အပိုင်း ၂၀၁
Viewers 92k

Chapter 201




လျှိုရီလိန်မှာ တည်ငြိမ်သည့် မျက်နှာထားကိုပင် ထိန်းမထားနိုင်တော့။ ချွေးအေးတို့ စီးကျလျက် မေးလိုက်သည်။ 


"မစ္စတာကျိ ဘာလိုချင်တာလဲ ..." 


ဒီဗီဒီယိုကို နောက်ခံတောင့်တဲ့သူတွေ ဖျက်ထားပြီးသား မဟုတ်လား ဘယ်လိုဖြစ်လို့ ကျိမြန်လက်ထဲ ရောက်လာရတာလဲ ... 


သိူ့သော် သူ့တွင် နက်နက်ရှိုင်းရှိုင်း တွေးနေရန် အချိန်မရှိ။ ထိုကိစ္စကို အမြန်ဆုံး အပြီးသတ်ရမှ ဖြစ်ပေမည်။ 


မူဝါဒ အပြောင်းအလဲကြောင့် အနုပညာလောက၏ ထိပ်သီးပိုင်းများသည် "လူထုံးတမ်းဥပဒေကို ချိုးဖောက်မှုအား လက်မခံ" ဟူသည့် ဆောင်ပုဒ်ကို လက်‌ကိုင်ထားကာ တစ်စထက်တစ်စ စည်းကမ်းတင်းကြပ်လာကြသည်။ ၎င်းတို့အနက် မူးယစ်ဆေးသုံးစွဲမှုမှာ ထိပ်ဆုံး တားမြစ်ချက်ပင်ဖြစ်သည်။ 


ဒီဗီဒီယိုသာ ထွက်လာလို့ကတော့ သူတော့ သွားပြီပဲ 

...


"ဆေးက စွဲမိရင် ဖျက်ရခက်တယ်နော် ငါသာ အမှတ်မမှားရင် မင်း အခုအချိန်အထိ သုံးနေတုန်း မဟုတ်လား ဒီဗီဒီယိုသာ ထွက်သွားရင် ရဲတွေက မင်းကို ‌ဆီးစစ်မယ်လို့ ထင်လား ..." 


ကျိမြန်၏ လေသံမှာ သာမန် စကားလက်ဆုံကျနေသည့်နှယ် လွန်စွာ ပေါ့ပါးလှပေသည်။ 


"အန်တီရွှယ့်ဘက်ကလည်း မကြာခင် တုန့်ပြန်လာမှာဆိုတော့ မင်းနဲ့ မင်းအမေ ဒီတစ်ခေါက်တော့ သွားပြီပဲ ငါနဲ့ ရှောင်ရှုရဲ့ ဆက်ဆံရေးကို ခန့်မှန်းကြည့်လေ မင်းသာ ပူပန်နေရရင် လူထုအမြင်ပြောင်းအောင် ငါတိူ့သတင်းကို ထုတ်ချင်ထုတ်လိုက်ပေါ့ ဒါပေမယ့် တစ်ခုတော့ ပြောမယ်နော် ငါနဲ့ ရှောင်ရှုက တစ်သက်လုံး ဖုံးကွယ်နေကြမှာ မဟုတ်ဘူး ဒါပေမယ့် မကောင်းတဲ့ အခြေအနေမှာ အပြင်လူတစ်ယောက် အသုံးချမှာကိုလည်း လက်မခံနိုင်ဘူး မင်းသာ ဒီ့ထက်ပိုပြီး ဆိုးမလာချင်ရင် ဘာပြောရမယ် မပြောရမယ်ဆိုတာကို သိတယ် မဟုတ်လား ..." 


တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည့် အချက်များကြောင့် လျှိုရီလိန်က နှုတ်ခမ်းကိုကိုက်ကာ စိုးရိမ်တကြီး မေးလိုက်သည်။ 


"ရွှယ်မြောင်က ကျွန်တော်နဲ့ အမေကို ကိုင်တွယ်ဖို့ ပြင်နေတယ်လို့ ပြော‌တယ်နော် ဘယ်လိုမျိုး ကိူင်တွယ်မှုမျိုးလဲ ...." 


"မင်းအမေနဲ့ ရှောင်ချီကျဲကြားက ကိစ္စလေးတွေလေ အပြင်လူတွေ မသိပါဘူးလို့ ထင်နေတာတော့ မဟူတ်ပါဘူးနော် ..." 


