အပိုင်း ၁၄၁
Viewers 44k

Chapter 141




စကြဝဠာရဲ့ ဗဟိုချက်က ဘာလဲ ကျိကော သူ့ကို ကြည့်လိုက်တဲ့ အချိန်တိုင်း သူ့ကိုယ်သူ စကြဝဠာရဲ့ ဗဟိုချက်လို့ ခံစားမိပြီး သူ့ရဲ့ တည်ရှိမှုကလည်း ပိုပြီး သန်မာလာတယ်လို့ ခံစားရတယ် အလားတူပဲ သူ ကျိကောကို ချစ်မိတဲ့အခါ ကျိကောက သူ့စကြဝဠာရဲ့ ဗဟိုချက် ဖြစ်လာပြီးတော့ သူ့ကိုပဲ မြင်၊ သူ့ကိုပဲ နှလုံးသားထဲ ထည့်ပြီးတော့ အရာရာတိုင်းက သူ့အတွက်ပဲ တည်ရှိပေးနေတာမျိုး ... 


နောက်တစ်ခန်းကို ဘယ်လို သရုပ်ဆောင်ရမလဲ သိသွားပြီကွ ... 


ထိုသို့ တွေးလိုက်ပြီးနောက် ရှောင်ကျားရှုမှာ လက်သီးကို ဆုပ်ကာ လေထဲသို့ ဝှေ့ယမ်းလိုက်တော့သည်။ 


ကျိမြန်က ချက်ခြင်း ဘရိတ်ကို နင်းလျက် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ 


"ရှောင်ရှု ခေါင်းကိုငုံ့လိုက် ..." 


"ဘာလို့လဲ ..." 


‌ရှောင်ကျားရှုက ခေါင်းကိုငုံ့ကာ ကားထဲရှိ ကျိမြန်ကို ငုံ့ကြည့်လိုက်သည်။ 


ကျိမြန်က အနားသို့‌ လျှောက်လာကာ သူ့ကို နမ်းလိုက်၏။ အကြည့်တို့မှာ နက်ရှိုင်းရီဝေဖွယ် ရွှင်မြူးမှုတို့ဖြင့် ပြည့်နှက်နေပေသည်။ 


ရှောင်ကျားရှုက တစ်ခဏမျှ ကြောင်အသွားပြီးကာမှ သူ့ကို အမြန် ပြန်လည်နမ်းရှိုက်လိုက်သည်။ ယခင်ကတည်းက တောက်ပနေသည့် မျက်ဝန်းတို့မှာ ပိုမို၍ပင် ကြည်လင်တောက်ပလာတော့သည်။ 


ကျောက်ချွမ်က စကားပြောစက်ကို ကောက်ယူကာ အော်ဟစ်လိုက်သည်။ 


"ရိုက်ကွင်းမှာ အချစ်နာလန်ထနေလို့ မရပါဘူး မဟုတ်ရင် ဒေါ်လာတစ်ရာ ဒဏ်ကြေးကောက်မယ် ဟေး ဟိုနှစ်ယောက် ငါပြောနေတာ ကြားရဲ့လား ကားကို ငါ့ဘက် ပြန်ကွေ့လာခဲ့ ဒီလောင်ဇီက ဒေါသထွက်လွန်းလို့ သေတော့မယ်ကွ ..." 


ရှောင်ကျားရှုက ကျိမြန်ကို အမြန် ပြန်နမ်းလိုက်ကာ ကျောကိုမတ်လျက် အော်ပြောလိုက်သည်။ 


"မင်းကို တစ်နေ့ ဒေါ်လာတစ်သောင်းပေးရင် လုံလောက်လား မလုံလောက်ရင်လည်း တစ်သိန်းအထိ တိုးလိုက် ပြီးမှ မင်းဘာသာမင်း ဘယ်နှကြိမ် ဒဏ်ကြေးဆောင်ရမှာလဲ တွက်ပြီးသာ ဖြတ်လိုက်တော့ ..." 


သူကတော့ ကျိကောကို တစ်နေ့ အကြိမ်တစ်ရာလောက် မနမ်းဘဲ မနေနိုင်ပါဘူး မဟုတ်ရင် အသက်ဆက်ရှင်ဖို့ ခွန်အားကို မရှိတော့ဘူးလေ ... 


