အပိုင်း ၁၃၆
Viewers 44k

Chapter 136





ရှောင်ကျားရှု သရုပ်ဆောင်ထားသည့် သခင်လေး ရှုထျန်းယုမှာ သေရမည်ကို လွန်စွာ ကြောက်သည့်တိုင် တရားမျှတမှုကို မြတ်နိုးသည့်အတွက် အရေးကြုံလာပါလျှင် အလွန်အမင်း သတ္တိရှိကာ ချစ်စရာကောင်းလှသည့် ဇာတ်ကောင်စရိုက်ကို ပိုင်ဆိုင်ထားပေသည်။ ကျိမြန် သရုပ်ဆောင်ထားသည့် တင်းကျင်းစုန့်မှာမူ အရန်ဇာတ်ကောင်မျှသာ ဖြစ်သော်ငြား သောင်ကျစ်ထျန်း၏ သရုပ်မျိုးကို ပိုင်ဆိုင်ထားပေသည်။ သူသည် U.S အခြေစိုက် အင်အားအကြီးဆုံး တရုတ်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်ကာ မြေအောက်လောကကို ထူးထူးကဲကဲ လွှမ်းမိုးနိုင်သည့်အပြင် ဂေးတစ်ယောက်လည်း ဖြစ်နေသေးသည်။ မိန်းမလှလေးများကို မကြိုက်၊ ထိန်းရခက်လောက်အောင် ကလူတတ်မြှူတတ်သည့် အမျိုးသားအိုင်ဒေါများကိုသာ နှစ်သက်တတ်သူ ဖြစ်ပေသည်။ 


ရိုးရိုးလေးပဲ စဉ်းစားကြည့်လိုက်ပါ U.S မှာ အင်အားရှိနေပြီးသား လူကုန်ကူးတဲ့ဂိုဏ်းကို နိုင်ငံခြားက လာတဲ့ တရုတ်နှစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ ဒါကြောင့် ဇာတ်ညွှန်းရေးဆရာက ရွှေလက်ချောင်းကြီး တင်းကျင်းစုန့်ကို ထပ်ထည့်တာပေါ့ ... 


တင်းကျင်းစုန့်သည် လှပခန့်ညားသည့် သခင်လေးကို ချစ်ကျွမ်းဝင်သွားကာ သူအခက်ကြုံလေတိုင်း အမြဲ ကူညီဖြေရှင်းပေးလိုက်တော့သည်။ တစ်ယောက်နောက် တစ်ယောက်လိုက်ရင်း အတူတူ ထွက်ပြေးရင်း ဇာတ်ကြောင်းတစ်ခုလုံး ရယ်ရွှင်ဖွယ် အပြည့်ပင်။ နောက်ဆုံးပိုင်း၌ သခင်လေးနှင့် သက်တော်စောင့်ကို လူကုန်ကူးသည့်ဂိုဏ်းက ဖမ်းမိသွားကာ အသတ်ခံရတော့မည့်အချိန်တွင် အချိန်မီရောက်လာပြီး အခြေအနေတို့ကို ပြောင်းလဲလိုက်သူမှာလည်း ထိုသူပင် ဖြစ်ပေသည်။



ရှောင်ကျားရှုက အိပ်ယာပေါ် လှဲလျောင်းကာ ဇာတ်ညွှန်းစာရွက်ကို လှန်လှောကြည့်ရင်း တောက်ခေါက်လိုက်သည်။ 


"ကျိကော ကောက ဒီလိုဇာတ်ကောင်မျိုး တစ်ခါမှ သရုပ်မဆောင်ဖူးဘူး မဟုတ်လား ဂိုဏ်းစတား ပြီးတော့ ဂေးတစ်ယောက်ဆိုတာမျိုးလေ ဒါက ကောရဲ့ ပုံရိပ်ကို ထိခိုက်နိုင်လောက်လား ..." 


ကျိမြန်က သူ၏ အချိုးကျလှသော တင်ပါးကို ပုတ်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ 


"ကိုယ်ကလည်း ကိုယ့်ကိုယ်ကို သရုပ်ဆောင်တစ်ယောက်လို့ပဲ မှတ်ယူထားတာ ပုံရိပ်ကောင်းတစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်ပြီး ဇာတ်ကောင်တွေ ဇာတ်ညွှန်းတွေကို ရွေးတာ မဟုတ်ဘူး ..." 


