short story 3
Viewers 9k

Short story


တစ်ခန်းရပ်ဇာတ်လမ်း ( ၃ ) 🖌️


လူဆိုးကို နှိမ်နင်းသည့် စူပါဟီးရိုးများ


ပုပုက ငယ်ရွယ်ပြီး ကြောက်တတ်သေးသည့်အရွယ်ဖြစ်သောကြောင့် မိုးကြိုးပစ်ခြင်းကို အလွန်ကြောက်သည်။


ထိုနေ့ညက မိုးသည်းထန်စွာရွာနေသည့်အပြင် လျှပ်စီးများလက်ပြီး မိုးကြိုးလည်းပစ်နေသည်။ ပုသို့သို့ကို ရင်ခွင်ထဲတွင် ဖက်ထားလျက်နှင့် အလွန်ကြောက်လန့်နေပြီး ခြေဗလာဖြင့် ပြေးလာကာ ဘေးအခန်းမှ သူ့အဖေနှင့် စုန့်ရန်ရှိရာသို့ ပြေးလာမည်အပြုတွင် တံခါးလော့ချထားသည်ကို သိလိုက်ရသည်။ 


တံခါးတစ်ကြိမ်ခေါက်လိုက်သော်လည်း ပွင့်မလာပေ။ 


နောက်တစ်ကြိမ်ခေါက်လိုက်သော်လည်း မပွင့်လာသေးပေ။ 


၁၂ကြိမ်မြောက်တွင်မှ အခန်းတံခါးက တဖြည်းဖြည်းပွင့်လာသည်။ 


သူ့အဖေက ခါးတွင် တဘတ်တစ်ထည်သာပတ်ထားပြီး သူ့ကို ငုံ့ကြည့်နေသည်။ သူ့အရေပြားပေါ်တွင် ချွေးများဖြင့် စိုရွှဲနေကာ အမူအရာက မပျော်မရွှင်ဖြစ်နေပုံပေါ်သည်။ ကိုကြီးစုန့်ရန်ကလည်း အိပ်ရာပေါ်တွင် ဂွမ်းစောင်ကိုခြုံထားပြီး လည်ပင်းနှင့် နားရွက်များ နီရဲနေသည်။ သူ တုန်ယင်နေပြီး အမောတကော အသက်ရှုနေလျက်ဖြင့် မေးလိုက်သည်။


" ပုပု ဘာဖြစ်လို့လဲ..."


ပုပုက အိပ်ရာပေါ်သို့ တွားသွားတက်လာပြီး စုန့်ရန်၏ပူပြင်းလှသည့် ရင်ခွင်ထဲဝင်ကာ ပြောလိုက်သည်။


" မိုးတွေခြိမ်းနေတာ သားအရမ်းကြောက်တယ်... ကိုကြီး သားနဲ့ တူတူအိပ်ပါလား..."


သု့အဖေက သက်ပြင်းချလိုက်ပြီး တစ်ဖက်ကိုလှည့်ကာ ရေချိုးခန်းထဲ ဝင်သွားသည်။ 


ကိုကြီးစုန့်ရန်က စိတ်ချစေသည့်အဖြေတစ်ခုကို မနည်းအားတင်း၍ ပေးလိုက်သော်လည်း သူ့ပုံစံကငိုတော့မည့်ပုံပေါ်သည်။ 


ကိုကြီးကို ဖက်ထားစဉ်တွင် ပုပု နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ ညတစ်ဝက်ခန့်တွင် မိုးတစ်ချက်ခြိမ်းသွား၍ ပုပု လန့်နိုးသွားခဲ့သည်။ သူ ထထိုင်လိုက်သည့်အခါ အိပ်ရာပေါ်တွင် သူတစ်ယောက်တည်းရှိနေကြောင်း သိလိုက်ရလေသည်။ 


ဤတစ်ကြိမ်တွင်မူ သူ့အခန်းနှင့် မျက်နှာချင်းဆိုင်မှ အိမ်တွင်းရုပ်ရှင်ရုံအခန်းကို လော့ချထားသည်။


သူ နောက်တစ်ကြိမ် ပြေးသွားပြီး ခေါင်းမာစွာဖြင့် တံခါးခေါက်လိုက်သည်။


ဒေါက် ဒေါက် ဒေါက် ဒေါက် ဒေါက် ဒေါက်...


" ကိုကြီးနဲ့ပါပါး အထဲမှာရှိလား..."


အကြိမ် ၃၀ခန့် တံခါးခေါက်ပြီးသည့်အခါတွင်မှ တံခါးပွင့်လာခဲ့သည်။ သူ့အဖေက ပင်ပန်းနေဟန်ရသော ကိုကြီးကို ရင်ခွင်ထဲတွင် ပွေ့ချီထားကာ လူငယ်လေးကို အိပ်ခန်းအကြီးထဲမှ အိပ်ရာပေါ် တွင် တင်ထားလိုက်ပြီး ပုပုခေါင်းကိုပုတ်ကာ စကားပြောရန်အတွက် အခန်းပြင်သို့ ခေါ်ထုတ်သွားသည်။ 


အကယ်၍ သူတို့အကြားတွင် စည်းကမ်းချက်များ မထားထားလျှင် စုန့်ရန်က စိတ်ပိုင်းဆိုင်ရာအရ ကြောက်လန့်နေမည်သာမက သူ၏ကိုယ်တိုင်၏ လိင်မှုကိစ္စရပ်များတွင်ပါ သက်ရောက်လာတော့မည်ဖြစ်သည်။ 


ရလဒ်အနေဖြင့် ပုပု ထိုညက အသိပညာတစ်ခုကို ထပ်မံသင်ယူလိုက်ရသည်။ 


ကိုကြီးနဲ့ ပါပါးက တံခါးလော့ချထားတယ်ဆိုရင် သူတို့က စူပါးဟီးရိုးတွေအဖြစ်ပြောင်းပြီး ကမ္ဘာပေါ်က လူဆိုးတွေကို သွားရှင်းကြတာပဲ... ဒီအဆောက်အဦးကြီး ပြိုကျသွားရင်တောင်မှ ပြိုကျသွားတာကို စောင့်ကြည့်နေပြီးမှ တံခါးခေါက်ရမယ်...


အင်း... သူတို့က အရမ်းမိုက်မယ့်ပုံပဲ...


ပုပု သူတို့အတွက် အလွန် ဂုဏ်ယူနေမိပေသည်။


🖌️🖌️🖌️🖌️🖌️