အပိုင်း ၁၄၉
Viewers 44k

Chapter 149





"Prison on fire" မှာ ရှုထျန်းယုနှင့် ဟန်သုံတို့ထံမှ chip ပြားကို မြွေဂိုဏ်းက လိုက်လံလုယက်‌သည့်အခန်း ဖြစ်သည်။ သူတို့က ကားထဲသို့ မူးယစ်ဆေး အမြောက်အများကို တမင်တကာ ခိုးထည့်ကာ ရဲကို သတင်းပေးလိုက်သည်။ ဤသို့ဖြင့် နှစ်ယောက်လုံး ထောင်ထဲရောက်သွားပါလျှင် သူတို့ပြဿနာကို ကူညီဖြေရှင်းပေးမည့် ထောင်သားများ ဖြစ်သွားတော့မည်ဖြစ်သည်။ ထိုအခါ chip ပြားကို ပြန်သိမ်းနိုင်မည် ဖြစ်ပြီး ထိုသူများလည်း သေဆုံးကာ ပြဿနာ ရှိတော့မည် မဟုတ်ချေ။ 


ဟန်သုံက အချိုရည်ဝယ်ရန် အလို့ငှာ လမ်းတစ်ဝက်တွင် ကားပေါ်မှ ဆင်းလိုက်ပြီး သီချင်းနားထောင်ရင်း ကားထဲ ကျန်နေခဲ့သည့် ရှောင်ကျားရှုမှာမူ ထိုနေရာတွင်ပင် ရဲတို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။ အခြေအနေ မဟန်ကြောင်း တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ဟန်သုံက ပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်ရင်း ရှုထျန်းယုကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားလိုက်တော့သည်။ အကြောင်းမှာ ရှုထျန်းယုသာ ထောင်ထဲ ရောက်သွားပါလျှင် တစ်ရက်တည်းပင် ဖြစ်နေပါစေ မြွေဂိုဏ်းမှ ငှားရမ်းထားသည့် ထောင်သားတို့၏ လက်ချက်ဖြင့်  အသက်ဆုံးရမည်ဖြစ်ကြောင်း သိနေ၍ဖြစ်သည်။ 


အမေရိကန်ပြည်ထောင်စုတွင် ထောင်ထဲ မသွားလိုပါလျှင် ငွေအမြောက်အများ ပုံအောပေးရန် လိုအပ်ပြီး ဟန်သုံမှာ ခြူးတစ်ပြားမျှပင် မရှိချေ။ ထို့ကြောင့် တရုတ်ပြည်ရှိ အဖေရှုကို ဆက်သွယ်လိုက်ရတော့၏။ ယခင်အ‌ကြိမ်ကဲ့သို့ပင် အဖေရှုက ငြင်းဆန်လိုက်သည်။ အမေရိကန်ဒေါ်လာ သန်းခုနစ်ဆယ်မှာ ယွမ်သန်းငါးရာနှင့် ညီမျှရာ အလတ်စားစီးပွားရေးလုပ်ငန်းတစ်ခုကိုပင် ဝယ်ယူနိုင်လောက်သည့် ပမာဏ ဖြစ်ပေသည်။ ရှုထျန်းယုက ထောင်ထဲရောက်ရန် သေချာလုနီးပါး ဖြစ်နေသော်ငြား လုံလောက်သည့် ကြိုတင်ပြင်ဆင်မှုတို့ကိုလည်း ဆောင်ရွက်ထားခဲ့ပေသည်။ 


ထောင်ထဲ မရောက်မီ ဟန်သုံအား သူ့ကို ကြောက်စရာကောင်းသည်ဟု ထင်ရလောက်သည့် တက်တူးမျိုး ထိုးပေးရန် ပြောခဲ့သည်။ သို့သော် တက်တူးဆရာက သူ့ကို အပ်ဖြင့် ထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ဝက်တစ်ကောင်နှယ် စူးစူးဝါးဝါး အော်ဟစ်ခဲ့သဖြင့် ဆေးကြော၍ မရနိုင်တော့သည့် မင်ဖြင့် ‌တက်တူးထိုးခြင်းကိုသာ သည်းခံနိုင်‌ပေသည်။ ကံမကောင်းစွာပင် တက်တူးဆရာထံ၌လည်း ရေစိုခံဆေး ကုန်နေခဲ့၏။ သို့သော် ဆူဖြိုးလှသည့် သိုးနှစ်ကောင်ကို အလွတ်မပေးလိုသူက သူတို့ကို အရူးလုပ်ကာ သာမန်ဆေးရည်တို့ အစားထိုးပြီး သုံးပေးလိုက်တော့သည်။ 


