အပိုင်း ၁၁၁
Viewers 43k

Chapter 111




တစ်ဖက်သူ၏ စိတ်ပျက်ဝမ်းနည်းမှုကို ခံစားနိုင်ရန် အလို့ငှာ ကျိမြန်မှာ ထိုမေးခွန်းကို အဖြေထုတ်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ နွေးထွေးသည့် ပွေ့ဖက်မှုကြောင့်လေလား သို့မဟုတ် ကျိမြန်၏ စိတ်ရှည်လှသည့် ချော့မော့မှုကြောင့်လေလားတော့မသိ။ တောင်အစွန်းမှ ခုန်ချလိုက်သည့် ရှောင်ကျားရှုမှာ နောက်ထပ်ကြောက်ရွံ့မှု တစ်စုံတစ်ရာကိုမှ မခံစားရတော့ဘဲ နွေးထွေးသည့် ရေကန်ထဲသို့ ကျဆင်းသွားတော့သည်။ လှိုင်းလုံးများ၏ တွန်းပို့မှုကြောင့် ကန်အောက်ခြေအထိ ရောက်ရှိသွားကာ အသက်ရှင်လျက် ရှိနေသည့် ကျိမြန်နှင့် ပြန်လည်ဆုံတွေလိုက်ရတော့သည်။ ကျိမြန်က သူ့ကို ပြုံးပြကာ လက်တို့ကို ဆန့်တန်းလျက် နှုတ်ဆက်လိုက်သည်။ 


ရှောင်ကျားရှုက ချက်ခြင်း သူ့ရင်ခွင်ထဲ ပြေးဝင်ကာ စကားပြောမည် ပြုစဉ်မှာပင် သူက ခေါင်းကိုငူံ့လျက် အောက်ဆီဂျင်များ ဖြန့်ဝေပေးလိုက်သည်။ နှုတ်ခမ်းနှင့် လျာတို့ အချင်းချင်း ထိကပ်လျက် တစ်ဖြည်းဖြည်း ကူးလူးရောယှက်နေကြပြီး ကြီးမားလှသည့် လက်တစ်စုံက ရှောင်ကျားရှု၏ ခါးရိုးတစ်လျှောက် တစ်ဖြည်းဖြည်း နိမ့်ဆင်းသွားကာ ... ထိသမျှ နေရာတိုင်း တငွေ့ငွေ့ ပူလောင်နေသည်မှာ ... ပွက်ပွက်ဆူနေသည့် ရေကန်ထဲ ရောက်နေသည့်အတိုင်းပင်။ 


‌သူ့ကို ပွေ့ဖက်ကာ နောက်ကျောကို ပုတ်ပေးနေသည့် ကျိမြန်၏ လှုပ်ရှားမှုတို့ ရပ်တန့်အေးခဲသွားတော့သည်။ အနက်ရောက်ဆံပင်ထိပ်ပိုင်းကို ငေးကြည့်နေသည့် သူ့အကြည့်တို့မှာ မယုံနိုင်မှုတို့ ပြည့်နှက်နေကာ အတွေးတို့မှာလည်း ကမောက်ကမ ဖြစ်ကုန်တော့သည်။ 


အိပ်မက်ဆိုး မက်နေတာ မဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ ...



အိပ်မက်မှာ ဆက်မက်နေဆဲပင်။ ရှောင်ကျားရှု၏ ဖြူ‌လျော့နေသည့် မျက်နှာ သွေးရောင်ပြန်လွှမ်းလာကာ မျက်လုံးထောင့်စွန်းမှ မျက်ရည်နှစ်စက် ကျဆင်းလာပြီး ခါးကို တွန့်လိမ်လျက် ချိုမြိန်တိုးလျသည့် ညည်းတွားသံတစ်ခုကို မကြားတကြား ထုတ်လွှင့်လိုက်သည်။ 