ထို့နောက်တွင်မှ သူ့ချစ်သူလေး၏ နားထဲသို့ တီးတိုးပြောလိုက်သည်။ 


"ပြီးတော့ ကိုယ်က ဒီဇာတ်ကောင်ရဲ့ စရိုက်ကို ကြိုက်လို့ ယူခဲ့တာ ဇာတ်လမ်းထဲမှာပဲ ဖြစ်ဖြစ် လက်တွေ့ဘဝမှာပဲဖြစ်ဖြစ် မင်းကို ကာကွယ်ပေးချင်တယ် ..." 


သူ့ကိူ လှည့်ကြည့်လာသည့် ရှောင်ကျားရှု၏ မျက်ဝန်းတို့မှာ စိုစွတ်မှုအပြည့်ပင်။ 


ကျိကောက ဘာလို့များ စကားချိုချိုလေးတွေ ပြောတဲ့နေရာမှာ အရမ်း တော်နေရတာလဲ သူ့နှလုံးသားလေးက ထပ်ပြီး ခံနိုင်ရည် မရှိတော့ဘူး ... 


ကျိမြန်ကိုယ်ပေါ် ခုန်တက်ကာ သူ့ကို နှုတ်ခမ်းမှ ပါး၊ ပါးမှ နဖူး၊ တစ်ဖန် နှာတံတစ်လျှောက်မှ မေးစေ့၊ လည်ပင်းနှင့် ညှပ်ရိုးအထိ လျောဆင်းကာ ဆက်တိုက် အနမ်းခြွေလိုက်သည့်အတွက် ကျိမြန်တစ်ကိုယ်လုံး သွားရည်များ ပေကျံသွားတော့သည်။ 


ပထမဆုံးအကြိမ် ချစ်ကြိုက်ဖူးခြင်းဖြစ်ရာ တစ်ဖက်သူ စိတ်ကျေနပ်စေရန် မည်သို့ ဆောင်ရွက်ပေးရမည်မှန်းမသိ။ ခွေးပေါက်တစ်ကောင်နှယ် ပွတ်သပ်နမ်းရှိုက်ရင်းသာ သူ့အချစ်တို့ကို ထုတ်ပြတတ်ပေသည်။ ကျိမြန်၏ ခါးပေါ်ထိုင်ကာ အင်္ကျီစကို လက်နှစ်ဖက်ဖြင့် ကိုင်ထားလျက်  အသံထွက်သည်အထိ ခဏခဏ ငုံ့နမ်းလိုက်သည်။ သူ၏ တောက်ပလှသော မျက်ဝန်းအစုံတို့မှာ နှစ်လိုမှုနှင့် ဂုဏ်ယူမှုတို့ ပြည့်လျှံနေပေသည်။ 


ကျိမြန်၏ လက်တစ်ဖက်က သူ့ခါးကို ဖက်ထားလျက် ကျန်လက်တစ်ဖက်က နူးညံ့လှသည့် တင်ပါးနှစ်ဖက်ကို ပွတ်သပ်ပေးနေပြီး ညင်သာသည့် အပြုံးတစ်ပွင့်ကိုလည်း ချိတ်ဆွဲထားသေးသည်။ သူသည် ရှောင်ကျားရှု၏ နွေးထွေးမှုနှင့် တည့်တိုးဆန်မှုတို့ကို လွန်စွာ သဘောကျကာ မကြိုက်သည့်အချက်ဟူ၍ တစ်ချက်မျှပင် ရှာမတွေ့ချေ။ ရှောင်ကျားရှု၏ ဆံချည်တစ်မျှင်မှစကာ အဘက်ဘက်တိုင်းမှာ သူ အမြတ်နိုးရဆုံး ပုံစံနှင့် တစ်ထပ်တည်း ထပ်တူညီနေပေသည်။ 


သူ့ကို ရင်ခွင်ထဲ ဆွဲချကာ နောက်စေ့ကို အုပ်ကိုင်လျက် နှုတ်ခမ်းချင်း၊ လျာချင်း ရစ်ပတ်လျက် အနမ်းတစ်ပွင့် ဖလှယ်ပြီးကာမှ သက်ပြင်းချကာ ပြောလိုက်သည်။ 


"တော်သေးတာပေါ့ မုန့်ပျောင်က စာချုပ်ကို ဖျက်လိုက်လို့ မဟုတ်ရင် ကိုယ်တော့ ရှာလကာရည် ပုလင်းလိုက် သောက်နေရတော့မှာ ..." 