ကျိမြန်က ပြုံးကာ ပြောလိုက်သည်။ 


"မင်းရဲ့ သတင်းဆိုးတစ်ခုတည်းတင် မဟုတ်ဘူးနော် ငါ့လက်ထဲမှာ အများကြီး ရှိနေသေးတယ် ငါကြိုက်သလောက် ချပြလိုက်ရုံပဲ မင်းကိူယ်မင်း စဉ်းစားကြည့်ပေါ့ ..." 


ထိုသို့ပြောပြီးသည်နှင့် ဖုန်းကိုပိတ်ကာ ‌လှည့်ထွက်သွားလိုက်သည်။ 


လျှိုရီလိန်က သူ့နောက်လိုက်ကာ ရှင်းရှင်းလင်းလင်း မေးလိုက်ချင်သော်ငြား အခန်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် လူများ ဝိုင်းအုံလာသဖြင့် နေရာတွင်သာ ရပ်နေလိုက်ရတော့သည်။ ချွေးတို့ ရေတံခွန်သဖွယ် စီးကျလာကာ ဘာဆက်လုပ်ရမည်မှန်း မသိတော့။ အင်တာနက်ပေါ်မှ မှတ်ချက်များမှာလည်း သူ့အမေလက်ချက်ဖြင့် ဇာတ်ရှိန်အမြင့်ဆုံးသိူ့ ရောက်နေပြီဖြစ်သည်။ အခြေအနေသာ ပြောင်းသွားပါလျှင် သူမ၏ ဂုဏ်သတင်း ရစရာပင် ရှိတော့မည် မထင်။ သိူ့သော် သူကမူ လှည့်စရာလမ်း ရှိနေသေးသည်။ ကျိမြန်လက်ထဲမှ အချက်အလက်များ ပြန့်မလာသရွေ့ ... 


ချက်ခြင်းပင် သူ့မိခင်ကို စွန့်ပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။ 


ရှောင်ချီကျဲ ထွက်သွားပြီးနောက် သူမ၏ စိတ်တို့ တစ်ဖြည်းဖြည်း တည်ငြိမ်လာခဲ့သော်ငြား အတိတ်ကို ပြန်စဉ်းစားကြည့်မိသည့်အခါ ဝမ်းနည်းမိဆဲ ဖြစ်ပေသည်။ သို့သော် ဝမ်းနည်းရခြင်းမှာလည်း သူမအတွက် မဟုတ်၊ ရှောင်ကျားရှုအတွက်သာ ဖြစ်ပေသည်။ ကောင်းမွန်သည့် ကလေးဘဝနှင့် ပျော်ရွှင်ဖွယ် မိသားစုအား ပိုင်ဆိုင်ထိုက်သူသည် သူမနှင့် ရှောင်ချီကျဲ၏ တစ်ကိုယ်ကောင်းဆန်မှုအောက်တွင် အလုံးစုံ ပျက်စီးဆုံးရှုံးခဲ့ရသည်။ 


သူမသာ ရှောင်ရှုအတွက် ပိုတွေးပေးပြီး သူ့ဘေးနားမှာပဲ ဂရုစိုက်ပေးနေခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ... 


အခါနှောင်းမှ ရလာသည့် နှောင်းနောင်တတို့က သူမ၏ ရင်ကို တမြေ့မြေ့ တိုက်စားလာသော်ငြား ထိုသည်ကပင်လျှင် သားဖြစ်သူ၏ ပျော်ရွှင်မှုကို ပိုမို အလေးထားမိစေလာတော့သည်။ သူ ချစ်ကြိုက်သူမှာ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ အရေးမပါတော့၊ သူ့ကို သူမကဲ့သို့ ချစ်ပေး၊ ဂရုစိုက်ပေးနိုင်ပါလျှင် လုံလောက်ပြီဖြစ်သည်။ 


"ရှောင်မြန် ရှောင်ရှုကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..." 


အထဲဝင်လာသော ကျိမြန်ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် သူမက လေးနက်စစ်မှန်စွာ ပြောလိုက်သည်။ 


"ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး ရှောင်ရှုကို ဂရုစိုက်တာက ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဝတ္တရားပါ ..." 