ကျိမြန်မှာ ကျောက်တုံးတစ်တုံးကဲ့သို့ တင်းတောင့်နေကာ တဲအပြင်သို့ ထွက်ရမည်လား ရှောင်ကျားရှု၏ အိပ်မက်ကို ပဲဖြတ်တောက်လိုက်တော့မည်လားဟုပင် စဉ်းစားလိုက်မိတော့သည်။ သို့သော် ရှောင်ကျားရှု နိုးလာပါလျှင် ရှက်သွားလိမ့်မည်ဟု တွေးမိသည့်အခါ ထိုအကြံကို ရုတ်ချည်း ပယ်ချလိုက်တော့၏။ ထို့ကြောင့် တဲထဲမှ ထွက်သွားရုံမှအပ ရွေးစရာ မရှိတော့ချေ။ 


သို့သော်လည်း ရှောင်ကျားရှု၏ လက်တို့က သူ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားသည့်အတွက် ကြွက်သားတစ်ခုကိုမှပင် လှုပ်ရှား၍ မရတော့။ 


ပူစပ်ပူလောင် ဖြစ်လှသည့် ညဉ်းတွားသံတို့ကို နားမှ ကြားနေရကာ သူ့မျက်ဝန်းတို့မှာ ပူလောင်လွန်းလှသည်။ ငေးကြည့်နေသည့် အကြည့်တို့မှာလည်း ချစ်ခင်စိတ်တို့ ပြည့်နှက်နေရာ ကျိမြန်က ဘုန်းတော်ကြီးတစ်ယောက် ဖြစ်လျင်ပင် သွေးသားဆန္ဒတို့ တုန့်ပြန်လာမည်ဖြစ်သည်။ ခန္ဓာကိုယ်ကို နောက်ဆုတ်လျက် အောက်ပိုင်းကို ရှောင်ကျားရှုနှင့် ခွါထားကာ တဲခေါင်မိုးကိုသာ ငေးကြည့်နေလိုက်တော့သည်။ 


တစ်ဖြည်းဖြည်း စိတ်ဖိစီးနေစဉ်မှာပင် သူ့ရင်ခွင်ထဲတွင် အိပ်နေသူထံမှ နိုးလာတော့မည့် အရိပ်အယောင်များ တွေ့လိုက်ရသည့်အတွက် မျက်စိမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်တော့သည်။ 


ရှောင်ကျားရှုက အိပ်ချင်မူးတူးဖြင့် နိုးထလာ၏။ အပူငွေ့က သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေဆဲ ဖြစ်သည့်အတွက် အလွန်အမင်း ရေငတ်လာတော့သည်။ နှုတ်ခမ်းကို လျှာဖြင့်သပ်လျက် မျက်လုံးကို ပွတ်သပ်လိုက်ပြီးကာမှ သူ့တစ်ကိုယ်လုံး ကျိမြန်၏ ရင်ခွင်ထဲ ရောက်နေကာ ခါးကိုလည်း သူ့လက်နှစ်ဖက်ဖြင့် ဖက်ထားသည့်အပြင် သူ့ခြေထောက်များမှာလည်း ကျိမြန်ခြေထောက်ကြား ရောက်နေကာ အလွန်အမင်း အမြင်မသင့်ဟန် ပေါ်နေပေသည်။ ပို၍ ဆိုးသည့်အချက်မှာ သူ့ခွကြားထဲရှိ ပစ္စည်းမှာ ယခုထိ မာနေဆဲဖြစ်သည်။ ကျိမြန်က နောက်သို့ အနည်းငယ် ဆုတ်ထား၍သာ မဟုတ်ပါလျှင် သူ့ကို သေချာပေါက် ထိမိတော့မည်ဖြစ်သည်။ 


ဖာ့ခ် စောက်ကျိုးနည်း တကယ်ကို စောက်ကျိုးနည်း .... 


ရှောင်ကျားရှု၏ မျက်လုံးတို့ ချက်ခြင်း ပြူးကျယ်သွားကာ ထိုအခါမှသာ သူ့အိပ်မက်ကို ပြန်လည်မှတ်မိသွားတော့သည်။ 


ရေကန်ထဲမှာ သူနဲ့ ကျိကော ဘာဖြစ်ခဲ့ ... ဖာ့ခ် ... 