ဤသို့ဖြင့် ရှောင်ကျားရှု၏ တစ်ကိုယ်လုံး တက်တူးတို့ဖြင့် ပြည့်နှက်ကာ မောက်မာ‌ကြမ်းတမ်းဟန် ဖြစ်သွားသော်ငြား အတွင်းစိတ်ကမူ ထောင်ချခံရမည်ကို နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့နေမိပေသည်။ 


မိတ်ကပ်ပြင်ဆရာက အယ်လ်ဘမ်ကို ဖွင့်ကာ ရှောင်ကျားရှုအား တက်တူးဒီဇိုင်းများ ရွေးချယ်ပေးရန် ပြောလိုက်သည်။ 


"ကျိကော ကျွန်တော့်ကို ကူရွေးပေးပါဦး ..." 


ရှောင်ကျားရှုက သူ့ကျောပေါ်မှီကာ နားရွက်ကို ငုံခဲရင်း မေးလိုက်သည်။ 


"ဒီဟာ ..." 


ကျိမြန်က သစ်နက်ပုံတစ်ခုကို ထောက်ပြလိုက်သည်။ 


မိတ်ကပ်ပြင်ပေးသူက ပါးစပ်ကို ဖုံးအုပ်လျက် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။ 


"ဒါကို ဘယ်လိုလုပ် ဆွဲလို့ ရမှာလဲ သစ်နက်တစ်ကောင်နဲ့ ဒါတွေကို ဖုံးထားလို့ မရဘူးလေ ပြီးတော့ နောက်ပိုင်းကျ မင်တွေကို ဆေးပစ်ရဦးမယ့်ဟာ hickey တွေအကုန် ပေါ်ကုန်မှာပေါ့ ပရိသတ်တွေသာ တွေ့သွားရင် ရူးတောင် ရူးသွားလိမ့်ဦးမယ် နားလည်ရဲ့လား  ..." 


"ငါကတော့ ပရိသတ် မြင်သွားမယ့်အချိန်အထိကို မလိုဘူး အခုကတည်းက ရူးချင်နေပြီ ..." 


ကျောက်ချွမ်က အခန်းထဲသို့ တွန်းဝင်လျက် ပြိုလဲကျနေသည့် အသံဖြင့် တိုးလျှိုးတောင်းပန်လိုက်သည်။ 


"ဘိုးဘေးလေး နှစ်ပါးရယ် မတော်နိုင်ကြသေးဘူးလား ရှောင်ရှုကိုလည်း ကြည့်လိုက်ပါဦး ‌ကျိကော ကောက လူရော ဟုတ်ရဲ့လား သားရဲကောင်လား ..." 


hickey တို့ အပြည့်ဖြစ်နေသော ရှောင်ကျားရှု၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း သူ့အကြည့်တို့ နီရဲလာတော့သည်။ 


ဖာ့ခ် လည်ပင်း၊ ရင်ဘက်၊ နောက်ကျော အကုန် နေရာအနှံ့ကိုပဲ ချောင်ကြိုချောင်ကြားတွေမှာပါ ရှိနေတာဟ ဒါတွေကို ဖုံးဖို့ဆို ရေစိုခံ concealer ဘယ်နှချောင်းတောင် လိုအပ်မှာလဲ ... 


"အသား‌အ‌ရောင်နဲ့ တစ်ထပ်တည်းကျတဲ့ဆေးနဲ့ အရင်ခြယ်ပြီးမှ တက်တူးကို ဆွဲကြတာပေါ့ မြန်မြန်လုပ် လူတိုင်း စောင့်နေတယ် ..." 


