အပိုင်း ၁၄၆
Viewers 44k

Chapter 146







ကင်မရာက သူ၏ နက်မှောင်နက်ရှိုင်းကာ စိတ်ခံစားချက်တို့ ‌ပြောင်းလဲသွားသည့် မျက်ဝန်းကို ဆယ်စက္ကန့်ခန့် အနီးကပ် ရိုက်ပြပြီးနောက်တွင်‌တော့ ဤရိုက်ကူးချက် အပြီးသတ်နိုင်သွားတော့သည်။ 


ဒီနှစ်ယောက်ကတော့ တကယ်ကို ... သူတို့ ရိုက်သမျှ ရိုက်ချက်တိုင်းက ပြီးပြည့်စုံလု နီးပါးပဲ အချစ်ရဆုံးသူက ဘေးမှာ ကြည့်နေလို့များလား ... 


ကျောက်ချွမ်က အံ့ဩလေးစားမှုအပြည့်ဖြင့် လက်ခုပ်တီးကာ ပြောလိုက်သည်။ 


"နောက်ဆုံးအကြည့်က မိုက်လိုက်တာ ကျိကော ကောက "လူကြမ်းကြီးရဲ့ နူးညံ့တဲ့ ခံစားချက်များ" ဆိုတာကို အပီအပြင်ကို သရုပ်ဖော်သွားနိုင်တာပဲ အိုကေ ဒီနေ့အတွက်တော့ ဒီလောက်ပဲ အားလုံးပဲ ရိုက်ကူးရေး ပြီးသွားပါပြီ ..." 


"YES ..." 


အားလုံး အားရဝမ်းသာ အော်ဟစ်လိုက်ကြသော်ငြား ရှောင်ကျားရှုကမူ တိတ်တိတ်လေး ခိုးထွက်ကာ လိမ်းဆေးဘူးအချို့ကို ကောက်ယူလာလိုက်သည်။ 


ဒီဆေးက တကယ် အလုပ်ဖြစ်တယ်တဲ့ ဒါကြောင့် ပြင်ဆင်ထားရမယ်လေ ... 


ကျောက်ချွမ်နှင့် စကားပြောနေသော ကျိမြန်က သူ့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သော်ငြား လက်နှစ်ဖက်ကို နောက်ပစ်လျက် ခေါင်းစောင်းကာ အပြစ်ကင်းစင်သည့် အပြုံးတို့ဖြင့် ပြုံးပြနေသူကိုသာ တွေ့လိုက်ရသည့်အခါ မရယ်ဘဲပင် မနေနိုင်တော့ချေ။ 


"ရှောင်ရှု ဒီနားလာခဲ့ အိမ်ပြန်ကြရအောင် ..." 


"အိုကေ ..." 


ရှောင်ကျားရှု၏ ဘောင်းဘီအိတ်ကပ်တစ်ခုလုံး လိမ်းဆေးဘူးများဖြင့် ပြည့်နှက်နေရာ ကျိကော သတိထားမိသွားမည်ကို စိုးရိမ်ရ‌ပေသည်။ ဆေးဘူးများကို ကျောပိုးအိတ်ထဲ ပြောင်းထည့်ချင်သေးသည့်အတွက် လက်ကိုယမ်းလျက် ပြောလိုက်သည်။ 


"ကျိကော ကားနားကို သွားနှင့်နော် ကျွန်တော် သန့်စင်ခန်း သွားလိုက်ဦးမယ် ..." 


"သွက်သွက်လေးသွား ကိုယ် အပြင်ကစောင့်မယ် ..." 


သူ့မျက်လုံးထောင့်စွန်းနှင့် နှုတ်ခမ်းတို့ကို အသာအယာ ပွတ်သပ်လိုက်သည့် ကျိမြန်၏ အမူအယာမှာ အနည်းငယ် ထူးဆန်းနေသယောင်။ 


ကျောက်ချွမ်က စိုးရိမ်တကြီး မေးလိုက်သည်။ 


"ညလုံးပေါက် အလုပ်လုပ်ရလို့ ပင်ပန်းနေတာလား ကောမျက်နှာက သိပ်မလန်းသလိုပဲနော် ..." 


