အပိုင်း ၁၄၈
Viewers 44k

Chapter 148





နောက်တစ်နေ့မနက် နိုးလာသည့်အခါ ရှောင်ကျားရှုက ပွေ့ဖက်နမ်းရှိုက်မှုတစ်ခုကို စောင့်မျှော်နေသော်ငြား လွတ်နေသည့် အိပ်ယာကိုသာ တွေ့လိုက်ရတော့သည်။ ကျိမြန်မှာ အစောကြီးကတည်းက အိပ်ယာမှ ထသွားဟန်ပင်။ သူ့နေရာတစ်ခုလုံး အေးစက်နေတော့သည်။ ကမန်းကတမ်း အိပ်ယာမှ ထထိုင်လိုက်သည့်အခါ အိပ်ယာအစွန်းတွင် ဆေးလိပ်တစ်လိပ် လက်ကြားညှပ်လျက် သုန်မှုန်နေသော အမူအယာဖြင့် သူ့ခြေကျင်းဝတ်ကို ကိုင်ကြည့်နေသည့် ကျိမြန်အား တွေ့လိုက်ရတော့သည်။ 


"ခြေသည်းတွေအကုန် ပြန်ပေါက်လာပြီပဲ " 


ဤသို့ ထုတ်မပြောလိုက်သည့်တိုင် ရှောင်ကျားရှုမှာမူ သူ့အပြုအမူတို့က မည်သည့်အဓိပ္ပါယ်ကို ဆိုလိုနေကြောင်း ချက်ခြင်း သဘောပေါက်လိုက်ပေသည်။ 


"အကုန် ပြန်ထွက်နေပါပြီ သာမန်သူတွေရဲ့ ခြေသည်းတွေ အတိုင်းပဲလေ ကြည့်ပါလား ..." 


ကျိမြန်မှာ စိတ်အခြေအနေ မကောင်းသေးသည့်တိုင် မကောင်းခဲ့သည့် အတိတ်များကို ထပ်မံတူးဆွလိုဟန်မတူ။ ရှောင်ကျားရှု၏ ခြေထောက်ကို အသာမ ကာ ခေါင်းငုံ့လျက် ပန်းရောင်သမ်းကာ ညီညာလှသော ခြေသည်းတို့ကို နွေးထွေးလှသည့် လျာဖျားထိပ်ဖြင့် အသာအယာ လျက်လိုက်တော့သည်။ 


ဒီနေ့ ဒီအချိန်ကနေ စပြီးတော့ သူ့ကို ကောင်းကောင်း ကာကွယ်ပေးသွားတော့မယ် ... 


ယားယံမှုကို ခံစားလိုက်ရသည့် ရှောင်ကျားရှုက ခြေချောင်းများကို ချက်ခြင်း ဆွဲထုတ်လိုက်ပြီး အိပ်ယာပေါ် နောက်ပြန်လှဲချရင်း ရယ်မောလိုက်သည့်အတွက် ကျိမြန်၏ မျက်နှာချောချောကိုပါ တစ်ဆက်တည်း ကန်မိသွားတော့သည်။ သူက ဆတ်ခနဲ ငုံ့ကိုင်းကာ ရှောင်ကျားရှု၏ နှုတ်ခမ်းနှစ်လွှာအား အဆုံးအဆမဲ့သော ကြင်နာမှုတို့ဖြင့် ငုံထွေးလျက် ဆံပင်များကိုလည်း အသာအယာ ထိုးဖွပေးလိုက်သည်။ ဂရုတစိုက် ပြုမူနေဟန်မှာ ကိုယ်ပိုင် ရတနာတုံးကို ထိန်းသိမ်းစောင့်ရှောက်နေသည့် အလားပင်။ 


ရှောင်ကျားရှု၏ ရယ်လိုစိတ်အားလုံး လည်ချောင်းထဲတွင် ပိတ်မိကာ ကြည်လင်နေသော မျက်ဝန်းတို့မှာလည်း ချက်ခြင်း စိုစွတ်လာတော့၏။ 