ကျောက်ချွမ်က သူတို့နှစ်ဦးထံ ကြမ်းကြုတ်သည့် အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။ 


ရှောင်ကျားရှုက ကနဦးပိုင်းတွင် အနည်းငယ် ရှက်ရွံ့မိသေးသော်ငြား ယခုမူ ဤသို့သာ တွေးမိတော့သည်။ 


သူနဲ့ကျိကောက ချစ်သူတွေလေ ချစ်သူတွေအချင်းချင်း ရှက်စရာကိစ္စတွေလုပ်တာ ဘာမှားလို့လဲ ဥပဒေကို ချိုးဖောက်နေလို့လား မင်းထမင်းကို လုစားနေလို့လား ကြည့်လေ င့ါကျိကောက အရမ်းကို သန်မာလွန်းလို့ မင်း‌တို့တွေ မနာလိုဖြစ်နေကြတာကို ... 


ပခုံးကို သိုင်းခြုံထားသည့် လက်နှစ်ဖက်အား အမြန်ချကာ ရင်ကိုကော့လျက် ဖြောင့်မှန်လေဟန်ဖြင့် ပြောလိုက်သည်။ 


"မင်းသာ ငါ့ကို ရိုက်ရမယ့်အခန်း ပြောင်းသွားပြီမှန်း စောစောစီးစီး ပြောခဲ့ရင် ကျိကောနဲ့ ငါလည်း ဒါမျိုး လုပ်မယ်တဲ့လား ဒါအတွက် မင်းကိုယ်မင်းပဲ အပြစ်တင်ရမယ့်ဟာကို ..." 


"အိုကေ ငါ့အမှား ငါ့အမှားလို့ပဲ ထားလိုက်တော့ ဟုတ်ပြီလား အရှုပ်ထုပ်တွေ လုပ်မနေနဲ့တော့ မြန်မြန်လေး ဆွဲစရာရှိတာ ဆွဲ ..." 


ကျောက်ချွမ်က နဖူးကို အုပ်ကိုင်လျက် ပြောလိုက်သည်။ သူ့ပုံစံမှာ ချက်ခြင်းပင် မူးမေ့လဲသွားတော့မည့်ဟန်ပင်။ 


ကျိမြန်က ရှောင်ကျားရှု၏ တင်ပါးကို ပြုံးကာ ပွတ်သပ်ရင်း မိတ်ကပ်ဆရာကို ပြောလိုက်သည်။ 


"ဆေးကိုသာ ပြင်ထားလိုက် ငါ ဒီနေရာက အမှတ်တွေကို ဖုံးဖို့ ကူညီပေးမယ် ..." 


"အိုကေ သခင်လေးရှောင်ရဲ့ အသားအရေက အရမ်းဖြူတော့ ဆေးကို သေချာလေး ဂရုတစိုက် ချိန်ထည့်မှ ရမယ် မဟုတ်ရင် သဘာဝမကျဘဲ နေလိမ့်မယ် ..." 


မိတ်ကပ်ဆရာက ဆေးရောင်ပစ္စည်းများ တစ်ပုလင်းပြီး တစ်ပုလင်း လောင်းထည့်ကာ အသားအရေနှင့် တစ်ထပ်တည်းကျသည့် အရောင်တစ်ခု ဖန်တီးလိုက်ပြီး ကျိမြန်က hickey တစ်ခုချင်းစီတိုင်းကို လိုက်ဖုံးပေးလိုက်သည်။ ထိုအချိန်တိုင်း ယားယံမှုကို မခံနိုင်သည့် ရှောင်ကျားရှုက တစ်ခစ်ခစ် ရယ်မောလိုက်သည့်အတွက် ခံစားချက်မှာ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် ကောင်းလာတော့သည်။ 