"မဟုတ်ပါဘူး ..." 


ကျိမြန်က ထုတ်မပြောမိအောင် တင်းခံနေသေးသော်ငြား နောက်ဆုံးတွင် ထိန်းမထားနိုင်တော့။ ခေါင်းကို ယမ်းလျက် ခပ်ဖွဖွ ရယ်မောလိုက်မိတော့သည်။ 


"ရှောင်ရှုနဲ့သာဆို အရမ်းကြီး အိုမင်းလာမှာကို ကြောက်နေလို့ ..." 


"ဘာကြီး ငါ့အထင်တော့ မင်းတို့နှစ်ယောက်က အဆင်ပြေပါတယ် ..." 


ကျောက်ချွမ်၏ မျက်နှာထား ချက်ခြင်း ပြောင်းလဲသွားတော့သည်။ 


"ဘာလို့လဲဆို သူ့ကို မြင်လိုက်ရင်ကို ရယ်ချင်နေလို့လေ ထိန်းလို့လည်း မရဘူး မင်းလည်း သိပါတယ် ရယ်တာများလာရင် အရေးအကြောင်းတွေ ထွက်လာတတ်တယ်လေ ရှောင်ရှုက ငါ့ကို မ‌ကြိုက်တော့မှာ ကြောက်လို့ ..." 


သူ့လေသံက စိုးရိမ်ရိပ်တို့ ရစ်သိုင်းနေသည့်တိုင် အမူအယာမှာမူ အလွန်ကျေနပ်နေဟန်ပင်။ 


ကြည့်ရတာ မူးနေပြီများလား ... 


ကျောက်ချွမ်က အတော်ကြာ ငြိမ်ကျသွားပြီးကာမှ ကျိန်ဆဲလိုက်သည်။ 


"ဖာ့ခ် မင်းကို ယုံမိတော့မလို့ မင်းနဲ့ ရှောင်ကျားရှု တစ်ခုခု ဖြစ်နေတာလားလို့တောင် တွေးလိုက်မိတာကို ..." 


ဒါပေမယ့် တကယ်တမ်းတော့ မျက်နှာဖြတ်ရိုက်မယ့် နောက်ထပ် အေးစက်စက် ခွေးစာတစ်ပန်းကန် ဖြစ်နေတာကိုး ...


ကျိမြန်က ကားသော့ကို လက်ညှိုးဖြင့် ဝှေ့ယမ်းလျက် ကျယ်ကျယ်လောင်လောင် ရယ်မောရင်း ထွက်လာခဲ့လိုက်တော့သည်။ 


လိမ်းဆေးဘူးအချို့ကို ကျောပိုးအိတ်ထဲ ထည့်ပြီးမှသာ ရှောင်ကျားရှုလည်း စိတ်အေးလက်အေးဖြင့် ပြန်ထွက်လာနိုင်တော့သည်။ 


ကျိမြန်က အလင်းရောင် ဖျော့ဖျော့သာ ထွန်းထားသည့် နောက်ဖေးလမ်းကြားထဲတွင် ရပ်လျက် မြောက်များစွာသော လူစိမ်းများဖြင့် စကားပြောနေသည်။ ထိုသူများမှာ အရှေ့တိုင်းသား မျက်နှာပေါက်နှင့် အလွန်ကြင်နာတတ်ဟန် ရှိသော်ငြား ဦးခေါင်းထက်ရှိ လမ်းမီးတိုင်ကြောင့် ခန္ဓာကိုယ်အနှံ့ ရေးဆွဲထားသော တက်တူးများကို အတိုင်းသား တွေ့နေရပေသည်။ ထိုတက်တူးတို့မှာ အမှန်တကယ် ထိုးထားသည်များ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သော်ငြား ၎င်းကပင်လျှင် သာမန်သူများကို ခြောက်လှန့်ရန် လုံလောက်သည်ထက် ပိုလွန်နေပေသည်။ ခါးအနောက်ဘက် တစ်နေရာတွင် ဖောင်းပွနေပြီး ပုံစံကို အကဲခတ်ရပါလျှင် ပစ္စတိုတစ်လက် ခါးကြားထိုးထားဟန်ပင်။



သူတို့က တကယ့် ဂိုဏ်းစတား အစစ်ကြီးတွေလား ... 


