အပိုင်း ၁၃၇
Viewers 44k

Chapter 137





‌ညရှစ်နာရီထိုးသည့်အခါ ဟော်တယ်မှ ထွက်လာခဲ့ပြီး လမ်းတစ်ဝက် ရောက်ကာမှ ရှောင်ကျားရှုက ရုတ်တရက် ပြောလိုက်သည်။ 


"ကျိကော လမ်းဘေးမှာ စတိုးဆိုင်လေးတွေ တွေ့ရင် ခဏ ရပ်ပေးဦးနော် ကျွန်တော် စားစရာသောက်စရာလေးတွေ ဝယ်ချင်‌သေးလို့ ..." 


အမှန်စင်စစ်တွင် ထိုအကြောင်းပြချက်မှာ မုသားစကား ဖြစ်ပေသည်။ သူ အမှန်တကယ် ဝယ်လိုသည်မှာ ကွန်ဒုံးနှင့် ချောဆီများသာ ဖြစ်ပေသည်။ ယောကျာ်းများသည် အောက်ပိုင်းကိုသာ စဉ်းစားတတ်သည့် တိရိစ္ဆာန်များ ဖြစ်ကြရာ သူသည်လည်း ချွင်းချက်မဟုတ်ချေ။ 


ကျိကော၏ ချစ်သူကောင်လေးဖြစ်ကာ ထိုကဲ့သို့ အရှက်မဲ့သည့် လုပ်ရပ်မျိုးကို နေ့တိုင်း လုပ်ခွင့်ရနေသည်ဟု တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် အလွန်အမင်း စိတ်လှုပ်ရှားလာတော့သည်။ သူ့တွင် အတွေ့အကြုံ နည်းပါးလှသည့်တိုင် ကောင်းစွာ သင်ယူနိုင်ပေသည်။ 


ကျိမြန်က  ကြမ်းကြမ်းတမ်းတမ်း နင်းလိုက်မိသည့်အတွက် ကား၏ အရှိန်မှာ ချက်ခြင်းပင် တရကြမ်း ဖြစ်သွားတော့သည်။ 


ရှောင်ကျားရှုက အလောတကြီး သတိပေးလိုက်၏။ 


"ကျိကော ဖြည်းဖြည်းပဲ မောင်းလေ ကျွန်တော်တို့ အလျင်မလိုပါဘူး ..." 


ကျိမြန်က သူ့ကို နက်နက်နဲနဲ စိုက်ကြည့်လျက် ပြုံးကာ ပြောလိုက်သည်။ 


"မင်းက အလျင်မလိုဘူးလား ဘာလို့ ကိုယ်ကကျ အချိန်ကုန်နေပြီလို့ ခံစားမိနေတာလဲ မသိဘူး ဒီ့ထက်ကို မြန်ချင်နေသေးတာ ..." 


"ကျွန်တော် တကယ်ကို အလျင်မလိုပါဘူး ဒီကနေ ဆူနာမီဘားကို ရောက်ဖို့ဆို နာရီဝက်ပဲ ကြာတာလေ အခုမှ ရှစ်နာရီ နှစ်မိနစ်ပဲ ရှိသေးတော့ အချိန်တွေ အများကြီး ပိုပါတယ် ဖြည်းဖြည်းပဲ မောင်းကြရအောင်လေနော် စိတ်မပူပါနဲ့ ဟုတ်ပြီလား ..." 


သူက ကျိမြန်၏ လက်ဖမိုးကို အသာအယာ ပုတ်ပေးလိုက်သည်။ 


ကျိမြန်မှာ ဤကလေးကို ပွေ့ဖက်လျက် အတင်းနမ်းရှိုက်ပစ်ရန် မစောင့်နိုင်တော့။ သူ့အဝတ်အစားတို့ကို ချွတ်ကာ ကားစတီယာတိုင်ပေါ်  ဖိကပ်လျက် တစ်ညလုံး ဟွန်းသံမြည်လာစေရန် မစောင့်နိုင်တော့။ သိူ့သော် ယခုအချိန်တွင် မည်သည်ကိုမှ မလုပ်နိုင်သေးသည့်အတွက် ဆန္ဒတို့ကို မျိုသိပ်ကာ ကားကို အလျင်အမြန် မောင်းနှင်လိုက်တော့သည်။ ငါးမိနစ်အကြာ စတိုးဆိုင်တစ်ဆိုင်၏ ရှေ့တွင် ကားကိူ ရပ်လျက် လက်ကို ယမ်းပြလိုက်သည်။ 


"သွားနှင့်နော် ကိုယ် ကားထဲကပဲ စောင့်နေမယ် ..." 