ထို့နောက် မာနေသည့် အရာမှာ ရုတ်ချည်း ပြန်ပျော့သွားတော့သည်။ ထိုသို့ ပျော့သွားသည်မှာလည်း ကြောက်လန့်စိတ်ကြောင့် မဟုတ်။ ပြည့်လျှံသည်ထက် ပိုလွန်လာ၍ စွန့်ထုတ်လိုက်မိခြင်းဖြစ်သည်။


တစ်ဖန် အေးခဲသွားပြန်ကာ သူ၏ သုံးလောကအမြင်နှင့် အကျင့်စာရိတ္တ စံချိန်စံနှုန်းတို့ တစ်စစီ ကျိုးပျက်သွားပြန်တော့သည်။ 


ဘာလို့လဲ ဘာလို့ ကျိကောနဲ့ အိပ်ပါတယ်ဆိုပြီး အိပ်မက်မက်ရတာလဲ ငါကတော့ လူကို မဟုတ်တော့ဘူး တိရိစ္ဆာန်ကောင် ဖြစ်နေပြီ ... 


ချက်ခြင်းပင် ထွက်ပြေးလိုက်ချင်သော်ငြား ကျိမြန်ကို နှိုးမိမည်အားလည်း စိုးရိမ်သဖြင့် တဲထဲမှ တစ်လှမ်းချင်းလှမ်းကာ အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။ ကောင်းကင်ပြင်တစ်ခုလုံး လင်းထိန်နေကာ အပြာရောင်ရေလှိုင်းတို့က ကမ်းစပ်ကို ရိုက်ပုတ်‌နေသဖြင့် လှိုင်းပုတ်သံများကို အဝေးမှပင်  ရှင်းလင်းကျယ်လောင်စွာ ကြားနေရတော့သည်။ 


တစ်ကိုယ်လုံး ခြောက်သွေ့သွားသည်အထိ ကမ်းစပ်တွင် အကြာကြီး ရပ်နေကာ လင်းလဲ့ယန်၏ ခြေသံကြောင့်သာ မဟုတ်ပါလျှင် ဆက်ပြီး ရပ်နေမိဦးမည်ဖြစ်သည်။ 


"အစောကြီး နိုးနေတာလား ..." 


လင်းလဲ့ယန်က သူ၏ နီရဲနေသော မျက်နှာကို ငေးကြည့်လျက် ပြောလာသည်။ 


"အာ မနက်စောစော ထရတာကို အကျင့်ဖြစ်နေလို့လေ ..." 


ရှောင်ကျားရှုက သူ့ကို ပြန်ငေးကြည့်နေလိုက်သည်။ သူ့အကြည့်တို့မှာ ယခုအထိ ရမ္မက်စိတ်တို့ စွန်းထင်းနေဆဲပင်။ 


လင်းလဲ့ယန်က မျက်မှောင်ကြုတ်ကာ သက်သေအခိုင်အမာဖြင့် ပြောတော့မည့် အချိန်မှာပင် ရှောင်ကျားရှုက ရေထဲသို့ အလောတကြီး ပြေးဆင်းလိုက်၏။ 


စောက်ကျိုးနည်း ခွကြားက အခုထိ စိုနေသေးတယ်ဟ အနံ့ကလည်း ပြင်းလိုက်တာမှ ဘာဖြစ်ခဲ့သလဲဆိုတာ ထုတ်ပြောနေစရာကို မလိုဘူး သက်သေကို အမြန်ဆုံး ဖျက်ဆီးပစ်မှရမယ် ... 


ရှောင်ကျားရှု၏ နောက်ကျောဘက်မှာ တက်ကြွစိတ်တို့ လွှမ်းခြုံထားသည့်တိုင် မျက်နှာမှာမူ မျက်ရည်အပြည့်ပင်။ "တစ်ခုခု ဖြစ်မလာမချင်း မင်းစိတ်ထဲမှာ ဘယ်လောက်အထိ ဆိုးရွားတဲ့ နတ်ဆိုးတစ်ကောင် ကိန်းအောင်းနေသလဲဆိုတာကို မသိနိုင်ဘူး" ဟူသည့် ဆိုရိုးစကားကိုပင် တိုက်တိုက်ဆိုင်ဆိုင် သတိရ‌သွားတော့သည်။ 


ရှောင်ကျားရှု မင်း တစ်နေကုန် ဘာတွေတွေးနေတာလဲ ... 