မုန့်ပျောင်မှာ စာချူပ်ကို ဖျက်သွားခဲ့သည့် သရုပ်ဆောင် ဖြစ်သည်။ မျက်နှာထူကာ လူကောင်ကြီးမားပြီး ဟာသကားများတွင် ဗီလိန်အဖြစ် သရုပ်ဆောင်လေ့ရှိသည့် နာမည်ကြီးတစ်ယောက် ဖြစ်ပေသည်။ ရှောင်ကျားရှုက မုန့်ပျောင်၏ ပုံစံကို စဉ်းစားကာ သူ့အောက်တွင် အဖိခံထားရသည့် ကျိမြန်ကို ပြန်ကြည့်လိုက်သည့်အခါ ဟန်မဆောင်နိုင်လောက်အောင် တသိမ့်သိမ့်တုန်သွားတော့သည်။ 


"‌ကျိကော ကောရှိနေလို့ တော်သေးတာပေါ့ ..." 


ကျိမြန်၏ နွေးထွေးလှသော လည်ပင်းကြားတွင် မျက်နှာဝှက်လျက် မသဲမကွဲ ရေရွတ်လိုက်သည်။ 


"အခုမှ စဉ်းစားမိတယ် ကျွန်တော် ပွဲဦးထွက်ကတည်းက ကောနဲ့ အတူတူ အလုပ်လုပ်လာရတာနော် တွက်ကြည့်လိုက်ဦးမယ် ကျွန်‌တော် သရုပ်ဆောင်ဖူးတာ စုစုပေါင်း သုံးကား အကုန်လုံးက ကောနဲ့ပဲ ပြီးတော့ ကောနဲ့အတူတူ တွဲပြီး သရုပ်ဆောင်ရမှပဲ အကောင်းဆုံး ဖြစ်သလိုပဲ ဘုရားသခင်က အံ့ဩဖို့ မကောင်းဘူးလား ..." 


"ဒါက ရေစက်များလား ..." 


ကျိမြန်က တီးတိုးပြောကာ သူ့ဆံပင်ထိပ်ဖျားတို့ကို ငုံ့နမ်းရင်း ပွေ့ဖက်လျက် လက်မောင်းတို့ကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။ အိပ်ယာပေါ်တွင် ဘေးချင်းယှဉ်လျက် လှဲကာ စကားစမြည် ပြောရုံမှအပ မည်သည်ကိုမှ မလုပ်ကြသည့်တိုင် လေထုမှာ အလွန်အမင်း စိတ်ကြည်လင်ဖွယ် ကောင်းနေပေသည်။ 


ဤအခြေအနေမျိုးမှာ ကျိမြန် အမြဲလိုလို စိတ်ကူးယဉ်ခဲ့ရသည့် အခြေအနေမျိုး ဖြစ်ပေသည်။ 


"ဟုတ်တယ် ကျွန်တော်တို့ရဲ့ ရေစက်တွေက တကယ်ကို သန်မာတာပဲ ကံကြမ္မာကကို အတူတူ ရှိဖို့ စီစဉ်ပေးထားတာ ထင်တယ်နော် ..." 


ရှောင်ကျားရှုက စိုးရိမ်စိတ်တို့ ရစ်သိုင်းလျက် ပြောလိုက်သည်။ 


"ကျိကော ကောနဲ့ အလုပ်တွဲလုပ်ပြီးကတည်းကလေ တစ်ခြားတစ်ယောက်နဲ့ သရုပ်ဆောင်ရတာကို မသက်မသာ ဖြစ်နေတာ အနာဂတ်မှာ ကောမပါဘဲ ရိုက်ကူးရေး ကောင်းကောင်း မလုပ်နိုင်တော့ရင် ဘယ်လိုလုပ်မလဲဟင် ..." 


