အပိုင်း ၁၄၅
Viewers 44k

Chapter 145



 


ဤသို့ဖြင့် ဇာတ်ဝင်ခန်းတစ်ခန်း ပြီးဆုံးသွားပြန်တော့၏။ 


ကျောက်ချွမ်က cut ဟု အော်ကာ ရိုက်ကူးထားသည်များကို ချက်ခြင်း ပြန်ကြည့်လိုက်သည်။ သူတို့နှစ်ဦး၏ သရုပ်ဆောင်မှုမှာ လက်ဆတ်သော လေသန့်များ ရှုသွင်းလိုက်ရသည့်နှယ်၊ ခံစားချက် တိုးတက်လာမှုတိုင်း၊ နက်မှောင်ထကြွနေသည့် အကြည့်တိုင်းမှာ ပြီးပြည့်စုံသည့် အဆင့်အထိ ရောက်ရှိနေပေသည်။ ဤအခန်းတွင် ကျိမြန်၏ ဇာတ်ကောင်မှာ အထင်ရှားဆုံး ဖြစ်ရမည်ဖြစ်ကာ သူ့အကြည့်တို့မှာ အဆက်မပြတ် လောင်ကျွမ်းစ ပြုနေသည့် မီးတောက်နှစ်ခုအလားပင်။ ရှောင်ကျားရှုကို မြင်လိုက်သည့်အခါ သူ၏ ဟန်ဆောင်ဖုံးကွယ်မှုအားလုံး ပျောက်ကွယ်သွားရတော့သည်။ 


ဤသရုပ်ဆောင်ချက်ကို မြင်ရသူတိုင်း "မြင်မြင်ချင်း ချစ်ကျွမ်းဝင်" ဟူသည့် စကားကို နက်နက်ရှိုင်းရှိုင်း နားလည်လာကြပေလိမ့်မည်။ တစ်ဖက်တွင် ရှောင်ကျားရှုသည် ဟာသပြကွက်အားလုံးကို အမိအရ သရုပ်ဆောင်ပြနိုင်ကာ သရုပ်ဆောင်ချက်တိုင်းမှာလည်း လွန်ကျူးမနေ၊ များစွာ သဘာဝကျလှပေသည်။ သူ၏ လက်တန်းကလိုက်ရသည့် အကမှာလည်း ချစ်စရာကောင်းမှုနှင့် ရယ်စရာကောင်းမှုတို့ ရောနှောနေရာ မြင်ရသူတိုင်း မရယ်ဘဲ မနေနိုင်ကြတော့ချေ။ 


"ကောင်းတယ် သိပ်ကိုကောင်းတယ် အားလုံးပဲ နောက်တစ်ခန်းအတွက် အဆင်သင့်ပြင်ထားကြမယ် ..." 


ကျောက်ချွမ်က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ကြော်ငြာလိုက်သည်။ 


ဆိုဖာပေါ်တွင် ထိုင်နေဆဲဖြစ်သော ကျိမြန်က အလိုမကျစွာ ပြောလိုက်သည်။ 


"ဒါရိုက်တာ ကျေးဇူးပြုပြီး ရိုက်ကွင်းကို ရှင်းပေးပါဦး ငါ စိတ်တည်ငြိမ်အောင်လုပ်ဖို့ လိုနေလို့ ..." 


လူတိုင်းက အဓိပ္ပါယ်ပေါက်စွာ ရယ်မောလိုက်ရင်း တစ်‌‌ယောက်ပြီးတစ်ယောက် အခန်းထဲမှ ထွက်သွားလိုက်ကြတော့သည်။ 


ကျိမြန်က သူ့(ရှောင်ကျားရှု)ခါးကိုဆွဲကာ သူ့အရာအားတင်ပါးနှစ်ဖက်ကြား ဖိထားလျက် လုံးဝ ထွက်သွားခွင့် မပြုတော့။ ရှောင်ကျားရှုမှာလည်း ဆက်ပြီး သည်းမခံနိုင်တော့ချေ။ ကျိမြန်၏ ပူလောင်မှုကို ခံစားနေရ၊ သူ၏ ပြင်းပြလှသည့် အသက်ရှူသံကို ကြားနေရသည့်အပြင် တစ်ဖြည်းဖြည်းချင်း တင်းမာလာသည့် ခွကြားနေရာမှတစ်ဆင့် သူ့စိတ်ဆန္ဒတို့ကို သဘောပေါက်နားလည်မိနေပေသည်။ 