ကျိမြန်က သူ့ချစ်သူလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ 


ရှောင်ကျားရှု၏ မှုန်မှိုင်းနေသော အမူအယာ ရုတ်ချည်း တိုးတက်လာကာ ကျိမြန်၏ လည်ပင်းအကြား ခေါင်းတိုးပြီး ပွတ်သပ်လိုက်၏။ မည်မျှပင် ဆိုးရွားသည့် ကိစ္စများ ဖြစ်လာပါစေ ကျိကောသာ သူနှင့်အတူ ရှိနေပါလျှင် အထူးတလည် ဘေးကင်းလုံခြုံမှုကို ခံစားရပေသည်။ 


သူ့စိတ်ကို ဖတ်နေသည့် ‌ကျိမြန်မှာလည်း လွန်စွာ လုံခြုံသွားကာ သူ့ဆံပင်ထိပ်ဖျားတို့ကို မေးဖြင့် ပွတ်သပ်ရင်း သဘောတကျ ရယ်မောလိုက်မိ‌တော့သည်။ 


လည်ချင်းယှက်ထားသည့် မန်ဒရင်းဘဲနှစ်ကောင်နှယ် ကြားလေပင် မတိုး‌နိုင်အောင် ပူးကပ်နေသူနှစ်ဦးကို စိုက်ကြည့်ရင်း ရွှယ်မြောင်၏ ခံစားချက်တို့ လွန်စွာ ရှုပ်ထွေးလာရတော့သည်။ သားဖြစ်သူအပေါ် ထားရှိသည့် ကျိမြန်၏ ခံစားချက်တို့ကို လုံးဝ နားမလည်နိုင်။ သူတို့နှစ်ဦး၏ ခံစားချက်တို့မှာ လွန်စွာ စစ်မှန်လှကာ မည်သည့်အခက်အခဲကမှ သူတို့ကို မဖြိုခွဲနိုင်။ အဖြစ်ဆိုးများ ကြုံလာရ၍သာ မဟုတ်ပါလျှင် သူတို့၏ ခံစားချက်များ မည်မျှ နက်ရှိုင်းကြောင်း သူမအနေဖြင့် နားလည်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် မှားယွင်းသည့် လက်ထပ်မှုထက်ပင် ပို၍ ခွင့်မလွှတ်နိုင်စရာ အမှားမျိုး လုပ်မိလုမတတ် ဖြစ်ခဲ့ကြောင်းလည်း သိလိမ့်မည် မဟုတ်ချေ။ 


အတိတ်တုန်းကလည်း သားကို အမေရိကန်ကို ဇွတ်အတင်း ပို့ခဲ့တယ် အခုလည်း ကျိမြန်နဲ့ ဇွတ်အတင်း လမ်းခွဲခိုင်းပြန်ပြီ ရွှယ်မြောင် ရွှယ်မြောင် နင် ဘာလို့ အမြဲတမ်း အမှန်ကို မမြင်နိုင်ရတာလဲ နှလုံးသားနဲ့ရော မျက်စိနဲ့ရော အမြဲတမ်း အမှန်ကို မမြင်နိုင် ဖြစ်နေတာ နင် လုပ်သမျှတိုင်းက သား ကောင်းစားဖို့လို့ တွေးခဲ့ပေမယ့် တကယ်တမ်းတော့ သူ့ကိုပဲ အဝေးကြီး တွန်းထုတ်‌မိနေတာ မဟုတ်လား နင်ကရော ဟိုခွေးကောင် ရှောင်ချီကျဲနဲ့ ဘာထူးသေးလို့လဲ သွေးတွေ အပြည့်နဲ့ လက်သည်းခွံသေတ္တာကို ရလာတုန်းက သားသာ အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရင် အနာဂတ်မှာ သူ့နောက်ကို အမြဲတမ်း လိုက်နေပေးပါမယ်လို့ ကတိမပေးခဲ့ဘူးလား ဆယ်နှစ်ပဲ ကြာသေးတာကိုတောင် ဘာလို့ နင့်ရဲ့ ရည်ရွယ်ချက်ကို မေ့သွားရတာလဲ ... 


ရွှယ်မြောင်မှာ တွေးလေလေ စိတ်မကောင်းဖြစ်လာကာ နောက်ဆုံးတွင်တော့ မျက်နှာကို လက်ဖြင့် အုပ်လျက် ငိုကြွေးလိုက်မိတော့သည်။ ဤလောကတွင် ရှောင်ကျားရှုတစ်ဦးတည်းကသာ သူမကို အလုံးစုံ ဝမ်းနည်းပြိုလဲအောင် လုပ်ဆောင်နိုင်သော်ငြား ဘယ်သောအခါကမှ သူမကို မနာကျင်စေ၊ သူမထက်ပင် ပိုမိုရင့်ကျက်သေးကာ ဆယ်နှစ်သားအရွယ်ကတည်းက သူမကို ကာကွယ်ပြီး ပျော်ရွှင်အောင် အမျိုးမျိုး ကြိုးစားပေးလေ့ ရှိခဲ့သည်။ 


