Chapter 209
ကျိမြန်သည် လျစ်လျူရှုရန် ခဲယဉ်းလှသည့် သရုပ်ဆောင်တစ်ဦးဖြစ်ကာ <<Running all the way>> တွင် သူ့သရုပ်ဆောင်ချက်များကလည်း အပြစ်ပြောစရာ မရှိပေ။ တင်းကျင်းစုန့်ဇာတ်ကောင်မှာ အလွန်အမင်း ရက်စက်လှသည့်တိုင် အရူးအမူး သစ္စာရှိရှိ ချစ်တတ်သည့် ဇာတ်ကောင်မျိုး ဖြစ်သည့်အတွက် လွန်စွာ နှစ်လိုဖွယ်ရာပင်။ ရှုထျန်းယုအဖြစ် သရုပ်ဆောင်ထားသည့် ရှောင်ကျားရှုမှာလည်း လွန်စွာ ရိုမန့်တစ်ဆန်သည့် စိတ်ထားပိုင်ရှင် လူချမ်းသာ ဒုတိယမျိုးဆက်တစ်ယောက် ဖြစ်ပေသည်။ လွန်စွာ သဘာဝကျလှသည့်တိုင် ချစ်စရာကောင်း၊ ရယ်စရာလည်း ကောင်းလှသေးသည်။ ဤCP မှာ ဆင်တူသော သွင်ပြင်နှင့် လိုက်ဖက်ညီသော အကျင့်စရိုက်များ ရှိနေကာ နှစ်ယောက်အတူတူ ယှဉ်လျက်ရပ်နေပါလျှင် ပို၍ပင် ဆွဲဆောင်အား ကောင်းလွန်းသည့်အတွက် သဘောမကျဘဲ မနေနိုင်တော့ချေ။
"တမန်တော်" ၏ ညီအစ်ကို CP <<The Zerg Wars>>၏ သခင်နှင့် အစေခံCP တို့အပြီးတွင် ကျိမြန်နှင့် ရှောင်ကျားရှုတို့သည် လွှမ်းမိုးနိုင်သော အထက်ပုဂ္ဂိုလ်နှင့် အထိမခံသည့် အောက်ပုဂ္ဂိုလ်ဟူသော ပျော်ရွှင်ဖွယ် CPတစ်ခုကို ဖန်တီးလိုက်ကြပြန်သည်။ မည်သို့သော ခေါင်းစဉ်မျိုးဖြင့် တွဲဖက်ပေးပါစေ သူတို့အတွဲမှာ လွန်စွာ ချစ်ဖို့ကောင်းကာ မြောက်များစွာသော ပရိသတ်များကို ဆွဲဆောင်နိုင်ပေသည်။
"အကျင့်စာရိတ္တ ပျက်ယွင်းခြင်း" ဟူသည့် စကားလုံးကို မသိကြသူများပင်လျှင် ဤဇာတ်လမ်းကို ကြည့်အပြီး အမျိုးသားနှစ်ဦး CP ၏ ချစ်စရာကောင်းမှုကို နားလည်သွားကြကာ ဘယ်တော့မှ ပြန်မတက်နိုင်တော့သည့် တွင်းနက်ကြီးထဲသို့ ကျဆင်းသွားတော့သည်။
<<Running all the way>> မှာ ပြသသည့်ပွဲစဉ် နည်းပါးမှုကြောင့် ရုံဝင်ကြေး နည်းပါးလှသော်ငြား တစ်ဖြည်းဖြည်းချင်း အရှိန်မြင့်တက်လာတော့သည်။ တစ်ပတ်ခန့်အကြာတွင် ရုံဝင်ကြေးများ၏ ထိပ်ဆုံးအထိ ရောက်လာကာ ယွမ်သန်း ၉၈၀ ကျော် ရရှိခဲ့ပြီး ပွဲစဉ်ပြသနှုန်းမှာလည်း ၄၇ ရာခိုင်နှုန်းအထိ တိုးလာခဲ့တော့သည်။ ရက်သတ္တပတ်အဆုံးတွင် စုစုပေါင်း ၂.၃ ဘီလီယံအထိ ရလာခဲ့ကာ နွေဦးပွဲတော်၏ အကြီးမားဆုံး ဖျက်မြင်းအဖြစ် မှတ်ယူရပေတော့မည်။