သူ့ကို ကားထဲသာ နေစေချင်နေသည့် ရှောင်ကျားရှုမှာလည်း ပါးစပ်ကို ပိတ်လျက် ဆိုင်ထဲသို့ ချက်ခြင်း ပြေးဝင်သွားတော့သည်။ 


အယ် ဘယ်တံဆိပ်ကို ဝယ်ရမလဲ ဒီမှာဆို Troy က နာမည်ကြီးတယ်တဲ့ ဒါပေမယ့်  Durex ထက် ပိုထူတယ်ဆိုတော့ သာယာမှု ရတဲ့နေရာမှာ နည်းနည်းများ သက်ရောက်သွားမလား ငါ့ဆိုဒ်က medium ဆိုတော့ ကျိကောက  large ဖြစ်မယ်ထင်တယ် မဟုတ်ရင် တအားကြပ်နေမှာ ... 


လူက ဆိုင်ထဲ ရောက်နေပြီဖြစ်သည့်တိုင် အတွေးတို့မှာမူ ကျိမြန်၏ စိတ်ထဲသို့ ရောက်နေဆဲ ဖြစ်သည့်အတွက် သူ့တစ်ကိုယ်လုံး ပူပြင်းလောင်မြှိုက်ကာ စိတ်မရှည်နိုင်တော့ချေ။ စတီယာတိုင်ပေါ် မှောက်ကာ တစ်ခဏ ရယ်မောပြီးကာမှ သက်ပြင်းချလိုက်တော့သည်။ 


ရှောင်ကျားရှုက ကွန်ဒုံးနှစ်ဘူးနှင့် ချောဆီတစ်ဘူးကို သွား‌ရည်စာထုပ်တို့ အပေါ်က ဖုံးလျက် ဝယ်လာခဲ့လိုက်သည်။ ကျိကော မမြင်ကြောင်း သေချာနေဟန်ဖြင့် ဆိုင်ထဲမှ စိတ်အေးလက်အေး ထွက်လာလိုက်၏။ သူပြန်ရောက်သည့်အခါမှ ရေချိုးခန်းထဲ တိတ်တဆိတ်ထည့်ကာ ဟော်တယ်မှ စီစဉ်ပေးထားဟန် သရုပ်ဆောင်ရန် ကြံရွယ်ထားပေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အင်မတန် တက်ကြွနေသည့်တိုင် ကျိကောကို အပူတက်နေသည့် ခွေးတစ်ကောင်နှယ် အတူအိပ်ပေးရန် မတောင်းဆိုရဲချေ။ 


Heat ဖြစ်နေတဲ့ ခွေးတစ်ကောင် ဟုတ်လား ... 


သူ့အတွေးတို့ကို ကြားလိုက်ရသည့် ကျိမြန်မှာ ကားစတီယာတိုင်ပေါ် မှောက်လျက် တစ်ဖန် ရယ်မောမိပြန်တော့သည်။ သူ့ချစ်သူကောင်ငယ်လေးကြောင့် ရယ်မောနေရသည့်တိုင် ခန္ဓာကိုယ်တစ်ခုလုံးမှာမူ ပူလောင်နေပေသည်။ အကယ်၍ ညဘက်တွင် လမ်းပေါ်မှာ မလုံခြုံသည့်အပြင် အများပြည်သူပိုင်နေရာ ဖြစ်နေ၍သာ မဟုတ်ပါလျှင် ဤခွေးပေါက်လေးကို သေချာပေါက် ဂရုစိုက်ပေးမိမည်ဖြစ်ပေသည်။ 


"ကျိကော ဘာတွေ ရယ်နေတာလဲ ..." 