ကျိကောက ငါ့ခြေထောက်ကို နမ်းပြီး ပါးစပ်ကိုပါ လာနမ်းတယ်ဆို‌တော့ ငါက ကိုယ့်ခြေထောက်ကိုယ် ပြန်နမ်းမိသလို ဖြစ်မနေဘူးလား ထားပါ ဒါကလည်း သိပ်တော့ ကိစ္စမရှိပါဘူး ပြီးခဲ့တဲ့ညကဆို ကျိကောရဲ့ ဂျူနီယာလေးကို ပါးစပ်ထဲ ထည့်ပြီးနောက်ပိုင်း သူ့ကို နမ်းခဲ့သေးတာပဲဟာ ငါတို့က တစ်ယောက်ခန္ဓာကိုယ်ကို တစ်ယောက်က ပိုင်ဆိုင်နေပြီပဲကို ... 


စိတ်ကူးယဉ်မှုများအကြား နစ်မြောနေသော ကျိမြန်က သူ့ကို ချက်ခြင်း လွှတ်ပေးလိုက်ကာ တုန်နေအောင် ချစ်သည့်တိုင် ကူကယ်ရာမဲ့နေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်ပြီးကာမှ ခေါင်းကို အုပ်လျက် ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။ 


လေထုအခြေအနေကို ဖျက်ဆီးတဲ့သူတွေအကြောင်း ပြောရမယ်ဆို သေချာပေါက်ကို ရှောင်ကျားရှုတစ်ယောက်တည်းကိုပဲ ပြေးမြင်မိတော့မှာပဲ ... 


"ကျိကော ဘာတွေ ရယ်နေတာလဲ ..." 


သူ့ကို တွန်းလာသည့် ရှောင်ကျားရှု၏ လေသံမှာ မကျေနပ်မှုတို့ ရောစွက်နေပေသည်။ 


"မနက်ခင်းအနမ်းကောင်းတစ်ခုဆိုတာ အရမ်းကို ကြောက်စရာကောင်းလောက်အောင် ပြင်းထန်နေရမှာ မဟုတ်ဘူးလား ..." 


"တောင်းပန်ပါတယ် ကိုယ့်အမှားပါ ..." 


ကျိမြန်က ပြုံးချင်စိတ်ကို မနည်းထိန်းချုပ်လျက် ဝန်ခံလိုက်သည်။ 


"အစကနေ ပြန်စကြမလား ..." 


"ထားလိုက်ပါတော့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်တော့မယ် ..." 


ရှောင်ကျားရှုက ကိုယ်ကို တစ်ပတ်လည်ကာ ကျိမြန်အား ဖိချလျက် ခွေးပေါက်တစ်ကောင်နှယ် နှုတ်ခမ်းကို ဆက်တိုက် ကိုက်ခဲထားလိုက်တော့သည်။ ဂျူနီယာကျိမြန်နှင့် ဂျူနီယာရှောင်ကျားရှုတို့ကို အတူတူ ပူးကပ်ထားလိုက်သည့်အခါ သာယာမှုက ဆံစမှ ခြေဖျားအထိ ပျံ့နှံ့လာတော့၏။ ဤနေ့ ဤအချိန်မှစကာ ကျိမြန်နှင့်အတူ ဘဝအသစ်ကို ဖြတ်သန်းတော့မည် ဖြစ်သည်။ 


အလွယ်တကူ ရှက်သွေးဖြာတတ်သူက ယနေ့မှစကာ မျက်နှာပြောင်ပြောင်ဖြင့် နေထိုင်တော့မည်ဖြစ်သည်။ ကျိကောအနေဖြင့် သစ်ပင်ပေါက်လေး၏ မျက်နှာအရေထူနိုင်စွမ်းကို ပြန်လည်တွက်‌ဆရပေတော့မည်။ သို့သော် ဤသည်မှာလည်း ကောင်းသည့်အချက်ဟု ဆိုနိုင်ပေသည်။ ချစ်သူစုံတွဲများမှာ ဤသို့ နေထိုင်သင့်သည်။ ချစ်ခြင်းမေတ္တာနှင့် ဆန္ဒအကြောင်း ဖော်ပြရာတွင် ရှက်ရွံ့နေ၍မဖြစ်။ အစစ်မှန်ဆုံးဘက်ခြမ်းကို သံသယကင်းကင်းဖြင့် လှစ်ဟပြရမည်ဖြစ်သည်။ 