ရှောင်ကျားရှုမှာလည်း အံ့ဩလောက်စရာ ရုံဝင်ကြေးများနှင့်အတူ တစ်နှစ်တာအတွက် အပြောင်မြောက်ဆုံး လူသစ်သရုပ်ဆောင် ဖြစ်လာတော့သည်။ အချို့ ရုပ်ရှင်ဝေဖန်ရေးသမားများက ရှောင်ကျားရှုသည် သူတို့တွေ့ဖူးသမျှထဲတွင် ကံအကောင်းဆုံး ကြယ်ပွင့်ဟုပင် ချဉ်စူးစွာ ပြောလိုက်ကြသေးသည်။ ပွဲဦးထွက်ကတည်းက ရုပ်ရှင်သုံးကားသာ ရိုက်ကူးရသေးသည့်တိုင် အကုန်လုံးမှာ ရုံဝင်ကြေး မြင့်မားကာ ဂုဏ်သိက္ခာကြီးမားပြီး ဂန္တဝင်လက်ရာဟု သတ်မှတ်ရမည့် ရုပ်ရှင်များသာ ဖြစ်ပေသည်။
ဒုတိယမျိုးဆက် လူချမ်းသာတွေကမှ ဘဝရဲ့ အောင်နိုင်သူ ဆိုတဲ့စကားက တကယ့်အမှန်ပဲ မွေးကတည်းကကို ထိပ်ဆုံး ရောက်နှင့်နေကြပြီးသား ...
သို့သော် မည်သူက မည်သို့ပင် တွေးပါစေ ရှောင်ကျားရှုတွင် ကိုယ်စွမ်းကိုယ်စ ရှိနေပြီးဖြစ်သည်။
ဒီနေရာကို သူ့မိသားစုနောက်ခံနဲ့ တက်လာတယ်လို့ ထင်ရင် သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဝေဖန်ပြီး ချို့ယွင်းချက်တွေကို ထောက်ပြလိုက်လေ သူ့သရုပ်ဆောင်စွမ်းရည်ကို အမှားထောက်ပြလို့ မရဘူး မဟုတ်လား ကျိမြန်လို နိုင်ငံတကာ ကြယ်ပွင့်နဲ့ တွဲပြီး အလုပ်လုပ်ရတာတောင် သူ့အရည်အချင်းက တောက်ပနေတုန်းပဲ <<Running all the>> မှာ ဝူချွမ်းရီရဲ့ သရုပ်ဆောင်တာက အရမ်းကောင်းပေမယ့် သူ့အရှိန်ကို ကျိမြန်က ဖိနှိပ်ထားသလို ဖြစ်နေတာ ဒါပေမယ့် ရှောင်ကျားရှုကတော့ ဒီလို မဟုတ်ဘူး သူ့ဇာတ်ကောင်က အားနည်းတယ်လို့ ထင်ရပေမယ့် ပရိသတ်က သူ့တည်ရှိမှုကို လုံးဝ လျစ်လျူရှုလို့ မရဘူး ...
သူ့ရဲ့ ပြောင်မြောက်တဲ့ အရည်အချင်းကို <<Running all the way>> နဲ့ နောက်တစ်ခေါက် သက်သေပြလိုက်ပြန်ပြီ ...