သူက ရေကို ခပ်ကာ နီရဲနေသည့် မျက်နှာကို ပက်လိုက်သည်။ သူ့ပုံစံမှာ မျက်ရည်မထွက်ဘဲ ငိုချလိုက်ချင်ဟန်ပင်။ 


ခဏအကြာတွင် ယုပိုင်ရှို့၊ ဟွမ်ရင်ရွှယ်နှင့် အခြားသူများ တစ်ယောက်ပြီးတစ်‌ယောက် နိုးလာကာ နေထွက်ချိန်ကို ကြည့်ရန် ကမ်းစပ်သို့ လျှောက်လာကြတော့သည်။ ကျိမြန်ကမူ သူ၏ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်ချက်တို့ ငြိမ်သက်သွားသည်အထိ စောင့်ပြီးမှသာ ထွက်လာလိုက်တော့သည်။ ထိုစဉ် ဟွမ်ရင်ရွှယ်၏ စကားသံကို ကြားလိုက်ရ၏။ 


"ရှောင်ကျားရှုတစ်ယောက် ဘယ်လောက်တောင် ပျော်နေသလဲ ကြည့်လိုက်ပါဦး ဒီလောက် အသက်ကြီးနေတာတောင် ကလေးလေးလို ရေထဲမှာ လျှောက်ပတ်ပြေးနေ‌တုန်းပဲ ..." 


ရှောင်ကျားရှု၏ နှလုံးသားတစ်ခုလုံး ခါးသီးသွားတော့၏။ 


ဘောင်းဘီကို ဆေးကြောဖို့သာ မဟုတ်ရင် ဘာလို့ ဒါမျိုး လုပ်မှာလဲ ... 


ကျိမြန်ကလည်း အနည်းငယ် ရှက်ရွံ့နေသေးသည့်တိုင် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ တိုးဖွဖွ ရယ်မောလိုက်မိတော့သည်။ 


ရှောင်ကျားရှုရေ တစ်ရက်လောက်များ အရူးမထလို့ မရဘူးလားကွာ ... 


သိပ်မကြာခင်မှာပင် အပြုံးကို ပြန်သိမ်းဆည်းကာ အော်ခေါ်ပြောလိုက်သည်။ 


"ရှောင်ရှု လာခဲ့တော့ မင်းခြေထောက်တွေက ရေထိလို့ မရသေးဘူး ..." 


ရှောင်ကျားရှုက ရေထဲတွင် တစ်ခဏမျှ ဆက်ရပ်နေပြီးကာမှ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ကမ်းစပ်သို့ တက်လာခဲ့လိုက်တော့သည်။ ကျိမြန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ပင်လယ်ရေကြောင့် ငြိမ်သက်သွားသည့် အပူဓာတ်တို့ တစ်ဖန်ပြန်ရုန်းကြွလာကာ ပါးနှစ်ဖက်လုံး ပူခြစ်လာတော့သည်။ 


"ကျိကော ကောင်းသောမနက်ခင်းပါ ..." 


"အစောကြီးကို နိုးနေတာပါ့ကော ..." 


ချစ်စရာကောင်းလှသည့် ရူးကြောင်ကြောင် ဒုသခင်လေးရှောင်ကို တွေ့လိုက်ရသည့်အခါ ကျိမြန်မှာ လုံးဝဥဿုံ ကို့ရို့ကားယား ဖြစ်သွားတော့သည်။ ရယ်ချင်စိတ်ကို ထိန်းချုပ်လျက် နှိုးဆော်လိုက်၏။ 


"ခြေထောက်ကို သန့်နေအောင် ပြန်သုတ်ပြီး မီးဖိုဘေးမှာ အခြောက်ခံထား ရေနူးကုန်ပြီလား ကြည့်ပေးမယ် ..." 