ကျောက်ချွမ်မှာ ဒေါသထွက်လွန်း၍ ဆွေ့ဆွေ့ခုန်နေပြီ ဖြစ်သော်ငြား ကျိမြန်ကမူ ကားစတီယာတိုင်ပေါ် မှောက်၍ပင် ရယ်မောမိလိုက်တော့သည်။


sex လုပ်ရတာ ကြိုက်တဲ့၊ နေ့ခင်းပိုင်းမှာကို အိပ်မက်မက်သလို စိတ်ကူးထဲ မျောပါသွားတတ်တဲ့၊ ခဏခဏ နမ်းရတာကို ကြိုက်၊ သူ့ခံစားချက်ကိုလည်း ဖော်ပြတတ်ပြီးတော့ အလုပ်လည်းလုပ် ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ပေမယ့် မင်းကို အဓိကထား ချစ်ပေးတတ်တဲ့ ကလေးဆန်တဲ့ ကောင်လေးနဲ့ ချစ်ရတဲ့ ခံစားချက်က ဒီလိုမျိုးပါလား ... 


ကျိမြန်မှာ "သေလောက်အောင်ကို ပျော်တယ်" ဟူသည့် အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း မသိခဲ့သော်ငြား ယခုမူ ကွက်ကွက်ကွင်းကွင်း သဘောပေါက်သွားတော့သည်။ 


"ရှောင်ချွမ် ငါလည်း တစ်သိန်း ထပ်ထည့်လိုက်မယ် မင်း ဖြတ်ချင်သလောက်သာ ဖြတ်ချလိုက် ..." 


သူက ကားထဲမှ ထွက်ကာ မျက်နှာပြောင်တိုက်စွာဖြင့်ပင် ရှောင်ကျားရှုကို ပွေ့ဖက်လျက် ပြင်းပြင်းရှရှ နမ်းရှိုက်လိုက်ပြန်သည်။ 


ဘေးနားတွင် ရပ်နေသည့် အရန်သရုပ်ဆောင်များက တစ်ယောက်ပြီးတစ်ယောက် လေချွန်ကာ ရယ်မောလိုက်ကြတော့သည်။ သူတို့ ရိုက်ကူးရေးလုပ်နေသည့် ပြည်နယ်တွင် လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုထားပြီးဖြစ်ရာ လမ်းပေါ်တွင် ပွေ့ဖက်နမ်းရှိုက်နေသည့် လိင်တူစုံတွဲများမှာ မြင်နေကျကိစ္စမျိုးပင် ‌ဖြစ်နေပေသည်။ 


အလဲထိုးခံလိုက်ရသည့် ကျောက်ချွမ်မှာ လက်ကို ယမ်းလျက်သာ ဖျော့တော့အားနည်းစွာ ပြောလိုက်ရတော့သည်။ 


"လုပ် လုပ် မင်းတို့လုပ်တာကိုပဲ ကြည့်နေတော့မယ် တစ်ခုတော့ ပြောလိုက်မယ်နော် "အချစ်ကို ထုတ်ပြရင် မြန်မြန်သေတယ်" တဲ့ ..." 


ထို့နောက် ချက်ခြင်း လေသံကို မြှင့်ပြောလိုက်သည်။ 


"ရှောင်ကျားရှု အဆင်သင့်ဖြစ်ပြီလား ရိုက်ကူးရေး စတော့မယ် ..." 


"တစ်မိနစ်လောက်စောင့် ..." 


သူက ကျိမြန်လက်ကို ဆွဲလျက် ဘားထဲသို့ ပြန်လာကာ ပင်မကင်မရာကို ညွှန်ပြလိုက်သည်။ 


"ကျိကော ဒီနောက်မှာ ရပ်ပြီး ကျွန်တော့်ကို ကြည့်နေနော် လုံးဝ မလှုပ်နဲ့ ဟုတ်ပြီလား ..." 


ကျိမြန်က ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"အိုကေ ကိုယ် လုံးဝ မလှုပ်ဘူး ဒီနားကနေပဲ ကြည့်နေပေးမယ် ..." 