ရုံတင်ပြသပြီး နှစ်လကြာသည်အထိ ကျိမြန်နှင့် ရှောင်ကျားရှုတို့ ထွက်ပေါ်မလာ၊ လေထဲ အငွေ့ပျံကာ ပျောက်ကွယ်သွားကြသည့်နှယ်ပင်။ တစ်ဖန် ရွှယ်မြောင်ပါဝင်သည့် <<ဧကရီဘုရင်မ>> ကို ရုံတင်သည့်အခါ သူတို့နှစ်ဦးကို ငွေရောင်ပိတ်ကားထက်၌ တွေ့လိုက်ရပြန်၏။ ဤတစ်ကြိမ်တွင် ဧကရာဇ် လီရှန်းကျစ်နှင့် စစ်သူကြီး ဝေ့ဝူကျိုးအဖြစ် အသီးသီး သရုပ်ဆောင်ထားကြကာ ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်နှင့် ဝမ်းနည်းဖွယ် ဇာတ်သိမ်းတို့ကြောင့် ပရိသတ်အားလုံး မျက်ရည်ဖြိုင်ဖြိုင် ကျရပြန်တော့သည်။
လွှမ်းမိုးတတ်သည့်အထက်ပုဂ္ဂိုလ်နှင့် အထိမခံအောက်ပုဂ္ဂိုလ်၏ ကျော်ကြားမှု မလျော့နည်းခင်မှာပင် အုပ်စိုးသူနှင့် မှူးမတ် CP ၏ အင်အား ကြီးမားလာပြန်တော့သည်။ အွန်လိုင်းစာရေးသူများမှာ အမျိုးမျိုးအဖုံဖုံသော fanfiction များ ရေးခြင်းဖြင့် အလုပ်များကုန်ကြကာ လူထု၏ စိတ်ဝင်စားမှုကို မပင်မပန်း ပိုင်ဆိုင်လိုက်ကြတော့သည်။ လျှို့ဝှက်ဆန်းကြယ်သည့် CP fan group မှာလည်း နာမည်ကြီးကာ အဖွဲ့ဝင်အရေအတွက် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးများလာပြီး တစ်ကိုယ်တော် ပရိသတ်များနှင့်ပင် ပမာဏတူညီလုနီးပါး ဖြစ်လာတော့သည်။ CP နှင့်ပတ်သက်သည့် သတင်းစများကသာ hot search ၏ ထိပ်ဆုံးသုံးနေရာကို အချိန်အတော်ကြာ ဗိုလ်စွဲထားကာ တစ်နိုင်ငံလုံးအနှံ့ သိရှိလက်ခံခြင်းမှာ ပြောမပြတတ်လောက်အောင် မြင့်မားလာတော့သည်။
ဖန်ခွင်းမှာ စိတ်ဖိစီးရလွန်း၍ ပါးစပ်တစ်ခုလုံး အရည်ကြည်ဖုတို့ ပြည့်နှက်လာတော့သည်။ ဤကျော်ကြားမှုမီးတောက်များမှာ များပြားလွန်း၍ ၎င်းကို ဖိနှိပ်ချင်ပါသည်ဟု ကျိမြန်ကို ပြောလေတိုင်း ငြင်းဆန်သည့် အဖြေတစ်ခုကိုသာလျှင် ရရှိခဲ့သည်။
"ဖိနှိပ်ဖို့ မလိုဘူး ဒီတိုင်း ဆက်သွားပါစေ ရှောင်ရှုနဲ့ ငါက တကယ်လည်း စုံတွဲတွေပဲကို ..."
လက်ထပ်မှတ်ပုံတင် ရရှိပြီးနောက် မင်္ဂလာပွဲ ကျင်းပသည့်အခါ နှစ်ဖက်မိဘများ တက်ရောက်ကာ ကောင်းချီးပေးကြသည့်အတွက် ကျိမြန်နှင့် ရှောင်ကျားရှုတို့ နှစ်ယောက်လုံး လွတ်လပ်ပေါ့ပါးသွားကြတော့သည်။ အပြင်သူများ မည်သို့ဝေဖန်ပြောဆိုနေပါစေ ကိုယ့်ကိုယ်ပိုင်ကမ္ဘာငယ်ထဲတွင်သာ နေနေလိုက်ကြတော့သည်။