"ဒါဆိုလည်း ကိုယ် မင်း ရိုက်ကူးရေးရှိတဲ့ နေရာတိုင်းကို လိုက်လာခဲ့မယ်လေ ကိုယ် သရုပ်မဆောင်ရရင်တောင် ဘေးနားမှာ ရပ်နေပြီး မင်းကို ကြည့်နေပေးမယ် ဒါဆို အဆင်ပြေလား ..." 


ထိုသို့ ပြောပြီးနောက် ကျိမြန်မှာ ကျေနပ်အားရစွာ သက်ပြင်းချလိုက်မိတော့သည်။ 


သူသိတယ် သူ့ကိုယ်သူ ပျက်စီးနေပြီမှန်းလည်း သိနေတယ် ရှောင်ကျားရှုကို သူ့ဘဝထဲကနေ ခွဲထုတ်လို့ မရတော့ဘူး ဘယ်တုန်းကများ လူတစ်ယောက်ကို ဒီလောက်အထိ တွယ်တာတတ်သွားရတာလဲ ...


ဟုတ်တယ် ရှောင်ကျားရှုကပဲ သူ့ကို တွယ်တာ‌လွန်းနေတာ မဟုတ်ဘူး ရှောင်ကျားရှုအပေါ် ထားတဲ့ သူ့ရဲ့ အဆုံးမဲ့တဲ့ ချစ်မြတ်နိုးစိတ်တွေကပါ သန်မာလွန်းနေတာ ရှောင်ကျားရှုအနားမှာပဲ အမြဲတမ်း ကပ်နေချင်၊ သူ့ကိုပဲ တစ်ချိန်လုံး ကြည့်နေချင်နေတာ အကြောင်းပြချက်လည်း မရှိ ငြီးငွေ့သွားတာမျိုးလည်း မရှိဘဲနဲ့လေ ... 


ရှောင်ကျားရှု၏ ပူပန်မှုတို့ ရုတ်ချည်း ပျောက်ကွယ်သွားကာ ကျိမြန်ကို ဖိလျက် ဝမ်းသာအားရ နမ်းရှိုက်လိုက်ပြန်သည်။ 


"ကျိကော ကျွန်တော်နဲ့ လိုက်ပြီး သရုပ်ဆောင်ပေးနေဖို့ မလိုအပ်ပါဘူး မကြာခဏသာ အလည်လာပေး ကျွန်တော့်စွမ်းအင်တွေ ကုန်တော့မလိုဖြစ်တိုင်း ကောကို တွေ့လိုက်ရတာနဲ့ တစ်ပြိုင်တည်း အားပြန်ပြည့်လာတာ ကျိကော သိလား ကောက ကျွန်တော့်အတွက် နတ်ဆေးလုံးလေးပဲ ..." 


"ကိုယ်သိတာပေါ့ ..." 


သူ့ခါးကို အသာအယာ ပွတ်သပ်ပေးနေသည့် ကျိမြန်၏ အကြည့်တို့မှာ ချစ်ခင်နှစ်လိုမှုတို့ လျှံကျနေပေသည်။ 


နှစ်ဦးသား အိပ်ယာပေါ် လှဲလျောင်းကာ အိပ်မပျော်မချင်း  ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေလိုက်ကြတော့သည်။ 


နောက်တစ်နေ့မနက် ရှောင်ကျားရှု နိုးလာသည့်အခါ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ ထောင်မတ်နေကြောင်း တွေ့လိုက်ရသည့်အတွက် ကျိမြန်ကို ပွတ်သပ်လိုက်ရာ ကျိမြန်မှာလည်း အလားတူပင် မာကျောနေပြီး ခြေထောက်နှစ်ဖက်ကြားတွင် တည့်တည့်မတ်မတ် ထောင်မတ်နေကြောင်း တွေ့လိုက်ရတော့သည်။ 


ယောကျာ်းလေးတွေက ဒီလိုပါပဲ မနက်ပိုင်းဆို အလွယ်တကူကို တက်ကြွကြတာပဲ ... 