မသက်မသာ ဖြစ်နေသည့် တင်ပါးကို ရွှေ့လိုက်သည့်အခါ ကျိမြန်၏ ခပ်တိုးတိုး ငြီးသံကို ကြားလိုက်ရသည့်အတွက် လုံးဝ မလှုပ်ရှားရဲတော့။ 


ကျိမြန်က သူ့နောက်စေ့ကို ဖိကိုင်ကာ ခေါင်းငုံ့စေလျက် နမ်းရှိုက်ရင်း မပီဝိုးတဝါး ရေရွတ်လိုက်သည်။ 


"ရှောင်ရှု ကိုယ့်ကို စောစောက မင်းကပြသွားတာမျိုး နောက်တစ်ခေါက်လောက် ပြန်ကပြပါ့လား ..." 


ဖာ့ခ် ဒီလိုမျိုး စောင့်နေရတာကြီးကို လုံးဝ သည်းမခံနိုင်တော့ဘူး ချစ်စရာ ကောင်းလွန်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားရတာလည်း နှိပ်စက်ခြင်းတစ်မျိုးပဲကွ ...




ရှောင်ကျားရှုက သူ၏ lap dance မှာ အလွန် ဆိုးဆိုးဝါးဝါး ဖြစ်လိမ့်မည်ဟု တွေးခဲ့သော်ငြား ကျိမြန်၏ တုန့်ပြန်ချက်ကြောင့် သူ့ကိုယ်သူ ပြန်လည် ယုံကြည်လာတော့သည်။ ပူပြင်းတောက်လောင်နေသော ခန္ဓာကိုယ်ပေါ် တက်ထိုင်ရင်း ရှက်ရွံ့မှုအားလုံး စိတ်လှုပ်ရှားမှုအဖြစ်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ 


မင်းချစ်တဲ့သူကို ပေးနိုင်တဲ့ အကောင်းဆုံး ချီးကျူးမှုက ဘာလဲ သိလား "မင်းကို ချစ်တယ်" ဆိုတဲ့ စကားကလွဲရင် နောက်တစ်ခုက "ကိုယ်မာလာပြီ" ဆိုတာပဲ ... 


အချစ်နဲ့ ရမ္မက်ဆိုတာ ဘယ်တော့မှ ခွဲခြားလို့ မရဘူးလေ ... 


ယခုလက်ရှိတွင် ကျိမြန်တစ်ယောက်တည်းသာ မာလာခြင်း မဟုတ်၊ သူသည်လည်း အားကောင်းလှသည့် တုန့်ပြန်မှုတစ်ရပ်ကို ခံစားနေရပေသည်။ ကျိကောကို ပွတ်သပ်စနောက်လိုက်ပြီး အနေရခက်စွာ ငြီးငြူသံကို ကြားလိုက်ရသည့်အခါ သူ့အပေါ် မှောက်ချလျက် ခပ်တိုးတိုး ရယ်မောကာ အောင်ပွဲခံလိုက်တော့သည်။ 


ကောက အမြဲတမ်း နှာဘူးလို လုပ်နေတာလေ အခု ကျွန်တော့် အလှည့်ပဲ ဟုတ်တယ်မဟုတ်လား ... 


ဟိုဟိုသည်သည် မလှုပ်ရှား‌နိုင်စေရန် အလို့ငှာ သူ့ချစ်သူလေး၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသည့် ကျိမြန်လည်း ဟန်မဆောင်နိုင်လောက်အောင် ရယ်မောလိုက်မိတော့၏။ 


ကျောက်ချွမ်က တံခါးအပြင်ဘက်မှ လှမ်းအော်လိုက်သည်။ 


"အဆင်သင့်ဖြစ်ပြီလား ရိုက်စရာ အခန်းတွေ ရှိနေသေးတယ်နော် မင်းတို့တွေ လူးလှိမ့်နေဖို့ အချိန်မရှိဘူး ပြီးတော့ သူများရဲ့ ဈေးကြီးပေးဝယ်ထားရတဲ့ ဆိုဖာကို ပေအောင်လုပ်မိရင်လည်း ရိုက်ကူးရေးအဖွဲ့ကနေ တာဝန်ယူပြီး လျော်ပေးမှာ မဟုတ်ဘူး ..." 