ရှောင်ကျားရှုက မီးဖိုဘေးတွင် လိမ်လိမ်မာမာလေး ဝင်ထိုင်ကာ သဲများကို တစူးတစိုက် ခါထုတ်ပေးလိုက်သည်။ သူ့ခြေကျင်းဝတ်ကို ကိုင်ကာ အရည်ကြည်ဖုများကို ကြည့်ပေးနေသည့် ကျိမြန်၏ ဘေးတိုက်မျက်နှာကို ငေးကြည့်နေရင်း ဉာဏ်အလင်းပွင့်သွားတော့၏။ 


ဘာလို့ ဒီလိုအိပ်မက်မျိုး မက်ခဲ့တာလဲ ဒါက ညစ်ပတ်လို့လည်း မဟုတ်သလို တဏှာစိတ်ကြောင့်လည်း မဟုတ်ဘူး ဘာလို့လဲဆိုတော့ ငါ ကျိကောကို ချစ်နေမိလို့ ဟုတ်တယ်မဟုတ်လား ... 


ဒီလိုမဟုတ်ဘူး ဒါက အချစ်ပဲ ... သူ့အတွက် ခါးခါးသီးသီးကို ငိုကြွေးခဲ့တယ် သူ့အတွက်နဲ့ တောင်အစွန်းကနေတောင် ခုန်ချခဲ့တယ် ဘာမှ သံသယမဝင်ဘဲနဲ့ ငါ့ဒဏ်ရာကို ဖွင့်ပြခဲ့တယ် ဒါကမှ အချစ်မဟုတ်ရင် ဘာက အချစ်လဲ သူ့အကြောင်းကိုပဲ အမြဲတမ်း စဉ်းစားနေမိတာ မဆန်းတော့ပါဘူး သူ ဒီရှိုးကို ရိုက်မယ်ဆိုတာနဲ့ ချက်ခြင်း လိုက်လာမိတာ သူ့ဘေးနားမှာ ရှိနေနိုင်သရွေ့ ပင်ပန်းဆင်းရဲမှုတွေကို မကြောက်တာ ပြီးတော့ ငါ့နှလုံးသားတစ်ခုလုံး ပျော်ရွှင်နေမိတာတွေက ... 


ရှောင်ကျားရှု မင်းက အရူးပဲ ဘာလို့ အခုချက်ခြင်းကြီး စဉ်းစားနေရတာလဲ ...


အတွေးတို့ကို ဖိနှိပ်ကာ သူ့နဖူးကို ပြန်ရိုက်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်ကာ အပြုံးတစ်ပွင့် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ပြန်လည်ဖိနှိပ်လိုက်၏။ လိင်တူတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်းမှာ လက်ခံရန် ခဲယဉ်းလှသည်ဟု ဘယ်သောအခါကမှ မတွေးခဲ့ဖူးချေ။ သို့သော် ဤနေရာတွင် မေးခွန်းတစ်ခု ‌ရှိလာတော့သည်။ 



ကျိကောရဲ့ အတွေးကရော ဘယ်လို ဖြစ်မလဲ သူက ယောကျာ်းတွေကို ကြိုက်ပါ့မလား ... 


သို့သော် ကျိမြန်မှာ မည်သူနှင့်မျှ သတင်းမထွက်ဖူးသည့်အတွက် သူ့တွင် ကိုးကားစရာ အထောက်အထား မရှိတော့ချေ။ 


သူ့ကို ချက်ခြင်းကြီး ဝန်ခံလိုက်ရင် ခြောက်လှန့်မိရာ ကျသွားမလား အဲ့ဒီလိုသာဆို သူငယ်ချင်းတောင် မလုပ်နိုင်တော့မှာကို ကြောက်မိတယ် ဒါပေမယ့် ဖွင့်မပြောဘဲ သိမ်းထားဖို့ကျတော့လည်း အရမ်းကို နေရထိုင်ရ ခက်မှာပေါ့ တစ်ယောက်ယောက်နဲ့ ချစ်ကျွမ်းဝင်ချင်ရင် ပြင်းပြင်းထန်ထန် ကြိုးစားသင့်တာ မဟုတ်ဘူးလား ... 