ပြောင်မြောက်လှသည့် သရုပ်ဆောင်ချက်နှင့်အတူ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့သည့် ရွှယ်မြောင်၏ အောင်မြင်မှုမှာလည်း အချိန်ကြာသည်အထိ လျော့နည်းမသွား။ နှစ် ၂၀ ကြာသွားသည့်တိုင် ရင့်ရော်လာခြင်း မရှိသည့်အပြင် ထိုကာလများက သူမအား ရင့်ကျက်ကြီးပြင်းမှုကိုပါ လက်ဆောင်အဖြစ် ပေးလိုက်သေးသည့်ဟန်။ ဝါရင့်သရုပ်ဆောင် အများအပြားနှင့် ယှဉ်တွဲသရုပ်ဆောင်ရသည့်တိုင် သူမသည်သာ အတောက်ပဆုံးဖြစ်ပြီး ပိတ်ကားထက်တွင်ဖြစ်စေ၊ ပိတ်ကားပြင်ပတွင်ဖြစ်စေ သူမသည်သာ အနှိုင်းမဲ့သည့် ဧကရီတစ်ပါးဖြစ်ကာ မည်သူကမှ သူမနေရာကို မလုယူနိုင်ချေ။
<<ဧကရီဘုရင်မ>> သည် ရုံဝင်ကြေး ၁.၉၉ ဘီလီယံ ရရှိကာ <<Running all the way>> ကို ရှုံးနိမ့်ပြီး တစ်နှစ်တာ၏ အကောင်းဆုံးရုံဝင်ကြေးတွင် ဒုတိယနေရာသာ ရခဲ့တော့သည်။ သူမနှင့် ရှောင်ကျားရှုတို့၏ သရုပ်ဆောင်ချက်များမှာ ဝေဖန်ရေးသမားတို့၏ ဆွေးနွေးချက်ကို အများဆုံး လက်ခံရသည့်အပိုငိးများ ဖြစ်ပေသည်။ ဤရုပ်ရှင်ကို ကြည့်ပြီးနောက် "အနုပညာသွေးဟူသည် မျိုးရိုးလိုက်နိုင်သည်"ဟူသည့် အချက်ကို အားလုံး နားလည်သဘောပေါက်သွားကြတော့သည်။
သူတို့သုံးဦး၏ ရုံဝင်ကြေးများ ပေါင်းလိုက်ပါလျှင် လေးဘီလီယံနီးပါးရှိရာ တစ်နှစ်တာအတွက် အကျော်ကြားဆုံး သရုပ်ဆောင်များဟု ပြောလျှင်ပင် မလွန်ကျူးသည့်အတွက် မီဒီယာများက သူတို့ကို အင်တာဗျူးနိုင်ရန် လွန်စွာ အားတက်သရော ဖြစ်နေကြတော့သည်။ သို့သော် အချိူ့သော အကြောင်းပြချက်များကြောင့် သုံးယောက်လုံး ပျောက်ချက်သားကောင်းနေကာ ဧပြီလလယ်တွင် ကျင်းပသည့် "ရွှေရုပ်ရှင်ဆုပေးပွဲအခမ်းအနား" မှသာ ပြန်လည်ပေါ်ထွက်လာကြတော့သည်။
နားနေခန်းထဲတွင် ကျိမြန်က ခေါင်းကိုငုံ့လျက် ဝတ်စုံကို အာရုံစိုက်နေပြီး အပြည့်အစုံ ဝတ်စားဆင်ယင်ပြီးဖြစ်သည့် ရှောင်ကျားရှုက စားပွဲပေါ် တက်ထိုင်ကာ သူ့ကို တစိုက်မက်မက် စူးစိုက်ကြည့်နေလိုက်သည်။
တံခါးဖွင့်ဝင်လာပြီးနောက် သူတို့နှစ်ဦး၏ ဝတ်စုံများကို တွေ့လိုက်ရသည့်အခါ ဖန်ခွင်းမှာ သွေးပင်တိုးသွားရတော့သည်။
အရောင်တူ ပုံစံတူ နာရီကလည်း ဆင်တူ တစ်ယောက်က လည်စည်း နောက်တစ်ယောက်က ဖဲပြားပဲ ကွဲတယ် လူတွေက မင်းတို့ကို စုံတွဲဝတ်ထားတာမှန်း မသိမှာ စိုးလို့လား ...
"မင်းဝတ်စုံကို ပြန်ပြောင်းချင်သေးလား ..."
သူ့စကားများမှာ အခြေအမြစ်မရှိမှန်း သိသည့်တိုင်မချိတင်ကဲ ပြောလိုက်မိဆဲပင်။
ကျိမြန်က သူ့ကို အကြည့်တစ်ချက် စွန့်ကြဲရမည်ကိုပင် ပျင်းရိနေဟန်။ ရှောင်ကျားရှုကသာ လက်ကို ယမ်းပြလိုက်သည်။
"မလဲတော့ဘူး ဒီဝတ်စုံကို ကြိုက်တယ် ဝတ်စုံကလည်း ကျိကော ရွေးပေး ဖဲပြားကလည်း ကျိကော ချည်ပေးထားတာလေ မလှဘူးလား ..."
"လှပါတယ် ..."