ရှောင်ကျားရှုက ကျိမြန်ကိုယ်ပေါ်မှ ခုန်ဆင်းကာ သူ့ကို လက်ယပ်ခေါ်လိုက်သည်။  


"ဟုတ်ပြီ ဟုတ်ပြီ ဝင်လာခဲ့တော့ ..." 


ကျောက်ချွမ်က အခန်းထဲ ဝင်လာကာ သူတို့ကို ဂရုတစိုက် အကဲခတ်လိုက်ပြီး နှစ်ယောက်လုံး ပုံမှန်ပြန်ဖြစ်နေပြီဖြစ်ကြောင်း သေချာမှသာ အားလုံးကို ရိုက်ကူးရေး ပြန်စရန် ညွှန်ကြားလိုက်တော့သည်။ 


ကျိမြန်က ဆိုဖာပေါ် လှဲလျက် သတိလစ်နေဟန် ဆောင်လိုက်ပြီး ရှောင်ကျားရှုက သူ့ဆံပင်တို့ကို ဆောင့်ဆွဲလျက် သီးသန့်ခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေလိုက်သည်။ 


ဒီလူရဲ့ ပုံစံကို ကြည့်ရတာ အကောင်ကြီးကြီးတစ်ကောင် ထင်တယ် ဒီလိုလူမျိုးကို သတိလစ်အောင် ရိုက်လိုက်မိမှတော့ ငါ အသက်ရှင်ပါဦးမလား အပြင်ဘက်မှာလည်း သက်တော်စောင့်တွေ အများကြီး ရှိနေသေးတယ် ... 


ဖျတ်ထိုးဉာဏ် ကြွယ်ဝသူ ဖြစ်နေ၍သာ တော်သေးသည်။ အကြံရသွားသည့်နှယ် နဖူးကို ဖြန်းခနဲ ရိုက်ချလိုက်သည်။ ဦးစွာ ကျိမြန်၏ အဝတ်အစားအားလုံးကို ချွတ်လိုက်ကာ သူ ဝတ်ဆင်ထားသည့် အသားကပ်ခြေအိတ် အနက်ရောင်ကိုလည်း ဒူးနားအထိ လျောချထားလိုက်သည်။ ထို့နောက် ကော်ဖီစားပွဲကို ကန်လိုက်လျှင် အသံကြားလိုက်သော သက်တော်စောင့်များက အခန်းထဲ ချက်ခြင်း ပြေးဝင်လာလိုက်ကြပြီး သူတို့၏ ဘော့စ်ဖြစ်သူမှာ ဆိုဖာပေါ်တွင် လဲလျောင်းနေကာ မိန်းကလေးတစ်ဦးနှယ် ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက်က သူ့ခြေထောက်ကို ပင့်မ လျက် တင်ပါးကို ထိုးဆောင့်နေကြောင်း‌ တွေ့လိုက်ရတော့သည်။ 


နောက်ကျောဘက်မှ မြင်နေရသည့်အတွက် သူတို့ဘော့စ်မှာ သတိလစ်နေလား နိုးနေလား ရေရေရာရာ မသိရ။ ဒေါသထွက်နေသော မျက်နှာဖြင့် လှည့်လာကာ အော်ဟစ်ကြိမ်းမောင်းလိုက်သည့် ရှောင်ကျားရှုကိုသာ တွေ့လိုက်ရသည်။ 


"ဘာကြည့်နေတာလဲ မိန်းမဆန်ဆန် လှတဲ့ top မျိုး မတွေ့ဖူးဘူးလား ..." 