ရှောင်ကျားရှု၏ စိတ်တစ်ခုလုံး ဗလာဖြစ်သွားကာ မည်သည်ကိုမှ မတွေးနိုင်တော့။ ကျိကောမှာ အန္တရာယ်နှင့် ကြုံနေကာ တစ်နေရာသို့ ဆွဲခေါ်သွားခံရနိုင်သည်ဟူသည့် အတွေးကသာ စိုးမိုးသွားတော့သည်။ ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်အကဲခတ်လိုက်ပြီးနောက် ဘားရှေ့တွင် ဝိုင်းဖွဲ့ကာ စကားပြောနေကြသော ဆိုင်ကယ်စီးသူအုပ်စု တစ်စုကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ပိုက်ဆံအထပ်လိုက်ကိုင်ကာ ထိုသူတို့အနားသို့ လျှောက်လာလိုက်သည်။ အကြိမ်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းပြီး တန်ဖိုးကို ဆက်တိုက် တိုးမြှင့်ပေးသည့်အပြင် သူ့လက်တွင် ဝတ်ထားသော နာရီကိုပါ ချွတ်ပေးလိုက်ပြီးကာမှ ထိုသူတို့ထံမှ မော်တော်ဆိုင်ကယ်တစ်စီး ရလာတော့၏။ ထို့နောက် ကျိမြန် ရပ်နေသည့် လမ်းကြားရှိရာသို့ တစ်ဟုန်ထိုး မောင်းထွက်လာလိုက်တော့၏။ 


လမ်းကြားမှာ အလွန်ကျဉ်းမြောင်းကာ Harley မော်တော်ဆိုင်ကယ်မှာ အလွန်ကြီးမားလှသည့်အတွက် တရုတ်ဂိုဏ်းသားအားလုံး ဆဲရေးလျက် ကျိမြန်ဘေးနားမှ ထွက်သွားကြရတော့သည်။ 


ကျိမြန်က အလွန်အမင်း သတိကပ်ထားဟန် အနေအထားဖြင့် နံရံကို ကပ်လျက် ရပ်နေလိုက်သည်။ ဆိုင်ကယ်မောင်းနှင်သူ နောက်တစ်ယောက် သူ့အနား ရောက်လာပြန်ကာ ရှေ့တည့်တည့်တွင် စက်ကို ရပ်လျက် ဦးထုပ်ဆောင်းထားသူက နောက်ခုံသို့ ဆင်းပေးရင်း အလောတကြီး ပြောလိုက်သည်။ 


"ကျိကော ကောပဲ မောင်းလိုက် ဒီကနေ ထွက်သွားကြရအောင် ..." 


ရှောင်ရှုလား ... 


ကျိမြန်က တွေးပင် မတွေးတော့ဘဲ သူ့ချစ်သူ၏ ညွှန်ကြားချက်အတိုင်း လိုက်နာကာ မော်တော်ဆိုင်ကယ်ကို စီးလျက် လမ်းကြားထဲမှ မောင်းထွက်လာလိုက်သည်။ 


ရှောင်ကျားရှုက နောက်သို့သာ လည်ပြန်ငေးကြည့်နေကာ ထိုဂိုဏ်းသားတို့ လိုက်မလာကြောင်း တွေ့လိုက်ရကာမှ စိတ်သက်သာရာ ရသွားတော့သည်။ 


တော်‌သေးတာပေါ့ သေနတ်နဲ့ မပစ်ကြလို့ မဟုတ်ရင် သံပြားက ကျည်ဆန်ကို ကာနိုင်ပါ့မလား မသေချာဘူး ‌ဒါပေမယ့် ကျိကော‌ ဘေးကင်းနေရင် ကျန်တာက သိပ်ကိစ္စမရှိပါဘူး ... 