အကျိုးနှင့် အပြစ်တို့ကို အလှည့်ကျ တွေးနေရင်း သူ့မျက်နှာမှာ နီတစ်ခါ ဖြူတစ်လှည့် ပြောင်းလဲသွားတော့သည်။ 


ကျိမြန်က အရည်ကြည်ဖုများကိုသာ ဂရုတစိုက် စစ်ဆေးနေဟန် ရှိသော်ငြား အမှန်တကယ်တွင်မူ လက်ဖဝါးတစ်ခုလုံး ချွေးများ စိုရွှဲနေပေသည်။ ရှောင်ကျားရှု၏ အတွေးများကို ကြားလိုက်သည့်အခါ အနည်းငယ် အံ့အားသင့်ကာ စိတ်လှုပ်ရှားသွားသော်ငြား ဆက်ဆံရေးတစ်ခုကို အဆုံးသတ်ထားကာစ ဖြစ်သည့်အတွက် အသစ်တစ်ခု စတင်ရန် အဆင်သင့် မဖြစ်သေးချေ။ ရှောင်ကျားရှု၏ စိတ်တို့ တည်ငြိမ်သွားစေရန် အလို့ငှာ သူနှင့် ခပ်ခွါခွါ နေမည်ဟု စဉ်းစားနေစဉ်မှာပင် လင်းလဲ့ယန်၏ စကားသံကို ကြားလိုက်ရတော့သည်။ 


"ကျိကော စားစရာတွေ ကုန်သွားပြီ မနက်စာအတွက် ဘယ်လိုလုပ်ကြမလဲ ..." 


"အုန်းသီးတွေရော ရှိသေးလား ..." 


ချက်ခြင်းလက်ငင်းပင် အတွေးအားလုံးကို ရှင်းထုတ်လိုက်သည်။ 


"ဒါဆို ကျွန်တော် နည်းနည်းလောက် သွားခူးလိုက်မယ် ..." 


သူက ထိုသို့ပြောလိုက်သည့်တိုင် မီးပုံနားမှ မခွာသေး။ ယမန်နေ့ညက တစ်ခုခု ဖြစ်ပွားခဲ့ကြောင်း သူ့စိတ်ထဲတွင် ခံစားမိနေပေသည်။ သို့မဟုတ်ပါလျှင် ကျိကောနှင့် ရှောင်ကျားရှု၏ အမူအရာတို့မှာ ထူးဆန်းနေမည် မဟုတ်ချေ။ 


ကျိမြန်က သူ့(လင်းလဲ့ယန်)ကိုတစ်လှည့် ရှက်ရွံ့မှုဖြင့် နီရဲနေကာ ခေါင်းငိုက်စိုက်ချထားသော ရှောင်ကျားရှုကိုတစ်လှည့် စိုက်ကြည့်ရင်း ပြောစရာစကား ကင်းမဲ့သွားတော့သည်။ 


ထိုစဉ် ဝန်ထမ်းတစ်ဦး ရောက်လာကာ မစ်ရှင်ကတ်တစ်ခုကို လာပေးလိုက်သည်။ 


"စူးစမ်းသူများ ဒါက လူကြီးမင်းတို့ ကျွန်းပေါ်ရောက်တဲ့ ဒုတိယနေ့ပါ ဒီနေ့ကနေစပြီးတော့ စွန့်စားခန်းဘဝထဲကို ‌စတင်ရောက်ရှိသွားပြီ ဖြစ်တဲ့အတွက် တဲတွေ၊ ရေတွေ၊ စားစရာတွေ လုံးဝ ထောက်ပံ့ပေးတော့မှာ မဟုတ်ပါဘူး အရာအားလုံးကို ကိုယ့်ခြေကိုယ့်လက်နဲ့ပဲ ရှာဖွေရပါတော့မယ် ..." 


"ဘုရားရေ မဖြစ်နိုင်လိုက်တာ ငါတို့ကို အသေသတ်မလို့ ကြံနေတာလား ..." 