ရှောင်ကျားရှုသည် သူ့ကိုယ်သူ အပြည့်အဝ လက်ခံကာ ခံစားချက်များကိုလည်း လက်ခံတတ်သူ ဖြစ်သည့်အတွက် ဇာတ်ကောင်စရိုက်ထဲသို့ အလျင်အမြန် ဝင်ရောက်နိုင်ခြင်း ဖြစ်ပေသည်။ ကျိမြန်က ပြတင်းပေါက်အကြီးကြီး၏ရှေ့တွင် ကခုန်နေသော အဝတ်ဗလာနှင့် သူ့ချစ်သူကောင်လေးကို ငေးကြည့်ရင်း အားရဝမ်းသာ ရယ်မောမိသွားတော့သည်။ 


သူတော့ တကယ်ကို ကလေးတစ်‌ယောက် ကောက်ရလိုက်တာပဲ ... 


သွားကူတိုက်ပေး၊ မျက်နှာသုတ်ပေးရင်း ကလေးများနှယ် ဆော့ကစားနေကြသည့်အတွက် ရေချိုးခန်းထဲတွင်ပင် အချိန်အတော်ကုန်သွားရတော့သည်။ ရှောင်ကျားရှု မတ်တပ်ရပ်ကာ ဆီးသွားသည့်အခါ ကျိမြန်ကလည်း သူ့နောက်မှ ရပ်ကာ ကူညီပေးဟန်ဖြင့် တို့ဟူးအနည်းငယ် စားလိုက်သည်။ ရှောင်ကျားရှုက သူ့အပေါ် ပေါက်ချလိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည့်တိုင် နောက်ဆုံးတွင်တော့ သူ့ရင်အုံပေါ် ရယ်မောလျက် လှဲချလိုက်ခြင်းဖြင့်သာ အဆုံးသတ်သွားတော့သည်။


မနက် ခုနစ်နာရီကတည်းက နိုးနေသည့်တိုင် ရှစ်နာရီခွဲသည့်တိုင် အဝတ်အစား မလဲရသေး။ ထို့နောက် စားပွဲထိုးလာပေးသည့် မနက်စာကို စကားတပြောပြောဖြင့် စားသောက်ကာ အားလပ်ချိန်ကို Weibo ကြည့်ရင်း ကုန်ဆုံးလိုက်တော့သည်။ 


"ထူးဆန်းလိုက်တာ ဘယ်လိုဖြစ်ပြီး follower တွေ ပြန်များလာရတာလဲ ..." 


"နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ရိုက်ကွင်းမှ ထွက်လာခဲ့သည့်အတွက် ရှောင်ကျားရှုသည် မြောက်များစွာသော traffic star များ၏ အပုပ်ချခြင်းကို ခံခဲ့ရကာ အားပေးသူ အများအပြားကို ဆုံးရှုံးလိုက်ရသည်။ သို့သော် ညတွင်းချင်းပင် အားပေးသူ အရေအတွက် ပြန်လည်မြင့်တက်လာရုံသာမက ယခင်ထက်ပင် သောင်းဂဏန်းခန့် ပိုမို များပြားလာတော့သည်။ 


"မှတ်ချက်တွေ ကြည့်လိုက်ဦးမယ် ..." 