ရှောင်ကျားရှုက သူ့ကို ဖျတ်ခနဲ နမ်းလိုက်ပြီးကာမှ ရိုက်ကွင်းနေရာသို့ ပြန်လာခဲ့လိုက်တော့သည်။ 


ကျောက်ချွမ်က ရှောင်ကျားရှု၏ လုပ်ရပ်များကို နားမလည်သည့်တိုင် မတားမြစ်ခဲ့။ "လူချမ်းသာတွေက ငကြွားတွေ လူချမ်းသာတွေက ငကြွားတွေ " ဟူသာ အဆက်မပြတ် ရေရွတ်ရင်း လူရိုက်ချင်စိတ်များကို ဖိနှိပ်နေရတော့သည်။ ရှောင်ကျားရှု ကားထဲရောက်ကာ "အိုကေ" ဟု လက်ဟန်ပြလိုက်သည့်အခါ ချက်ခြင်း အော်ပြောလိုက်၏။ 


"Clapper အသံ ကြားတာနဲ့ တစ်ပြိုင်နက် ရိုက်ကူးရေး စပြီနော် ..." 


ရှောင်ကျားရှုက ဇိမ်ခံကားကို ဘား အပေါက်ဝရှေ့အထိ ခပ်ဖြည်းဖြည်း မောင်းနှင်လာကာ တံခါးကို အချိန်ဆွဲပြီး ဖွင့်၍ ခြေထောက်တစ်ဖက်ကို အရင်ချလိုက်သည်။ ‌အပြင်ဘက်သို့ လုံးလုံးလျားလျား ထွက်မလာမီ ကင်မရာက သူ၏ ဈေးကြီးကာ အစက်အပြောက် ကင်းစင်လှသော သားရေဖိနပ်ကို အနီးကပ် ရိုက်ကူးနိုင်ရန် အလို့ငှာ စက္ကန့်အနည်းငယ်ခန့် ရပ်ပေးလိုက်သည်။ သို့သော် ဖြူဖွေးလှပသည့် ခြေကျင်းဝတ်လေးမှာ ပို၍ပင် မျက်စိဖမ်းစားနိုင်နေတော့သည်။ 


ခြေကျင်းဝတ်တစ်ခုတည်းကို မြင်လိုက်ရုံဖြင့်ပင် ကားထဲမှ ထွက်လာသူမှာ အလှလေးဖြစ်ကြောင်း သိနိုင်ပေသည်။ ကင်မရာက တစ်ဖြည်းဖြည်း ရွေ့လျားသွားကာ ဖြူဖွေးဖြောင့်တန်းလှသည့် ခြေတံတစ်စုံ၊ ကျဉ်းမြောင်းကာ နေရာတကျ ဖြစ်နေသည့် တင်ပါးနှင့် သေးကျဉ်သော ခါးတို့ကို ဖြတ်ကာ အလွန်အမင်း ချောမောလွန်းလှသည့် မျက်နှာလေး‌ထံ အခြေကျသွားတော့သည်။ 


ထိုစဉ် သူ့နောက်ရှိ ဇိမ်ခံကား၊ ခန္ဓာကိုယ်ပေါ် ဆင်ယင်ထားသည့် တန်ဖိုးကြီး အဝတ်အစား၊ ဘေးနားတွင် ပျားပန်းခတ် လှုပ်ရှားနေကြသူများပင်လျှင် ဝေဝါးသွားကာ ရှုမောဖွယ် အလင်းရောင်အောက်တွင် သူ့မျက်နှာတစ်ခုတည်းသာ ဝင်းလက်တောက်ပနေတော့သည်။ မီးမောင်းထိုးထားသည့်နှယ် လူတိုင်းက သူ့ကိုသာ လိုက်ကြည့်နေကြပြီး အနီးသို့ စိတ်ထိန်း၍ မရနိုင်စွာ တစ်ဖြည်းဖြည်း တိုးလာသော်လည်း သူ့အကြည့်တို့မှာမူ ရှေ့တည့်တည့်သို့သာ ဦးတည်နေပြီး သူ့ကို ဆွဲဆောင်နိုင်သည့် တစ်ခုခုကို တွေ့လိုက်ရသည့်နှယ် ပြတ်သားနက်ရှိုင်းကာ အာရုံစိုက်မှုအပြည့် ဖြစ်နေသည်။ 