ထိုသို့ ပြောနေရင်းဖြင့်ပင် တင်ပါးတို့ကို ရှေ့တိုးနောက်ဆုတ် လှုပ်ရှားလိုက်သေးသည်။ 


သက်တော်စောင့်နှစ်ဦးမှာ အလွန်အမင်း ကြောက်ရွံ့သွားကာ ချက်ခြင်းပင် တံခါးပိတ်၍ နောက်ပြန်ဆုတ်သွားကြတော့သည်။ ချွေးစေးတို့ကို သုတ်လျက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်၏။ အေးစက်ချောမောကာ အရိုင်းဆန်လှသည့် သူတို့၏ ဘော့စ်မှာ အောက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိခဲ့ချေ။ 


အခန်းထဲရှိ ရှောင်ကျားရှုက ကျိမြန်၏ ခြေထောက်တို့ကို ပြန်ချကာ ‌ကြမ်းပေါ်ရှိ ပန်းသီးတစ်လုံးကို ကောက်ယူလျက် ဝါးစားရင်း ဗလုံးဗထွေး အော်ဟစ်လိုက်သည်။ 


"မြန်မြန်လုပ် ထမင်းဝအောင် မစားထားရလို့လား ..." 


တစ်ဖန် စူးရဲနေသော အသံဖြင့် ညုတုတု ပြောလိုက်ပြန်သည်။ 


"အိုး လူတွေက မင်းကို နာကျင်အောင် လုပ်ရမှာ ကြောက်ကြလို့လား မင်းကို ညင်သာချင်တဲ့သူတွေက ဘာများ ဆေးစားမှားထားကြတာလဲ ဒီလိုမျိုး အော်လိုက်ရင် မပြီးမိအောင် အတော်လေးကို ဂရုစိုက်ရမှာ ..." 


"အိုကေ အိုကေ ကိုယ် ဆက်မပြောတော့ဘူး မင်းက အရမ်းကို ကြိုးစားတာပါ လာ လာ ပေါင်ပေ့လေး ..." 


တံခါးအပြင်ဘက်ရှိ သက်တော်စောင့်များမှာ ရှောင်ကျားရှု၏ မူလအသံကို တစ်ခါမှ မကြားဖူးရာ ဩရှလှသည့် အသံမှာ သူတို့ဘော့စ်၏အသံ၊ စူးစူးဝါးဝါး အသံမှာ ထိုလူထူးဆန်း၏ အသံဟုသာ ကောက်ချက်ချလိုက်ကြတော့သည်။ ချွေးသီးချွေးပေါက်တို့ တစ်ဖြိုင်ဖြိုင် ကျဆင်းလျက် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံကာ တစ်ညီတစ်ညာတည်း ပြောလိုက်ကြသည်။ 


"သွားပြီ ငါတို့တော့ ဘော့စ် နှုတ်ပိတ်တာကို ခံရတော့မယ် ..."


ဆိုဖာပေါ်တွင် အတွင်းခံတစ်ထည်တည်းဖြင့် လဲလျောင်းနေသော ကျိမြန်မှာလည်း ရှောင်ကျားရှု၏ ထူးဆန်းလှစွာသော ငြီးတွားသံများအကြား မရယ်မိစေရန် မနည်း ထိန်းချုပ်နေရသည်။ သူသည်ပင်လျှင် ရှောင်ကျားရှု၏ ပညာရှင်ပီသမှုကို အမှန်တကယ် လေးစားမိနေတော့သည်။ ဇာတ်ကောင်စရိုက်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် မည်မျှပင် အနေခက်စဖွယ် အခန်းများ ဖြစ်နေပါစေ ရယ်မောခြင်း မရှိဘဲ ချောချောမွေ့မွေ့ သရုပ်ဆောင်ပြသွားနိုင်ပေသည်။ 


တစ်ဖက်တွင်မူ ဝူချွမ်းရီ၊ ကျောက်ချွမ်နှင့် အခြားသူများမှာ ပါးစပ်ကို တင်းတင်းစေ့လျက် အရူးတစ်ယောက်နှယ် ပုခုံးတို့ တသိမ့်သိမ့်တုန်နေရင်း ထောင့်နားတွင် ပုန်းနေကြရတော့သည်။ ရှောင်ကျားရှုကဲ့သို့ မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် ခပ်ချောချောကောင်လေးတစ်ယောက် ဟာသကား ရိုက်သည့်အခါ လူရွှင်တော်များထက်ပင် ပိုပြီး ရယ်စရာ ကောင်းနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။ များသောအားဖြင့် သရုပ်ဆောင်များသည် နာမည်ကြီးသွားသည်နှင့် တစ်ပြိုင်နက် အလားတူ ဇာတ်ကောင်များကိုသာ ရွေးချယ်သရုပ်ဆောင်ကြတော့သည်။ မတူညီသည့် ဇာတ်ကောင်ပုံစံတစ်မျိုးဖြင့် လူထု၏ အသိအမှတ်ပြုမှုကို ပိုင်ဆိုင်နိုင်ရန် မကြိုးစားကြတော့။ 