မှတ်ချက်များကို ကြည့်လိုက်သည့်အခါ ယမန်နေ့ညက သူ့အမေနှင့် ကျောက်ချွမ် ရှေ့ဆင့်နောက်ဆင့် ထွက်လာကာ ဓာတ်ပုံများနှင့်တကွ ရှင်းပြခဲ့ကြကြောင်း သိရှိ‌သွားတော့သည်။ 


ယခုမူ "ရှောင်ကျားရှု၏ မိန်းကလေးဓာတ်ပုံ" က "သံသယဝင်စရာ ကောင်းလှသည့် ကျိမြန်၏ ဆက်ဆံရေး ဖွင့်ဟမှု"  ဟူသည့် ခေါင်းစီးကို ကျော်လွန်၍ hot search ထဲ ဝင်သွားတော့၏။ နှစ်ဦးလုံးမှာ အသစ်ရိုက်ကူးနေသည့် ရုပ်ရှင်အတွက် ပရိုမိုးရှင်း ဆင်းနေခြင်းသာဖြစ်ကြောင်း သိသွားသည့်အခါ ချစ်သူကောင်မလေး ပရိသတ်များက စိတ်သက်သာရာ ရသွားကြသော်ငြား အချို့ ထူးဆန်းသည့် အတွေးပိုင်ရှင်များကမူ အမှန်တရားကို သိထားသည့်တိုင် သင်္ကာမကင်းမှုတစ်ခုကို ခံစားနေရကြောင်း ထုတ်ပြောလာကြသည်။ နှာခေါင်းသွေး လျှံကျလာရလောက်အောင် ပူပြင်း မူးဝေဖွယ် ခံစားချက်မျိုးပင်ဖြစ်သည်။ 


ပရိသတ်တစ်ယောက်က ဤသို့ မှတ်ချက်ရေးလိုက်၏။ 


[အစောပိုင်းတုန်းကလေ ဒီကောင်မလေးကို အရမ်းကြီး ဟိတ်ဟန်များလွန်းတယ် နတ်ဘုရားကျိနဲ့ မတန်ဘူးဆိုပြီး တွေးခဲ့ပေမယ့် ရှောင်ကျားရှုမှန်းလည်း သိရောလေ ဖာ့ခ် ဒီကျဲကျဲရဲ့ နှလုံးသားလေး ချက်ခြင်းကြီးကို ရှက်သွေးဖြန်းသွားတော့တာပဲ ငါလေ သူတို့နှစ်ယောက်ကို ပူးကပ်ပြီးသာ ကြိုးနဲ့ တုပ်ထားလိုက်ချင်တော့တယ် တကယ်လို့ နတ်ဘုရားကျိသာ ရှောင်ကျားရှုလောက်တောင် ကြည့်မကောင်းတဲ့ ကောင်မလေးမျိုးနဲ့ ကြိုက်မယ်ဆိုရင် အဲဒီ့အစား လူပျိုကြီးပဲ ဖြစ်စေချင်တော့တယ် ] 


တစ်ယောက်က ချက်ခြင်းပင် သူ့မှတ်ချက်ကို reply ပြန်လာသည်။ 


[ရှူး အရမ်းကြီး မသိသာစေနဲ့ စိတ်ဝင်စားရင် ငါတို့ရဲ့ သီးသန့် လျှို့ဝှက်စကားဝိုင်းထဲ ထည့်ပေးမယ် ဒီ့ထက်ပိုပြီး မူးဝေပူပြင်းစရာကောင်းတဲ့ အရင်းအမြစ်တွေ အများကြီး ရှိသေးတယ်] 


ထိုသူများမှာ CP fan များ ဖြစ်ကြောင်းကိုမူ ထည့်ပြောနေရန်ပင် မလိုအပ်ချေ။ 


ရှောင်ကျားရှုနှင့် ကျိမြန်တို့မှာ ခွဲခြားထား၍ မရသည့် သံမဏိညီအစ်ကိုများ ဖြစ်ကြောင်းကို အနုပညာလောကတစ်ခုလုံး သိရှိထားပြီးဖြစ်သည်။ တစ်ယောက် တိုက်ခိုက်ခံရပါလျှင် ကျန်တစ်ယောက်က ချက်ခြင်း ရှေ့ထွက်ကာ ကာကွယ်ပေးမည်ဖြစ်ပြီး ကိုယ့်ကိုယ်ပိုင်ဂုဏ်သတင်းကို ကာကွယ်ရန်မှာ များစွာ အရေးမပါလှ။ 