ဖန်ခွင်းက အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးပြကာ သွားကြားမှ လေသံဖြင့် ပြောလိုက်သည်။
ကျိမြန်က ဆင်တူ စိန်လက်ကြယ်သီးနှစ်စုံကို ထုတ်ကာ သူ့ချစ်သူကို ဝတ်ပေးလိုက်ပြီး သူကိုယ်တိုင်လည်းဝတ်ဆင်လိုက်သည်။ သူ၏ ချောမောလှသည့် ဘေးဘက်မျက်နှာကို ငေးကြည့်နေရင်း ရှောင်ကျားရှု၏ အကြည့်တို့ တစ်ဖြည်းဖြည်း လောင်မြိုက်လာတော့သည်။
ကျိကောက ဒီနေ့ တအားချောတာပဲ ချောလွန်းလို့ ခြေထောက်ကို မစေ့နိုင်တော့ဘူး ဆံပင်စတိုင်က အရမ်းဆက်စီကျပြီး အကြည့်တွေက စူးရှနေတာ ကိုယ်နေဟန်ထားက ဖြောင့်တန်းပြီး ပုခုံးကလည်း အကျယ်ကြီး ခါးကျဉ်ကျဉ်လေးနဲ့ ခြေတံရှည်ကြီးတွေရယ် ...
အခု ကျိကောသာ ငါ့ကို လာကြည့်ရင်ချက်ခြင်း ဆွဲနမ်းမိမလားပဲ ...
ရှောင်ကျားရှုက လောဘတကြီး ရေရွတ်လိုက်သည်။
၎င်းကို ခံစားမိလိုက်သည့် ကျိမြန်က သူ့ကို ချက်ခြင်း ခေါင်းထောင်ကြည့်လိုက်သည်။ ထို့နောက် လှစ်ခနဲ ပြေးလာကာ ကျိမြန်၏ နောက်စေ့ကို ဖိကိုင်လျက် စိုစွတ်သော လျာဖြင့် အနမ်းချင်း ဖလှယ်ရန် အတင်းအကြပ် ကြိုးစားလိုက်တော့၏။
"ကျိကော ကောရဲ့ နှုတ်ခမ်းနီတွေကို စားမိသွားပြီ ..."
ထို့နောက် သူ့နှုတ်ခမ်းကို ရွှင်မြူးအားရစွာ ပွတ်သပ်လိုက်သည်။
ကျိမြန်က သူ့ကို မှန်တွင် ဖိကပ်ကာ အနမ်းတို့ကို နက်ရှိုင်းစေလိုက်ပြန်၏။ လက်တို့က အင်္ကျီအတွင်း တိုးဝင်ကာ နူးညံ့လှသည့် တင်ပါးကို တယုတယ ပွတ်သပ်ပေးလိုက်သည်။ နောက်တစ်ကြိမ် ပူးကပ်သွားကြပြန်သူနှစ်ဦးကို တွေ့လိုက်ရသည့်အခါ ဖန်ခွင်း အမြန်သတိပေးလိုက်ရ၏။
"မင်းတို့နှစ်ယောက် ကော်ဇောနီပေါ် လျှောက်ရဦးမှာနော် ပရိသတ်ကို မင်းတို့ရဲ့ ရွက်ဖျင်တဲလေးတွေ မပြချင်ရင် အချိန်မီ ရပ်လိုက်ကြတော့ ဆယ်မိနစ်ပဲ ကျန်တော့တယ် ဆယ်မိနစ်နဲ့ အယောင်ကျပါ့မလား ..."
ရှောင်ကျားရှုက ကျိကော၏ ပူပြင်းတင်းမာနေသည့် နေရာကို ဖိကိုင်ကာ ကောက်ကာငင်ကာ ရယ်မောလိုက်သည်။
ကျိမြန်က သူ့လည်ပင်းကြား ခေါင်းမြှုပ်ကာ ကူကယ်ရာမဲ့စွာဖြင့် ညဉ်းတွားလိုက်၏။
"မထိနဲ့တော့ မင်းသာ ထပ်ထိနေရင် ကိုယ်တို့ ဒီနေ့ ကော်ဇောနီပေါ် လျှောက်နိုင်တော့မှာ မဟုတ်ဘူးနော် ..."