ရှောင်ကျားရှုမှာမူ ထိုကဲ့သို့ မဟုတ်။ ချောမောခန့်ညားသည့် ဇာတ်ကောင်နှင့် ရယ်စရာဇာတ်ကောင် နှစ်မျိုးလုံးကို ရွေးချယ်ကာ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှု နှစ်ခုလုံးကို ပီပြင်အောင် သရုပ်ဆောင်ပြနိုင်ပေသည်။ တင့်တယ်မှုကိုရော ရယ်ရွှင်ဖွယ် ဘက်ခြမ်းကိုပါ ကြည့်ရှုသူစိတ်ထဲ စွဲငြိအောင် သရုပ်ဆောင်ပြနိုင်သည့် စွယ်စုံရ အနုပညာရှင်မျိုးပင် ဖြစ်ပေသည်။ 


"Cut ..." 


ကျောက်ချွမ်က လက်ကိုမြှောက်ကာ အော်ပြောလိုက်သည်။ 


"ဒီတစ်ခုလည်း ပြီးသွားပြီ ..." 


ထို့နောက် ရိုက်ကူးထားသည်များကို ပြန်ကြည့်ရင်း နဖူးကို လက်ဖြင့်အုပ်လျက် တစ်ဖန် ရယ်မောမိလိုက်ပြန်တော့၏။ 


ရှောင်ကျားရှုက သူ့လက်ထောက် လာပေးသည့် ရေလဲဝတ်စုံကို အမြန်ယူကာ ကျိမြန်၏ ပြောင်မြောက်လှသော ခန္ဓာကိုယ်ကို အလောတကြီး ခြုံပေးလိုက်သည်။ တောင်စဉ်ရေမရ အတွေးတို့ကြောင့် ပါးနှစ်ဖက်လုံး နီမြန်းနေတော့၏။ 


ငါနဲ့ ကျိကောဆို ဘယ်သူက အထက် ဘယ်သူက အောက် ဖြစ်လောက်လဲ ပြီးခဲ့တဲ့တစ်ခေါက် အိပ်မက်မက်တုန်းက ဘာလို့ ကျိကောရဲ့အောက်မှာ အဖိခံရတယ်လို့ အိပ်မက်မက်ခဲ့ပါလိမ့်နော် ကြည့်ရတာ ငါက အောက်ပုဂ္ဂိုလ်အဖြစ် မွေးဖွားလာတာများလား ထားလိုက်ပါ ပြောရရင် အောက်ထပ်ဖြစ်ရတာလည်း ကောင်းပါတယ်လေ အေးအေးဆေးဆေး လှဲနေလိုက်ရုံပဲ အပေါ်ထပ်တွေဆို ကိုယ့်ပါတနာရဲ့ ခြေထောက်ကိုလည်း မ ရဦးမယ် ပြီးမှ သွင်းဖို့ထည့်ဖို့တွေ လုပ်ရမှာ အရမ်းကို ပင်ပန်းမှာ သေချာတယ် ..." 


ဆိုဖာပေါ်မှ မတ်တပ်ထရပ်ကာစ ကျိမြန်မှာ နောက်တစ်ကြိမ် ပြန်လှဲချကာ ထိန်းမနိုင် သိမ်းမရ ရယ်မောလိုက်ရပြန်တော့သည်။ 


ထိုအခါမှ ရှောင်ကျားရှုလည်း သူ့လုပ်ရပ်ကို ပြန်မှတ်မိသွားကာ ကျိမြန်ကို ခုန်အုပ်လျက် အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ 


"ဘာရယ်နေတာလဲ ရုပ်ရှင်ရိုက်နေတာနော် တည်တည်တံ့တံ့လေး နေလေ ..." 