သူ့ကိုသာ တည့်တည့်ရိုက်ကူးနေသည့် ပင်မကင်မရာက ထိုပြင်းထန်လှသည့် အကြည့်စူးစူးကို မလွတ်တမ်း မှတ်တမ်းတင်လိုက်ကာ စက်ကို ထိန်းချုပ်နေသည့် ကင်မရာသမားမှာလည်း ရှောင်ကျားရှု၏ အနိုင်ကျင့်ခြင်းကို ခံရသည့်နှယ် ပါးနှစ်ဖက် နီမြန်းလာတော့သည်။ ရှောင်ကျားရှု၏ စိုက်ကြည့်ခြင်းကို အမှန်တကယ် ခံနေရသူမှာ သူ့နောက်တွင် ရပ်နေသူဖြစ်ပြီး ထိုသူကလည်း အလားတူပင် စူးရှနက်ရှိုင်းသည့် အကြည့်တို့ဖြင့် ပြန်လည်စိုက်ကြည့်နေကြောင်းကိုမူ လုံးဝ သတိမရသေးချေ။ 


ရှောင်ကျားရှုက မှန်ထဲတွင် ထင်ဟပ်နေသည့် သူ့ပုံရိပ်ကို မျက်ခုံးပင့်ကာ ဖျတ်ခနဲ ကြည့်လိုက်ပြီး လက်ကိုမြှောက်လျက် ပရော်ပရည် ဖြစ်သည့်တိုင် တင့်တယ်လှသည့် အနေအထားဖြင့် နဖူးရှေ့ ကျဆင်းနေသော ဆံပင်တို့ကို သပ်တင်လိုက်သည်။ ထိုစဉ် ရင်မော့ခါးကော့ထားသည့် မိန်းမလှလေးများ သူ့အနားသို့ အုပ်စုလိုက် ရောက်လာသည့်တိုင် သူမတို့ကို အကြည့်တစ်ချက်ပင် မစွန့်ကြဲ၊ အိတ်ကပ်ထဲမှ ငွေလက်တစ်ဆုပ် နှိုက်လျက်သာ ကြဲချပေးလိုက်တော့သည်။


မိန်းမလှလေး အားလုံး တပျော်တပါး လိုက်ကောက်လိုက်ကြတော့၏။ ထို့နောက် အနားရှိ နှစ်ယောက်ကို ပွေ့ဖက်ကာ ရှေ့ဆက်လျှောက်လာသည့်တိုင် ဘေးဘီသို့ လုံးဝမကြည့်၊ အကြည့်တို့က ရှေ့တည့်တည့်သို့သာ မျက်နှာမူနေပြီး လူအမြင်ကပ်ဖွယ် ကောင်းလောက်သည့် ထိန်းမနိုင်သိမ်းမရ သွေးကြီးနေသော အပြုံးတစ်ပွင့်ကိုလည်း ချိတ်ဆွဲထားလိုက်သေးသည်။ ရင်ခွင်ထဲရှိ မိန်းမလှလေးတစ်ဦးက ခြေဖျားထောက်လျက် သူ့ပါးကို နမ်းမည် ပြုလိုက်သည့်အခါ စိတ်မရှည်လေဟန်ဖြင့် ခေါင်းကိုစောင်းလျက် ရှောင်ဖယ်လိုက်ပြီး အကြည့်တို့မှာ ပို၍ပင် နက်ရှိုင်းလာတော့သည်။ 


ဤနေရာသို့ ပျော်ပါးရန်အတွက်သာ ရောက်လာခြင်းဖြစ်သော်ငြား သူ့ကိုယ်သူမှလွဲ၍ မည်သူကိုမှ မျက်လုံးထဲမထည့်၊ အလွန်အမင်း ဝင့်ဝါမော်ကြွားလှပေသည်။ သူသည် ကြွယ်ဝမှု၏ ပြယုဂ်၊ စကြဝဠာ၏ ဗဟိုချက်ဖြစ်ကာ လူတိုင်းက သူ့ကို ဗဟိုပြု၍သာ လည်ပတ်ရပေသည်။ ခြွင်းချက်ဟူ၍ တစ်ဦးတည်းသာရှိကာ ထိုသူမှာ သူ၏ တည့်တည့်စိုက်ကြည့်ခြင်းကို ခံနေရသည့် ပင်မကင်မရာ တစ်နည်းအားဖြင့် ရုံတင်ချိန်တွင် လာရောက်ကြည့်ရှုကြမည့် ပရိသတ်များ ဖြစ်ပေသည်။ 