ကားထဲသို့ ဝင်လာသည့် ရှောင်ကျားရှုမှာ အနည်းငယ် ပဟေဠိဖြစ်နေဟန်ပင်။ 


ကျိမြန်က သူ၏ နီရဲနေသော ပါးနှစ်ဖက်ကို ဆွဲဆိတ်ကာ ပြောလိုက်သည်။ 


"ကိုယ့်ကောင်လေးက တစ်လောကလုံးမှာ ချစ်စရာအကောင်းဆုံးလို့ တွေးမိရင်ကို အလိုလို ပြုံးလာမိနေတာ မင်းရော ကိုယ့်ကို ကံကောင်းတယ်လို့ ထင်လား ...  ဟင် ..." 


ရှောင်ကျားရှု၏ စိတ်ထဲတွင် လွန်စွာ ပျော်မြူးသွားသည့်တိုင် အပေါ်ယံမှာမူ ခပ်တည်တည်ပင်။ 


"ဘယ်လိုဖြစ်လို့ တစ်လောကလုံးမှာ ချစ်စရာအကောင်းဆုံး ကောင်လေးလဲ ကျိကော ကောရဲ့ filter က အရမ်းကို ထူနေပြီထင်တယ်နော် ကျွန်တော်က တကယ်ကို သာမန်လောက်ပါပဲ ..." 


တစ်ခဏမျှ ရပ်တန့်ပြီးကာမှ ထပ်ပြောလိုက်သည်။ 


"ကျွန်တော်ကမှ တစ်လောကလုံးမှာ ချစ်စရာအကောင်းဆုံး ကောင်လေးကို ပိုင်ဆိုင်ထားတာ ..." 


ကျိမြန်မှာ ဆက်ပြီး ထိန်းချုပ်မထားနိုင်တော့။ သူ့ခေါင်းကို ဆွဲယူကာ အတင်းအကြပ် နမ်းရှိုက်ပြီးကာမှ ဆူနာမီဘား ရှိရာသို့ ထွက်လာလိုက်တော့သည်။ 


သူတို့ ရောက်လာသည့်အခါ ကျိမြန်မှာ ဘားကို ပြင်ဆင်ပြီး ဖြတ်လျှောက်များပင် ငှားရမ်းထားပြီး ဖြစ်ပေသည်။


အလကား သောက်ရမယ့်အပြင် ပိုက်ဆံလည်း ရဦးမှာကို အပျော် ဝင်မပါချင်တဲ့သူ ဘယ်သူ ရှိလိမ့်မလဲ ... 


ရှောင်ကျားရှုနှင့် ကျိမြန်တို့ လက်ချင်းတွဲလျက် ဝင်လာကြကာ ခပ်ဝေးဝေးတွင် မင်းသမီးတစ်ယောက်နှင့် စကားပြောနေသော ကျောက်ချွမ်ကို လှမ်းမြင်လိုက်ရတော့သည်။ 


"ဒါက ကျွမ်းလွမ် မဟုတ်လား နာမည်ကြီး စတန့်မင်းသမီးလေ ..." 


ရှောင်ကျားရှုက မှန်းဆလိုက်သည်။ တစ်ဖက်သူမှာ မိတ်ကပ်ကို ထူထူထဲထဲ လိမ်းခြယ်ထားသည့်အပြင် ပိုနီးတေးကို သပ်သပ်ရပ်ရပ် စီးနှောင်လျက် ခေါင်းအစ ခြေအဆုံး သားရေတို့ကိုသာ ဝတ်ဆင်ထားသည့်အတွက် အလွန်လေးလံလှသည့် အရှိန်အဝါကို ထုတ်လွှင်နေပေသည်။ 


"အဲဒါ ကျွမ်းလွမ်လေ သူမက လက်ထပ်ပြီးကတည်းက ပိတ်ကားပေါ်ကနေ ပျောက်ကွယ်သွားတာ ကျောက်ချွမ်က သူမကိုတောင် ဖိတ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ..." 


ကျိမြန်က ရှောင်ကျားရှုကို ကျောက်ချွမ်အနား ဆွဲခေါ်ကာ သူမနှင့် မိတ်ဆက်ပေးလိုက်သည်။ 


ကျွမ်းလွမ်က ပီကေစားလျက် နှစ်ယောက်လုံးကို အစုန်အဆန် ကြည့်ကာ စနောက်လိုက်သည်။ 


"ရို့ နောက်ဆုံးတော့ အချစ်စစ်ကို ရှာတွေ့သွားပြီပေါ့ ..." 