ထိုအတွေးနှင့်အတူ လမ်းဘေးတစ်နေရာမှ ကောက်လာကာ ဂျာကင်ထဲ ထည့်ထားသော သံပြားကို တိတ်‌တိတ်လေး ထိကြည့်လိုက်မိတော့သည်။ 


ဒီဒေသရဲ့ မြေမျက်နှာသွင်ပြင် အနေအထားက ရှုပ်ထွေးတဲ့အပြင် လမ်းတွေကလည်း ပင့်ကူမျှင်တွေအတိုင်းပဲ ထွက်ပြေးမယ်ဆို ကားက ဆိုင်ကယ်လိုတော့ အဆင်ပြေမှာ မဟုတ်ဘူး ဒါပေမယ့် ဆိုင်ကယ်က ကျည်ဆံကို မကာပေးနိုင်တဲ့အပြင် ကျိကောကလည်း ဘာအကာအကွယ်မှ မပါလာတော့ သူ့ကို ရှေ့ကနေ ထိုင်ခိုင်းရုံပဲ ရှိတော့တာပေါ့ ... 


"ကျိကော ဒီအတိုင်းပဲ ဆက်သွားလိုက်ကြရအောင် ကားကိုတော့ မနက်မှပဲ ပြန်လာယူကြတာပေါ့ ..." 


သူ့စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ကျိမြန်က ဆိုင်ကယ်ကို ချက်ခြင်းရပ်ကာ အမှောင်ကျနေသည့် လမ်းကြားထဲသို့ ဆွဲခေါ်၍ ဦးထုပ်ကိုချွတ်၊ နောက်ကျောထဲ ထည့်ထားသည့် သံပြားကို ထုတ်ပြီး အံတင်းတင်းကြိတ်လျက် မေးလိုက်သည်။ 


"အခု ဘာလုပ်လိုက်တာလဲ ကိုယ့်ကို ခြိမ်းခြောက်ခံနေရတယ်လို့ ထင်ပြီး ကယ်ဖို့ ရောက်လာတာလား တစ်ခုပဲ ပြောလိုက်မယ် ဒီလို သံပြားလေးလောက်နဲ့ ကျည်ဆန်ကို တားနိုင်မယ်များ ထင်နေလား ခန္ဓာကိုယ်တစ်ခုလုံး ဇကာပေါက်လိုတောင် ဖြစ်သွားနိုင်တယ်ကွ နားလည်လား ..." 


"ဒါပေမယ့် သူတို့က ပစ်မှ မပစ်ခဲ့တာကို ..." 


ရှောင်ကျားရှုက စိုးရိမ်တကြီး မော့ကြည့်လိုက်သော်ငြား မှောင်ရိပ်ကျနေသည့်အတွက် ကျိမြန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရ။ လောင်ကျွမ်းနေသည့် အကြည့်တို့ကိုသာ သတိထားမိလိုက်သည်။ ပြင်းထန်လှသည့် အမျက်ဒေါသက မျက်ဝန်းများတိုင်အောင် ပေါက်ကွဲထွက်လာသည့်နှယ်ပင်။ သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် လက်အစုံမှာလည်း ပြုတ်တူများနှယ် အားကြီးလွန်း၍ သိသိသာသာ နာကျင်လာရတော့သည်။ 


"သူတို့က သေနတ်နဲ့ မပစ်ပါဘူးလို့ အာမခံနိုင်လား မင်းက ကံကိုယုံပြီး ဆူးပုံနင်းချင်နေတာ ကံဆိုတာက မယုံကြည်ရဆုံးအရာဆိုတာ သိရဲ့လား ရှောင်ရှု ကိုယ့်စကားကို နားထောင် မင်း ကိုယ့်ကို ကယ်မှာမျိုး မလိုအပ်ဘူး တကယ်လို့ ဒီလိုအခြေအနေမျိုး ထပ်ကြုံလာခဲ့ရင် အတတ်နိုင်ဆုံး အဝေးကြီးရောက်အောင်သာ ပြေး နားလည်လား ..." 