ပင်မကင်မရာ၏ ရှုထောင့်မှာ ကြည့်ရှုသူ၏ ရှုထောင့်ပင်ဖြစ်ရာ ပင်မကင်မရာကို တန်ဖိုးဖြတ်ပါလျှင် ပရိသတ်ကလည်း အလားတူ ခံစားရမည်ဖြစ်ကာ ပင်မကင်မရာသာ ညှို့ယူဖမ်းစားခံရပါလျှင် ပရိသတ်လည်း ရှောင်လွှဲနိုင်မည် မဟုတ်ချေ။ 


ရှောင်ကျားရှုက ပရိသတ်၏ ဆန္ဒတို့ကို ဖမ်းစားရန် အလို့ငှာ သူ့တွင် ရှိရှိသမျှ ဆွဲဆောင်မှုအားလုံးကို ပထမဆုံးအကြိမ် အစွမ်းကုန် ထုတ်သုံးလိုက်တော့သည်။ သို့‌သော် အမှန်တကယ် သူဆွဲဆောင်လိုသူမှာ ကျိမြန်တစ်ဦးတည်းသာ ဖြစ်ပေသည်။ ကျိမြန် သူ့ကို ကြည့်နေသည့်အခါ ထိုတည်ရှိမှုမှာ လွန်စွာ သန်မာလှကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့သည်။ ကျိမြန်က သူ့အား ဤမျက်လုံးမျိုးဖြင့် စိုက်ကြည့်နေသည်ကိုသာ လိုချင်လှသည့်အတွက် လက်တွဲဖော်ကို ဆွဲဆောင်သည့် နှစ်လိုဖွယ်အကောင်းဆုံး ဘက်ခြမ်းကို ထုတ်ပြလိုက်မိတော့သည်။ 


မော်နီတာကို မျက်တောင်မခတ်စတမ်း ငေးကြည့်နေသည့် ကျောက်ချွမ်မှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေဟန်ပင်။ ကင်မရာအမှတ် တစ်၊နှစ်၊သုံး ... သုံးခုလုံးက ထိုမြင်ကွင်းကို လုံးဝဥဿုံ ပြီးပြည့်စုံသည့် အဆင့်အထိ အပြည့်အဝ ရိုက်ကူးနေကာ ကင်မရာရှေ့တွင် ရှိနေသည့် ရှောင်ကျားရှုမှာလည်း မီးမောင်းထိုးကာ လမ်းလျှောက်နေသည့် သက်ရှိဟော်မုန်းအစုအပုံကြီးနှယ် ... သူ့ဆွဲဆောင်မှုကြောင့် အရန်သရုပ်ဆောင်များကအစ ဇာတ်ကောင်စရိုက်ထဲ နစ်ဝင်သွားကာ သူ့ဘေးနားတွင် အော်ဟစ်သောက်စား ကခုန်နေကြပြီး ပူပြင်းလောင်မြှိုက်ဖွယ် လေထုတစ်ခုကို အပီအပြင် သရုပ်ဖော်နေလိုက်ကြတော့သည်။ 


ပတ်ဝန်းကျင်က ဆူညံလေလေ မောက်မာဝံ့ကြွားတဲ့ သူ့ပုံစံက ပိုပြီး ပေါ်လွင်လာလေ ဆိုပေမယ့် လုံလုံလောက်လောက်ရော မိမိုက်ရဲ့လား ... 