တစ်နာရီခန့် အကြာတွင် တစ်ကိုယ်လုံး တက်တူးတို့ဖြင့် ‌ပြည့်နှက်နေသော ရှောင်ကျားရှုက အတွင်းခံဘောင်းဘီတစ်ထည် ဝတ်ဆင်လျက် ရိုက်ကွင်းနေရာသို့ ‌လျှောက်လာလိုက်သည်။ ရိုက်ကွင်းနေရာမှာ စွန့်ပစ်ခံ ‌အကျဉ်းထောင်တစ်ခုကို ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်ကာ ဗလတောင့်တောင့် ဖြတ်လျှောက်များက နှစ်ယောက်သုံးယောက် စုဝေးလျက် စကားဝိုင်းဖွဲ့ပြောနေကြသည်။ 


"လာ လာ အားလုံးပဲ အဝတ်ချွတ်ပြီး ‌ပဝါလေးတွေ ပတ်ထားလိုက်ကြတော့ ရိုက်ကူးရေး စရအောင် ..." 


ရိုက်ကွင်းပြင်ဆင်သူက ‌ပဝါအသေးလေးများ ကိုင်လျက် ရောက်လာလျှင် ရှောင်ကျားရှုက နှစ်ထည်ယူကာ တစ်ထည်ကို ကျိမြန်အား ပေးလျက် နောက်တစ်ထည်ကို သူ့ခါးတွင် ပတ်လိုက်သည်။ ဤသို့ဖြင့် အားလုံး အဝတ်တစ်ထည်မှ မဝတ်ထားကြသည့်နှယ် ဖြစ်သွားတော့သည်။ 


နောက်ထပ်ရိုက်ရမည့် အခန်း၏ အဓိကအပိုင်းမှာ ထောင်တစ်ခုလုံး မုန်တိုင်းထန်သွားသည့်အပိုင်းဖြစ်သည်။ ထောင်ထဲသို့ ရောက်လာပြီးနောက် ရှောင်င်ကျားရှုသည် ကိုယ်ပေါ်ရှိ တက်တူးတို့ကို အမှီပြုလျက် ပထမဆုံးနေ့ရက်ကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်ခဲ့သည်။ တစ်ညကုန်လွန်ပြီးနောက် သူ့အကျဉ်းသားဝတ်စုံတွင် ‌ဆေးများ စွန်းထင်းနေကြောင်း တွေ့လိုက်ရသည့်အခါ တက်တူးဆရာ၏ လှည့်စားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်၍ ပျာယာခတ်သွားတော့သည်။ ထောင်စောင့်များက အကျဉ်းသားများကို နေ့တိုင်း ရေပုံမှန်ချိုးရန် စောင့်ကြည့်နေကြရာ ရေမချိုး၍လည်း မရသည့်အတွက် ကြောက်စိတ်တို့ အလုံးလိုက်အရင်းလိုက် ဝင်ရောက်လာတော့သည်။ 


"ရှောင်ရှု ကျိကော အဆင်သင့်ဖြစ်ပြီလား ..." 


ကျောက်ချွမ်က လှမ်းအော်လိုက်သည်။ 


"ဖြစ်ပြီ ..." 


နှစ်ယောက်လုံး သံပြိုင် ပြန်ဖြေလိုက်ကြသည်။ 


"အိုကေ အက်ရှင် ..." 


သူ့စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုက ဆပ်ပြာခဲကို လက်တစ်ဖက်က ကိုင်လျက် ပဝါကို ကျန်တစ်ဖက်က ကိုင်ကာ ရေချိုးရာနေရာသို့ သတိကြီးကြီးထားလျက် ဝင်လာလိုက်‌တော့သည်။ သူ့ဘေးဝဲညာရှိ ရေပန်းတို့ကို ကြမ်းကြုတ်လှသည့် ရာဇဝတ်သားတို့က အပြည့် နေရာယူထားကြပြီးဖြစ်ကာ သူ့ကို ကိုယ်စီကိုယ်ငှ လည်ပြန်ပြန်ကြည့်လိုက်ကြတော့သည်။ နှင်းသဖွယ် ဖွေးဖြူသေးသွယ်သည့် ခန္ဓာကိုယ်ကို မြင်လိုက်ရသည့်အခါ အချင်းချင်း မျက်စပစ်လျက် အချက်ပေးလိုက်ကြတော့၏။ 


"ဟေး ငါတို့မှာ ခွေးပေါက်လေးတစ်ကောင် ရှိနေပါ့လား သူ့တင်ပါးတွေကို ကြည့်လိုက်ကြပါဦး ဘယ်လောက်တောင် ဆူဖြိုးနေလိုက်သလဲ ..." 