သူမမှာ ကျိမြန်နှင့် လွန်စွာ ရင်းနှီးနေဟန်ပင်။ 


"သေချာတာပေါ့ မင်္ဂလာပွဲကျ သေချာပေါက် လာရမယ်နော် ..." 


ကျိမြန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။ 


ကျွမ်းလွမ်က စနောက်လိုက်ခြင်းသာ ဖြစ်ရာ ဤသို့ ပြန်ဖြေလာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထား။ အတော်ကြာသည်အထိ ကြောင်အ‌သွားတော့သည်။ ရှောင်ကျားရှုကလည်း တစ်ဖက်သို့လှည့်ကာ ပါးစပ်ကို အုပ်လျက် ခိုးရယ်လိုက်မိတော့သည်။ 


ကျိကောက ငါ့ကို လက်ထပ်ချင်တယ်တဲ့ ဟီးဟီး ... 


ကျိမြန်က သူ့ခေါင်းကို ပွတ်သပ်ကာ ကျကျနန မိတ်ဆက်ပေးလိုက်သည်။ 


"ဒါက ရှောင်ကျားရှုတဲ့ ငါ့ချစ်သူလေ ရှောင်ရှု ဒါက ကျွမ်းလွမ် ကိုယ့်ရဲ့ သူငယ်ချင်းဟောင်း ကျွမ်းကျဲလို့ ခေါ်လို့ရတယ် ..." 


"ဟယ်လို ဟယ်လို ..." 


သူမက ကျောက်ချွမ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်လျှင် သူက ပုခုံးတွန့်ပြလျက် စာလုံးသုံးလုံးကို အသံတိတ် ပြောလိုက်သည်။ "လိုက်ပြီး နှိပ်ကွပ်နေတဲ့ အတွဲလေ" 


"လာ လာ မင်းကို နောက်ပိုင်း ဘယ်လိုရိုက်ရမလဲဆိုတာ ပြောပြမယ် ..." 


ကျောက်ချွမ်က အလာပသလ္လာပစကားဝိုင်းကို ကြားဖြတ်လိုက်တော့သည်။ 


"လွမ်ကျဲ ကျဲ သရုပ်ဆောင်မယ့် အေးဂျင့်က တစ်ယောက်‌ယောက် လိုက်တာကို ခံနေရတာ ဘားထဲကို အရမ်း သတိကြီးကြီးထားနေရတဲ့ အမူအယာမျိုးနဲ့‌ လျှောက်လာမယ် ပြီးရင် ဟန်သုံကို တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာမယ် ဒါပေမယ့် ဟန်သုံက ရှုထျန်းယုအတွက် ဝိုင်သွားယူပေးနေတော့ သူ့ကို စောင့်နေဖို့ အချိန်မရှိဘူး အဲဒါနဲ့ ရှုထျန်းယုကိုပဲ သန့်စင်ခန်းထဲ ဆွဲခေါ်ပြီး ဟန်သုံကို ပေးပေးဖို့ မှာလိုက်မှာ ပြီးရင် အိမ်သာ လေဝင်ပေါက်ကနေ ထွက်ပြေးရမယ် ဒီလိုင်းအတိုင်းလာ ပြီးရင် ဒီလိုင်းအတိုင်း ပြန်ထွက်ရမယ် နားလည်လား ဒီလေဝင်ပေါက်က နည်းနည်းတော့ သေးတယ် အရင်ဆုံး ဝင်ကြည့်လိုက်ပါဦး အဆင်မပြေရင် နည်းနည်းလောက် ချဲ့ပေးဖို့ ပြောလိုက်မယ်လေ ..." 


"ငါက ကလေးမွေးထားပြီးကာစ ဆိုပေမယ့် ခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းသိမ်းတော့ သေချာပေါက် ထွက်လို့ရမှာပါ ..." 