စိတ်ဒဏ်ရာတို့၏ နောက်ဆက်တွဲကို သူ ဘယ်လို ရှင်သန်ကြိုးစားခဲ့ရမှန်း သူမ မသိခဲ့။ ပိတ်လှောင်ကြောက်စိတ်လွန်ရောဂါကို မည်ကဲ့သို့ ကုစားခဲ့ရကြောင်း သူမ မသိခဲ့။ သားဖြစ်သူကို အမှန်တကယ် ကြည့်မိသည့် အခါတွင်မူ သူသည် ချောမောသည့် လူငယ်လေးအဖြစ်သို့ပင် ရောက်နှင့်နေပြီဖြစ်သည်။ 


ရှောင်ရှုရေ မားတောင်းပန်ပါတယ် မား အရမ်းမှားသွားတယ် ... 


သူမ၏ စိတ်ထဲမှ တောင်းပန်စကားတို့ကို ထပ်ကာထပ်ကာ ဆိုလိုက်သည်။ နက်ရှိုင်းလှသည့် ကြီးစွာသော နောင်တတို့က သူမ၏ နှလုံးသားကို ဓားထက်ထက်ဖြင့် လှီးဖြတ်နေသည့်ဟန်။ 


ရှို့ချန်ယုက စိတ်နှလုံးနာကျင်ကာ တုန့်ဆိုင်းလေးလံနေဟန်ဖြင့် သူမ၏ ဘေးနား ရပ်နေလိုက်သည်။ 


ကျိမြန်က သူမကို ညွှန်ပြကာ ပုတ်ပေးသည့် အမူအယာတစ်ခု လုပ်ပြပြီး ရှောင်ရှုကို အပြင်သို့ ဆွဲခေါ်သွားလိုက်သည်။ မည်မျှပင် တောင်းပန်နေပါစေ၊ မလုံလောက်နိုင်၊ လူမရှိသည့် ထောင့်တစ်ထောင့်တွင် ပုန်းကာ ဒဏ်ရာတို့အား တိတ်တိတ်လေး ကိုင်ကြည့်နေတတ်သည့် ကလေးငယ်မှာ အရွယ်ရောက်လာပြီဖြစ်၍ သူ့ကိုယ်ပိုင်မိသားစု၊ ကိုယ်ပိုင်ဘဝကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်သည်။ အကူအညီနှင့် လမ်းပြမှုကို အလိုအပ်ဆုံးအချိန်တွင် ပျက်ကွက်ခဲ့ပြီး ယခုမှ ပြန်လည်ပြင်ဆင်လိုသည့်တိုင်ပြင်ဆင်၍ မရတော့ချေ။ ယခုမှစကာ ကျိမြန်သည်သာ ဤကလေးငယ်၏ လက်ကိုတွဲ၍ နေရောင်ခြည်တို့ ဝင်းလက်နေသော နေရာတစ်ခုဆီသို့ ခေါ်သွားပေးတော့မည်ဖြစ်သည်။ 


ဂျူနီယာထံမှ စိတ်ခွန်အား ရသွားသော ရှို့ချန်ယုက ရွှယ်မြောင်ဘေးနား ဂရုတစိုက် ဝင်ထိုင်ကာ အပေါ်ဝတ်အင်္ကျီကို ချွတ်ကာ သူမအပေါ် လွှမ်းခြုံပြီး နှစ်သိမ့်ပေးလိုက်သည်။ 


"မြောင်မြောင် မငိုပါနဲ့တော့ ဒါတွေအားလုံးက အတိတ်တွေလေ ..." 


ပုခုံးပေါ်ရောက်လာသည့် အပေါ်ဝတ်အင်္ငျီတွင် ကိုယ်ငွေ့အနည်းငယ် လွှမ်းခြုံနေသည့်အတွက် ရွှယ်မြောင်မှာ အထီးကျန်အေးစက်မှုကို မခံစားရတော့။ မျက်နှာကို အုပ်ထားလျက်ဖြင့်ပင် သူမ၏ ဘေးနားတွင် နှစ်နှစ်ဆယ်ကျော် ရှိနေပေးသည့် သူငယ်ချင်းကောင်းအပေါ် တစ်ဖြည်းဖြည်း မှီချလိုက်တော့သည်။ သူသည်သာလျှင် သူမဘဝ၏ သနားစရာအကောင်းဆုံး ဘက်ခြမ်းကို မျက်မြင် တွေ့ခဲ့ဖူးကာ သူမ အကူအညီလိုအပ်ချိန်တိုင်း မားမားမတ်မတ် ရပ်တည်ပေးခဲ့သူ ဖြစ်သည့်အတွက် သူ့ရှေ့ရောက်သည့်အခါ သန်မာချင်ဟန်ဆောင်နေစရာ မလိုအပ်တော့ချေ။ 