ရန်စကားအချို့ စပြောလာသည့်တိုင် ထို့ထက်ပို၍လည်း ရှေ့မတိုးရဲ။ အကြောင်းမှာ ဟန်သုံ၏ တောင်းဆိုမှုကြောင့် တက်တူးဆရာသည် သူ့အား U.S ရှိ အင်အားအကြီးဆုံး တင်းစုန့်ဂိုဏ်းခေါင်းဆောင်၏ အမှတ်အသားတက်တူးကို ရေးဆွဲပေးထား၍ဖြစ်သည်။ 


ထိုတက်တူးကို မြင်လိုက်သည့်အခါ ထောင်ထဲရှိ အာရှသားတို့က ‌ရှုထျန်းယုအား စတင် ကာကွယ်ပေးလာကြတော့သည်။ 


ရှုထျန်းယုက ပုခုံးပေါ်ရှိ တက်တူးကို ထိကြည့်ရင်း တိတ်တိတ်လေး အောင်ပွဲခံလိုက်၏။ ရေမစိုစေရန် အလို့ငှာ အတွင်းပိုင်းအထိ ဆက်လျှောက်သွားလိုက်သော်ငြား အတွင်းထဲ ရောက်လေလေ လူများလာလေဖြစ်ကာ ရောက်နှင့်နေပြီးသူများက အတွဲကိုယ်စီဖြင့် ရမ္မက်ကြွဖွယ် ငြီးသံတို့ ထုတ်လွှတ်လျက် အထွတ်အထိပ်သို့ ရောက်ရှိနေကြတော့သည်။


ရှောင်ကျားရှု၏ သုံးလောကအမြင်အားလုံး ကပြောင်းကပြန် ဖြစ်သွားတော့၏။ ရှေ့လည်း ဆက်မတိုး၊ နောက်ပြန်လည်း မဆုတ်ဘဲ ရေချိုးခန်း အလယ်တည့်တည့်တွင်သာ ရပ်နေစဉ် ဖြတ်သွားသော ထောင်သားတစ်ဦးက သူ့ကို အကြမ်းပတမ်း တွန်းတိုက်လိုက်သည့်အတွက် ရေပန်းအောက်သို့ လဲကျသွားတော့သည်။ စီးကျလာသော ရေကြောင့် တက်တူးအားလုံး ပျောက်ကွယ်ကာ ဖြူဖွေးနူးညံ့သည့် အသားအရေသာ ကျန်ရစ်ခဲ့တော့သည်။ 


သူနှင့် ဝင်တိုက်မိ၍ လက်မောင်းတွင် ဆေးရောင်တို့ စွန်းထင်သွားသော ထောင်သား၏ အမူအယာမှာ တစ်ဖြည်းဖြည်း ရာဂစိတ်တို့ လွှမ်းခြုံလာတော့သည်။ 


ရှောင်ကျားရှုက အယောင်ယောင်အမှားမှားဖြင့် လက်ခါပြလိုက်သည့်အတွက် သူ့လက်ထဲရှိ ဆပ်ပြာတုံးမှာ ကြမ်းပြင်တစ်လျောက် အဝေးကြီးအထိ ချော်ထွက်သွားတော့သည်။ ဆပ်ပြာခဲ ဖြတ်သွားသည့် လမ်းတစ်လျှောက်ရှိ ထောင်သားတို့က သူ့ကို လှောင်ရယ်လိုသည့် အမူအယာတို့ဖြင့် တစ်ညီတစ်ညာတည်း စိုက်ကြည့်လိုက်ကြတော့၏။ 


"ဘေဘီ မင်းဆပ်ပြာခဲလေး ကျသွားပြီ လာကောက်လှည့်လေ ..." 