သူ့စကားသံကို ကြားလိုက်ရသည့်အခါ ဖန်ခွင်းက ဒူးထောက်၍ပင် တောင်းပန်လိုက်တော့သည်။
"မလုပ်ကြပါနဲ့ ဘိုးဘေးလေးနှစ်ပါးရယ် မလုပ်ကြပါနဲ့ ဒါ ငါးလလုံးလုံး ပျောက်နေပြီးမှ ပထမဆုံးအကြိမ် ပြန်ပေါ်လာတာလေ ပရိသတ်တွေနဲ့ ပွဲစီစဉ်သူတွေကို စိတ်ပျက်စေလို့ မရဘူးလေ ရေခဲရေ ယူလာပေးမယ် နည်းနည်းလောက်သောက်ပြီး အပူတွေ ငြိမ်းလိုက် ..."
ထို့နောက် တံခါးကိုဖွင့်ကာ ခေါင်းပြူထွက်၍ အကျယ်ကြီး လှမ်းအော်လိုက်သည်။
"ရှောင်ကျိုး ရှောင်ကျိုး ရေခဲရေ သွားယူခဲ့ မြန်မြန်လေးနော် ..."
ရှောင်ကျားရှုက ကျိကော၏ ပုခုံးပေါ် ခေါင်းတင်ကာ ရယ်မောလိုက်၏။ သူ့လက်ချောင်းတို့မှာမူ ရိုးသားခြင်း အလျဉ်းမရှိသေးပေ။
ကျိမြန်က အသက်ပြင်းပြင်းရှူကာ သူ့လက်ကို ဆွဲထုတ်ပြီး တင်ပါးကို ပုတ်ကာ ပြောလိုက်သည်။
"မဆိုးနဲ့တော့ မဟုတ်ရင် ကိုယ် ပွဲတက်ခွင့် မပေးဘဲ နေလိုက်မှာနော် ..."
......
ပွဲကျင်းပရာ ခန်းမအပြင်ဘက်တွင် ရှည်လျားသည့် အနီရောင်ကောဇောကြီးတစ်ခု ခင်းကျင်းထားပြီး သတင်းထောက်များနှင့် ပရိသတ်များကတစ်ဖက်တစ်ချက်စီတွင် အပြည့် နေရာယူထားကြသည်။ ကျော်ကြားမှုတို့က ကြယ်ရောင်များသဖွယ် သူ့ထက်ငါ အပြိုင်တောက်ပနေကြကာ အော်ဟစ်အားပေးသံများမှာလည်း တစ်စထက်တစ်စ ဆူညံလာတော့သည်။ ပထမဆုံး ရောက်လာသည့် ဧည့်သည်တော်မှာ လေးစားခြင်း ခံရသည့် ဝါရင့်အနုပညာရှင်တစ်ဦး ဖြစ်ကာ သူ့နောက်တွင် အမျိုးသားအမျိုးသမီး ကြယ်ပွင့်များ နှစ်ယောက်တစ်တွဲ လျှောက်လှမ်းလာကြသည်။ အားလုံးမှာ အနုပညာလောက၏ နာမည်ကြီးများပင် ဖြစ်ကြသည်။
ပရိသတ်များမှာ မျက်စိများပင် ကျိန်းလုမတတ် ဖြစ်လာကြ၍ တင်ဆက်သူက ရိုးရိုးရှင်းရှင်းသာလျှင် မိတ်ဆက်ပေးလိုက်တော့သည်။ ထိုစဉ် ခန်းမအပြင်ဘက်၌ ရုတ်ချည်း အသံတိတ်သွားကာ တစ်စက္ကန့်ခန့် အကြာတွင် အသံအကျယ်ကြီးတစ်ခု ဟိန်းထွက်လာတော့သည်။
"မစ္စတာကျိ မစ္စတာကျိတဲ့ ဘုရားရေ သူက တကယ်ကြီး ရှောင်ကျားရှုနဲ့ ရောက်လာတာဟေ့ ဒီခရီးကတော့ လာရတာ တန်သွားပြီ ..."