ရှောင်ကျားရှုမှာ လိုက်လျောညီထွေ နေနိုင်စွမ်း ကြီးမားလှသူ ဖြစ်သည့်အတွက် ယမန်နေ့ညက ရှက်ရွံ့နေခဲ့သည့်တိုင် ယခုမူ အရသာကို သိရှိသွားချေပြီ။ ကိစ္စအများစုကို ကောင်းစွာ သဘောမပေါက်နိုင်သူများ အများအပြား ရှိနေသည်မှာ အမှန်တရားပင် ဖြစ်သည်။  ကျိမြန်အနီးသို့ တစ်ဖြည်းဖြည်း တိုးကာ သူ့ကိုယ်ပေါ် အုပ်မိုးလိုက်သော်ငြား သူ့မျက်လုံးတို့ ပွင့်လာကာ ကိုယ်ကို တစ်ပတ်လှည့်၍ ဆယ်မိနစ်ကြာ ပြင်းပြင်းရှရှ အနမ်းခံရသည့်အပြင် ထောင်မတ်နေသည့် အရာနှစ်ခုကို ပူးကပ်လျက် သူ့လက်ကို အသုံးပြုကာ ပွတ်ဆွဲရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိခဲ့ချေ။ 


လေးလံစွာ အသက်ရှူအပြီး ကျိမြန်၏ အောက်သို့ ရောက်နေပြီဖြစ်သော ရှောင်ကျားရှုမှာ ခြေလက်တို့ ပျော့ခွေသွားတော့သည်။ မျက်နှာတစ်ခုလုံး ရှက်သွေးတို့ ဖြန်းပက်ကာ စိုစွတ်နေသည့် မျက်ဝန်းတို့ဖြင့် သူ့ပုံစံမှာ လွန်စွာ ဆွဲဆောင်မှု ရှိနေပေသည်။ ကျိမြန်က လက်နှစ်ဖက်ကို သူ့ခေါင်းဘေး ‌ချကာ မျက်ဝန်းထောင့်စွန်းရှိ မျက်ရည်တို့ကို နမ်းရှိုက်ရင်း အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ 


"ပေါင်ပေ့ good morning..." 


Good morning လောင်ကုန်း ... 


စိတ်ထဲတွင်သာ အသံတိတ် အော်ပြောလိုက်သော်ငြား ကျိမြန် ကြားအောင်လည်း ထုတ်မပြောရဲ။ တီးတိုးသာ ပြောလိုက်တော့သည်။ 


"Good morning ကျိကော ..." 


ကျိမြန်က လက်ကိုကွေးကာ သူ့ကိုယ်ပေါ် ပြုံးလျက် လှဲချလိုက်သည်။ ‌ 


ရှောင်ကျားရှုက စောင်ကို မ တင်ကာ တိတ်တိတ်လေး အနံ့ခံလိုက်ပြီးကာမှ သွေးထွက်တော့မတတ် နီရဲနေသော ပါးပြင်နှင့်အတူ ဗလုံး‌ဗထွေး ရေရွတ်လိုက်တော့သည်။ 


"ကျိကော ထပြီး ဆေးကြောရအောင်လေ ကျွန်တော့်အရည်တွေ ကောဗိုက်ကို ပေကုန်ပြီ ..." 


ကျိကော၏ အရည်များလည်း သူ့အပေါ် ပေကျံနေကာ အနံ့မှာ သစ်အယ်သီးပွင့်နှယ် အလွန်ပြင်းထန်လှသော်ငြား အနံ့မဆိုးလှ။ 


သိပ္ပံဂျာနယ်တွင် ဖတ်ခဲ့ဖူးသည့် စာတစ်ကြောင်းကိုပင် အမှတ်ရသွားတော့သည်။ 


"အနံ့ခံအာရုံမှာလည်း လက်တွဲဖော် ရွေးချယ်ရာတွင် ရှောင်လွှဲ၍ မရသည့် အချက်တစ်ခုဖြစ်ကာ အလိုဆန္ဒတို့ ထုတ်လုပ်ပေးနိုင်သည့်အပြင် ရံဖန်ရံခါတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ်ပင် ပါဝင်သေးသည်။ လက်ဗွေကဲ့သိူ့ပင် လူတစ်ဦး‌တစ်ယောက်ချင်းစီ၏ အနံ့တို့မှာ ကွဲပြားနေကာ လူသားတို့ တစ်ဦးနှင့် တစ်ဦး ချစ်ကျွမ်းဝင်ကြခြင်းမှာလည်း လိုက်ဖက်ညီသည့် အနံ့တို့ကြောင့်ပင် ဖြစ်ပေသည်။ " 