ဤကဲ့သို့သော ခင်မင်မှုမျိုးမှာ အနုပညာလောကတွင် ရှားပါးလှသည့်အတွက် ဖြတ်သွားဖြတ်လာများ၏ သဘောကျ နှစ်ခြိုက်မှုကိုပါ ပိုင်ဆိုင်လိုက်ရတော့သည်။ ဤသို့ဖြင့် "Running all the way" ကို စိတ်ဝင်တစား စောင့်ကြည့်ကြသူများ များပြားလာတော့၏။ ကျိမြန် ပါဝင်လာသည်ကပင်လျှင် ရုပ်ရှင်၏ အရည်အသွေးအပေါ် ထူးထူးထွေထွေ ပြောနေရန် မလိုအပ်တော့ချေ။ ထို့အပြင် ကြော်ငြာဓာတ်ပုံများအရ သူ၏ ယခင်ဇာတ်ကောင်ပုံစံများမှ ကွဲထွက်ကာ ဇာတ်ကောင်စရိုက်အသစ်တစ်မျိုးကို ပရိသတ်ထံ ချပြထားကြောင်း မြင်သာလှပေသည်။ ရှောင်ကျားရှု၏ မိန်းကလေးပုံစံမှာလည်း၂၀ ရာစုနှစ်၏ နတ်ဘုရားမဟု တင်စားခေါ်ဝေါ်ရလောက်သည့် ရွှယ်မြောင် အပါအဝင် အနုပညာလောက တစ်ခုလုံးကို လွှမ်းမိုးသွားရာ ဤရုပ်ရှင်ကို ထွင်လုံးများကာ စိတ်ဝင်စားဖွယ်‌ ကောင်းလှသည်ဟု ဆိုစမှတ်ပြုလိုက်ကြတော့သည်။ 


[ဒါကို မျှော်လင့်နေမိပြီ တကယ်ကြီးကို မျှော်လင့်‌နေမိပြီ] 


အလားတူ မှတ်ချက်များကို အင်တာနက်အနှံ့ တွေ့နေရတော့သည်။ ပရိသတ်များသည် မေ့ပျောက်လွယ်ကြသည်ဟူသည့် စကားမှာ အမှန်ပင် ဖြစ်ပေသည်။ ရက်အနည်းငယ်သာကြာသေးသည့်တိုင် ရှောင်ကျားရှု၏ မကောင်းသတင်းအားလုံးကို မေ့ပျောက်သွားကြတော့၏။ 


သူ့မှာ သန်မာတဲ့နောက်ခံ၊ ကောင်းမွန်တဲ့ အဆက်အသွယ်နဲ့ လှပတဲ့ မျက်နှာလေး ရှိလို့ဆိုပြီး သူ့ကို အပုပ်ချဖို့ လုပ်တယ်ပေါ့ ဟုတ်လား အဲဒီ့တော့ရော ဘာဖြစ်လဲ သူက အခြေအနေကို ပြောင်းပြန်လှန်ပြီး နာမည်ကြီးစတားတွေနဲ့တောင် တွဲပြီး သရုပ်ဆောင်ပြလိုက်သေးတယ် ဒီအနုပညာလောကမှာ ဒီလိုမျက်နှာမျိုး ဘယ်သူရှိသလဲ ... 


ရှောင်ကျားရှုကို သေသည်အထိ ချနင်းလိုသော ချိုးတု၊ ကျန်းပင်းကျဲနှင့် အခြားသူများမှာမူ သူ့ကို ဘာမှ ဆက်မလုပ်နိုင်၊ ဒေါသစိတ်ကိုသာ တိတ်တဆိတ် မျိုသိပ်ထားလိုက်ရတော့သည်။ 


အခုခေတ် အနုပညာလောကက လှနေသရွေ့ နာမည်ကြီးမှာပဲ ရှောင်ကျားရှုရဲ့ သာမန်ထက် ထူးကဲတဲ့ အလှမျိုးဆို ပြောကို မနေနဲ့တော့ ... 


