​ပေ။ ဒီဘဝတွင် အသက်ရှင်​နေရန် ဘာအဓိပ္ပါယ်ရှိ​တော့မည်နည်း။

သို့သော် နောက်စက္ကန့်တွင် မုထျန်းဟန်သည် 'ကိုကို' ဟူသော ချွဲပစ်သည့် အသံ​သေး​သေးလေးတစ်သံကို ကြားလိုက်ရသည်။

ထိုအသံကို သူ့နှလုံးသားထဲမှ အ​တော်​လေး ရင်းနှီးကျွမ်းဝင်နေသည်။

သူ့ကလေး​လေး သူ့ကိုခေါ်သည့်ပုံစံအတိုင်းပင်။ ​မော့တိ၏​ခေါ်သံ​လေးသည် တိုပြီးနားလည်လွယ်​သော်လည်း သူ့နှလုံးသားကို အရည်ပျော်သွားစေနိုင်သည်အထိ ချိုမြိန်နေ​ပေသည်။

မုထျန်းဟန် ခေါင်းကို မော့လိုက်သည်။

သူ့ရှေ့တွင် သုံးနှစ်သားကလေးငယ်တစ်ဦး ​ပွေ့ချီထားသည့် အမျိုးသမီးတစ်ဦးရှိ​နေသည်။ ကလေးသည် လှပပြီး မည်းနက်​နေ​သော မျက်လုံးများ၊ ရှည်လျား​သော မျက်​တောင်များရှိပြီး သူ့​မော့တိ၏ အ​သေးစားဗားရှင်းကဲ့သို့ပင် အလွန်တူလှသည်။ မုထျန်းဟန်ကို မြင်​သောအခါ က​လေးသည် ပိုလို့တောင် ငိုလာပြီး တုတ်ခိုင်​သောလက်တိုတို​လေးများကို မျှော်လင့်ချက်ကင်းမဲ့စွာ သူ့ဆီ ဆန့်တန်းလာသည်။ အသံသေးသေးလေးနှင့် သူ့ကို ထပ်ခါထပ်ခါ ​ခေါ်နေသည်။

“ကိုကို… ကိုကို"

မုထျန်းဟန် တစ်ခဏခန့်မျှ တုန်လှုပ်သွားသည်။ သူ့မျက်လုံးများသည် နီရဲနေပြီး သူ့နှလုံးသားသည် ရပ်လုမတတ်ဖြစ်သွားသည်။

မုထျန်းဟန် အလျင်အမြန် ပြေးလာပြီး အမေဝမ်ထံမှ က​လေး​လေး​မော့တိကို ဂရုတစိုက် ပွေ့ချီလိုက်သည်။

"ကိုကို ဒီမှာရှိတယ်။ ကိုကို ဒီမှာရှိတယ်​လေ..."

"ကိုယ့်က​လေး​လေး မကြောက်နဲ့​တော့​နော်။ ဘယ်တော့မှ ကြောက်နေစရာမလို​တော့ဘူး"

ပြီးပါပြီ။

စာ​ရေးသူတွင် ​ပြောစရာရှိပါသည်။

ဤနောက်ဆုံးကမ္ဘာသည် ​မော့လျှိုကွေ့ရောက်လာသည့် တကယ့်အစစ်အမှန်ကမ္ဘာဖြစ်သည်။ ဟန်ချက်ညီ​စေရန် ​မော့လျှို​ကွေ့ လျှို့ဝှက်စွာ ခိုးသွင်းခံလိုက်ရပြီးချိန်မှ ကမ္ဘာအသိစိတ်သည် ​မော့တိကို တိတ်တဆိတ် ခိုးထုတ်သွားခဲ့သည်။ ထို့အပြင် မု​မော့ပရဟိတဖောင်ဒေးရှင်းသည် မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို ကူညီပေးခဲ့သောကြောင့် စုဆောင်းရရှိထားသော ကောင်းမြတ်သောဆန္ဒများသည် သူတို့နှစ်​ယောက် ပြန်လည်စုံစည်းရန်နှင့် ​ပျော်ရွှင်​သောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်​စေရန်အတွက် ကမ္ဘာအသိစိတ်က သားရဲအိုကြီး မုထျန်းဟန်ကို ထိုကမ္ဘာသို့ ပို့​ဆောင်ရန် လုံ​လောက်​အောင် စွမ်းအားကြီးလှ​ပေသည်။




ပြီးပါပြီ

Translated by...IQ Team
Thanks ❤️