ကျိုးရှောင်လုံက ဒေါသတကြီး ဝင်ပြောလိုက်သည်။ 


ဝန်ထမ်းက မစ်ရှင်ကတ်ကို ချန်ထားလျက် အေးစက်စွာပင် လှည့်ထွက်သွားတော့သည်။ 


မနက်စာအတွက် အနီးဝန်းကျင်သို့ လှည့်ပတ်ရှာဖွေရန်မှအပ ရွေးစရာမရှိတော့ချေ။ ကျိမြန်က အိတ်ထဲရှိ မှန်ပြောင်းကိုထုတ်ကာ အနီးရှိ တောတောင်တို့ကို ဂရုတစိုက် အကဲခတ်လိုက်သည်။ 


"တောင်ပေါ်မှာ မျောက်တွေရှိတယ် သူတို့ကလည်း ရေသောက်တတ်တဲ့ အကောင်တွေပဲဆိုတော့ သူတို့ရဲ့ နောက်ကိုသာ လိုက်သွားရင် ရေရှိတဲ့နေရာကို ရှာတွေ့နိုင်တယ် ..." 


"မထွက်ခွါခင် ဗိုက်ဝအောင် စားကြရအောင် မဟုတ်ရင် အားမရှိဘဲ နေလိမ့်မယ် ..." 


ဟွမ်ရင်ရွှယ်က ဟောင်းလောင်းဖြစ်နေသည့် ဝမ်းဗိုက်ကို ပုတ်လျက် ပြောလိုက်လျှင် ယုပိုင်ရှို့ကပါ လက်မြှောက်ကာ ထောက်ခံလိုက်သည်။ 


ရှောင်ကျားရှုကမူ မည်သည်ကိုမှ ဂရုမထား။ ကျိကောနှင့် အတူတူရှိနေရန်သာ လိုအပ်ပေသည်။ 


"အချစ်က မင်းကို ဗိုက်ပြည့်စေတယ်"  ဆိုတဲ့ စကားလိုပေါ့ အခု တကယ်ကြီးကို စိတ်ကျေနပ်နေပြီ ... 


ကျိမြန်က မှန်ပြောင်းကို ခေါက်သိမ်းရင်း တစ်ခဏမျှ ရပ်တန့်လိုက်ပြီးနောက် မျက်ခုံးကို ကြမ်းကြမ်းတမ်းတမ်း ကုတ်ခြစ်လိုက်သည်။ 


ခေါင်းချင်းရိုက်ပြီး အဖြေရှာတယ်ဆိုတာ ဒါမျိုးများလား နောက်ဆုံးတော့ သူလည်း နားလည်မိလာသလိုပဲ ... 


"မင်းတို့လေးယောက်က အသီးသွားရှာလာလိုက် ငါက ကမ်းခြေကို သွားပြီး ငါးဖမ်းလို့ ရမရ ကြည့်လိုက်ဦးမယ် ..." 


သူက ညွှန်ကြားလိုက်သည်။  


"ကျိကော ကျွန်တော်လည်း ငါးဖမ်း‌တဲ့နေရာ လိုက်ခဲ့မယ်လေ ..." 


ရှောင်ကျားရှုက ချက်ခြင်း လက်ကိုမြှောက်လိုက်သည်။ 


"မင်း‌ခြေထောက်က ရေထိလို့ မရဘူး လိမ်လိမ်မာမာနေခဲ့ ..." 


သူက စိုက်ကြည့်လိုက်သည်။ 


ရှောင်ကျားရှုက တစ်ခဏမျှ ကြောင်အသွားပြီးကာမှ စိတ်ပျက်လက်ပျက်ဖြင့် သဘောတူလိုက်တော့သည်။ 


အဲဒီ့အကြည့်က သူ့အတွက်တော့ အံ့ဩစရာပဲ ကျိကောရဲ့ အမူအယာက အရမ်းကို ပြင်းထန်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ အရိပ်အယောင်တွေလည်း ပါနေသေးတယ် ကျိကောနဲ့ အတူတူ ရှိချင်ပေမယ့် သူ ရွံ့ရှာလာတဲ့အထိ ကပ်တွယ်နေလို့လည်း မဖြစ်ဘူးလေ ကြည့်ရတာ တစ်‌ယောက်ယောက်ကို တိ

တ်‌တိတ်လေး ကြိုက်နေမိတာနဲ့ တစ်ပြိုင်နက် သင့်တော်တဲ့ အကွာအဝေးတစ်ခု ထားရတော့မယ်ထင်တယ် မဟုတ်ရင် သူ့ကိုတောင် မလိုက်ရသေးခင်မှာပဲ အမုန်းခံရလိမ့်မယ် ...




Xxxxxxx