ကျွမ်းလွမ်မှာ နာမည်ကြီး စတန့်မင်းသမီးဟူသည့် ဂုဏ်ပုဒ်ဖြင့် အမှန်တကယ်ပင် ထိုက်တန်ပေသည်။ ခြေလှမ်းသုံးလှမ်းဖြင့်ပင် အိပ်သာထိပ်သို့ ရောက်သွားကာ လေဝင်ပေါက်မှ အလွယ်တကူပင် ထွက်ပြေးသွားလိုက်တော့သည်။ 


ကျောက်ချွမ်က လက်ခုပ်တီးလျက် ပြောလိုက်သည်။ 


"လှလိုက်တာ ကျွမ်းကျဲကတော့ တစ်ခေါက်တည်းနဲ့ကို လုပ်ပြသွားတာပဲ ဘယ်လိုလုပ်ရမလဲဆိုတာ‌ ကောင်းကောင်းကြီးကို သိနေတာ ..." 


ရှောင်ကျားရှုကလည်း အားတက်သရော ဩဘာပေးကာ မှန်ကန်သည့် ရိုက်ကူးရေးအဖွဲ့ထဲ ရောက်လာမိကြောင်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားတော့သည်။ ဒါရိုက်တာဖြစ်စေ သရုပ်ဆောင်ဖြစ်စေ အားလုံးက အရည်အချင်း ပြည့်ဝလှသည့်အပြင် အလုပ်အပေါ် အာရုံစူးစိုက်ကာ ဇာတ်ညွန်းမှာလည်း ပြောင်မြောက်လှသည့်အတွက် ရုပ်ရှင်ကောင်းတစ်ပုဒ် ဖြစ်လာရန် ပူနေစရာပင် မလိုအပ်တော့ချေ။ 


ကျောက်ချွမ်က ကျွမ်းလွမ်ကို အောက်ဆင်းရန် ကူညီပေးပြီးနောက် ရှောင်ကျားရှုအနားလာကာ စကားစလိုက်သည်။ 


"ရှောင်ရှု မင်း ချမ်းသာကြောင်း ထုတ်ပြတဲ့ အခန်းကို ရိုက်ရဦးမှာနော် မင်းအတွက် တံခါးအပြင်ဘက်မှာ  Koenigsegg တစ်စီး ပြင်ပေးထားတယ် ကာူပေါ်ကနေ ဆင်းလာတာနဲ့ တစ်ပြိုင်နက် အတတ်နိုင်ဆုံး ‌ဖြည်းဖြည်းချင်း လျှောက်လာခဲ့ ပြီးတော့မှ မိန်းမလှလေးတွေ အုပ်စုလိုက်ကြီးနဲ့ အခန်းထဲ ဝင်လာ လာနေတဲ့ လမ်းတစ်လျှောက်မှာလည်း မှန်ကို ကြည့်ပြီးတော့ ပို့်စ်ပေး ပြီးရင် ပိုက်ဆံတွေလည်း ကြဲချဦးနော် ဘယ်လိုမျိုး slutty ဖြစ်အောင် နေရမလဲ ဆိုတာရယ် ကိုယ့်ကိုယ်ကို အလွန်အကျူးချစ်တဲ့ ပုံစံမျိုးက ဘယ်လိုဆိုတာရယ်ကိုရော သိလား လုပ်နိုင်လောက်လား ..." 


"Slutty က ဘာကိုဆိုလိုတာလဲ ..." 


ရှောင်ကျားရှုက ကိုယ့်ကိုယ်ကို အလွန်အကျူး ချစ်သည့် ခံစားချက်အား သိသော်လည်း နောက်တစ်ခုကိုမူ လုံးဝ နားမလည်။ 


Slutty ဆိုတာ ဘာကြီးလဲ ... 


ကျောက်ချွမ်က လက်ကောက်ဝတ်ကို လိမ်ကာ ရင်ဘက်ကု ထိလျက် အလွန်ပူနေသည့် အမူအယာမျိုး လုပ်ပြလိုက်သည်။ 


"ဒါက slutty လေ ..." 