ကြောက်ရွံ့စိတ်၏ တိုက်စားမှုကြောင့် ကျိမြန်၏ နှလုံးသားတစ်ခုလုံး မောဟိုက်လာရတော့သည်။ ဒေါသထွက်နေခြင်း မဟုတ်ဘဲ အလွန်အမင်း ဆောက်တည်ရာမရ ဖြစ်နေကာ သူ့ဘဝတစ်လျှောက်လုံး ဤမျှအထိ မကြောက်ရွံ့ခဲ့ဖူးချေ။ 


ရှောင်ကျားရှုက တုန့်ဆိုင်းနေပြီး အချိန်အတော်ကြာသည်အထိ ပြန်မဖြေတော့။ 


ကျိမြန်က သူ့အနား တိုးလာကာ တင်းမာခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။ 


"မလုပ်နိုင်ရင် လမ်းခွဲကြတာပေါ့ ..." 


အန္တရာယ်နှင့် ကြုံတွေ့လာရသည့်အခါ သူ သေသွားသည့်တိုင် ရှောင်ကျားရှုကတော့ မုချ ဘေးကင်းရပေလိမ့်မည်။ ရှောင်ကျားရှုကို ကာကွယ်လိုသည့် ဆန္ဒတို့မှာ ယခင်အချိန်များထက် ပိုမိုသန်မာလာတော့၏။  


"လမ်းခွဲမည်" ဟူသည့် စကားတို့ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှု၏ မျက်လုံးတို့ ချက်ခြင်း စိုစွတ်လာကာ အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်တော့သည်။


"ကတိပေးတယ် ကတိပေးပါတယ် ကျိကော ကျွန်တော်နဲ့ လမ်းမခွဲပါနဲ့ ..."


အလားတူ အခြေအနေမျိုး ထပ်ကြုံလာပါလျှင်လည်း ယနေ့ကဲ့သို့ပင် ကျိကောအား ကယ်ဆယ်ဦးမည်ဟု ဆုံးဖြတ်ထားကြောင်းကိုတော့ သူ့အား အသိပေးနေမည် မဟုတ်ချေ။ ကျိကောက ဘာကြောင့် သူ့ထံမှ အတင်းအကြပ် ကတိတောင်းရကြောင်း နားလည်သည့်တိုင် ကျိကော သူ့ကို ကာကွယ်ချင်သကဲ့သို့ သူသည်လည်း ထပ်တူထပ်မျှ ကာကွယ်ပေးလိုပေသည်။ 


သူတို့က လက်တွဲဖော်တွေလေ လက်တွဲဖော်ဆိုတာ လျှာနဲ့သွားလို နှစ်လွှာပေါင်းမှ တစ်ရွက် တစ်ယောက်မရှိရင် မနေနိုင်ကြတဲ့သူတွေကိုမှ ခေါ်တာလေ ကျိကောကို အကုန်လုံး ကတိပေးနိုင်တယ် ဒီတစ်ခုက လွဲရင် ပျော်ရွှင်မှုတွေ ၊ အောင်မြင်ခြင်းတွေကို ကျိကောနဲ့ မျှဝေချင်သလို အန္တရာယ်တွေကိုလည်း အတူတူပဲ ရင်ဆိုင်ချင်တယ် ဒါကမှ ထိမ်းမြားခြင်းရဲ့ တကယ့် အနှစ်သာရအစစ် သူတို့ရဲ့ ဆက်ဆံရေးမှာ တရားဝင် ထိမ်းမြားကတိစာချုပ်တွေဘာတွေ မရှိသေးဘူး မိဘဆွေမျိုးအသိုင်းအဝိုင်းကိုလည်း အသိမပေးရသေးဘူး ဆိုပေမယ့် သူ့အတွက် ကျိကောက ချစ်သူ ပြီးတော့ မိသားစုဝင်တစ်ယောက်ပဲ ... 