ချစ်ခြင်း၏ အနံ့က နှလုံးသားထဲသို့ ပြင်းပြင်းထန်ထန် ထိုးဖောက်ဝင်ရောက်ကာ ပုန်းအောင်းနေသည့် အထီးကျန်မှုများကို တိုက်ထုတ်ပေးလိုက်သည်။ 


ယခု ကျိကော၏ အနံ့တို့က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့်အတွက် အထီးကျန်မှုနှင့် စိတ်ဖိစီးမှုတို့ ပပျောက်ကာ နွေးထွေးမှုနှင့် ဆိတ်ငြိမ်မှုသာ ကျန်ရစ်ခဲ့တော့သည်။ ဖြစ်နိုင်ပါလျှင် နောက်ထပ် နာရီအနည်းငယ် အကြာ ကျောက်ချွမ် ဖုန်းဆက်လာသည်အထိ ကျိမြန်၏ ရင်ခွင်ထဲတွင်သာ လဲလျောင်းလိုပေသည်။ ကျိကောအပေါ် သူ၏ တွယ်ငြိလိုစိတ်မှာ သူ ထင်ထားသည်ထက်ပင် ပိုမိုနက်ရှိုင်းနေတော့သည်။ 


သူ၏ ပိုးအိမ်သဖွယ် တွယ်ငြိနေမှုကြောင့် ကျိမြန်မှာလည်း ချစ်သူလေးနှင့် ခွဲခွါရမည့်အပေါ် မလိုလားတော့ကြောင်းကိုမူ မ‌သိသေးချေ။ သူက ရှောင်ကျားရှု၏ ခါးကို လက်နှစ်ဖက်ဖြင့် ဆွဲယူကာ လည်တိုင်တစ်လျောက် နမ်းရှိုက်လိုက်သည်။ ခပ်တိုးတိုး ရယ်မောလိုက်သည့်အတွက် လေငွေ့နွေးနွေးတို့က သူ့လည်တိုင်ကို လာရောက် ရိုက်ခတ်လာတော့သည်။ 


"နောက်မှ ရေချိုးရအောင် ကိုယ် မင်းကို ဒီလိုလေး ဖက်ထားချင်သေးလို့ ..." 


ပြောရရင် သူလည်း ရေမချိုးချင်သေးပါဘူး ... 


ရှောင်ကျားရှုက အလွန်ကျေနပ်သွားသည့်အတွက် ခြေထောက်တို့ဖြင့် ကျိမြန်၏ခါးကို ခွထားလိုက်တော့သညိ။


အိပ်ယာမှ ထကာ ဆေးကြောသန့်စင်ရန် အတော်ကြာ ကြိုးစားရုန်းကန်လိုက်ရတော့သည်။ သေချာပေါက် အလုပ်နောက်ကျတော့မည်ဟု တွေးလိုက်မိသော်ငြား ဖုန်းကို ဖွင့်ကြည့်လိုက်သည့်အခါ ကျောက်ချွမ်က ရိုက်ကူးရေး အချိန်ဇယား ပြောင်းလဲသွားပြီဖြစ်ကြောင်း အသိပေးထားသည်ကို တွေ့လိုက်ရသည်။ ဇာတ်ညွန်း ပြန်ဖတ်နိုင်ရန် အလို့ငှာ ယနေ့ရိုက်ကူးရေးကို ညကိုးနာရီခွဲမှ စတင်လိမ့်မည်။ 


ရှောင်ကျားရှုက တိတ်တိတ်လေး ခိုးရယ်ကာ ကျိမြန်ကို ချက်ခြင်း အဆိုပြုလိုက်သည်။ 


"ကျိကော ဒီနေ့ပဲ ကျွန်တော့်ဆီ ပြောင်းလာခဲ့ပါ့လား အထုပ်တွေ သိမ်းလိုက်မယ်လေ ..." 