ရှောင်ကျားရှုမှာ သူ့မျက်နှာကို ဆားဆိုဒါများဖြင့် ထွေးမိလုမတတ်ပင်။


ဒါက slut ရော ဟုတ်လို့လား အရိုက်ခံရအောင် တောင်းဆိုနေတာနဲ့ ပိုတူ‌မနေဘူးလား ရှုထျန်းယုက ရှေ့ပြေးနေတဲ့ မိသားစုရဲ့ မြင့်မြတ်တဲ့ သခင်လေးနော် မိသားစုပညာရေးက သေချာပေါက် အဆင့်နိမ့်မှာ မဟုတ်ဘူး သူ့ဘာသာသူ ဘယ်လောက်ပဲ ရိုင်းရိုင်း ဒီလိုမျိုး အရုပ်ဆိုးအောင်တော့ လုပ်မှာ မဟုတ်ဘူး slutty ဖြစ်ကောင်း ဖြစ်လိမ့်မယ် အရှက်မရှိတဲ့ ပုံစံမျိုးတော့ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး ပြီတီတီဆိုပေမယ့် ရည်မွန်တင့်တယ်မှုတွေက သူ့အသွေးအသားထဲမှာကို စိမ့်ဝင်နေပြီးသား အရမ်းကိုလည်း ဆွဲဆောင်မှု ရှိနေတာ မဟုတ်ရင် ဘာလို့ ကျိကော သရုပ်ဆောင်မယ့် တင်းကျစ်စုန့်က သူ့ကို ကြိုက်သွားပြီး ဇွဲမလျော့တမ်း လိုက်မှာလဲ ... 


သူက ကျောက်ချွမ်ကို ဘေးနား ဆွဲခေါ်ကာ သူ့အကြံကိူ အသေးစိတ် ရှင်းပြလိုက်သည်။ 


ကျောက်ချွမ်က သူ့ကို စုန်ချည်ဆန်ချည် စိုက်ကြည့်ကာ စနောက်လိုက်သည်။ 


"မင်းက ငါ့ထက်ကို ရှုထျန်းယုကို ပိုနားလည်နေတာပဲ အိုကေ မင်းနည်းလမ်းအတိုင်းပဲ သွားလိုက်ရအောင် ရိုက်တာက ဟာသကားဆိုပေမယ့် ဇာတ်ကြောင်းက ယုတ္တိရှိရှိနဲ့ အဆင့်အတန်း မြင့်မြင့်ပဲ လူပြိန်းကြိုက်မျိုး မလုပ်ချင်ဘူး ဒါနဲ့ မင်း လမ်းလျှောက်တဲ့ပုံစံက ဘာလို့ ပုံမှန်ဖြစ်နေရတာလဲ ညက ဘာမှ မလုပ်ကြဘူးလား မင်းကို တစ်ရက်တောင် နားပေးထားတာကို ..." 


ထိုအခါမှ ရှောင်ကျားရှုလည်း သူ့သရုပ်ဆောင်မှုကို ကျိမြန် ကြည့်နေမည်ဖြစ်ကြောင်း သတိရကာ စိတ်မသက်မသာ ဖြစ်သွားတော့သည်။ 


ကျောက်ချွမ်က သူ့စိတ်ကို ရိပ်မိလေဟန်ဖြင့် ဆက်ပြောလိုက်သည်။ 


"မနေ့က ဘာမှ မလုပ်ခဲ့မှတော့ ဒီနေ့ သူ့ကို အိပ်ယာထဲအထိသာ တိုက်ရိုက် ဆွဲခေါ်သွားလိုက်တော့ ကျိကောက အာရှတိုက်က မိန်းမတွေရဲ့ နံပါတ်တစ် အလိုချင်ဆုံးနော် မင်းကိုယ်မင်း ထီဆုကြီး ပေါက်သွားမှန်းရော သိရဲ့လား ..." 


စကားတပြောပြောဖြင့် အဝတ်လဲခန်း ရှိရာသို့ လျှောက်လာစဉ် အဝတ်စင်ရှေ့တွင် ဝေဖန်ပိုင်းခြားနေဟန်ဖြင့် ရပ်နေသော ကျိမြန်ကို တွေ့လိုက်ရတော့သည်။ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရှောင်ကျားရှုမှာ ချ

က်ခြင်းပင် ခေါင်းမီးတောက်သွားတော့သည်။ 


စောက်ကျိုးနည်း ဒီဝတ်စုံကို ဘယ်သူ ပြင်ပေးတာလဲကွ ဘယ်လိုဖြစ်လို့ တအားကို ဖော်ထားရတာလဲ ... 




Xxxxxxxxxx