"အိုကေ အိုကေ ကိုယ် တည်တည်တံ့တံ့လေး နေပါ့မယ် ..." 


ကျိမြန်က သူ့ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။ ပြည့်လျှံနေသည့် ရယ်လိုစိတ်တို့ကို ထိန်းချုပ်နိုင်ရန်မှာ များစွာ မလွယ်ကူလှ။  


ဘယ်လိုဖြစ်ပြီးတော့များ ဒီလို သက်ရှိရတနာတုံးလေးနဲ့ ချစ်ကြိုက်မိသွားပါလိမ့်နော် သွားပါပြီ ဒီဘဝတော့ ရယ်ရင်းနဲ့ပဲ သေရတော့မယ်ထင်တယ် ... 


"မင်းတို့နှစ်ယောက် ပြဿနာ မရှာနဲ့နော် မီးတွေ အစမပျိုးမိအောင် ဂရုစိုက်နေ ..." 


ကျောက်ချွမ်က သူတို့နှစ်ယောက်ကို ချက်ခြင်း လူခွဲကာ အလောတကြီး ပြောလိုက်သည်။ 


"ဒီနေ့ ရိုက်ကူးရေးက အကုန်လုံးကို ချောချောမွေ့မွေ့ပဲ မင်းတို့တွေ အဆင်ပြေသေးရင် နောက်ထပ်ကျန်နေတဲ့အခန်း နည်းနည်းလောက်ကိုပါ သွက်သွက်လေး ရိုက်လိုက်ကြရအောင် စောစောက ဘယ်သူလဲ အလုပ်မြန်မြန်ပြီးပြီးတော့ အိမ်စောစောပြန်ချင်တယ်လို့ ပြောလိုက်တာ ..." 


ရှောင်ကျားရှုက ကျိမြန်ဗိုက်ပေါ်မှ အမြန်ထကာ အနီးကပ်ရိုက်ချက်အချို့ ရိုက်ကူးပြီးနောက် သူ့အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်လျက် အခန်းထဲမှ ဟန်ပါပါ ထွက်လာကာ သက်တော်စောင့်နှစ်ဦးကို ရှင်းပြလိုက်သည်။ 


"ဟန်နီ့ကို သွားမနှောင့်ယှက်နဲ့ ခဏလောက် အိပ်ခိုင်းထားလိုက်ဦး အိုး ဟုတ်သားပဲ သူ့တင်ပါးက တော်တော်လေး နာနေမှာ သူ့အတွက် လိမ်းဆေး သွားဝယ်ပေးထားလိုက်ဦး မာယင်းလုံ ဆေးဝါးလုပ်ငန်း ဆိုတာကိုရော ကြားဖူးလား အဲဒါက တရုတ်ပြည်က ထုတ်တဲ့ နတ်ဆေးလေ တစ်ခေါက်တည်း လိမ်းလိုက်ရုံနဲ့တင် ထိရောက်မှုရှိတယ် တင်ပါးကို အေးမြလန်းဆန်းနေစေလိမ့်မယ် ဟုတ်ပြီလား ဘိုင့်ဘိုင် ..." 


သက်တော်စောင့်နှစ်ဦးက သူ့ကို ကြောက်ရွံ့ရိုသေစွာဖြင့် လိုက်ပို့လိုက်ပြီးကာမှ အနီးဆုံး ဆေးဆိုင်သို့သွားကာ မာယင်းလုံ လိပ်ခေါင်းလိမ်းဆေး တစ်သေတ္တာကို ဝယ်လာခဲ့လိုက်ကြသည်။ သူတို့၏ သူဌေး မျက်နှာပျက်ရမည်ကို စိုးရိမ်စိတ်ကြောင့် မည်သူ့ကိုမှလည်း မပြောရဲ။ တိတ်တဆိတ်သာ ရေငုံနှုတ်ပိတ်နေခဲ့ရသည်။ 


ဤသို့ဖြင့် ရှောင်ကျားရှုသည် သူရိုက်ကူးရမည့် အခန်းအားလုံးကို NG တစ်ခုမှ မပါရှိဘဲ အောင်မြင်စွာ သရုပ်ဆောင်နိုင်ခဲ့တော့၏။



"အိုကေ နောက်ဆုံးတစ်ခန်းပဲ ကျန်တော့တယ် အားလုံးပဲ အားတင်းထားကြပါ ..." 