သူနှင့် ကျိကော၏ ဟော်တယ်မှာ အလွန်ဝေးကွာရာ ပြန်လိုက်သွားလိုက် လုပ်နေရန် အဆင်မပြေလှ။ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးကာမှ အရဲစွန့်ကာ ပြောလိုက်သည်။ 


"ကျွန်‌တော်တို့ အတူတူ နေကြမလားဟင် အိမ်ပြန်ရောက်ရင်ရော အတူတူနေလို့ ရလား ..." 


အရမ်းကြီးများ မြန်လွန်းနေမလား ဒါပေမယ့် သူက ညပိုင်းဆို ကျိကောရင်ခွင်ထဲအိပ်ပြီး မနက်နိုးလာရင် သူ့ကို အနမ်းလေးပေးရတာကို တကယ် သဘောကျနေတာ ... 


ကျိမြန်က ဝမ်းသာအားရ ပြောလိုက်သည်။ 


"အိုကေ ကိုယ့်မှာ လွတ်နေတဲ့ အခန်းတွေ ရှိတယ် နောက်ကျ မင်းကြိုက်တာ တစ်ခုလောက် ရွေးထားလိုက်လေ တရုတ်ကို ပြန်ရောက်ရင် ပြောင်းကြတာပေါ့ ..." 


ရှောင်ကျားရှုက ပို၍ပင် ဝမ်းသာအားရ ရယ်မောလိုက်ကာ သူ့ကို ငုံ့နမ်းလိုက်တော့သည်။ 


"ကောနဲ့သာ နေရမယ်ဆို ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ် ..." 


ကျိမြန်၏ အိမ်တွင် လိုက်နေရသည့်အပေါ် မှားယွင်းသည်ဟု မခံစားရ။ 


သူတို့က ချစ်သူတွေ ဖြစ်နေပြီပဲဟာ ပြီးတော့ လက်ထပ်ဖို့ ဒိတ်နေကြတာကို မိသားစုတစ်ခုအဖြစ် မစတင်ခင် အချိန်လေး မဟုတ်ဘူးလား ... 


အထုပ်အပိုး သိမ်းနေသည့် ကျိမြန်၏ လှုပ်ရှားမှုတို့ အနည်းငယ် ရပ်တန့်သွားကာ ခပ်တိုးတိုး ရယ်မောလိုက်မိတော့သည်။ 


လက်ထပ်ဖို့အတွက် ဒိတ်နေတာတဲ့လား တကယ်ကို စိတ်အေးစရာ စကားလေးပဲ ... 


နှစ်ဦးသား ရှောင်ကျားရှု နေထိုင်ရာ ဟော်တယ်သို့ ပြောင်းလာကြကာ တစ်ခြား မည်သည့်နေရာကိုမှ မသွားကြတော့။ တစ်နေ့ခင်းလုံး အခန်းထဲ ထိုင်နေကာ ညနေစောင်းကာမှ အနားရှိ ပန်းခြံတစ်ခုသို့ လမ်းလျှောက်လိုက်ကြသည်။ ရှောင်ကျားရှုမှာ ကျိမြန်ထက် နှစ်ပေါင်းများစွာ ငယ်သည့်တိုင် အပြင်ထွက်ရခြင်းကို မနှစ်သက် ၊ ကွန်ပျူတာဂိမ်းကိုသာ အများဆုံး စွဲလန်းလှသည့် အိမ်တွင်းပုန်းတစ်ယောက် ဖြစ်သည့်အတွက် လူအိုကြီးကျိမြန်နှင့် လွန်စွာ ရှေ့သွားနောက်လိုက်ညီကာ နှစ်‌ယောက်အကြားတွင် မျိုးဆက်ကွာဟချက် တစ်စုံတစ်ရာမှ မရှိချေ။ 


နှစ်ဦးသား အတူရှိနိုင်၊ ပွေ့ဖက်နမ်းရှိုက်ကာ စကားစမြည်ပြောရင်း ရုပ်ရှင်ကြည့်နေနိုင်သရွေ့

ကျေနပ်ပျော်ရွှင်နေကြပြီဖြစ်သည်။ ကျိမြန် နှစ်ပေါင်းများစွာ တောင့်တခဲ့ရသည့် ဘဝမျိုးကို နောက်ဆုံးတွင် ပိုင်ဆိုင်ခွင့် ရလာခဲ့တော့သည်။




Xxxxxxx