မိန်းကလေးဝတ်စုံနှင့် ဓာတ်ပုံ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရှေးရိုးစွဲ မျက်ကန်းမျိုးချစ်ဝါဒီ အမျိုးသားများကပင်လျှင် သဘောတကျ ပြောလိုက်ကြတော့သည်။


[လိင်အမျိုးအစားဆိုတာ ဘာလဲ စားလို့ရလို့လား ငါကတော့ မျက်နှာလေးပဲ လိုတာကွ ကြာရှည်ကြာမြော ပွက်လောရိုက်မနေဘဲ ရှောင်ကျားရှုရဲ့ Weibo ကိုသာ follow လုပ်လိုက်ကြစမ်းပါ ] 


ဤသို့ဖြင့် ရှောင်ကျားရှုမှာ ညတွင်းချင်းပင် အမျိုးသားပရိသတ်များကို အများအပြား ပိုင်ဆိုင်လိုက်ရတော့သည်။  ဤသည်မှာ "အလှတရား၏ တိုက်ခိုက်မှု" ပင် ဖြစ်ပေတော့သည်။ 


ရှောင်ကျားရှုက Weibo ကို ကြည့်ရင်း သဘောတကျ ရယ်မောလိုက်သော်ငြား ကျိမြန်ကမူ မျက်ခုံးတစ်ဖက် ပင့်တင်လျက် သူ့ယောက္ခမလောင်း၏  Weibo ကို ဂရုတစိုက် ကြည့်နေလိုက်သည်။ သူမက မင်းသမီးဝတ်စုံ ဝတ်ဆင်ထားသော ရှောင်ကျားရှုပေါက်စလေး၏ ဓာတ်ပုံများကို တင်ထားပေသည်။ 


[ဟုတ်တယ် တို့သားလေးက ဟိုးငယ်ငယ်လေးကတည်းက မိန်းမလှလေး ဖြစ်ခဲ့တာလေ] 


ဓာတ်ပုံထဲရှိ ရှောင်ကျားရှု၏ မျက်ခွံနှင့် နှုတ်ခမ်းတို့ကို လှလှပပ ခြယ်သထားပြီး မျက်ခုံးအလယ်တည့်တည့်တွင်လည်း မှဲ့လှလှတစ်လုံးကို ရေးဆွဲထားသေးသည်။ ခေါင်းကို အနည်းငယ်စောင်းကာ ကင်မရာအား ချိုမြိန်စွာ ပြုံးပြနေသည့် ပုံလေးမှာ အင်မတန်ပင် ချစ်စဖွယ် ကောင်းလှပေသည်။ ကျိမြန်၏ နှာခေါင်းတို့ အနည်းငယ် ယားယံလာကာ နှလုံးသားမှာမူ ထိုထက်ပင် ပိုမိုယားယံနေသေးသည်။ ဓာတ်ပုံအားလုံးကို ဖုန်းထဲသို့ အလောတကြီး သိမ်းဆည်းလိုက်၏။ 


ရှောင်ကျားရှု၏ ဓာတ်ပုံများကို နေ့စဉ်ဓာတ်ပုံ၊ ရုပ်ရှင်ဓာတ်ပုံ၊ နှစ်ယောက်တွဲပုံ၊ ကလေးဓာတ်ပုံ စသည်ဖြင့် အမျိုးအစား ခွဲခြားထားကာ နောင်တစ်ချိန်တွင် အားလုံးကို print ထုတ်ကာ အယ်လ်ဘမ်တစ်ခုဖြင့် တန်ဖိုးထား သိမ်းဆည်းထားမည်ဖြစ်သည်။ 