သူမ၏ အနက်ရောင်ဆံနွယ်တို့ကို တစ်ခဏမျှ ငေးကြည့်ပြီးနောက် ရှို့ချန်ယုသည် ပုခုံးကို ညင်ညင်သာသာ ပွေ့ဖက်ကာ သက်ပြင်းချလိုက်သည်။ 


ရှောင်ချီကျဲက ဒီလိုလူစားမျိုးမှန်းသာ ကြိုသိခဲ့ရင် အဲဒီ့အချိန်တုန်းက သူ နောက်ဆုတ်ခဲ့ပါမလား အခုအချိန်မှာ မြောင်မြောင်ထက်ပိုပြီး နောင်တရတဲ့သူ ဘယ်သူရှိလို့လဲ  ... 


ရှောင်ကျားရှုနှင့် ကျိမြန်တို့က ခပ်ဝေးဝေးအထိ မသွား။ အပြင်ဘက်ရှိ လှေကားထစ်တို့တွင် ဘေးချင်းယှဉ်လျက် ထိုင်ကာ နွေးထွေးသည့် ဆောင်းဦးနေရောင်အောက်ရှ်ိ သာ့ထုန်စတူဒီယိုကို ငေးကြည့်နေလိုက်သည်။ အဆောက်အဦးများမှာ ရှေးခေတ် တရုတ်ပြည်၏ လက်ရာများ အပါအဝင် ဥရောပခေတ်ဟောင်း အဆောက်အဦးများ၊ ရှေးခေတ် ပွဲကြည့်စင်များနှင့် ဘုရားပုထိုးများကဲ့သို့ ပုံစံအမျိုးမျိုးဖြင့် ပြည့်နှက်နေရာ အမြင့်တစ်နေရာတွင် ထိုင်ကာ နေရာအနှံ့ ကြည့်လိုက်ပါလျှင် အချိန်ခရီးသွားရသည်ဟုပင် ကိုယ့်ကိုယ်ကို ခံစားမိလာမည်ဖြစ်သည်။ 


မနီးမဝေးတွင် သူ့ကို လက်ညှိုးထိုးကာ အွန်လိုင်းပေါ်မှ မကောင်းသတင်းများအကြောင်း ဆွေးနွေးသူများ ရှိနေသည်ကို သိသော်လည်း သူ့ခံစားချက်များမှာ ထူထူးကဲကဲ တည်ငြိမ်နေကာ အနည်းငယ် နွေးထွေးရီဝေမှုကိုပင် ခံစားနေရသေးသည်။ အကြောင်းမှာ အတိတ်၏ အရိပ်ဆိုးအောက်မှ လုံးလုံးလျားလျား လွတ်မြောက်ကာ ကျိကော၏ လက်ကိုဆွဲ၍ ဘဝသစ်တစ်ခုကို လှမ်းစရန် အဆင်သင့်ဖြစ်နေ၍ ဖြစ်သည်။ ထိုအခိုက်၌ သူ့ဘဝမှာ နှစ်ခြမ်းကွဲသွားသည့်နှယ်။ တစ်ခုမှာ အထီးကျန်ဆန်သည့် အတိတ်ဖြစ်ပြီး ကျန်တစ်ခုမှာမူ အပူအပင်ကင်းမဲ့သည့် ပစ္စုပ္ပန်နှင့် အနာဂတ် ဖြစ်ပေသည်။ 


ထိုသို့ တွေးနေစဉ်မှာပင် ကျိမြန်က အံ့ဩပျော်ရွှင်မှုတို့ ပြည့်နှက်နေသည့် အကြည့်တို့ဖြင့် သူ့ကို လှည့်ကြည့်လာ၏။ 


ကြည့်ရတာ သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေတင် တူညီတာ မဟုတ်ဘဲ ဘဝအပေါ် နားလည်ပုံခြင်းကပါ တူနေတာပဲ သူတို့က တစ်ယောက်ကိုတစ်ယောက် တွေ့ဆုံဖို့ ရေစက်ဆုံခဲ့ကြတာ အခုအချိန် မဟုတ်တောင် တစ်ချိန်ချိန်မှာတော့ သေချာပေါက် ဆုံကြမှာပဲ ... 