ကျိမြန်နှင့် ရှောင်ကျားရှုတို့၏ ပရိသတ်များမှာ ပျော်ရလွန်း၍ မူးမေ့လဲသွားလုမတတ်ပင်။ ပွဲမစခင်ကတည်းက ရှောင်ကျားရှုနှင့် ကျိမြန်တို့ မည်သည့်သရုပ်ဆောင်မင်းသမီးနှင့် တွဲဖက်ကာ ရောက်လာလေမလဲဟု အမျိုးမျိုး မှန်းဆခဲ့ကြသည်။ နှစ်ဦးလုံးမှာ နှစ်စမှ နှစ်ဆုံးအထိ ရုပ်ရှင်အတူတူ ရိုက်ခဲ့ကြကာ ဆွေးနွေးမှု အများဆုံး CP ကိုပင် ဖြစ်ပေါ်စေခဲ့သည့်အတွက် သံသယဝင်ခြင်းကို ရှောင်ရှားရန် ကော်ဇောနီပေါ်သို့ သီးသန့်စီ လျှောက်လှမ်းလာလိမ့်မည် သို့မဟုတ် ပြီးခဲ့သည့် သတင်းမှားများကိုဖိနှိပ်ရန် အမျိုးသမီးသရုပ်ဆောင်တစ်ဦးနှင့်တွဲလာလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသော်ငြား သူတို့နှစ်ဦးသည် နှစ်ယောက်တစ်တွဲ ထွက်လာရုံသာမက အင်္ကျီဆင်တူ၊ နာရီဆင်တူ၊ လက်ကြယ်သီးဆင်တူနှင့် တစ်ဦးက လည်စည်းစည်းကာ ရင့်ကျက်တည်ငြိမ်ဟန် ဖြစ်နေပြီး ကျန်တစ်ဦးက ဖဲပြားစည်းထားသည်မှာ တက်ကြွသည့် မင်းသားတစ်ပါးအလားပင်။ တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းယှဉ်လျက် ရပ်နေကြသည့် မြင်ကွင်းကပင်လျှင် ပြည့်စုံလွန်းသည်ထက် ပိုနေပြီဖြစ်သည်။
ရှေ့က ဝင်သွားနှင့်ပြီဖြစ်သည့် အတွဲများထက် ပိုမိုကာ သဟဇာတ ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့ ခံစားမိရာတွင် CP fan များသာ မဟုတ်၊ သတင်းထောက်များလည်း ပါဝင်သည့်အတွက် ကင်မရာကိုမြှောက်ကာ အလုအယက် ဓာတ်ပုံရိုက်ကူးလိုက်ကြတော့သည်။
<<ရှောင်ကျားရှုနဲ့ ကျိမြန်တို့က တစ်ချိန်တည်း ပျောက်သွားပြီး တစ်ပြိုင်တည်း ပြန်ပေါ်လာကြပြန်ပြီ သူတို့တွေ ဘာလုပ်နေကြတာလဲ>>
<<ပထမဆုံး အတူတူ လျှောက်ရတဲ့ ကော်ဇောနီကို အင်္ကျီဆင်တူ ဝတ်ပြီး ရောက်လာတယ် သူတို့က ညီအစ်ကိုတွေလား ချစ်သူတွေလား >>
<<ရုံဝင်ကြေးဘုရင်တွေ အတူတူ ပေါ်လာကြပြီ သူတို့ပုံစံက ချစ်သူစုံတွဲအတိုင်းပဲ >> အစရှိသည့် မျက်စိဖမ်းစားဖွယ်ကောင်းသည့် သတင်းခေါင်းစဉ်တို့ကို တွေးလိုက်မိသည့်အတွက် သတင်းထောက်အားလုံး အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူ့ထက်ငါ အလုအယက် ဆောင်းပါးများ ရေးလိုက်ကြသည်။
ဒီအတွဲမှာ နာမည်ကြီးစေနိုင်တဲ့ အချက်တွေရော ရောင်းစားစရာ ထွင်လုံးတွေရော အများကြီးပဲ စာကြောင်းနည်းနည်းလောက်လေး ရေးရုံနဲ့တင် ဟုန်းဟုန်းတောက် နာမည်ကြီးနေပြီ ...
သူတို့၏ ပရိသတ်များက ကျန်ကြည့်ရှုသူများကို ထိန်းချုပ်လိုက်နိုင်သည့်အတွက် ကျန်စတား ပရိသတ်များ၏ အော်ဟစ်သံကိုပင် မကြားရတော့ချေ။ ကားပေါ်မှ ဆင်းလာကာ ရှောင်ကျားရှု
၏ ခါးကို ကူထိန်းပေးထားသည့် ကျိမြန်ကို တွေ့လိုက်ရသည့်အခါ မြင်နေရသူတိုင်း မျက်နှာနီမြန်းသွားကြတော့သည်။
Xxxxxxxx