လိမ်နေမှန်း မသိသာစေရန် အလို့ငှာ မျက်လုံးနှစ်ဖက်ကို အစွမ်းကုန် ပြူးကျယ်ထားလိုက်သည်။ 


ကျိမြန်၏ ကမောက်ကမဖြစ်နေသော အသက်ရှူသံတို့ ပြန်လည်တည်ငြိမ်လာကာ သူ့ချစ်သူကောင်လေးကို အဓိပ္ပါယ်ဖော်ရခက်သည့် အကြည့်တို့ဖြင့် ငေးကြည့်နေလိုက်သည်။ လှိုင်းလုံးသဖွယ် တလိမ့်လိမ့်တက်လာသော ပူပန်ဒေါသတို့ကိုလည်း ‌ပူပြင်းတောက်လောင်သည့် အချစ်တို့က အစားထိုးဝင်ရောက်လာတော့၏။ သူ့ပါးနှစ်ဖက်ကို လက်ဖြင့် ဖိညှစ်လျက် ခံတွင်းတစ်ခုလုံး မွှေနောက်ကာ နမ်းရှိုက်လိုက်ပြီး နောက်ပြန်ဆုတ်ခွင့်လည်း မပေး။ ခေါင်းကို တင်းတင်းကြပ်ကြပ် ဖိကိုင်ထားလျက် အနမ်းတို့ကို ဆက်လက်နမ်းရှိုက်စေလိုက်သည်။ သူ့ချစ်သူလေး အသက်ရှူကြပ်နေပြီဖြစ်ကြောင်း ခံစားမိလိုက်သည့်အခါ ခေါင်းကိုစောင်းလျက် ရှုထောင့်တစ်ခုပြောင်းကာ ပြန်လည်နမ်းရှိုက်လိုက်ပြန်သည်။ အဆက်မပြတ် ရွေ့လျားနေသည့် နှုတ်ခမ်းနှင့် လျာတို့မှာ ရှောင်ကျားရှု၏ ငြီးသံမှအစ ပင့်သက်ရှိုက်သံအပါအဝင် ယိုဖိတ်နေသည့် ချစ်ခင်စိတ်တို့ကိုပါ အားလုံး ဝါးမျိုစားသောက်လိုသည့်ဟန်ပင်။ 


သူ ထုတ်မပြောနိုင်ခဲ့သည့် ခံစားချက်အားလုံးကိူ ထိုအနမ်းမှတစ်ဆင့် လွှဲပြောင်းပေးလိုက်၏။ 


ရှောင်ရှုရဲ့ အချစ်ကို ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ဘယ်သူကမှ သူ့ကို ရှောင်ရှုလောက် နှစ်နှစ်ကာကာ ချစ်မပေးခဲ့ဖူးဘူး သူ့အတွက်နဲ့ ပိုင်ဆိုင်သမျှတိုင်းကို ပေးဆပ်ဖို့တောင် စိတ်ကူးထားတာ အနာဂတ်မှာ သူနဲ့ရှောင်ရှု နှစ်ယောက်စလုံး အန္တရာယ်ကင်းမှရမယ် ဘယ်သူမှ အန္တရာယ်များတဲ့ နေရာကို ခြေချခွင့် မရှိသလို ဘယ်သူကမှလည်း အရင်ဆုံး လမ်းခွဲသွားလို့ မရဘူး ... 


ပြင်းရှလှသည့် အနမ်းမှာ အလွန်ကြာညောင်းလှသည့်အတွက် ရှောင်ကျားရှု၏ နှုတ်ခမ်းတို့ပင် ‌ယောင်ယမ်းလာတော့သည်။ ခြေလက်တို့ ပျော့ခွေကာ ကျိမြန်ကိုသာ အားနည်းဖျော့တော့စွာဖြင့် ဖက်တွယ်ထားလိုက်ရတော့၏။ 


"ပြန်ကြရအောင် ..." 