"ကောင်းလိုက်တာ ..." 


ရှောင်ကျားရှုက လက်နောက်ပြန်ထောက်ကာ တောက်ပစွာ ပြုံးရင်း နွေးထွေးသည့် နေရောင်ခြည်ကို ခံယူနေလိုက်သည်။ ဖျားနာမှုတို့ အားလုံး ပပျောက်သွားသည့် လူနာတစ်ဦးနှယ် အခြေအနေဆိုးကို ကြုံတွေ့ရသည့်တိုင် အထူးတလည် ကောင်းမွန်မှုကို ခံစားလာရတော့သည်။ 


"တကယ်ကို ကောင်းတာပဲ ..." 


သူ့ခံစားချက်တို့ကို နားလည်ပေးနိုင်သည့် ကျိမြန်က သူ့လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်တော့သည်။ 


ရှောင်ကျားရှုက မျက်လုံးတို့ မှေးကျဉ်းလာသည်အထိ ပြုံးကာ တီးတိုး ညဉ်းဆိုလိုက်သည်။ 


" ကိုယ် ဘာကြောင့် ဒီလောက်အထိ သတ္တိကောင်းလာရသလဲ မပြောတတ်တော့ပါဘူး အချစ်နဲ့ ထိတွေ့တဲ့အခါ အရာရာတိုင်းက ထိုက်တန်လာတယ် ထင်ပါရဲ့ လူတွေအားလုံး ကြားရလောက်အောင်ကို အကျယ်ကြီး အော်ပြောလိုက်ချင်တယ် မင်းနဲ့ နည်းနည်းလေးတောင် အဝေးမခံနိုင်ဘူးဆိုတာကိုလေ အခုဆို ကိုယ့်အိမ်နီးချင်းတွေတောင် ဒီခံစားချက်ကို ရိပ်မိနေပြီ မြစ်ကမ်းစပ်က လေပြေအေးကြောင့် မင်းဆံနွယ်တွေ လွင့်ပျံနေတယ် မင်းလက်ကို ထိလိုက်ရတဲ့ တစ်ခဏမှာ ကိုယ့်အဘွားအိမ်ကို ခေါ်သွားပြီး အိပ်ပျော်တဲ့အချိန်အထိ နေဝင်ချိန်ကို အတူတူကြည့် ..."

(အဆက်အစပ် မရှိပါဘူးလို့ တွေးနေတာ ဆရာသမားက သီချင်းဆိုနေတာပါတဲ့ 🥲) 


ကျိမြန်မှာ ခေတ်ကာလသားသမီးများ ဘာ‌ကြောင့် ဤသီချင်းမျိုး ကြိုက်ကြကြောင်း လုံးဝ နားမလည်ခဲ့။ သံစဉ်မှာ အလွန်ထူးခြားကာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်ပြီး စာသားများမှာလည်း ကြားရသူတိုင်း ရယ်မောရလောက်အောင် တည့်တိုးဆန်လှပေသည်။ သိူ့သော် ယခုမူ ဤသီချင်းသည် သူ့နှလုံးသားကို အထူးတလည် ထိရှသွားသဖြင့် ခပ်တိုးတိုး လိုက်ညဉ်းလိုက်မိတော့သည်။ 


"ဒီတိုင်းလေး မင်းရဲ့ လက်ကို မလွှတ်တမ်း ဆွဲထားချင်ရုံလေး ဝမ်းနည်းခြင်း မရှိ ထာဝရ အပြစ်ကင်းတဲ့ အချစ်လေးပဲ ဖြစ်နိုင်မလား ..." 


ဟုတ်တယ် သူ့တစ်ဘဝလုံး ရှောင်ရှုရဲ့ လက်ကိုပဲ မလွှတ်စတမ်း ဆွဲထားချင်တာ ပြီးတော့ သူ့ကို တစ်သက်လုံး ရိုးရှင်းပျော်ရွှ

င်တဲ့ ဘဝမျိုးလေး ပိုင်ဆိုင်စေချင်တယ် ဒါက အရိုးသားဆုံးနဲ့ သိုဝှက်မှု မရှိဆုံး ချစ်ခြင်းတရားပဲ ...



Xxxxxc