အသန်မာဆုံး ကိုယ်ထည်ပိုင်ရှင် ထောင်သားက လျာကိုသပ်လျက် ပြောလိုက်သည်။ 


ရှောင်ကျားရှုက ကိုယ့်ကိုယ်ကို ပြန်လည်ဖက်တွယ်လျက် ခပ်ဖြည်းဖြည်း ထိုင်ချလိုက်ပြီး ငုံးပေါက်တစ်ကောင်နှယ် တဆတ်ဆတ် တုန်ရီနေတော့သည်။ 


အကျဉ်းသားများ သူ့အနားသို့ တစ်ဖြည်းဖြည်း နီးကပ်လာစဉ်မှာပင် ရေချိုးခန်းတံခါး ကန်ဖွင့်ခံလိုက်ရပြီး ပဝါတစ်ထည်သာ ပတ်ထားသည့် ကျိမြန်က တစ်လှမ်းချင်း ဝင်လာသည်။ သူ့ကြွက်သားတို့မှာ အခြားထောင်သားများလောက် မသန်မာသည့်တိုင် အရှိန်အဝါတို့ ပေါက်ကွဲထွက်နေပေသည်။ ကြမ်းကြုတ်လှသည့် တက်တူးတို့ကိုလည်း ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးအပြည့် လည်ပင်းနှင့် နားရွက်တို့ပါမကျန်‌ ရေးထိုးထားသည့်အတွက် ရက်စက်ကြမ်းတမ်းသည့် သားရဲတစ်ကောင်အလား ထင်မှတ်ရပေတော့သည်။ 


ဂိုဏ်းသားအများအပြား ခြံရံကာ ဝင်ရောက်လာပြီး ထိုဂိုဏ်းသားတစ်ဦးချင်းစီတိုင်းမှာလည်း သွေးဆာနေသည့် အရိပ်အငွေ့တို့ ဖုံးလွှမ်းနေပေသည်။ 


ကြက်သေသေနေသည့် ရှောင်ကျားရှုအပါအဝင် လူတိုင်းက သူ့ကိုသာ စိုက်ကြည့်နေကြသည့်အတွက် ရေချိုးခန်းတစ်ခုလုံး အသံတိတ်ဆိတ်သွားတော့၏။ သူက ဆပ်ပြာခဲရှိရာနားအထိ လျှောက်လာကာ ရွှတ်နောက်နောက် ပြောလိုက်သည်။ 


"ဘေဘီ ဒါက မင်းလေးရဲ့ ဆပ်ပြာလား ..." 


ရှောင်ကျားရှုက မျှော်စင်တစ်ခုနှယ် ရှည်လျားတောင့်တင်းလှသည့် နိုင်ငံခြားသားကိုတစ်လှည့်၊ အရပ်ရှည်သည့်တိုင် သိသိသာသာ ပိန်သွယ်လှသော ကျိမြန်ကိုတစ်လှည့် စိုက်ကြည့်ကာ ပိုပြီး ကိုယ်လုံးကိုယ်ထည် သေးသွယ်သူကို ရွေးချယ်လိုက်ရတော့သည်။ သူ့အတွေးအားလုံးမှာ မျက်နှာတွင် ပေါ်နေသည့်အတွက် ကျိမြန်ကို ဒေါသစိတ်နှင့် ရယ်မောလိုမှု နှစ်ခုလုံးကို ပြိုင်တူခံစား‌စေမိတော့သည်။ သူ့ကို အိပ်ယာပေါ်တွင် အပြင်းအထန် နှိပ်စက်လိုသည့် ဆန္ဒတို့လည်း ပိုမိုပြင်းထန်လာပေတော့သည်။ 


ရှောင်ကျားရှုက ပုခုံးကိုကျုံ့ကာ လူသန်ကြီးများအကြားမှ ဂရုတစိုက် ဖြတ်လျှောက်လာပြီး ကျိမြန်အနား သွားလျက် ဆပ်ပြာခဲကို ငုံ့ကောက်လိုက်လျှင် ကျိမြန်က သူ့ကို ခပ်တည်တည်ဖြင့် ပြောလိုက်တော့သည်။ 


"ဟိုဘက်လှည့်ပြီးကောက် ..." 