သူက ရှောင်ကျားရှုကို ဦးထုပ်ပြန်ဆောင်းပေးရင်း အလေးအနက် ပြောလိုက်သည်။ 


"ရှေ့လျှောက် ကိုယ်လည်း အန္တရာယ်များတာတွေနဲ့ ဝေးဝေးမှာနေမယ် မင်းလည်း ဒီလိုပဲ နေရမယ် သဘောတူရဲ့လား ..." 


ရှောင်ကျားရှုက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ 


"ဟုတ်ကဲ့ ..." 


ကျိမြန်က စကားပြောခြင်းကို ရပ်ကာ ဟော်တယ်သို့ အမြန်ဆုံး ပြန်လာခဲ့လိုက်တော့သည်။ အခန်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုကို တံခါးရွက်တွင် ကပ်ကာ နမ်းရှိုက်ရင်း ဘောင်းဘီခါးပတ်ကို ဆွဲဖြုတ်ပေးလိုက်တော့သည်။ 


အနမ်းအောက် နစ်မြောနေသော ရှောင်ကျားရှုမှာ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အဝတ်ဗလာဖြစ်ကာ အေးသွားမှသာ သတိပြန်ဝင်လာတော့သည်။ 


အိုး မဟုတ်သေးဘူး ငါဝယ်လာတဲ့ ကွန်ဒုံးရယ်၊ ချောဆီရယ် ပြီးတော့ ရိုက်ကွင်းကနေ ယူလာတဲ့ လိမ်းဆေးဘူးရယ် အကုန်လုံးက ကားထဲမှာပဲ ရှိသေးတယ်လေ တစ်ခုမှ ပြန်မယူရသေးဘူးလို့ ... 


ကျိမြန်က နမ်းနေရာမှ တစ်ခဏရပ်ကာ ငုတ်တုပ်ထိုင်ချလျက် ကြမ်းရှနေသည့် အသံဖြင့် ပြောလိုက်သည်။ 


"ဘာမှ မစဉ်းစားဘဲ ခံစားကြည့်လိုက် ..." 


သူ့ချစ်သူလေး၏ ဘောင်းဘီကို ဆွဲချွတ်ကာ နူးညံ့ပြီး ချစ်စဖွယ်ကောင်းလှသည့် ပစ္စည်းလေးကို လက်ဖြင့် အသာတောက်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အဆုံးမရှိနိုင်လောက်သည့် စိတ်ရှည်သည်းခံမှုတို့နှင့်အတူ အနူးညံ့ဆုံး ဆုပ်ကိုင်လှုပ်ရှားပေးလိုက်သည်။ ရှောင်ကျားရှုမှာမူ ထိပ်ဖျားသို့ လာရောက်ရိုက်ခတ်နေသော လေငွေ့နွေးနွေးကိုသာ ခံစားနေရကာ အတွေးတစ်ခုလုံးကို ခံစားချက်တစ်ခုတည်းက သိမ်းပိုက်သွားတော့၏။ 


"သေလောက်အောင်ကို ကောင်းတယ် "



ကျိမြန်၏ ဆံပင်ကို ထိတွေ့မိသွားကာ ပွတ်တိုက်မှုကြောင့် ပိုမို သာယာလိုလာသည့်အတွက် ဆံပင်ကို အသာအယာ ဆုပ်ကိုင်လိုက်မိတော့သည်။ ကျိမြန်က ခံတွင်းကို တင်းကြပ်စေလျက် ပိုမိုငုံထွေးလိုက်လျှင် ရှေ့ပြေးအ

ရည်ကြည်တစ်ချို့ စိမ့်ထွက်လာတော့၏။ အနည်းငယ် ငန်ကာ ညှီစို့စို့ ဖြစ်နေသော်ငြား ရွံရှာစိတ် အလျဉ်းမရှိ၊ ပို၍ပင် ပြင်းပြင်းထန်ထန် စုပ်ယူမိလိုက်တော့သည်။



Xxxxx