အသက်ကြီးလာသည့်အခါ ပြန်ကြည့်နိုင်ရန် အလို့ငှာ လက်ရှိ ရှောင်ကျားရှုနှင့် အတူဖြတ်သန်းနေချိန်တုန်းကို မှတ်တမ်းတင်ထားမည်ဖြစ်သည်။ ထိုမှတ်တမ်းတို့က နောင်တစ်ချိန်တွင် အမှတ်တရကောင်းတို့ ဖြစ်လာမည်ဖြစ်ပြီး နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတိုင်းတွင် ပျော်ရွှင်မှုတို့ ရောနှောစိမ့်ဝင်နေပေလိမ့်မည်။ အနိမ့်အမြင့်တို့အကြား ရင်ဖိုစိတ်လှုပ်ရှားနေရန် မလိုအပ်၊ ပျော်ရွှင်မှုဟူသည် အချိန်အတော်ကြာ စီးဆင်းနေသော စမ်းချောင်းတစ်ခုနှယ်ပင်၊ ရှာတွေ့နိုင်၊ မတွေ့နိုင်ဟူသည့် အချက်မှာ ဂရုတစိုက်နှင့် စ်ိတ်ရှည်ရှည်ထား ရှာဖွေသလားဟူသည့် အချက်ပေါ်တွင်သာ မူတည်ပေသည်။ 


ရှောင်ကျားရှုနှင့် အတူရှိနေပါလျှင် ကျိမြန်သည် ပျော်ရွှင်မှုဟူသည့် စကား၏ အဓိပ္ပါယ်ကို အလိုလိုပင် သဘောပေါက်လာတော့သည်။ ပုံအားလုံးကို ဖုန်းထဲ သိမ်းထားပြီးနောက် ယောက္ခမဖြစ်သူကို မမေ့မလျော့ ချီးကျူးကာ လှီးဖြတ်ထားသည့် အမဲသားစတိခ်ကို ရှောင်ကျားရှုအား ခွံ့ကျွေးလိုက်သည်။ ထို့နောက် ဖုန်းကို ဘေးသို့ ပစ်ချ၍ နက်ရှိုင်းကြာရှည်စွာ နမ်းရှိုက်လိုက်တော့သည်။ 


ဤသို့ဖြင့် ကိုးနာရီခွဲမှသာ ရိုက်ကွင်းသို့ ရောက်လာတော့သည်။ ကျောက်ချွမ်က ထောင့်နားတွင်ရိုက်ကာ ရိုက်ကွင်းအပြင်အဆင်အတွက် တာဝန်ရှိသူနှင့် စကားပြောနေသည်။ 


"ရို့ ရောက်လာကြပြီလား မိတ်ကပ်မြန်မြန်ပြင်လိုက်တော့ ဒီနေ့ "Prison on fire" ဆိုတဲ့ အပိုင်းကို ရိုက်ကြရအောင် ..." 


လက်ချင်းတွဲကာ လျှောက်လာသူနှစ်ဦးကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် သူက ချက်ခြင်း လောဆော်လိုက်တော့သည်။ 


"ဟမ် ပြောတော့ကျ ဒီနေ့ "Road Chase" အပိုင်းကို ရိုက်မှာဆို ..." 


ရှောင်ကျားရှုက အနည်းငယ် အံ့ဩသွားဟန်ပင်။ 


"ယာဉ်လမ်းကြောင်း ထိန်းသိမ်းရေး ဌာနနဲ့ မညှိနှိုင်းရသေးလို့ အဲဒီ့အခန်းကို ရှေ့တစ်ပတ် ရွေ့လိုက်တာ ရိုက်ကွင်း အပြင်အဆင်တွေလည်း အားလုံး အဆင်သင့်ဖြစ်နေပြီ မင်

းတို့နှစ်ယောက် မြန်မြန်လေး လုပ်ကြတော့ ..." 


သူတို့နှစ်ဦးလည်း အဝတ်လဲခန်းထဲသို့ အမြန် ဝင်သွလိုက်ကြတော့၏။ 



Xxxxxxx