သူ့ဘက် မျက်နှာမူထားသည့် ရှောင်ကျားရှုမှာ ကျောက်ရုပ်တစ်ရုပ်သဖွယ် ကြောင်အသွားကာ အချိန်အတော်ကြာကာမှ မျက်ရည်တစ်ပေါက် မကျဘဲ သူ့ကို ကျောပေးလျက် ဆပ်ပြာကို ကုန်းကောက်လိုက်ရတော့သည်။ 


ကျိမြန်၏ နှုတ်ခမ်းထောင့်စွန်းတို့ ထူးထူးခြားခြား ကော့တက်လာကာ သူ့တင်ပါးကို အညှာအတာမဲ့စွာ ရိုက်လိုက်သည့်အတွက် ကျယ်လောင်လှသည့် အသံက ရေချိုးခန်းအနှံ့ ပျံ့နှံ့သွားတော့သည်။ ရှောင်ကျားရှုက ချက်ခြင်းပင် ကြမ်းပေါ် ဒူးထောက်လျက် လဲကျသွားကာ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ပိတ်ထားလျက် ငိုကြွေးလိုက်တော့သည်။ 


"Cut ..." 


ကျောက်ချွမ်က မတ်ထပ်ထရပ်ကာ အော်ပြောလိုက်သည်။ 


"အရင်ဆုံး ပြန်ကြည့်ကြည့်လိုက်ဦးမယ် အားလုံးပဲ ရေသုတ်ပြီး ဘေးနားမှာ အနားယူလို့ ရပါပြီ ပြန်ရိုက်ကောင်း ရိုက်ရနိုင်တဲ့အတွက် ရိုက်ကူးရေးအဖွဲ့က ပြင်ဆင်ပေးထားတဲ့ စားစရာသောက်စရာတွေကို ယူစားရင်း စိတ်တိုင်းကျ အနားယူနေလို့ ရပါပြီ ..." 


ဖြတ်လျှောက်သရုပ်ဆောင်အားလုံး နားနေခန်းသို့ ဝမ်းသာအားရ ထွက်သွားလိုက်ကြတော့သည်။ ရှောင်ကျားရှုက ငြီးငြူသံအဖြင့်ပင် မတ်တပ်ထရပ်ကာ ကျိမြန်ကို သွားဖြဲပြလိုက်သည်။ 


"စောစောက နာသွားသေးလား ..." 


ကျိမြန်က သူ့တင်ပါးကို ပွတ်သပ်ပေးရန် ပြင်လိုက်သော်ငြား အပြုံးတစ်ပွင့်ဖြင့် ရှောင်တိမ်းလိုက်သည်  ခါးတွင် ပတ်ထားသည့် ပုဝါကို ဆွဲချွတ်ပြီး ရေပန်းအောက်တွင်ရပ်ကာ ခါးကို တွန့်လိမ်လျက် မေးလိုက်၏။ 


"ကျိကော ကောအတွက် ကပြပေးမယ် ..." 


မနေ့ညက သူတို့ ပြန်ရောက်သည့်အခါ ကပြပေးရန် ကျိကောက တောင်းဆိုခဲ့သော်ငြား မေ့သွားခဲ့သည့်အတွက် ယနေ့ ပြန်ဖြည့်‌ဆည်းပေးရန် ပြင်ဆင်လိုက်သည်။ ကျိကောကို ပေးထားခဲ့သည့် ကတိအားလုံးကို အပြည့်အဝ အကောင်အထည်ဖော်ပေးရမည်ဖြစ်သည်။ 


ရေထဲတွင် ကပြနေသည့် ချစ်သူလေးကို ငေးကြည့်ရင်း ကျိမြန်က လက်တစ်ဖက်ဖြင့် နဖူးကို အုပ်လျက် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင်တော့

သူ့အနားသို့ လှစ်ခနဲ ရောက်ချလာကာ ခြေတစ်ချောင်းကို မ ကာ သူ့ခါးတွင် ခွစေလျက် နံရံတွင် ဖိထားရင်း အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။


Xxxxxxxx