ကျောက်ချွမ်က နာရီကိုကြည့်ကာ ပြောလိုက်သည်။ 


"အခုမှ ၂ နာရီခွဲပဲ ရှိသေးတယ်လား ညလုံးပေါက်မယ်လို့တောင် ထင်ထားတာကို ကျိကော အဆင်သင့်ဖြစ်ပြီလား ..." 


ဝတ်စုံသစ်တစ်စုံ လဲလိုက်ရသော ကျိမြန်က ခေါင်းငြိမ့်လျက် ပြောလိုက်သည်။ 


"အဆင်သင့်ဖြစ်ပြီ ..." 


တစ်နေ့လုံး မရေမတွက်နိုင်လောက်အောင် ရယ်မောခဲ့ရသည့်အတွက် ခံစားချက်တို့ အနည်ကျစေရန် ပုံမှန်ထက် အချိန်ပိုယူလိုက်ရတော့သည်။ 


"အက်ရှင် ..." 


ကျောက်ချွမ်၏ စကားသံအဆုံးတွင် ကျိမြန်၏ အမူအယာမှာ ရုတ်ချည်း အေးစက်တင်းမာသွားတော့သည်။ ပင်မထိုင်ခုံတွင် ခြေထောက်တို့ကို ဖြန့်ကားလျက် ရွှေရောင်ဓားတစ်ချောင်းကိုင်ကာ ထိုင်နေလိုက်သည်။  သူ့ရှေ့ရှိ စားပွဲပေါ်တွင် မာယင်းလုံ လိမ်းဆေးဘူးများ တင်ထားပြီး သက်တော်စောင့်နှစ်ယောက်က ချွေးသီးချွေးပေါက်ကျလျက် ဒူးထောက်ကာ ထိုင်နေလိုက်ကြ‌သည်။ 


"ဘယ်သူလဲ ရှာခဲ့ ..." 


အတော်ကြာ တိတ်ဆိ‌တ်နေပြီးနောက် ပစ္စတိုကိုထုတ်ကာ ‌လိမ်းဆေးဘူးအား သုံးချက်ဆက်တိုက် ပစ်ခတ်လိုက်၏။ သွေးကြောပြာတို့ ထောင်ထွက်နေသည့် နား‌ထင်နှင့် တင်းမာနေသော မေးရိုးတို့မှာ အမျက်ဒေါသ၏ ပြယုဂ်အလားပင်။ သေနတ်ကို စားပွဲပေါ် ပစ်တင်ကာ နှုတ်ခမ်းပါးတစ်စုံကို လက်နှစ်ဖက်ဖြင့် ဖိလျက် မျက်နှာအောက်ခြမ်းကို ဖုံးကွယ်လိုက်သည်။ အေးစက်တင်းမာသည့် အကြည့်အားလုံး ပျောက်ကွယ်ကာ မျက်ဝန်းအောက်ခြေမှ အပြုံးရိပ်တစ်ခု ဖျတ်ခနဲ ထွက်ပေါ်လာသော်ငြား အလျင်အမြန်ပင် ပြန်လည်ပျောက်ကွယ်သွားတော့သည်။ 


သူ့ပုံစံမှာ ဒေါသထွက်နေခြင်းနှင့် မတူ၊ အနည်းငယ် စိတ်လှုပ်ရှားနေသည်နှင့်ပင် ပို၍ တူနေပေသေးသည်။ 


ဒီလိုမျိုး သူများနဲ့ မတူတဲ့ ပြဿနာကောင် လှလှလေး

ကို သူ့ဘေးနား သေချာပေါက် ခေါ်ထားရမယ် ပြီးရင် လိပ်ခေါင်းလိမ်းဆေး ကားတစ်စီးစာ ဝယ်ပေးပြီး တစ်သက်လုံး ဖြည်းဖြည်းချင်း လိမ်းနေရအောင် လုပ်ရမယ် ...




Xxxxx