ကျောက်ချွမ်က ဇာတ်ညွှန်းရေးသူကို လှမ်းကြည့်လိုက်သည့်အခါ မျက်လုံးအပြူးသားဖြင့် တရှူးရှူးတရှဲရှဲ ဖြစ်နေသူကို တွေ့လိုက်ရတော့သည်။ ကျိမြန်ကို လှည့်ကြည့်လိုက်သည့်အခါ သူက ရေခဲရေထည့်ထားသည့် ဖန်ခွက်ကိုကိုင်ကာ ပါးစပ်ဖြင့်အပြည့် မော့သောက်နေပြီး ဖောင်းတက်နေသည့် ခွကြားမှာ ဖုံးဖိ၍ပင် မရနိုင်တော့။ အကြည့်တို့က ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေကာ မျက်ဝန်းထဲရှိ မီးတောက်မီးလျှံများမှာ အပြင်ဘက်သို့ပင် လျှံထွက်ကျလာတော့မယောင်။ 


ထိုအခါမှ ကျောက်ချွမ်လည်း သဘောပေါက်သွားတော့သည်။ 


ဖာ့ခ် ကျိမြန်က ပင်မကင်မရာနောက်မှာ ရပ်နေတာဆိုတော့ ရှောင်ကျားရှု ကြည့်နေတာက ပင်မကင်မရာ မဟုတ်ဘဲ သူ့ကို ကြည့်နေတာပေါ့ ဟုတ်လား ဒီနှစ်ယောက်က ဘာတွေ လုပ်နေတာလဲ သူတို့ကို သေတ္တာထဲ ထည့်ပြီးသား လူးလှိမ့်ခိုင်းလိုက်ပါတော့လား ... 


U.S တွင် ရုပ်ရှင်ရိုက်ကူးရန် အလို့ငှာ ချစ်သူကောင်လေးကို တရုတ်ပြည်တွင် ချန်ထားခဲ့ရသည့် ကျောက်ချွမ်မှာ မနာလိုစိတ်ကြောင့် မျက်လုံးများပင် နီရဲလာရသော်ငြား ရှောင်ကျားရှု၏ ဖြတ်ထိုးဉာဏ်ကိုမူ ချီးကျူးရပေလိမ့်မည်။ ကြည့်ရှုသူနေရာတွင် ကျိမြန်ကို အစားထိုးလိုက်သည့်အခါ ဆွဲဆောင်မှုအားလုံးကို ရာနှုန်းပြည့် ချပြလာနိုင်တော့သည်။ ချစ်ရသူ၏ ရှေ့မှောက်တွင် ရှိနေသည့်တိုင် လှိုင်းထန်အောင် မလုပ်နိုင်ပါလျှင် မည်သူ့ရှေ့တွင်မှ လှိုင်းထန်အောင် လုပ်နိုင်တော့မည် မဟုတ်ချေ။ ချစ်ရသူ၏ အကြည့်အောက်တွင် ရှိနေသည့်အခါ ဆွဲဆောင်ဖျားယောင်းမှုတို့ကို အလိုလို တတ်စွမ်းသွားမည်ဖြစ်သည်။ 


ထိုရိုက်ချက်ကိုသာ ရုံတင်ပြသခွင့် ရပါလျှင် ပရိသတ်တို့၏ ခံစားချက်မှာ ကျိမြန်လောက် မသန်မာသည့်တိုင် သာမန်ကာလျှံကာဖြင့် ကျော်သွားလိမ့်မည် မဟုတ်ချေ။ 


ဤရိုက်ချက်ကို ကယ်တင်နိုင်ရန် အလို့ငှာ‌ ရှောင်ကျားရှုအား ရှာဖွေခဲ့ခြင်း ဖြစ်သော်ငြား ဤမျှအထိ ထူးချွန်လိမ့်မည်ဟုတော့ မထင်ခဲ့ချေ။ ရှောင်ကျားရှုက သူ့အတွေးအတိုင်း သရုပ်ဆောင်သူ ဖြစ်ပေသည်။  ဒါရိုက်တာ၏ ညွှန်ကြားချက်များအတိုင်းသာ လိုက်လံသရုပ်ဆောင်သူ မဟုတ်၊ ဒါရိုက်တာ၏ အကြံအပေါ် အခြေခံကာ သူ့ဘေးနားရှိ အရာအားလုံးကို သိမ်းကျုံးအသုံးချနိုင်စွမ်းလည်း ရှိနေပေသည်။ 


"Cut ..." 


ကျောက်ချွမ်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ 


"ဒီတစ်ခုလည်း ပြီးသွားပြီ ရှောင်ရှု မင်းက ငါ့လိုအပ်ချက်တွေနဲ့ ကွက်တိပဲ မင်းရဲ့ မျက်နှာက အရမ်းကို မိုက်လွန်းနေတာမှ  ပြန်ပေးသမားတွေ မနာလိုဖြစ်လို့ အိတ်ထဲထည့်ပြီး ရိုက်ပစ်ချင်စရာပဲ ကောင်းတယ် ဒီအခြေအနေကို ဆက်ပြီးသာ ထိန်းသိမ်းထား ..." 


ကိုယ့်ကိုယ်ကို အထင်ကြီးနေဆဲဖြစ်သော ရှောင်ကျားရှုမှာ ပြိုလဲပျက်စီးသွားရတော့သည်။ 


စောက်ကျိုးနည်း အိတ်ထဲထည့်ပြီး အရိုက်ခံရတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ မင်းက ငါ့ကို ချီးကျူးနေတာလား ဝေဖန်နေတာလား ... 


မေးခွန်း ပြန်မေးရန်ပင် အချိန်မရှိလိုက်၊ ကျိမြန်က အနားရောက်လာကာ သူ့နောက်ကျောကို ပွေ့ဖက်လျက် တင်းမာနေပြီဖြစ်သော အရာဖြင့် ပွတ်သပ်ကာ အက်ကွဲစွာ ပြောလိုက်သည်။ 


"ရှောင်ရှု ဒါပြီးရင် ရိုက်ကူးရေးကို ကောင်းကောင်းလုပ် NG တွေ အများကြီး မပါစေနဲ့နော် အလုပ် စောစောဆင်းပြီး အိမ်ကို စောစောပြန်ရအောင် ဟုတ်ပြီလား ..." 


အိမ်ကို ဘာလို့ အစောကြီး ပြန်မှာလဲ ... 


ထိုမေးခွန်းအတွက် စဉ်းစားနေရန်ပင် မလိုအပ်တော့။ ရှောင်ကျားရှု၏ ခါးတစ်ခုလုံး ပျော့ခွေကာ ပြိုလဲကျတော့မတတ်ပင်။ 


ဆိုးသွမ်းနေတဲ့ ကျိကောကို တကယ်ကြီး သည်းမခံနိုင်တော့ဘူး အခုချက်ခြင်းကို ထွက်ပြေးပြီး သူနဲ့အတူတူ အရှက်မရှိတဲ့ လုပ်ရပ်မျိုးတွေ လုပ်လိုက်ချင်ပြီ ... 


ကျိမြန်က သူ၏ ဖြူဖွေးနူးညံ့လှသည့် ခါးကို ပွေ့ဖက်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ ပွေ့ဖက်ခံထားလျက်နှင့်ပင် ကျောက်ချွမ်အနား ရောက်သွားရသည့်အတွက် ရှောင်ကျားရှု၏ ခေါင်းတစ်ခုလုံး ပူထူလာတော့သည်။ 


ဘယ်လိုလုပ်ပြီးတော့ အေးစက်ချောမောတဲ့ အာဏာရှင်ကြီးအဖြစ်ကို ပြန်ရောက်နိုင်တော့မှာလဲ ... 


"ဒီအခန်းကို သင့်လျော်တဲ့ နောက်ခံသီချင်းလေး ထည့်မှ ရမယ် မဟုတ်ရင် ရလဒ်က တစ်ဝက်လောက် လျော့သွားမယ်ထင်တယ်နော် နောက်ပိုင်းမှ တေးရေးဆရာတွေကို စဉ်းစားခိုင်းကြတာပေါ့ ..." 


ကျောက်ချွမ်က အလေးအနက် ပြောလိုက်သည်။ 


"ကျိကော ဒီတစ်ခုကို ဘယ်လိုထင်လဲ ကပျက်ကချော် မလုပ်နဲ့နော် သေချာလေး တာဝန်သိသိလေးလုပ်..." 


ကျိမြ

န်က မော်နီတာကို စိုက်ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ 


"ဘာမှတ်ချက်မှ ပေးစရာ မရှိဘူး ရိုက်ကူးရေးကိုပဲ ရပ်ချင်နေပြီ ..." 




Xxxxxxxx